THE EMPRESS

By lvyYang

2.7K 644 91

๐Ÿ‘‘ Park Chanyeol + ๐Ÿ‘‘ Doh Kyungsoo More

๐Ÿ‘‘ 1
๐Ÿ‘‘ 2
๐Ÿ‘‘ 3
๐Ÿ‘‘ 5
๐Ÿ‘‘ 6
๐Ÿ‘‘ 7
๐Ÿ‘‘ 8
๐Ÿ‘‘ 9
๐Ÿ‘‘ 10
๐Ÿ‘‘11
๐Ÿ‘‘12
๐Ÿ‘‘ 13
๐Ÿ‘‘ 14

๐Ÿ‘‘ 4

163 43 7
By lvyYang

မင်းသားချန်းယောလ်အတွက် လန်နိုင်ငံတွင် နောက်ဆုံးအနားယူရမည့် ည ဖြစ်သောကြောင့် အစားအသောက်ဖြင့်ဧည့်ခံရင်း နိုင်ငံရဲ့ ရိုးရာအကနှင့်ပါဧည့်ခံသည်။ အထူးအစီအစဉ်အနေဖြင့် ပွဲတော်တည်နေချိန်တွင် ဗြက်စောင်းသံဖြင့် ဖျော်ဖြေသည်။ ဗြက်စောင်း သံကြောင့် မင်းသားပွဲတော်တည်နေရာကနေ လှမ်းကြည့်တော့ မိန်းမငယ်လေးတစ်ဦးက ဗြက်စောင်းကိုပိုင်နိုင်စွာ တီးခတ်နေတာတွေ့ရသည်။ ထို့နောက် မင်းသား၏ မျက်လုံးများက ခန်းမထဲလှည့်ပတ်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေမိသည်။ ထိုလူကို တော်တော်လေး မျက်မုန်းကျိုးမိသော်လည်း ထိုလူ၏ ဗြက်စောင်းသံကတော့ ဒီအသက်အရွယ်ထိ သူနားထောင်ဖူးသမျှ သံစဉ်တွေထဲ အသာယာအချိုမြိန်ဆုံးဖြစ်သည်။ တစ်ကြိမ်တစ်ခါနှင့်ပင် နားထဲစွဲသွားမိပြီး ထပ်ခါထပ်ခါပြန်နားယောင်ရင်း ထိုညက သူကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။ ထူးဆန်းစွာပင် ဒီတစ်ကြိမ်တော့ ထိုလူက မင်းသမီး ဆူမြောင်နားတွင်ရှိမနေခဲ့ပါ။

👑

"မနက်အရုဏ်မတက်ခင် ခရီးစလိမ့်မယ်
လမ်းခရီးမှာ အစစအရာရာသတိထားပါ သမီးတော်"

လန် မိဖုရားက မင်းသမီး ဆူမြောင်အတွက် ယူဆောင်သွားမည့် အထုပ်အပိုးများကို ပြင်ဆင်ပေးရင်း လမ်းခရီးနဲ့ပတ်သက်လို့ တဖွဖွ မှာလျက်ရှိသည်။ တကယ်တမ်းမှာ အဆောင်အယောင် များများစားစားယူမသွားလည်း အခက်အခဲတော့မရှိပါ။ မင်းသားရဲ့ကြင်ယာတော်လောင်းအနေနဲ့ ထိုအဆောင်အယောင်များကို လွယ်လင့်တကူ ရရှိနိုင်သည်။ သို့သော် မင်းသမီးမှာ သူကိုယ်တိုင်ပန်းထိုးထားသည့် ပုဝါ ခြုံထည်များနှင့် အလှအပ ပစ္စည်းများကို သယ်ဆောင်သွားလိုစိတ်ရှိနေ၍ မယ်တော်က အလိုလိုက်ကာ သိမ်းဆည်းပေးနေခြင်းဖြစ်သည်။

နိုင်ငံအတွက်ဆိုသည့် စကားတစ်ခွန်းနှင့် ခမည်းတော်စကားကို ခေါင်းငြိမ့်ခဲ့ရသည့် သမီးတော်အတွက် လန် မိဖုရားမှာ စိတ်မကောင်းဖြစ်ရုံကလွဲလို့မတတ်နိုင်။ သူတို့တိုင်းပြည်က အစစအရာရာ အဆင်ပြေပေမဲ့ အင်အားနည်းသေးသည်။ ချန်းနိုင်ငံကများ စစ်ချီလာရင် ညတွင်းချင်း လက်အောက်ခံအဖြစ် သိမ်းသွင်းခံရနိုင်မည့် အနေအထားသာရှိနေသေးသည်။ နောက်တက်လာမည့် အိမ်ရှေ့စံ သားတော်ကြီးအတွက်ရော မင်းသမီးငယ်တွက်ပါ ကောင်းစေဖို့ မင်းသားချန်းယောလ်၏ ကမ်းလှမ်းချက်ကို သူတို့ဝမ်းမြောက်စွာ လက်ခံခဲ့ရတော့သည်။

"မင်းသမီးကို ခစားမဲ့သူ တစ်ယောက်မှ ထည့်ပေးစရာမလိုဘူး" ဆိုသည့် မင်းသား၏ တစ်ချက်လွှတ်စကားကြောင့်လည်း မင်းသမီးက သံယောဇဉ်ရှိလွန်းသည့် ကိုယ်ရံတော်ကိုပါ ချန်လှပ်ထားခဲ့ရမည်ဖြစ်သည်။

"သမီးတော်....မနက်စောစောသွားရမှာမို့ စောစောအိပ်ဆောင်ဝင်ပါတော့"

"မယ်မယ်လည်း စောစောအနားယူပါ
သမီးတော်အတွက် စိတ်မပူပါနဲ့"

လန် မိဖုရား အဆောင်တော်ကို ပြန်ကြွသွားပြီးနောက် မင်းသမီးဆူမြောင်၏ အဆောင်တွင်လည်း မီးမှိတ်ကာ အိပ်ဆောင်ဝင်ကြသည်။ အကုန်လုံး ငြိမ်သက်တိတ်ဆိတ်သွားပြီး အချိန်အနည်းငယ်ကြာမှ မင်းသမီးအဆောင်နောက်ဘက်တွင် သေးငယ်သော လှုပ်ရှားမှုအရိပ်အယောင်မျိုး မသိမသာ တွေ့လိုက်ရပြီးနောက် ပြန်လည် ငြိမ်သက်သွားတော့သည်။

👑

နံနက်အရုဏ်မတက်မီအချိန်တွင် နန်းရင်ပြင်က မီးတိုင်များအားလုံး ထွန်းညှိထားပြီး ချန်းနိုင်ငံတော်သို့ ပြန်ကြမည့် မင်းသားချန်းယောလ်နှင့်တပ်ဖွဲ့ကို နှုတ်ဆက်ရန် လန် ဘုရင်ကပါ နန်းရင်ပြင်မှာရှိနေသည်။ နှုတ်ဆက်စကားမပြောမီ ချယ်ရီတန်းအလွန်က ဆုတောင်းစေတီကိုသွားပြီး လန် တိုင်းပြည်ရဲ့ ရတနာကို တစ်ဘဝလုံးတန်ဖိုးထားမည်ဖြစ်ကြောင်းနှင့် ပေးခဲ့သည့် ကတိများကို တည်မည်ဖြစ်ကြောင်း လန် တိုင်းပြည်ရဲ့ မြေကိုတိုင်တည်ကာ သစ္စာဆိုခဲ့ရသေးသည်။ မင်းသားချန်းယောလ်က ထိုကတိသစ္စာကို ထာဝရတည်သွားနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်လွန်းသူဖြစ်သည်။ ကိုယ့်အတွက် လိုအပ်သည့်အရာမို့ ခရီးရှည်နှင်ပြီး လာယူခဲ့ရသည့်ရတနာမို့ ဘာအကြောင်းနှင့်မှ စွန့်ပစ်မှာမဟုတ်။ မိုးမလင်းမီ စတင်ထွက်ခွာရမည်ဖြစ်သောကြောင့် လန်ဘုရင်ကို နှုတ်ဆက်စကားဆိုပြီးတာနှင့် သူတို့ စတင်ထွက်ခွာခဲ့ကြသည်။ မင်းသားချန်းယောလ် စီစဉ်ထားသည့်အတိုင်း မင်းသမီး ဆူမြောင်အတွက် အခစားဝင်မည့်သူ တစ်ဦးတစ်ယောက်မှ ခေါ်မသွားခဲ့ပါ။ မင်းသမီးရဲ့ ကိုယ်ရံတော်ကလည်း မင်းသမီးရထားလုံးပေါ် တက်ပြီးသည်အထိ အနားမှာရှိနေခဲ့ပါသည်။ ထိုအရာနှင့်ပတ်သက်လို့ မင်းသားချန်းယောလ်က လုံးဝ စိတ်အနှောက်အယှက်ဖြစ်မနေပါ။ သူ့အတွက် ထိုမြင်ကွင်းမျိုး မြင်နေရခြင်းက သည်တစ်ကြိမ် နောက်ဆုံးသာဖြစ်သည်။ ရထားလုံး၏ လိုက်ကာစလေး မချမီ မင်းသမီး ဆူမြောင်လက်ထဲ ထည့်ပေးလိုက်သည့် ဂန္ဓမာအဖြူများကိုလည်း သူသတိထားမိပါသည်။ ကိုယ်ရံတော်က ယနေ့ဝတ်ထားသော မီးခိုးရင့်ရောင် ဝတ်ရုံနှင့်လိုက်ဖက်စွာ တက်ကြွမှုမရှိဘဲ ဖျော့တော့လို့နေခဲ့သည်။ တန်ဖိုးထားရတဲ့သူကို သူတစ်ပါးလက်ထဲထည့်ပေးရခြင်းက ဒီလောက်တောင် ရင်နာစရာကောင်းလေသလား။ ချန်းနိုင်ငံမှာ နန်းတက်ဖို့လောက် ဘာကိုမှ စိတ်မဝင်စားသော မင်းသားကတော့ ထိုဖြစ်စဉ်ကို အဖြေထုတ်လို့မရနိုင်ဘဲရှိနေသည်။

👑

လန်နိုင်ငံကနေ ချန်း နိုင်ငံကိုပြန်ရောက်ဖို့ ပုံမှန်လမ်းကဆို လေးရက်နီးပါး ခရီးနှင်ရသည်။ လမ်းခရီးမှာ ၃ ည အိပ်ကို အိပ်ရသည်။ မင်းသား ချန်းယောလ်တို့အဖွဲ့က ဖြတ်လမ်းရှာသွားသောကြောင့် နှစ်ရက်အချိန်ယူရသည်။ အသွားမြန်လျှင် တစ်ည၊ ခရီးဖင့်လျှင် နှစ်ညအိပ်မှရောက်သည်။ လမ်းခရီးမှာ အချိန်မဖြုန်းချင်သော ချန်းယောလ်က မနက်စောစောထွက်ပြီး တစ်ညအိပ်ခရီးနှင့်အရောက်ပြန်ကြမည်ဖြစ်သည်။ မင်းသားချန်းယောလ် ဦးဆောင်တဲ့အဖွဲ့က ရှေ့ကနေသွားပြီး မင်းသမီး ဆူမြောင်ပါလာသည့် ရထားလုံးကတော့ သူတို့နောက်မှာပါလာခဲ့သည်။ နေ့ဝက်လောက် ခရီးနှင်ခဲ့ပြီးနောက် လမ်းခရီးမှာ ခဏနားပြီး နေ့လည်စာစားကြသည်။ မင်းသမီးဆူမြောင်အတွက် ရထားလုံးပေါ်မှာ ပြင်ဆင်ထားပြီးသားဖြစ်သည့်အတွက် မင်းသမီးကနေ့လည်စာကို သီးသန့်သုံးဆောင်သည်။

မင်းသားချန်းယောလ် နေ့လည်စာသုံးဆောင်ပြီးနောက် မင်းသမီးဆူမြောင် ရထားလုံး နားနေရာကို လာခဲ့သည်။ ကိုယ်က အပါခေါ်လာသည်ဆိုတော့ လမ်းခရီးတွင် အဆင်ပြေမပြေ၊ လိုအပ်တာရှိမရှိ မေးရမဲ့တာဝန်ရှိသည်။

"မင်းသမီး ဆူမြောင် လိုအပ်တာရှိရင် အချိန်မရွေးပြောလို့ရပါတယ်
ကိုယ်တော့်ကိုဖြစ်ဖြစ် ရထားလုံးဘေးမှာပါလာတဲ့ တပ်သားကိုဖြစ်ဖြစ် ပြောလိုက်ပါ"

"..."

"ခဏနားနေပြီးတာနဲ့ ခရီးဆက်မှာပါ
တစ်ညအိပ်နဲ့အပြီးပြန်ချင်တာမို့လို့ ခရီးပန်းတယ်ဆိုရင်တောင် နည်းနည်းသည်းခံပေးပါ"

"..."

ဘာမှစကားပြန်မလာသောကြောင့် ရထားလုံးနားကနေ ချန်းယောလ်ပြန်လာခဲ့သည်။
စကားပြန်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ကိုယ့်တာဝန်က ဒီနေရာမှာပြီးဆုံးပြီဖြစ်သည်။

"နေမဝင်ခင် ခရီးဆက်ရအောင်"

မင်းသားချန်းယောလ် အမိန့်ရတာနဲ့ အနားယူနေကြသည့်အဖွဲ့တွေက ခရီးဆက်ရန် ပြင်ဆင်ကြသည်။ တောက်လျှောက်အနားမယူဘဲ ပုံမှန်လေး ခရီးဆက်ခဲ့ပြီးနောက် နေဝင်ခါနီးတွင် အနားယူရန် နေရာရှာကြသည်။ မြေပြန့်ပြီး ယာယီနန်းဆောင်ထိုးရန် အဆင်ပြေသောနေရာရောက်မှ အနားယူကြသည်။ မင်းသားချန်းယောလ် အနားယူရန် ယာယီနန်းဆောင်နှင့် မလှမ်းမကမ်းတွင် မင်းသမီး ဆူမြောင်အတွက်ယာယီနန်းဆောင်ထိုးပေးပြီးနောက် တပ်သားများနားနေရန် ယာယီတဲများထိုးကြသည်။ အချို့ကလည်း ညစာအတွက် မီးပုံခြင်း ချက်ပြုတ်ခြင်းများပြုလုပ်ရင်း အလုပ်များကြသည်။

မင်းသားချန်းယောလ်က ယာယီနန်းဆောင်မှာ အနားယူရန်ပြင်ပြီးမှ မင်းသမီးဆူမြောင်ကို နန်းဆောင်အတွင်း လိုက်ပို့ပေးရန်ထွက်ခဲ့သည်။ အခစားဝင်မည့်သူမပါသည့်အပြင် သူတို့ရှေ့တန်းအထူးတပ်ဖွဲ့တစ်ခုလုံးက အမျိုးသားတွေချည်းမို့ ကြင်ယာတော်လောင်းနှင့်ပတ်သက်သည့်ကိစ္စများကို သူကပဲ လုပ်ဆောင်ပေးဖို့ သင့်တော်သည်ဟု
သူယူဆသည်။

"မင်းသား ယာယီနန်းဆောင်မှာ အဆင်မပြေတာများရှိလို့လား"

နန်းဆောင်ထဲဝင်သွားပြီးမှ ချက်ချင်းပြန်ထွက်လာသည့် မင်းသားချန်းယောလ်ကို ကိုယ်ရံတော် ဂန် က လာမေးသည်။

"အဆင်ပြေပါတယ် မင်းသမီး ဆူမြောင်ကို ယာယီနန်းဆောင်ထဲ ပို့ဆောင်ပေးဖို့လိုမယ်ထင်လို့"

"ဟုတ်ကဲ့ ကျွန်တော်တို့လည်း မင်းသားကို အခုပဲ လာလျှောက်တင်ဖို့ပါ
မင်းသမီးဆူမြောင်က ကျွန်တော်တို့လျှောက်တင်တာာကို မကြားတာလား
ရထားလုံးထဲမှာအိပ်ပျော်နေတုန်းလား မသိပါဘူး
လိုက်ကာဖွင့်ကြည့်ဖို့ကလည်း မသင့်တော်လို့ပါ"

"ကိုယ်တော်သွားလိုက်မယ်
ကိုယ်ရံတော် ဂန် က ညစာပြင်ဆင်ဖို့ စီမံထားပေး"

"အမိန့်အတိုင်းပါ"

မင်းသားချန်းယောလ်က သစ်ပင်ရိပ်မှာရှိနေသော ရထားလုံးဆီ ဖြည်းဖြည်းချင်းလှမ်းလာခဲ့သည်။ နေ့ခင်းက သူစကားသွားပြောတော့လည်း စကားပြန်မလာသည့်အပြင် ကိုယ်ရံတော်တွေကိုလည်း စကားပြန်ပြောခြင်းမရှိ။ သူနဲ့လက်ဆက်ဖို့ သဘောမတူသည့်ကြားက လန် ဘုရင်ရဲ့အမိန့်နဲ့ လိုက်လာခဲ့ရသည်ဆိုတော့ သူ့ကို စကားပြောချင်စိတ်မရှိတာ ဖြစ်သင့်ပါသည်။ သို့ပေမဲ့ သူက ထိုသို့ စိတ်ဆိုးခြင်း စိတ်ကောက်ခြင်းကို အချိန်ပေးကာ အရေးတယူလုပ်နေဖို့ စိတ်မရှည်သူဖြစ်သည်။

"မင်းသမီး ဆူမြောင်...တစ်နေကုန် ရထားလုံးပေါ်မှာ ညောင်းပါတယ်
နန်းဆောင်လည်း ယာယီထိုးတာ အဆင်သင့်ဖြစ်နေပြီမို့ နန်းဆောင်တွင်းအနားယူလိုက်ပါလား"

"..."

"အခစားဝင်ဖို့ နန်းတွင်းသူတွေပါမလာတဲ့အတွက် အဆင်မပြေတာရှိရင် သည်းခံပေးပါဦး
ဒီတစ်ညမှာပဲ...ကိုယ်တော်တို့ဆီရောက်ရင် မင်းသမီးအတွက် အခြံအရံအပြည့်အစုံထားပေးမှာပါ"

"..."

"ညစာလည်း သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တော့မယ်ဆိုတော့
မင်းသမီးက နန်းဆောင်မှာအဆင်သင့်စောင့်နေပေးတာအဆင်ပြေပါတယ်"

သူဘယ်လောက်ပြောပြော တစ်ခွန်းမှ စကားပြန်မလာသူကို သူ့စိတ်ထဲမှာ ဒေါသဖြစ်လာသည်။ စိတ်ကိုမနည်းဆွဲဆန့်ကာပြောခဲ့တဲ့ စကားတွေကိုမှ အားမနာ ဒီမင်းသမီးက သူ့ကိုအရွဲ့တိုက်လို့နေသည်။ တွေးမိရင်း ဒေါသထွက်လာတာမို့လို့ ရထားလုံးတံခါးကိုဆွဲဖွင့်ကာ ဝတ်ရုံခြုံကာငြိမ်သက်လျက်ရှိသော မင်းသမီးကို ဆွဲပွေ့လျက် ယာယီနန်းဆောင်တွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

"ကိုယ်တော်က စိတ်ရှည်တတ်တဲ့လူမျိုးမဟုတ်ပေမဲ့ မင်းသမီးဆူမြောင်မို့လို့
အများကြီးသည်းခံပေးနေတာပါ...ကိုယ့်လုပ်ရပ်က ဖြစ်သင့်လား မဖြစ်သင့်လား စဉ်းစားဆင်ခြင်တတ်ရင်
ရှေ့လျှောက် မင်းသမီးအတွက်ရော လန် နိုင်ငံအတွက်ပါ အများကြီးကောင်းပါတယ်"

ယာယီနန်းဆောင်အတွင်း ခင်းကျင်းထားသည့် မွေ့ယာပါးပေါ် ချပေးရင်း သူပြောလိုက်တော့ မင်းသမီးဆီက ခပ်တိုးတိုးရယ်သံထွက်လာသည်။

"မင်းသမီး ဆူမြောင်မို့လို့ စိတ်ရှည်တာလား
ချန်းနိုင်ငံအတွက် ရတနာမို့လို့ စိတ်ရှည်တာလား"

မင်းသမီးဆူမြောင်အသံက ချိုပြီးအေးနေသည့်ပုံစံမျိုးဖြစ်ပေမဲ့  တစ်ခွန်းချင်းပြောနေသည့် စကားသံက ဩရှရှနဲ့ တိုးတိုးလေး။ ခြုံထားသော ဝတ်ရုံစကို ဖယ်ရှားပြီး သူနှင့်မျက်နှာချင်းဆိုင် ရပ်လိုက်သည့်သူ။

"မင်း..."

"စိုးရွံမိပေမဲ့ ကျွန်တော်က မင်းသမီးဆူမြောင်မဟုတ်ပါဘူး ဒိုဂျောင်ဆူးပါ
တစ်နေကုန် ရထားလုံးပေါ်မှာ ညောင်းကိုက်နေခဲ့တာ ဒီအထိ ချီပြီးခေါ်လာပေးတဲ့ မင်းသားရဲ့ ကျေးဇူးက ကြီးမားလှပါတယ်"

နက်မှောင်သည့် မျက်လုံးများနှင့် ကြက်သွေးရောင်ထနေသော နှုတ်ခမ်းထက်က မထီတရီအပြုံး။ မင်းသားချန်းယောလ်က မင်းသမီးဆူမြောင်ကို သေချာခေါ်လာခဲ့ပေမဲ့ ကိုယ်ရံတော်က ဘယ်လိုဖြစ်လို့ မင်းသမီးနေရာမှာ အစားထိုးပါလာခဲ့တာပါလဲ။ တခြားသူက လူစားထိုးပါလာတာမဟုတ်ဘဲ သူလုံးဝကြည့်လို့မရခဲ့တဲ့၊ ချန်းနိုင်ငံကို လုံးဝခေါ်မသွားဘူးလို့ ဆုံးဖြတ်ထားတဲ့ ဒိုဂျောင်ဆူးဆိုတဲ့လူက မင်းသမီးရဲ့ လူစားထိုးအနေနဲ့တဲ့လေ။

ကိုယ်တော်က တိုင်းပြည်ရတနာကို သယ်ဆောင်ဖို့ မထိုက်တန်ခဲ့တာလား။ ဒါမှမဟုတ်....မင်းကိုယ်တိုင်က ကိုယ်တော့်အတွက် ရတနာ ဖြစ်နေခဲ့တာလား ဒိုဂျောင်ဆူး။

👑

Part 5 က Feb 29 မှာတင်ပါမယ်။ လောလောဆယ် Sweet & Sour ဆိုတဲ့ ချိုချိုချဉ်ချဉ် Fic လေးရယ် 期待 (kitai) ဆိုတဲ့ Fic တစ်ခုရယ် ongoing ရှိနေပါတယ်။ အဲ့ဒါလေးတွေ မဖတ်ရသေးရင် ဖတ်လို့ရပါတယ်

Continue Reading

You'll Also Like

133K 4.9K 38
uke is แ€กแ€€แ€ผแ€ฝแ€ฑแ€ธแ€”แ€…แ€บ go to seme แ€กแ€€แ€ฐแ€กแ€Šแ€ฎแ€แ€ฑแ€ฌแ€ฌแ€„แ€บแ€ธ seme is rape uke, and แ€žแ€ถแ€€แ€ผแ€ญแ€ฏแ€ธแ€แ€แ€บแ€•แ€ฎแ€ธ แ€–แ€™แ€บแ€ธแ€‘แ€ฌแ€ธ แ€’แ€ซแ€œแ€ฑแ€ธแ€€ Sadistic beauty (BDSM) แ€›แ€ฒแ€ท Side Story แ€•แ€ซ Sadistic beaut...
168K 4.1K 17
Mafia ff top tae๐Ÿ‘†๐Ÿป bottom kook๐Ÿ‘‡๐Ÿป Requested๐ŸŽ€ Mpreg๐Ÿคฐ #1 - toptae #2 - bottomkook
1M 35.6K 62
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
174K 5K 67
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...