LOVE POISON { Season 1 }
By nyintyan311223
413K 16.6K 6K
အဆိပ်တကာ့အဆိပ်ထဲမှာအပြင်းဆုံးအဆိပ်ကအချစ်ဆိပ်ပဲ More
ဇာတ်ကောင်မိတ်ဆက်
Part 1
New Year Present Character Pics and Some Facts About Them
Part 2
Part 3
🚨🚨🚨
Part 4
Part 5
Part 6
Part 7
Part 8
Part 9
What is Enigma 🔥
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Character Info
🚨🚨🚨
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
T & T {Wedding}
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60(End)
Part 45
5K 255 115
By nyintyan311223
"ခြေရာခံလို့ ရလား။"
"ရပါတယ် သခင်ကြီး။ ဦးအောင်ခေတ်ရဲ့ အိမ်တော်မှာပါ"
"ငါထင်တဲ့အတိုင်းပဲ။"
"ခုလိုက်သွားကြမလား ဒယ်ဒီ"
"ငါတို့ဘယ်လိုလုပ်ကျမလဲ သူရိန်"
"ငါတို့အလောတကြီးလုပ်လို့မရဘူး။ ကျားပါးစပ်ထဲ ခုန်ဆင်းသလိုဖြစ်သွားနိုင်တယ်။နေသစ်! code 1ရောအဆင်ပြေရဲ့လား"
"ပြေတယ် ဒယ်ဒီ"
"ငါ့မြေး!!!!ငါ့မြေးကိုငါမေ့နေတာ ကလေးကိုပါ ဒီကိစ္စထဲ ဆွဲထည့်ရင် ဘယ်လိုလုပ်မလဲ"
"ကျွန်တော် သွားခေါ်လိုက်မယ်"
"ငါ မိုက်ကယ်ဆီဆက်လိုက်မယ်။ မင်းသွားရင်ကြာနေမှာ"
Ti...Ti...Ti...
[ ပြောပါ သခင်ကြီး! ]
[ ငါ့မြေးရော..]
[ အိမ်ပြန်ရောက်နေပါပြီ ကျွန်တော်သွားကြိုထားတာပါ။ ခုအိပ်နေပါတယ် ]
[ တော်သေးပေါ့ ငါပြန်လာတော့မယ်။ ]
"ဝဏ္ဏမင်း...မြေးလေးရော မင်းရော ငါ့အိမ်မှာနေလိုက် ခုချိန်မှာ ခွဲနေတာက အားနည်းချက်ဖြစ်သွားနိုင်တယ်။"
"ဟုတ်တယ်။ ကျွန်တော့်သားကို ကျွန်တော်ခေါ်ထားမယ်။ ခင်များကနေချင်နေ မနေချင်မနေနဲ့"
"နေသစ်!!ခုချိန်ကရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။"
"အေး ဟုတ်တယ်။ ငါလည်းဒီမှာလာနေမယ်။
ငါ့လူတော့ ခေါ်လို့ရတယ်မလား"
"အများကြီးတော့ အဆင်ပြေမှာ မဟုတ်ဘူး။"
"ငါ တစ်ယောက်ပဲ ခေါ်မှာပါ"
"ရတယ်။"
[ မိုက်ကယ် မင်းရော ကလေးရော ငါတို့ဆီကိုခုလာခဲ့ ]
"ခနလေး သူတို့ကို မလာခိုင်းနဲ့ဦး။ ငါ့အိမ်က လူတွေကိုလွှတ်လိုက်မယ်။မြေးလေးကိုခေါ်ရင်း သုတရဲ့ မိသားစုကိုပါခေါ်ခဲ့ခိုင်းလိုက်မယ်။ ပြောလို့မရဘူး။ သူတို့ပါ အန္တရာယ်ရှိနေနိုင်တယ်။"
"ဟုတ်တယ် ဒယ်ဒီ!"
"ငါ ဦးအောင်ခေတ်ဆီကိုဆက်သွယ်လိုက်မယ်"
"အေး လုပ်စမ်းပါကွာ"
ဖုန်းအကြိမ်ကြိမ်ခေါ်ပေမယ့် လုံးဝမကိုင်တာကြောင့် သပ်သပ်ညစ်နေမှန်းသိလိုက်တယ်။
"ဖုန်းမကိုင်ဘူး သပ်သပ်မဲ့ ငါတို့ကို စိတ်ပူအောင်လုပ်နေတာပဲ နေမှာ။"
"ကျွန်တော်စိတ်ပူနေပြီ ဒယ်ဒီရာ"
"ငါလည်းစိတ်အရမ်းပူနေပြီ"
"ငါတို့ စိတ်အေးအေးထားပြီး ဖြေရှင်းကြတာပေါ့"
အကုန်လုံးယောက်ယက်ခတ်နေတဲ့အချိန်မို့သာ သူနှစ်သိမ့်နေတာ သူကိုယ်တိုင်လည်း ရင်ထဲမှာ ပူလောင်နေတယ်။ သုတရဲ့ကိုယ်ဝန်က ခုမှ လနုနု‌လေးပဲရှိ‌သေးတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်လွယ်တဲ့ အချိန်။အန္တရာယ် ဘယ်လောက်တောင်များလိုက်လဲ။ ဦး မင်းကို ခုအကြိမ်လည်းသေချာမကာကွယ်နိုင်ပါလား သုတရယ်။
_______________
ကျွီ...........
"ဟဲ့ထကြစမ်း!!!!"
သုတ အော်သံကြောင့်လန့်နိုးသွားတယ်။ သူဘယ်လို အိပ်ပျော်သွားမှန်းတောင်မသိတော့ဘူး။
"ရော့ မျို"
သေချာကြည့်လိုက်မှ ဟိုမိန်းမကြီးပဲ။သူချပေးလိုက်တဲ့ ဇလုံကို ကြည့်လိုက်တော့ ထမင်းဖြူအချို့သာ။
"အာ့....ဖယ်!!!!"
"ဟက်! ငါ့ကိုရိုက်တဲ့လက်လေ။ "
ထမင်းဇလုံကိုလှမ်းယူလိုက်ချိန် လက်ကို သူ့ဒေါက်ဖိနပ်ရဲ့ ဒေါက်နဲ့ တက်နင်းတာမို့ အရမ်းကိုနာတယ်။
"ဖယ်!!!"
"မာမီ!!!!ဖယ်"
Rue အသံကြားလို့ နိုးလာတဲ့အချိန် လှမ်းကြည့်‌ပေမယ့် သေချာမမြင်ရတာကြောင့် အနားတိုးလာချိန် ဝိုးတဝါးမြင်ရတာက မာမီက သုတရဲ့ လက်ကိုတက်နင်းထားတာထင်တယ်။ ချက်ချင်း အဲ့နားကို သွားပြီး မာမီ့ခြေထောက်ကိုအတင်းဆွဲထားလိုက်တယ်။
"ဟဲ့လွှတ်စမ်း အားးးးးးးးးးးနင် ဘာလုပ်တာလဲ လွှတ်စမ်း နင်ခွေးလား"
Rue ဘယ်လောက်ဆွဲဆွဲ ရွေ့တောင်မရွေ့တဲ့
မာမီကြောင့် သူမာမီ့ခြေထောက်ကိုသာ ကုန်းကိုက်လိုက်တယ်။
"ဖယ်စမ်း!!!!!ဟဲ့ နာတယ်!!!!"
"Rue လွှတ်လိုက် ငါလက်ကို မနင်းထား‌တော့ဘူး။"
သုတရဲ့ အသံကြားမှ Rue ကိုက်ထားရာမှ လွှတ်လိုက်တယ်။ သူကသေချာမှ မမြင်ရတာ။
"သုတ အဆင်ပြေရဲ့လားဟင်..."
"ပြေတယ်...မင်းရော"
"ငါပြေပါတယ်။"
"ဟက် သိပ်ချစ်နေကြတယ်ပေါ့လေ။ ဟိုကောင်ကလည်း လင်ကြီးငုတ်တုတ်ရှိနေတာကို အရင်လင်နဲ့ ဖြစ်ချင်နေပုံပဲ"
"အနည်းဆုံးတော့ ကျွန်တော်က ဖာဆန်ပြီး
လူတကာနဲ့ ပတ်ခံမနေဘူး"
သုတ သူရိုင်းရိုင်းပြောမိတာကို သိပေမယ့် သူလည်းမယဉ်ကျေးနိုင်တော့ဘူး။ အဲ့မိန်းမက အဲ့လိုပြောမှ ထိုက်တန်တာ။
"နင်!!!"
"ကျွန်တော်သာ Rue နေရာဆို ခင်များကို
မာမီလို့ခေါ်မှာ မဟုတ်ဘူး"
"ဟဲ့အကောင် နင်ငါ့ကိုအဲ့လိုပြောစရာမလိုဘူး။ပြီး‌တော့ငါ ဖာမဟုတ်ဘူးဟဲ့။"
"ဟုတ်တာပေါ့ ခင်များက‌ဖာဘယ်ဟုတ်မလဲ။ ဖာက သူတို့ဘဝပေးအခြေအနေကြောင့် အခကြေးငွေယူပြီး အိပ်ရတာ။ ခင်များက ငွေတောင်ပေးစရာမလိုဘူး အလကားပတ်ခံနေတာလေ။"
"နင်!!!"
"အာ့!!!"
"အားးးငါ့ကိုလွှတ်စမ်း!!!!"
သုတသူ့ဆံပင်တွေကို ဆောင့်ဆွဲလာတဲ့ မိန်းမရဲ့ ဆံပင်ကို ပြန်ပြီးဆောင့်ဆွဲလိုက်တယ်။ သူကိုယ်ဝန်ရှိပြီးထဲက လူက စိတ်နှစ်မျိုးဖြစ်နေသလိုမျိုးခံစားရတယ်။ တစ်ခါတလေကြ ဘာမဟုတ်တာလေးကို အတွေးလွန်ပြီး ဝမ်းနည်းနေတက်သလို တစ်ခါတစ်လေကြလည်း နည်းနည်းလေးတောင် အထိမခံနိုင်ပဲ စိတ်ဆက်နေမိရော။
"ခင်များအရင်လွှတ်လေ"
"နင်!!!!"
"သုတ ရရဲ့လား"
"ဟဲ့ နင့်မာမီကိုဆံပင်ဆောင့်ဆွဲနေတာဟဲ့။
နင့်အကောင်ဘက် ပါမနေနဲ့။ အားးးလွှတ်စမ်း"
"ခင်များအရင်လွှတ်!!!"
"ရပ်လိုက်ကြစမ်း!!!!!!"
နောက်ကအော်သံကြားမှ ထိုမိန်းမက သူ့ဆံပင်ကိုလွှတ်လိုက်တာကြောင့် သူလည်းထိုမိန်းမကိုလွှတ်ပေးလိုက်တယ်။ ကြည့်လိုက်တော့ ဦးအောင်ခေတ်ပဲ။
"သုတ...."
"Rue....ငါအဆင်ပြေတယ်။"
လဲကျနေတဲ့ Rueနားသွားပြီး တစ်ယောက်နဲ့ တစ်ယောက်ဖက်ထားလိုက်တယ်။
"အဲ့တာ သူတို့ကိုကျွေးတဲ့ ဟာလား"
"ဟို baby က...."
"ကောင်းတာကျွေးလိုက်ပါ။ မင်းရဲ့သားမဟုတ်ဘူးလား။"
"ဟုတ်ကဲ့"
သုတ ထိုအဖိုးကြီးကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်တယ်။
"မင်းသားက သေချာကြည့်တော့ ချစ်စရာလေးပဲ။"
"ကျွန်မပြောသားပဲ သူကနုဖတ်နေတာ သူ့ကိုအသုံးချလို့ရပါတယ်ဆိုတာကို သူ့ဒယ်ဒီက လက်မခံဘူးလေ။"
"သုတ.......ငါကြောက်တယ်။"
သုတ Rue ကို ရင်ခွင်ထဲထည့်ပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တယ်။ထိုအဖိုးကြီးရဲ့ အကြည့်တွေကို သူသိတာပေါ့။
"ခင်များက မိခင်မဖြစ်ထိုက်တဲ့သူမျိုး။"
"အဲ့တော့နင့်အပူပါလား။ ငါလိုချင်လို့မွေးထားတဲ့ ကောင်မဟုတ်ဘူးဟဲ့။ ငွေအတွက်သာ မမွေးချင်ပဲမွေးလိုက်ရတာ။"
"ခင်များ!!!! ‌။ ကျစ်!သူ့ကို ထိရဲရင်ထိကြည့်လိုက်!"
"ဟက်! မင်းသူ့ကိုကွယ်ထားရုံနဲ့ ငါ့လက်ကလွတ်မယ်ထင်နေတာလား။ မင်းကိုယ်တိုင်သာ ငါ့လက်က အရင်လွတ်အောင်လုပ်စမ်းပါ။ ဒါနဲ့ သူရိန်မဟာက ဖုန်းဆက်တိုက်ခေါ်နေတာနော်။"
"သေချာတာပေါ့ ဦးက ခင်များတို့ကို အသက်နှုတ်ပေးမှာလေ။"
"သူတို့ကို တကယ် ဘာမှမလုပ်တော့ဘူးလား honey ။ အဲ့ကောင် နည်းနည်းမှမခံပဲ ပြန်ပြောနေတာ။ သူ့ကိုနည်းနည်းလောက်တော့ ပညာပြသင့်တယ်။"
"သူတို့ကို အဲ့ထမင်းဖြူပဲကျွေးလိုက်။
သုတ မင်းနောက်တစ်ခါ ပြန်ပြောရင် မင်းပါးစပ်ကို ငါကိုယ်တိုင်ပိတ်ပေးမယ်"
သုတ ပြန်မပြောပဲ ငြိမ်နေလိုက်တော့တယ်။
သူထပ်‌‌ပြောရင် သေချာပေါက်တစ်ခုခု ဖြစ်လာနိုင်တယ်လေ။
ကျွီ...ဒုန်း!!!!
"Rue သူတို့ထွက်သွားပြီ ထမင်းစားတော့နော်"
"မာမီက ငါ့ကိုချစ်လို့မွေးတာ မဟုတ်ဘူးတဲ့။"
"Rueရယ် သူကမိခင်မဖြစ်ထိုက်တဲ့ သူပါ။ တွေးမနေနဲ့။ ထမင်းစားနော်။ ရော့"
"အွန်းပါ။ မင်းလည်းစားလေ။"
"ငါမစားတော့ဘူး။ မင်းပဲစားလိုက်နော်။"
"ဒါပေမယ့်..."
"စားလိုက်ပါ။"
ထမင်းဖြူကို နည်းနည်းချင်းစားနေတဲ့ Rue ကို ကြည့်ပြီး သူတော်တော် စိတ်မကောင်းဖြစ်မိတယ်။ သူ့ခမျာ မွေးတည်းကပင်ပန်းလာရတာ ခုထိပဲ။ သူစားနေတာကို ကြည့်ပြီး သူလည်း ‌ဗိုက်ဆာနေပေမယ့် စားလည်း ပျို့တက်ပြီး စားဝင်မှာမဟုတ်ဘူး။ ထမင်းကလည်း ပါရုံလေးရယ်။ ဗိုက်လေးကိုသာ သူကိုင်ပြီး စိတ်ထဲကပြောလိုက်တယ်။
ကလေးရယ် ဖေဖေတောင်းပန်ပါတယ် ခုချိန်ဖေဖေစားလို့မဝင်သေးလို့ပါ။
________________
ခွပ်!
"ကိုသန်းတင်! စိတ်ထိန်း!"
"ငါ့သားကို မင်းဆီစိတ်ချလို့ထည့်လိုက်တာ မင်းကခုတော့ မင်းရန်သူဆီတောင်ထည့်ပေးလိုက်တယ်ပေါ့လေ။ ပြီးတော့ကိုယ်ဝန်ကြီးနဲ့တဲ့လား!!!"
"ဖေဖေတော်ပါတော့နော်..."
"ငါ့ကိုလွှတ်ကြ!!!မင်း!!!!မင်းကွာ သူရိန်မဟာ!! တောက်!!!!"
"ကိုသန်းတင် စိတ်လျော့ပါ့။ ကျွန်တော်...."
ခွပ်!
"မင်းဝင်ပြောစရာ မလိုဘူး ဝဏ္ဏမင်း မင်းဆိုငါ့သားကို သတ်ဖို့တောင်လုပ်ခဲ့တာ။သူရိန်မဟာ မင်းလည်း ဝဏ္ဏမင်းနဲ့ တူတူပဲ ဘာမှ မထူးဘူး။ ငါမှားတာ မင်းတို့တွေဆီကို လွယ်လွယ်ကူကူ ထည့်ပေးလိုက်မိတဲ့ ငါ့အမှား။"
"ကိုသန်းတင်......"
သူရိန့်ကိုကျိန်းမောင်းကာ ဆို‌ဖာပေါ်အရုပ်ကျိုးပြတ် ထိုင်ချလိုက်တဲ့ ကိုသန်းတင်က မျက်ရည်တို့လည်းတသွင်သွင်စီးကျနေတယ်။
"အန်ကယ် ဒယ်ဒီက အကောင်းဆုံးတွေးပြီးဆုံးဖြတ်ခဲ့တာပါ။ ဒယ်ဒီ့ကိုယုံပေးလိုက်ပါ။ ခုRueလည်းသူတို့လက်ထဲမှာပါ။ ကျွန်တော်တို့လည်း စိတ်ပူနေကြတဲ့ သူတွေပါပဲ။"
"ငါ့တို့က မင်းတို့လို Alpha တွေ Omega တွေအဖြစ်ကြီးလာတာမဟုတ်ဘူးကွ။ သာမန်
Beta အဖြစ်ကြီးပြင်းလာကြတာ။ ငါ့သားလည်း တူတူပဲ။ ငါ့အတွေးထဲမှာ ငါ့သားလေးက ထူးချွန်တဲ့ ကလေးမို့ တနေ့ကြကောင်းမွန်မွန်ကြီးပြင်းလာပြီး မိန်းကလေးတစ်ယောက် ယောက်နဲ့ အိမ်ထောင်ကျပြီး မိသားစုဘဝလေး‌ထူထောင်စေချင်ခဲ့တာ။
မင်းနဲ့သူနဲ့ကြားတစ်ခုခု‌ပတ်သတ်နေတယ်လို့ ထင်တဲ့ အချိန်မှာလည်း ငါ့မိန်းမက လက်ခံနိုင်ပေမယ့် ငါလက်ခံဖို့ခက်ခဲခဲ့တာ။ နောက်ကျ omega တစ်ယောက်နဲ့ ကောက်လက်ထပ်လိုက်ပြန်ရော။ ဟော ပြီးလည်းပြီးရော အဲ့တာက အတင်းအကျပ်လက်ထပ်ခိုင်းခံရတာတဲ့။ အသက်အန္တရာယ် အမျိုးမျိုးဖြစ်ပြီးမှ မင်းနဲ့ လက်ထပ်မယ် ဖြစ်ပြန်ရော။
ငါလေ ငါ့သားလေးက လူပင်ပန်းစိတ်ပင်ပန်း
ဖြစ်နေတယ်ဆိုပြီး ချက်ချင်းကြီး ကောက်ခါငင်ကာလက်ထပ်တာကို လက်ခံခဲ့တယ်။
ခုကြနောက်ပြဿနာ တစ်မျိုးလာပြန်ပြီ။
မင်းတွေးဖူးလား။ တစ်‌သက်လုံး beta ယောက်ျားလေးအဖြစ်နေလာတဲ့သူတစ်ယောက်က ကိုယ်ဝန်ရှိနေတယ်တဲ့။ ငါတောင်တွေးကြည့်လို့မရတဲ့ အခြေအနေမျိုး။ သူဆိုဘယ်လောက် စိတ်ဖိစီးလိုက်မလဲ။ ခုလည်းသေလားရှင်လားမသိ"
"တော်ပါတော့ရှင် ကျွန်မသားဘာမှမဖြစ်အောင်သာ ဆုတောင်းပေးစမ်းပါ။"
"မင်းငါ့သားပြန်လာရင်ကွာပေး..."
ဦးသန်းတင်နှုတ်က ထွက်လာတဲ့ စကားကြောင့် လူတိုင်း မျက်လုံးပြူးသွားကြတယ်။
"ဘာကိုဆိုလိုတာလဲ....ကျွန်တော်က ကွာပေးရမှာလား။"
"ဟုတ်တယ်။ ငါ့သားသာ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ရင် မင်းကွာပေးလိုက်ပါ။ သူပင်ပန်းတာ ထပ်မကြည့်ချင်တော့ဘူး။"
"ကျွန်တော်မလုပ်နိုင်ဘူး။"
"ဖေကြီး ရှင်ဘာတွေပြောနေတာလဲ။"
"ဖေဖေရယ် ဘယ်လိုပြောလိုက်တာလဲ။"
"အန်ကယ် အဲ့လိုတော့ မပြောလိုက်ပါနဲ့
ဒယ်ဒီက သုတကို အရမ်းဂရုစိုက်ခဲ့တာပါ။"
"မင်းကလေးမွေးပြီးရင် ကလေးကို လိုချင်ရင် ယူလိုက်။ ငါငါ့သားကိုပဲ ပြန်လိုချင်တယ်။"
"သုတ လက်ခံမှာမဟုတ်ဘူး။"
"ငါစောက်ဂရုမစိုက်ဘူးကွာ!!!!!!‌မင်းတို့ပြဿနာတွေထဲ ငါ့သားက ကြားညပ်ပြီး
ဘော်လီဘောဖြစ်နေပြီ။ ဘာဖြစ်ဖြစ် ငါ့သားပဲ လာထိခိုက်နေတာ။ သူသဘောတူတူ မတူတူ ငါပြန်ခေါ်မယ်။ သူကငါ့သား ငါမွေးထားတာ ငါပြန်ခေါ်ရင် သူလိုက်ရမှာပဲ။"
"ဖေကြီး...."
"မင်းအပေါက်ပိတ်ထား! ငါနောက်ဆုံးအကြိမ်ပြောလိုက်မယ်။ ငါ့သားကို ရအောင်ကယ်။ ပြီးရင် ကွာပေးတော့ သူ့ဗိုက်ထဲက ကလေးတွေ ဘာတွေလည်း ငါမသိဘူး။
တောက်!!!!!!"
ဒေါသတကြီး ပြောပြီးတာနဲ့ သူ့အတွက်ပြင်ပေးတဲ့ အခန်းဆီကို ထွက်သွားတဲ့ ဦးသန်းတင်က သူ့ကို လှည့်တောင်မကြည့်တော့ပေ။
သူ မနုနုကို တောင်းပန်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပေမယ့် သူ့ကို‌တစ်ယောက်မှ စကား‌မပြောပဲ ထွက်သွားကြတယ်။
"ဒယ်ဒီ....."
"ဒယ်ဒီတစ်ယောက်တည်းနေပါရစေ သား။"
"ဒါပေမယ့်...."
"နေသစ် မင်းအဖေကို တစ်ယောက်ထဲပေးနေလိုက်ပါ။"
ဦးဝဏ္ဏမင်းရဲ့ ခေါ်သံကြောင့် နေသစ် ဒယ်ဒီ့နားက ထွက်သွားလိုက်တယ်။
သူလည်းRueကိုစိတ်ပူနေပေမယ့် အနည်းဆုံးတော့ ဦးဝဏ္ဏမင်းက သူ့ဘက်မှာ ရှိသေးတယ်။ သုတကတော့ ဒယ်ဒီ့ကိုကွာ ချင်မှာမဟုတ်လောက်ဘူး။ ဒါပေမယ့် သူက သူ့မိသားစုနဲ့ ပတ်သတ်လာရင် အကုန်စွန့်လွှတ်တက်တဲ့ သူမျိုး။ ဒယ်ဒီတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပဲ။
___________________
"ဟမ်!"
သုတ ခနလောက် အိပ်ပျော်သွားပေမယ့် ခုနိုးလာတော့ ဘာမှမမြင်ရပဲ အမှောင်ထုကြီးပဲ မြင်နေရတယ်။ အရင်ကတည်းကအခန်းကလည်းမှောင်နေတာမို့လို့ မမြင်ရတာနေမှာပါလို့ တွေးလိုက်ပေမယ့် ပုံမှန်မဟုတ်သလို ခံစားရပြီးကျောချမ်းလာတယ်။
"Rue....Rue....Rue!!!!!! Rue!!!!!"
သူအော်ခေါ်နေပေမယ့် ဘာမှပြန်မထူးတဲ့ Rueကြောင့် သူကြောက်ကြောက်လန့်လန့်နဲ့ပဲ ထပြီး ဟိုစမ်းဒီစမ်းလျှောက်သွားကြည့်လိုက်တယ်။ သူလျှောက်လာတာ အချိန်ကြာပေမယ့် သူဘာမှမမြင်ရတာကြောင့် နောက်ဆုံးတော့ ယိုင်နဲ့လာတဲ့ ခြေထောက်တွေကိုဒူးထောင်ပြီးထိုင်ချကာ ဒူးပေါ် မျက်နှာအပ်ပြီး ငိုကျွေးလိုက်တော့တယ်။
ခနအကြာမှာတော့ သူဒူးပေါ် မျက်နှာအပ်ကာ ထိုင်ငိုနေရင်း သူ့နားမှာ အလင်းရောင်ရသလို ခံစားရ‌တာကြောင့် သူအမြန်မော့ကြည့်လိုက်တယ်။
"ဟင်....ကလေးလေး ဒါဘယ်နေရာလဲသိလားဟင်။ ကလေးကော လမ်းပျောက်လာတာလား။"
သူကြည့်လိုက်တော့ သူ့ရှေ့မှာ မီးအိမ်လေးကိုကိုင်ကာ ထိပ်တန်း အရွယ်ကလေးလေး တစ်ယောက်က မတ်တပ်ရပ်ပြီး သူ့ကိုကြည့်နေတယ်။
"ဖေဖေ ငိုနဲ့။ သားသားစိတ်မကောင်းဘူး။"
ထိုကလေးလေးက ကိုယ့်ကို ဖေဖေလို့ ခေါ်ကာ သူ့မျက်ရည်တွေကိုသုတ်ပေးတာကြောင့် သူကြောင်ကြည့်နေမိတယ်။
"ဖေဖေ သားကာကွယ်ပေးမယ်နော်"
"ဟမ် နှစ်ယောက်!"
သူသူ့ရှေ့ကကလေးကို ကြည့်နေတုန်း သူ့နောက်ကနေ ထိုကလေးနဲ့ တထပ်တည်း တူတဲ့နောက်တစ်ယောက်က ထပ်ပြီးရောက်လာတယ်။ သေချာကြည့်တော့ ပထမကလေးရဲ့ မျက်နှာမှာ မှည့်အနက်လေးနှစ်လုံး ပါနေပြီး နောက်တစ်ယောက်မှာတော့မပါဘူး။
"ဖေဖေ သားသားတို့ရှိနေတယ်နော် မကြောက်နဲ့"
"ဖေဖေ...ဟုတ်လား။ ကလေးတို့က..."
"ဒီတစ်ခါနောက်ဆုံးပါပဲ ဒီအခက်ခဲပြီးရင် ဖေဖေသားသားတို့နဲ့တူတူ ပျော်ပျော်ရွှင်ရွှင်နေရတော့မှာ။ သားသားတို့တူတူရှိနေမှာမို့ အားတင်းပြီးကျော်ဖြတ်နော်။ ဖေ့ဖေ့ကို ချစ်တယ် မွ။"
"သားလည်း ဖေဖေ့ကိုချစ်တယ်မွ။"
ကိုယ့်ပါးတစ်ဖက်တစ်ချက်ဆီကို နမ်းပြီး ပျောက်ကွယ်သွားတဲ့ ကလေးနှစ်ယောက်ကြောင့် သူစိုးရိမ်တကြီးအော်ခေါ်မိတယ်။
"ကလေးတွေ....ကလေးလေးတို့!!!!"
သူထိုကလေးတွေ ထားခဲ့တဲ့ မီးအိမ်နှစ်လုံးကို ကောက်ကာ ထိုကလေးတွေကို လိုက်ရှာနေမိတယ်။
-
-
-
"ကလေးတို့~~~~~~~"
"သုတ...သုတ...ငါရှိတယ်နော်။ အဆင်ပြေရဲ့လား။"
Rue တစ်ညလုံး အိပ်မပျော်တာကြောင့် သုတဘေးမှာ ကပ်ပြီးဝင်လှဲနေရင်း သုတ ဆီက ငြီးသံ ကြားလို့ ‌နှိုးကြည့်ပေမယ့် နိုးမလာပါ။ ခနလောက်ဖက်ထားပေးမှ သုတက ငြိမ်ကျသွားတာမို့ အဲ့ကြမှ သူစိတ်အေးရတော့တယ်။
သူနဲ့ သုတရဲ့ ကံကြမ္မာကလည်း ကံဆိုးပြီဆိုရင် အတူတူဆိုးလိုက်ရမှ ကျေနပ်တာ ထင်ပါတယ်။
သူဒယ်ဒီ့ကိုရော သားလေးကိုရောလွမ်းတယ်။ ပြီးတော့ နေသစ်ကိုလည်းလွမ်းတယ်။ အရင်ကလိုသာ နေသစ်က သူ့ကိုချစ်သေးရင် သူ့ကို လာကယ်ရင်လာကယ်မှာ။
"ငါလွမ်းတယ်။ ကြောက်လည်းကြောက်တယ်။ နေသစ်ရယ်..."
ကဲ Part 45 upလိုက်ပါပြီနော်။ ဖတ်ရှုပေးကြတဲ့ ဒါဒါတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဒါဒါတို့ရဲ့ like နဲ့ comment တစ်ခုစီက သာသာ့အတွက်အားဆေးပါ။
______________________________________
Zawgyi
"ခြေရာခံလို့ ရလား။"
"ငါထင်တဲ့အတိုင်းပဲ။"
"ပြေတယ် ဒယ်ဒီ"
Ti...Ti...Ti...
[ ပြောပါ သခင်ကြီး! ]
[ ငါ့မြေးရော..]
"အေး ဟုတ်တယ်။ ငါလည်းဒီမှာလာနေမယ်။
"ရတယ်။"
"ဟုတ်တယ် ဒယ်ဒီ!"
"အေး လုပ်စမ်းပါကွာ"
_______________
ကျွီ...........
"ဟဲ့ထကြစမ်း!!!!"
"ရော့ မျို"
"အာ့....ဖယ်!!!!"
"ဖယ်!!!"
"မာမီ!!!!ဖယ်"
"ဖယ်စမ်း!!!!!ဟဲ့ နာတယ်!!!!"
"သုတ အဆင်ပြေရဲ့လားဟင်..."
"ပြေတယ်...မင်းရော"
"ငါပြေပါတယ်။"
လူတကာနဲ့ ပတ်ခံမနေဘူး"
"နင်!!!"
"နင်!!!"
"အာ့!!!"
"ခင်များအရင်လွှတ်လေ"
"နင်!!!!"
"သုတ ရရဲ့လား"
"ခင်များအရင်လွှတ်!!!"
"ရပ်လိုက်ကြစမ်း!!!!!!"
"သုတ...."
"Rue....ငါအဆင်ပြေတယ်။"
"ဟို baby က...."
"ဟုတ်ကဲ့"
"သုတ.......ငါကြောက်တယ်။"
ကျွီ...ဒုန်း!!!!
"အွန်းပါ။ မင်းလည်းစားလေ။"
"ငါမစားတော့ဘူး။ မင်းပဲစားလိုက်နော်။"
"ဒါပေမယ့်..."
"စားလိုက်ပါ။"
________________
ခွပ်!
"ကိုသန်းတင်! စိတ်ထိန်း!"
"ဖေဖေတော်ပါတော့နော်..."
ခွပ်!
"ကိုသန်းတင်......"
"သုတ လက်ခံမှာမဟုတ်ဘူး။"
"ဖေကြီး...."
တောက်!!!!!!"
"ဒယ်ဒီ....."
"ဒါပေမယ့်...."
___________________
"ဟမ်!"
"Rue....Rue....Rue!!!!!! Rue!!!!!"
"ဟမ် နှစ်ယောက်!"
"ဖေဖေ...ဟုတ်လား။ ကလေးတို့က..."
"ကလေးတွေ....ကလေးလေးတို့!!!!"
-
-
-
"ကလေးတို့~~~~~~~"
"သုတ...သုတ...ငါရှိတယ်နော်။ အဆင်ပြေရဲ့လား။"
"ငါလွမ်းတယ်။ ကြောက်လည်းကြောက်တယ်။ နေသစ်ရယ်..."
______________________________________
Continue Reading
You'll Also Like
406K 46.1K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
437K 1.3K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
188K 11.4K 13
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...