နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )

66 4 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၁၉၁

( အမျိုးသမီး စစ်ယူနီဖောင်း )

ညဘက်...

အိပ်ဆောင်ထဲတွင် ဒါရိုက်တာက နာမည်ကျော် အမျိုးသမီး သုံးဦးကို နောက်တစ်နေ့ ရိုက်ကူးရေးနှင့် ပတ်သက်၍ ရှင်းပြနေ၏။

"ဒါက ခင်ဗျားတို့ အားလုံးအတွက် စစ်တပ်ထဲကို ပထမဆုံး အကြိမ်လာတာ ဖြစ်မယ်... ဒါ့ကြောင့် ဒီနေရာမှာ သင်ယူစရာတွေ အများကြီးရှိတယ်... ဒီလိုမျိုး သဘာဝဆန်တဲ့ ရိုက်ကူးရေးမှာ အရှိကိုအရှိအတိုင်း ချပြပြီး ပါဝင်ပေးတဲ့အတွက်လည်း အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်..."

နာမည်ကျော် အမျိုးသမီးသုံးဦးကလည်း ခေါင်းညိတ်လိုက်၏။ ဤ reality show ၏ သဘောသဘာဝကို သူတို့သိရှိပြီး ဖြစ်ပေသည်။ စစ်ရေးလေ့ကျင့်မှု အတွေ့အကြုံတစ်ခုရသည်ဟု သူတို့သဘောထားကာ ပါဝင်ခြင်းဖြစ်၏။ လင်ချူရွယ်ကမူ ဤ reality show တွင် မပါဝင်ခဲ့ပါက ရှုချန်း ဖြတ်သန်းကြုံတွေ့ခဲ့ရသော အခက်အခဲများကို သူမ တွေ့ကြုံ ခံစားနိုင်မည် မဟုတ်သောကြောင့် ပါဝင်ခဲ့ခြင်းဖြစ်၏။ သူမကိုယ်သူမလည်း ပြင်ဆင်လာခဲ့လေသည်။

နာမည်ကျော် ဘုရင်မ လင်ချူရွယ်နှင့် ပြောဆို ဆက်ဆံရန် လွယ်ကူလိမ့်မည်ဟု မထင်ခဲ့သော ဒါရိုက်တာပင် အရာအားလုံး ချောမွေ့နေသည့်အတွက် အံ့အားသင့်နေမိသည်။ လင်ချူရွယ်ကဲ့သို့ လျှမ်းလျှမ်းတောက် ကျော်ကြားနေသည့် မင်းသမီးက reality show နှင့် ပတ်သက်၍ ကြည်ကြည်သာသာ လက်ခံနေ၍ အခြားသော နာမည်ကျော် မင်းသမီး နှစ်ဦးလည်း ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိတော့ချေ။

ထို့နောက် ဒါရိုက်တာသည် အမျိုးသားများနှင့် ခေတ္တစကားပြောဖြစ်၏။ ရန်ရှန်း နှင့် နည်းပြရှုတို့အကြား သဘောထားကွဲလွဲမှုအချို့ ရှိ‌နေသည်ကို သိလိုက်ရ၍ ရန်ရှန်း အား အနည်းငယ် ပူးပေါင်းလုပ်ဆောင်ပေးရန် ဖျောင်းဖျခဲ့၏။ ရန်ရှန်း က မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ ဒါရိုက်တာကို မဆန့်ကျင်ဘဲ အကောင်းဆုံး ကြိုးစားသွားမည်ဟု ယဉ်ကျေးစွာ တုံ့ပြန်ခဲ့၏။

ည ၁၀ နာရီခန့်တွင် ရိုက်ကူးရေး အဖွဲ့သားများက ရှုချန်းနောက်သို့ လိုက်ပါကာ အဆောင်များကို လှည့်ပတ် စစ်ဆေးကြ၏။

ယောက်ျားလေးအဆောင်တွင် ကောဟို နှင့် ရန်ရှန်း တို့ ဆေးလိပ်သောက်နေကြ၏။ ထို့အပြင် ရန်ရှန်း ၏ ကုမ္ပဏီမှ ဂျူနီယာ ကျိုးကျိဟို လည်း ရှိနေ၏။ ရန်ရှန်း က စီးကရက်တစ်လိပ်ထုတ်ပြီး ပေးရာ ကျိုးကျိဟို က ပြုံး၍ လက်ခံလိုက်၏။

"ကျေးဇူးပါ အစ်ကိုကြီး..."

ကျိုးကျိဟို မှာ တက်သစ်စ တစ်ဦးဖြစ်၍ သူ၏ကျော်ကြားမှုကို မြှင့်တင်ရန် အောင်မြင်သော စီနီယာတစ်ဦး လိုအပ်နေသဖြင့် ရန်ရှန်း ကို ရိုသေနှိမ့်ချစွာ ပေါင်းနေသည်။

သုံးဦးသား ဆေးလိပ်သောက်နေ၍ အခန်းထဲ၌ မီးခိုးငွေ့တို့အူနေပေသည်။ ထိုအချိန်တွင်‌ ကော်ရစ်ဒါဆီမှ ခြေသံများထွက်ပေါ်လာ၏။ တံခါးခေါက်သံနှင့်အတူ ရှုချန်းအသံကိုပါ ကြားလိုက်ရသည်။

"အိပ်ချိန်ရောက်ပြီ... မီးတွေပိတ်လိုက်တော့..."

အခန်းအတွင်းမှ သုံးဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမျှ မီးထ မပိတ်ပဲ ထိုင်၍ ဆေးလိပ် ဆက်သောက်နေကြ၏။

တံခါးအပြင်ဘက်တွင် ရပ်နေသော ရှုချန်းက ခဏကြာသည်အထိ မီးမပိတ်၍ တံခါးကို ထပ်ခေါက်လိုက်ပြန်သည်။

"မီးပိတ်လိုက်..."

မီးများပွင့်နေဆဲ ဖြစ်၏။ ထို့ကြောင့် ရှုချန်းက ရိုက်ကူးရေးအဖွဲ့သားများဘက်သို့ လှည့်ကာ ...

"ရိုက်ကူးရေးလုပ်နေတာ ခဏရပ်လိုက်ပါလား..." ဟု ပြောလိုက်၏။

ရိုက်ကူးရေးသမားများလည်း ခေါင်းညိတ်ကာ ရပ်တန့်လိုက်ကြ၏။ ထိုအခါ ရှုချန်းက တံခါးကို ဝုန်းခနဲ ဆောင့်ကန်လိုက်ရာ အားလုံးထိတ်လန့်သွားကြသည်။ တံခါးပွင့်သွားသည်နှင့် မီးခိုးငွေ့များ အူနေသော အခန်းအတွင်း၌ သုံးဦးသား ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရ၏။ တံခါးက မခိုင်ခံ့ဖြစ်နေသည်ကို မြင်၍ သုံးဦးသား အံ့အားသင့်သွားကြသည်။

"အဆောင်ထဲမှာ ဆေးလိပ်မသောက်ရဘူးဆိုတာ ခင်ဗျားတို့ မသိဘူးလား... ခင်ဗျားတို့ မအိပ်ချင်သေးဘူးလား မအိပ်ချင်သေးရင် အောက်ကိုဆင်းပြီး သုံး ကီလိုမီတာ ပြေးကြ..."

ရှုချန်းက ထိုသူများကို အသံနက်ကြီးဖြင့် ပြောလိုက်၏။

သုံးဦးသား ဆေးလိပ် ဆက်သောက်ရမလား၊ ထပြေးရမလားမသိ ဖြစ်နေကြ၏။ လက်ထဲတွင် စီးကရက်ဘူး ကိုယ်စီကိုင်ကာ ငုတ်တုတ်ထိုင်နေကြသည်။

ခဏအကြာတွင် ရှုချန်းက ...

"နောက်တစ်ခေါက် ထပ်မဖြစ်စေနဲ့..." ဟု မာမာထန်ထန်ပြောကာ မီးပိတ်ပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။

ရှုချန်း ထွက်သွားမှ သုံးဦးသား သက်ပြင်းချလိုက်၏။ ကောဟို က ကျိုးကျိဟို ကို ...

"မင်း တံခါး သော့ခတ်ထားတယ်မလား... "

"ဟုတ်တယ်... ငါ သေချာ သော့ခတ်ထားပါတယ်..."

ရန်ရှန်း က ...

"မင်း ဘာကို သော့ခတ်တာလဲ... သော့ခတ်ထားပြီးသားဆို သူ ဘယ်လို ဖွင့်နိုင်မှာလဲ..."

ထိုအချိန်တွင် ကောဟို က အားလုံးကို ဖျောင်းဖျလိုက်၏။

"ကောင်းပြီ... ထားတော့... အိပ်ကြရအောင်... ညလည်း နက်နေပြီ... အခုချိန်ကြီးမှ ပြဿနာလည်း မဖြစ်ချင်တော့ဘူး..."

အမှောင်ထဲတွင် လက်ကိုခေါင်းအုံး၍ ရန်ရှန်း လှဲနေသည်။ သူ မည်ကဲ့သို့ အိပ်ပျော်ရမည်နည်း။ သူ့တစ်ကိုယ်လုံး ဒေါသတို့ ပြည့်နှက်နေ၏။

ခဏကြာသောအခါ ကောဟို အား ...

"လင်ချူရွယ်က ဒီနည်းပြနဲ့ အရင်ကတည်းက သိတယ်လို့ မင်းထင်လား..."

"ဟုတ်တယ်... အဲလိုထင်တာပဲ..."

ကျိုးကျိဟို က သူတို့နှစ်ဦး ပြောနေသည့် အကြောင်းအရာကို မသိ၍ အိပ်ပျော်ဟန်သာ ဆောင်နေလိုက်သည်။

ရန်ရှန်း က ...

"သူ နေ့လယ်က ငါ့ကို ဟောက်သွားသလိုမျိုး မင်းကို ဟောက်ရင်ရော သည်းခံနိုင်မလား... ငါတို့က ဘာကောင်တွေလဲ... ငါတို့မှာ သန်းနဲ့ချီတဲ့ ပရိသတ်တွေရှိတဲ့ နာမည်ကျော်မင်းသားတွေ... တချို့ တချို့တွေလို နာမည်မရှိတဲ့ အနုပညာရှင် မဟုတ်ဘူး... ဘယ်နေရာကိုသွားသွား ဂုဏ်သိက္ခာရှိတဲ့ ဧည့်သည်တွေလို ဆက်ဆံခံရပေမဲ့ ဒီစစ်တပ်က ဘာမှမဟုတ်တဲ့ နည်းပြ ဆဲတာ ကြိမ်းမောင်းတာ ခံနေရတယ်... နည်းပြ မင်းကိုအော်တဲ့အခါ မင်းကျေနပ်မယ်လို့ ငါမထင်ဘူး..."

ကောဟို က ...

"မင်း ဘာဖြစ်ချင်တာလဲ..."

"ငါတို့ မနက်ဖြန် မနက်ပိုင်း လေ့ကျင့်ခန်း နည်းနည်းပါးပါးရှိမယ်... မနက်ကျရင် နည်းပြကို လူစုခိုင်းပြီး ငါတို့ လုပ်ရမယ့် လေ့ကျင့်ခန်းတွေ သရုပ်ပြဖို့ တွန်းအားပေးချင်တယ်... မင်းလည်း ဝင်ပြီး ပြောပေးပေါ့... အဲဒီ လေ့ကျင့်ခန်းတွေ သူသေချာမလုပ်နိုင်တဲ့အခါ နည်းပြလဲပေးဖို့ ဒါရိုက်တာကို ဖိအားပေးကြမယ်..."

"ကောင်းပြီလေ..."

ထိုအခါမှသာ ရန်ရှန်း တစ်ယောက် ကျေနပ်သွားတော့၏။ နောက်တစ်နေ့တွင် နည်းပြဖြစ်သူအား မည်ကဲ့သို့ အရှက်ခွဲရမည်ကို စဉ်းစားတွေးတောရင်း အိပ်မောကျသွားတော့သည်။

နောက်တစ်နေ့ နံနက်...

လေ့ကျင့်ရေးကွင်းထဲတွင် ရပ်နေသော ရှုချန်းတစ်ယောက် အားကောင်းလှသော အဆုတ်စွမ်းရည်ကို အသုံးပြုကာ ဝီစီမှုတ်တော့၏။ ဝီစီသံအဆုံးတွင် တပ်သားသစ်များ၏ အဆောင်ဘက်ဆီမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာတော့သည်။ တပ်သားသစ်များအားလုံး မျက်နှာသစ်၊ သွားတိုက် မပြုလုပ်မီတွင် သူတို့၏ အိပ်ရာများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်ကြသည်။

ထို့နောက် ရိုက်ကူးရေးအဖွဲ့သားများနှင့် နာမည်ကျော်များ နေထိုင်သည့် အဆောင်ဆီသို့ ရှုချန်း ရောက်လာသည်။ မိန်းကလေး သုံးဦးနေသော အခန်းတံခါးကို ခေါက်ကာ ...

"ထတော့... မနက်ပိုင်း သင်ခန်းစာချိန် ရောက်ပြီ... "

လင်ချူရွယ်တစ်ယောက် အိပ်ချင်မူးတူးဖြင့် စောင်ကို ခွာလိုက်၏။ တံခါးခေါက်သံကြား၍ အိပ်ရာထဲမှ ထကာ တံခါးသွားဖွင့်ပေးသည်။ သူမ မျက်လုံးများမှာ အိပ်မှုန်စုံမွှား ဖြစ်နေဆဲ။

"ဘာလဲ... ဘာလို့ ကျွန်မကို အိပ်ရေးဝဝ မအိပ်ခိုင်းတာလဲ..."

လင်ချူရွယ်မှာ လွန်စွာ ပါးလွှာသော ညဝတ်အင်္ကျီကို ဝတ်ထား၏။ ထိုညဝတ်အင်္ကျီမှာ ဇာအသားဖြစ်နေ၍ လင်ချူရွယ်၏ အတွင်းဝတ်များကိုပင် တစ်စေ့တစ်စောင်း ဖောက်ထွင်း မြင်နေရ၏။

အိပ်ချင်မူးတူးဖြစ်နေသော လင်ချူရွယ်က တံခါးလာခေါက်သူကို သူမ၏ လက်ထောက်ဟု ထင်မှတ်နေသည့်အတွက် ဘာမှမပြောချေ။ သို့သော် ရှုချန်း ဖြစ်နေမှန်း သိလိုက်ပြီး သူမအား ခေါင်းအစ ခြေအဆုံး အပြန်ပြန်အလှန်လှန် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ရှုချန်းကို တံခါးအပြင်သို့ တွန်းဖယ်လိုက်ပြီး ...

"မျက်လုံးမှိတ်ထား..."

ရှုချန်းကိုတွန်းထုတ်ကာ သူမ တံခါးပိတ်လိုက်၏။

ရှုချန်းက ...

"ဒါ ငါ့အပြစ် မဟုတ်ဘူးနော်... နင့်ဘာသာ ဒီအဝတ်တွေဝတ်ပြီး တံခါးလာဖွင့်တာ...ဒါ စစ်တပ်ပဲ... ငါပေးထားတဲ့ စစ်အင်္ကျီပဲ ဝတ်ထား..."

လင်ချူရွယ်က ...

"အင်းပါ... အထဲကို မလာနဲ့ဦး... ငါ အခုပဲ အဝတ်လဲနေတယ်... ဝင်လာရင် တရားစွဲမှာနော်..."

ရှုချန်းက ...

"ဟုတ်လား... တရားစွဲချင်စွဲပေါ့... ငါတို့ရဲ့ လက်ထပ်စာချုပ် တရားသူကြီးကို ပြလိုက်မယ်လေ..."

သို့သော် ရိုက်ကူးရေးအဖွဲ့သားများ ရောက်လာသည့်အတွက် ထို့ထက်ပို၍ မပြောတော့ချေ။ နှစ်ဦးသား တရင်းတနှီး နင် ငါ မသုံးဘဲ လူအများရှေ့တွင် ခင်ဗျား ကျုပ် ဟုသာ သုံး၍ ပြောလိုက်တော့သည်။

"နောက် ငါးမိနစ်နေရင် ခင်ဗျားတို့ လေ့ကျင့်ရေးကွင်းထဲကို ဆင်းလာကြပါ..."

ပြောပြောဆိုဆိုဖြင့် ရှုချန်း ထွက်သွား၏။

ငါးမိနစ်အကြာတွင် တပ်သားသစ် အယောက် ၅၀ နှင့် နာမည်ကျော် အနုပညာရှင် ခြောက်ဦးတို့သည် လေ့ကျင့်ရေးကွင်းအတွင်း၌ စုရုံးနေကြသည်။ စစ်ယူနီဖောင်းဝတ်ဆင်ထားသော လင်ချူရွယ်ကို ရှုချန်း ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။ သာမန် ဝတ်စုံတစ်ခုဖြစ်သော်လည်း သူမ၏ အပြစ်ကင်းစင် ကျက်သရေရှိလှသော အလှတရားကို ဖုံးကွယ်မထားနိုင်ချေ။ သူမက ဆံပင်ကို နောက်သို့စည်းနှောင်ထားကာ မိတ်ကပ်မလိမ်းထားသည့်တိုင် မျက်နှာမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသန့်စင်နေသေးသည်။

တန်းစီနေသော လူအုပ်၏ ရှေ့ဆုံးတန်းတွင် လင်ချူရွယ် တစ်ယောက် မတ်မတ်ကလေး ရပ်နေ၏။ သူမ ရထားသည့် ယူနီဖောင်းမှာ အနည်းငယ် ကြပ်နေသည့်အတွက် သူမ၏ လှပသော ရင်ဘတ်ကို ပေါ်လွင်နေစေသည်။ လင်ချူရွယ် တစ်ယောက် ပထမဆုံးအကြိမ် ယူနီဖောင်းဝတ်ထားသည်ကို ရှုချန်း သဘောတကျ စိုက်ကြည့်နေမိ၏။ လင်ချူရွယ်က သူမကို ရှုချန်း အကြည့်မလွှဲစတမ်း စိုက်ကြည့်နေသည်ကို ခံစားမိ၏။

ထို့ကြောင့် ရှုချန်းကို ကြည့်ကာ ချောင်းဟန့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ...

"ဒီလောက်ဆို မြင်ပြီမလား..."

ချောင်းဟန့်သံကြောင့် ရှုချန်း သတိပြန်ဝင်သွားပြီး အရှက်ပြေရယ်လိုက်သည်။ ထို့နောက် မသိစိတ်၏ စေခိုင်းမှုအတိုင်း လင်ချူရွယ်ထံသို့ တည့်တည့်မတ်မတ်လျှောက်သွားမိ၏။

ရှုချန်း အနီးသို့ ရောက်လာသည့်အတွက် လင်ချူရွယ် ခန္ဓာကိုယ်ကို ပို၍ မတ်မတ်ကလေး ရပ်နေလိုက်သည်။ ရှုချန်းက သူမအနီး၌ ရစ်သီရစ်သီလုပ်နေ၏။ သူမတို့နှစ်ဦး လူမြင်ကွင်း၌ ရှိနေသည်ကို ရှုချန်း မေ့လျော့သွားသလား ဟုပင် တွေးနေမိသည်။ သို့သော် ရှုချန်းက သူမ၏ ယူနီဖောင်းပခုံးများကို နေသားတကျ ပြင်ပေးပြီးနောက် ထွက်ခွာသွား၏။

၄င်းမှာ အသေးအမွှား လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သော်လည်း လင်ချူရွယ်၏နှလုံးခုန်သံမှာ သိသိသာသာ မြန်ဆန် ကျယ်လောင်လာခဲ့သည်။

ထိုခံစားချက်မှာ ရှုချန်းက သူမကို စက်ဘီးပေါ်တင်၍ သစ်ပင်များအောက်၊ ကမ်းနားရှိ ကျောက်ခင်းလမ်းကလေးများပေါ် လျှောက်သွားခဲ့ကြသော အထက်တန်းကျောင်းသားဘဝ အတိတ် နေ့ရက်များကို ပြန်လည် အမှတ်ရစေမိလေသည်။

အခန်း ၁၉၁ ပြီး

နတ်နဂါးစစ်သည်

အခန်း ၁၉၂

( ကျုပ် လုပ်မယ်... )

ထိုလေ့ကျင့်ခန်းများမှာ အခြေခံ ဂျွမ်းဘား လေ့ကျင့်ခန်းများ မဟုတ်ပဲ အထူးလေ့ကျင့်ရေး ဌာန၏ လက်ဝှေ့ ပညာရပ်များ ဖြစ်ပေသည်။

နာမည်ကျော် ခြောက်ဦးအဖို့ ပထမဆုံး အကြိမ်ဖြစ်နေ၍ ရှုချန်းက သူတို့ကို တန်းစီနေသည့် အထဲမှ ထွက်ခိုင်းပြီး ရှေ့ဆုံးတွင် နေရာယူခိုင်းလိုက်သည်။ ထို့နောက် သူတို့ကို သင်ကြားရန် တပ်သားသစ် တစ်ဦးကို ရှေ့မှ လက်တွေ့ သရုပ်ပြ သင်ကြားစေ၏။

အမျိုးသား နာမည်ကျော် သုံးဦးက အခြေခံ လက်ဝှေ့ နည်းစနစ်များကို ကောင်းမွန် မြန်ဆန်စွာ သင်ယူနိုင်ခဲ့သည်။ လော့ကျိချီး နှင့် ကျောက်ယာကျင်း တို့မှာလည်း ကခုန် တတ်ကြ၍ လျင်မြန်စွာ သင်ယူနိုင်ခဲ့၏။ သို့သော် အခက်ကြုံနေသူက လင်ချူရွယ်။ သူမက ယောဂ ကစားခြင်းကို နှစ်သက်သော်လည်း ကခုန်လေ့ မရှိ၍ အခြားသူများ ကဲ့သို့ လက်ဝှေ့နည်းစနစ်များကို လျင်မြန်စွာ တစ်ခုပြီး တစ်ခု မသင်ယူနိုင်ချေ။

ထို့အပြင် လက်ဝှေ့နည်းစနစ်များမှာ ယောက်ျားဆန်ဆန် လှုပ်ရှားနေရ၍ သူမ အနည်းငယ် ရှက်ရွံ့နေသည်။ လင်ချူရွယ် တစ်ဦးတည်း မဟုတ်။ အခြား မိန်းကလေး နှစ်ဦးမှာလည်း လှုပ်ရှားလိုက်တိုင်း အနည်းငယ် အဆင်မပြေ ဖြစ်နေကြောင်း ပေါ်လွင်နေသည်။

ထိုအချိန်တွင် လင်ချူရွယ် အနားသို့ ရှုချန်း လျှောက်လာပြီး သူမ၏ လှပ နူးညံ့သော ပခုံးများကို အနေအထားမှန် ပြုပြင်ပေး၏။

" ရင်ကိုကော့ထား... ပို အားထည့်ပြီး လှုပ်ရှားပါ အစ်မ... "

လင်ချူရွယ် ပြုံးရမလို မဲ့ရမလို ဖြစ်သွားသည်။ ရှုချန်း၏ မျက်ဝန်းများထဲတွင် ကွယ်ဝှက်ထားသော အပြုံးအရိပ်အငွေ့တို့ မြင်နေရသည်။

ဒီကောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ သေချာတယ်...။ တခြား တပ်သားတွေ အားလုံး မနက်ခင်း ပြေးလွှားနေချိန်မှာ ငါတို့ကို ဘာလို့ လက်ဝှေ့ ကျင့်ခိုင်းနေတာလဲ...။

အလိုမကျမှုတို့ မြင်နေရသော လင်ချူရွယ်၏ မျက်ဝန်းပြာများကို ရှုချန်း မသိကျိုးကျွံ ပြုပြီး ခါးကို ခပ်ဖျော့ဖျော့လေး ရိုက်၍ အတည်ပေါက်ဖြင့်...

" ခါးကို ဖြောင့်ထား... ဘာလို့ အောက်ပိုင်းကို ကုန်းထားတာလဲ... "

လင်ချူရွယ် မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။ ဤသို့ ပြုမူမည်ဟု သူမ ထင်မထားပေ...။

လင်ချူရွယ်သာမက နံဘေးမှ ရန်ရှန်း နှင့် ကောဟို ပါ အံ့ဩသွားသည်။ နည်းပြ ရှုက ဤကဲ့သို့ လုပ်ရဲမည်ဟု သူတို့ လုံးဝ တွေးထင်မထားသည် မဟုတ်ပါလား။ ရှုချန်းက သူတို့ အလှ နတ်ဘုရားမ လင်ချူရွယ်၏ တင်ပါးတို့ကို ရိုက်လု မတတ် ပြုမှုခဲ့သည် မဟုတ်လော...။

ခွေးမသား.... မင်းလက်ကို ဖယ်လိုက်စမ်း...။

ရန်ရှန်း နှင့် ကောဟို တို့မှာ ရှုချန်းကို သေသည်အထိ ပြေးထိုးချင်စိတ် တဖွားဖွား ပေါ်နေသည်။ သို့သော် လင်ချူရွယ်က နည်းနည်းလေးမှ ဒေါသ မထွက်သည်ကို သူတို့ သတိထားမိလိုက်ကြသည်။

သို့ရာတွင် လင်ချူရွယ်၏ မျက်နှာလေးမှာ ပန်းသီးတစ်လုံးအလား ရဲတွက်နေလေပြီ။ ယနေ့ သူမသာ ဒေါက်ဖိနပ် စီးထားပါက ရှုချန်း ခြေထောက်ကို ဒေါက်ဖြင့် နင်း၍...

" ငါ့ တင်ပါးက တမင် ကုန်းထားတာ မဟုတ်ဘူး မွေးရာပါဟဲ့... မကောက်အောင် ငါ ဘယ်လိုလုပ်ရမှာလဲ... " ဟု ပြောမိပေမည်။

ရှုချန်းတစ်ယောက် လင်ချူရွယ်၏ မျက်စောင်းပြင်းပြင်းကို ခံရလေပြီ။ လင်ချူရွယ်သာ နဂါးဆိုပါက ရှုချန်းခမျာ အကြိမ် ၁,၀၀၀ ခန့် ပြကျပြီး ဖြစ်ပေမည်။

သို့သော်လည်း လင်ချူရွယ်၏ မျက်စောင်းကို မသိဟန်ပြုကာ ရှုချန်း စိတ်ထဲမှ ရယ်မောနေမိသည်။

" ငါ့ကို နည်းပြ ဖြစ်ခွင့်ပေးတာ မိုးနတ်မင်း ကျေးဇူးပဲ... တခြားကောင်သာ နည်းပြဆို ငါ့ မိန်းမကို အသားယူမှာ သေချာတယ်... ငါ့ အစ်ကိုကြီး ကြီးကြပ်ရေးမှူး ကယ်ပေလို့ပဲ... "

ဇနီးဖြစ်သူကို အနည်းငယ် အသားယူ စနောက်ပြီးနောက် လော့ကျိချီး ဆီသို့ ရှုချန်း လျှောက်သွား၏။ သူမ တင်ပါး အနီးတဝိုက် ဒေသကို နည်းပြ ရှုချန်း ရိုက်မည် စိုး၍ အတတ်နိုင်ဆုံး ခါးကို မတ်ထားပြီး ယောက်ျားလေး စစ်သား တစ်ဦး ကိုယ်နေဟန်ထားနှင့် အတတ်နိုင်ဆုံး တူအောင် ကြိုးစားရပ်နေသည်။

သို့သော် ထင်သလို ဖြစ်မလာ။

ရှုချန်းက လော့ကျိချီး ကို လက်ညှိုးထိုးပြ၍ လင်ချူရွယ်အား...

" ဟေး... ဒီတစ်ယောက် ပုံစံကို အတုယူ... သူ သေချာလုပ်နေတယ်... "

လော့ကျိချီး စိတ်ထဲမှ ရေရွတ်မိသည်။

ရှင် အသားယူမှာ ကြောက်လို့ ယောက်ျားတစ်ယောက် ကိုယ်နေဟန်ထားဖြစ်အောင် ချက်ချင်းကြီး ကြိုးစားလုပ်ယူရတာလေ...။

လင်ချူရွယ် မျက်လုံး ပြူးသွား၏။ ရှုချန်း တမင်သပ်သပ် ရည်ရွယ်ချက် ရှိရှိ လုပ်နေလေပြီ။ သူမ အနားတွင် ပြုံးပြုံးကြီး ရပ်နေပြီး လှုပ်ရှားမှု မှားသည့် အခါတိုင်း လက်ဖြင့် ကိုယ်တွယ်၍ အနေအထားပြင်ပေး၊ သင်ကြား ပေး၏။ လူအများရှေ့တွင် ရှုချန်း နောက်တဖန် အသားယူမည်ကို စိုး၍ လင်ချူရွယ်ခမျာ လက်ဝှေ့နည်းစနစ်များကို ကြိုးစားပမ်းစား သင်ယူနေရှာသည်။ သို့သော် သူမ နံဘေးတွင် ရှုချန်းက စိုက်ကြည့်နေ၍ ကြောက်ရွံ့ကာ အာရုံမစိုက်နိုင်ချေ။ ထို့ကြောင့် သူမ ငိုပင် ငိုချင်လာသည်။

ဒီခွေးကောင်က ငါတို့ ချူရွယ်ကို အသားယူနေတာ သည်းမခံနိုင်တော့ဘူး...။

ရန်ရှန်း နှင့် ကောဟို တို့ စိတ်ထဲ၌ ပေါက်ကွဲနေလေပြီ။

ထို့ကြောင့် ရန်ရှန်း တစ်ယောက် ကယ်တင်ရှင် လူစွမ်းကောင်းကြီး ဝင်လုပ်တော့သည်။

" ဒီ လက်ဝှေ့ သွေးပူ လေ့ကျင့်ခန်းက အသုံးမဝင်ဘူး... အခုလို မနက်ပိုင်းမှာ ပြေးတာက ပိုကောင်းမယ် ထင်တယ်... "

ကောဟို ကလည်း လူစွမ်းကောင်း ဝင်လုပ်ပြန်သည်။

" ဟုတ်တယ်... ဒါက ခွန်အား အများကြီးသာ သုံးရတာ... ဘာမှ အကျိုးမရှိဘူး... အပြေးလေ့ကျင့်တာက ပိုကောင်းဦးမယ်... "

ရှုချန်း ခေါင်းညိတ်လိုက်၏။

" ဟုတ်ပြီ... ဒါက တီဗွီရှိုး အတွက်ပဲ လုပ်တာ... ခင်ဗျားတို့ ဒီနေ့ လုပ်ဖို့ လေ့ကျင့်ခန်းက သပ်သပ် ရှိမယ်လေ... "

ထိုစကားကြောင့် ရှုချန်းမျက်နှာကို လင်ချူရွယ် ဒေါက်ဖိနပ်ဖြင့် ပစ်ပေါက်ချင်သွားသည်။ သူမက ရှုချန်းကို မကျေမနပ် ကြည့်ကာ...

" ဒါဆို ဘာဖြစ်လို့ ငါ့ကို ဒီလှုပ်ရှားမှုတွေ သေချာ ပြင်ပေးနေတာလဲ... "

" ဒါက ခင်ဗျားတို့ အတွက်ပဲ လုပ်တာလေ... "

ထို့နောက် ရှုချန်းက သရုပ်ပြနေသော တပ်သားသစ်ဖက်သို့ လှည့်လိုက်ပြီး...

" ဒါတွေ အသုံးဝင် မဝင် ဆိုတာ သူတို့ကို ပြောပြလိုက်စမ်း... "

တပ်သားသစ်က ပြုံးပြီး...

" ခေါင်းဆောင်... သူတို့ကို ဘယ်လို ပြောပြရမလဲ... "

" ငါနဲ့ တူတူ လက်တွေ့ သရုပ်ပြရအောင်... "

တပ်သားသစ် လန့်သွား၏။

" ခေါင်းဆောင်... ဒါ မဖြစ်နိုင်ဘူးလေ... "

တပ်သားသစ်ကို အတင်းအကြပ် မတိုက်တွန်းလို၍ ရှုချန်းက ရန်ရှန်း တို့ဘက် လှည့်ပြီး...

" ဒီ လှုပ်ရှားမှုတွေက ရိုးရှင်းလို့ အသုံးမဝင်ဘူး မထင်နဲ့... လက်တွေ့ တိုက်ပွဲမှာ ဒါတွေ အားလုံးက အသုံးဝင်တယ်... တစ်ယောက်ယောက်ကို ကြမ်းပြင်ပေါ် ကိုင်ပေါက်ဖို့ လိုအပ်တဲ့ အခါမျိုးမှာ ဒါတွေကို သိထားရင် အသုံးဝင်လာလိမ့်မယ်... အထူးသဖြင့် မိန်းကလေးတွေ... နှောင့်ယှက်မယ့် လူဆိုးတွေကို ဒီ လက်ဝှေ့ နည်းစနစ်တွေအတိုင်း မြန်မြန်ဆန်ဆန် ပြန်တိုက်လို့ရတယ်... "

ကောဟို မျက်မှောင်ကြုံ့လိုက်ပြီး...

" အိုး... တကယ်လား... "

ရှုချန်း ခေါင်းညိတ်ပြီး တပ်သားသစ်ကို လက်ညှိုးထိုးပြ၍...

" ကျုပ် လက်တွေ့ သရုပ်ပြနိုင်တယ်... ဒါပေမဲ့ ဒီကောင်လေးက ကျုပ်နဲ့အတူ သရုပ်မပြချင်ဘူး ဖြစ်နေတယ်... "

ရှုချန်း၏ ဓားပမာ ထက်မြသော လက်ကြောင့် ဟူပင်း၏ ခြေထောက် ကျိုးကြေသွားခြင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသော တပ်သားသစ်ခမျာ ရှုချန်းကို မတိုက်ခိုက်နိုင်မှန်း သိ၍ ရှောင်ဖယ်ရန် အစွမ်းကုန် ငြင်းဆိုနေခြင်း ဖြစ်ပေသည်။

ရန်ရှန်း က ခပ်ပေါ့ပေါ့ ပြုံး၍...

" ကျုပ် လုပ်ပေးမှာပေါ့... အတူ သရုပ်ပြကြရအောင်လေ... "

" ခင်ဗျား သေချာလို့လား... "

ရန်ရှန်း ခေါင်းညိတ်၏။

" ဒီလှုပ်ရှားမှုတွေက လက်တွေ့ အသုံးဝင်တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား... ကျုပ်လည်း တချို့ ရုပ်ရှင်တွေအတွက် အခြေခံ တိုက်ခိုက်နည်းနဲ့ နပန်းနည်းစနစ် တချို့ သင်ဖူးတယ်... ကျုပ် ခင်ဗျားနဲ့ တွဲပြီး လက်တွေ့ ပြနိုင်ပါတယ်... "

သူ့ရည်ရွယ်ချက်မှာ ကင်မရာရှေ့တွင် ရှုချန်း အရှက်ကွဲအောင် အစွမ်းကုန် ကြိုးစားရန်ပင်။

နပန်းတွင် ဖြစ်စေ၊ လက်ဝှေ့တွင် ဖြစ်စေ နည်းစနစ်မှာ အရေးမကြီး။ ခိုင်မာသော ရည်ရွယ်ချက် တစ်ခု ရှိပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သရွေ့ ရှုံးနိမ့်မည် မဟုတ်ဟု ရန်ရှန်း မှတ်ယူထားသည်။

ရှေ့သို့ ရန်ရှန်း ထွက်လာပြီး ပရိုလက်ဝှေ့သမား တစ်ဦးကဲ့သို့ အကြောလျှော့လိုက်သည်။

ရှုချန်းက ရန်ရှန်း ၏ မန်နေဂျာဘက်သို့ လှည့်ကာ...

" ဒီလိုလုပ်လို့ ဖြစ်ပါ့မလား.... "

ရန်ရှန်း မန်နေဂျာမှာ ရန်ရှန်း အလိုကျဖြစ်ပြီး ရန်ရှန်း စိတ်ထဲမှ ရည်ရွယ်ချက်ကိုလည်း ကောင်းစွာသိ၏။ ထို့ကြောင့် သဘောမတူစရာ မရှိ၍ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှုချန်းက ဒါရိုက်တာကို ကြည့်ပြီး...

" ဒါ အဆင်ပြေပါ့မလား... ကျုပ် သူ့ကို ဒဏ်ရာ မရစေချင်ဘူး... သူက နာမည်ကြီး မင်းသား တစ်ယောက်လေ... သူ ထိခိုက်သွားရင် ကျုပ်တို့ စစ်ဒေသက လျော်ဖို့ ဘတ်ဂျက်မရှိဘူး.... "

ထို့ကြောင့် ဒါရိုက်တာ ရန်ရှန်း ဆီသို့ ရောက်လာပြီး...

" ဒီအပိုင်းကို မထည့်လို့ ရလား... တကယ်ဆို သရုပ်ပြဖို့အထိ မလိုပါဘူး... ကျုပ်တို့က စွမ်းဆောင်ရည် ပြချင်တဲ့ အနေနဲ့ လက်ဝှေ့လေ့ကျင့်တာကို ထည့်ထားတာပါ... "

ရန်ရှန်း က...

" ကျုပ် အဲ့လောက် သွေးမကြောင်ပါဘူး... အရင် ကွန်ဖူးရုပ်ရှင်တုန်းက မြင်းစီးတဲ့ အခန်းတွေဆို ဒီထက် အများကြီး ပိုကြမ်းတယ်... ရုပ်ရှင်ရိုက်ရင်း ဒဏ်ရာ ရတာ သာမန်ပါပဲ... အခုလည်း အေးဆေးပါ... "

ထို့ကြောင့် ဒါရိုက်တာလည်း ဆက် မပြောတော့ပဲ ရှုချန်းကို ကြည့်လိုက်၍...

" ဒါဆို ဆက်ရိုက်ကြတာပေါ့ဗျာ... "

အခန်း ၁၉၂ ပြီး

နတ်နဂါးစစ်သည်

အခန်း ၁၉၃

( ခင်ဗျား အံသြသွားမှာပါလို့ ပြောသားပဲ )

သူ့ဆီသို့ လျှောက်လာသော ရန်ရှန်း ကို ကြည့်ကာ အခြား နာမည်ကျော် ငါးဦးအတွက် နမူနာကောင်း တစ်ခု ဖြစ်အောင် ပြုလုပ်ပြမည်ဟု ရှုချန်း ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ဦးအား ရှုချန်း သင်ခန်းစာ ပေးတော့မည်ကို မြင်၍ မနက်ပိုင်း အပြေးလေ့ကျင့်နေသူ အားလုံး အရှိန်လျော့ကာ ကြည့်နေကြသည်။ အချို့ မနေနိုင်သူများက တစ်ယောက်နှင့် တစ်ယောက် တီးတိုး ပြောနေကြ၏။

" ဒီကောင် ဆေးရုံတတ်ရမယ်လို့ မင်းတို့ ထင်လား... "

" ပြောရခက်တယ်... ခေါင်းဆောင်ရှုက သူ့ရဲ့ အမြင့်ဆုံး စွမ်းရည်တွေကို ဟူပင်းနဲ့ စမ်းသပ်ပြီးနောက်ပိုင်းမှာ သူ့စွမ်းအားတွေကို ပိုပြီး ထိန်းချုပ်လာနိုင်တယ်... "

" ဒီကောင် ဆေးရုံတက်ရအောင် ရက်နည်းနည်းပေါ့.... "

" ဒီကောင် တကယ် ရဲတဲ့ကောင်ပဲ... ခေါင်းဆောင်ရှုနဲ့ ချရတယ်... ငါတို့ လေ့ကျင့်ရတဲ့ လက်ဝှေ့က တိုက်ကွမ်ဒို သင်တန်းတွေကလို သရုပ်ပြရုံ သက်သက် မဟုတ်တာကို ဒီကောင် မသိတာလား... "

" အရင်ဆုံး ကြည့်ကြတာပေါ့... သူတို့ နှစ်ယောက်က မြေပြင်မှာပဲ ချတာဆိုတော့ သိပ်တော့ အန္တရာယ် မဖြစ်လောက်ပါဘူး... ခေါင်းဆောင်ရှု သရုပ်ပြတဲ့အတိုင်း အလိုက်သင့်လေး လိုက်လုပ်ရင်တော့ အဆင်ပြေမှာပါ... ပြန်ပြီး မချသရွေ့တော့ ဒီကောင် ဆေးရုံမတက်ရဘူးဆိုတာ ငါ အာမခံတယ်... "

" မင်းသားတွေ အားလုံးက ငပျော့တွေဆို... ဒီ ရန်ရှန်း ကျ ဘယ်လောက် ယောက်ျားဆန်လဲ မင်းတို့ မြင်တယ်မလား... သူ့သတ္တိကို ငါတို့ ချီးကျူးရမယ်... "

ထို့ကြောင့် အနီးအနားရှိ စစ်သားများလည်း လက်ခုပ်တီး ချီးကျူးကြ၏။

ရုတ်တရက် ထွက်ပေါ်လာသော လက်ခုပ်သံကြောင့် လင်ချူရွယ်နှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားသည်။ လက်ခုပ်တီးသည့် အကြောင်းရင်းကို မသိပဲ ရန်ရှန်း က သူ့ ပရိတ်သတ်များက အားပေးခြင်း ဖြစ်ရမည်ဟု ထင်မိသွားသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာကာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်မည့် လူစွမ်းကောင်း တစ်ဦး၏ အမူအရာမျိုး ဖြစ်လာသည်။

သရုပ်ပြရန် ငြင်းဆန်ခဲ့သော တပ်သားသစ်လည်း ဤအမှုတွဲထဲ မပါလို၍ ဝေးဝေးသို့ ရှောင်ထွက်သွားလေပြီ...။

ထိုအချိန်တွင် ရန်ရှန်း မန်နေဂျာနားတွင် ရပ်နေသာ စစ်သားတစ်ဦးက...

" မစ္စတာ ရန်ရှန်း က အက်ရှင်မင်းသားပဲ မဟုတ်လား... "

မန်နေဂျာက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်သည်။

" သူ အရင်က အခြေခံ တချို့ သင်ဖူးတယ်လေ... လေထဲမှာ ဂျွမ်းထိုးတာမျိုးက သူ့အတွက် ထမင်းစား ရေသောက်ပဲ... နေ့တိုင်း လေ့ကျင့်ခန်းလုပ်တော့ အားလည်းကောင်းတယ်... ဒါပေမဲ့ သရုပ်ဆောင်ဖို့ လေ့ကျင့်တာပါပဲ... တကယ့် တိုက်ခိုက်မှုတော့ တစ်ခါမှ မလုပ်ဖူးဘူး... ဒါပေမဲ့... သူ့ အကြောင်း ကျုပ်သိတယ်... ခင်ဗျားတို့ နည်းပြက သူ့ကို မြေကြီးပေါ် လုံးဝ ပစ်လှဲနိုင်မှာ မဟုတ်ဘူး... "

စစ်သား ခေါင်းညိတ်လိုက်သည်။

" အရင် နှစ်ရက်လောက်က ကိစ္စ မဖြစ်ခဲ့ရင်တော့ ခင်ဗျား စကားကို ယုံမိမှာပဲ... "

မန်နေဂျာက အနည်းငယ် စပ်စုချင်သွား၍...

" အရင် နှစ်ရက်က ဘာဖြစ်သွားလို့လဲ... "

" ဒီ စစ်ဒေသမှာ လေထဲ ဂျွမ်းထိုးတဲ့သူ မပြောနဲ့ဦး... လေထဲမှာ ၇၂၀ ဒီဂရီ တိုက်ကွမ်ဒို ကန်ချက်နဲ့ သဲအိတ်ကို တစ်ချက်တည်း ခွဲနိုင်တဲ့သူ ရှိတယ်... သူက ဒီနှစ်ရဲ့ အားအကောင်းဆုံး တပ်သားသစ်လို့ သတ်မှတ်ခံထားရတယ်... သူ့ပုံစံက တကယ့်တိုက်ပွဲမှာတောင် အယောက် ၂၀ ကို သူတစ်ယောက်တည်းနဲ့ တိုက်ခိုက်နိုင်တဲ့ သူမျိုး.... "

မန်နေဂျာ အတော်လေး အံ့အားသင့်သွားသည်။

" စစ်တပ်ထဲမှာ အဲ့လိုလူတွေ ရှိတယ်လား... သူ့ပုံစံက ဘယ်လိုလဲ... ဖြစ်နိုင်ရင် ကျုပ်နဲ့ မိတ်ဆက်ပေးပါလား... သူ့ကို နာမည်ကြီး ကြယ်ပွင့် အက်ရှင်မင်းသား ဖြစ်အောင် ကျုပ် လုပ်ပေးနိုင်တယ်... ရုပ်ရှင်လောကမှာ တကယ် တိုက်ခိုက်နိုင်တဲ့ ကြယ်ပွင့် အက်ရှင်မင်းသားတွေ ရှားနေပြီ... သူ့လို လူမျိုးတွေက ကျုပ်တို့ လောကအတွက် တကယ့် ရှားပါး အရင်းအမြစ်ပဲ... "

" သူ တပ်တွင်း ဆေးရုံမှာ... အနည်းဆုံး တစ်ပတ်လောက်တော့ ဆေးရုံ တက်ရမယ်... "

" ဘာဖြစ်တာလဲ... "

စစ်သားက ရှုချန်းဘက်သို့ ညွှန်ပြလိုက်ပြီး...

" ခေါင်းဆောင်ရှုက အဲဒီကောင်ကို သုံးချက်ထဲနဲ့ အမှောက်သိပ်လိုက်တာပဲ... ကြယ်ပွင့် အက်ရှင်မင်းသား လိုချင်ရင် ခေါင်းဆောင်ရှုနဲ့ စကားပြောတာ ပိုအဆင်ပြေမယ်... ကျုပ်ပြောတာ ယုံစမ်းပါ... ခေါင်းဆောင်ရှုက နာမည်ကြီး အက်ရှင်မင်းသား ဖြစ်နိုင်တယ်... စတန့်ခန်းတွေမှာ လူစား မထိုးတာလည်း အာမခံနိုင်တယ်... ခက်ခက်ခဲခဲ အခန်းတွေအတွက်လည်း အထူးပြုလုပ်ချက်တွေ သုံးစရာ မလိုဘူး... တကယ် ကောင်းတဲ့သူနော်... ခင်ဗျားတို့ အသင့် တန်းရိုက်ရုံပဲ... "

ထို့နောက် စစ်သားက လေးနက်သော အသံဖြင့်...

" ဒီ စစ်ဒေသမှာ စစ်သား ဘယ်နှယောက်ရှိလဲ သိလား... သိန်း ၅၀ လောက် ရှိတယ်... အဲဒီထဲက အကောင်းဆုံး တိုက်ခိုက်ရေးသမား ၅,၀၀၀ ကို အထူးတပ်ဖွဲ့ ဖွဲ့ထားတယ်... အဲဒီ အထူးတပ်ဖွဲ့ထဲမှာ အခု ခင်ဗျားတို့ ရိုက်ကူးရေးမှာ နည်းပြလုပ်နေတဲ့ ခေါင်းဆောင်ရှုက အတော်ဆုံးပဲ... "

ရန်ရှန်း မန်နေဂျာ မျက်ခုံးလှုပ်သွားသည်။ သူ့စိတ်ထဲ၌ မကောင်းသည့် ခံစားချက်တို့ ခိုဝင်လာတော့သည်။

သို့သော် ယခုအချိန်တွင် ရှုချန်းမှာ ရန်ရှန်း အနီးတွင် ရပ်နေလေပြီ။ ရန်ရှန်း ၏ လက်ကောက်ဝတ်နှင့် လက်မောင်းကို ဆုပ်ကိုင်ပြီး အခြား နာမည်ကျော် ငါးဦးကို...

" ဒီတိုက်ကွက်က ခင်ဗျားတို့ လေ့ကျင့်ခဲ့တဲ့ အကွက်ပဲ... အထူးသဖြင့် မိန်းကလေးတွေ အန္တရာယ်ကြုံတဲ့အခါ ဘယ်လို အသုံးချမရမလဲဆိုတာ ကျုပ် ပြမယ်... ရုတ်တရက် အမှတ်မထင် လုပ်နိုင်ရင် အကောင်းဆုံးပဲ... ဥပမာ... လူဆိုးက မင်းကို လုဖို့ ကြိုးစားတဲ့အခါ သူ့ကို လက်ပေးသလို ဟန်ဆောင်လိုက်မယ်... ရန်ရှန်း ကို လုပ်သလိုမျိုးပေါ့... ပြီးရင် လူဆိုးရဲ့ လက်မောင်းကို ဖမ်းကိုင်ပြီး တခြား တစ်ဖက်က လက်ကောက်ဝတ်ကို ကိုင်လိုက်... နောက်ပြီး လူဆိုးရဲ့ ခြေထောက်ကို ကန်လိုက်... ဒါတွေက အားလုံးကို ပြိုင်တူ လုပ်ရမယ်... "

ရှုချန်း ပြောပြောဆိုဆိုဖြင့် ရန်ရှန်း ကို ပုခုံးပေါ်တင်ပြီး ပစ်ချပြရန် အသင့်ဖြစ်နေသော်လည်း ရန်ရှန်း က တောင့်ထားလေသည်။ သူ့ကို ရှုချန်း ပစ်မချနိုင်ရန် ကြိုးပမ်းနေသည်။ မူလက ရှုချန်းလည်း အားများစွာ သုံးရန် အစီအစဉ် မရှိချေ။ သို့သော် ယခုအချိန်တွင် ရန်ရှန်း မှာ သူနှင့် အတူ ပူးပေါင်းသရုပ်ပြရန် ဆန္ဒမရှိကြောင်း သိလိုက်သည်။

ရှုချန်း ကိုင်ပေါက်ပြရန် ကြိုးစားသော်လည်း မအောင်မြင်သည့် အတွက် ကြည့်ရှုနေသူများ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

ကောဟို က ရယ်မောနေလေပြီ။ ကင်မရာ ရိုက်ကူးနေချိန်ဖြစ်၍ အောင်မြင်စွာ သရုပ်မပြနိုင်ပါက ရှုချန်း အရှက်ရမည်မှာ အသေအချာပင်။

ကျိုးကျိဟို လည်း ရယ်မောလုမတတ် ဖြစ်နေသည်။ မရယ်မိအောင် နှုတ်ခမ်းကို အတင်း ဖိကိုက်ထားရသည်။ လော့ကျိချီး နှင့် ကျောက်ယာကျင်း တို့မှာလည်း ရှုချန်း ပစ်ချပြနိုင်မည်ဟု ထင်ထားသော်လည်း ရန်ရှန်း က တောင့်ထား၍ ထင်သလို ဖြစ်မလာချေ။

ရန်ရှန်း မန်နေဂျာမှာ စိတ်ပူသွားသော်လည်း နောက်ဆုံးတွင် ရှုချန်း ကိုင်ပေါက်မပြနိုင်သည်ကို မြင်၍ သက်ပြင်းမော ချလိုက်၏။ ထို့နောက် သူနှင့် စကားပြောခဲ့သော စစ်သားကို...

" ဘာမှ လုပ်မပြရသေးပဲ ကြိုပြီး မကြွားပါနဲ့ကွာ... "

စစ်သားက အပြုံးနှင့်သာ တုံ့ပြန်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ လင်ချူရွယ်လည်း ရှုချန်းအတွက် အနည်းငယ် ရှက်မိသွားသည်။ ထို့ကြောင့် အခြေအနေ အပြောင်းအလဲ ဖြစ်စေရန် တစ်စုံတစ်ခု ဝင်ပြောမည် အလုပ်တွင် ရှုချန်းက...

" ကျုပ် စောစောက ပြောခဲ့သလိုပဲ... ပြိုင်ဘက်က ကြိုမသိဘူးဆိုရင် အဆင်ပြေတယ်... အခု ရန်ရှန်း က ဒီလို လုပ်မှာ ကြိုသိထားတော့ သူ့အနေနဲ့ ပြင်ဆင်ထားချိန် ရတယ်... လူဆိုး ရှုထောင့်ကနေ ကြည့်ရင်လည်း သူ့ကိုယ်သူ မထိခိုက်အောင် ခုလို လုပ်တာ မှန်တာပဲ... တကယ်တော့ ရန်ရှန်း ရော ခင်ဗျားတို့ကို တိုက်ခိုက်မယ့် လူဆိုးရော ကိုယ်ခံပညာ တတ်ထားတဲ့ သူပဲ... ဒါကြောင့် အားသုံးပြီး ကိုင်ပေါက်မှ ရမယ်... မဟုတ်ရင် အခုလိုမျိုး ဖြစ်သွားမယ်... "

ထို့နောက် ရှုချန်း အားထည့်ပြီး ရန်ရှန်း ၏ ခန္ဓာကိုယ်အား ပုခုံးပေါ်မှ တဆင့် ပစ်ချလိုက်၏။ ထိုအခိုက်တွင် ရန်ရှန်း မှာ သူ့အား ကုလားအုပ် အကောင် ၁၀,၀၀၀ ခန့်က ဆွဲခေါ်သွားသကဲ့သို့ ခံစားရပြီး မျက်လုံးများ ပြူးကျယ်သွား၏။

ကြည့်ရှုနေသူများရော ကင်မရာများ ရှေ့၌ပါ ရန်ရှန်း မှာ ဘေ့စ်ဘောတုတ်နှင့် ရိုက်ခံရသော ဘောလုံးအလား လွင့်ထွက်သွားလေသည်။ အားလုံးမှာ အံ့ဩတကြီး မှင်သက် ကြည့်နေကြ၏။

အား...

၁၀ မီတာခန့် အကွာရှိ မြက်ခင်းပြင်ပေါ်သို့ ရန်ရှန်း ပြန်ကျသွားသည်။ အားလုံးမှာ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မကြည့်လို၍ မျက်လုံးများ အလိုလို မှိတ်ထားမိသည်။

အားလုံးမှာ မျက်လုံးများ ပြန်ဖွင့်၍ ထို လွင့်ထွက်သူမှာ ရန်ရှန်း မှန်း သေချာအောင် ကြည့်လိုက်ပြီး သနားမိသွားကြသည်။ အားလုံး ဘာမှ ပြန်မပြောခင်မှာပင် ရှုချန်းက...

" လူဆိုးကို ဒီလိုမျိုး ကိုင်ပေါက်ပြီးတဲ့အခါ ခင်ဗျားဟာ အသာစီး ရသွားတဲ့အတွက် သူ့နောက်ကို အခုလိုမျိုး လိုက်ရမယ်... "

ရှုချန်းက ပြောပြောဆိုဆိုဖြင့် ရန်ရှန်း အနားသို့ ပြေးသွားပြီး " ယား... " ဟု အော်ကာ သူ့အပေါ် ရုတ်တရပ် ဖိချလိုက်သည်။

ရန်ရှန်း ၏ သနားစဖွယ် အော်ငြီးသံမှာ အဝေးသို့ ပျံ့နှံ့ ထွက်ပေါ်လာသည်။

ကောဟို ခမျာ တံတွေးမျိုချပြီး...

" မင်းနဲ့အတူ ရှုချန်းကို ဖိအားပေးမလို့ပဲ... ဒါပေမဲ့ အခုတော့ မင်းလုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး... "

အခန်း ၁၉၃ ပြီး

Continue Reading

You'll Also Like

5K 160 12
Rape. Period. This one word is enough to bring rage, sympathy, shame, disgust all at once. I once read the scribble on the internet 'He raped her on...
8.5K 380 21
ကျောက်ယွမ်သည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုသို့ ကူးပြောင်းခံလိုက်ရပြီး နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်နှင့် ပေါင်းစည်းခံရလိုက်ရသည်။ သူသည် မည်သည့်ကိစ္စပဲ လုပ်ချင်ပ...
2.9K 272 35
အင်မော်တယ် တာအို ဆိုသည်မှာ ထာဝရ တည်ရှိသော်လည်း အင်မော်တယ် များအား ရှာရအလွန်ခက်ခဲပေသည်။ လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြေ...
306K 4.6K 59
Harley James lived on the Ark, put in jail for stealing mechanical parts. Harley's 18th birthday was coming up and she knew what that meant. She had...