𝖬𝗈𝗋𝖺𝗅 𝗈𝖿 𝗍𝗁𝖾 𝗌𝗍𝗈...

By rii_avocado

1.7K 199 92

တစ်ချက်လောက်ငဲ့ကြည့်လှည့်ပါဦး မြတ်နိုးရသူအား ကြည်သာစေချင်ရုံပါ ။ [ Choi Seungcheol + Hong Jisoo ] ( Warning... More

[ EP-1 ]
[ EP-3 ]
[ EP-4 ]

[ EP-2 ]

332 44 13
By rii_avocado

"ရားးး ဂျီဆူးရား မင်းဒီလိုမျိုး... ပြန်တိုင်လို့မဖြစ်ဘူးလေ! ဟျောင်းတို့က.. မင်းကြည်ကြည်ဖြူဖြူနဲ့ မုန့်ဝယ်ကျွေးတာကို စားခဲ့ရုံပဲလေ.. မဟုတ်သူးလား သားကြီးတို့ !?"

ဂျီဆူးအရှေ့က.. ကျောင်းဘောင်းဘီအိပ်ကပ်လက်ထိုးထည့်ထားပြီး ဆရာကြီးပုံဖမ်းနေတဲ့... ဘဲ့ဟွန်းဂျူက မနီးမဝေး... သူ့နောက်လိုက်တွေကို.. လိုက်ထောက်ခံခိုင်းတယ်... ဦးနှောက်ပါပေမဲ့ ဝမ်းချုပ်နေလို့လားမသိ.. ချီးတွေနဲ့ပဲပြည့်နေတဲ့ကောင်တွေက အသီးသီးထောက်ခံတဲ့အခါ.. ဘဲ့မျိုးရိုးက ကော်လံကို ဆတ်ကနဲ ခါပြတယ်။

သူများကို Body shaming လုပ်တယ်ရယ်လို့တော့မဟုတ်ပါ... ဂျီဆူးမျက်လုံးထဲတော့ ရွံ့လူးထားတဲ့ဝက်ကြီး ရွံခါလိုက်သလိုပဲ.. တော်တော်လေးကိုဆိုးရွားလွန်းတယ်။

ဂျီဆူးကိုအနိုင်လာကျင့်နေတာတွေက .. စိတ်တအားရှုပ်လာစေတာမလို့ အတန်းပိုင်ဆရာမနဲ့ရော.. ကျောင်းအုပ်ကြီးနဲ့ပါ.. တိုင်ပစ်လိုက်တာမှာ .. အခုလို ကျောင်းအဝမှာ ပြဿနာလာရှာနေခြင်းသာ။

G-12 က ဘဲ့ဟွန်းဂျူတို့အုပ်စုက.. အခြားအတန်း
ငယ်က ကလေးတွေကို.. အနိုင်ကျင့်တတ်တာမလို့ဆိုးသွမ်းတဲ့အထဲပါသည့်အပြင်... ကျောင်းမှာတင်ဆေးလိပ်နဲ့ မူးယစ်ဆေးလဲသုံးစွဲတတ်တာမလို့.. ကျောင်းခဏခဏ.. နားနေရတာပင်။

ဒါကြောင့်မလို့.. အခေါင်းထဲရောက်တော့မဲ့အသက်အရွယ်ဖြစ်ပေမဲ့လည်း.. အချိန်ထပ်ထိ G-12 မပြီးနိုင်သေးတာလေ.. အလကားလူဘောကြော့ဆန်ကုန်မြေလေးတွေ။

သေချာပေါက်.. သူတို့မိဘတွေရဲ့ .. အင်အားနဲ့မလို့ အခုထက်ထိ.. ကျောင်းနားရတာကလွဲရင်ဘာမှမဖြစ်သေးတာပေါ့.. ဒါပေမဲ့ ဂျီဆူးရဲ့အဖေကလဲ ထင်ကရပုဂ္ဂိုလ်တစ်ဦးမလို့.. ပြဿနာတတ်လဲကိစ္စတော့မရှိ။

ငွေနဲ့အာဏာကိုအကြောင်းပြပြီး.. ထင်ရာစိုင်းရတာကိုမကြိုက်ပေမဲ့.. အဲ့လိုမျိုးကောင်တွေနဲ့တွေ့ရင်တော့.. ထင်ထင်ရှားရှားကြီးကို အသည်းထဲထိစွဲအောင် ပညာပြပေးရမယ်လေ။

"Ashi.. အာရုံမနောက်ချင်လို့ လိုက်လျောပေးတာကို.. အဟုတ်မှတ်နေတယ်.. ကလေကချေလေးတွေ"

ကုန်သွားပြီဖြစ်တဲ့.. စတော်ဘယ်ရီအရသာ ...
သကြားစုပ်လုံးရဲ့ အတံကို... ပါးစပ်ထဲကနေ ခပ်လှမ်းလှမ်းကို ထွေးထုတ်လိုက်ရင်း... တိုးညှင်းစွာ ရေရွတ်လိုက်တဲ့စကားတွေမှာ.. ဘဲ့ဟွန်းဂျူတို့အုပ်စု.. ရှူးရူးရှားရှားတွေဖြစ်ကုန်ကြတယ်။

ဂျီဆူးက LA ကပြောင်းလာတဲ့.. G-12 ကျောင်းသားဖြစ်ပြီး.. ခန္ဓာကိုယ်သေးတဲ့အထဲပါတာမလို့.. အနိုင်ကျင့်ခံရတိုင်းငိုနေမည့်.. ငပျော့လေးလို့မြင်နေကြတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

သူ့အနောက်ဘက်ကနေ.. ဝိုက်ဝင်လာတဲ့ လက်သီးကို အသာအယာပဲ ရှောင်ကြဉ်ရင်း အိမ်ပြန်ဖို့ ကျောင်းတံခါးဝကို.. ခြေလှမ်းလိုက်တယ်..  ကျောင်းဆင်းချိန်ဖြစ်ပြီး.. ဒီနေ့မှ ဂျီဆူးကသန့်ရှင်းရေး... တာဝန်ကျတာမလို့ အိမ်ပြန်ချိန်ကတော်တော်ကို.. နောက်ကျနေတာ။

အခု ဂျီဆူးစိတ်ထဲမှာ.. ရန်ဖြစ်မဲ့အစား အိမ်ပြန်ပြီး တစ်ရေးတမော.. အိပ်ပစ်လိုက်ဖို့ကိုပိုပြီး... ဆန္ဒရှိတာမလို့ အိမ်ပြန်ဖို့ရာ တော်တော်လေးကို.. စိတ်လောနေမိတာပင်။

"ဟေ့ကောင် ဘယ်ပြေးမလို့လဲ !!"

ကျောင်းတံခါးဝကို.. ကျော်ဖြတ်ပြီးပြီးချင်းမှာတင်.. ခေါင်းကိုအရိုက်ခံလိုက်ရတဲ့ခံစားချက်နဲ့အတူ.. ရှိန်းတိန်းတိန်းဖြစ်သွားတဲ့အခါ.. ဒေါသဖြစ်စိတ်ကလေးက ထောင်းကနဲ... ထွက်ပေါ်လာတော့သည် .. ဂျီဆူးက ပြဿနာကိုရှောင်သော်လည်း... ပြဿနာက ဂျီဆူးကိုမရှောင်တဲ့အခါ.. မတတ်နိုင်တဲ့အဆုံး ထိုးရကြိိတ်ရတော့သည်။

ရလဒ်ကတော့..ကျေနပ်စရာဖြစ်ပြီး... LA မှာရှိခဲ့စဉ်က Taekwondo သင်ပေးခဲ့တဲ့.. ပညာရှင်အဖိုးဖြစ်သူကို လှမ်းပြီးတမ်းတမိသည်အထိ.. ရင်ထဲတွင်လှိုက်ကာလှိုက်ကာ ဂုဏ်ယူမိလေ၏။

အထိုးခံရတာမလို့ ကွဲသွားတဲ့မျက်ခုံးထောင့်နဲ့ .. ညာဘက်နှုတ်ခမ်းထောင့်တို့ ပေးဆပ်ရတာ... ထိုက်တန်သလိုမျိုး.. ဘဲ့ဟွန်းဂျူနဲ့ နောက်လိုက် လေးယောက်လုံး.. အမှောက်သိပ်ခဲ့တာပင်ဖြစ်တယ်။

"Shit! အိမ်ပြန်ချင်စိတ်​တောင်ပျောက်သွားပြီကွာ"

ဂျီဆူ ခပ်တိုးတိုးသာ ရေရွတ်ရင်း မလှမ်းမကမ်းမှာ ပြုတ်ကျနေတဲ့ လွတ်အိတ်ကလေးကိုကောက်လွယ်ကာ ထွက်လာခဲ့လိုက်တော့သည်။

🍓🩷🐾

ကျောင်းကနေ... ခြေဦးတည့်ရာ လမ်းလျှောက်
သွားရင်းနဲ့... အနာတွေကစပ်ဖျဉ်းဖျဉ်းဖြစ်လာတာမလို့... convenience store ရှေ့မှာ.. ဆေးဝယ်ပြီးတဲ့နောက်မှာ.. ဆေးထည့်ထားကြောင်းထင်ရှားတဲ့... ပလာစတာလေးတွေ မျက်နှာမှာကပ်လို့.. ငုတ်တုပ်ကလေး.. ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတဲ့.. ဂျီဆူးကို ဦးလေးကြီးကစပြီး.. ချဉ်းကပ်ခဲ့တာ။

"ဟေ့ကောင်လေး! စတော်ဘယ်ရီစားမလား.. ရော့ ယူထားလိုက်.. ကိုယ်ကလူထူးဆန်းမဟုတ်ဘူးနော် ! မင်းတို့ကျောင်းက .. ကိုယ့်အရင်တတ်ခဲ့ဖူးတဲ့ကျောင်း.. စတော်ဘယ်ရီတွေကခြံထွက်မလို့.. စားလို့တအားကောင်းတယ်.. စားကြည့်လိုက်နော်.. ကိုယ့်စတော်ဘယ်ရီခင်းက ဒီနားလေးတင်ပဲ"

ရေကရားလွှတ်သလို.. ပြောသွားတဲ့စကားတွေကို
မနည်းလိုက်နားထောင်ရပြီး... သူ့ကိုလည်းအထင်မလွဲစေချင်တာမလို့... ပြန်ရှင်းပြနေတဲ့ ဦးလေးကြီး တစ်ယောက်ကြောင့်.. ညစ်ထွေးနေတဲ့ .. ဂျီဆူးရဲ့ စိတ်ကလေးဟာ .. မိုးရွာပြီးခါစ ကောင်းကင်ဖြူဖြူကလေးလိုမျိုး.. ပြန်လည်ကြည်လင် လာရတယ်။

မတိုးမကျယ်အသံကလေးနဲ့ရယ်မိလိုက်ရင်း.. ဂျီဆူးဘက်ကို ဦးတည်ကမ်းထားဆဲဖြစ်တဲ့.. စတော်ဘယ်ရီခြင်းကလေးကို... လက်နှစ်ဖက်နဲ့ သေချာလက်ခံယူရင်း.. ဦး​လေးကြီးကို.. ပေါ့ပါးစွာနဲ့ တောက်တောက်ပပ မျက်လုံးလေးတွေမှေးသည်အထိ... စိတ်လိုလက်ရ ရယ်ပြမိလိုက်တယ်။

"စတော်ဘယ်ရီခင်းကိုလိုက်လည်ချင်လို့"

စကားအဆုံးမှာ ဦးလေးကြီးကလဲ သူ့ပါးချိုင့်တွေပေါ်အောင်ပြုံးပြလာခဲ့သည်လေ ။

..... 13 by lany | 🖇️

"အဲ့တော့မင်း နိုင်အောင်ချခဲ့လား?"

"ဒါပေါ့ဗျ..! ကျွန်တော် Taekwondo တတ်တယ်လေ"

ဂျီဆူး ပေါင်ပေါ်ကစတော်ဘယ်ရီခြင်းကို.. တစ်ဖက်က.. ထိန်းကိုင်ရင်းနဲ့... ကျန်တစ်ဖက်က လက်သီးလက်မောင်းတန်းတဲ့အခါ ဘေးက ဦးလေးကြီးက... သူ့ပါးချိုင့်တွေပေါ်အောင် ပြုံးရယ်ပြန်တယ်။

ငေးကနဲဖြစ်ရတဲ့စိတ်နဲ့အတူ ကဆုန်ပေါက်ခုန်လာတဲ့ နှလုံးသားလေးကြောင့်.. ဂျီဆူး ရွန်းရွန်းစိုစို... စိုက်ကြည့်နေမိရာကနေ.. ဆတ်ကနဲအကြည့်လွှဲလိုက်ရတယ်... ဘယ်လိုတောင် အန္တာရယ်များတဲ့ဦးလေးကြီးလဲနော် !!

"နေပါဦး.. ဦးလေးကြီးကို ကြည့်ရတာ... စတော်ဘယ်ရီစိုက်စားမှ.. ထမင်းစားရမဲ့ပုံစံလဲမဟုတ်ပါပဲနဲ့... ဘာလို့ဒီလောက်ကျယ်တဲ့.. စတော်ဘယ်ရီခင်းကြီးကို စိုက်ထားတာလဲ?"

မေးခွန်းသတ်တယ်ဆိုတာ ဒါမျိုးနဲ့တူပါရဲ့... ကောင်လေးရဲ့ မေးခွန်းကြောင့် ဆွန်းချောငြိမ်ကျသွားရတယ်.. မဖြေချင်တဲ့မေးခွန်းတစ်ခုဖြစ်ပြီး အမှတ်တရအားလုံး... ဖျက်ဆီးခံလိုက်ရသလိုမျိုး.. အထိ ခံစားရတဲ့ အဖြစ်အပျက်တစ်ခုဟာ.. ဆွန်းချောခေါင်းထဲမှာ.. ရုပ်ရှင်ဇာတ်ကွက်တစ်ခုလိုမျိုး.. အစီအရီပြန်ပေါ်တယ်။

လများစွာအချိန်ယူပြီး.. အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားကနေ.. စိုက်ပျိုးခဲ့တဲ့ ဒီစတော်ဘယ်ရီခင်းဟာ .. တစ်စုံတစ်ယောက်အတွက်ဆိုပေမဲ့.. ထိုတစ်စုံတစ်ယောက်ဖြစ်တဲ့.. သူ့ရဲ့အချစ်ဦးဟာ လွန်ခဲ့တဲ့တစ်ပတ်တုန်းကပင်.. သူမရဲ့ချစ်ရတဲ့သူကို ဆွန်းချောနဲ့မိတ်ဆက်ပေးခဲ့တယ်။

သူမရဲ့ချစ်သူဟာ အသက်အရွယ်ငယ်ပြီး.. အလုပ်မရှိသေးတဲ့ကောင်လေး(transgender) ဖြစ်တာမလို့.. ဆွန်းချောမှာ နူးနာပြန်ပြီး... မချစ်ပေးနိုင်ရတဲ့အထိ မည်သို့သော... အပြစ်အနာအဆာများရှိသလဲဆိုပြီး တစ်ပတ်တာလုံးလုံး.. မေးခွန်းတွေထုတ်ပြီး အရက်သမား.. ဖြစ်ခဲ့ရပေမဲ့လည်း.. တကယ်တမ်းတော့..
နူးနာချစ်သည်ဆိုတဲ့အချက်နဲ့တင် ချွဲဆွန်းချော
ရှူံးခဲ့ပါသည်မဟုတ်ပါလား။

မိနစ်အတော်အတန်ကြာညောင်းသည်အထိ.. တိတ်ဆိတ်သွားတဲ့ဦးလေးကြီးကြောင့်.. ဂျီဆူးဇာတ်ကလေးပုဝင်သွားရတယ်..မင်း တော်တော်စပ်စုတာပဲ ဟုန်းဂျီဆူး !!

"တောင်းပန်ပါတယ်နော်.. ကျွန်တော်မမေးသင့်တဲ့မေးခွန်းကို မေးမိလိုက်တယ်ထင်တယ်"

သူ့ဘေးကကောင်လေးရဲ့ အသံက.. အားနာမှုကြောင့် တော်တော်လေးကို.. တိုးဝင်သွားတာမလို့.. ဆွန်းချော အတွေးတွေလွန်သွားတာ.. များကြောင်းသတိပြုမိလိုက်တယ်။

"ရပါတယ် .. နောက်ဆိုသတိထားပေါ့.. "

ဦးလေးကြီးက.. အပြုံလေးတစ်ပွင့်နဲ့ အဆင်ပြေကြောင်းပြောလာတာမလို့.. ဂျီဆူးခေါင်းကို ခွေးကလေးတွေငြိမ့်သလို.. တဆတ်ဆတ်ငြိမ့်ပြလိုက်ရင်း

"ဒါနဲ့လေ ကျွန်တော်စားဖူးသမျှ တော်ဘယ်ရီတွေထဲမှာ ဒီစတော်ဘယ်ရီတွေအချိုဆုံးပဲ ဟီးး !! "

"ဖြေးဖြေးချင်းစား မင်းစားနိုင်ရင်တစ်ခြံလုံးစားသွားလို့ရတယ်"

လက်မလေးနှစ်ဖက်ကိုထောင်ပြနေတဲ့.. ဂျီဆူးရဲ့ နှုတ်ခမ်းရဲရဲလေးပေါ်မှာကုပ်တွယ်နေတဲ့... စတော်ဘယ်ရီသီးအဖတ်ကလေးကို.. လက်မနဲ့ သုတ်ဖယ်ပေးရင်း... တစ်ဆက်တည်းမှာပဲ ခေါင်းကိုဖွဖွလေး.. ပုတ်ပေးလေသည်။

ဦးလေးကြီးကတော့.. ကလေးကိုချော့မြူသလိုမျိုး ခေါင်းကိုပုတ်ပေးလိုက်ရုံသာဆိုပေမဲ့... ဂျီဆူးအတွက်တော့.. သက်ရောက်မှုက တော်တော်ကို ကြီးမားလွန်းတာ.. မျက်ရည်တွေစီးကျလာသည်အထိ။

ဒဏ်ရာရထားသည့်အတွက် စိတ်အားငယ်နေသည့်အပြင်.. ယခုလိုမျိုးရန်ဖြစ်တာကိုသိရင်.. အဖေဖြစ်သူရဲ့ကြိမ်းမောင်းမည့်ဒဏ်ကို.. ခံရမည်ကတစ်ကြောင်းကြောင့်.. စိတ်အကြီးအကျယ်ညစ်နေရချိန်မှာ ရုတ်တရက်ကြီး.. အားကိုးရလောက်မဲ့သူက.. ပေါ်ထွက်လာတော့ .. ဂျီဆူး မျက်ရည်မဆည်နိုင်အောင်.. ငိုမိတော့သည်။

ချစ်စရာကောင်းတယ်.. ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခေါင်းပုတ်ပေးလိုက်မိပေမဲ့... မျက်ရည်တွေစီးကျလာတာကြောင့် ဆွန်းချော... တော်တော်လေးကိုပြာယာခပ်သွားရပြီး... ဘယ်လိုလုပ်ရမလဲမသိတဲ့အဆုံးမှာတော့ ခေါင်းလုံးလုံးလေးကို... ရင်ခွင်ထဲကိုသာ ဆွဲထည့်မိလိုက်တော့တယ်။

ချော့လေ ငိုလေဆိုတဲ့အတိုင်း.. ရင်ခွင်ထဲဆွဲထည့်ခါမှ
ရှိုက်ကြီးတငင်နဲ့ ပိုငိုလာတဲ့ကောင်လေးကြောင့်... နောက်ကျောပြင်လေးကို... ဖွဖွကလေးပွတ်သတ်ပေးမိတော့တယ်။

"မေမေ့ကိုလွမ်းတယ်.. မေမေက ကျွန်တော်ဝမ်းနည်းတိုင်း ခေါင်းကိုပုတ်ပေးနေကျ.. ကျွန်တော့်ကိုထားသွားလို့ အပြစ်မတင်ပါဘူး.. အခုဆိုမေမေက ကျွန်တော့်လိုစိတ်မဆင်းရဲရတော့ဘူး.. မေမေက ကောင်းကောင်းအနားယူနေပြီ"

ဆွန်းချောရင်ခွင်ထဲက.. တိုးထွက်ကာ မျက်ရည်တွေကို အတင်းသုတ်ရင်း... နေဝင်နေပြီဖြစ်တဲ့ ပုစွန်ဆီရောင်ကောင်းကင်ကြီးကို... မော့ကြည့်ရင်း ရေရွတ်တယ်။

"မင်းမေမေက မင်းကိုဂုဏ်ယူနေမှာပါ.. သူ့သားလေးက အခုလိုသိတတ်တဲ့... အမျိုးသားလေးတစ်ယောက်မလို့လေ"

"မေမေကဂုဏ်ယူနေမှာသေချာပေမဲ့ စိတ််မကောင်းဖြစ်နေရင်ဘယ်လိုလုပ်မလဲဟင်?"

ကောင်လေးဟာ ကောင်းကင်ကိုမော့ကြည့်နေရင်း ရုတ်တရက်ဆိုသလို.. ဆွန်းချော ဘက်ကိုလှည့်ပြီး.. ကြယ်တာရာစုတွေအကုန်လုံးစုဝေးနေသလိုမျိုး.. တောက်ပရွှန်းလဲ့နေတဲ့ .. မျက်လုံးရွဲရွဲတွေမေးလာတာမလို့.. နှဖူးပေါ်ကဆံပင်လေးကို သပ်တင်ပေးမိရင်း

"ဟောဒီက... စတော်ဘယ်ရီလေးရဲ့မေမေက.. သူစိတ်မကောင်းဖြစ်တိုင်း.. လဘေးနားက ကြယ်လေးအဖြစ် ပေါ်လာပြီး ... စတော်ဘယ်ရီလေးကို နှစ်သိမ့်ပေးမှာတဲ့"

ပန်းနုရောင်သန်းနေတဲ့ပါးကလေးတွေနဲ့ .. ငိုထားတဲ့အတွက်.. နှာထိပ်ကလေးတွေက နီရဲနေတာ.. အဲ့တာအပြင်ကိုမှ.. နှုတ်ခမ်းပါးလေးတွေကလဲ ပန်းရင့်ရောင်သန်းကာ.. စိုရွှဲတောက်ပနေတော့တယ်။

ပေါင်ပေါ်က စတော်ဘယ်ရီခြင်းကို ကိုင်ထားတဲ့.. ဖြူဖွေးသွယ်လျှနေတဲ့ လက်ချောင်းထိပ်လေးတွေကအစ နီနီရဲရဲလေးမလို့.. ဆွန်းချောမျက်လုံးထဲမှာတော့.. သူ့ဘေးနားကကောင်လေးက.. တစ်ကိုယ်လုံးရဲတွတ်နေခြင်းဟာ... သူ့ခြံထဲက စတော်ဘယ်ရီသီးလေးတွေနဲ့ မခြားမနားဖြစ်လွန်းလို့.. စတော်ဘယ်ရီကနေ လူအဖြစ်ပြောင်းလာတယ်.. ထင်မိသည်အထိပင်.. အကျိုးသက်ရောက်ပါ၏။

အခေါ်ခံလိုက်ရတဲ့.. နာမည်လှလှလေးကြောင့် ပါးနှစ်ဖက်လုံး... ပူနွေးလာတာကို ခံစားရမိတာမလို့..  တိတ်တိတ်ကလေးပဲ.. စတော်ဘယ်ရီကိုပဲ ပြန်စားနေပေမဲ့.. ဂျီဆူးစိတ်ထဲ တစ်ခုခုကိုမေ့နေသလိုခံစားရ
တယ် ... အာ!! ဟုတ်သားပဲ ဂျောင်ဟန်နီးတို့ အိမ်လာ
မယ်ပြောထားတာကို !!

ဂျီဆူး ရုတ်တရက် ဝုန်းကနဲ ထရပ်မိလိုက်ပြီး

"ကျွန်တော်ကိစ္စလေးရှိလို့ ပြန်တော့မှာမလို့ ဒီစတော်ဘယ်ရီသီးခြင်းလေးယူသွားပါ့မယ် ဦးလေးကြီး ! ကျေးဇူးအများကြီးအများကြီး တင်ပါတယ်ဗျ !!"

အခုနက.. နှပ်တွေနဲ့ပေပွနေအောင်ငိုယိုနေတာသူမဟုတ်တဲ့အတိုင်း... လက်ထဲကစတော်ဘယ်ရီခြင်းကိုမြှောက်ကိုင်ကာ.. ပြုံးရွှင်စွာ သူ့ကို... နှုတ်ဆက်နေတော့တယ်.. ဒါပေမဲ့ .. အခေါ်အဝေါ်ကလေးကို သိပ်တော့မကြိုက်ချင်တာမလို့.. မျက်မှောင်ကြုံလိုက်မိတယ်။

အခုနကတည်းက.. ခေါ်သံကြားမ်ိလိုက်ပေမဲ့.. ကိုယ့်အပူနဲ့ကိုယ်မလို့ ဂရုမပြုမိလိုက်တာ.. အလုပ်ထဲပဲခေါင်းနှစ်နေမိတဲ့ကိုယ်က.. အထက်တန်းကျောင်းသားလေးဆီက.. ဦလေးကြီးလို့ အခေါ်ရသည်အထိ.. အိုရင့်နေပြီလား ?

"နေပါဦး ကိုယ်ကဦးလေးကြီးဆိုတော့ မင်းက ကိုယ့်ကိုဘယ်နှစ်နှစ်ထင်လို့လဲ ? "

" 25 ကျော်ပြီထင်တာ"

"Haha ကိုယ်က 23 ပဲရှိပါသေးတယ်ကွာ"

"ဒါဆို ကျွန်တော့်ထပ် 5 နှစ်ကြီးတာပဲ ဘာပဲဖြစ်ဖြစ်ကြီးတာက ကြီးတာပဲမလို့ ဦးလေးကြီးပါပဲနော် !! တာ့တာ့ ဦးလေးကြီး ကျွန်တော် ပြန်ပါတော့မယ်ခင်ဗျ"

"ဟဟ အေးပါ.. ဦးလေးကြီးဆိုတော့လဲ ဦးလေးကြီးပေါ့.. ကောင်းကောင်းပြန်"

"ကောင်းကောင်းနေရစ်ခဲ့ပါ ပါးချိုင့်ဦးလေးကြီးခင်ဗျ!"

ကံပါရင်တော့ရှောင်လွှဲလို့ရတမ်းလားကွယ်
နာမည်တောင်မသိခဲ့ကြတဲ့လူနှစ်ယောက်က
နောင်တစ်ချိန်မှာ အရင်းနှီးဆုံးဆက်ဆံရေးတစ်ခုကိုအတူတူတည်ဆောက်ကြရမယ်ဆိုတာများ
သိခဲ့ကြရင် ..?

-🍓

"သခင်လေး ဂျီဆူးကို ပြန်လာခေါ်တာပါ"

အရိုအသေပေးပေးပြီးချင်း အိမ်တော်ထိန်းကြီး.. ဦးလေးဂျောင် ပြောတဲ့ စကားကြောင့်... ထမင်းစားခန်းထဲမှာ လှုပ်ရှားနေသူမှန်သမျှ.. ရပ်တန့်သွားတော့တယ်... စားပွဲခုံပေါ်မှာ နွားနို့တစ်ခွက်နဲ့ ငေးငိုင်စွာထိုင်နေတဲ့.. ဂျီဆူးကို အကုန်လုံးဝိုင်းကြည့်လိုက်တဲ့အထိ.. တုပ်တုပ်မှမလှုပ်လာသေး...။

"အိတ်သွားယူလိုက်ဦးမယ်"

မိနစ်အတော်အကြာအထိ.. တိတ်ဆိတ်ငြိမ်သက်နေတဲ့.. အခန်းလေထုထဲကို.. တိုးညှင်းစွာဖြိုခွင်းလာတဲ့
အသံကြောင့်.. အကုန်လုံးလှုပ်လှုပ်ရှားရှား... ပြန်ဖြစ်ကုန်တယ် ။

ဟင်းချက်လက်စ ဆွန်းကွမ်က.. အရံဟင်းဘူးတွေထည့်ပေးလိုက်ဖို့.. အလောတကြီးနဲ့ထုတ်ပိုးတယ်.. ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျီဟွန်းကလဲ.. အိမ်အပေါ်ထပ် ကသူ့ရဲ့ အိပ်ခန်းကိုအပြေးအလွှားတတ်သွားပြီး.. ဆေးအချို့ကို.. ဂျီဆူးနဲ့အတူထည့်ပေးဖို့ ပြင်တယ်.. ဒိုဂယောင်းကတော့.. ဂျီဆူးနဲ့အတူ အိမ်အပေါ်ထပ်ကို လိုက်သွားပြီးတော့.. ပစ္စည်းတွေ.. သိမ်းဖို့ကူညီပေးတယ်။

ဂျောင်ဟန်နဲ့ ဦးလေးဂျောင်တို့ .. နှစ်ဦးတည်းသာ ဘာမှမလုပ်ပဲ ကျန်ခဲ့သည်မလို့ .. ဧည့်ခန်းဖက်ကိုထွက်လိုက်ပြီး... ထိပ်ဆုံးကတစ်ယောက်ထိုင်ဆိုဖာမှာဂျောင်ဟန် ဝင်ထိုင်ပြီးတော့.. သူ့ခုံရဲ့ မျက်စောင်းထိုးကနေရာမှာ.. ဦးလေးဂျောင်က.. ဝင်ထိုင်တယ်။

စကားစမြည်အချို့ပြောပြီးနောက်မှာ.. ဂျီဆူးကရှေ့ကဆင်းလာပြီး.. နောက်က .. ဒိုဂယောင်းက ဂျီဆူးရဲ့အဝတ်အိတ်အသေးလေးကို.. ကိုင်ပြီး ဆင်းလာကြသည်။

ဂျောင်ဟန်.. ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး.. ဂျီဆူးဆီကို ဦးတည်းသွားလိုက်တယ်.. ဦးလေးဂျောင်က.. ဒိုဂယောင်းဆီက.. အိတ်ကိုလက်လွှဲယူလိုက်ပြီး.. ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေတယ်။

"ကလေးတို့ အစစအရာရာဂရုစိုက်ကြနော် ငါ့ကိုစိတ်မပူနဲ့"

"မင်းကိုယ်မင်းလဲဂရုစိုက် Shuji.. ငါ့ကိုအမြဲဆက်သွယ်လို့ရတယ်"

"ဂျီဆူးဟျောင်း.. ဆေးသေချာသောက်... ဆွန်းကွမ်ထည့်ပေးလိုက်တဲ့.. အရံဟင်းတွေလဲသေချာစား.. ပြီးတော့.. ခန္ဓာကိုယ်တစ်နေရာရာက..နေလို့မကောင်းတာမျိုးဖြစ်လာရင်.. ချက်ချင်းဖုန်းလှမ်းဆက်နော်"

"တစ်ခုခုစားချင်ရင် စာပို့တာပဲဖြစ်ဖြစ်.. ဖုန်းဆက်တာပဲဖြစ်ဖြစ်လုပ်နော်.. ကျွန်တော်် လာပို့ပေးမယ်"

"အွန်းပါ.. စိတ်ချပါ ငါသွားတော့မယ်နော်"

"ကောင်းကောင်းသွား ဂျီဆူးဟျောင်း တာ့တာ့"

တစ်ယောက်တစ်ခွန်းဆီ.. အသီးသီးနှုတ်ဆက်ပြီးတော့ နောက်ဆုံးအနေနဲ့.. ဂျောင်ဟန်ကစလို့.. ဆွန်းကွမ်အထိ ဖက်ရင်း.. နှုတ်ဆက်လိုက်ပြီး.. မျက်ရည်ဝဲနေတဲ့ ဆွန်းကွမ်ကို.. ခေါင်းလေးပုတ်ပေးမိတယ်။

"ဟျောင်း.. ဘယ်လိုကိစ္စပဲရှိလာသည်ဖြစ်စေ.. ကိုယ်ကိုကိုယ် ဦးစားပေးပါ"

ငိုသံကလေးနဲ့.. သူ့ကိုဂရုတစိုက်မှာကြားတာမလို့.. ကြည်နူးစွာ.. ပြုံးလိုက်ရင်း ခေါင်းလေးကိုတဆတ်
ဆတ်.. ငြိမ့်ပြမိလိုက်သည်။

ထို့နောက်မှာ.. ဧည့်ခန်းထဲကနေ .. လှည့်ထွက်လာခဲ့လိုက်တော့တယ်.. ကားနက်ကလေးဟာ.. ခြံဝန်းထဲကနေ တစ်ဖြေးဖြေးထွက်ခွါလာခဲ့ပြီး.. နောက်ဆုံးမှာတော့ ယုန်ငယ်ကလေးရဲ့ ငရဲခန်းကို ပြန်လည်ဆိုက်ရောက်လာတော့သည်။

လေးလံတဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲကိုဝင်လိုက်ချင်းချင်းမှာပင်.. ဧည့်ခန်းထဲက.. ဆိုဖာကြက်သွေးနီရောင်ဆိုဖာပေါ်.. ခြေချိတ်ထိုင်နေတဲ့ ကိုကို။

အသက်ရှုရပ်မတပ်ကို.. ကြောက်ရွံလာမိတာ.. အဲ့ဒီအကြည့်.. အဲ့ဒီအေးစက်စက်အငွေ့အသက်တွေ.. ဂျီဆူးအမုန်းဆုံးအခြေအနေတွေ။

"နှစ်လလုံးလုံး ပျော်ရဲလောက်အောင် ရဲတင်းနေတယ်ပေါ့ ဟုန်းဂျီဆူး?"

"မဟုတ်.. မဟုတ်ပါဘူး"

"ဒီနေ့ရာသီဥတုက မိုးသည်းထန်စွာရွာမယ်လို့ပြောတယ်.. ရွာမလားမရွာဘူးလား.. စမ်းကြည့်ကြမလား ကိုယ့်မိန်းမလေး"

ပြောရင်းနဲ့ပဲ ဆိုဖာပေါ်မှာ.. ထိုင်နေရာကနေ ဂျီဆူးအနားကို.. ထလာပြီး.. ပါးပေါ်ကနေတစ်ဆင့် ခါးအောက်နားအထိ ဖြည်းဖြည်းချင်းဆီ.. ပွတ်သတ်သွားတဲ့ လက်တွေ.. ကြက်သီးတဖြန်းဖြန်းထလာရင်း.. မငိုမိအောင်ထိန်းချုပ်ကာ.. သူစော်ကားသမျှ စကားလုံးတွေနဲ့ အပြုအမူတိုင်းကို ခါးစီးခံရတယ်။

မုန်းသည်.. ထိုကဲ့သိုသော လှောင်ပြောင်မှုတွေ.. ဂျီဆူးအမုန်းဆုံး ဖြစ်တဲ့.. ဟန်ဆောင်ခနဲ့တဲ့ အမူအရာတွေ။

"မိုးမရွာမချင်း.. ခြံထဲမှာဒူးထောက်ပြီး.. ကိုယ့်အပြစ်ကိုယ် သုံးသပ်နေလိုက်"

အိမ်တွင်းအကြမ်းမှု.. ရှေ့နေဖြစ်တဲ့ ဂျောင်ဟန်သာသိရင်တော့.. တရားစွဲမယ်တကဲကဲဖြစ်နေတော့မှာပဲ။
ဒါတွေကို သူတစ်ယောက်တည်းသာ.. သည်းခံခဲ့ပါသည်.. အနီးကပ်ဆုံးလူဖြစ်တဲ့ ဦးလေးဂျောင်တောင်.. တခါတလေမှာ.. သူပြောမှသာ.. ကြားသိရတာတွေလဲရှိသည်။

ကိုယ့်နာကျင်မှုကို.. ကိုယ်ပဲသိသည့်အခါ ငိုကြွေးရုံမျှသာ တတ်နိုင်ပါသည်.. လွန်ခဲ့သောလေးနှစ်က.. သူ့ကိုကြင်ကြင်နာနာနဲ့ဖေးမပေးခဲ့တဲ့.. အမျိုးသားက.. ယခုတွင်.. တွေးဖို့ပင်မရဲခဲ့သော.. နာကျင်ခံစားရမှုဝေဒနာများကို.. ဂျီဆူးအား အဆုံးမရှိ ပေးစွမ်းနေဆဲပင်။

"အဲ့ဒီမျက်ရည်တွေမမြင်ချင်ဘူး ကျစ်! အသုံးမကျလိုက်တာ !!"

ချစ်ရသူအမျိုးသား.. စိတ်ရှုပ်ရမှာစိုးသည့်အတွက် .. ဂျီဆူး စီးကျနေတဲ့မျက်ရည်တွေကို ပြီးစလွယ်သုတ်ရင်း .. မြန်မြန်ဆန်ဆန်ပင်.. အိမ်ရှေ့ပြန်ထွက်လာလိုက်ခဲ့တော့သည်.. ကိုကိုအပြစ်ပေးနေကျနေရာလေးမှာ.. ဒူးထောက်ချလိုက်ပြီး.. မေတ္တာတွေရောင်ပြန်ဟပ်ဖို့သာ.. ရည်ရွယ်ဆုတောင်းမိလေတော့သည်။

Where did we go wrong?
I know we started out alright.
Where did we go wrong?
I swear I knew we'd last this time.
Where did we go wrong?
Oh, did you, did you change your mind?
How could you change your mind?
Who got inside your mind?

13 by lany.

-To be continued.

3428 words. ဒီအပိုင်းအတွက် recommend song ကတော့ 13 by lany ပါ.. ဒါနဲ့ ဘယ်လိုအကြောင်းနဲ့များ ပါးချိုင့်ဦးလေးကြီးက အခုလို ရက်စက်တတ်တဲ့ ကိုကိုဖြစ်သွားရတာလဲနော် 🤨?

ဟုန်းဂျီဆူးနဲ့ ဟုန်းဂျင်ယောင်းရဲ့ age gap က တအားမကွာပါဘူးနော်.. လပိုင်းလောက်ပါပဲ 🫶🏻
Thanks for spending your precious time on my works.
90 degrees bow.

Continue Reading

You'll Also Like

118K 2.1K 47
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
142K 10.4K 59
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
566K 8.9K 125
You can clearly tell who my favorite drivers are....