Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

18.9K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26🔞
27
28
29
30
31
32
33
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

19

286 20 0
By Sue_Hun_Ni

Unicode

"ဆရာလေး ရှာလိုက်ရတာ၊ဘယ်ရောက်နေသတုန်း "

နောက်ဖေးတွင် နှိုင်းနှင့်စကားပြောခဲ့တာ အချိန်တော်တော်ယူခဲ့မိသည်ထင်ပါ၏။ဘယ်ချိန်ကတည်းက မိုးကိုလိုက်ရှာလည်း မသိသည့်သူကြီးက မိုးကိုမြင်ခါမှ သက်ပြင်းချနိုင်သည်။

"နောက်ဖေး ခဏသွားနေတာပါ သူကြီး "

"အဲ့သလိုလား...ဒီလိုပါ ဘကြီးက ဆရာလေး စောစောပြန်သွားမှာစိုးရိမ်နေတာ၊ကျန်တာ ဘာမှထွေထွေထူးထူးတော့ မရှိပါဘူးကွယ်...။ဆရာလေး ဒီမှာ ညအထိအေးဆေးနေရမယ်နော် "

"စိတ်ချပါသူကြီး ကျွန်တော်နေမှာပါ "

နှိုင်းရဲ့အနီးအနားကနေ မိုးကိုသူကြီး ဆွဲထုတ်လာတာကိုဘဲ မိုးကျေးဇူးတင်နေမိပါတော့သည်။မဟုတ်လျှင် မိုးတစ်ယောက်တော့ နှိုင်းရဲ့ကျောချမ်းစရာကောင်းလောက်သော အငွေ့အသက်အောက် အသက်ပျောက်နေလောက်ပြီဖြစ်၏။နောက်လှည့်မကြည့်ရပေမဲ့လည်း မိုးအပေါ် နှိုင်းအကြည့်မလွဲသေးမှန်း စိတ်ထဲမှ ခံစားနေရသေးသည်။

သူကြီးကို ကတိပေးထားသည့်အတိုင်း မိုးတို့ မှောင်ရီပျိုးသည်အထိ သူကြီးအိမ်မှာဘဲ ရှိနေခဲ့​​ကြသည်။မိုးတစ်ယောက်တည်းတော့မဟုတ် ရွာထဲမှအပျိုလူပျိုအချို့နှင့်နှိုင်းလည်းအပါအဝင်ဖြစ်၏။

"သူကြီးကတော့ဗျာ ကျွန်တော်တို့ကိုခေါ်ထားပြီး သူကိုယ်တိုင်ကျ အစောကြီး အိပ်ယာဝင်နေပြီ "

"သြော်...ရှင်ကလည်း ဟိုကလူကြီးဘဲ စောစောအိပ်ယာဝင်ခြင်မှာပေါ့ "

"ဖေကြီးကအိပ်ယာဝင်သွားပေမဲ့ နှင်းနဲ့ဖြူလေး​တို့ ဆက်ပြီးဧည့်ခံပေးပါ့မယ် ကိုကြီးစိုးရယ် "

သူကြီးမှာ သမီးနှစ်ယောက်ရှိ၏။အကြီးတစ်ယောက်ကတော့ နှိုင်းနှင့်ဖြစ်ခဲ့ဖူးသည့်နှင်းပွင့်ယမူံဖြစ်ပြီး အငယ်တစ်ယောက်မှာတော့ ဖြူစင်မွှေးဖြစ်သည်။နှစ်ဦးလုံးက ညိုညိုညပ်ညပ်လေးနှင့်လှလွန်းတာကြောင့် ကာလသားတစ်ချို့ ယခုချိန်ထိသူကြီးအိမ်မှာ ရှိနေရခြင်း အကြောင်းရင်းတစ်ခုဖြစ်ပါပေလိမ့်မည်။

"ဆရာအဘိဓာန်မိုး လက်ဖက်လေး ဖြူလေးကိုယ်တိုင်သုပ်ထားတာ သုံး​ဆောင်ပါအုံးနော် "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

မိုးအတွက်ကတော့ ဒါဧည့်ဝတ်ကျေသဘောရိုးဆိုပေမဲ့ ကာလသားများမိုးအပေါ်ကြည့်နေသည့်အကြည့်များကတော့ သူတို့ချိန်နေသည့်ငှက်တစ်ကောင် မိုးပေါ်သို့လာနားတာကြောင့် စိတ်ပျက်သွားသကဲ့သို့ရှိနေကြသည်။မိုးလည်း ထိုမြင်ကွင်းကြောင့် ကလေးမလေးလာပေးသည့် လက်ဖက်သုပ်ပန်းကန်ကိုမထိရဲဘဲတောင်ရှိပါတော့၏။

လုပ်စရာမရှိလို့ ဘေးဘီကိုတစ်ချက်ဝှေ့ကြည့်တုန်း နှိုင်းအနားမှာ အပျိုလေးများဝိုင်းနေတာကို မြင်ခဲ့ရသည်။မနှင်းကိုတိတ်တိတ်လေး အကဲခတ်ကြည့်တော့ သူမက နူတ်ခမ်းကိုဖိကိုက်ထားရင်းရုပ်ပျက်နေတာ ဟန်မဆောင်နိုင်ဘဲရှိနေ၏။နှိုင်း၏ မျက်နှာပြောင်တိုက်လွန်းနိုင်သည့် အကျင့်ကို မိုး မအံ့သြနိုင်ဘဲရှိပါတော့သည်။သူမို့ မကြောက်မလန့် ဒီမှာ ဆက်နေနိုင်သေးသည်။

"စကားဝိုင်းလေး ပိုပြီးတက်တက်ကြွကြွဖြစ်သွားအောင် ငါတို့ ကြားဖူးကြတဲ့သရဲအကြောင်းလေးတွေမျှဝေကြမလား "

အထွန်း ကြေညာချက်ကို မိုးတစ်ယောက်တည်းကလွဲ ကျန်သည့်လူအကုန်လုံးက ခေါင်းညိတ်ပြီး ထောက်ခံကြ၏။မိုးက ငယ်ငယ်လေးတည်းက သရဲဆိုအသံကြားရုံနဲ့ကြောက်တတ်သူမို့ ညပိုင်းကြီး သရဲအ​ကြောင်းပြောတာကို သိပ်လက်မခံချင်။

"အထွန်းအရင်စပြောပြမယ် "

အများနဲ့တစ်ယောက် ဘယ်နိုင်မည်နည်း။အထွန်းက မိုးမကြိုက်တာကို မသိတာလားမသိ မိုးဘေးမှာထိုင်ပြီး သရဲအကြောင်းအားရပါးရပြောဖို့ပြင်သည်။အထွန်းဆီက ဇာတ်လမ်းအကြောင်း မကြားရသေး မိုးကြိုတင် တံထွေးများမျိုချထားမိပါတော့၏။

"ဒီကိစ္စက ဖြစ်ရပ်မှန်ဗျ၊ကျွန်တော့်ရဲ့ ဘကြီးပြန်ပြောပြထားတာ ဇာတ်လမ်းကဒီလို...ဟိုးအရင်တုန်းက ရွာထဲမှာ ငှက်ပျောပင်သရဲတစ်ကောင်ရှိတယ် သူကအရင်ကငှက်ပျောခြံထဲမှာ ငှက်ပျောခုတ်နေရင်း လက်ချှော်ပြီး ကိုယ့်ခေါင်းကိုပုဆိန်နဲ့ပြန်ခုတ်မိသတဲ့ဗျာ...အဲ့မှာ သူက သူသေတာကိုမသိဘဲ ညညဆို ငှက်ပျောခြံထဲမှာ ငှက်ပျောပင်တွေလာလာခုတ်နေတာတဲ့ တခါတလေဆို သူ့လည်ပင်းတစ်ဝက်ပြတ်နဲ့ ပုခုံးမှာ ငှက်ပျော်ဖူးကြီးထမ်းပြီး ရွာထဲလျှောက်သွားနေတတ်တာ အခုထိမကျွတ်လွှတ်သေးဘူးတဲ့နော် အပျိုလေးတွေ အိမ်ပြန်ရင် သတိထားပြန်ကြ၊မပြန်ရဲရင် ဟော်ဒီအထွန်းကိုအဖော်ခေါ်လို့ရတယ် "

လူတိုင်း ဇာတ်လမ်းအစမှစအထွန်းပြောပြသည့်ပုံပြင်ကို အသေအချာနားထောင်နေခဲ့ကြပေမဲ့ နောက်ဆုံးပြောလိုက်သည့် စကားနားလည်းရောက်ရော 'ဟာ၊ဟင်'ဖြင့် ပျက်ရယ်ပြုကြပါတော့သည်။ထိုထဲတွင် မိုးတော့မပါခဲ့။ပြောခဲ့တယ်မလား မိုးက သရဲဆို အသံကြားရုံနဲ့ကြောက်တယ်လို့ အခုတော့ အထွန်းကျေးဇူးကြောင့် မျက်လုံးထဲကွက်ကွက်ကွင်းကွင်းကိုမြင်လာပြီး ခေါင်းထဲထုတ်မရအောင်ကြောက်နေရပြီ။

ညခုနှစ်နာရီ ဝန်းကျင်တွင် မိုးတို့သူကြီးအိမ်မှ ထွက်လာခဲ့ကြတော့သည်။ရွာထဲကလူတွေအတွက် အိမ်ပြန်ရတာကမခက်ခဲပေမဲ့ ရွာနဲ့အဝေးမှာရှိသည့်အဆောင်သို့ပြန်ရမည့် မိုးတို့အတွက်တော့ ညအချိန်ပြန်ရတာကခက်ခဲတာမို့ မနှင်းက မိုးတို့ကိုဒီမှာဘဲ အိပ်ဖို့ပြောပေမဲ့ အပျိုလေးတွေရှိတဲ့အိမ်မှာ အိပ်ရန်မသင့်တာကြောင့် မိုး အဆောင်ပြန်ဖို့ဘဲပြောခဲ့ရသည်။

ဆိုင်ကယ်ရှိတဲ့နှိုင်းက မိုးကိုတောင်မစောင့်ဘဲ ပြန်နှင့်ခဲ့တာကြောင့် မိုးမှာ ကာလသားတစ်ချို့ကိုအကူအညီတောင်းပြီး လိုက်ပို့ခိုင်းရသည်။

"ဆရာ ဒီထိဆိုအဆင်ပြေလားဗျ "

"ဟုတ် ရပါတယ်ဗျ "

အဆောင်ရောက်ဖို့လိုသေးပေမဲ့ ကာလသားများက အခုလိုပြောလာတော့ မိုးမှာ အားနာနာနှင့် သဘောတူခဲ့ရသည်။

တစ်ဖက်ကလယ်ကွင်းပြင်ကြီးနှင့်ကျန်တစ်ဖက်က ချုံပုတ်ကြီးများဖြင့်ထူပိတ်နေသော လမ်းမကြီးအလယ်မှာ ညအမှောင်ထဲ တစ်ယောက်တည်းလမ်းလျှောက်ရဖို့က တော်ရုံသတ္တိရှိသည့်သူမှသာ အဆင်ပြေနိုင်မည်။အမှောင်သေးသေးလေးတောင် ကြောက်တတ်သည့် မိုးအတွက် ဒါက စိန်ခေါ်မူ့ကြီးတစ်ခုလိုပင်။နောက်ပြန်လှည့်ဖို့ကလည်း နောက်ကျသွားလေပြီဖြစ်၏။ကာလသားများကလည်း မိုးသဘောတူပြီးသည်နှင့် ထွက်သွားခဲ့ကြသည်မှာ အိမ်တောင်ပြန်ရောက်နေလောက်ပြီ ထင်သည်။

"လုပ်နိုင်ပါတယ်မိုး နည်းနည်းလေးဘဲဆက်သွားရုံဘဲ "

ပါးစပ်ကသာ လုပ်နိုင်တယ်ပြောနေပေမဲ့ခြေ လက်တွေမှာတော့ တုတ်တုတ်တောင်မလုပ်နိုင်ဘဲ မျက်လုံးမှိတ်..တောင့်တောင့်ကြီး ရပ်နေမိသည်က အချိန်တစ်ခုလောက်ထိပင် ရှိနေခဲ့ပြီဖြစ်သည်။နားထဲမှာ ကြားနေရသည့် လေတိုးသံနှင့်သစ်ရွက်ခြောက်သံက မိုးရဲ့စိတ်ကို အထွန်းပြောပြသည့် သရဲများဖြစ်နေမလားဆိုသည့်အတွေးက ခြောက်လန့်နေသည်။

လေတိုက်သံကျယ်လေ မိုးနှလုံးခုန်သံက ပိုမြန်လာလေပင်။ထို အချိန်တွင် မိုး၏ပုခုံးထက်သို့ တစ်စုံတစ်ခုကျရောက်လာတာကြောင့် မိုး အသည်းများခိုက်ခိုက်တုန်သည်အထိ ကျောချမ်းသွားကာ အသံပင်မထွက်နိုင်တော့ဘဲ...

"သ...သ...."

"ဘာတွေတုန်နေတာလဲ "

အသံနက်ကြီးက မိုးကိုခဏတုန်လူပ်စေပေမဲ့ ဒီအသံကို မိုးမရင်းနီးဘဲ မရှိတာကြောင့် အခုမှသာ မိုးသက်ပြင်းချနိုင်တော့ပါ၏။

"နှိုင်း မင်းမလား "

နောက်လှည့်မကြည့်ဘဲနဲ့တောင် မိုးသေချာပေါက်ပြောနိုင်၏။ဒီလိုသြဇာရှိသည့်အသံသြသြပိုင်ရှင်က နှိုင်းတစ်ယောက်တည်းမှာသာရှိကြောင်း မိုးသိသည်။ဒါနဲ့ အသံကနည်းနည်းတော့ အက်နေသည်။

"......."

"နှိုင်း မင်းမလားလို့ "

ဘာမှပြန်ထူးသံမကြားရတာကြောင့် မိုး စိတ်မရှည်စွာ နောက်သို့လှည့်ကြည့်တော့ ကြက်သီးမွှေးညှင်းများ ဖြန်းခနဲထရသည်အထိ...ခဏတင် မိုးပုခုံးကိုလာကိုင်ပြီး စကားလာပြောခဲ့သောသူသည် မိုးလှည့်ကြည့်တော့ ဘာမှမရှိလေဟာနယ်ကြီးဖြစ်နေတာက မိုးကိုမှ မတုန်လူပ်စေလျှင် မိုးကခံစားချက်မရှိသည့်သူတစ်ဦးသာလျှင်ဖြစ်ပေလိမ့်မည်။

မိုးမေ့လဲမတတ်ကြောက်သွားခဲ့ရပေမဲ့ ဒီတစ်ခါမှာတော့ မိုးရဲ့နောက်ကျောဘက်ကနေ ခဏကကြားခဲ့သည့်အသံတစ်ခုကိုထက်ကြားရပြန်သည်။

"အား!!!သရဲ!!!! "

"ဘာသရဲလဲ...ခင်ဗျား ရူးနေတာလား "

ဒီတစ်ခေါက်အသံပိုင်ရှင်ကတော့ နှိုင်းသေချာသည်။မိုးကိုယ်တိုင် မိုးကို မျက်မှောင်ကျုံပြီးကြည့်နေသည့် နှိုင်းကိုမြင်ခါမှ တောင့်ခံထားသည့် ခြေထောက်များ ပျော့ခွေကာ ထိုနေရာမှာတင် ထိုင်လျက်သား ပုံကျသွားတော့၏။

မိုးရဲ့ပုံစံကိုမြင်တော့ နှိုင်းက ပြေးလာသည်။

"ခင်ဗျား ဘာဖြစ်တာလဲ "

"ခဏ...ခဏက သ..သရဲ "

"ဘာတွေလျှောက်ပြောနေတာလဲ ခင်ဗျားရောက်ကတည်းက ကျွန်တော်ခင်ဗျားကိုကြည့်နေတာ ဘာသရဲမှမရှိဘူး ခင်ဗျားတစ်ယောက်တည်းဘဲ "

မိုးလည်း ကိုယ်တိုင်ကြုံခဲ့ရတာကလွဲသက်သေပြစရာမရှိတာကြောင့် ဆက်ရှင်းပြဖို့ခက်ခဲနေ၏။

"ထားလိုက်ပါတော့ ခင်ဗျားအဲ့လိုဘဲ ထိုင်နေအုံးမှာလား "

"ငါထလို့မရတော့ဘူး...ငါ့ခြေထောက်က..."

မိုးထဖို့ကြိုးစားကြည့်ပေမဲ့ ခြေထောက်က မိုးစကားနားမထောင်ဖြစ်နေသည်။

"အပိုတွေ "

သေချာပေါက် နှိုင်းဘက်ကကြည့်ရင်တော့ မိုးဟန်ဆောင်သလိုဖြစ်နေမှာဘဲ။မိုးလည်း နှိုင်းနှင့်ပြိုင်မငြင်းချင်တာ​ကြောင့် ရအောင်ကြိုးစားထကြည့်နေခဲ့သည်။

စိတ်မရှည်သည့်နှိုင်းက မိုးကို ဆတ်ခနဲပွေ့ချီလိုက်၏။လေထဲရုတ်တရက်မြှောက်တတ်သွားတာကြောင့် မိုး လန့်သွားရသည်။

"နှိုင်း...."

"ခင်ဗျား ကိုယ်က ဖော့တုံးလိုဘဲ ဘာမှတောင်မခံစားရဘူး "

"ငါ့ကိုချပေးနှိုင်း "

"ဘာလဲ ဒီမှာ ညလုံးပေါက်ထိုင်ချင်လို့လား"

"........"

"မထိုင်ချင် ငြိမ်ငြိမ်နေ "

နှိုင်းပုံစံက မိုးနည်းနည်းလေးရုန်းတာနဲ့တကယ်ကြီး ထားသွားတော့မဲ့ပုံဖြစ်နေတာကြောင့် မိုးမှာ မလူပ်ရဲဘဲရှိနေရတော့၏။

"ခင်ဗျားကိုယ်က ဘာလို့တုန်နေတာလဲ "

"ဟင်...ဟို...ဟို...အဲ့ဘက်က ငါ့ကို တစ်ယောက်ယောက်ချောင်းကြည့်နေသလိုဘဲ ငါကြောက်တယ် "

ချုံထူထပ်နေတဲ့အမှောင်တစ်နေရာကနေ မိုးကို တစ်ယောက်ယောက်လိုက်ကြည့်နေသလိုခံစားနေရတာကြောင့် ခဏကအဖြစ်အပျက်ကြီးကိုပြန်တွေးမိရင်း မိုးတုန်ရီနေရခြင်းဖြစ်သည်။

နှိုင်းက မိုးညွှန်ပြရာကိုတစ်ချက်လှည့်ကြည့်၏။ ထို့နောက် နှိုင်းရဲ့ရင်ဘတ်ရှေ့က တုန်လုပ်နေသည့် မိုးကိုလှမ်းကြည့်ကာ ချပေးလိုက်ရင်း_

"လမ်းလျှောက်နိုင်ပြီလား "

"အ...အင်း "

"ဒါဆို ကိုယ့်ကိုလျှောက်တော့ "

ခဏကဘဲ မိုးကိုပေးမလျှောက်ဘူး အခုတော့ မိုးကိုကိုယ့်ဘာကိုယ်လျှောက်ဆိုတော့ နှိုင်းထားသွားမှာကို စိုးရိမ်မိသည်။

"နှိုင်း မင်း_"

"ခင်ဗျား ကျွန်တော့်ကိုယုံတယ်မလား "

ဘာအကြောင်းကိုပြောတာလဲ မိုးချက်ချင်းသဘောမပေါက်ပေမဲ့ နှိုင်းထားခဲ့မည်စိုးတာကြောင့် ချက်ချင်းပင်ခေါင်းညိတ်ပြရသည်။

မိုး ခေါင်းညိတ်သည်နှင့် နှိုင်းက သူ့လက်တစ်ဖက်နှင့် မိုးရဲ့မျက်လုံးတစ်စုံကိုအုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က မိုးရဲ့လက်ကိုကိုင်ကာ_

"ဘာအသံမှနားမထောင်နဲ့ ကျွန်တော်ပြောတာဘဲနားထောင်ပြီး ကျွန်တော်ခေါ်ရာနောက်လိုက် "

ထိုအခါမှ နှိုင်းရဲ့အပြုအမူကို မိုး သဘောပေါက်တော့၏။မိုးလည်း မှောင်မဲပြီး ကျောချမ်းစရာကောင်းတဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီး ကြောက်နေရတာထက် အခုလို ဘာမှမမြင်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းသည်ဟုခံစားရသည်။ထပ်တူ မိုးဘေးမှာ နှိုင်းရဲ့အသံရူသံကိုကြားနေရတော့ ပိုလိုပင် ကောင်းသည်ဟု ဆိုရမည်ဖြစ်၏။မိုးတစ်ယောက်တည်းမဟုတ်ဟု ခံစားရတာကြောင့်ဖြစ်ပါလိမ့်မည်။

"ရောက်ပြီလား နှိုင်း "

အတော်ကြာထိ လမ်းလျှောက်ပြီး လမ်းဆက်လျှောက်ခြင်းမရှိတော့ဘဲ ရပ်တန့်နေကြပြီဖြစ်ပေမဲ့ နှိုင်းက မိုးအပေါ်အုပ်မိုးထားသည့် သူ့လက်များကိုမဖယ်ပေးသေးပါ။

မိုးရဲ့ မျက်လုံးမှာတော့ နှိုင်းရဲ့လက်ကြားကနေ ဝင်လာသည့် အလင်းရောင်ဖျော့ဖျော့လေးတွေကိုတော့ မြင်နေရပြီဖြစ်သသည်။

"နှိုင်း...ရောက်ပြီမလား "

ပြန်လည်ဖြေကြားခြင်းမရှိသည့် နှိုင်းဆီက အသံရူသံဖွဖွလေးကိုတော့ ကြားနေရသေးသည်။

ရုတ်တရက် မိုးရဲ့မြင်ကွင်းရှေ့က တဖြည်းဖြည်းမှောင်လာ၏။ထို့နောက် မိုးရဲ့နူတ်ခမ်းသည် ရုတ်တရက်ပူနွေးနွေးအရာတစ်ခုကိုခံစားခဲ့ရသည်။ခံစားခဲ့ရသည့် အချိန်က ခဏဆိုခဏလေးမို့ စိတ်ထင်တာလား တကယ်ဖြစ်ခဲ့တာလားဆိုတာတောင် မိုးသေချာမပြောနိုင်တော့။

ထိုအချိန်မှ နှိုင်းကလက်ကိုချက်ချင်းဖယ်ပေးသည်။

မိုး ကိုယ့်နူတ်ခမ်းကိုလက်နှင့်ကိုင်ရင်း နှိုင်းကိုကြည့်မိတော့ နှိုင်းက ဘာမှမသိသလို တစ်ဖက်ကိုမျက်နှာလွဲထားလျက်ရှိ၏။

"နှိုင်း ခဏက ငါ့နူတ်ခမ်းမှာ_"

"အဲ့တာ ခင်ဗျားနူတ်ခမ်းမှာ အမိူက်ကပ်နေလို့ ဖယ်ပေးတာ "

နှိုင်းရဲ့ပုံစံက အတည်ပြောနေသလို ရှိတာကြောင့် မိုးလည်းနှိုင်းစကားကိုသာ ယုံလိုက်ပါသည်။

ဒါပေမဲ့ မိုး ခံစားမိခဲ့တာက မိုးရဲ့နှုတ်ခမ်းပေါ်မှာ လေသေးသေးလေးကျရောက်နေတာရယ် ပြီး နှုတ်ခမ်းပေါ်ကျရောက်လာတဲ့အရာက နွေးသလိုရှိပြီးအိတယ် ပိုပြီးတော့ခံစားမိတဲ့အရာတစ်ခုက စီးကရက်နံ့နည်းနည်းရသလိုဘဲ။

မိုးသည် ဘေးတွင် စီးကရက်အားကိုက်ထားပြီး မီးညှိရင်းရှိနေသည့် နှိုင်းကိုချက်ချင်းဘဲကြည့်လိုက်မိသည်။အတိအကျဆိုရလျှင် နှိုင်း၏နှုတ်ခမ်းကို....

ဟာ...မဟုတ်တာ၊ဘာတွေလျှောက်တွေးနေတာလဲ မိုး။နှိုင်းက...အင်....ငါထင်သလို ဘယ်တော့မှလုပ်မယ့်လူမျိုးမှမဟုတ်တာ။ငါ ထပ်မတွေးတာဘဲကောင်းတယ်။

အတွေးလွန်စေမည့်ကိစ္စကိုထပ်မတွေးတာကောင်းတာမို့ မိုးလည်း စိတ်ထဲမှာ သံသယများစွာရှိပေမဲ့ လစ်လျူသာရူလိုက်ပါတော့သည်။

နူတ်ခမ်းကိုကိုင်ထားရင်း တစ်ခုခုကိုသံသယရှိနေသလိုဖြစ်နေသည့် ဘေးမှ အကောင်သေးပုံကိုကြည့်ကာ စီးကရက်ကိုရူရိူက်ပြီး မသိမသာ ချောင်းဟန့် ဟန်ဆောင်နေမိပါတော့သည်။

နှိုင်း၏စိတ်ထဲမှ အကောင်သေးရဲ့နူတ်ခမ်းကပိုင်ရှင်လိုဘဲ နူးညံ့လိုက်တာ လို့ တွေးလျက်ရှိနေပါသည်။
......... ......... ..........

"နှိုင်း....မင်း ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့မရဘူးလား "

ကိစ္စတွေပြေလည်သွားသည့် အချိန်မှစ မိုး အရင်လိုဘဲ နှိုင်းအပေါ် ပေါ့ပေါ့ပါးပါးသာဆက်ဆံပါတော့သည်။

ဒီနေ့လည်း မနေ့ညက နောက်ကျမှအိပ်ခဲ့ခြင်းအကျိုးကြောင့် မနက်ကျောင်းနောက်ကျ၍ နှိုင်းနှင့်အတူ ကျောင်းသို့အမှီလာရာလမ်းတွင် မိုး ဝိဥာဥ်လွှင့်မတတ်ဖြစ်ခဲ့ရသည်အထိ နှိုင်း ဆိုင်ကယ်မောင်းကြမ်းသည့်အပေါ် ပြောပြနေခြင်းဖြစ်၏။

"ကျွန်တော်သာ အခုလိုမမောင်းရင် ခင်ဗျား နောက်ကျနေပြီ သိလား "

နှိုင်းအသံ စူးစူးကြောင့် ဖြတ်သွားသည့်ကျောင်းသားတိုင်း မိုးတို့ကိုလှည့်ကြည့်လှည့်ကြည့်ရင်း ရှိနေတာကြောင့်_

"နှိုင်း ကျောင်းသားတွေရှေ့မှာဆို ငါ့ကို ခင်ဗျားခင်ဗျားနဲ့မခေါ်ပါနဲ့လား "

"ဘာလို့လဲ "

"ကလေးတွေကြားရင်မကောင်းဘူး နည်းနည်းရိုင်းရာကျလားလို့ "

"အဲ့တော့ ဘယ်လိုခေါ်ရမှာလဲ "

"ငါ့နာမည်ခေါ်လေ "

".....ခင်ဗျား နာမည်...."

တွေဝေသလိုဖြစ်သွားသည့် နှိုင်းကြောင့် မိုး မျက်ခုံးပင့်မိကာ_

"ဘာလဲ...မင်း ငါ့နာမည်မမှတ်မိတာတော့မဟုတ်ဘူးမလား "

"ဘာလို့ မမှတ်မိရမလဲ အဘိဓာန်မိုးမလား"

"သိနေရဲ့သားနဲ့...မိုး...လို့ခေါ် "

"မခေါ်ဘူး "

"ဘာလို့လဲ "

"အဲ့နာမည်က ကျွန်တော်ခေါ်ဖို့အတွက်သတ်မှတ်ပြီးသားလူရှိတယ် "

မိုးသည် နှိုင်းနဖူးကို မခေါက်မိရုံတမယ် လက်ကိုဆတ်ခနဲပြန်ရုတ်လိုက်ရ၏။

လူဘဲ လောကမှာ နာမည်တစ်ယောက်မဟုတ်တစ်ယောက်လောက်ကတော့ အနည်းဆုံးတူညီကြမှာဘဲလေ၊ဒါကို သူသတ်မှတ်ထားတဲ့လူအတွက်နဲ့ဘဲ ကျန်တဲ့ မိုးနာမည်ပါသူတိုင်းက အမည်မတပ်ခံရတော့ဘူးတဲ့လား။

နှိုင်းက အဲ့လိုဘဲ အတ္တကြီးလွန်းလို့ မိုးလည်း ပြိုင်မငြင်းချင်တော့ပါ။

"ဒါဆိုလည်း မင်းကြိုက်သလိုခေါ်၊သြော်...ဒါနဲ့ မင်းအသက်က..."

"ဘာလုပ်ဖို့ မေးတာလဲ "

"သိချင်လို့ပေါ့ "

".....နှစ်ဆယ့်နှစ် "

နှိုင်းရဲ့ အသက်က မိုးထက်ရှစ်နစ်နီးပါးလောက်ကြီးတောင်ငယ်နေတာမို့ မိုးခေတ္တမျှတော့ အံ့သြသွားမိ၏။

နှိုင်းမပြောပြသေးမှီအချိန်ထိ နှိုင်းကိုမိုးနှင့် ရွယ်တူဟုသာထင်နေမိအုံးမည်ဖြစ်သည်။ဒါကြောင့် သူလုပ်သမျှငြိမ်ခံနေရခြင်းဖြစ်သလို...ပြန်တွေးကြည့်ခါမှ နှိုင်း မိုးအပေါ် အနိုင်ကျင့်ခဲ့တာတော်တော်များခဲ့သည် ဒီတစ်ခါမှာတော့ မိုးက နှိုင်းထက်ကြီးမှန်းသိခဲ့ရ​ပြီဆိုတော့ နှိုင်းပြုသမျှငြိမ်ခံစရာမလိုတော့။ဒါမိုးအတွက် ကောင်းခြင်းမဟုတ်လား။

"နှစ်ဆယ့်နှစ် မင်းငါ့ထက်ငယ်သားဘဲ "

မိုးရဲ့အသံက ကျေနပ်မူ့တွေနဲ့ပြည့်နေမှန်း နားထောင်သူတိုင်းရိပ်မိနိုင်သည်။

"ခင်ဗျားကဘယ်လောက်မို့လဲ "

"ငါက သုံးဆယ်ရှိနေပြီ၊အင်...မင်းနော် မင်းထက်ကြီးတဲ့သူကို ရိုရိုသေသေဆက်ဆံ "

"မဖြစ်နိုင်တာ...ခင်ဗျားရုပ်က ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ရုပ်နဲ့ "

"ဘာလာစော်ကားနေတာလဲ ဆယ့်ရှစ်နှစ်မပြည့်ဘဲ ကျောင်းဆရာဖြစ်မလား "

"အဲ့ကြောင့်မို့ပေါ့ ကျောင်းသားနဲ့ဆရာ အမြဲမှားမှားနေကြတာ "

နှိုင်းတိုးတိုးလေး ​လှောင်လိုက်တာမို့ မိုးမကြားလိုက်ပါ။

နှိုင်းစိတ်ထဲမှာတော့ 'မိုးကသူ့ထက်ကြီးလည်းဘာဖြစ်လဲ မိုးနဲ့သူယှဥ်ရင် ရုပ်ပိုင်းဆိုင်ရာကောစိတ်ပိုင်းဆိုင်ရာမှာ နှိုင်းကအသာကြီးဘဲ'ဟုတွေးကာ မိုး နှိုင်းထက်ခုနှစ်နစ်ကြီးသည့်အပေါ် အရေးမလုပ်ခဲ့။အကောင်သေးကိုကြည့်ရတာတော့ ဒီကိစ္စအပေါ် ကျေနပ်နေသလိုဘဲ။

"အတော်ဘဲ...အဆင်ပြေသွားတာပေါ့၊မင်းငါ့နာမည်မခေါ်ချင်ဘူးမလား ဒါဆို ငါ့ကို အကိုကြီးလို့ခေါ် "

"ရူးနေလား "

"ဟာ...မင်း အကြီးကိုအဲ့လိုပြောရလား၊လုပ်ပါ ခေါ်ကြည့် "

"ကျစ်*....မ....ခေါ်....နိုင်....ဘူး....."

တစ်လုံးခြင်းပြောပြီး ဆိုင်ကယ်ကို ချာခနဲလှည့်ကာ မောင်းထွက်သွားသည့် နှိုင်းကိုကြည့်ပြီး မိုး လျှာထုတ်လှောင်ပြရုံသာတတ်နိုင်တော့သည်။

"လုပ်ထားပေါ့နှိုင်း မင်းတစ်ရက်မဟုတ်တစ်ရက်တော့ ငါ့ကို အကိုကြီးလို့ခေါ်လာရမှာဘဲ၊မင်းငါ့အပေါ် လုပ်ထားခဲ့တာတွေအတွက် ပြန်ခံစေ...ဟွန့်..."

ကျောင်းထဲသို့ ကျေကျေနပ်နပ်ကြီး ဝင်သွားသည့် အကောင်သေးကို အဝေးမှလှမ်းကြည့်လျက်ရှိနေသေးသည့် နှိုင်းတစ်ယောက် အကောင်သေးခေါင်းထဲဘာတွေများတွေးနေခဲ့သည်ကို ရိပ်မိသလိုတော့ရှိ၏။

သေချာတာကတော့ ခင်ဗျား တွေးတာဘာမှဖြစ်လာမှာမဟုတ်ဘူး။ကျွန်တော်ခင်ဗျားနာမည်ကိုလည်းမခေါ်နိုင်သလို ခင်ဗျားကိုအကိုကြီးလို့လဲခေါ်မှာမဟုတ်ဘူး။စိတ်ကူးယဥ်ပြီးပြုံးနေတာရပ်လိုက်တော့ အဘိဓာန်မိုး။

အကောင်သေးအပေါ် ထူးဆန်းသည့်ခံစားချက်များဖြစ်နေသည့် နှိုင်း အဲ့လိုခံစားချက်များ ဘာကြောင့်ပေါ်ပေါက်လာသည်ကို ထိုနေ့ညက အဖြေရှာကြည့်ခဲ့ပါသည်။အကောင်သေး အမှောင်ကြောက်တာကိုအခွင့်ကောင်းယူပြီး နှိုင်း ရရှိသည့်အခွင့်အရေးဖြင့် အကောင်သေးအပေါ် ဘယ်လိုခံစားချက်များရှိသည်ကိုဖော်ထုတ်ခဲ့သည်။ထိုသို့အဖြေရှာခဲ့ချိန် နှိုင်း ကောင်းတာတစ်ခုသိခဲ့ရတာက နှိုင်း အကောင်သေးအပေါ် မရိုးသားစိတ်မရှိဆိုတာပင်။

ဒါကို ဘာလို့တပ်အပ်ပြောနိုင်လဲဆို ထိုနေ့ည နှိုင်းသေချာအောင် အကောင်သေး၏ နူတ်ခမ်းကိုနမ်းကြည့်ခဲ့သည်။ထင်ထားတဲ့အတိုင်း ဘာခံစားချက်မှမရရှိခဲ့တာမို့ နှိုင်း အခုလိုထူးဆန်းတာတွေဖြစ်နေတာ အကောင်သေးကိုကြိုက်လို့ပြောင်းလဲနေတာမဟုတ်မှန်း သိလိုက်ရခြင်းဖြစ်၏။

ဒါဆို ဘာလို့ နှိုင်းအခုလိုတွေပြောင်းလဲနေတာလဲဆိုသည့်အမေးပေါ် အမှန်တိုင်းဝန်ခံရလျှင် နှိုင်းလည်း အဖြေမထုတ်နိုင်သေးပါ။အချိန်တွေအများကြီးကျန်သေးတာမို့ နှိုင်းဖြည်းဖြည်းချင်းသိရအောင် ဖော်ထုတ်မည်ဟု ကိုယ့်ကိုယ်ကိုကတိပေးသည်။

အခုတော့ အကောင်သေးကျောင်းထဲဝင်သွားပြီမို့ နှိုင်းလည်း လုပ်စရာရှိသည်ကိုလုပ်ရန် ထိုနေရာမှ မောင်းထွက်လာခဲ့ပါတော့သည်။

Zawgyi

"ဆရာေလး ရွာလိုက္ရတာ၊ဘယ္ေရာက္ေနသတုန္း "

ေနာက္ေဖးတြင္ ႏွိုင္းႏွင့္စကားေျပာခဲ့တာ အခ်ိန္ေတာ္ေတာ္ယူခဲ့မိသည္ထင္ပါ၏။ဘယ္ခ်ိန္ကတည္းက မိုးကိုလိုက္ရွာလည္း မသိသည့္သူႀကီးက မိုးကိုျမင္ခါမွ သက္ျပင္းခ်နိဳင္သည္။

"ေနာက္ေဖး ခဏသြားေနတာပါ သူႀကီး "

"အဲ့သလိုလား...ဒီလိုပါ ဘႀကီးက ဆရာေလး ေစာေစာျပန္သြားမွာစိုးရိမ္ေနတာ၊က်န္တာ ဘာမွေထြေထြထူးထူးေတာ့ မရွိပါဘူးကြယ္...။ဆရာေလး ဒီမွာ ညအထိေအးေဆးေနရမယ္ေနာ္ "

"စိတ္ခ်ပါသူႀကီး ကြၽန္ေတာ္ေနမွာပါ "

ႏွိုင္းရဲ႕အနီးအနားကေန မိုးကိုသူႀကီး ဆြဲထုတ္လာတာကိုဘဲ မိုးေက်းဇူးတင္ေနမိပါေတာ့သည္။မဟုတ္လွ်င္ မိုးတစ္ေယာက္ေတာ့ ႏွိုင္းရဲ႕ေက်ာခ်မ္းစရာေကာင္းေလာက္ေသာ အေငြ႕အသက္ေအာက္ အသက္ေပ်ာက္ေနေလာက္ၿပီျဖစ္၏။ေနာက္လွည့္မၾကည့္ရေပမဲ့လည္း မိုးအေပၚ ႏွိုင္းအၾကည့္မလြဲေသးမွန္း စိတ္ထဲမွ ခံစားေနရေသးသည္။

သူႀကီးကို ကတိေပးထားသည့္အတိုင္း မိုးတို႔ ေမွာင္ရီပ်ိဳးသည္အထိ သူႀကီးအိမ္မွာဘဲ ရွိေနခဲ့ၾကသည္။မိုးတစ္ေယာက္တည္းေတာ့မဟုတ္ ႐ြာထဲမွအပ်ိဳလူပ်ိဳအခ်ိဳ႕ႏွင့္ႏွိုင္းလည္းအပါအဝင္ျဖစ္၏။

"သူႀကီးကေတာ့ဗ်ာ ကြၽန္ေတာ္တို႔ကိုေခၚထားၿပီး သူကိုယ္တိုင္က် အေစာႀကီး အိပ္ယာဝင္ေနၿပီ "

"ေၾသာ္...ရွင္ကလည္း ဟိုကလူႀကီးဘဲ ေစာေစာအိပ္ယာဝင္ျခင္မွာေပါ့ "

"ေဖႀကီးကအိပ္ယာဝင္သြားေပမဲ့ ႏွင္းနဲ႕ျဖဴေလးတို႔ ဆက္ၿပီးဧည့္ခံေပးပါ့မယ္ ကိုႀကီးစိုးရယ္ "

သူႀကီးမွာ သမီးႏွစ္ေယာက္ရွိ၏။အႀကီးတစ္ေယာက္ကေတာ့ ႏွိုင္းႏွင့္ျဖစ္ခဲ့ဖူးသည့္ႏွင္းပြင့္ယမူံျဖစ္ၿပီး အငယ္တစ္ေယာက္မွာေတာ့ ျဖဴစင္ေမႊးျဖစ္သည္။ႏွစ္ဦးလုံးက ညိုညိုညပ္ညပ္ေလးႏွင့္လွလြန္းတာေၾကာင့္ ကာလသားတစ္ခ်ိဳ႕ ယခုခ်ိန္ထိသူႀကီးအိမ္မွာ ရွိေနရျခင္း အေၾကာင္းရင္းတစ္ခုျဖစ္ပါေပလိမ့္မည္။

"ဆရာအဘိဓာန္မိုး လက္ဖက္ေလး ျဖဴေလးကိုယ္တိုင္သုပ္ထားတာ သုံးေဆာင္ပါအုံးေနာ္ "

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ "

မိုးအတြက္ကေတာ့ ဒါဧည့္ဝတ္ေက်သေဘာရိုးဆိုေပမဲ့ ကာလသားမ်ားမိုးအေပၚၾကည့္ေနသည့္အၾကည့္မ်ားကေတာ့ သူတို႔ခ်ိန္ေနသည့္ငွက္တစ္ေကာင္ မိုးေပၚသို႔လာနားတာေၾကာင့္ စိတ္ပ်က္သြားသကဲ့သို႔ရွိေနၾကသည္။မိုးလည္း ထိုျမင္ကြင္းေၾကာင့္ ကေလးမေလးလာေပးသည့္ လက္ဖက္သုပ္ပန္းကန္ကိုမထိရဲဘဲေတာင္ရွိပါေတာ့၏။

လုပ္စရာမရွိလို႔ ေဘးဘီကိုတစ္ခ်က္ေဝွ႕ၾကည့္တုန္း ႏွိုင္းအနားမွာ အပ်ိဳေလးမ်ားဝိုင္းေနတာကို ျမင္ခဲ့ရသည္။မႏွင္းကိုတိတ္တိတ္ေလး အကဲခတ္ၾကည့္ေတာ့ သူမက ႏူတ္ခမ္းကိုဖိကိုက္ထားရင္း႐ုပ္ပ်က္ေနတာ ဟန္မေဆာင္နိုင္ဘဲရွိေန၏။ႏွိုင္း၏ မ်က္ႏွာေျပာင္တိုက္လြန္းနိုင္သည့္ အက်င့္ကို မိုး မအံ့ၾသနိုင္ဘဲရွိပါေတာ့သည္။သူမို႔ မေၾကာက္မလန့္ ဒီမွာ ဆက္ေနနိုင္ေသးသည္။

"စကားဝိုင္းေလး ပိုၿပီးတက္တက္ႂကြႂကြျဖစ္သြားေအာင္ ငါတို႔ ၾကားဖူးၾကတဲ့သရဲအေၾကာင္းေလးေတြမွ်ေဝၾကမလား "

အထြန္း ေၾကညာခ်က္ကို မိုးတစ္ေယာက္တည္းကလြဲ က်န္သည့္လူအကုန္လုံးက ေခါင္းညိတ္ၿပီး ေထာက္ခံၾက၏။မိုးက ငယ္ငယ္ေလးတည္းက သရဲဆိုအသံၾကား႐ုံနဲ႕ေၾကာက္တတ္သူမို႔ ညပိုင္းႀကီး သရဲအေၾကာင္းေျပာတာကို သိပ္လက္မခံခ်င္။

"အထြန္းအရင္စေျပာျပမယ္ "

အမ်ားနဲ႕တစ္ေယာက္ ဘယ္နိုင္မည္နည္း။အထြန္းက မိုးမႀကိဳက္တာကို မသိတာလားမသိ မိုးေဘးမွာထိုင္ၿပီး သရဲအေၾကာင္းအားရပါးရေျပာဖို႔ျပင္သည္။အထြန္းဆီက ဇာတ္လမ္းအေၾကာင္း မၾကားရေသး မိုးႀကိဳတင္ တံေထြးမ်ားမ်ိဳခ်ထားမိပါေတာ့၏။

"ဒီကိစၥက ျဖစ္ရပ္မွန္ဗ်၊ကြၽန္ေတာ့္ရဲ႕ ဘႀကီးျပန္ေျပာျပထားတာ ဇာတ္လမ္းကဒီလို...ဟိုးအရင္တုန္းက ႐ြာထဲမွာ ငွက္ေပ်ာပင္သရဲတစ္ေကာင္ရွိတယ္ သူကအရင္ကငွက္ေပ်ာၿခံထဲမွာ ငွက္ေပ်ာခုတ္ေနရင္း လက္ေခွ်ာ္ၿပီး ကိုယ့္ေခါင္းကိုပုဆိန္နဲ႕ျပန္ခုတ္မိသတဲ့ဗ်ာ...အဲ့မွာ သူက သူေသတာကိုမသိဘဲ ညညဆို ငွက္ေပ်ာၿခံထဲမွာ ငွက္ေပ်ာပင္ေတြလာလာခုတ္ေနတာတဲ့ တခါတေလဆို သူ႕လည္ပင္းတစ္ဝက္ျပတ္နဲ႕ ပုခုံးမွာ ငွက္ေပ်ာ္ဖူးႀကီးထမ္းၿပီး ႐ြာထဲေလွ်ာက္သြားေနတတ္တာ အခုထိမကြၽတ္လႊတ္ေသးဘူးတဲ့ေနာ္ အပ်ိဳေလးေတြ အိမ္ျပန္ရင္ သတိထားျပန္ၾက၊မျပန္ရဲရင္ ေဟာ္ဒီအထြန္းကိုအေဖာ္ေခၚလို႔ရတယ္ "

လူတိုင္း ဇာတ္လမ္းအစမွစအထြန္းေျပာျပသည့္ပုံျပင္ကို အေသအခ်ာနားေထာင္ေနခဲ့ၾကေပမဲ့ ေနာက္ဆုံးေျပာလိုက္သည့္ စကားနားလည္းေရာက္ေရာ 'ဟာ၊ဟင္'ျဖင့္ ပ်က္ရယ္ျပဳၾကပါေတာ့သည္။ထိုထဲတြင္ မိုးေတာ့မပါခဲ့။ေျပာခဲ့တယ္မလား မိုးက သရဲဆို အသံၾကား႐ုံနဲ႕ေၾကာက္တယ္လို႔ အခုေတာ့ အထြန္းေက်းဇူးေၾကာင့္ မ်က္လုံးထဲကြက္ကြက္ကြင္းကြင္းကိုျမင္လာၿပီး ေခါင္းထဲထုတ္မရေအာင္ေၾကာက္ေနရၿပီ။

ညခုႏွစ္နာရီ ဝန္းက်င္တြင္ မိုးတို႔သူႀကီးအိမ္မွ ထြက္လာခဲ့ၾကေတာ့သည္။႐ြာထဲကလူေတြအတြက္ အိမ္ျပန္ရတာကမခက္ခဲေပမဲ့ ႐ြာနဲ႕အေဝးမွာရွိသည့္အေဆာင္သို႔ျပန္ရမည့္ မိုးတို႔အတြက္ေတာ့ ညအခ်ိန္ျပန္ရတာကခက္ခဲတာမို႔ မႏွင္းက မိုးတို႔ကိုဒီမွာဘဲ အိပ္ဖို႔ေျပာေပမဲ့ အပ်ိဳေလးေတြရွိတဲ့အိမ္မွာ အိပ္ရန္မသင့္တာေၾကာင့္ မိုး အေဆာင္ျပန္ဖို႔ဘဲေျပာခဲ့ရသည္။

ဆိုင္ကယ္ရွိတဲ့ႏွိုင္းက မိုးကိုေတာင္မေစာင့္ဘဲ ျပန္ႏွင့္ခဲ့တာေၾကာင့္ မိုးမွာ ကာလသားတစ္ခ်ိဳ႕ကိုအကူအညီေတာင္းၿပီး လိုက္ပို႔ခိုင္းရသည္။

"ဆရာ ဒီထိဆိုအဆင္ေျပလားဗ် "

"ဟုတ္ ရပါတယ္ဗ် "

အေဆာင္ေရာက္ဖို႔လိုေသးေပမဲ့ ကာလသားမ်ားက အခုလိုေျပာလာေတာ့ မိုးမွာ အားနာနာႏွင့္ သေဘာတူခဲ့ရသည္။

တစ္ဖက္ကလယ္ကြင္းျပင္ႀကီးႏွင့္က်န္တစ္ဖက္က ခ်ဳံပုတ္ႀကီးမ်ားျဖင့္ထူပိတ္ေနေသာ လမ္းမႀကီးအလယ္မွာ ညအေမွာင္ထဲ တစ္ေယာက္တည္းလမ္းေလွ်ာက္ရဖို႔က ေတာ္႐ုံသတၱိရွိသည့္သူမွသာ အဆင္ေျပနိုင္မည္။အေမွာင္ေသးေသးေလးေတာင္ ေၾကာက္တတ္သည့္ မိုးအတြက္ ဒါက စိန္ေခၚမူ႕ႀကီးတစ္ခုလိုပင္။ေနာက္ျပန္လွည့္ဖို႔ကလည္း ေနာက္က်သြားေလၿပီျဖစ္၏။ကာလသားမ်ားကလည္း မိုးသေဘာတူၿပီးသည္ႏွင့္ ထြက္သြားခဲ့ၾကသည္မွာ အိမ္ေတာင္ျပန္ေရာက္ေနေလာက္ၿပီ ထင္သည္။

"လုပ္နိုင္ပါတယ္မိုး နည္းနည္းေလးဘဲဆက္သြား႐ုံဘဲ "

ပါးစပ္ကသာ လုပ္နိုင္တယ္ေျပာေနေပမဲ့ေျခ လက္ေတြမွာေတာ့ တုတ္တုတ္ေတာင္မလုပ္နိုင္ဘဲ မ်က္လုံးမွိတ္..ေတာင့္ေတာင့္ႀကီး ရပ္ေနမိသည္က အခ်ိန္တစ္ခုေလာက္ထိပင္ ရွိေနခဲ့ၿပီျဖစ္သည္။နားထဲမွာ ၾကားေနရသည့္ ေလတိုးသံႏွင့္သစ္႐ြက္ေျခာက္သံက မိုးရဲ႕စိတ္ကို အထြန္းေျပာျပသည့္ သရဲမ်ားျဖစ္ေနမလားဆိုသည့္အေတြးက ေျခာက္လန့္ေနသည္။

ေလတိုက္သံက်ယ္ေလ မိုးႏွလုံးခုန္သံက ပိုျမန္လာေလပင္။ထို အခ်ိန္တြင္ မိုး၏ပုခုံးထက္သို႔ တစ္စုံတစ္ခုက်ေရာက္လာတာေၾကာင့္ မိုး အသည္းမ်ားခိုက္ခိုက္တုန္သည္အထိ ေက်ာခ်မ္းသြားကာ အသံပင္မထြက္နိုင္ေတာ့ဘဲ...

"သ...သ...."

"ဘာေတြတုန္ေနတာလဲ "

အသံနက္ႀကီးက မိုးကိုခဏတုန္လူပ္ေစေပမဲ့ ဒီအသံကို မိုးမရင္းနီးဘဲ မရွိတာေၾကာင့္ အခုမွသာ မိုးသက္ျပင္းခ်နိဳင္ေတာ့ပါ၏။

"ႏွိုင္း မင္းမလား "

ေနာက္လွည့္မၾကည့္ဘဲနဲ႕ေတာင္ မိုးေသခ်ာေပါက္ေျပာနိုင္၏။ဒီလိုၾသဇာရွိသည့္အသံၾသၾသပိုင္ရွင္က ႏွိုင္းတစ္ေယာက္တည္းမွာသာရွိေၾကာင္း မိုးသိသည္။ဒါနဲ႕ အသံကနည္းနည္းေတာ့ အက္ေနသည္။

"......."

"ႏွိုင္း မင္းမလားလို႔ "

ဘာမွျပန္ထူးသံမၾကားရတာေၾကာင့္ မိုး စိတ္မရွည္စြာ ေနာက္သို႔လွည့္ၾကည့္ေတာ့ ၾကက္သီးေမႊးညွင္းမ်ား ျဖန္းခနဲထရသည္အထိ...ခဏတင္ မိုးပုခုံးကိုလာကိုင္ၿပီး စကားလာေျပာခဲ့ေသာသူသည္ မိုးလွည့္ၾကည့္ေတာ့ ဘာမွမရွိေလဟာနယ္ႀကီးျဖစ္ေနတာက မိုးကိုမွ မတုန္လူပ္ေစလွ်င္ မိုးကခံစားခ်က္မရွိသည့္သူတစ္ဦးသာလွ်င္ျဖစ္ေပလိမ့္မည္။

မိုးေမ့လဲမတတ္ေၾကာက္သြားခဲ့ရေပမဲ့ ဒီတစ္ခါမွာေတာ့ မိုးရဲ႕ေနာက္ေက်ာဘက္ကေန ခဏကၾကားခဲ့သည့္အသံတစ္ခုကိုထက္ၾကားရျပန္သည္။

"အား!!!သရဲ!!!! "

"ဘာသရဲလဲ...ခင္ဗ်ား ႐ူးေနတာလား "

ဒီတစ္ေခါက္အသံပိုင္ရွင္ကေတာ့ ႏွိုင္းေသခ်ာသည္။မိုးကိုယ္တိုင္ မိုးကို မ်က္ေမွာင္က်ဳံၿပီးၾကည့္ေနသည့္ ႏွိုင္းကိုျမင္ခါမွ ေတာင့္ခံထားသည့္ ေျခေထာက္မ်ား ေပ်ာ့ေခြကာ ထိုေနရာမွာတင္ ထိုင္လ်က္သား ပုံက်သြားေတာ့၏။

မိုးရဲ႕ပုံစံကိုျမင္ေတာ့ ႏွိုင္းက ေျပးလာသည္။

"ခင္ဗ်ား ဘာျဖစ္တာလဲ "

"ခဏ...ခဏက သ..သရဲ "

"ဘာေတြေလွ်ာက္ေျပာေနတာလဲ ခင္ဗ်ားေရာက္ကတည္းက ကြၽန္ေတာ္ခင္ဗ်ားကိုၾကည့္ေနတာ ဘာသရဲမွမရွိဘူး ခင္ဗ်ားတစ္ေယာက္တည္းဘဲ "

မိုးလည္း ကိုယ္တိုင္ႀကဳံခဲ့ရတာကလြဲသက္ေသျပစရာမရွိတာေၾကာင့္ ဆက္ရွင္းျပဖို႔ခက္ခဲေန၏။

"ထားလိုက္ပါေတာ့ ခင္ဗ်ားအဲ့လိုဘဲ ထိုင္ေနအုံးမွာလား "

"ငါထလို႔မရေတာ့ဘူး...ငါ့ေျခေထာက္က..."

မိုးထဖို႔ႀကိဳးစားၾကည့္ေပမဲ့ ေျခေထာက္က မိုးစကားနားမေထာင္ျဖစ္ေနသည္။

"အပိုေတြ "

ေသခ်ာေပါက္ ႏွိုင္းဘက္ကၾကည့္ရင္ေတာ့ မိုးဟန္ေဆာင္သလိုျဖစ္ေနမွာဘဲ။မိုးလည္း ႏွိုင္းႏွင့္ၿပိဳင္မျငင္းခ်င္တာေၾကာင့္ ရေအာင္ႀကိဳးစားထၾကည့္ေနခဲ့သည္။

စိတ္မရွည္သည့္ႏွိုင္းက မိုးကို ဆတ္ခနဲေပြ႕ခ်ီလိုက္၏။ေလထဲ႐ုတ္တရက္ျမႇောက္တတ္သြားတာေၾကာင့္ မိုး လန့္သြားရသည္။

"ႏွိုင္း...."

"ခင္ဗ်ား ကိုယ္က ေဖာ့တုံးလိုဘဲ ဘာမွေတာင္မခံစားရဘူး "

"ငါ့ကိုခ်ေပးႏွိုင္း "

"ဘာလဲ ဒီမွာ ညလုံးေပါက္ထိုင္ခ်င္လို႔လား"

"........"

"မထိုင္ခ်င္ ၿငိမ္ၿငိမ္ေန "

ႏွိုင္းပုံစံက မိုးနည္းနည္းေလး႐ုန္းတာနဲ႕တကယ္ႀကီး ထားသြားေတာ့မဲ့ပုံျဖစ္ေနတာေၾကာင့္ မိုးမွာ မလူပ္ရဲဘဲရွိေနရေတာ့၏။

"ခင္ဗ်ားကိုယ္က ဘာလို႔တုန္ေနတာလဲ "

"ဟင္...ဟို...ဟို...အဲ့ဘက္က ငါ့ကို တစ္ေယာက္ေယာက္ေခ်ာင္းၾကည့္ေနသလိုဘဲ ငါေၾကာက္တယ္ "

ခ်ဳံထူထပ္ေနတဲ့အေမွာင္တစ္ေနရာကေန မိုးကို တစ္ေယာက္ေယာက္လိုက္ၾကည့္ေနသလိုခံစားေနရတာေၾကာင့္ ခဏကအျဖစ္အပ်က္ႀကီးကိုျပန္ေတြးမိရင္း မိုးတုန္ရီေနရျခင္းျဖစ္သည္။

ႏွိုင္းက မိုးၫႊန္ျပရာကိုတစ္ခ်က္လွည့္ၾကည့္၏။ ထို႔ေနာက္ ႏွိုင္းရဲ႕ရင္ဘတ္ေရွ႕က တုန္လုပ္ေနသည့္ မိုးကိုလွမ္းၾကည့္ကာ ခ်ေပးလိုက္ရင္း_

"လမ္းေလွ်ာက္နိုင္ၿပီလား "

"အ...အင္း "

"ဒါဆို ကိုယ့္ကိုေလွ်ာက္ေတာ့ "

ခဏကဘဲ မိုးကိုေပးမေလွ်ာက္ဘူး အခုေတာ့ မိုးကိုကိုယ့္ဘာကိုယ္ေလွ်ာက္ဆိုေတာ့ ႏွိုင္းထားသြားမွာကို စိုးရိမ္မိသည္။

"ႏွိုင္း မင္း_"

"ခင္ဗ်ား ကြၽန္ေတာ့္ကိုယုံတယ္မလား "

ဘာအေၾကာင္းကိုေျပာတာလဲ မိုးခ်က္ခ်င္းသေဘာမေပါက္ေပမဲ့ ႏွိုင္းထားခဲ့မည္စိုးတာေၾကာင့္ ခ်က္ခ်င္းပင္ေခါင္းညိတ္ျပရသည္။

မိုး ေခါင္းညိတ္သည္ႏွင့္ ႏွိုင္းက သူ႕လက္တစ္ဖက္ႏွင့္ မိုးရဲ႕မ်က္လုံးတစ္စုံကိုအုပ္လိုက္ၿပီး က်န္လက္တစ္ဖက္က မိုးရဲ႕လက္ကိုကိုင္ကာ_

"ဘာအသံမွနားမေထာင္နဲ႕ ကြၽန္ေတာ္ေျပာတာဘဲနားေထာင္ၿပီး ကြၽန္ေတာ္ေခၚရာေနာက္လိုက္ "

ထိုအခါမွ ႏွိုင္းရဲ႕အျပဳအမူကို မိုး သေဘာေပါက္ေတာ့၏။မိုးလည္း ေမွာင္မဲၿပီး ေက်ာခ်မ္းစရာေကာင္းတဲ့ ပတ္ဝန္းက်င္ကိုၾကည့္ၿပီး ေၾကာက္ေနရတာထက္ အခုလို ဘာမွမျမင္ရတာက ပိုၿပီးေနလို႔ထိုင္လို႔ေကာင္းသည္ဟုခံစားရသည္။ထပ္တူ မိုးေဘးမွာ ႏွိုင္းရဲ႕အသံ႐ူသံကိုၾကားေနရေတာ့ ပိုလိုပင္ ေကာင္းသည္ဟု ဆိုရမည္ျဖစ္၏။မိုးတစ္ေယာက္တည္းမဟုတ္ဟု ခံစားရတာေၾကာင့္ျဖစ္ပါလိမ့္မည္။

"ေရာက္ၿပီလား ႏွိုင္း "

အေတာ္ၾကာထိ လမ္းေလွ်ာက္ၿပီး လမ္းဆက္ေလွ်ာက္ျခင္းမရွိေတာ့ဘဲ ရပ္တန့္ေနၾကၿပီျဖစ္ေပမဲ့ ႏွိုင္းက မိုးအေပၚအုပ္မိုးထားသည့္ သူ႕လက္မ်ားကိုမဖယ္ေပးေသးပါ။

မိုးရဲ႕ မ်က္လုံးမွာေတာ့ ႏွိုင္းရဲ႕လက္ၾကားကေန ဝင္လာသည့္ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြကိုေတာ့ ျမင္ေနရၿပီျဖစ္သသည္။

"ႏွိုင္း...ေရာက္ၿပီမလား "

ျပန္လည္ေျဖၾကားျခင္းမရွိသည့္ ႏွိုင္းဆီက အသံ႐ူသံဖြဖြေလးကိုေတာ့ ၾကားေနရေသးသည္။

႐ုတ္တရက္ မိုးရဲ႕ျမင္ကြင္းေရွ႕က တျဖည္းျဖည္းေမွာင္လာ၏။ထို႔ေနာက္ မိုးရဲ႕ႏူတ္ခမ္းသည္ ႐ုတ္တရက္ပူႏြေးႏြေးအရာတစ္ခုကိုခံစားခဲ့ရသည္။ခံစားခဲ့ရသည့္ အခ်ိန္က ခဏဆိုခဏေလးမို႔ စိတ္ထင္တာလား တကယ္ျဖစ္ခဲ့တာလားဆိုတာေတာင္ မိုးေသခ်ာမေျပာနိုင္ေတာ့။

ထိုအခ်ိန္မွ ႏွိုင္းကလက္ကိုခ်က္ခ်င္းဖယ္ေပးသည္။

မိုး ကိုယ့္ႏူတ္ခမ္းကိုလက္ႏွင့္ကိုင္ရင္း ႏွိုင္းကိုၾကည့္မိေတာ့ ႏွိုင္းက ဘာမွမသိသလို တစ္ဖက္ကိုမ်က္ႏွာလြဲထားလ်က္ရွိ၏။

"ႏွိုင္း ခဏက ငါ့ႏူတ္ခမ္းမွာ_"

"အဲ့တာ ခင္ဗ်ားႏူတ္ခမ္းမွာ အမိူက္ကပ္ေနလို႔ ဖယ္ေပးတာ "

ႏွိုင္းရဲ႕ပုံစံက အတည္ေျပာေနသလို ရွိတာေၾကာင့္ မိုးလည္းႏွိုင္းစကားကိုသာ ယုံလိုက္ပါသည္။

ဒါေပမဲ့ မိုး ခံစားမိခဲ့တာက မိုးရဲ႕ႏႈတ္ခမ္းေပၚမွာ ေလေသးေသးေလးက်ေရာက္ေနတာရယ္ ၿပီး ႏႈတ္ခမ္းေပၚက်ေရာက္လာတဲ့အရာက ႏြေးသလိုရွိၿပီးအိတယ္ ပိုၿပီးေတာ့ခံစားမိတဲ့အရာတစ္ခုက စီးကရက္နံ႕နည္းနည္းရသလိုဘဲ။

မိုးသည္ ေဘးတြင္ စီးကရက္အားကိုက္ထားၿပီး မီးညွိရင္းရွိေနသည့္ ႏွိုင္းကိုခ်က္ခ်င္းဘဲၾကည့္လိုက္မိသည္။အတိအက်ဆိဳရလွ်င္ ႏွိုင္း၏ႏႈတ္ခမ္းကို....

ဟာ...မဟုတ္တာ၊ဘာေတြေလွ်ာက္ေတြးေနတာလဲ မိုး။ႏွိုင္းက...အင္....ငါထင္သလို ဘယ္ေတာ့မွလုပ္မယ့္လူမ်ိဳးမွမဟုတ္တာ။ငါ ထပ္မေတြးတာဘဲေကာင္းတယ္။

အေတြးလြန္ေစမည့္ကိစၥကိုထပ္မေတြးတာေကာင္းတာမို႔ မိုးလည္း စိတ္ထဲမွာ သံသယမ်ားစြာရွိေပမဲ့ လစ္လ်ဴသာ႐ူလိုက္ပါေတာ့သည္။

ႏူတ္ခမ္းကိုကိုင္ထားရင္း တစ္ခုခုကိုသံသယရွိေနသလိုျဖစ္ေနသည့္ ေဘးမွ အေကာင္ေသးပုံကိုၾကည့္ကာ စီးကရက္ကို႐ူရိူက္ၿပီး မသိမသာ ေခ်ာင္းဟန့္ ဟန္ေဆာင္ေနမိပါေတာ့သည္။

ႏွိုင္း၏စိတ္ထဲမွ အေကာင္ေသးရဲ႕ႏူတ္ခမ္းကပိုင္ရွင္လိုဘဲ ႏူးညံ့လိုက္တာ လို႔ ေတြးလ်က္ရွိေနပါသည္။
......... ......... ..........

"ႏွိုင္း....မင္း ဆိုင္ကယ္ကိုျဖည္းျဖည္းေမာင္းလို႔မရဘူးလား "

ကိစၥေတြေျပလည္သြားသည့္ အခ်ိန္မွစ မိုး အရင္လိုဘဲ ႏွိုင္းအေပၚ ေပါ့ေပါ့ပါးပါးသာဆက္ဆံပါေတာ့သည္။

ဒီေန႕လည္း မေန႕ညက ေနာက္က်မွအိပ္ခဲ့ျခင္းအက်ိဳးေၾကာင့္ မနက္ေက်ာင္းေနာက္က်၍ ႏွိုင္းႏွင့္အတူ ေက်ာင္းသို႔အမွီလာရာလမ္းတြင္ မိုး ဝိဥာဥ္လႊင့္မတတ္ျဖစ္ခဲ့ရသည္အထိ ႏွိုင္း ဆိုင္ကယ္ေမာင္းၾကမ္းသည့္အေပၚ ေျပာျပေနျခင္းျဖစ္၏။

"ကြၽန္ေတာ္သာ အခုလိုမေမာင္းရင္ ခင္ဗ်ား ေနာက္က်ေနၿပီ သိလား "

ႏွိုင္းအသံ စူးစူးေၾကာင့္ ျဖတ္သြားသည့္ေက်ာင္းသားတိုင္း မိုးတို႔ကိုလွည့္ၾကည့္လွည့္ၾကည့္ရင္း ရွိေနတာေၾကာင့္_

"ႏွိုင္း ေက်ာင္းသားေတြေရွ႕မွာဆို ငါ့ကို ခင္ဗ်ားခင္ဗ်ားနဲ႕မေခၚပါနဲ႕လား "

"ဘာလို႔လဲ "

"ကေလးေတြၾကားရင္မေကာင္းဘူး နည္းနည္းရိုင္းရာက်လားလို႔ "

"အဲ့ေတာ့ ဘယ္လိုေခၚရမွာလဲ "

"ငါ့နာမည္ေခၚေလ "

".....ခင္ဗ်ား နာမည္...."

ေတြေဝသလိုျဖစ္သြားသည့္ ႏွိုင္းေၾကာင့္ မိုး မ်က္ခုံးပင့္မိကာ_

"ဘာလဲ...မင္း ငါ့နာမည္မမွတ္မိတာေတာ့မဟုတ္ဘူးမလား "

"ဘာလို႔ မမွတ္မိရမလဲ အဘိဓာန္မိုးမလား"

"သိေနရဲ႕သားနဲ႕...မိုး...လို႔ေခၚ "

"မေခၚဘူး "

"ဘာလို႔လဲ "

"အဲ့နာမည္က ကြၽန္ေတာ္ေခၚဖို႔အတြက္သတ္မွတ္ၿပီးသားလူရွိတယ္ "

မိုးသည္ ႏွိုင္းနဖူးကို မေခါက္မိ႐ုံတမယ္ လက္ကိုဆတ္ခနဲျပန္႐ုတ္လိုက္ရ၏။

လူဘဲ ေလာကမွာ နာမည္တစ္ေယာက္မဟုတ္တစ္ေယာက္ေလာက္ကေတာ့ အနည္းဆုံးတူညီၾကမွာဘဲေလ၊ဒါကို သူသတ္မွတ္ထားတဲ့လူအတြက္နဲ႕ဘဲ က်န္တဲ့ မိုးနာမည္ပါသူတိုင္းက အမည္မတပ္ခံရေတာ့ဘူးတဲ့လား။

ႏွိုင္းက အဲ့လိုဘဲ အတၱႀကီးလြန္းလို႔ မိုးလည္း ၿပိဳင္မျငင္းခ်င္ေတာ့ပါ။

"ဒါဆိုလည္း မင္းႀကိဳက္သလိုေခၚ၊ေၾသာ္...ဒါနဲ႕ မင္းအသက္က..."

"ဘာလုပ္ဖို႔ ေမးတာလဲ "

"သိခ်င္လို႔ေပါ့ "

".....ႏွစ္ဆယ့္ႏွစ္ "

ႏွိုင္းရဲ႕ အသက္က မိုးထက္ရွစ္နစ္နီးပါးေလာက္ႀကီးေတာင္ငယ္ေနတာမို႔ မိုးေခတၱမွ်ေတာ့ အံ့ၾသသြားမိ၏။

ႏွိုင္းမေျပာျပေသးမွီအခ်ိန္ထိ ႏွိုင္းကိုမိုးႏွင့္ ႐ြယ္တူဟုသာထင္ေနမိအုံးမည္ျဖစ္သည္။ဒါေၾကာင့္ သူလုပ္သမွ်ၿငိမ္ခံေနရျခင္းျဖစ္သလို...ျပန္ေတြးၾကည့္ခါမွ ႏွိုင္း မိုးအေပၚ အနိုင္က်င့္ခဲ့တာေတာ္ေတာ္မ်ားခဲ့သည္ ဒီတစ္ခါမွာေတာ့ မိုးက ႏွိုင္းထက္ႀကီးမွန္းသိခဲ့ရၿပီဆိုေတာ့ ႏွိုင္းျပဳသမွ်ၿငိမ္ခံစရာမလိုေတာ့။ဒါမိုးအတြက္ ေကာင္းျခင္းမဟုတ္လား။

"ႏွစ္ဆယ့္ႏွစ္ မင္းငါ့ထက္ငယ္သားဘဲ "

မိုးရဲ႕အသံက ေက်နပ္မူ႕ေတြနဲ႕ျပည့္ေနမွန္း နားေထာင္သူတိုင္းရိပ္မိနိုင္သည္။

"ခင္ဗ်ားကဘယ္ေလာက္မို႔လဲ "

"ငါက သုံးဆယ္ရွိေနၿပီ၊အင္...မင္းေနာ္ မင္းထက္ႀကီးတဲ့သူကို ရိုရိုေသေသဆက္ဆံ "

"မျဖစ္နိုင္တာ...ခင္ဗ်ား႐ုပ္က ဆယ့္ရွစ္ႏွစ္ေတာင္မျပည့္ေသးတဲ့႐ုပ္နဲ႕ "

"ဘာလာေစာ္ကားေနတာလဲ ဆယ့္ရွစ္ႏွစ္မျပည့္ဘဲ ေက်ာင္းဆရာျဖစ္မလား "

"အဲ့ေၾကာင့္မို႔ေပါ့ ေက်ာင္းသားနဲ႕ဆရာ အၿမဲမွားမွားေနၾကတာ "

ႏွိုင္းတိုးတိုးေလး ေလွာင္လိုက္တာမို႔ မိုးမၾကားလိုက္ပါ။

ႏွိုင္းစိတ္ထဲမွာေတာ့ 'မိုးကသူ႕ထက္ႀကီးလည္းဘာျဖစ္လဲ မိုးနဲ႕သူယွဥ္ရင္ ႐ုပ္ပိုင္းဆိုင္ရာေကာစိတ္ပိုင္းဆိုင္ရာမွာ ႏွိုင္းကအသာႀကီးဘဲ'ဟုေတြးကာ မိုး ႏွိုင္းထက္ခုႏွစ္နစ္ႀကီးသည့္အေပၚ အေရးမလုပ္ခဲ့။အေကာင္ေသးကိုၾကည့္ရတာေတာ့ ဒီကိစၥအေပၚ ေက်နပ္ေနသလိုဘဲ။

"အေတာ္ဘဲ...အဆင္ေျပသြားတာေပါ့၊မင္းငါ့နာမည္မေခၚခ်င္ဘူးမလား ဒါဆို ငါ့ကို အကိုႀကီးလို႔ေခၚ "

"႐ူးေနလား "

"ဟာ...မင္း အႀကီးကိုအဲ့လိုေျပာရလား၊လုပ္ပါ ေခၚၾကည့္ "

"က်စ္*....မ....ေခၚ....နိုင္....ဘူး....."

တစ္လုံးျခင္းေျပာၿပီး ဆိုင္ကယ္ကို ခ်ာခနဲလွည့္ကာ ေမာင္းထြက္သြားသည့္ ႏွိုင္းကိုၾကည့္ၿပီး မိုး လွ်ာထုတ္ေလွာင္ျပ႐ုံသာတတ္နိုင္ေတာ့သည္။

"လုပ္ထားေပါ့ႏွိုင္း မင္းတစ္ရက္မဟုတ္တစ္ရက္ေတာ့ ငါ့ကို အကိုႀကီးလို႔ေခၚလာရမွာဘဲ၊မင္းငါ့အေပၚ လုပ္ထားခဲ့တာေတြအတြက္ ျပန္ခံေစ...ဟြန့္..."

ေက်ာင္းထဲသို႔ ေက်ေက်နပ္နပ္ႀကီး ဝင္သြားသည့္ အေကာင္ေသးကို အေဝးမွလွမ္းၾကည့္လ်က္ရွိေနေသးသည့္ ႏွိုင္းတစ္ေယာက္ အေကာင္ေသးေခါင္းထဲဘာေတြမ်ားေတြးေနခဲ့သည္ကို ရိပ္မိသလိုေတာ့ရွိ၏။

ေသခ်ာတာကေတာ့ ခင္ဗ်ား ေတြးတာဘာမွျဖစ္လာမွာမဟုတ္ဘူး။ကြၽန္ေတာ္ခင္ဗ်ားနာမည္ကိုလည္းမေခၚနိုင္သလို ခင္ဗ်ားကိုအကိုႀကီးလို႔လဲေခၚမွာမဟုတ္ဘူး။စိတ္ကူးယဥ္ၿပီးၿပဳံးေနတာရပ္လိုက္ေတာ့ အဘိဓာန္မိုး။

အေကာင္ေသးအေပၚ ထူးဆန္းသည့္ခံစားခ်က္မ်ားျဖစ္ေနသည့္ ႏွိုင္း အဲ့လိုခံစားခ်က္မ်ား ဘာေၾကာင့္ေပၚေပါက္လာသည္ကို ထိုေန႕ညက အေျဖရွာၾကည့္ခဲ့ပါသည္။အေကာင္ေသး အေမွာင္ေၾကာက္တာကိုအခြင့္ေကာင္းယူၿပီး ႏွိုင္း ရရွိသည့္အခြင့္အေရးျဖင့္ အေကာင္ေသးအေပၚ ဘယ္လိုခံစားခ်က္မ်ားရွိသည္ကိုေဖာ္ထုတ္ခဲ့သည္။ထိုသို႔အေျဖရွာခဲ့ခ်ိန္ ႏွိုင္း ေကာင္းတာတစ္ခုသိခဲ့ရတာက ႏွိုင္း အေကာင္ေသးအေပၚ မရိုးသားစိတ္မရွိဆိုတာပင္။

ဒါကို ဘာလို႔တပ္အပ္ေျပာနိုင္လဲဆို ထိုေန႕ည ႏွိုင္းေသခ်ာေအာင္ အေကာင္ေသး၏ ႏူတ္ခမ္းကိုနမ္းၾကည့္ခဲ့သည္။ထင္ထားတဲ့အတိုင္း ဘာခံစားခ်က္မွမရရွိခဲ့တာမို႔ ႏွိုင္း အခုလိုထူးဆန္းတာေတြျဖစ္ေနတာ အေကာင္ေသးကိုႀကိဳက္လို႔ေျပာင္းလဲေနတာမဟုတ္မွန္း သိလိုက္ရျခင္းျဖစ္၏။

ဒါဆို ဘာလို႔ ႏွိုင္းအခုလိုေတြေျပာင္းလဲေနတာလဲဆိုသည့္အေမးေပၚ အမွန္တိုင္းဝန္ခံရလွ်င္ ႏွိုင္းလည္း အေျဖမထုတ္နိုင္ေသးပါ။အခ်ိန္ေတြအမ်ားႀကီးက်န္ေသးတာမို႔ ႏွိုင္းျဖည္းျဖည္းခ်င္းသိရေအာင္ ေဖာ္ထုတ္မည္ဟု ကိုယ့္ကိုယ္ကိုကတိေပးသည္။

အခုေတာ့ အေကာင္ေသးေက်ာင္းထဲဝင္သြားၿပီမို႔ ႏွိုင္းလည္း လုပ္စရာရွိသည္ကိုလုပ္ရန္ ထိုေနရာမွ ေမာင္းထြက္လာခဲ့ပါေတာ့သည္။

Continue Reading

You'll Also Like

980 54 6
ဆုံတွေ့မှုတိုင်းမှာ ကံအ​ေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to
23.9K 1.3K 8
Myanmar × BL Uni/Zaw [ 5 ] Warning.... You're Killer, I'm Saver Season 2 Start Date: 12.5.2024 End Date: Photo Crd
4.2M 267K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9K 223 39
ဘုန်းထက်ကံသာ // နေသူရိန် ခါးသီးသော မျက်ဝန်းတစ်စုံကို အရိုးထဲနစ်အောင် ချစ်သည်။ ခါးသီးေသာ မၾက်ဝန်းတဈစုံကို အ႐ိုးထဲနဈေအာင် ခ်စ္သည္။