နွေဦးကုန်လို့ သစ်ရွက်ကြွေများမြေပေါ်ကျ၍ မိုးဦးတစ်ဖန်ပြန်ရောက်တော့မည်ဖြစ်သည်။ အပင်လေးများနှင့် ပန်းကလေးများလည်း တစ်ဖန်ပြန်လည်ဖူးပွင့်စိမ်းလန်းလာတော့မည်။ ထို့အတူ ကျောင်းသားကျောင်းသူကလေးများလည်း ကျောင်းဖွင့်ရက်ပထမဦးဆုံးနေ့ ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည့်အချိန်...။ ထိုထဲတွင် ပတ်ခ်ဂျုံဆောင်း ဟုခေါ်သော ကောင်လေးတစ်ယောက်လည်းအပါအ၀င်ဖြစ်သည်...။
"သားရေ...ဂျုံဆောင်း မပြီးသေးဘူးလားကွယ်။ ကျောင်းကဒီလိုနဲ့နောက်ကျတော့မှာဘဲ"
ဆိုလ်းမြို့လယ်ခေါင်ရပ်ကွက်လေးတစ်ခုရှိ အိမ်လေးတစ်အိမ်မှ မိခင်ဖြစ်သူဆီထံမှထွက်ပေါ်လာသောအသံ..။
ထိုအခါ အိမ်ပေါ်အထပ်မှ ၀ရုန်းသုန်းကားပြေးဆင်းလာသော သားဖြစ်သူ။ ဆံပင်များသပ်ရပ်စွာ ပုံသွင်းထားကာ ယူနီဖောင်းလည်းသေချာ၀တ်ဆင်ထား၍ ပြေပြစ်သောမျက်နှာ၊ ခန္ဓာကိုယ်အရွယ်အစားဖြင့် ကြည့်ကောင်းနေသော ကောင်လေးတစ်ယောက်။
"ပြီးပါပြီ မေမေရယ်။ ပထမဦးဆုံးနေ့ဆိုတော့ သေချာပြင်ဆင်နေရလို့ပါဗျ"
အမေဖြစ်သူအား ဖက်ကာ ပျားရည်လောင်းထားသောအသံဖြင့် ကပ်ချွဲနေသောပုံစံသည် ကြောင်ပေါက်လေးတစ်ကောင်အလား။ ထိုအခါ မိခင်ဖြစ်သူက ရယ်သွမ်းသွေးကာ....။
"ကျွန်မသားလေးက ဘယ်လိုနေနေကြည့်ကောင်းပါတယ်တော်။ ကဲပါ...မနက်စာစားရအောင်"
ဂျုံဆောင်းက တက်ကြွသောခြေလှမ်းများဖြင့် ဖိနပ်စင်နားပြေးကာ...။
"တော်ပြီမေမေ။ သားဒီနေ့ကျောင်းကိုနည်းနည်းစောရောက်ချင်လို့။ ဒီရာသီဥတုလေးနဲ့ သားလမ်းလည်းလျှောက်မလို့။ သွားပြီမေမေ။ ပတ်ခ်ဂျုံးဆောင်းက ချစ်တယ်နော်"
ထိုသို့ တရစပ်ပြောကာ အိမ်အပြင်ပြေးထွက်သားသော သားဖြစ်သူအား ခေါင်းတစ်ခါခါ။
🌷♡♡🌷
ဂျုံဆောင်းကအခုဆို အထက်တန်းနောက်ဆုံးနှစ်။ အသက်ကတော့ 19 နှစ်ထဲ၀င်နေတဲ့ လူပျိုလေးပေါ့။ အမေတစ်ခုသားတစ်ခုဘ၀လေးမှာ ဂျုံဆောင်းရဲ့ကမ္ဘာဟာ မိခင်ဖြစ်၍ မိခင်ဖြစ်သူ၏ အားကိုးရာဟာလည်း သူဖြစ်သည်။ ဂျုံဆောင်းတို့က မချမ်းသာပေမဲ့ သူများနည်းတူ သုံးနိုင်စွဲနိုင်ပါသည်။
ကျောင်းသွားသည့်လမ်းတွင် ဂျုံဆောင်းတစ်ယောက် ငေး၍ လမ်းလျှောက်နေစဥ်ကောင်လေးတစ်ယောက် ဆေးလိပ်သောက်နေသည်ကိုတွေ့လိုက်သည်။ ဆေးလိပ်သောက်တာကိစ္စမရှိပေမဲ့ ထိုကောင်လေးယူနီဖောင်းဟာလည်းသူနဲ့အတူတူပင်။
လူသူလည်းများတာမို့ ဂျုံးဆောင်းကကျောင်းနာမည်ကိုကာကွယ်တဲ့ လူစွမ်းကောင်းလေးလုပ်ရပေအုံးမည်။ ထို့ကြောင့်ထိုကောင်လေးဆီလျှောက်သွားကာ...။
"ဒီမှာဗျ"
ဂျုံးဆောင်းထိုကောင်လေးရှေ့ရပ်၍ ထိုသို့ခေါ်တော့ မော့ကြည့်လာသောကောင်လေး။ စူးရှသောမျက်၀န်း၊ ချောမွတ်သော မျက်နှာ၊ ဖြောင့်စင်းသောနှာတံ နှင့် မထူမပါးနှုတ်ခမ်းတစ်စုံ။ ဂျုံဆောင်းငေးမိသည်ကို၀န်ခံပါသည်။ သို့သော်လည်း သူပြောရမည့်အရာတွေကိုပြောရပေးအုံးမည်။
"ဘာကိစ္စလဲ"
ဘောက်ဆတ်ဆတ်ထိုကောင်လေး၏အသံကြားသည့်အချိန် တော်ရုံမဟုတ်မှန်းသိလိုက်ရသည်။ ထိုကောင်လေးစီးထားသည့်ဖိနပ်နှင့် လွယ်အိတ်တို့ကိုကြည့်၍ သူဌေးသားတစ်ယောက်ဖြစ်မည်ထင်...။ ထို့နောက် ဂျုံဆောင်းစကားကိုဆက်ကာ....။
"စိတ်တော့မရှိပါနဲ့။ ဒါပေမဲ့ ကျောင်းယူနီဖောင်းနဲ့ ဆေးလိပ်သောက်တာမကောင်းဘူးထင်တယ်။ ကျွန်တော်လည်းဒီကျောင်းကဘဲမို့လို့ လာပြောတာပါ။ ကျောင်းတောင်မတက်ရသေးဘူးဆိုတော့ ကျောင်းနာမည်ကိုကာကွယ်ချင်ရုံပါ"
ဂျုံးဆောင်းက မည်သူ့ကိုမဆို ယဥ်ယဥ်ကျေးကျေးသာပြောသည်။ သူနှင့်ရွယ်တူလောက်ရှိမည်ထင်သော်လည်း မသိသောသူဖြစ်သောကြောင့် ထိုသို့ပြောလိုက်ခြင်း။
"မင်းကဘယ်သူမို့လို့လဲ"
ထိုကောင်လေးသည် ထိုင်နေရာမှမတ်တပ်ရပ်၍ သူ့မျက်နှာကိုစူးစိုက်ကြည့်ကာ ပြောသည့်စကား။ ထိုအခါ ဂျုံဆောင်း ကောင်းကောင်းပြောလို့မရနိုင်မှန်းသိလိုက်သည်။
"ဘဲ့ဆောင်းအထက်တန်းကျောင်းကကျောင်းသား။ အခုပြောတယ်ဆိုတာကလည်းမင်းလုပ်နေတာ အမြင်မသင့်လို့ပြောတာ။ ကျွန်တော်ပြောစရာရှိတာပြောပြီးပြီမို့လို့ ဒီလောက်နဲ့...."
ဂျုံဆောင်းပြောစရာရှိသည်များပြောပြီးပြီဖြစ်၍ လှည့်ထွက်မည်ပြုစဥ် ဂျုံဆောင်း၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်သော သွေးကြောစိမ်းများယှက်ဖြာနေသည့်လက်တစ်စုံ။ ဂျုံဆောင်းတစ်ချက်တော့လန့်သွား၍ ထိုကောင်ဘေးအားကြည့်လိုက်စဥ်။
"ငါဘယ်သူဆိုတာ မင်းသိရပါလိမ့်မယ်"
သူ့အားကြည့်ကာ ခနဲ့တဲ့တဲ့အပြုံးဆင်မြန်းထားသောကောင်လေး။ ဂျေးမျက်မှေင်ကြုံ့လိုက်မိသည်။ ထို့နောက်မှလက်ကိုလွှတ်ပေးသည်။ သို့သော် ကျောင်းချိန်နီးနေ၍ မြန်မြန်သာလှည့်ထက်လာခဲ့သည်။
အနောက်မှာကျန်ခဲ့သည်ကောင်လေးကတော့ ခပ်ဖွဖွပြုံး၍....။
"ကိုယ်မင်းကို စိတ်၀င်စားသွားပြီ ပတ်ခ်ဂျုံဆောင်း"
လက်ကိုဆွဲလိုက်ချိန် ထိုလူ့ဆီမှကျကျန်ခဲ့သော နာမည်ကတ်ပြားလေးအား သိမ်းကာ ကျောင်းသို့ထွက်ခွာလာခဲ့သည်။
🌷♡♡🌷
Short chapter လိုပုံစံမျိုးလေးရေးမှာပါ။
The first page of our story ☘️
15.2.2024