ပထမဆုံးအနမ်း
နှစ်ယောက်လုံးရဲ့ပထမဆုံးအနမ်းကြောင့်
Dabin စိတ်လှုပ်ရှားပြီး တညလုံး မအိပ်နိုင်ဖြစ်ခဲ့ပေမဲ့
JaeHoonကိုကြည့်ရတာတော့ နှစ်ယောက်ကြားဘာကိစ္စမှမရှိခဲ့တဲ့အတိုင်း
ပုံမှန်နေ့တွေလိုပဲ မဟုတ်ဘူး ပုံမှန်ထက်ပိုအလုပ်များသည့်ပုံဖြစ်နေသည်
" JaeHoon na- "
" အားလုံး...အိမ်စာစာအုပ်ထပ်မယ် "
စကားပြောဖို့အချိန်မရှိအောင် သူ့နာမည်ခေါ်တာနဲ့ တစ်တန်းလုံးရဲ့အိမ်စာ စာအုပ်တွေလိုက်ကောက်ပြီး ဆရာ့ရုံးခန်းဆီထွက်သွားသည်
နားချိန်ရောက်တော့လဲ ချက်ချင်း DongMin နဲ့ အားကစားကွင်း သွားလိုက်သလို
ထမင်းစားချိန်မှာလဲ သူမအား တချက်
မကြည့်.... ကျောင်းဆင်းတော့လဲ ပြဇာတ်ခန်းဆီ တန်းသွားသည်
" နင်ဒီနေ့မျက်နှာမကောင်းပါလား
နေမကောင်းဘူးလား "
တော့ပိုကီကားဆိုင်ရှေ့မှာ Wonhee ရပ်စားရင်း သူမဘေးမှာ စားချင်စိတ်မရှိသလိုငိုင်ရပ်နေတဲ့ Dabinအား မေးလိုက်သည်
" Wonhee ya...ငါတစ်ခုမေးစရာရှိတယ် "
" အွန်း မေးလေ "
" ငါ....မနေ့ကရုပ်ရှင်ကားတစ်ကားကြည့်ခဲ့ရတယ် "
" အဲ့တော့.. "
" သိချင်တာ...မင်းသားကမင်းသမီးကို နမ်းပြီး နောက်ရက်ကျ ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ!? နမ်းတုန်းကနမ်းပြီး မတွဲချင်လို့ နောင်တရနေတာလား? ဒါမှမဟုတ် သူ့အတွက် ဘာအဓိပ္ပါယ်မှမရှိတဲ့ အနမ်းသက်သက်လား! အဲ့လိုလုပ်မဲ့သူမဟုတ်တာကို...နားမလည်နိုင်ဘူး- "
Dabin စိတ်ဆိုးသံ အားပါသွားတော့ Wonhee စားလက်စတော့ပိုကီတောင် မြိုမကျရဲဖြစ်သွားသည်
" ဟို....နင်ဘာလို့ဒေါသထွက်နေတာလဲ "
" ဟမ်? "
Wonhee အသံနိမ့်နိမ့်လေးနဲ့ အထူးတဆန်းကြည့်ပြီး မေးလာမှ Dabin သတိပြန်ကပ်ပြီး
" ဒီတိုင်း...မင်းသမီးနေရာကခံပြင်းလို့ပါ "
" အဲ့မင်းသမီးကနင်လား "
" *အဟွတ်* ငါကဘယ်လို..."
" *hak* စတာကို ဘာတွေလန့်နေတာလဲ "
" နင်် ဘယ်လိုထင်လဲ? မင်းသမီးနေရာက
ကြည့်ရင် စိတ်တိုစရာမကောင်းဘူးလား "
" မင်းသားနေရာကရော? "
" မင်းသားနေရာ? "
" အင်း...သဘောမကျလို့မဟုတ်ပဲ သူလဲ စိတ်လှုပ်ရှားနေတာဖြစ်နိုင်တာပဲလေ "
" ahh....အဲ့လိုလား....ဒါဆို သူ့တွက် အချိန်ပေးရမှာပေါ့နော် "
" omm ဇာတ်ကားထဲ ဘယ်လိုအဆုံးသတ်လဲမသိပေမဲ့ သူ့ခံစားချက် လေးနက်ရင် တွဲဖို့ဖွင့်ပြောလာမှာပဲလေ... နေပါဦး ရုပ်ရှင်ကိုဘာလို့ဒီလောက်စိတ်နစ်နေတာလဲ မဟုတ်မှ...."
" ဟို....အဲ့တာက- "
" နင်ကြိုက်တဲ့မင်းသားကားလား? "
___
JaeHoon အိမ်ရောက်တော့ ကုတင်ပေါ်ကိုယ်ကို ပစ်လဲချလိုက်ပြီး ဒီနေ့တစ်နေ့လုံး သူနဲ့မတူအောင် ဘာတွေလုပ်နေမိလဲမသိပါ
Dabin အနားမှာရှိရင် စကားပြောလာရင် ရင်တွေဗြောင်းဆန်လာလို့ တနေကုန်ပတ်ရှောင်နေမိပြီး
အခု သူမ အကြောင်းစဥ်းစားလိုက်ရင်တောင် တဒိတ်ဒိတ်နဲ့ ရင်ခုန်နှုန်းက နှစ်ဆလောက်မြန်လာသည်
" နှလုံးရောဂါရှိနေတာများလား... "
JaeHoon ဘယ်ဘက်ရင်ကို လက်လေးနဲ့အသာဖိရင်း မျက်နှာကြပ်ကိုငေးပြီး ရေရွတ်လိုက်ချိန်
မနေ့ညက အခိုက်အတန့်က အာရုံထဲ ပြန်ပေါ်လာခဲ့သည်
" ငါ.... ဒီလိုနဲ့ နင့်ကို ချစ်မိသွားရင် ဘယ်လိုလုပ်မလဲ ..."
သူ့အမေးကို ပန်းရောင်သန်းနေတဲ့ပါးနှစ်ဖက်ရယ် ကြည်တောက်နေတဲ့မျက်ဝန်းလေးတွေနဲ့သာ ကြည့်နေခဲ့သည်
ထိုညက စိတ်ခံစားချက်တွန်းအားတစ်ခုအား
မလွန်ဆန်နိုင်စွာပင် သူမကိုနမ်းခဲ့မိတာ ကိုယ့်ကိုမယုံနိုင်ပါ
ဘဝမှာ ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးလို့ လူတစ်ယောက်ကိုချစ်ရမှာ....အဲ့ဒီလူချစ်သလို ပြန်မချစ်ပေးနိုင်မှာ ကြောက်ပေမဲ့
အခု ကျွန်တော့်နှလုံးသားကို ဖွင့်ပေးလိုက်မိပြီထင်တယ်
ကျွန်တော် တကယ်ကို ချစ်မိနေပြီ ထင်ပါတယ် ~
__________
· next day ·
ကျောင်းသွားခါနီး JaeHoon ရေဘူးယူဖို့ ထမင်းစားခန်းထဲအဝင် Mr.Cha မိသားစု မနက်စာစားနေချိန်နှင့် ဆုံသည်
" Cha JaeHoon "
ချက်ချင်းပဲပြန်လှည့်ထွက်မဲ့ သူ့ခြေလှမ်းကို အဖေ ဖြစ်သူခေါ်သံက တားလိုက်ပြီး
" မနက်စာတခါတည်းဝင်စားသွား "
Mr.Cha စကားအဆုံး သမီးဖြစ်တဲ့ SooJin ဇွန်းနဲ့ခရင်းကို ချကာ ခုံကနေထမလိုအလုပ်
" ကျွန်တော် ကျောင်းမှာပဲစားလိုက်ပါ့မယ် "
တချက် ဦးညွတ်ဟန်ပြုပြီး ခပ်သုတ်သုတ်ထွက်သွားတဲ့ JaeHoon အား Sejin အမှတ်တမဲ့သာ အကြည့်ပြုလိုက်သော်လည်း
{ " ညီမ သူငယ်ချင်းနဲ့မှားသွားလို့ပါ နောက်ကျောပုံစံကအရမ်းတူနေတော့ သူထင်ပြီးနှုတ်ဆက်လိုက်တာပါ " }
JaeHoon ဝတ်ထားတဲ့ကျောင်းယူနီဖောင်းကြောင့် ဟိုရက်က သူ့ ခေါင်းရိုက်သွားတဲ့ ကလေးမအား အမှတ်ရစေသည်
>>>>>>>>>
@Library
ကျောင်းစာကြည့်တိုက်မှာ JaeHoon ဖတ်မဲ့စာအုပ်ရွေးနေရင်း ကာတွန်းစာအုပ်တန်းအရောက်
အပေါ်ဆုံးအဆင့်က စာအုပ်တစ်အုပ်ကို မမှီ့တမှီလှမ်းဆွဲနေတဲ့ Dabin အား တွေ့လိုက်ရသည်
< ထူးထူးဆန်းဆန်း စာကြည့်တိုက် ရောက်နေပါလား >
JaeHoon စိတ်ထဲကတွေးရင်း Dabin အနောက်နားရပ်ကာ သူမလက်လှမ်းနေတဲ့ စာအုပ်ကို ယူပေးချိန်
Dabin သူ့ဘက်လှည့်အကြည့် နှစ်ယောက်အနေထားက မျက်နှာချင်းဆိုင်နီးကပ်သွားပြီး သူမ ရှေ့မှာ သူ့ရင်ခွင်က ပိတ်ကာထားသလိုဖြစ်နေသည်
JaeHoon သူ့အားမော့ကြည့်လာတဲ့ Dabin ကို ပြန်ငုံ့ကြည့်မိရာက
*ဒိတ်* *ဒိတ်*
ထိုညက သူမနှုတ်ခမ်းလေးဆီ အနမ်းပေးခဲ့တဲ့ အခိုက်အတန့် အာရုံထဲ ပြန်မြင်ယောင်လာလို့ စိတ်တွေပြာယာခတ်သွားကာ
လက်ထဲကိုင်ထားတဲ့ စာအုပ်ကို သူမအား မပေးပဲ စင်ပေါ်တင်ခဲ့ပြီး နေရာမှ ထွက်လာခဲ့သည်
" ဟင်...JaeHoonaaaa"
ပထမအဆင့်တောင် မမှီပါဘူးဆို... အမြင့်ဆုံး ဗီဒိုပေါ် သွားတင်လိုက်တော့ သူမဘယ်လိုယူရမှာလဲ!
_
" မင်းငါ့ကိုမေးစရာရှိတယ်ဆို...ဘာများလဲ"
ဘောလုံးကွင်းဘေး အုတ်ခုံတန်းမှာထိုင်ရင်း JaeHoon တော်တော်နဲ့ပြောမထွက်နိုင်ဖြစ်နေလို့ DongMin စကားစပေးလိုက်သည်
" ဟို...အရင်ဆုံး..ငါ့အကြောင်းမဟုတ်ဘူး..."
" အင်း... "
" ငါ့သူငယ်ချင်း.....သူငယ်ချင်းတစ်ယောက်အကြောင်း "
ရှည်ရှည်ဝေးဝေးမပြောတတ်တဲ့ကောင်က စကားပလ္လင်ခံနေလို့ DongMin သိချင်စိတ်ပိုတိုးလာခဲ့သည်
" အွန်းးး ဆက်ပြောလေ "
" ကောင်မလေးတစ်ယောက်နဲ့ အကြည့်ချင်းဆုံရင် နှလုံးကထိန်းမနိုင်သိမ်းမရခုန်တတ်လာလို့....အဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ "
" omg! ဘယ်သူလဲ! မင်းကြိုက်နေတဲ့သူရှိပြီလား ဘယ်သူလဲပြောပြ "
" m..ဟို...မဟုတ်ဘူးလေ..ငါ့အကြောင်းမဟုတ်ဘူးလို့ ပြောထားတယ်လေ "
" မင်းမှာငါကလွဲပြီးဘယ်သူငယ်ချင်းရှိသေးလို့လဲ လုပ်ပါ ငါနှုတ်လုံတယ် "
" ငါမေးတာအရင်ဖြေလေ "
ထိုချိန် သူတို့ရှေ့ တခြားအတန်းက ကောင်လေးတစ်ယောက် ရပ်လာကာ
" DongMin na ငါတို့ဂိမ်းဆိုင်မှာတွေ့ဖူးတယ် မှတ်မိလား "
"ohh မှတ်မိတာပေါ့ ငါ့ကိုရှုံးသွားတဲ့တစ်ယောက်မလား ဟဟား "
" အင်း....မင်းတော်တာတော့ငြင်းလို့မရဘူးပဲ "
" ဒီလိုပဲလေ ဟဲဟဲ "
" ဒါနဲ့ မင်း Dabin နဲ့ရင်းနှီးတယ်မလား "
" Dabin? ဘာလို့လဲ? "
" ဟို ....ငါ သူ့ကိုလိုက်ချင်လို့ "
" အမ်းး!? "
DongMin အံ့အားသင့်သွားသလို ဘေးက JaeHoon မျက်နှာလဲ သုန်မှုန်သွားသည်
" ငါသူ့ကိုသဘောကျလို့....ဒါလေး ပေးပေးလို့ရမလား "
carrot နို့ဘူးလေးကို DongMin လက်ထဲ
ထည့်ပေးလိုက်ပြီး
" သူအဆင်ပြေရင် ငါနဲ့ချိတ်ပေးပါလား "
" ကောင်းပြီလေ မေးပေးကြည့်မယ် "
" အားကိုးပါတယ်ကွာ! ဒိတ်ဖြစ်သွားရင် မင်းကိုအကောင်းဆုံးပြုစုပါ့မယ် "
" okk "
" သွားလိုက်ဦးမယ် byeee! "
ထိုကောင်လေးထွက်သွားတော့ DongMin လက်ထဲက carrot အရသာနို့ဘူးအား JaeHoon ယူကာ ခပ်တည်တည်ပဲ ဖောက်သောက်လိုက်သည်
" yarr! မင်း carrot မကြိုက်... မဟုတ်ဘူး Dabin ကိုပေးခိုင်းထားတာလေ "
" မင်း Wonhee ကိုဖုံးကွယ်ထားတာရှိတယ်မလား "
" huh? "
" gameဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့ အတူဆော့နေကြဆိုတာ Wonhee သိလား "
" ya! အဲ့ဒါ..အဲ့ဒါ...ဒီတိုင်း ကစားဖော် သက်သက်ပဲလေ ဘာလို့ရုတ်တရက်ကြီး ဒီလိုပြောလာ-"
" Wonhee သိရင် မင်းဂိမ်းဆိုင်သွားခွင့်ရှိပါ့မလား "
" သေချာပေါက်မရှိဘူးပေါ့! ဘာလို့လူကိုချိန်းခြောက်နေ-"
" နှုတ်ပိတ်တာ... မင်းလဲ Dabin ကို ဘာမှသွားပြောစရာမလိုဘူး "
" ဘာလို့လဲ မင်း.. Dabin သူများနဲ့တွဲမှာ မကြိုက်ဘူးလား "
" အင်း သူငါ့ကိုပဲကြိုက်တာ....မင်းသွားပြောလဲ လေကုန်ရုံပဲရှိမှာ "
" ဝါးးး...မင်း တကယ်နတ်ဆိုးပဲ!!! "
*********
JaeHoon အတန်းထဲ ဆရာစစ်ပြီးတဲ့ စာအုပ်တွေ ဝေပေးနေတုန်း အခန်းအပြင်ဘက်မှာ Dabin ကို သဘောကျတယ်ဆိုတဲ့ ကောင်လေး ယောင်လည်လည်လုပ်နေတာ တွေ့သည်
သူ့သူငယ်ချင်းတွေနဲ့အတူ Dabin ကိုလာချောင်းနေပုံပေါ်လို့ သက်သက်မဲ့ မမြင်ရအောင် သူမ ခုံဘေး ရပ်ကာ JaeHoon ကိုယ်နဲ့ ကွယ်လိုက်သည်
" ငါ စာအုပ်ရပြီးပြီလေ " -Dabin
" သိတယ် နင့်အိမ်စာ အများကြီးမှားနေလို့ "
" ဟုတ်တယ် မနက်ဖြန်မှပဲ ပြင်လိုက်တော့မယ် "
" အခုပြင်လိုက် ငါကူညီပေးမယ် "
JaeHoon မှားနေတဲ့စာတွေ ပြန်ရှင်းပြပေးပြီး တဖက်အခန်းက ကောင်လေး မထွက်သွားခင်ထိ Dabin အနား ကွယ်ရပ်နေခဲ့သည်
" ဟို... ငါ့ကိုစိတ်ဆိုးပြေသွားပြီလား " -Dabin
" ဘယ်တုန်းက စိတ်ဆိုးလို့လဲ " -JaeHoon
" ၃ရက်လောက် စကားမပြောပဲ လျစ်လျူရှုထားတာကို "
Dabin မျက်နှာထက် ဝမ်းနည်းတဲ့အရိပ်အယောင်လေးဖြတ်ပြေးသွားလို့ JaeHoon ရင်ထဲမကောင်းဖြစ်သွားကာ
" လျစ်လျူရှူထားတာမဟုတ်ပါဘူး "
ထိုသို့ဆိုပြီး အရှေ့ခုံဘက် လျှောက်လာခဲ့ပေမဲ့ သူမခုံနောက် တဖန်ပြန်လှည့်ရင်း
" ည တောင်ကုန်းပေါ်မှာတွေ့ရအောင် "
⋆ ₊ ゚ ☽ * ₊ ⋆ ⋆ ₊ ゚ ☽ * ₊ ⋆
လေပြေလေငြင်းတွေတိုက်ခတ်လေ့ရှိတဲ့ ကုန်းမြင့်ပေါ်မှ ခုံတန်းက သူတို့နှစ်ယောက်အတွက် သီးသန့်ဆုံတွေ့ရာ နေရာလေးတစ်ခုဖြစ်လာသည်
" ဒီတပတ်...မိဘဆရာတွေ့ဆုံပွဲရှိတာ....အိမ်က ဘယ်သူလာမှာလဲ "
" Appaအတွင်းရေးမှူးပဲ အုပ်ထိန်းသူ ကိုယ်စားတက်ပေးမယ်ထင်တယ် "
" Appa မလာဘူးလား "
" အင်း အတွင်းရေးမှူးမဟုတ်ရင် အိမ်တော်ထိန်းအန်တီ လာလိမ့်မယ် "
" ahh...Appa အလုပ်များလို့ထင်တယ် "
JaeHoon စိတ်မကောင်းဖြစ်မှာစိုးလို့ Dabin
နှစ်သိမ့်ဟန်ဆိုလိုက်တော့
" ကျောင်းပွဲတော်နေ့ကျရင် ပြဇာတ်
လာကြည့်မယ်မလား "
" ဟင့်အင်း "
" ဘာလို့လဲ?? "
" Romeo နဲ့ Juliet ပြဇာတ်ကို နင်နဲ့ Yoora ဖျော်ဖြေမှာလေ ငါ ဘယ်လိုစိတ်နဲ့ ထိုင်ကြည့်ပေးနိုင်မှာလဲ "
*အဟက်*
Dabinရဲ့ ပွင့်ပွင့်လင်းလင်း အူတိုပုံက ချစ်စရာကောင်းတာမို့ JaeHoon ရယ်မိကာ
" နင်မလာရင် ငါ အကောင်းဆုံးကြိုးစားချင်စိတ်မရှိတော့ဘူးထင်တယ် "
" huh? "
" ငါ့ရင်ထဲ နင်ပဲရှိတာမလို့... မျှော်နေမယ် "
သူ့ဆီက သဝန်တိုစရာမလိုဘူးဆိုတဲ့ စကားအစား ဒီလို ရင်ခုန်စရာကောင်းတဲ့စကားကို ကြားရလိမ့်မယ်လို့ မတွေးခဲ့ဖူးပါ
" ဒီည.....လသာလိုက်တာ "
JaeHoon ပြောမှ Dabin ညကောင်းကင်ဘက် အာရုံရောက်သွားပြီး
" ကြယ်တွေတော့မရှိဘူးပဲ......
ကြယ်ကြွေတာ ထပ်မြင်ချင်တာကို..."
" အရင်တစ်ခါက ဆုတောင်း ပြည့်ပြီလား "
" ဖြေးဖြေးချင်း ပြည့်မယ်ထင်တယ် "
" တကယ်ပဲ ဘာဆုတောင်းလဲ သိချင်တယ် "
" ပြောပြရင် ဆုတောင်းမပြည့်ပဲနေမှာပေါ့ "
" အခုရော ဆုတောင်းချင်တာရှိလား "
" ရှိပေမဲ့ ကြယ်ကြွေတာ မြင်ရဖို့မှမလွယ်တာ "
ပထမတစ်ကြိမ် ဆုတောင်းက သူပျော်ရွှင်ဖို့အတွက်ဖြစ်ခဲ့ပြီး....နောက်အကြိမ် ထပ်မြင်တွေ့ရခဲ့ရင်လဲ သူမရဲ့တောင်းဆုက
သူ့အတွက်ပဲဖြစ်လိမ့်မည်
" Dabin naa "
" huh... "
Dabin ထူးရင်း JaeHoon ဘက် လှည့်
အကြည့် သူ့လက်သီးစုပ်လေး လေပေါ်မြောက်ထားတာ တွေ့ရပြီး....
လက်ချောင်းလေးတွေ ဖြန့်ချလိုက်ချိန်မှာတော့ Shooting star ပုံလည်ဆွဲလေး သူမ မျက်စိရှေ့ ပြေကျလာသည်
* ဝါးးး *
Dabin မျက်ဝန်းလေးဝိုင်းစက်သွားကာ လှပလွန်းတဲ့ ထိုဆွဲကြိုးလေးအား ငေးမောကြည့်နေမိခိုက်
" ကြယ်ကြွေပြီလေ ဆုတောင်းလို့ရပြီ "
JaeHoon သူမကိုကြည့်ပြီး ခပ်ပြုံးပြုံးဆိုလာသည် သူ့ရဲ့ထိုအပြုံးက တဖက်လူရဲ့ အသည်းတွေပါသွားနိုင်လောက်တဲ့ထိ ဆွဲဆောင်မှုရှိလွန်းသည်
" လာ...ဝတ်ပေးမယ် "
" ငါ့အတွက်လား?"
" ဘယ်သူ့တွက်ဖြစ်ရမှာလဲ... "
JaeHoon ဆွဲကြိုးလေးအား Dabin ကို
ဆွဲပေးလိုက်ပြီး
" သဘောကျလားး "
" omm...အရမ်းသဘောကျတယ်!
ငါ...ဘယ်တော့မှမချွတ်ပဲ အမြဲဝတ်ထားမယ် "
လည်ပင်းကဆွဲကြိုးလေးကိုထိကိုင်ပြီး ပျော်နေတဲ့ Dabin မျက်နှာလေးမှာ အကြောင်းပြချက်မရှိ ရင်ထဲအေးစေသည်
" လှတယ်... "
" အင်း လှတယ်မလား "
Dabin ဆွဲကြိုးအား ရည်ညွှန်းဟန် သံယောင်လိုက်တော့
" နင့်ကိုပြောတာ "
JaeHoon တုံ့ပြန်စကားကြောင့် သူမ စက္ကန့်ပိုင်းလောက် အသက်ထွက်သွားသလိုပင်
" နင်ဝတ်ထားတာလှတယ်လို့ပြောတာ "
ဒီလိုတွေတခါမှထုတ်မပြောဖူးလို့ JaeHoon လဲ သူ့သူ ရှက်ပြီး ညရှုခင်းကိုအကြည့်လွဲ စကားကို ပြင်လိုက်သည့်ခဏ
" *oh!* ဟိုမှာ "
Dabin အလန့်တကြားအော်သံနဲ့အတူ သူ့ဘေးကို ညွှန်ပြတော့ JaeHoon စောင်းကြည့်လိုက်ချိန်
*ပြွတ်စ်*
သူ့ညာဘက်ပါးပြင်ထက် သူမနှုတ်ခမ်းတစ်စုံက ဖျက်ခနဲ ထိကပ်လာခဲ့သည်
မထင်မှတ်ထားပဲ အာဘွားပေးခံလိုက်ရတဲ့ အကိုတော် ကြက်သေသေသွားသလို
" ဟို...အရင်ပြန်နှင့်ပြီ!! "
Dabin ကတော့ သူမ အကျင့်တိုင်း လုပ်ချင်တာလုပ်ပြီးထပြေးတော့သည်
ကံမကောင်းချင်တော့...
* arr!*
လေးငါးလှမ်းပဲပြေးရသေး ခလုတ်တိုက်မှောက်လဲလို့
" Dabin na! "
JaeHoon ထိုင်ရာမှအမြန်ထကာ သူမနားရောက်လာသည်
" ဘာဖြစ်သွားလဲ နာသွားလား "
" ခြေထောက်ခေါက်သွားပြီထင်တယ် "
ဒီလိုနဲ့ တောင်ခြေရောက်တဲ့ထိ JaeHoon ကုန်းပိုးပေးလာရပြီး
" ငါ..အရမ်းလေးလား "
" လေးတာပေါ့ "
" လေးတာမဟုတ်ပဲ နင်မနိုင်တာမဟုတ်ဘူးလား? "
ခြေထောက်ဒဏ်ရာရထားတာတောင်
သူ့ကျောပေါ်ကနေ စကားနိုင်လုနေသေးတဲ့ ကောင်မလေးအား
" တကယ်ပါပဲ....နမ်းပြီး ထွက်ပြေးတဲ့အကျိုး သိပြီလား "
" မကျေနပ်လို့လား မကျေနပ်ရင်ပြန်နမ်းလို့ရတယ်နော် "
" hak....အကြွေးမှတ်ထားတာပေါ့ "
" အကြွေး? ပြန်နမ်းမယ်လို့ပြောလိုက်တာလား? "
" အဲ့လိုပြောမိလို့လား? "
•┈┈┈•┈┈┈•┈┈┈
@school
မိဘဆရာတွေ့ဆုံပွဲနေ့
Dabin တို့အခန်းက ကျောင်းသားမိဘတွေအားလုံးနဲ့ အတန်းပိုင်ဆရာတွေ့ဆုံပြီးပေမဲ့ JaeHoon တစ်ယောက်သာ အုပ်ထိန်းသူ ရောက်လာဖို့ကျန်သည်
" yarr နင့်အိမ်က မလာသေးဘူးလား " -Wonhee
" အင်း " -JaeHoon
" ဘာမှမဖြစ်ပါဘူး တွေ့ဆုံချိန် ၂နာရီတောင်ကျန်သေးတာကို " -Dabin
အတန်းရှေ့ corridor မှာ သူတို့ ရပ်နေတုန်း DongMin နဲ့အတူ သူ့အမေရုံးခန်းမှထွက်လာသည်
"ah!ah! နာတယ်လို့ Omma "
အမေဖြစ်သူ နားရွက်ဆွဲလာပုံထောက် ဆရာဆီက တော်တော်အတိုင်ခံထားရပုံပင်
" မင်းတို့တွေ ဘာရပ်လုပ်နေတာလဲ " -DongMin
အမေ ပြန်သွားတာနဲ့ DongMin သူ့နားသူပွတ်ရင်း သူငယ်ချင်းတွေနား ရောက်လာသည်
" aigoo ငါ့ကောင်လေး အဆင်ပြေရဲ့လား "- Wonhee
" ချာကီးပဲစဥ်းစားကြည့် ဘာသာစုံ၄၀ရတာ အပြစ်လား...ဘာသာစုံ ၄၀အတိရအောင် ဖြေနိုင်ဖို့ ဘယ်လောက်ခက်ခဲလိုက်လဲ ! " -DongMin
" အဲ့တာကြောင့် အမေ စိတ်ဆိုးနေတာလား" -JaeHoon
" အွန်း အဆင့်မတက်လို့တဲ့ကွာ... အဆင့်ဆိုတာ တက်ဖို့ထက် ကျဖို့လွယ်တယ်လေ... တစ်နှစ်လုံး မကျအောင်ထိန်းထားနိုင်တာ တစ်ကျောင်းလုံးမှာ ငါပဲရှိတာကို... "
" အဆင့်က နင့်အောက်မှာ တစ်ယောက်ပဲကျန်တော့တယ်လေ " -Dabin
" ငါက မတက်ချင်လို့မတက်တာပါနော် တစ်နေရာတည်းမှာ တသတ်မှတ်တည်းရှိရတာ သဘောကျလို့ " -DongMin
" အော်မောနီး က ကျန်တဲ့နားတစ်ဖက်ဆွဲဖို့မေ့ခဲ့ပုံပဲ " -Wonhee
ထိုချိန်
ရုံးခန်းရှိရာဆီ ဦးတည်လျှောက်လှမ်းလာတဲ့ လူကြီးလူကောင်းတစ်ယောက်
သူငယ်ချင်းတွေရဲ့ အပြန်အလှန်စကားထဲ အာရုံရောက်နေတဲ့ သူ့ကို ခေါ်လိုက်တဲ့ ထိုအသံ
" JaeHoon "
နားကြားမှားလားလို့ သူချက်ချင်း လှည့်ကြည့်ချိန် မမျှော်လင့်ထားတဲ့ သူဖြစ်နေလို့ ခေတ္တမျှ ဆွံ့အသွားမိသည်
" သူငယ်ချင်းတွေလား..."
ကျန်တဲ့၃ယောက်လဲ ဘယ်သူမှန်းသေချာမသိလို့ JaeHoon ဆီ အကြည့်ပို့လာကြချိန်
" Appa...ဘယ်လိုလုပ်..."- JaeHoon
" Appa??? "
JaeHoon အဖေမှန်းသိသိချင်း 3ယောက်လုံး ယဥ်ကျေးတမှု ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်
" Hoon လေးကိုဂရုစိုက်ပေးပါဦး "
Mr.Cha သားဖြစ်သူရဲ့ သူငယ်ချင်း မျက်နှာတွေကို တစ်ဦးချင်းကြည့်ပြောရင်းမှ
JaeHoon ဘေးမှာ ရပ်နေတဲ့ Dabin ကိုတော့ သူမ ဆွဲထားတဲ့ ဆွဲကြိုးကြောင့် သေချာပိုဂရုစိုက်ကြည့်မိသည်
flashback
JaeHoon ကျောင်းသွားနေတုန်းတစ်ရက် သားဖြစ်သူအခန်းထဲ Mr.Cha ဝင်ကြည့်ဖြစ်သည်
ငယ်ငယ်ထဲကအခုထိ ကောင်းကောင်းဂရုမစိုက်ပေးနိုင်လို့ အပြစ်ရှိစိတ်ဖြစ်မိပေမဲ့ JaeHoon က အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ကလေးမလို့ သူ့ပေါ် တခါမှနားပူနာဆာလုပ်တာမျိုး မရှိဖူးပေ
စာကြည့်စားပွဲပေါ် ဘူးလေးတစ်ဘူးတင်ထားတာတွေ့တော့ ဖွင့်ကြည့်လိုက်ချိန် ဆွဲကြိုးလေးတစ်ကုံး
တစ်လ တစ်လ ပေးတဲ့ မုန့်ဖိုးတောင်ကုန်အောင်မသုံးတတ်တဲ့ကလေးက တစ်ဦးတစ်ယောက်အတွက် တန်ဖိုးကြီးပစ္စည်းကို ဝယ်ထားကတည်းက သူ့တွက် တော်တော်အရေးပါတဲ့လူဖြစ်မယ်ဆိုတာ Mr.Cha ခန့်မှန်းမိသည်
Mr.Cha ဆွဲကြိုးဘူးလေးကို နေရာမှာပြန်ထားလိုက်ကာ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး
" JaeHoon နောက် လူလွတ်လိုက် "
ဒီလိုနဲ့ နောက်တစ်ရက် ဓာတ်ပုံတချို့ သူ့ဆီရောက်လာခဲ့သည်
ရေခဲမုန့်ဆိုင်ထဲ ကျောင်းသူတစ်ဦးရှေ့မှာ ပြုံးရယ်နေတဲ့သားဖြစ်သူမျက်နှာကို တွေ့လိုက်ရချိန်
အရိုးသားဆုံးဝန်ခံရရင် တသက်နဲ့တကိုယ် JaeHoon ရဲ့ဒီလိုပျော်နေတဲ့ပုံကို အဖေတစ်ယောက်အနေနဲ့ မတွေ့ဖူးပါ
" သားမှာ..သဘောကျတဲ့သူရှိနေပြီလား ? "
flashback end
~~~~~~~~~
ပြဇာတ် rehearsal ပြီးတော့ အဖွဲ့နဲ့အတူ JaeHoon hallခန်းထဲမှထွက်လာချိန် ကျောင်းအောက်မှာ Dabin စောင့်နေတာ တွေ့လိုက်ရသည်
" Senior တို့ ကျွန်တော်ပြန်လိုက်ပါဦးမယ် "
" ဘာလဲ အားလုံး မုန့်အတူသွားစားဖို့ပြောထားတယ်လေ" -Senior 1
" လွတ်ပေးလိုက်ပါ.... ဟိုမှာ ကောင်မလေးစောင့်နေလို့ဟုတ်တယ်မလား "-Senior 2
JaeHoon ပြုံးတုံ့တုံ့နဲ့ ခေါင်းငြိမ့်ပြီး Dabin ဆီပြေးသွားလိုက်သည်
" JaeHoon မှာရည်းစားရှိတာလား Yoora " -Senior 3
" ညီမလဲမသိဘူး " -Yoora
ကျောင်းထွက်ပေါက်ဆီ အတူလျှောက်သွားတဲ့ JaeHoon နဲ့ Dabin နောက်ကျောကို မနှစ်သက်ဟန် တချက်ကြည့်ပြီး တိုတုတ်တုတ်ဖြေလိုက်သည်
" နင်တို့တစ်ခန်းထဲမဟုတ်ဘူးလား? " -Senior 1
" သူတို့နှစ်ယောက် တပူးတွဲတွဲသွားလာနေတာတွေ့ပေမဲ့ တွဲနေပြီလို့မကြားသေးဘူး "-Yoora
ကျောင်းပျက်ထားတဲ့စာတွေ ရှင်းပြပေးဖို့ JaeHoon ရှိရာဆီ သွားခဲ့တဲ့ညက
နှစ်ယောက်တည်း အပြင်မှာ study date
ရမယ်ဆိုပြီး ပျော်နေခဲ့ပေမဲ့ ...
သူမကိုတွေ့လိုက်တဲ့ချိန် ပြောင်းလဲသွားတဲ့သူ့မျက်ဝန်းတွေက မျှော်နေတဲ့သူမဟုတ်လို့ စိတ်ပျက်သွားသည့်အတိုင်း
သူမပေါ် မေးတစ်ခွန်းခေါ်တစ်ခွန်းဖြင့် အတန်းဖော်တစ်ယောက်ထက် မပိုသည့် ဆက်ဆံရေးသာရှိသည်
သူ့မျက်လုံးထဲမှာ သူမက Dabinလောက်တောင် နေရာမရခဲ့ပါ
" agioo...ဒီတိုင်းသူငယ်ချင်းတွေပဲနေမှာပါ.. လာ...လာ မှောင်နေပြီ သွားရအောင် " -Senior 3
မျက်နှာငြိုးသွားတဲ့ Yoora ကို သတိထားမိတဲ့ စီနီယာအမကပဲ စကားလွဲပြီးခေါ်သွားလိုက်သည်
ကျောင်းအပြင်လမ်းဆီ ရောက်နေပြီဖြစ်တဲ့
နှစ်ယောက်ကတော့
" ဒီနေ့ Appa ရောက်လာပေးတာ မပျော်ဘူးလား"- Dabin
" မပျော်တာမဟုတ်ပေမဲ့ ရင်ထဲထူးဆန်းတယ် "- JaeHoon
" ဘာလို့လဲ? "
" တခါမှ ငါ့အုပ်ထိန်းသူအနေနဲ့ ကျောင်းကိုမလာခဲ့ဖူးဘူး "
" လာချင်ခဲ့ပေမဲ့ အခွင့်မသာလို့ဖြစ်မှာပါ... အကောင်းဘက်ကတွေးရအောင် "
" အင်း....ငါ့အတွက်ကြောင့် Appaကို မိသားစုနဲ့ အခက်မတွေ့စေချင်ဘူး "
ထိုချိန် သူတို့နှစ်ယောက်ရပ်နေတဲ့လမ်းရှေ့ ကားမီးတည့်တည့်ထိုးလာလို့ နှစ်ယောက်လုံး လက်နဲ့မျက်လုံး ကာလိုက်ရသည်
နောက် ကားစက်ရပ်သွားပြီး ကားပေါ်မှ ဆင်းလာသည့်လူမှာ တခြားသူမဟုတ်
" Sejin hyung..." -JaeHoon
" hak...ငါ့ကိုမှတ်မိတယ်မလား ကျောင်းသူ "
Sejin ခနဲ့တဲ့တဲ့အပြုံးနဲ့ Dabin ရှေ့ရပ်ပြီး မေးလိုက်သည်
" အာ...အဲ့တုန်းက ငါနဲ့မှားတယ်ဆိုတဲ့ကောင်က မဟုတ်မှ ဒီဘက်က မျိုးမစစ်ကောင်ဖြစ်နေတာလား?? " -Sejin
" မျိုးမစစ်ကောင်?? စကားပြောတာတကယ်လွန်တာပဲ " -Dabin
" အဲ့လိုကောင်နဲ့မှားခံရတဲ့ငါက ပိုသနတယ် "- Sejin
" မှားတာမဟုတ်ဘူးဆိုရင်ရော "
Dabin စိတ်တိုပြီး ဒဲ့ပြောချလိုက်တော့ Sejin မျက်မှောင်ကြုံ့သွားသည်
" ဘာပြောတယ်?? "
" JaeHoon ကို လက်လွတ်စပယ်မဆက်ဆံပါနဲ့ ! ပြောချင်ရာပြောလိုက်ရလို့ စိတ်သက်သာနေလားမသိပေမဲ့ လူတစ်ယောက်ရဲ့ စကားကမှ အဲ့လူရဲ့အဆင့်အတန်းမလို့ ကိုယ့်တန်ဖိုးကို မနှိမ့်ချပါနဲ့ "
" မလောက်လေးမလောက်စားကများ "
Sejin ပြောလဲပြော Dabin မျက်နှာကို သူ့လက်တစ်ဖက်နဲ့ ဒေါတတကြီး ညစ်ကိုင်လာချိန် JaeHoon ထိုလက်ကောက်ဝတ်အား အားနဲ့ ကိုင်ဆွဲပြီး ဖယ်ချလိုက်သည်
တစ်သက်လုံး သူ့ကို အာခံဖို့နေနေသာသာ မျက်လုံးချင်းတောင် ဆုံမကြည့်ရဲတဲ့ကောင်က အခု ထို့ကောင်မလေးရှေ့ကနေ ကာရပ်ပြီး သူ့ကို စူးရဲရဲစိုက်ကြည့်နေတာ
" မဆိုင်တဲ့သူ မထိနဲ့ " -JaeHoon
" မင်းကများး "
JaeHoon သူ့ကော်လံကိုဆွဲကိုင်လာတဲ့ Sejin အား တချက်မတွန့်တဲ့ အကြည့်ဖြင့်သာ
" ကျွန်တော့်အမေပေါ် မုန်းတဲ့အမုန်းတွေကို ကျွန်တော် အကုန် ခံယူနိုင်ပေမဲ့ ကျွန်တော့်ကိုမုန်းတာသက်သက်နဲ့ တခြားသူကို ထိဖို့မစဥ်းစားနဲ့ "
" hakk... "
SeJin သူဆွဲထားတဲ့ JaeHoon အင်္ကျီစကိုပြန်လွတ်လိုက်ပြီး
" တခြားသူဆိုတာ...ဒီမိန်းကလေးလား "
ညစ်ကျယ်ကျယ်ပြုံးပြီးမေးလာတဲ့ Sejin အား JaeHoon လက်သီးကျစ်ကျစ်ဆုပ်ပြီး ဆွဲထိုးချင်စိတ်ကိုထိန်းထားရသည်
" ဟုတ်တယ်...သူ့ကိုထိရင် ကျွန်တော်သည်းခံနိုင်မှာမဟုတ်လို့.... ခင်ဗျားဒေါသကို ကျွန်တော်နဲ့ပဲ ဖြေရှင်းပါ "
" ဘယ်ကသတ္တိတွေရလာလို့ စကားကိုရင့်ရင့်သီးသီးပြောနေတာလဲ ကောင်မလေးရှေ့မှာ မိမိုက်ချင်လို့လား "
" မိမိုက်ချင်ပါတယ်...အခု ကျွန်တော် နာကျင်ရင် ဝမ်းနည်းမဲ့သူရှိနေပြီမလို့.... အရင်လို
ငြိမ်ခံဖို့စိတ်ကူးမရှိတော့ဘူး "
JaeHoon စကားအဆုံးသတ်ပြီး Dabin လက်ကိုဆွဲကာ Sejin ရှေ့မှထွက်လာခဲ့သည်
********
· next morning ·
< *huu* ငါ့ကြောင့်နဲ့ အခြေနေပိုတင်းမာသွားပြီ....JaeHoon အဆင်ပြေပါ့မလား >
ကျောင်းပိတ်ရက် ထမင်းစားပွဲမှာ
အမေခွာခိုင်းထားတဲ့ အာလူးခွံထိုင်ခွာနေရပေမဲ့ စိတ်ကတော့ JaeHoon ဆီရောက်နေသည်
" Kang Dabin ရေ အားလူးလေး
လေးငါးလုံးခွာခိုင်းတာ မပြီးတော့ဘူးလား "
"...."
" ဟဲ့ ပြောနေတယ်လေ! "
" nae? Omma တစ်ခုခုပြောလိုက်တာလား?"
" အာလူးခွာလို့မပြီးသေးဘူးလားလို့ ဟင်းထဲ
ထည့်ရတော့မယ် "
" တစ်လုံးပဲကျန်တော့တယ် Omma "
" အေးအေး...အမြန်လုပ် "
Dabin အမေ တည်ထားတဲ့ဟင်းအိုးထဲ အရသာခပ်မြည်းကြည့်လိုက် လိုအပ်တာ
ထည့်လိုက်နဲ့
" အော် ဒီနေ့မနက်စောစောတောင် ဘေးအိမ်မှာ ပစ္စည်းတွေချနေတာတွေ့တယ်.... ခနမှ ကောင်းကောင်းသွားမိတ်ဆက်ရမယ် "
" ဟုတ်လား Omma ...
မိသားစုအသစ်ပြောင်းလာပြီလား "
*Tinn*
" အင်း အိမ်ရှေ့မှာ သွားကြည့်လိုက်ဦး "
" naee...Omma "
အိမ်တံခါး bellသံကြောင့် Dabin အာလူးခွာနေရာမှထပြီး တံခါးသွားဖွင့်လိုက်ချိန်
မြင်လိုက်ရတဲ့ သူတစ်ယောက်ကြောင့် သူမ ချက်ချင်းတံခါးကို ပြန်ပိတ်လိုက်သည်
" ငါ..အမြင်မှာတာလား??? "
Dabin တစ်ကိုယ်တည်းရေရွတ်ရင်း တံခါးကို ထပ်ပြန်အဖွင့် ထိုကောင်လေးကလဲ မျက်လုံးအဝိုင်းသားနဲ့ သူမကို အံ့သြတကြီး ကြည့်နေသည်
" မဖြစ်နိုင်တာ! "
Dabin အော်ပြီး ဒုတိယအကြိမ် တံခါးကို ထပ်ပြန်ပိတ်လိုက်ကာ
" သူကဘယ်လို... ငါ့အိမ်ကို..... "
ထိုချိန် Dabinအမေ အနောက်မှာရောက်လာပြီး
" တံခါးမဖွင့်ပဲ ဘာတွေရွတ်နေတာလဲ "
သမီးဖြစ်သူအား ပြောလဲပြော တံခါးကို
ဆွဲဖွင့်လိုက်ချိန် Dabinအရွယ် ကောင်လေးတစ်ယောက် မုန့်ပန်းကန်လေးကိုင်ထားပြီး ဦးညွှတ်နှုတ်ဆက်လာသည်
" ဒီနေ့မှဘေးအိမ်ကိုပြောင်းလာတာပါဒေါ်လေး ... Omma ကဆန်မုန့်ပေးခိုင်းလိုက်လို့ပါ "
" သြော်...အေးကွယ် မဟုတ်တောင် ဒေါ်လေးက လာခဲ့မလို့.... အကူညီလိုအပ်တာရှိရင်အားမနာတမ်း ပြောနော် "
" naee ဒေါ်လေး ကျေးဇူးတင်ပါတယ် "
" ဒါနဲ့ သားနာမည်က... "
ထိုကောင်လေးက အမေဖြစ်သူအနောက်မှာ ကြောင်စိစိလေး ရပ်နေတဲ့ သူမ အား ထပ်ပြန်ဆုံရတာ ဝမ်းသာတဲ့ပုံနဲ့ ကြည့်လာပြီး
" DuSeok...Jung DuSeok လို့ခေါ်ပါတယ် "
❥𓂃𓏧❥𓂃𓏧❥𓂃𓏧
TBC <333