Unicode...
Dark ( or ) မုဆိုးဖို
Part-13
သူမလေး မဟာ လက်ဖဝါးနုနုလေးအားကိုင်ကာ
ပြုံးရင်းရင်ထဲကစကားသံက
( ရှင်သိပ်ကိုသနားစရာကောင်းတာဘဲ
ဦးနေဝန်းမဟာ...)
အိမ်သို့လေပြေကိုပြန်ပို့ပြီး Company သို့
ထွက်လာလေသည်...ဖုန်းအသံက
( ဒူးးးးဒူးးးးဒူး )
" ဟယ်လို ဒေဝီပြောပါ..."
" မဟာ... အန်တီသိပ်ရက်စက်တာဘဲ..."
" ဘာကိုလဲ ဒေဝီ..."
" အန်တီကကွာ ငါ့ကိုမနက်က မောင်းထုတ်တယ်
နင်အိမ်မှာငါနေတာမကြိုက်လို့နေမယ်..."
" မဆိုင်တာ နင်က ငါ့သူငယ်ချင်းအရင်းကြီးဘဲ
ဘာမှစိတ်ညစ်မနေနဲ့...လာနေ...Ok လား..."
" နင်တကယ်ပြောတာနော..."
" အင်း ဒါဘဲနော ငါ Company သွားနေလို့..."
" Ok မဟာ..."
မဟာသည် Wallpaper တွင်တင်ထားသည့်လေပြေ၏ပုံလေးကိုကြည့်ပြီးပျော်နေမိသည်...
လေပြေသည်...ဒေါ်ကြွယ်ကိုချက်ပြုတ်ပေးရင်း
" ကြီးကြွယ်...ဒီနေ့ဘာချက်မလဲ..."
" တုန့်ရမ်းဟင်းချိုနဲ့ ငါးသလောက်ပေါင်းမယ်..."
" ဦးက ကြိုက်တာလား..."
" အင်း...သခင်လေးကအရမ်းကြိုက်တာသမီးရဲ့"
ထိုအချိန် လက်ပံ ဝင်လာခဲ့သည်...
" နှင်းမြ...နင်သိလား..."
" ဘာကိုလဲ လက်ပံ ရဲ့"
" အခုခေတ်မိန်းမတစ်ချို့က သူဌေးတွေကိုဆို
သိပ်ပြီးတွယ်ကပ်တာဟဲ့...အသားနာရင်တောင်
တွယ်ကပ်တဲ့အမျိုးပေါ့..."
" ဟယ်တကယ်ကြီးလား... အံ့သြပါတယ်အရှက်ကိုမရှိဘူးဟယ်..."
" တကယ်ကိုရှိတာနှင်းမြရဲ့...ရွံဖို့လဲအရမ်းကောင်းတာ"
လက်ပံတို့နှစ်ယောက်ပြောသည့်စကားကို လေပြေသည် ပြုံးပြီး ကြည့်နေမိသည်...
အကြောင်းရင်းက သူမကဦးကို မြူစွယ်ခဲ့သည်မဟုတ်တာကြောင့်ပင်...
တစ်ဖက်တွင် အောင်ဗလသည်...အအေးဆိုင်တွင် ထိပ်ထားဦး ကိုထိုင်စောင့်နေသည်...
" ကိုအောင်..."
" ဪထိပ်ထား...လာထိုင်လေး..."
" ကိုအောင်စောင့်နေတာကြာပြီးလား..."
" အင်းပေါ့...ထိပ်ထားက ကို့ကိုမချစ်တော့
ဒီအတိုင်းထိုင်စောင့်ရတာပေါ့..."
ထိပ်ထားသည်ပြုံးလိုက်ပြီး...
" ဘယ်သူက မချစ်ဘူးလို့ပြောလို့လဲ..."
" တကယ်နော...ဒါဆို ထိပ်ထားက ကို့ကိုချစ်
တယ်ပေါ့ဟုတ်လား..."
" အင်း..."
" အဲ့လိုကြီးမဖြေနဲ့ကွာနော...ပါးစပ်ကနေဖြေပေး"
" ချစ်တယ်...ချစ်တယ်ချစ်တယ် ရပြီးလား..."
" ဟာကွားအသည်းတွေယားလာပြီး...
ကဲပြော ဒီနေ့ဘယ်သွားမလဲ ချစ်လေး"
" ထားShopping ထွက်ချင်တယ်..."
" Ok ဖြစ်စေရမယ်..ကဲလာ..."
" တကယ်လိုက်ပို့ပေးမှာလား..."
" အင်းပေါ့...ချစ်လေး လိုချင်တာ ဒီကိုကိုက
အကုန်ဝယ်ပေးမယ်ကွာ..."
" ဟားတကယ်အလိုလိုက်တာလား...ဟီးးးဟီးးး
တကယ်ချစ်နေပြီးနော..."
" ဟုတ်ပါပြီးကွာ နေတောင်မြင့်
တော့မယ်...သွားရအောင်"
အောင်ဗလသည် ထိပ်ထားဦး လိုချင်တာမှန်သမျှအကုန်ဝယ်ပေးလေသည် သူ၏ရည်ရွယ်ချက်ကရိုးရှင်းပါသည်...
ထိပ်ထားဦး၏ အပျိုစင်ဘဝကို လိုချင်တာကြောင့်ဖြစ်သည်...နှစ်ယောက်သားအတူတူစျေးဝယ်လိုက်ဗိုက်ဖြည့်လိုက်နှင့်သာယာလို့နေသည်
တစ်ဖက်တွင် ဒေါ်မေခင်ဦး သည်...
" တောက်...ကုလားဖဲတက်ရင် ပြီးနေပြီးကို...
အခု တူး သရီး ဖိုက် တဲ့..."
" ဒေါ်မေခင်ဦး... ခင်များအကြွေးတွေကများနေပြီးနော..."
" ငါပြန်ပေးပါ့မယ်...အခုတော်မရှိသေးလို့ခဏလောက်တော့စောင်ဦး..."
" ခင်များတော်တော်များနေပြီးနော...ယူထားတဲ့အကြွေးတွေက ၁၀သိန်းရှိနေပြီးအခုထိမပေးသေးဘူး..."
" ဟဲ့ ပြန်ပေးရင်ပြီးရောမဟုတ်လား...ဘာတွေလေကြောလာရှည်နေတာလဲဟမ်း..."
" အချိန်တစ်ပတ်ဘဲ ပေးမယ်...မရရင် ခင်များအိမ်ကိုသိမ်းမယ်..."
" အေတစ်ပတ်အတွင်းငါပေးမယ်အခုနင့်ပါးစပ်ပိတ်ပြီးပြန်တော့ ရှုံးနေရတဲ့အထဲ လာပြီးပြောနေသေးတယ်..."
မဟာသည် Company သို့ရောက်သော်...
စျာန်သည်...မဟာ၏အနားကပ်ကာတိုးတိုးလေး
ပြောလေသည်
" Boss မနက်ဖြန် ပစ္စည်းခြင်းလဲဖို့ရှိတယ်..."
" ဘယ်မြို့မှာလဲ..."
"နယ်ကမကျော်ရပါဘူး...မြို့အစွန်နားလောက်မှာဘဲ..."
" ကောင်းပြီး ဘယ်အချိန်သွားရမှာလဲ..."
" သူတို့ဘက်ကတော့အချိန်မရွေးပါတဲ့..."
" Ok...မနက်ဖြန်ညနေပိုင်းလောက်ချိန်းထားလိုက်"
" ဟုတ်ကဲ့ Boss..."
စျာန်ထွက်သွားပြီး မဟာသည် ဘောပင်အားလှည့်ပြီးအတွေးတို့က...
" မနက်က မာမီနဲ့အတူရှိနေတဲ့လူက ဘယ်သူပါလိမ့်..."
တစ်ဖက်တွင်..ဒေါ်ဧကရီသည်...
" အစ်ကို နေရတာအဆင်ပြေလား..."
" ပြေပါတယ်ညီမလေးရယ်..."
" ယောင်းမက ဆုံးသွားတာ ဘယ်နှစ်နှစ်လောက်ရှိပြီးလဲ..."
" သုံးနှစ်လောက်ရှိရောပေါ့..."
" အစ်ကိုရယ်...အစ်ကို့ပုံလဲ ပြန်ကြည့်ပါဦး...
သုံးနှစ်မှာ အစ်ကို့ပုံက ပိန်ချုံးနေပြီး..."
" ညီမလေးရယ်...အစ်ကိုမှ သူမကိုမေ့မရသေး
တာ..."
" ဟူး...ဟုတ်ပါပြီး... အခုအစ်ကိုကဘယ်မှာနေနေတာလဲ..."
" အခုက ကြုံရင်ကြုံသလိုဘဲ..."
"ဒါဆို ညီမလေးအိမ်လာနေလေး..."
" မဟုတ်တာညီမလေးရယ်...ဒုက္ခများနေမယ်"
" ရပါတယ်...အစ်ကို ညီမလေးရဲ့အစ်ကိုပါဘဲ...
လိုက်ခဲ့ပါ..."
" အင်းပါ..."
လေပြေသည်...အိမ်တံမြတ်စည်းအားလှည်းနေလေသည်....
" သမီး...ကြီးကြွယ်ကို သွေးတိုးကျဆေးသွားဝယ်ပေးပါလား..."
" ဟုတ်ကြီးကြွယ်...ဒီတစ်ပြင်လှည်းပြီးရင်သမီး
သွားဝယ်ပေးမယ်နော..."
" အေးပါ..."
သူမ တံမြတ်စည်းလှည်း ပြီး ဒေါ်ကြွယ်အတွက်ဆေးသွားဝယ်ပေးလေသည်...
" ဦးလေး...သွေးကျဆေးတစ်ထုပ်လောက်ပေးပါ..."
" Ok...ခဏလေး... ကဲရော့...ရပါပြီး..."
" ဘယ်လောက်လဲ..."
" တစ်ထုပ်ငါးရာပါ..."
" ဟုတ်ကဲ့..."
သူမဆေးဝယ်ပြီးပြန်လာလမ်းတွင်ဝဏ္ဏသည်...
" လေပြေ..."
" ဪကိုဝဏ္ဏ ပါလား..."
" လေပြေနေရတာအဆင်ပြေလား..."
" ပြေပါတယ်...အချိန်နောက်ကျနေပြီးလေပြေ့ကိုခွင့်ပြုပါဦးနော..."
" လေပြေ...လေပြေစိတ်သောကရောက်နေတာကိုသိတယ်...အဲ့ဒီအိမ်မှာမနေပါနဲ့တော့နော...ကို့
နောက်လိုက်ခဲ့ပါ..."
" ဒီမှာကိုဝဏ္ဏ...လေပြေကိုအထင်သေးတဲ့စကားလုံးတွေမပြောရင်ကောင်းမယ်...အဲ့ဒီအိအ်ကိုအရမ်းခင်တွယ်တယ်လို့ထင်ရင်ထင်နိုင်တယ်.."
" ဘာလဲ လေပြေက အဲ့ဒီဦးနေဝန်းမဟာကိုချစ်နေတာလား..."
" ဟုတ်တယ်...ချစ်တယ် ဒါပေမဲ့
ကျွန်မ သူ့ကို ကြေကွဲစေချင်တယ်....
ဒါကြောင့်ကျမဇာတ်လမ်းထဲ ဝင်မပါစေပါနဲ့..."
" ကို လေပြေ့ကိုတကယ်ချစ်တာပါ..."
" ကိုဝဏ္ဏ...ရပ်လိုက်ပါ...လေပြေတို့ကမဖြစ်နိုင်
ပါဘူး..."
" ဘာဖြစ်လဲ လေပြေက အပျိုမဟုတ်လဲ ကိုလက်ခံနိုင်တယ်.. "
" တော်ပါတော့ လေပြေကိုဖိအားတွေမပေးပါနဲ့
လေပြေ ပြန်တော့မယ်..."
" ခဏလေးပါ...ခဏလေးဘဲ ကို့ကိုဖက်ခွင့်ပေးပါကွာနော..."
လေပြေသည်...ဝဏ္ဏတောင်းဆိုနေသည့်အရာကိုသူမခေါင်းညှိတ်လိုက်လေသည်...ဝဏ္ဏသည်သူမလေးအားဖက်လ်ုက်ပြီး မျက်ရည်များကလေပြေမသိအောင်ခိုးကျနေမိသည်...နှစ်ဦးသားဖက်နေသည်ကို မဟာသည်ဒေါသထွက်စွာနှင့်
အဝေးက ကြည့်နေသည်...
" တောက်...! လေပြေညှင်း...မင်းတို့သိပ်သာယာ
နေတယ်မဟုတ်လား..."
Next ~~~♥
Author- Dïvęl 🖤🖤
အလုပ်တွေသိပ်မအားလို့မတင်ဖြစ်တာနားလည်ပေးပါ...
တိုသွားလို့တောင်းပန်ပါတယ်
စာဖတ်သူများကို အစဥ် လေးစားလျှက်
Zawgyi...
Dark ( or ) မုဆိုးဖို
Part-13
ဦးနေဝန်းမဟာ...)
( ဒူးးးးဒူးးးးဒူး )
" ဟယ်လို ဒေဝီပြောပါ..."
" ဘာကိုလဲ ဒေဝီ..."
" နင်တကယ်ပြောတာနော..."
" Ok မဟာ..."
" ဦးက ကြိုက်တာလား..."
" နှင်းမြ...နင်သိလား..."
" ဘာကိုလဲ လက်ပံ ရဲ့"
" ကိုအောင်..."
" ဪထိပ်ထား...လာထိုင်လေး..."
တယ်ပေါ့ဟုတ်လား..."
" အင်း..."
" Ok ဖြစ်စေရမယ်..ကဲလာ..."
အကုန်ဝယ်ပေးမယ်ကွာ..."
တကယ်ချစ်နေပြီးနော..."
တော့မယ်...သွားရအောင်"
ထိပ်ထားဦး၏ အပျိုစင်ဘဝကို လိုချင်တာကြောင့်ဖြစ်သည်...နှစ်ယောက်သားအတူတူဈေးဝယ်လိုက်ဗိုက်ဖြည့်လိုက်နှင့်သာယာလို့နေသည်
အခု တူး သရီး ဖိုက် တဲ့..."
ဈာန်သည်...မဟာ၏အနားကပ်ကာတိုးတိုးလေး
ပြောလေသည်
" ဘယ်မြို့မှာလဲ..."
" ဟုတ်ကဲ့ Boss..."
ဈာန်ထွက်သွားပြီး မဟာသည် ဘောပင်အားလှည့်ပြီးအတွေးတို့က...
" ပြေပါတယ်ညီမလေးရယ်..."
တာ..."
လိုက်ခဲ့ပါ..."
" အင်းပါ..."
သွားဝယ်ပေးမယ်နော..."
" အေးပါ..."
" ဘယ်လောက်လဲ..."
" တစ်ထုပ်ငါးရာပါ..."
" ဟုတ်ကဲ့..."
" လေပြေ..."
" ဪကိုဝဏ္ဏ ပါလား..."
နောက်လိုက်ခဲ့ပါ..."
ပါဘူး..."
လေပြေ ပြန်တော့မယ်..."
အဝေးက ကြည့်နေသည်...
နေတယ်မဟုတ်လား..."
Next ~~~♥
Author- Dïvęl 🖤🖤