ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပ...

By MelMoRii

130K 19.7K 510

စာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs t... More

Description
Chapter 1: Part 1
Chapter 1 : Part 2
Chapter 1 : Part 3
Chapter 2 : Part 1
Chapter 2 : Part 2
Chapter 2 : Part 3
Chapter 3 : Part 1
Chapter 3 : Part 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10 : Part 1
Chapter 10 : Part 2
Chapter 11
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22 + 23
Chapter 24.1
Chapter 24.2
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 33
Chapter 34
Chapter 35

Chapter 32

1.1K 229 5
By MelMoRii

    
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်သတ္တပတ်ကုန်ဆုံးသွားပြန်လေပြီ။
    
စူးယိရန်၏ ယိထင်အချိုပွဲဆိုင်က ပို၍ ပို၍ နာမည်ရပြီးရောင်းအားကောင်းလာသည်။ အကန့်အသတ်ဖြင့်ရောင်းချသည့် ကျန်းကျန်းပေါင်း(Dirty Chocolate Bun)ကို ထုတ်ဝေဖြန့်ဖြူးပြီးသည့်နောက် Dirty Cakes, Dirty Ice Sluch နှင့် Dirty Milk Tea တို့ကို အောင်အောင်မြင်မြင်ထုတ်ဝေနိုင်ခဲ့သည်။ကျန်းကျန်းစီးရီး(Dirty series)၏ ထိုထုတ်ကုန်အသစ်သုံးခု ထွက်လာသည်နှင့် အွန်လိုင်းမှာရော အော့ဖ်လိုင်းမှာပါ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိခဲ့လေသည်။

ကျန်းကျန်းစီးရီး(Dirty series)များအပြင် စူးယိရန်၏ ပထမဆုံးသောအထူးအချိုပွဲများဖြစ်သည့် ပဲနို့ကြက်ဥပေါင်းကဲ့သို့သော အချိုပွဲများမှာလည်း ကျယ်ကျယ်ပြန့်ပြန်သဘောကျခြင်းခံရကာ ဤအချိုပွဲဆိုင်ရှိ အခြားနာမည်ကြီးအချိုပွဲများမှာလည်း တစ်ညီတညွတ်တည်းချီးမွှမ်းခံရလေသည်။လာမြည်းကြည့်ကြသော ဧည့်သည်အများစုမှာလည်း ထပ်ခါထပ်ခါလာတတ်သော ဖောက်သည်များဖြစ်သွားတတ်ကြပေ၏။
    
ဒါပေါ့ ဟော့ထ်ဖြစ်နေသည့်အချိန်မှာ သဘောထားကွဲလွဲသည့်အသံများလည်း ရှိတတ်ပေသည်။အထူးသဖြင့် နက်ဝါ့ခ်အလွှာတစ်ခုပိုင်းခြားထားသော အင်တာနက်ပေါ်မှာဖြစ်၏။ယိထင်အချိုပွဲ၊ ကျန်းကျန်းစီးရီး(Dirty Series)များနှင့် စူးယိရန်ကိုယ်တိုင်၌ ဖန်တွေနှင့် အာရုံစိုက်မှုတွေပိုရလာလေ အပျက်သဘောဆောင်သည့်အသံတွေ ပိုတိုးပွားလာလေပင်။
    
အချိုပွဲက hype ဖြစ်နေတာနှင့်ပတ်သက်ပြီး ကောလဟာလတွေလည်း ရှိသေးသည်။၎င်းက အထိုက်အလျောက်မှန်ကန်ပေမဲ့ အစောပိုင်းအဆင့်မှာသာ  သင့်လျော်သောဈေးကွက်ချဲ့ထွင်မှုရှိခဲ့တာဟု ဆိုကြသည်။
    
"ယိထင်"အား အင်တာနက်ပေါ်မှာ ချီးမွှမ်းနေသူများဟာ ရေတပ်များ ဖြစ်ကြပြီး ယခင်တစ်ခေါက် ကျန်းကျန်းပေါင်းမြည်းစမ်းပွဲကိုလာရောက်သူ Big V အကောင့် များဟာလည်း ယိထင်အချိုပွဲဆိုင်က ပိုက်ဆံဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ပြောကြကာ ယိထင်၏ နာမည်ကြီးမှုကနေ ပိုက်ဆံတွေပြောင်ကုန်ဖို့ထိ စောင့်နေကြောင်း ပြောထားကြလေသည်။
    
ထိုမှတ်ချက်စကားက Big V အကောင့်ပိုင်ရှင် အစားအသောက်မြည်းစမ်းသူများအား ချက်ချင်းပင်တုံ့ပြန်လာစေကြကာ ထိုကိစ္စကြောင့်ပင် အင်တာနက်ပေါ်၌ နှစ်ကြိမ်တိုင်တိုင် ဟိုဘက်သည်ဘက်ပွဲဖြစ်ခဲ့လေသည်။

လတ်တလောမှာ စူးယိရန်၏ Live အကြောင်းကလည်း ကွန်းမန့်တွေထဲမှာ အပြောခံလာရသည်။ အကြောင်းမူ သူဟာ live လွှင့်ချိန်၌ မျက်နှာဘယ်တော့မှ မပြတာကြောင့်ပင်။ထိုကွန်းမန့်ရေးသူတွေက streamer ဟာ မျက်နှာမပြရဲတာဟုထင်ကြသည်။ သူ့ရုပ်က အပြင်လောကမှာ အလွန်ရုပ်ဆိုးတာကြောင့် လူတွေကိုမတွေ့ရဲပေမဲ့ အွန်လိုင်းမှာတော့ သူ့ကိုယ်သူ "ကြီးကျယ်မြင့်မြတ်သောလူ"အဖြစ် ကြွားလုံးထုတ်နေကြောင်း။

ဆိုင်ကို လာစားကြသောဖန်များမှာ Streamerကို တွေ့သည်နှင့် ချက်ချင်းထွက်သွားကြကြောင်း။ ထို့အပြင် တခြားဖန်အများစု၏ တွန့်ဆုတ်မှုနှင့်အတူ ခပ်ရေးရေးစီးချက်ညီနေသော anti ဖန်များကြောင့် အမှန်တရားကို မသိသော ဖြတ်သွားဖြတ်လာများမှာ ဟိုဘက်ရပ်လိုက်၊ သည်ဘက်ရပ်လိုက်ဖြစ်နေကာ သက်ဆိုင်ရာဝေးပေါ်၊ ဖိုရမ်နှင့် အထူးသဖြင့် Apple Live ၏ netizens ဖိုရမ်တွေမှာ ထိုအခြင်းအရာကြောင့် နှစ်ခြမ်းကွဲကုန်ကာ ကွန်းမန့်တွေက တစ်ထပ်ပြီးတစ်ထပ် မြင့်လာကုန်တော့သည်။
    
စူးယိရန်က အင်တာနက်ပေါ်ရှိ ထိုအညှီအဟောက်များကို နားထောင်ရုံသာနားထောင်သည်။ သိပ်အာရုံမထားချေ။
    
တချို့လူတွေဟာ အကျိုးယုတ်ရုံသက်သက်အပုပ်ချချင်တာဖြစ်ကာ လုပ်ငန်းက တိုးတက်နေသည့်အချိန်အတွင်း ထိုကဲ့သို့အပျက်သဘောဆောင်အသံများထွက်လာမည်မှာ ဓမ္မတာပင်ဖြစ်သည်။သင့်ကို ဆွဲချဖို့ အကြောင်းပြချက်မရှိလျှင်တောင် ဒုတိယ၊ တတိယအကြောင်းပြချက်များဖြင့် ဆွဲချဦးမည်ပင်။
    
သူကတော့ ခုချိန်မှာ ဆိုင်တိုးချဲ့ဖို့သာ အတွေးရှိသည်။
    
တိုက်ရိုက်ထုတ်လွှင့်မှုအသိုင်းအဝိုင်းမှာ မည်မျှ ကွဲလွဲနေကြပါစေ စူးယိရန်၏ အထူးအချိုပွဲဖြစ်သည့် ကျန်းကျန်းစီးရီးများကတော့ အင်တာနက်မှာ ပေါ်ပြူလာဖြစ်နေဆဲပင်ဖြစ်၏။
    
ဆိုင်မှာ လာရောက်သည့်ဧည့်သည်အရေအတွက်က များလာသည်နှင့်အမျှ ဆိုင်ထဲက ထိုင်ခုံဧရိယာက မလောက်ငှတော့ချေ။ ဧည့်သည်တစ်ဝက်လောက်က အချိုပွဲကို ပါဆယ်ယူသွားကြတာများပေမဲ့  ဆိုင်မှာထိုင်ကာ အချိန်ယူ၍ အရသာခံစားကြသော ဧည့်သည်အနည်းငယ်လည်း ရှိသေးပေသည်။

စူးယိရန်က ဆိုင်တိုးချဲ့ဖို့ဟန်ပြင်ထားသည်။ သူဟာ ဆိုင်၏ ဒုတိယထပ်ကိုငှားရမလား၊ သို့မဟုတ်ဘေးက ဆိုင်ရှေ့ခန်းကိုငှားရမလားပင်စဥ်းစားနေပြီဖြစ်ကာ သူ့ကိုယ်ပိုင်ဆိုင်နှင့် ချိတ်ဆက်၍ ပြင်ဆင်ပြုပြင်ရန်ပင် လုပ်နေပြီဖြစ်သည်။ သို့ငြား ဒုတိယထပ်ကိုငှားမလား၊ ဘေးခန်းကိုငှားမလားဆိုတာကတော့ စဥ်းစားချင့်ချိန်နေဆဲပင်ဖြစ်သည်။

စူးယိရန်က ဆိုင်၏ အလှဆင်ခြင်းဒီဇိုင်းပုံကြမ်းကိုကြည့်ကာ ဘောပင်တစ်ချောင်းယူ၍ဆွဲကာ ဒုတိယထပ်မှာဖွင့်ခြင်း၏ အကျိုးသက်ရောက်မှုနှင့် ဘေးခန်းမှာဖွင့်ခြင်း၏ အကျိုးသက်ရောက်မှုကို စိတ်ထဲမှာ လွန်ဆွဲကာ တွေဝေနေလေသည်။
    
အခုချိန်က တနင်္လာနေ့ နေ့လည်ခင်းဖြစ်ရာ ဆိုင်ထဲ၌ လူသိပ်မရှိပေ။ နောက်ဘက်ခန်းက ဝန်ထမ်းကျန်းရှောင်ဟုန်က လူနည်းနည်းဆို သူ့ဟာသူကိုင်တွယ်နိုင်တာကြောင့် ရှားရှားပါးပါး သူအားလပ်လို့နေသည်။
    
ကျန်းရှောင်ဟုန်ဟာ ခုဆို လေ့ကျင့်ပေးလို့ပြီးသလောက်ဖြစ်နေပြီဖြစ်သည်။ သူမဟာ ထက်မြက်ပြီး ကြိုးကြိုးစားစားလေ့ကျင့်ဖို့လည်း စိတ်ပါသည်။ ယခင်ကလည်း အတွေ့အကြုံရှိထားတာကြောင့် ခုဆို ဆိုင်ကအချိုပွဲအတော်များများကို သူမဘာသာလုပ်နိုင်နေလေပြီ။ ခက်ခဲသည့်တချို့တလေကိုသာ မကျွမ်းကျင်သေးတာဖြစ်သည်။
    
ဆိုင်က တခြားသောဝန်ထမ်းများသည်လည်း တိုးတက်မှုရှိကြပြီး အချိန်တစ်ခုကြာလျှင် အပြည့်အဝ လုပ်ကိုင်နိုင်တော့မည်ဆိုတာ ယုံကြည်လို့ရသည်။
    
စူးယိရန်က ဖွဲ့စည်းပုံအပြည့်အဝကိုမြင်ရဖို့ ပုံကြမ်းစာရွက်ပေါ်၌ ကြုံသလိုစုတ်ချက်တွေ ဆွဲကြည့်လိုက်သည်။ထို့နောက်မှ သူအကြံကောင်းတစ်ခု ရသွားတာကြောင့် ဘောပင်ကိုချကာ တရုတ်ဇီးသီးသေးစိမ်ထားသည့်ရေနွေးခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။
    
ခွက်ထဲရှိရေမျက်နှာပြင်ပေါ် ပေါလောပေါ်နေသာ့် တရုတ်ဇီးသီးသေးများကိုကြည့်ရင်း ထင်ကော၏ "ကျောက်ကပ်အားကောင်း"ဖို့ဟူသောစကားကို ရုတ်တရက်တွေးမိသွားကာ မျက်နှာကြီး ပူတက်သွားရ၏။
    
ဆိုင်စဖွင့်ကတည်းက နှစ်ယောက်သား နေ့စဥ်နေ့တိုင်း အလုပ်များကာ ပင်ပန်းလှတာကြောင့် ဘာဆိုဘာမျှ မလုပ်ဖြစ်တာလည်း ရက်ပေါင်းအတော်ကြာခဲ့ဟန်ရှိသည်။
    
တကယ်တော့ စူးယိရန်လည်း ထင်ကောတစ်ယောက် ကျောက်ကပ်အားကောင်းအောင်လုပ်ဖို့ တိတ်တိတ်လေးမျှော်လင့်နေမိသည်။

ယခင်လိုဆိုရင်တော့ သူတိတ်တိတ်လေး စိတ်သက်သာရာရနေလောက်သည်။ အကြောင်းမူ ထင်ကောဟာ ချစ်နှီးနှောကြတိုင်း သူ့အား နည်းလမ်းပေါင်းစုံဖြင့် အရှက်ကုန်အောင်လုပ်သည်။ ငိုအောင်လုပ်တတ်ကတော့ ပြောစရာပင်မလို အသေးအဖွဲလိုပင် ဖြစ်နေသည်။
    
သို့ငြား တစ်ယောက်နှင့်တစ်ယောက် မမြင်ရတာကြာတော့လည်း စူးယိရန်မှာ ထင်ကောအား လိုချင်မိနေပြီ ဖြစ်ပါ၏။
    
တစ်လအတွင်း ပြန်လာမည်ဟူသော ထင်ကောစကားကို တွေးမိတော့ သူ ရှက်သွေးဖြာကာ တစ်ဖက်ကလည်း လန့်ဖြန့်ရင်း မျှော်လင့်နေမိလေသည်။
    
စူးယိရန် ဖန်ခွက်ထဲက ရေတွေကိုကြည့်ကာ ရှက်သွေးတွေဖြာရင်း အရိုင်းဆန်ဆန်အတွေးများ၍ စိတ်ပျံ့လွင့်နေတုန်း ရုတ်တရက် ဖုန်းက မြည်ဟီးလာသည်မို့ လန့်ဖြန့်သွားလေသည်။
    
ဖုန်းကို အလျှင်အမြန်ကောက်ကိုင်လိုက်တော့ စီနီယာအစ်မ၏ အသံက တစ်ဖက်ကနေ ထွက်လာသည်။

"ယိရန် နှစ်ရက်အတွင်း Apple Live ရဲ့တည်ထောင်ခြင်း ၆ကြိမ်မြောက်နှစ်ပတ်လည်ပွဲကျင်းပမှာ။ကုမ္ပဏီက နင့်ကိုပွဲတက်ဖို့ ဖိတ်ခိုင်းလိုက်တယ်။ နင်လာချင်လား"

စူးယိရန်၏ စိတ်က စီးပွားရေးဆီ ပြန်ရောက်သွား၏။

"ဘယ်အချိန်လဲ"
    
စီနီယာအစ်မက စကားဆိုသည်။

"ကြာသာပတေးနေ့ည ၇နာရီကနေ ၁၀နာရီထိ။ ဖန်တွေကိုလည်း မေတ္တာလက်ဆောင်အနေနဲ့ပါဝင်ဖို့ဖိတ်ထားတယ်။ဆယ်လီတွေကိုလည်း လာကူညီပေးဖို့ ဖိတ်ထားသေးတယ်။ နှစ်ပတ်လည်အခမ်းအနားပွဲတစ်ခုလုံးကိုလည်း Apple Live ရဲ့ ဟုမ်းပေ့ချ်မှာ live တစ်ပြိုင်တည်းလွှင့်ပေးထားမှာ"

စူးယိရန်က ထိုပွဲအကြောင်း အနည်းအပါးတော့သိထားသည်။နှစ်စဥ်နှစ်တိုင်း Apple Live က ထိုနှစ်ပတ်လည်ပွဲကို ကျင်းပလေ့ရှိပြီး ဖန်တစ်သန်းကျော်ရှိသော Streamer များသာ ဖိတ်ကြားခံရတတ်သည်။တစ်ချိန်တည်းမှာလည်း အာရုံအများဆုံးစိုက်ခံရဖို့ ဆွဲဆောင်အားရှိသော ပထမတန်းစား ငွေကြယ်ပွင့်များမှာလည်း ပွဲတက်ဖို့ ဖိတ်ကြားခံရတတ်ပေသည်။
    
သူ သဘောတူလိုက်၏။

"ကောင်းပြီ ဒါဖြင့် ကျွန်တော် လာခဲ့ပါမယ်"
    
စီနီယာအစ်မက သူ့အား သတိထားရမည့်အနည်းအပါးကို ပြောပြကာ ပွဲစီစဥ်သည့်အချိန်ဇယားနှင့်နေရာလိပ်စာကို နောက်မှပို့ပေးမည်ဖြစ်ကြောင်းပြောကာ ဖုန်းချသွားလေသည်။
    
စူးယိရန်က ပွဲ၏ flow ကိုတစ်ချက်အကျဥ်းချုပ်ကြည့်ကာ ဆိုင်ထဲမှာ အလုပ်တွေ ဆင်ရှုပ်နေတော့သည်။

    —————————————

ထုံထုံ ခုတလော အတော်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူမဟာ Apple Live ၏ နှစ်ပတ်လည်လက်မှတ်ကို မရခဲ့ပေ။
    
မြို့တော် Aက သူမတို့နံဘေးကမြို့ဖြစ်ပြီး အမြန်ရထားနှင့်ဆိုပါက တစ်နာရီတည်းဖြင့် ရောက်နိုင်သည်။အစကတော့ သူမဟာ နှစ်ပတ်လည်အခမ်းအနားမှာ ယိယိအား အလံတွေဝေ့ယမ်းကာ အားပေးဖို့ လုပ်ထားတာပင်။
    
မှန်သည်။ ထုံထုံဟာ ယိယိဖန်ဒမ်း၏ ဖန်တစ်ယောက်အဖြစ် ရာထူးတိုးသွားပြီဖြစ်၏။
    
လက်မှတ်မရတာကြောင့် ထုံထုံမှာ ကူကယ်ရာမဲ့ဖြစ်ကာ မကျေမချမ်းမှုနှင့်အတူ ရွေးချယ်စရာမရှိစွာပင် အွန်လိုင်းကနေ live ကို တိတ်တိတ်လေးကြည့်ဖို့ရာ Apple Live ၏ ဟုမ်းပေ့ချ်ကိုဖွင့်၍ တရားဝင် Live Room ကိုဖွင့်လိုက်ရတော့သည်။

Live Room ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လွှင့်တောင်မလွှင့်ရသေးသည့် Live Room က စခရင်ထက်မှာ ကွန်းမန့်များဖြင့် ပလူပျံနေပြီဖြစ်သည်။
    
[ဂျူပီတာကောကောကို ငုတ်တုတ်လေးထိုင်စောင့်နေပါပြီ_(:з」∠)_]
    
[ငါကြားတာတော့ ဒီတစ်ခေါက်အကူညီပေးဖို့ ယန်စန်သုန်းကို ဖိတ်ထားတယ်တဲ့။ အမှန်ပဲလား။ Apple Live က တကယ့်ကို ငွေထုပ်ကြီးပဲ!]
 
[လုချင်းချင်းလည်း လာမှာတဲ့! ငါ့နတ်သမီးလေး! နတ်သမီးလေး ပါးစပ်ဟပြီးအသံထွက်လာမှာလေးကို စောင့်မျှော်နေပါပြီ]
    
on-screen မန့်တွေထဲမှာ streamerတွေကို ငုတ်တုတ်ထိုင်စောင့်နေသူအရေအတွက် အနည်းငယ်ကလွဲ၍ အများစုက ဤနှစ်ပတ်လည်ပွဲအတွက် ဖိတ်ကြားထားသည့်ငွေကြယ်ပွင့်တွေကိုသာ အာရုံစိုက်ထားကြသည်။ အထူးသဖြင့် ပထမတန်းစား ငွေကြယ်ပွင့် ယန်စန်သုန်းကိုပင်။ Live ကြည့်လေ့ကြည့်ထမရှိသူများပင် ခုချိန်မှာ လာရောက်စောင့်မျှော်နေကြပြီဖြစ်သည်။

ထုံထုံဟာ Apple Live မှာ တိုက်ရိုက်ထုတ်လွှင့်တာတွေကို စောင့်ကြည့်လာတာ နှစ်များစွာကြာပြီမို့ သူမ ဒါကိုအသားကျနေပြီဖြစ်ကာ ရှောင်ကောကော စခရင်ရှေ့ပေါ်လာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။ ရုတ်တရက် ဖျတ်ခနဲတက်လာသောကွန်းမန့်တစ်ခုကို သူမမြင်လိုက်ရ၏။
    
[ခုတလော hype နေတဲ့ ရုပ်ဆိုးဆိုးနဲ့ X ကရော ဘယ်လိုလဲ။ လာမှာလား။ ငါတော့ သူလာရဲမယ်မထင်ဘူး။ ဘာလို့လဲဆို ဒီလာရင်ရုပ်ဆိုးဆိုးကြီးကို ဖွင့်ချပြနေရမှာပေါ့ ဟားဟားဟား]
    
ထုံထုံ : "...! ! ! ! ! !"
    
ထုံထုံ၏ ဒေါသတွေ ဝုန်းခနဲထတောက်လာကာ တစ်စက္ကန့်အတွင်းမှာ တိုက်ပွဲဝင်မုဒ်ကိုပြောင်းကာ ကီးဘုတ်မှာ Typing ရိုက်တော့သည်။ သို့သော်လည်း သူမဘက်က မမန့်ရသေးခင် ယိယိဖန်တွေက ဝိုင်းပြောကြရာ သူမလည်း စစ်မြေပြင်ထဲ အမြန်အဆန် ဝင်နွှဲရတော့သည်။
 
ယိထင်အချိုပွဲ၏ ဖန်များနှင့် anti ဖန်များမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ကြရာ စခရင်ထက်၌ ကြယ်ပွင့်များအကြောင်းဆွေးနွေးနေသော မန့်များကိုပင် ဖုံးမတက်ဖြစ်ကုန်သည်။ ယိထင်ကို မသိသော တချို့ဖြတ်သွားဖြတ်လာများက မေးမြန်းကြည့်ကြရာ ယိထင်အချိုပွဲဆိုင်၏ နာမည်ကြီးဆိုင်ရှင်ဟာ အင်တာနက်မှာပေါ်ပြူလာဖြစ်နေသော ကျန်းကျန်းစီးရီးကို ကြော်ညာထားသူဖြစ်ကြောင်း သိရှိသွားကြလေသည်။

ဖြတ်သွားဖြတ်လာတွေက ကျန်းကျန်းစီးရီးကိုသိကြသည်မို့ ဆိုင်ရှင်ဘယ်သူလဲဆိုတာကို သိချင်လာကြသည်။
    
ထုံထုံမှာ ရန်ဖြစ်ခြင်း၌ အလုပ်ရှုပ်နေပြီး မသိလိုက်စွာဖြင့် အချိန်တွေကုန်သွားကာ မကြာမှီမှာပင် Apple Live ၏ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လာလေသည်။ဖွင့်ပွဲပြီးသည့်နောက် အခမ်းအနားမှူးက စကားအနည်းငယ်ပြောကာ ဧည့်သည်တော်များအား ဝင်ခွင့်ကြေငြာပေးလိုက်လေ၏။
    
ကြယ်ပွင့်ဧည့်သည်တော်များက ကော်ဇော်နီပေါ်ကနေ အခမ်းအနားပွဲထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်လာကာ autograph ရေးထိုးသည့်နေရာမှာ လက်မှတ်ထိုး၍ ဓါတ်ပုံရိုက်ခံကြသည်။မန့်ထဲရှိ ကြယ်ပွင့်ဖန်များမှာ ပို၍ စိတ်အားထက်သန်လာကြပြီး သူတို့အိုင်ဒေါလ်များအတွက် အားပေးကြသည်မို့ ယိထင်နှင့်ပတ်သက်သည့်မန့်များဟာ အမြန်နောက်ရောက်သွားကြတော့သည်။

anti ဖန်တွေ မြင်ကွင်းမှာ မရှိတော့တာကိုမြင်မှ ထုံထုံလည်း ရန်ဖြစ်တာကိုရပ်ကာ သူမ၏ ရှောင်ကောကောထွက်လာမည့်အချိန်ကို စိတ်ရှည်ရှည်စောင့်နေလိုက်လေသည်။
    
နောက်ဆုံးမှာတော့ အခမ်းအနားမှူးက "ငါ့မိသားစုရဲ့ယိထင်အချိုပွဲ" streamer ကို စင်ပေါ်ကြွဖို့ ဖိတ်ခေါ်လိုက်သည်နှင့် စူးယိရန်၏ ပုံရိပ်လေးကလည်း ကော်ဇော်နီအဆုံးနားက ဆလိုက်မီးရောင်အောက်မှာပေါ်လာသည်။ ဆလိုက်မီးထိုးထားသည့်နေရာကနေ သူဟာ လက်မှတ်ထိုးရသည့်နေရာနားဆီလျှောက်လှမ်းလာခဲ့လေသည်။
    
စောနကလေးတင် ငွေကြယ်ပွင့်တွေကို အရူးမူးအားပေးနေကြသော စခရင်ကြီးက ခဏမျှ ငြိမ်ကျသွားလေ၏။
    
စူးယိရန်က သူ့နာမည်သူ autograph ဧရိယာမှာ လက်မှတ်ထိုးကာ ကင်မရာထဲကပရိသတ်တွေကို နှုတ်ဆက်ဖို့ မျက်နှာလေး လှည့်လိုက်သည်။ သို့သော်လည်း သူဒါမျိုးကြုံဖူးတာ ပထမဆုံးဖြစ်တာကြောင့် ကင်မရာကို ခဏလောက်ရှာမတွေ့နိုင်ဖြစ်ကာ ယာယီမျှကြောင်အမ်းနေရှာသည်။
   
အဆုံးမှာတော့ သူဟာ နေရာမှာရှိသည့်ဒါရိုက်တာတစ်ဦး၏ အချက်ပြမှုဖြင့် Live လွှင့်သည့် ကင်မရာထံ နှုတ်ဆက်ပြလိုက်သည်။ နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်ချိန် ညာဘက်ပါးပေါ်က ပါးချိုင့်လေးကား ခွက်ခွက်လေး ပေါ်လာ၏။

    "......"

စူးယိရန်၏ ပုံရိပ်လေး ကင်မရာထဲကပျောက်သွားကာ ထိုင်ခုံမှာ သွားထိုင်တော့မှ စခရင်ထက်က မန့်များမှာ သက်ဝင်ကာ တုံ့ပြန်လာကြတော့သည်။

[ငါတော့သေသွားပြီ]
    
[Ahhhhhhhhhhhhh! ဒါ ဘယ်လိုနတ်ဘုရားကောကောတုန်း ! ! ]
    
[ငါယိုး]
    
[Ahhhhhhhhhhhhhhhhhhh ! ! ငါ ! မသေမျိုး! နတ်ဘုံ! ရောက်သွား! တာလား!]
  
[ငိုးပဲ ငါဘယ်လိုလုပ်သေသွားတာလဲဟ]
    
[ပါးချိုင့်လေးတွေက ငါ့ကို သတ်နေပြီ]

[မျက်နှာဖြတ်ရိုက်ခံရလို့ယောင်ကိုင်းနေပါပြီ.....မိုက်လိုက်တာ ဝူး~ဝူး~ ဝူး~]

[ကင်မရာမတွေ့လို့ စိတ်ရှုပ်သွားတဲ့ပုံလေးက တအားချစ်စရာကောင်းတာပဲ!]
    
[ခုနက ဟောင်နေတဲ့လူ ဘယ်ရောက်သွားလဲ။ ဖြတ်ရိုက်ခံရလို့ မျက်နှာကြီးယောင်ကိုင်းနေလောက်ပြီ ဟားဟားဟား]
   
[ကောကောကြောင့် သေသွားပါပြီ]

    ...........

On-screen မန့်များကား အုံးအုံးထနေလျက်။
    
စူးယိရန်ကတော့ ကွန်းမန့်မှာ ဘာတွေဖြစ်နေသလဲ သူမသိ။နှစ်ပတ်လည်ပွဲစဥ်အတိုင်း ရှိုးပွဲတွေကြည့်သည်။ ဂိမ်းထဲမှာ ပါဝင်ဆင်နွှဲသည်။ဖန်တွေနှင့် စကားဖလှယ်ကာ စင်ပေါ်၌ 'တိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍ၏ တစ်နှစ်တာအကောင်းဆုံး Streamer ' ဟူသောဆုပင် တက်ယူလိုက်ရသေးသည်။

စီနီယာအစ်မက လက်ခံရမည့်ဆုရှိသေးကြောင်း ပြောမပြထားခဲ့။ကြည့်ရတာ သူ့ကို စပရိုက်လုပ်ချင်ဟန်ပင်။ သူတကယ်လည်း ဝမ်းပမ်းတသာ အံ့အားသင့်ခဲ့ရ၏။ စင်ပေါ်မှာ ဆုလက်ခံကာ ကျေးဇူးတင်စကားပြောပြီးနောက် သူထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ သူ့နံဘေးမှာ ထိုင်နေသည့် Streamer တစ်ယောက်က ပြုံးပြလာကာ စကားဆိုလာသည်။

"ကွန်ဂရက်ကျူလေးရှင်း"

စူးယိရန်ကပြုံးကာ ပြန်တုံ့ပြန်လိုက်၏။

"ကျေးဇူးပါ"

သူ့နံဘေးက streamer၏ ID က ဂျူပီတာရှီယယ် ဟုခေါ်သည်။မူလက သူဟာ ဘဝနေထိုင်မှုကဏ္ဍမှာ ပေါ်ပြူလာအဖြစ်ဆုံးဆိုပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာကန့်သတ်ချက်များကြောင့် ဖော်လိုဝါငါးသန်းကို မချိုးဖောက်နိုင်သေးပေ။
    
စူးယိရန်မှာက ဤငါးသန်းဟူသောတန်ဖိုးကို ချိုးဖြတ်ဖို့ အင်တာနက်၏ စဥ်ဆက်မပြတ်သော ပေါ်ပြူလာဖြစ်မှုအထောက်အပံ့တွေက ရှိနေသည်။ မဟုတ်ပါက ဤဆုဟာ မူလအတိုင်းဆို "ဂျူပီတာရှီယယ်"၏ဟာသာဖြစ်ပေသည်။
 
ဂျူပီတာရှီယယ်ကလည်း မျက်ဝန်းထောင့်ကနေ စူးယိရန်ကိုကြည့်ပြီးမှ အကြည့်ကို တည်ငြိမ်စွာဖြင့်ပြန်လွှဲကာ စင်ပေါ်မှာ ဆက်ကျင်းပနေသော ဆုပေးပွဲဆီ ရွှေ့ထားလိုက်သည်။
    
သုံးနာရီစာ နှစ်ပတ်လည်အခမ်းအနားပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်သွားနေဆဲဖြစ်ကာ မကြာမှီမှာပင် ဆယ်နာရီထိုးသွားသည်။ ပိတ်ပွဲပြီးသည့်နောက် အဆုံးမှာတော့ ပြီးဆုံးခြင်းသို့တိုင်ချေလေပြီ။
    
တိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှာ လူတိုင်းက မတ်တပ်ထရပ်ကာ တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားကြသည်။ စူးယိရန်က ချက်ချင်းမထွက်သွားပေ။ သူကတခြားလူတွေ ထွက်သွားတာစောင့်ပြီးမှ ပွဲကျင်းပရာနေရာက ထွက်လာလိုက်သည်။စင်အနောက်ဘက်မှာ စီနီယာအစ်မကို သွားရှာကာ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ဖို့လည်း ဟန်ပြင်လိုက်သည်။ ရုတ်တရက်ဆိုသလို ညာဘက်ခြမ်းကနေ သူ့အား ခေါ်သံကိုကြားလိုက်ရလေသည်။

"စူးယိရန်"

သူ ခေါင်းလှည့်ကြည့်လိုက်တော့ ဟန်ကျီခွင်းရှိနေတာကိုမြင်လိုက်ရ၏။
    
စူးယိရန်က ယဥ်ကျေးစွာပင်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ"
    
သို့ငြား သူနည်းနည်းတော့ ဇဝေဇဝါဖြစ်မိသည်။ဘာကြောင့်များ ဟန်ကျီခွင်းက သည်နေရာမှာ ရှိနေရပါသနည်း။
    
ဟန်ကျီခွင်းကလည်း သူ့သံသယတွေကို သိဟန်တူသည်။ ထို့ကြောင့် ပြုံးလိုက်ရင်း

"ငါက Apple Live နှစ်ပတ်လည်ပွဲရဲ့ စပွန်ဆာလေ။ သေချာပေါက် ဒီမှာရှိတာပေါ့။ ဘာလဲ ထူးဆန်းလို့လား"

စူးယိရန်ကပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

"ဟင့်အင်း။ ငါ့မှာ လုပ်စရာရှိသေးလို့ အရင်သွားနှင့်ပြီ"
    
"ခဏနေစမ်းပါဦး"

ဟန်ကျီခွင်းက သူ့ကိုတားကာ မေးလာ၏။

"ငါကြားတာ မင်းရဲ့အိမ်သား ကုယွမ်းထင်က ကမ္ဘာပေါ်က ထိပ်သီးကုမ္ပဏီ၅၀၀ထဲက တစ်ခုဖြစ်တဲ့ ဝေ့ဟွာ ဘဏ္ဍာရေးကုမ္ပဏီမှာလုပ်တာဆို ဟုတ်လား"

စူးယိရန်မှာ ပဟေဋ္ဌိဖြစ်စွာဖြင့် ခေါင်းညိတ်ပြကာ သူ့အား စူးစမ်းသလိုကြည့်လိုက်သည်။
    
ဟန်ကျီခွင်းက စူးယိရန်ကိုကြည့်ကာ ထပ်မံပြုံးသည်။ သူ့အပြုံး၌ လှောင်ပြောင်သရော်လိုမှုအနည်းငယ်နှင့်အတူ သူတစ်ပါးဒုက္ခရောက်စေလိုမှုတို့ ရောပြွန်းနေ၏။

"ဒါပေမဲ့ ငါ့မှာ ဝေ့ဟွာဘဏ္ဍာရေးက အမှုဆောင်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူပြောတာက ဝေ့ဟွာဘဏ္ဍာရေးမှာ ကုယွမ်းထင်ဆိုတဲ့ ဝန်ထမ်း မရှိပါဘူးတဲ့လေ"

စူးယိရန် ကြက်သေသေသွားလေတော့သည်။
 

    

Continue Reading

You'll Also Like

48.1K 743 33
Ang pagkakaligtas nina Xander at Cameron mula sa mga kamay ni Hestercita ay siyang pagtatapos ng ilang taong paghahanap ni Xander sa tunay niyang mga...
2.6M 146K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 87.2K 76
"Just fight a little while longer baby boy." "I'm tired."
875K 21.9K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...