အဖျားမကျသေးပေမယ့်
တစ်ယောက်သောသူက ဟင်းလုံးဝကိုမချက်တက်တာကြောင့် သူကဘဲ ဒိုင်ခံ ချက်ပေးနေရ၏ ဆိုင်ဟင်းကျတော့လည်း ဆီအရွှဲကြီးနဲ့ ချက်တာမို့ မကြိုက်တာကြောင့်
"ရာချီရေ..."
"ရာချီ..."
"ရာချီ!!"
အချိန်အတော်အတန်ကြာ မီးဖိုချောင်ကဘဲ
အော်ခေါ်နေလို့ မထွက်လာတာကြောင့်
အခန်းထဲတွေ ခြံထဲမှာများရှိနေမလားလို့
လိုက်လှန်ရှာနေခဲ့ပေမယ့် အရိပ်အယောင်တောင် မရှိ။
"ကျစ် ဒီကောင်လေး ဘယ်ထွက်သွားရပြန်တာလဲ "
"ပူံတိုင်း သားရေ "
ရုတ်တရက် အပြင်က အမေ့ခေါ်သံလားမသိ ကြားလိုက်လို့ နားစိုက်နေမိ၏ အမေက ဘာကိစ္စနဲ့ လာစရာကိစ္စရှိနေလို့လဲ။
ရာချီ နဲ့ယူခဲ့တဲ့ နေ့ထဲက ဒီအိမ်ကိုခြေဦးတောင် မလှည့်တဲ့ အမေကလေ။
"အမေ..."
"အမေနဲ့ အိမ်ခန လိုက်ခဲ့မလားသား "
"ဘာကိစ္စ ပြောစရာရှိလို့လဲ အပြီးခေါ်တာဆိုရင် ကျွန်တော်မလိုက်ဘူးနော် "
"သားကိုအမေ လွှတ်ထားပေးတာမို့ သားစိတ်တိုင်းကျ နေခွင့်လည်းပေးထားတယ်မလား ပြန်ခေါ်မှာကိုတော့စိတ်မပူနဲ့ ဒီတိုင်းလေးဘဲ သားကိုသိစေချင်တာ ရှိလို့လာခေါ်ရုံလေးပါ "
"ဒါဆို လိုက်ခဲ့ပါ့မယ် "
အမေ့ရဲ့ မျက်နှာကိုအကဲခက်ကြည့်ရုံအရ
သောကတွေ ပူဆွေးမှု တွေက ဖုံးလွှမ်းလျှက်။
ဒီလို တကူးတက လာခေါ်ပုံထောက်လျှင်
အကောင်းပြချက်တစ်ခုကလည်းရှိကို ရှိနေလောက်ပြီ။
"ဒီ ဆေးစာရွက်တွေကဘာလဲ အမေ "
"ဒါက မင်းအဖေရဲ့ ရောဂါ အခြေအနေဘဲ "
"ဘယ်လို "
"ဟုတ်တယ်သား မင်းအဖေက အဆုတ်ယောင်နေတာ ချောင်းဆိုးတာကလည်း လနဲ့ချီနေပြီ အခုနေတော့ ဒါက သာမန်လောက်ဘဲ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အခြေအနေဆိုးနိုင်တယ်တဲ့ အမေတို့ဘယ်လိုလုပ်ရမလဲသား "
"ဒီက ဆေးခန်းက ကုပေးလို့ရတဲ့ အခြေအနေမဟုတ်တဲ့ အတွက် အခြေအနေဆိုးလာတဲ့ အခါ ဒီဆေးခန်းက ဆရာက မြို့တက်လို့ပြောတဲ့ အချိန်ကျရင် တက်ရုံဘဲရှိတော့တာပေါ့ "
"အမေတစ်ယောက်တည်း ဘယ်လိုနိုင်မလဲ သားရယ် မင်းပြန်လာပေးလို့မရဘူးလားဟင်"
မျက်ရည်လည်နေတဲ့ အမေ့မျက်ဝန်းတွေက ကျွန်တော့်အတွက်တော့ ရင်နာရဆုံးပင်။
လက်ကိုလာဆွဲရင် တောင်းဆိုနေသည့်ပုံကလည်း တကယ်ဘဲ သူ့ကို လိုအပ်နေသည့်ပုံ။
"အခြေအနေ ဒီထပ်မက ဆိုးနေရင်တော့ ကျွန်တော်စဉ်းစားပေးပါ့မယ် "
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ဘဲ ရောက်ယှက်ခက်နေတဲ့ အချိန် အိမ်ပြန်လမ်းကို လျှောက်လှမ်းနေရတာတောင် မူးဝေလာရ၏ နေရောင်ခြည်ကလည်း ဒီနေ့မှ ဘာလို့ ဒီလောက်ပူနေရတာလဲ။
နေရောင်ခြည်ရဲ့ ဒဏ် စိတ်ထိခိုက်မှူ ဒဏ်တွေကြောင့် ခံနိုင်ရည် မရှိတော့ဘဲ ရုတ်တရက်ဆိုသလို မူးဝေလာမိတော့ပေမယ့်
"ပုံတိုင်းဆောင် ဟဲ့ အဆင်ပြေလား "
"စံပယ်.."
"အေ ငါ နင် အဆင်ပြေလား ဘာဖြစ်တာလဲ "
"ဒီတိုင်း ခေါင်းမူးနေလို့ပါ ရတယ် ထားလိုက် နင့်လမ်းနင်သွား "
"ဟဲ့ရမလားဟဲ့ နင်ပုံစံက အဆင်ပြေမှာ မဟုတ်ဘူး လာငါလိုက်ပို့ပေးမယ် "
"ရတယ်လို့ပြောနေတယ်လေ "
"ခေါင်းမာမနေနဲ့ လာခဲ့ "
ရာချီနဲ့ ရပြီးတော့မှ ရာချီ အထင်လွဲမယ့်လုပ်ရက်တွေကို မလုပ်ချင်တာကြောင့်
အမေအရင်ကသဘောတူခဲ့ဖူးတဲ့ မိန်းကလေးတွေကို အတက်နိုင်ဆုံး ရှောင်နေပေမယ့်
အခု အခြေအနေက ကိုယ်ကလည်း ခက်ခဲနေတာမို့လို့ သူလဲ ကူညီတာဖြစ်နေတော့ ဘာမှတော့မဖြစ်လောက်ပါဘူးဟူ၍
စံပယ့် အကူအညီကိုသာလက်ခံလိုက်ရ၏
"ရောက်ပြီ ဒီမှာ ခနထိုင်အုန်း"
"....."
အိမ်ရောက်တာနဲ့ ဧည့်ခန်းမှာဘဲ ဝင်ထိုင်လိုက်ပေမယ့် စံပယ်ကတော့ တစ်ခုခုကိုရှာနေပုံ။
"စံပယ် နင်ပြန်လို့ရပြီ "
"ငါပြန်လို့ နင်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ "
"ငါအဆင်ပြေ..."
စကားမဆုံးသေးဘူး နှဖူးကို လာစမ်းတဲ့ စံပယ်ကြောင့်ပုံတိုင်း နောက်သို့ တွန့်ဆုတ်သွားပြီး စံပယ်လက်ကို လှမ်းဆွဲလိုက်ရင်း
"ငါ့အသားကို မထိနဲ့ စံပယ် ငါမကြိုက်ဘူး"
"ကိုယ်ပူစမ်းတာပါ "
"အဆင်ပြေတယ်လို့ ပြောနေတယ်လေကွာ"
စံပယ် ကတော့ ပုံတိုင်းရဲ့ တားစကားများကို
ဂရုမစိုက်ဘဲ ဆေးကိုသာ လိုက်လှန်ရှာနေတဲ့အချိန်။
မထင်မှတ်ဘဲ အိပ်ခန်းဝကိုရောက်နေတာကြောင့် ပုံတိုင်း မျက်ခြေပျက်သွားခဲ့ပြီး
"စံပယ်!!"
"...."
အခန်းပြင်ကို ထွက်စေချင်တာမို့ အရှေ့ကနေ လာကာလိုက်တော့ စံပယ်ကလည်း နောက်သို့ ခြေလှမ်းဆုတ်လိုက်တဲ့အခါမှာ သူတို့၏ အခြေအနေက စံပယ်ကို အခန်းထဲ ထိုးသွင်းနေတဲ့ ပုံစံသို့ သက်ရောက်သွားခဲ့၏
*ဒါဘယ်လိုအခြေအနေလဲ*
မထင်မှတ်ဘဲ ရာချီအိမ်အဝသို့ရောက်နေတဲ့အချိန်နဲ့ ကွက်တိဖြစ်နေတာကြောင့်
ထိုမြင်ကွင်းကိုလည်း ရာချီ လုံးလုံးထင်းထင်းမြင်ခဲ့ရ၏
တခြားသူမြင်ရင်တောင် အထင်လွဲနိုင်သည့်
အခြေအနေကို ရာချီကိုယ်တိုင် မြင်လိုက်ရတဲ့အချိန် စိတ်ထဲသို့ အလုံးကြီးရောက်ရှိလာသလိုသာ ခံစားမိပါတော့သည်။
ဒီပုံရိပ်ကိုသူမမြင်ချင်တော့ဘဲ
သူတို့၏ အဝေးတစ်နေရာသို့ ထွက်ပြေးရင်လမ်းစပြုခဲ့၏ လမ်းတစ်လျှောက်မှာလည်း မျက်ရည်စလေးတွေက ဖုံးလွှမ်းလျက်။
"ယောင်္ကျားလေးနှစ်ယောက် နေတဲ့ အခန်းကို မဝင်သင့်ဘူးဆိုတာ မသိဘူးလား စံပယ်"
"ဟဲ့ငါက ဆေးရှာပေးတာလေ "
"မလိုဘူးလို့ပြောနေတယ်လေ"
"နင် "
"အားနာပေမယ့် နင်ပြန်လို့ရပြီ "
တစ်ဖက်က စေတနာကို သူက ဝေဒနာ ဖြစ်အောင်လုပ်လိုက်မိပေမယ့် ရာချီ အထင်လွှဲမယ့်ကိစ္စတွေလည်းသူမလုပ်ချင်တာကြောင့်
အားနာနာနဲ့သာ တားယူလိုက်ရ၏
"ပုံတိုင်း နင်ပြောင်းလဲလာတာဘဲ "
"ငါနဂိုတည်းက ဒီတိုင်းဘဲ ဘယ်သူနဲ့မှ ရူတ်ရူတ်ရှက်ရှက်မနေခဲ့ဘူးသလို တစ်ယောက်ထဲဘဲ နေခဲ့ဖူးတာ အခုမှငါကရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာမျိုးမဟုတ်ဘဲ ငါကနဂိုတည်းဒီလိုမျိုးဘဲ ပြောင်းလဲခဲ့ရင်တောင်မှ ရာချီကို
တစ်နေ့တခြားပိုပိုချစ်လာတာဘဲ ရှိလိမ့်မယ်"
"အမလေးအေးပါဟဲ့ နင်အချစ်ကလည်းလေးစားစရာပါ "
"နင်လေးစားစရာမလိုဘူး ရာချီလေးစားပေးရင်ရပြီ "
"ဒီ! ထားပါငါပြန်ပြီ "
စံပယ် ပြန်သွားတာ ကြည့်ပြီးတာနဲ့
သူလည်း ခုံပေါ်နဲ့ ဗုန်းဗုန်းလဲကျသွားတော့၏
စိတ်ရောလူပါ ပင်ပန်းနေခဲ့တာမို့လို့။
မနက်ကချက်တဲ့ဟင်းတောင်မစားနိုင်သေး။
ရာချီမရောက်လာသေးတော့ အုပ်စောင်းထဲနံ ထမင်းနှစ်ပန်းကန် ဟင်းပန်းကန် မလျော့သွားဘဲရှိနေလျက်။
<><>
"အကိုလေးရာချီ တော်တော့လေဗျာ ဘာလို့အဲ့လောက်သောက်နေရတာလဲ "
"ငါ့ပါးစပ်နဲ့ငါသောက်တာ မင်းနဲ့ဆိုင်လား
ငါ့သောက်နိုင်လို့ငါသောက်တာကွာ ငါ့ကို့မစွတ်ဖက်နဲ့ ငါ့ကမင်းထက်ကြီးတယ်ကွ"
"သိပါတယ်ဗျာ ဒါဆိုလဲမပြောဘူး "
ဘယ်ဘဝကရေစက်နဲ့ အကိုလေးနဲ့ကံပါခဲ့လဲမသိပေမယ့် အရင်ဘဝကတော့ သာလှကရာချီ့ကို အနိုင်ကျင့်ခဲ့ပုံရ၏
"ငါနမည် ညွန့်စိန်ပါကွ ဒီမိန်းကလေးကိုလိုက်ကတာက ထမင်းစားရေသောက်ဘဲ "
"ဒါဆိုမင်းဘယ်လိုလိုက်ခဲ့တာလဲ ငါ့သူငယ်ချင်းကတော့ အောချစရာဘဲ ငါ့ကြားထားတာက အဲ့တစ်ယောက်ကမောက်မာတယ်ဆို "
"မောက်မာလည်း ညွန့်စိန်ဆိုတဲ့ငါနဲ့တွေ့ရင်အရေခွံလှန်ချပေးလိုက်ရုံပေါ့ "
"ဟားဟားဟား"
ဘေးဝိုင်းမှာ တစ်ဖက်ရွာကကောင်တွေ စကားပြောနေတာ ဘယ်သူ့အကြောင်းလဲမသိပေမယ့် မိန်းကလေးတစ်ယောက်ကို ဒီလိုပြောတာက အောက်တန်းကျနေတာကြေ င့်ရာချီ သဘောမတွေ့ပေ။
ဒီနေရာမှာသာ သူ့ညီမကိုသာလာပြောရင် အသက်ချင်းလဲလိုက်ဖို့ဝန်မလေးပေမယ့် သူတို့ပြောနေတာ ဘယ်မိန်းကလေးအဆကြာင်းလဲ အတက်မသိသေးတာကြောင့်
မဆိုင်သလိုဘဲ နေမိလိုက်၏။
"သာလှ"
"ဗျ "
"အချစ်ဆိုတာဘာလဲ "
"အချစ်ဆိုတာ ချစ်ရတဲ့သူမရှိလို့ကျွန်တော်မသိပေမယ့် ကြားဖူးတာတော့ရှိတယ် "
"ဘာလဲပြော့ပြော့"
"သူ့ဘက်ကလည်းချစ်နေရမယ့် ကိုယ့်ဘက်ကလည်းချစ်နေရတာတဲ့ သူချစ်ကိုယ်ချစ်ဘဲမလား ဘာမှမထူးဆန်းပါဘူး"
သာလှရဲ့စကားကြောင့်ပုံတိုင်းနဲ့သူနဲ့က အချစ်မဟုတ်တော့ဘူးဆိုတာ သိလိုက်ရ၏
ကိုယ့်ဘက်ကဘဲ ချစ်နေရင်တော့ ဒါအချစ်ဘယ်ဖြစ်နိုင်တော့မလဲ။
"အီးဟီးဟီ အင့် "
ရုတ်တရက်ထငိုတဲ့ ရာချီကြောင့် သာလှတစ်ယောက်ကြောင်သွားကာ
"အကိုလေးဘာဖြစ်သွားရတာလဲ "
"တစ်ခုလပ် "
"ဟမ် "
"အမလေး အမေရဲ့အမေ့စကားနားမထောင်မိတာ သားမှားပါပြီ အီးဟီး အီးဟီး "
"အကိုလေးရာ "
"နှင်းရည်ရ ငါ့နင့်ကိုတောင်းပန်ပါတယ်"
"နှင်းရည်က ဘယ်က ပါလာပြန်တာလဲဗျာ "
သာလှတစ်ယောက် ဘာကိုမှ နားမလည်နိုင်ကာ ခေါင်းကိုသာ ကုတ်နေရ၏
"နှင်းရည်ရဲ့ နင့်အချစ်ကိုသာ ငါလုမယူရင် ဒီလိုဖြစ်မှာမဟုတ်ဘူး အင့်ဟင့် အခုတော့ နင့်အကို စုံလုံးကန်းနေပြီ အီးဟီး "
"စုံလုံးမကန်းဘဲ ပါးစပ်လေးကဘဲ အ သွားရင် ကျွန်တော် ကျေနပ်ပါပြီဗျာ "
"ဘာကွ!!!"
မဟုတ်ရင်လည်း ထန်းရည်ဝိုင်းမှာ အော်ငိုနေတဲ့ အကိုလေးရဲ့အသံက နားငြီးလွန်းပြီး ဘေးလူတွေကိုလဲ စိတ်အနှောက် အယှက်ဖြစ်စေသည်။
အချိန်ကလည်း နှောင်းနေ၍ အိမ်ပြန်ဖို့ သင့်နေ၏ ည 9 နာရီ ဒီချိန်ဆို လူပြတ်ပေမယ့် ရာချီကတော့ ခြေဦးတည့်ရာလျှောက်သွားနေမိတာကြောင့် ယခုမှသာ အိမ်ပြန်ရောက်၏။
အိမ်ရောက်တာနဲ့ အရှေ့က ပိတ်ရပ်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ မျက်နှာက တင်းမာလျက်။
"ရာချီ မင်းဘယ်တွေသွားနေတာလဲ "
"...."
ရာချီတစ်ယောက် ထိုလူ၏ စကားကိုလျှစ်လျူရူပြီး အိမ်ခန်းထဲသို့ဝင်မလို့လုပ်ခဲ့ပေမယ့် လက်ကိုလာဆွဲတာကြောင့် ရပ်တန့်သွားခဲ့၏
"ကိုယ်မေးနေတယ်လေကွာ "
"ခင်များနဲ့ဆိုင်လား ကျုပ်ဘာသာ ဘယ်သွားသွားပေါ့ "
"ရာချီ မင်းဘယ်လိုနာမ်စားတွေသုံပြီးပြောလိုက်တာလဲ "
"ခင်များကြားတဲ့အတိုင်းဘဲ "
"အခေါ်အဝေါ်ပြင်စမ်း !!!"
"ခင်များကျုပ်ကို အော်စရာမလိုဘူး "
တကယ်တော့ ပုံတိုင်း အော်ရင် သူကြောက်ပါသည် ။ အနေအေးတဲ့သူတွေက ဒေါသထွက်တဲ့အခါ ကြောက်စရာကောင်းတယ်လို့ကြားဖူးသည်။
သို့ပေမယ့် မကြောက်သလို ပြန်အော်တာ သူ့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်မည်။
မဟုတ်လည်းဘဲ ကိုယ့်ဘက်က မှားခဲ့တာမှမဟုတ်တာ။
"ရာချီ မင်းဘာဖြစ်နေတာလဲကွာ "
"ကျုပ်ဘာဖြစ်နေလဲ ခင်များသိမှာပေါ့ "
"မူးလာတယ်မလား ဒါဆိုလည်း အိပ်လိုက်တော့ မကျေနပ်တာရှိရင် မနက်ဖြန်မှ ရှင်းကြရအောင် "
"သွားစမ်းပါ ခင်များလိုကောင်နဲ့ တစ်ရက်လေးတောင် အတူတူ မအိပ်နိုင်ဘူး
ခင်များအပြင်ထွက်အိပ်"
"ဟုတ်ပြီ ကိုယ်အပြင်ထွက်အိပ်ပေးမယ် "
"အဟမ့် တော်စမ်းပါ ခင်များ ကျုပ်ကို ကျေးဇူးတင်လို့ ကျုပ်စကားနားထောင်နေတာမလား "
"မင်းဘာတွေပြောနေတာလဲ "
"အခုမှ မသိသလို လာလုပ်မနေနဲ့ ကျုပ်က ခင်များနဲ့ စံပယ်ကို သာယာဖို့အချိန်တောင်ပေးခဲ့တာကိုဗျာ ဒါကြောင့် ကျုပ် အခုမှအိမ်ပြန်လာတာပေါ့ "
"မင်းမဟုတ်မှ "
ဒီလောက် ကင်းကင်းရှင်းရှင်း နေခဲ့တာတောင် အထင်လွဲလိုက်သေး၏ လူကနူန်းနေပါတယ်ဆိုရှင်းရပြရအုန်းမည်။
"ဟုတ်တယ် ခင်များတို့အကြောင်းကျုပ်သိသွားပြီ ခင်များက လူရှေ့မှာကျ မခုတ်တဲ့ ကြောင်လိုလိုနဲ့ နောက်ကွယ်မှာကျ ဝံပုလွေဖြစ်နေတာဘဲ ဟိုတစ်ယောက်ကလည်း လူလစ်တာကိုစောင့်နေတာလားဘဲ"
"ရာချီတော်လိုက်တော့ မင်းထင်ရာဆွဲတွေးမနေနဲ့ "
ရှင်းပြချိန်တောင်မရဘဲ တစ်ဖက်မိန်းကလေးရဲ့သိက္ခာကိုပါ ဘောင်ကျော်စွာ ချနေခဲ့တော့ ပုံတိုင်း အနည်းငယ်တော့ ဒေါသထွက်ခဲ့မိသည်။
"အဟမ့် ကျုပ် မျက်စိနဲ့ တက်အပ် မြင်ခဲ့တာဗျ "
"မင်းမြင်တာက အဆုံးထိ မမြင်လိုက်ဘူးထင်တယ် ပိုပြီးသိသွားအောင် အိမ်ခန်းထဲထိ ဘာလို့ ဝင်မကြည့်ရတာလဲ "
"အချိန်မရလို့မကြည့်တာ ထားပါ နောက်ခါကျရင်တော့ နှစ်ယောက်ထဲ အေးဆေးနေနိုင်အောင်ကျုပ်ထွက်သွားပေးမယ် "
"ရာချီဒွေး!!! မင်းကိုယ့်ကို မယုံဘူးလားကွာ.."
လေသံက အော်နေပေမယ့် မအော်သည့်အသံ။
"ယုံချင်စရာကောင်းအောင်နေခဲ့မှပေါ့ "
"ဒါဆို ကိုယ်က မင်းယုံကြည့်အောင် မနေခဲ့ဘူးပေါ့ မင်းအပြင်ထွက်တဲ့အချိန် တယောက်ထဲ တံခါးပိတ်ပြီးနေခဲ့တာတွေ
မိန်းကလေးအများစုနဲ့ သူငယ်ချင်းအဆင့်နဲ့တောင်မနေခဲ့တာတွေ ဘယ်သူနဲ့မှ အရောတဝင်မနေခဲ့တာတွေကိုမှ မထောက်ကွာ!!!"
"ဖယ် ထပ်မပြောနဲ့ "
ထွက်သွားဖို့လုပ်နေပြီဖြစ်တဲ့ ရာချီရဲ့ပုခုံးကို တွန်းလိုက်တာကြောင့်ရာချီတစ်ယာက် နရံနဲ့ကျောနဲ့ မိတ်ဆက်သွားရ၏
"ကိုယ်မလုပ်ခဲ့ဘူး ကိုယ်စံပယ်နဲ့လည်းမနေခဲ့ဘူး စံပယ်မှမဟုတ်ဘူး ကိုယ်ဘယ်သူနဲ့မှ မနေခဲ့တာ ဒါပေမယ့် ကိုယ်က
မခုတ်တက်တဲ့ကြောင်မဟုတ်ဘဲ မင်းပြောသလို ဝံပုလွေတစ်ကောင်ဘဲ ဒါပေမယ့် အဲ့ဝံပုလွေက မင်းကိုဘဲစားမှာ "
ပြွတ်စ်!!!!
"ခင်များ .."
ရာချီရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်၍
အပေါ်၌ သူ၏ လက်တစ်ဖက်နဲ့ ချုပ်ထားကာ တစ်ခြားဘက်ခြမ်းကိုတော့..
ရာချီရဲ့ ခါးကို ဖက်ကာ အငမ်းမရ စုပ်ယူနမ်းရိူက်နေ၏....
________________________
(နောက်တစ်ပိုင်းမျှော်)