A LITTLE LOVE SONG {Complete}

De eimon2003

17.5K 2.1K 103

Author(s) Mo Chen Huan 莫晨欢 Year 2017 Status in COO 47 Chapters + 2 Extras (Completed) Genre Comedy Romance S... Mais

မိတ်ဆက်
အခန်း 1
အခန်း2
အခန်း 3
အခန်း4
အခန်း5
အခန်း6
အခန်း7
အခန်း 8
အခန်း 9
အခန်း 10
အခန်း 11
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17
အခန်း 18
အခန်း 20
အခန်း 21
အခန်း22
အခန်း 23
အခန်း 24
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 40
အခန်း 41
အခန်း 42
အခန်း 43
အခန်း 44
အခန်း 45
အခန်း 46
အခန်း 47(end)
အခန်း 48 (extra မင်းရဲ့ရည်းစားက မင်းကိုထောက်ပံ့ဖို့ ပိုက်ဆံရှာတော့မယ်။)
အခန်း 49(part 1)
အခန်း 49 extra (part 2) THE END

အခန်း 19

280 39 0
De eimon2003


အခန်း 19

စားပွဲအထက်မှ မီးလုံးအလင်းတန်းများဖြင့် လင်းထိန်နေသော်လည်း စားပွဲအောက်တွင် အရိပ်ကျနေ၍ အနည်းငယ်မှောင် နေသည်။ ရှောင်ပေါ်ဟန်၏ မျက်နှာသည် အရိပ်ထဲတွင် ဖုံးကွယ်ထားသည်။ ‌နင်အာ က ငုံ့ကြည့်လိုက်တော့ သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း  - "... မင်းဘာလို့ ငါ့နား တိုးလာတာလဲ"

တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရတယ်...

‌နင်အာ  မသိစိတ်ဖြင့် သူ့ခြေထောက်တွေကို ပြန်ဆုတ်လိုက်၏။

ရှောင်ပေါ်ဟန် သည် လက်တစ်ဖက်တွင် ဘောပင်ကိုကိုင်ထားကာ ဒူးတစ်ဖက်ထောက်လျက် စားပွဲတစ်ဝက်ကိုဖြတ်ပြီး နင်အာဘက်သို့ ရောက်လာသည်။

သူ့မျက်လုံးတွေက ‌နင်အာ၏ခြေထောက်တွေကို ကပ်ထားလုနီးပါးဖြစ်နေ၏။သူကောက်ကိုင်လိုက်တဲ့ ဘောပင်က ဒီလောက်ကြီးမားတဲ့ စားပွဲကြီးကို ဖြတ်ကျော်သွားနိုင်တာကို ‌နင်အာ အံ့သြသွားသည်။ ရှောင်ပေါ်ဟန် သည် သူ၏ ခြေထောက်နှင့် နီးကပ် နေလွန်းသောကြောင့်ရှောင်ပေါ်ဟန် ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ထိုင်ခုံ ပြန်ဆွဲထုတ်လိုက်သည်။

ရှောင်ပေါ်ဟန် အေးခဲသွား၍ သူပြန်မဖြေသည်ကိုမြင်တော့ ‌နင်အာ က "မင်းဘာဖြစ်နေတာလဲ" လို့ အသံတိုးတိုးနဲ့ ပြန်မေးလိုက်၏

သူပြောနေတဲ့အချိန်မှာ သူက ကုလားထိုင်ကို နောက်ပြန်ဆုတ်ရန် ခြေထောက်တွေကိုပြန် လှုပ်လိုက်၍ ဘောင်းဘီတိုက ထပ်ပြီး အပေါ်သို့တက် သွားသည်။

ရှောင်ပေါ်ဟန် သည် ထိုနေရာကို တည့်တည့်စိုက်ကြည့်နေရာ အဝေးသို့အကြည့်လွဲမနည်း အာရုံလွှဲခဲ့ရသည်။သူ မတ်တပ်ထရပ်မှီ အနည်းငယ်တုံ့ဆိုင်းသွားကာ ထိုင်ခုံပေါ်ပြန်ထိုင်ပြီးနောက် မျက်လုံးများက မမြင်နိုင်တော့သည့် စားပွဲအောက်တွင် ဝှက်ထားသော  ခြေထောက်လှလှလေးကို နှစ်ခါပြန်ငုံ့ကြည့်ဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် ရှောင်ပေါ်ဟန် သည် လေးနက်စွာကြည့်ကာ "ဘောပင်ကောက်တာ  လေ ဘာဖြစ်လို့တာလဲ"

‌နင်အာ က သူ့ယုံကြည်မှုရှိတဲ့လေသံကြောင့် အနည်းငယ် စိတ်ရှုပ်သွားပြီး "မင်းက ဘာလို့ ဘောပင်ကို ကောက်လာပြီး ဒီနားထိ ကပ်လာတာလဲ။ "

ရှောင်ပေါ်ဟန် က ငြိမ်နေတယ် " ဘောပင်မင်း နားပြုတ်ကျသွားလို့ "

နင်အာ ဘောပင်က မြေပြင်ပေါ် ပြုတ်ကျသံကို ကြားလိုက်သော်လည်း ‌ သူ့နားထိ အဝေးကြီးသို့ ပြုတ်ကျလာ လိမ့်မည်လို့ မထင်ခဲ့မိပေ ။

    " မင်း ဒီတိုင်းကောက် ရရဲ့သားနဲ့ ငါ့ပေါင်နားထိ မျက်နှာကြီးရောက်လာတဲ့အထိ ဒူးထောက်ပြီး ဘာလို့ ကောက်တာတုံး... တကယ်ရှက်စရာကြီး!"

နင်အာမျက်နှာ အနည်းငယ်ပူလာသည်။

သူငုံ့ကြည့်လိုက်သောအခါ ရှောင်ပေါ်ဟန်၏ မျက်နှာက သူ့ပေါင်တွေနားကို ရောက်နေမယ်လို့  မမျှော်လင့်ထားအေ။ ဒီနေ့ သူ့ဝတ်ထသည့် ဘောင်းဘီက သိပ်မရှည်၍ ရှောင်ပေါ်ဟန် ကသာ  သူ့နားကို ဆယ်စင်တီမီတာလောက် တိုးလာလျှင်ပင် သူ့ခြေထောက်နှင့် နမ်းမိတော့မယ်ပင်။

   

‌နင်အာ : "မင်းငါ့ကိုပြောပြီး  ကောက်ခိုင်းလိုက်တာ မဟုတ်ဘူး။  ဒီလိုအနေအထားကြီးက အဆင်မပြေဘူး"

နောက်ဆုံးတော့ ရှောင်ပေါ်ဟန်ကလည်း ငယ်ရွယ် နေသေးသည်ပင်။ ရှောင်ပေါ်ဟန် ရဲ့ မျက်နှာက ဘယ်လောက်ပဲအရည် ပိုထူနေပါစေ ဒီလို ပြောခံရတာကို ကြုံလာရချိန်မှာတော့ သူ နေရခတ်နေခဲ့၏။ထို့ပြင် သူ၏ ယခုလိုပုံစံအား ‌နင်အာကို မြင်စေမိခဲ့တဲ့အတွက် အနည်းငယ်ရှက်နေမိသလို နောင်တရ နေမိခဲ့သည်။

အကယ်၍ ရှောင်အာ့ကသာ သည် အနည်းငယ် ရှာဖွေတွေ့ရှိခဲ့ပါက သူ နောက်ထပ်မြင်တွေ့နိုင်ပေလိမ့်မည်မဟုတ်...

" ရှောင်ပေါ်ဟန်?"

ရှောင်ပေါ်ဟန် သည် သူ ၏ အတွေးလွန်နေရာမှ ချက်ချင်းပြန်လည်လက် တွေ့သို့ရောက်ရှိလာသည်။ သူ၏ညစ်ညမ်းသောအတွေးများကို ဖုံးကွယ်ကာ လေးလေးနက်နက်ပြောခဲ့သည် "ငါ မင်းကို ဒုက္ခမပေးချင်လို့"

‌နင်အာ က "ဟမ်?"

ရှောင်ပေါ်ဟန် က ခေါင်းညိတ်ပြပြီး "မင်းက စာတွေ အရမ်းကြိုးစားနေတာလေ။ ဒါပေမယ့် ငါကအားယားနေတာကို မင်ကို ဘယ်လိုလုပ် ဘောပင်ကောက်ခိုင်းရမှာလဲ အဲ့သလိုသာ ငါက ခိုင်းလိုက်ရင်ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ"

‌နင်အာ က ဆွံ့အသွားသည်ယ

ရှောင်ပေါ်ဟန် က ငါ့ကို ဒုက္ခမပေးချင်ဘူးပေါ့ ဟုတ်လား?

သူ့အင်္ဂလိပ်အိမ်စာကိုသာ ကူးယူမည်ဟု ရှင်းရှင်းလင်းလင်း သဘောတူထားသော်လည်း ရလဒ်မှာတော့
နိုင်ငံခြားဘာသာစကားသည် လစ်ဘရယ်၊ သမိုင်းနှင့် materializes politics အကုန်မကျန်ကို အားလုံး ကူးထားတာလေ။

သို့သော် ‌နင်အာ သည် သူ၏ ခေါင်းမော့ ကြည့်လိုက်သောအခါ  ရှောင်ပေါ်ဟန် ၏ ဖြောင့်မတ်ပြီး အံ့သြထိတ်လန့်ဖွယ် အကြည့်ကို ကြည့်ပြီး အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။

သူ တကယ်ပဲ အတွေးလွန်နေတာလား ?

ရှောင်ပေါ်ဟန် က ဘောပင်ကို ကောက်ဖို့ ပဲပေါ့။

‌နင်အာ သည် သူ၏  မညီညွတ်သော အတွေးများကြောင့် ရှက်သွားသည်။ သူက ခေါင်းငုံ့ပြီး စကားပြောတာကို ရပ်လိုက်ပြီးစာရေးဖို့ အာရုံစိုက်လိုက်၏။

ရှောင်ပေါ်ဟန် ရုတ်တရက်စိတ်ငြိမ်သက်လာပြီး အောက်ကိုတဖန် ငုံ့ကြည့်လာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ဖာသာ တိတ်တဆိတ် စာပြန်ရေးလာသည်။

နောက်ထပ် ဆယ်မိနစ်ကြာသွား၏။

"ချက်။"

‌နင်အာ က အံ့သြတကြီးနဲ့ ခေါင်းမော့ကြည့်လိုက်သောအခါ ရှောင်ပေါ်ဟန် က သူ့မျက်နှာကို လေးလေးနက်နက် ကြည့်ပြီး "ဒီနေ့ ဘောပင်ကို လှည့်ရတာ အဆင်ကိုမပြေဘူး ၊ ထပ်ကျသွားပြန်ပြီ " လို့ပြောပြီး ဘောပင်ကို ကောက်ဖို့ ငုံ့လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ရှောင်ပေါ်ဟန် သည် ဘောပင်ကိုကိုင်ကာ ‌နင်အာ၏ ပေါင်တံများ ထံသို့ တည့်တည့်သွားကာ  ချဉ်းကပ်ခဲ့သည်။သို့သော် သူသည် စင်တီမီတာအနည်းငယ်‌ေလာက်သာ ကျန်တဲ့အထိ နီးလာကာ  မော့ကြည့်လိုက်သောအခါတွင် နင်အာ က သူ့ကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

‌နင်အာ : "..."

ရှောင်ပေါ်ဟန် : "..."

‌နင်အာ က ရှောင်ပေါ်ဟန် က သူ့လက်ထဲက ကောက်ထားပြီးသား ဖြစ်နေတဲ့ ဘောပင်ကို ကြည့်ပြီး တစ်ခုခု မှားနေတာကို ရိပ်မိသွားသည်- "ဘောပင်... ဘောပင် ပြုတ်ကျသွားတာက ဒီကိုထပ်ရောက်ပြီလား?"

ရှောင်ပေါ်ဟန် က သီးလုမတတ် ချောင်းဆိုးလိုက်ပြီး စားပွဲအောက်မှာဘဲ "ဒီတစ်ခါက ဟန်ချက်ပျက်သွားလို့ မတော်တဆ နည်းနည်းစောင်းသွားတယ်"

‌နင်အာ: ". . . "

ရှောင်ပေါ်ဟန် က ဘာလို့ သူ့နားဘဲ ဘာလို့ ကပ် ချင်နေတာလဲ ?

‌နင်အာ သည် ဤအဖြေအတွက် မည်သည့်အခါမျှ အဖြေမရနိုင်။

နောက်တစ်နေ့တွင် ကျောင်းသားအားလုံး ကျူရှင်ခပေးဆောင်ရန်နှင့် အတန်းစာရင်းများကို စစ်ဆေးပြီး နွေရာသီအိမ်စာများကို ပေးအပ်ရန် ကျောင်းသို့သွားကြသည်။ ယခုအချိန်မှစ၍ ရှောင်ပေါ်ဟန် သည် အိမ်စာလုပ်ရန် အတွက် သူ့အိမ်သို့ လာရန် အ ကြောင်း မရှိ တော့ပေ။

မနက်စောစော ‌နင်ပါးပါးက ‌နင်အာ ကို ကျောင်းလိုက်ပို့ပြီး ကျူရှင်ခပေးလိုက်၏။ ‌နင်အာ နှင့် နင်ပါးပါးတို့သည် အတန်းစာရင်းကြည့်ရန် ကျောင်းသင်ပုန်းကြီးသို့သွားကြသည်။

အတန်း ၁၂ မှ ကျောင်းသား လေးဆယ့်ခြောက်ယောက်တွင် နင်အာအမည် မရှိ။

သူတို့ပြန်ကြည့်လိုက်တော့ Class 13 ကိုတွေ့လိုက်ရ၏...

ဒုတိယနာမည်က ‌နင်အာ!

အထူးကြပ်မတ် စာသင်ခန်းထဲဝင်ပြီးနောက် ထိပ်တန်းတက္ကသိုလ်တစ်ခုတက်ဖို့ မျှော်လင့်ချက် ပိုရှိလာသည်။နင်ပါးပါး သားဖြစ်သူကို ပခုံးပေါ် သို့ ပျော်ရွှင်စွာ ပွတ်သပ်ရင်း "ကောင်းပြီ၊ မင်းမားကို မင်းကိုဂုဏ်ပြုဖို့ ဒီည ဟင်းကောင်းတွေ ချက်ခိုင်းရအောင်။ ဟမ်? ရှောင်အာ့ ဘာကြည့်နေတာလဲ၊ ”

‌နင်အာ ၏ မျက်လုံးများသည် အတန်း 13 စာရင်း၏ ထိပ်သို့သာ စိုက်ကြည့်လျက် နှုတ်ခမ်းများ နီမြန်းနေသည်။

နင်ပါးပါးက သူ့နောက်ကို လိုက်ကြည့်ပြီး " အိုး၊ ဒါက ရှောင်ဟန် မဟုတ်ဘူးလား။ သူက သားနဲ့ အတန်းအတူတူထဲမှာပဲ  သူကအရမ်းတော်တယ်။ ရှောင်ဟန် နဲ့ သူ့အဖွားတို့ ဒီည ပါးတို့အိမ်ကို ညစာလာစားဖို့ ဖိတ်မလား၊ မင်းတို့နှစ်ယောက်လုံး နောက်ဆုံးစာမေးပွဲမှာ တကယ် ကောင်းကောင်း ဖြေခဲ့ကြတာပဲ၊ အခု ဆို အတန်း တောင်အတူတူတက်ကြရ‌ တော့မယ်"

‌နင်အာ က ခေါင်းတွေမူးလာပြီး ငိုက်စိုက်နဲ့သာ ခေါင်းညိတ်ပြလိုက်၏။

နင်ပါးပါးက သူ့ကို ဘက်ထရီကားနဲ့ အိမ်ပြန်မောင်းလာပြီးနောက် ရုတ်တရက် သူ အသိစိတ်ပြန်ဝင်သွား၏ - သူက ရှောင်ပေါ်ဟန် နဲ့ အတန်းအတူတူတက်ရတော့မယ်။

ရှောင်ပေါ်ဟန် နဲ့  အတန်း တစ်ခုထဲမှာ...

‌နင်အာ က သူရဲ့ နှလုံးသားထဲက ပျော်ရွှင်မှုတွေကို ဖုံးကွယ်မထားနိုင်ဘဲ သူရဲ့ ပါးစပ်ထောင့်တွေကို မြှောက်လိုက်ပြန်၏။

တစ်ချိန်တည်းမှာပင်၊ ယန်ကျုံ စာစောင်သင်ပုန်းကြီးရှေ့တွင် အဖြူရောင်တီရှပ်ဝတ်ထားသော အရပ်ရှည်ရှည် ချောမောသည့်ကောင်လေးတစ်ယောက်က သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ရပ်နေသည်။အထက်တန်းကျောင်း 13 တန်း ကျောင်းသားစာရင်းကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးများသည် ထိပ်ဆုံးနာမည်နှစ်ခုကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် အေးစက်သောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသဖြင့် သူ့ကို ပို၍ပင် ချောမောပြီး ဆွဲဆောင်မှုရှိစေသည်။

ကျန်းချန် က " ရှောင်ပေါ်ဟန် ၊ မင်းက တကယ်ပဲ အထူးတန်း ထဲ ဝင်သွားပြီပဲ ... အိုး ရှောင်အာ့ ကလည်း မင်းနဲ့ အတူတူ ပဲ။ တိုက်ဆိုင်လိုက်တာ။နောက်ဆုံးတော့ မင်းတို့ နှစ်ယောက် အတူတူ ပြန်တက်လို့ ရပြီပေါ့ "

ရှောင်ပေါ်ဟန် က အရမ်း ကျန်းချန် နှင့် မရင်းနှီးသော်လည်း စိတ်အားထက်သန်ပြီး စကားပြောကောင်းသောကြောင့် ကျန်းချန် နှင့် စကားအနည်းငယ်ပြောရန် ဆန္ဒရှိနေသည်။ သူသည် သူ့လက်ကို အိတ်ကပ်ထဲမှ ထုတ်ကာ စာရင်း၏ ထိပ်ကို ညွှန်ပြပြီး သူနှင့် နင်အာ၏ အမည်များကို စက်ဝိုင်းပုံဆွဲလိုက်သည်။

"ကြည့်၊ နင်အာနဲ့ ငါ့နဲ့  ငါတို့နာမည်တွေက ရှေ့ဆင့်နောက်ဆင့်ပဲ။" သူ့လေသံတွင် ဂုဏ်ယူမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။

ကျန်းချန် က ခေါင်းညိတ်ပြသည် - "ဒီတစ်ခါ အတန်းစာရင်းက နောက်ဆုံး semester စာမေးပွဲရဲ့ အောင်စာရင်းကို အခြေခံထားတာလေ။ မင်းက မင်းအတန်းထဲမှာ ပထမရပြီး ‌နင်အာ က စတုတ္ထ။ ဒုတိယနဲ့ တတိယကတော့ အတန်း 12 မှာ ဖြစ်လို့၊ နှစ်ယောက်လုံးက နာမည်ရှေ့ဆင့်နောက်ဆင့်ပဲ။”

ရှောင်ပေါ်ဟန် သည် ကျန်းချန်က အဓိကအချက်ကို နားမလည်နိုင်သဖြင့် “ငါက ရှောင်အာ့ ရဲ့အပေါ်မှာ လေ”

ကျန်းချန် : “ဟုတ်တယ်၊ မင်း ပိုမြင့်တယ်။ သူ့ထက် အမှတ်များလို့ မင်းက သူ့အထက်မှာ ရှိတာလေ။"

ရှောင်ပေါ်ဟန် စိတ်ရှည်ရှည်နဲ့ ပြန်ပြော၏ " ငါ့နာမည်က ‌နင်အာ ရဲ့အပေါ်မှာရှိနေတာတွေ့လား "

ကျန်းချန် က ရှောင်ပေါ်ဟန် ရဲ့ ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်လိုက်သည် " ...  ငါသဘောပေါက်ပြီ မင်းအဆင့်တွေက ‌နင်အာ ထက် ပိုကောင်းလို့  ချီးကျူးစေချင်တာ လား?။"

ရှောင်ပေါ်ဟန် : "... "

ဒါ သူလိုချင်တာ လုံးဝမဟုတ်ဘူး ။ ! !

ညနေပိုင်းတွင် ရှောင်ပေါ်ဟန် နှင့် ဖွားဖွား ရှောင် တို့သည် ဖိတ်ကြားချက်ကို လက်ခံပြီး ‌နင်အာ ၏အိမ်သို့ ညစာအတူစားကြသည်။

အရွယ်ရောက်ပြီးသူ သုံးဦးသည် ရှောင်ပေါ်ဟန်နှင့် နင်အာတို့ ၏တစ်ဖက်တွင် ထိုင်လျက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။ ညစာစားပြီးနောက် ရှောင်ပေါ်ဟန် သည် လက်ကိုင်ဖုန်းကို ထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်သည် "ကြည့်"

‌နင်အာ ကထို စကားကိုကြားပြီး ငုံ့ကြည့်ကာ "မင်းလည်း ဒီဓာတ်ပုံကို ရိုက်ခဲ့သေးတာလား"

ရှောင်ပေါ်ဟန် က  နှစ်ယောက်သား၏ နီးကပ်နေတဲ့ နာမည်တွေကို ညွှန်ပြသည်။ ၊ ဒီတစ်ခါတော့ သူမယ နည်းနည်း ထက်မြက်သွားပြီး " ငါတို့ နာမည်တွေက တစ်ခုနဲ့ တစ်ခု နီးစပ်တယ်နော် "

‌နင်အာ က သူမ ခေါင်းကို တိုက်ရိုက်ငုံ့လိုက်ပြီး သူရဲ့ အသံက "ငါသိပါတယ် ငါ့ရဲ့ပြီးခဲ့တဲ့ semester ထက် ပိုကောင်းပေမယ့် ဒီစာသင်နှစ်မှာ ငါ ဆက်ပြီး ကြိုးစားသွားမှာ။"

ရှောင်ပေါ်ဟန် : "..."

သူ ဒီလောက် အချက်ပြနေတာကို ရှောင်အာ့ က ဘာလို့ မှားနေသေးတာလဲ။ ! !

ထိုညပြီးနောက်၊ ‌နင်အာ သည် စာသင်နှစ်အစတွင် ပထမလစဉ်စာမေးပွဲတွင် ရှောင်ပေါ်ဟန် ကို ကျော်တက်ရန် မျှော်လင့်ပြီး နေ့တိုင်း ပိုကြိုးစားကာ သင်ခန်းစာများကြိ ပိုမိုပြင်ဆင်ခဲ့သည်။

ရှောင်ပေါ်ဟန် သည် အလွန်ညှဉ်းပန်းနှိပ်စက်သော သုံးရက်ကို ဖြတ်သန်းခဲ့ရသည်။ သူသည် တံခါးတစ်ဖက်တွင် ‌နင်အာ နှင့် စကားပြောချင်တိုင်း နင်မားမားက ပြုံးပြကာ "ရှောင်အာ့က လေ့ကျင့်ခန်းလုပ်နေတယ် လေ။ ရှောင်ဟန်ပယ၊ မင်းလည်း လေ့ကျင့်ခန်းလုပ်ချင်တာလား

ရှောင်ပေါ်ဟန် သည် ‌နင်အာ၏ အခန်း အတွင်းသို့ ဝင်ရောက်ရန် ပိုမိုခက်ခူသွားသည်။

သုံးရက်ကြာပြီးနောက် ယန်ကျုံ တွင်ကျောင်းပြန်ဖွင့်ခဲ့သည်။

တစ်ရက်လျှင် အတန်းရှစ်တန်းရှိပြီး အတန်းတစ်ခုစီသည် အတန်းအစည်းအဝေးများအတွက် မတူညီသောအချိန်ရှိသည်။အချို့အတန်းများသည် စာဖတ်အတန်းထက်စောပြီး အတန်းအစည်းအဝေးများရှိပြီး အချို့အတန်းများတွင် ပထမအတန်းချိန်ပြီးမှသာ အတန်းအစည်းအဝေးများရှိသည်။

ထိုင်ခုံတွေ မသတ်မှတ်ရသေးတဲ့အတွက် ကျောင်းသားတွေ အားလုံး ထိုင်ခုံရှာပြီး ကြုံသလို ထိုင်ကြ၏။ ‌နင်အာ နှင့် ရှောင်ပေါ်ဟန် တို့ အတူတူထိုင်ကြသည် ။ထို့အပြင် အတန်း 13 တွင် ခေတ္တတက်နေသော ကျောင်းသား ရှစ်ယောက် ရှိသည်။ ကျန်ကျောင်းသား များသည် အထက်တန်း ပထမနှစ်က အတန်းဖော်များ ဖြစ်သည်။

အတန်း 13 မှ ကျောင်းသားများသည် မနက်စာဖတ်သည့်အတန်းတွင် အတန်းဆရာက အတန်းအစည်းဝေးမကျင်းပနိုင်မည်ဟု မမျှော်လင့်ထားကြပေ။

မနက်ခင်းစာဖတ်သင်တန်းပြီးနောက်၊ ရှောင်ပေါ်ဟန် သည် အတန်း 6 ၏ဘုရင်ဟောင်းလေးပါးမှခေါ်ထုတ်ခဲ့ပြီး တနင်္ဂနွေတွင် ဘောလုံးကစားရန်ချိန်းဆိုခဲ့သည်။ ဤအခိုက်အတန့်တွင် ဘေးအခန်းမှ ထိုင်ခုံများကို ချိန်ညှိရန် စတင်လာသည်ကို သူမြင်လိုက်ရသည်။ သူက ကျောင်းသားတစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး "မင်းတိ့ရဲ့အတန်းထဲမှာ ထိုင်ခုံတွေကို ဘယ်လိုစီစဉ်ထားလဲ"

ရုတ်တရက်‌ ကျောင်းပြောင်းလာတဲ့ ဘတ်စကတ်ဘောလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး နောက်ဆုံးစာမေးပွဲမှာ ပထမတန်းက ပထမရခဲ့တဲ့ ကျောင်းသား ဖြစ်သည့် ရှောင်ပေါ်ဟန် သည် ယန်ကျုံ တွင် ကျော်ကြား နေခဲ့ပြီး ဖြစ်ဥ ဤအတန်း ၁၂ မှ ကျောင်းသားသည် သူမည်သူဖြစ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ သူက "ငါတို့အတန်းကို အခြေခံအားဖြင့် တော့အဆင့်တွေအလိုက် စီစဉ်တာက များတယ်။ အထူးတန်းက အမြဲတမ်း ဒီပုံစံပဲ ငါ ဂျူနီယာတုန်းကလည်း ဒီလိုပဲ စီစဉ်ပေးခဲ့တာ။"

ရှောင်ပေါ်ဟန် ၏ မျက်လုံးများ တောက်ပလာကာ " ပထမအဆင့်က ဒုတိယအဆင့်နဲ့ကအတူ ထိုင်ရမှာလို့ ဆိုလိုတာလား”

ကျောင်းသားက ခေါင်းညိတ်သည်။

Continue lendo

Você também vai gostar

1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
12.7K 1.2K 49
「 မင်းကကိုယ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားရပါလေသောအိပ်မက်ကလေး။ ကိုယ်ကတော့တစ်ချက်ထိတွေ့လိုက်ရုံနဲ့ပြိုကွဲကြေသွားမယ့်နေမင်းကြီးပေါ့။ 」 မူရင်းစာရေး...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5K 649 9
fun translation story title: After playing the fool and marrying the blind villain chinese title:装傻和眼盲反派联姻后[穿书] Author: 惗肆 statu...