Mr.Lion

By JinGuangyao5

48.8K 1.7K 104

လူတွေကကိုမုန်းတဲ့အရာတွေကိုသာရရှိပိုင်ဆိုင်တတ်ကြသတဲ့ အလောင်းကစားအလုပ်ကိုရွံ့ရှာမုန်းတီးတဲ့ ဆရာဝန်လေးနောင်ရိုးတ... More

《1》
ဇာတ်ကောင်မိတ်ဆက်
《2》
《3》
《4》
《5》
《6》
《7》
《8》
《9》
《10》
《11》
《12》
《13》
《14》
《15》
《16》
《17》
《19》
《20》
《21》
《22》
《23》
《24》
《25》
《26》
《27》
<<29>>
30

《18》

1.2K 42 2
By JinGuangyao5

နောင်ရိုးနေမကောင်းတဲ့တစ်နေ့လုံး ခွင့်ယူပြီးနားပစ်လိုက်သည်
နောက်နေ့သက်သာသွားတော့မှ သေချာပြင်ဆင်ရင်းအောက်ထပ်သို့....

"ရို...ဘယ်သူများလဲလို့
ယောက်ျားတန်မဲ့ ငွေအတွက်သူများကုတင်ပေါ်ဖက်တက်နေတက်ကောင်ပါလား"

မနက်စာစားဖို့ထမင်းစားခန်းထဲခြေချလိုက်သည့်နှင့်တပြိုင်နက်
မနေ့ကမိန်းကလေး၏ရွဲ့စောင်းသံကိုကြားလိုက်ရသည်
နောင်ရိုးအနေနဲ့ဒီမိန်းကလေးနဲ့ဖက်ပြိုင်ပြီးရန်မဖြစ်လိုပေ
ဒါကြောင့်ထမင်းစားခန်းထဲမှဆန်ကနဲပြန်လှည့်ထွက်လိုက်သည်

"ရပ်လိုက်စမ်း!!"

အိန်ဂျယ်မိမိကိုဖုတ်လေငပိရှိတယ်လို့တောင်မထင်တဲ့ကောင်ကြောင့်
ဒေါသတို့ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး နောင်ရိုးနောက်အမှီလိုက်ကာ နောက်မှဆောင့်တွန်းလိုက်သည်
ရုတ်တရက်ဖြစ်သွားတာကြောင့် နောင်ရိုးမှာအရှိန်မထိန်းနိုင်ပဲ ကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့သည်

"ဒါဘာတွေဖြစ်နေတာလဲ! "

ရမ်လဲကျနေတဲ့အကို့ကိုအပြေးအလွှားသွားထူပြီး
မိန်းမယုတ်မကိုခပ်စူးစူးကြည့်လိုက်သည်
သူ့ boss အမိန့်အရ သူ့သားရဲ့လူကိုရမ်ကာကွယ်ပေးရမည်
အခုတော့ဒီအမျိုးသမီးကထိခိုက်ရဲတယ်!

အိန်ဂျယ် သူဆီပို့လွှတ်လာတဲ့အကြည့်စူးစူးကြောင့်တုန်တက်သွားသော်လည်း
ကိုယ့်ကိုယ်ကိုပြန်ထိန်းလိုက်သည်
ကိုကိုကသိပ်မကြာခင်သူဘက်ပြန်ပါတော့မှာဆိုတော့ သူဘာမှကြောက်စရာမလိုတော့ဘူး

"မင်းကိုယ်မင်းဘာထင်နေလို့ သူ့ကိုထိခိုက်ရဲတာလဲ! "

"ဘာထင်နေလို့လဲဟုတ်လား
ဒီအိမ်ကြီးသခင်မဖြစ်လာမဲ့သူလို့ထင်တာလေ"

အရှက်မရှိမျက်နှာပြောင်တိုက်လွန်းသည့်မိန်းမကိုရမ်အတော်လေးရွံရှာမိသည်
နောင်ရိုးလည်းထိုနည်းတူစွာပင်...
သို့သော်သူကရွံရှာရုံမကရှက်လည်းရှက်မိသည်
သူရာထူးအဆင်အတန်းနှင့်ဆို လူအများလေးစားမခံရရင်တောင်
စော်ကားမော်ကားလည်းပြောရဲကြမည်မဟုတ်ပေ
အခုတော့ lion ကြောင့်သူ့မှာအမျိုးသမီအထင်သေးနှိမ့်ချခြင်းကိုခံနေရပြီ

"ဒီမယ်အမိ မင်းကိုငါအရှင်ဆုံးပြောမယ်
မင်းလူကိုမင်းနိုင်အောင်ထိန်း ငါဘက်က Lion ကိုမြှူဆွယ်ထားတာတစ်စက်မှမရှိဘူး
မင်းလူကသာငါ့ကိုအသည်းအသန်ဖြစ်နေတာ"

"အဟက်! ရှင်ဘယ်သူ့ကိုလာလိမ်နေတာလဲ!
ဘာမှဆွဲဆောင်မှုမရှိတဲ့ရှင့်လိုလူကိုကိုကိုကကြိုက်မတဲ့လား"

"ငါ့မှာဘာဆွဲဆောင်မှုရှိတဲ့မင်းလူကိုမေးကြည့်လိုက်လေ"

အနိုင်ပိုင်းပြီးတာနဲ့နောင်ရိုးဆတ်ကနဲလှည့်ထွက်လိုက်သည်
စောစောစီးစီးတကယ့်အကုသိုလ်...

"တောက်! "

အနိုင်ပိုင်းခံလိုက်ရတာကြောင့် အိန်ဂျယ်မှာဆွေ့ဆွေ့ခုန်တော့မည်
စောက်ခြောက်ကများစကားကြီးစကားကျယ်တွေပြောနေတယ်

"မင်းကိုတစ်ခုသတိရဦးမယ်
ကိုယ့်အပိုင်မဟုတ်တဲ့လူကိုအတင်လောဘတက်မနေနဲ့
နောက်ဆုံးထိခိုက်တဲ့လူကမင်းပဲဖြစ်လိမ့်မယ်"

ရမ်သူမကိုသဘောမကျပေမဲ့ သတိပေးသင့်တာကိုသတိပေးထားရလိမ့်မည်
သူသတိပေးတာလက်ခံပြီးပိုဆိုးတာတွေလုပ်မလာဖို့မျှော်လင့်သည်

_______________

Lion မဖြစ်မနေကိစ္စမို့သာလာရသည်
စိတ်တွေကတော့နေမကောင်းသည့်ဘေဘီထံမှာသာကျန်ရစ်ခဲ့သည်

"ဟေ့ Mr.Lion အလှလေးတွေနဲ့ပျော်ဦးမလား..."

လိုရင်းကိုမရောက်နိုင်ပဲကောင်မလေးတွေဘက်တစ်ယောက်နှင်ပျော်ပါးနေသည့်တစ်ဖက်လူကို
Lion စိတ်မရှည်တော့ပေ...

"အလုပ်ကိစ္စအရင်ဆွေးနွေးသင့်တယ်မထင်ဘူးလား..."

သူ့အလေးအနက်အမူအယာကိုမြင်မှ တစ်ဖက်လူကကိုယ်ရှိန်သတ်ပြီး
ခပ်တည်တည်ပြန်ထိုင်လိုက်သည်
နောကြေနေသည့်မိန်းကလေးတွေကလည်းအလိုက်တသိထွက်သွားပေးကြသည်

"Mr.Lion ကို ကျုပ်ကအလုပ်ကမ်းလှမ်းချင်လို့..."

Lion  မျက်ခုံးပင့်လိုက်သည်
ပြောတော့လက်နက်အရောင်းအဝယ်ကိစ္စဆို ...
သူ့စိတ်ထဲကအကြောင်းအရာတွေကို Lion ထုတ်မပြောသေးပဲတစ်ဖက်လူထပ်ပြောလာမဲ့စကားတွေကို
နားစိုက်ထောင်လိုက်သည်

"ကျုပ်တို့ လူကုန်ကူးမှုအတွက်လိုအပ်တဲ့လက်နက်တွေကို Mr.Lion တို့ဘက်ကထောက်ပံ့ပေးစေချင်တယ်
အကျိုးအမြတ်ကိုမနည်းစေရဘူးလို့အာမခံတယ်"

"ဆောရီး...အကျိုးတူလုပ်ဖို့ဆိုရင်တော့စိတ်မဝင်စားဘူး"

Lion အချိန်မဆိုင်းပဲပြတ်ပြတ်သားသားငြင်းပစ်လိုက်သည်

"ထင်ထားတဲ့အတိုင်း Mr.Lion ကငြင်းပစ်တာပဲ
ကျုပ်တို့ကိုအခွင့်အရေးတောင်မပေးချင်ဘူးလား"

"ဆောရီး...ဒီကိစ္စအတွက်ဆိုအခွင့်အရေးပေးစရာမရှိဘူး"

Lion ထရပ်ပြီးအဝတ်အစားသေသပ်အောင်ပြင်လိုက်သည်
ဘေဘီကိုပစ်ပြီးလာမိတာနောင်တရတယ်
အခုဘေဘီဘာလုပ်နေမလဲ....

Zawgi


"ရို...ဘယ်သူများလဲလို့
ယောက်ကျားတန်မဲ့ ငွေအတွက်သူများကုတင်ပေါ်ဖက်တက်နေတက်ကောင်ပါလား"


"ရပ်လိုက်စမ်း!!"


"ဒါဘာတွေဖြစ်နေတာလဲ! "










"တောက်! "




_______________



Lion စိတ်မရှည်တော့ပေ...










အခုဘေဘီဘာလုပ်နေမလဲ....

Continue Reading

You'll Also Like

744K 57.4K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
43.2K 885 17
What if Naruto made a certain decision during his childhood that would change the course of his future? What is that decision? And what's the rookie...
2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
599K 32K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...