စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~~~~~~
(၁၅)
ချစ်လွန်းလို့ပါ ၊ ကြိုက်လွန်းလို့ပါ အကြိမ်ကြိမ်ပြော။
ခြေတော်တင်ရတာ အား၀မှ အမေ ချစ်သားကြီး ကျွန်တော်ပါ။
မိဘစကား နားထောင်လျှင် မဆင်းရဲနိုင်ကြောင်း မောင်ကျော်နိုင် သဘောပေါက်လို့
ငယ်ချစ်ကို ပစ် ကြင်ယာသစ်ကို ရှာတော့မည်တဲ့။
နားနဲ့ မနာ ဖဝါးနဲ့ နာပါ ခြေတော်တင်ခံ သမီးရှင် မိဘနှစ်ပါးပါ သနားစရာ။
အဆုံးမ မတော် မိဘ ညံ့လို့ ဖြစ်ရတယ်လို့
အပြောခံရ။
သားသမီး မကောင်း မိဘခေါင်း။
ညိုးငယ်သော မျက်နှာ နှင့် လူကြားထဲ ခေါင်းမဖော်ဝံ့အောင် နေနေရသူက သမီးရှင်တဲ့။
ဗိုက်တစ်လုံးပေါ်အောင် အနေအထိုင်မတတ်သူက မိန်းမသား။
ပေါ်အောင်လုပ်သူ ယောင်္ကျားသား မှာတော့
ယောင်္ကျားလေး ဆိုတာ ရရင် ရသလို ဒီလိုပဲတဲ့။
လူမူ့၀န်းကျင်က ချိန်ခွင် လျှာတစ်ဖက်ထိုး ပေါ်တင်ကြီးကို အလေး သာပြသွားပါသည်။
မြကျော်တို့ညီကို ကိုတောင် သတိပေးသလိုလို စကားနာ ထိုးသလိုလို လှည်းကျိုးထမ်းနေရမယ်တဲ့။
လှည်းကျိုးနေရင် ပြင်ပြီ မောင်းမှာပေါ့လို့ ကိုကြီး စံထွန်းက အရွဲ့တိုက် ပြန်ပြောခဲ့သည်။
မြကျော်ကတော့ ဘာမျှ ပြန်မပြော။
ထားထားဦးတို့အိမ်ကို သွားမြဲအတိုင်းသွားသည်။
ထို့သို့ သွားသည်ကိုအဖေနဲ့ အမေက မတား။
ဒို့မယ်လည်း သမီးကလေး နှစ်ယောက်ရှိသေးတယ်။
ကိုယ်ချင်းစာပါရဲ့။ သွားမြဲ အတိုင်းသွားပါ။ကူမြဲတိုင်းကူပါတဲ့။
အဲ့သလို ပြောတာကြားတော့ မြကျော် ကြီးဒေါ်ကထပြီ
"အေးပေါ့အေ ...ကူခိုင်း၊သွားခိုင်းပေါ့ ။
မင်းတို့မယ်လည်း စောက်မှတ်မှ မရှိ။
ဟိုးတနေ့က ငမောင် နဲ့အတူ မိလှလှ တို့အိမ်
အကျိုးအကြောင်း သွားပြောတော့ မင်းပါ
စော်ကားလွှတ်လိုက်တယ်မို့လား။
ဟေ့ စံမြ နင့်သား တွေနဲ့ မကင်းတဲ့ ဟာမကို
ငါ့သား လှည်းကြိုးထမ်းရအောင် ထမ်းပိုးလာမတက်ပေးနဲ့လို့လေ ။
ဒါကိုပဲ စောက်မှတ်မရှိ ..ကောင်းပါ့တော်၊
သွားခိုင်း..သွားခိုင်း အဲ့အိမ်ကို ကြပ်ကြပ်.."
ကြီးတော် စကားကြားတော့ မြကျော် နားခါးမိပါရဲ့။
မိန်းမသားတန်မဲ့ မိန်းမတွေကပဲ မိန်းမအချင်းချင်း အားမနာတမ်း အတင်းတုပ်။
ရစရာမရှိအောင် ပြောဆိုနေကြ၏။
သည်လို အပြောတွေကြောင့် ဒေါ်ဒေါ်တင် လည်း ဈေးရောင်းမထွက်နိုင်။
ဦးမောင် မောင်ဆို ကောက်ခါငင်ခါ အိပ်ရာထဲ ဗုန်းဗုန်းလဲ။
ခင်စန်းဦးကလည်း အိမ်ထဲကနေ အိမ်အပြင် မထွက်ရဲ။
ထားထားဦး တစ်ယောက်သာ လူတွေ ပါးစပ်ပေါက် ကြားထဲမှာ နေမကောင်းတဲ့ အဖေ့အစား လယ်တောဆင်းလိုက်၊
တပေါင်းလ ထဲ ရွာထိပ်က ဝိုင်းထဲ အိမ်ပြောင်းဆောက်ဖို့ ပြင်လိုက်ဖြင့်ရှေ့ဆက်နေသည်။
ထားထားဦးကိုတော့ မြကျော် တစ်ကယ်အံ့ဩသည်။
သံမဏိလို အသည်းမာတဲ့ မိန်းမ။
လူတွေအတင်းပြောတာကို ဂရုမစိုက်။
သူမလုပ်စရာရှိတာကို လုပ်နေသည်။
သူမကတော့ သူမလုပ်စရာ ရှိတာကို ရှေ့ဆက်လုပ်နေပင်မယ့် ပတ်၀န်းကျင်ကတော့ အငြိမ်မနေနိုင် နှောက်ယှက်ချင်သည်။
အထူးသဖြင့် ရွာထဲက အလုပ် အကိုင်မယ်မယ်ရရ မရှိသည့် ကာလသား တစ်သိုက်။
သူများလယ် ထန်းရည် သောက်ရလို့ ကောက်လိူင်း ကူသယ်ပေးရင် လယ်တောထဲ ကောက်လိူင်းထုံးနေသော ထားထားဦး တို့ကို မြင်သည် နှင့် ရိသဲ့သဲ့ စချင်သည်။
အရင်က တောင်မစရဲ။
အခုတော့ စရဲသည်ပေါ့။အထင်သေးသည့်သဘော။
အမေကတောင် အပြစ်မတင်သဖူး ခင်စန်းဦးကို အပြစ်တင်နေသည်။
ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံးပုပ်။
ခင်စန်းဦး ဆိုတဲ့ ကောင်မကြောင့် ငါမွေးထားတဲ့ သမီးတွေ သူများ လာအထင်သေးကုန်ပြီတဲ့။
ထားထားဦးကတော့ ဆိုင်ရဲ့ လားလို့ပဲတွေးမိသည်။
ယောင်္ကျားလေးတွေ အထင်သေးအောင် ခင်စန်းဦး လုပ်သည်မဟုတ်။
ယောင်္ကျားလေးတွေရဲ့ စိတ်ဓာတ်ကိုက ဖြစ်နေသည်။
စိတ်ဓာတ်ကောင်းတဲ့ ကိုကြီး စံထွန်း နဲ့ မြကျော်ဆို ခင်စန်းဦးကို သူတို့နှမလို သဘောထားပြီ ကျော်နိုင် နဲ့တောင် ပုခုံးချင်းယှဉ် ထိုးပေးသည်။
ခက်နေသည်က သူတို့က ခင်စန်းဦး အစ်ကိုအရင်း မဟုတ်၍ ကောက်ရိုးပုံ စောင့်တဲ့ ခွေးလို့ စော်ကားခံရသည်။
ဒါ့ကြောင့် ထားထားဦး စဉ်းစားမိသည်။
ငါသာ ခင်စန်းဦး အစ်မ မဟုတ်ပဲ အစ်ကို ဖြစ်နေရင် ဒင်းတို့ ပြောသလောက် မစော်ကားရဲ။
ဒါက လောကကြီး၏ မိရိုးဖလား ယောင်္ကျား ၊မိန်းမ ခွဲခြား လေးစားမူ့ကြီးဖြစ်သည်။
အခုလည်း ကြည့် ကျော်နိုင် ဆိုတဲ့ ခွေးသူတောင်းစားက လှည်းနဲ့ ဖြတ်သွားရင်
တွေ့တာ တောင် မခိုးမခန့် မျက်နှာပေးဖြင့်
ကြည့်နေသည်။
ဒါ့အပြင် သူ့ဘေးနားက အပေါင်းအပါတွေ
ထားထားဦး စနေသည်ကို မြှောက်ထိုးပင့်ကော် အကြောင်းမဲ့ ဟားတိုက် ကူရယ်ပေးနေ၏။
ဒါတွေကို ထားထားဦး လက်သီးဆုပ် မကြားချင်ယောင်ဆောင်သည်းခံလိုက်သည်။
ယောင်္ကျားလေးတန်မဲ့ အောက်တန်းကျ သူများနှင့် တု ရန်မဖြစ်ခဲ့။
နောက်တစ်နေ့ ထားထားဦး နှင့် မ၀င်းသူ လှည်းပေါ် ကောက်လိူင်းကူသယ်ပေးဖို့ မြကျော် ပါလာသည်။
မနေ့ကလို ကျော်နိုင်တို့ လှည်းနှင့် တွေ့သည်နှင့် အားကိုးပါလာတဲ့ ကျော်နိုင်က ရှောင်ပေးသည်ကို ကျော်မမောင်း ။
ယှဉ်မောင်းပြီ မြကျော် ကိုရန်စသည်။
ခင်စန်းဦး ခိုးဖို့ လာခေါ်သည့်နေ့က သူ
မလိုက်၍ မြကျော်က ထိုးသွားသည်ကို သူ
မကျေနပ်။
အခု သူ့မှာ အားကိုးအပေါင်းသင်းတွေ ပါလာသည်မို့ မြကျော် ကို ရန်စဖို့ ကြိုးစားသည်။
"ရွှေစွန်ညို .. ရွှေစွန်ညို
ဘာလို လို့ ဝဲပါတယ် ..
မထား လိုလို့ ဝဲပါတယ်..
မထားမပါ ဒို့ဆီလာ ... ဟား ... ဟား .. ဟား
ကောက်ရိုးပုံး စောင့်တဲ့ ခွေးကြီး .. ဟား.. ဟား..
ကောက်ရိုး တွေလည်း မစားတတ်ပဲ .. စောင့်တယ်ဗျ ..
ဪ ... မေ့လို့ ကောက်ရိုး မစားရလည်း နွားနို့ တွေ တော့ သောက်ရတာကိုး .. ဟဲ.. ဟဲ..
နွားမကြီး က နို့ထွက် ကောင်းရင် ရပြီလေ ..
ဟား... ဟား ... ဟား .."
မြကျော် က ယောင်္ကျားလေးပီပီ လှည်းပေါ်က တံဖြာ ဆွဲ လှမ်းထုဖို့ ထားထားဦးက တားသည်။
တားရင် ထားထားဦးက နွားလှည်းကို ရပ်ပစ်သည်။
ဒါကိုမကျေနပ်တဲ့ မြကျော်က ပုဆိုးပြင်၀တ်
"ငိုးမသား ... ခွေးမသားတွေ ဆဲရင် လှည်းပေါ်ကဆင်း ကျော်နိုင် လှည်းနောက် ပြေးလိုက်ဖို့ ပြင်သည်.."
ထားထားဦး နဲ့ မ၀င်းသူက အတင်း ဆွဲတားတော့ မြကျော်က ရုန်းပြီ
"ဖယ်စမ်းပါဟာ ... ခွေးမသားတွေ စော်ကားနေတာ နင် နားကန်းနေလား ..ဖယ်စမ်း..
ငါ လိုက်သတ်မယ် ..ဒီကောင်တွေ ..."
"သူ့သတ်ပြီရင် မင်းဘ၀ လည်း ပျက်မယ်ပေါ့ ငါ့မောင်ရယ် ၊ မလုပ်စမ်းပါနဲ့ .."
မ၀င်းသူကြီးက ငိုမဲ့မဲ့ တားရင်ပြောသည်။
"ပျက်ပါစေ ဗျာ ... ဒီကောင်တွေ အရောင့်တက်နေတာ ၊ ဒီလို မိုက်ရိုင်းတဲ့ ကောင်တွေမရှိမှ နားအေးမှာ .."
သူ့ကို စော်ကားရုံတင်မက သူ့ထားထားဦးကိုပါ အထင်သေး စော်ကားပြောသွားတာကို မြကျော်မခံနိုင်။
ထားထားဦးကတော့ မြကျော်ကို လက်ကသာ
အတင်းဆွဲတားထားပြီ နူတ်ကတော့ ပိတ်နေသည်။
ဘာမျှမပြော သေး။
အထိမခံ အလွန်စွာ ဇမ်းဇမ်းကျဲ ထားထားဦး
အခုလို နူတ်ပိတ်ပြီ စိတ်တင်းနေသည်ကို မြင်ရတဲ့ မြကျော်အဖို့ အလွန် စိတ်မကောင်းဖြစ်ရသည်။
ဤသို့ဖြင့် လယ်တောရောက် လှည်းပေါ် ကောက်လိူင်းတွေတင်တာ တစ်၀က်ကျိုးတော့ ထားထားဦး ထ မေးသည်။
" မသေပဲ ကျိုးအောင် ရိုက်ရင် အလျှော်ပေးရုံနဲ့ ကြေအေးလို့ ရသလား ..."
ထားထားဦး အမေးကို အစက မြကျော် နားမလည်။
နောက်ပြီ မှ နားလည်သည်။
နားလည်စွာ ထားထားဦး နှင့်အကြည့်ချင်းဆုံလိုက်တော့ နှစ်ယောက်သား မျက်လုံးတွေ အရောင်တောက်သွားရသည်။
💙💙💙
သည်လိုနှင့် ရက်လ ရာသီတွေရွေ့ စပါးတွေ တောင် သိမ်းဆည်းပြီကုန်သည်။
ထားထားဦးတို့ အိမ်ဆောက်မယ့် ရက်ရွေး ပန္နက်ရိုက်တဲ့ နေ့မှာ မြကျော် ထားထားဦး နှင့် စကားပြောဖြစ်သည်။
"ဒီနှစ် နင်တို့ စပါးတွေရသားပဲ ၊အခွန် ပေးပြီတဲ့အပြင် နင့်ကျီထဲ စပါးတွေ အများကြီးကျန်နေတယ်.."
"အေး.. ငါ့တို့စပါးတွေရတာမြင်ပြီ လာပေါင်ထားတဲ့ ဦးတုတ်ကြီးက သူ့လယ်တွေ လာရွေး
ချင်တယ် ထင်ပါ့ .."
"မရွေး နိုင်လောက်သေးပါဘူးဟာ ၊ ဒီလူကြီး
ပုလိပ်မြွေဘုရားပွဲမှာ နွားပွဲတွေ သွားလောင်းထားတာ အတော်ရူံးထားတယ်ဟ.."
"ငါလည်းသိလို့ ရောင်းချင်ရင် ငါ့ရောင်းပါလို့
ပြောထားတယ်။
ဈေးလည်း ပေါက်ရာပေါက်ဈေး မနည်းစေရပါဘူးလို့ .."
"အေးပါ.. ဒါနဲ့ နင်က လယ်တွေ ၀ယ်ချင်နေတယ်။
နင့် အဖေက မမာတော့ဘူးလေ။
လယ်တွေ ဘယ်သူလုပ်မလဲ.."
"ငါ လုပ်မှာပေါ့ဟဲ့ .."
"နွားတွေရော ဘယ်သူကိုင်မလဲ .."
"ငါကိုင် မှာပေါ့ဟဲ့.."
"နွားနို့ ရော ဘယ်သူ ရောင်းမလဲ .."
"ငါ ရောင်းမှာ ပေါ့ .."
"အကုန်လုံး နင်လုပ်နိုင်ရအောင် ထားထားဦး
သုံးကိုယ် ခွဲ ဇာတ်ကားရိုက် နေတာများမှတ်နေ ။
ပြီတော့ နင်က မိန်းမသားဟ .."
မြကျော် ပြောတဲ့ မိန်းမသား ဆိုတဲ့ စကားကြားတော့ ထားထားဦး က မဲ့လိုက်ပြီ
"ဘာလဲ .. မိန်းမသား ဆိုပြီ နင်တို့က အထင်သေးတာလား။
ဒီမယ် နင်တောင် နင့်အမေက မွေးလို့ လူဖြစ်တာပါဟဲ့ .."
မြကျော် စကားရိုးရိုးသားသားပါ။
ထားထားဦး က ဘာကြောင့် မိန်းမသားလို့ အပြောခံရသည်ကိုပင် မခံမရပ်နိုင် ဖြစ်သွားသလဲ။ မြကျော် နားမလည်။
ဒါ့ကြောင့်
"ငါ့ အမေ မွေးလို့ ငါလူဖြစ်မှန်း သိပါတယ်ဟ။
နင်က မိန်းမသားဆိုတဲ့ စကားကလည်း ငါ
က နင်ကို နှိမ်ပြီ ပြောတာမှ မဟုတ်တာ။
မိန်းမသားမို့ မိန်းမသား ပြောတာပဲ။
ပြီတော့နင်တစ်ယောက်တည်း အပင်ပန်းခံ ဆင်းရဲခံနေတာ ငါမြင်ရလို့ စိတ်မကောင်း ဖြစ်လို့ပြောတာပါ .."
"အို .. ဘာစိတ်မကောင်း ဖြစ်စရာ လိုသလဲ။
ငါ့မှာ လယ်တွေ ရှိတယ် နွားတွေ ရှိတယ်.."
မြကျော် ဆက်မပြောတော့ပါ။
ရှေ့ဆက်ပြောရလျှင် သူလူပါး၀မိတော့မယ်လေ။ဟုတ်တယ်လေ။
နင့်မှာ အားကိုးရမယ့် ယောင်္ကျားမရှိဘူးလို့ပြောကြည့်လိုက်ပါလား။
ထားထားဦးက ခင်စန်းဦး မဟုတ် တစ်ကယ်ပါးချ လွှတ်မှာ။
ဒါ့ကြောင့် စကားလမ်းကြောင်းလွှဲပြီ လကြာရှည် စီစဉ် နေသည့် အကြောင်းကို ပဲ ဆက်ပြောလိုက်သည်။
"လာမယ့် လကွယ် နေ့ စီစဉ်လိုက်ရင် ကောင်းမယ် ထင်တယ်နော် .."
မြကျော် ပြောတော့ ထားထားဦး ခေါင်းညိတ်ပြလိုက်သည်။
နောက်နှစ်ရက်ကြာမှ ထားထားဦးက
"တင်လှရော့ ခင်စန်းဦးက ပေးခိုင်းလိုက်တယ်လို့ ပြောပြီ ပေးခဲ့။
အခြားလူတွေ မမြင်စေနဲ့နော်.."
"ဟုတ်ကဲ့ ၊စိတ်မပူပါနဲ့ ။ တင်လှက ကျန်တဲ့နေရာ သာချော်မယ်။
စာပေးစာယူ ကတော့ တော်ပါတယ်ဗျ .."
"အေးပေါ့ ၊ နင်တော်လို့ ငါ့ညီမ .... ဟွင်း
မပြောလိုက်ချင်ဘူး .. သွား .. သွား .."
ဖြစ်ပြီးသား ပျက်ပြီးသား ဘယ်သူ့မှ ထားထားဦး အပြစ်မတင်ချင်ဘူး။
ဘ၀ကို ရှေ့ဆက်ဖို့ စဉ်းစားတယ်။
နောက်ဆုတ်ဖို့ကိုတော့ ဘယ်တော့မှ မစဉ်းစား။
တွေးရင် ထားထားဦး လကွယ်နေ့မြန်မြန် ရောက်ချင်လှပြီ။
@@@
ကျော်နိုင် တစ်ယောက် စာရသည်နှင့် မျက်နှာကြီးပြုံးလျက် အဖော် နှစ်ယောက်ခေါ် ရွာထိပ်ကို ထွက်လာသည်။
ထွက်လာရင် အပေါင်းဖော်တွေ နဲ့ စကားပြောလာ၏။
"ဟျောင့် ကျော်နိုင် ခင်စန်းဦးကိုတော့
မင်းက ပိုင်သားဟ။
မင်း မိန်းမသွားတောင်းတော့မှာသိလျက်နဲ့
တောင် အစ်မကြီး တို့ အကြွေးတောင်း သွားတုန်း သတိရလို့ တစ်ခေါက်လောက် တွေ့ပါရစေတဲ့ ဟား ... ဟား .."
"ခဏ .. ခဏ ဟျောင့် ၊ သွားတွေ့ရင် မင်းကို အမိဖမ်း အတင်းယူ ခိုင်းရင် ဘယ်လို လုပ်မလဲ ကျော်နိုင် .."
"ဘယ်လို လုပ်ရမလဲကွ .. ယူမှာပေါ့ .."
"ဟာ မင်းက တစ်ကယ် ယူမှာလား ၊မင်း ပဲ မင်းအမေက သဘောမတူ အမွေဖြတ်မှာ ကြောက်လို့ ခင်စန်းဦးကို မယူရဲဘူးဆို .."
"အေးလေ မယားကြီး အဖြစ်သာ မယူရဲတယ်။
တိတ်တိတ်ပုန်းကလေး ကတော့
ခင်စန်းဦးကလေး အတော်လှ တော့ ငါယူရဲပါတယ်ကွ .. ဟား .. ဟား .."
ပြောလာတဲ့ စကားများကို လမ်းတစ်လျှောက် ချောင်းလိုက်လာတဲ့ ထားထားဦး ကြားတော့
အသားများပါ ဆတ်ဆတ်တုန်သည်။
ငါ့ညီမကို အမြှောင်မယားငယ် သွင်းချင်တဲ့အကောင် သေစမ်းဟဲ့ ဆိုပြီ ဝါးစိမ်းတုတ်နဲ့ ပစ်ရိုက်ချင်သည်။
ထားထားဦးတို့ ရွာထိပ်က အိမ်ဝိုင်းကြီးနား ရောက်တော့ ကျော်နိုင် က သူ့အပေါင်းဖော် နှစ်ယောက်ကို ရယ်သံလျော့ ဖို့ ပြောလိုက်သည်။
ပါလာတဲ့ တစ်ယောက်က အနည်းငယ် ရယ်သွေးလိုက်ပြီ
"ပူမနေနဲ့ ၊အိပ်ရာထဲ လဲနေတဲ့ အဘိုးကြီးနဲ့
အဘွားအိုကြီးပဲ ရှိတယ်။
ကျန်တဲ့သူတွေ အကြွေးတောင်း ထွက်သွားတယ်ကွ ။ အဆင်ပြေရင် ငါတို့ပါ လိုက်ခဲ့လို့ရပါတယ်ကွာ .. ဟဲ ဟဲ .."
ပြောပြီ ရဲတင်းစွာ ကျော်နိုင် အပါအ၀င် လူသုံးယောက်က မကာရသေးသော ၀န်းထရံ
များကို ကျော် ဆောက်လက်စ နှစ်ထပ်အိမ်အမြင့်အရိပ်ကို နင်း ရဲတင်းစွာ အိမ်ပေါ်ထိ တက်ဖို့ ပြင်သည်။
တစ်ချိန်လုံး ဝါးရင်းတုတ်များကိုင် ချောင်းနေသော ကိုစံထွန်း ၊ကိုတင်ရ ၊ မြကျော် ၊ ထားထားဦး ၊ မ၀င်းသူ ၊ တင်မူ ၊ မိပို ၊တင်လှ အပြင် အိမ်ဆောက်နေသော လက်သမား ဆရာ သုံးယောက်အပါအ၀င် အကုန်လုံးက
"သူခိုး .. သူခိုး ... သူခိုး ..."
ဟေ့ လို့ အော်ပြီ အလုံးအရင်း ၀င်ရိုက်သည်။
လန့်ဖျန့်သွားတဲ့ ကျော်နိုင်က ထွက်ပြေးဖို့ ပြင်တော့ ကိုတင်ရကြီးက ၀င်လုံးပြီ ချုပ်လိုက်သည်။
မ၀င်းသူက ကျော်နိုင် ခေါင်း သံဓာတ်မီးနဲ့ထုပြီ ထားထားဦးက ဖိနပ်ချွတ် ကျော်နိုင်ကိုပါးတွေ ချည်းစီရိုက်သည်။
ကိုစံထွန်းက လက်သီးဖြင့် ကျော်နိုင်မျက်နှာတွေ ပစ်ပစ်ထိုး၊ ဝါးရင်း တုတ်ဖြင့် လက်မောင်းတွေခြေထောက်တွေ စီရိုက်သည်။
ကျန်အဖော် နှစ်ယောက်ကို လက်သမားဆရာသုံးယောက်က ဝိုင်းချုပ် မြကျော်က လက်သီးဖြင့်ထိုး
တင်မူ နဲ့ မိပိုက ဝါးရင်းတုတ်ဖြင့် ခြေထောက် တွေ လက်တွေပစ်ရိုက်သည်။
ကျော်နိုင်ကို အားရပါးရိုက်ရင် ထားထားဦးက
"...နင်လို ခွေးကောင် ငါ့ညီမကို မယူတာကို ၀မ်းနည်းလိမ့်မယ်ထင်နေသလား။
၀မ်းနည်းလိမ့်မယ် ... အားကြီးကြီး .."
ပြောရင် ဝါးရင်းတုတ် နဲ့ ပေါင်ထောင်းတော့
ကျော်နိုင် ကြောက်ကြောက်လန့်လန့်ဖြင့်
"အား...အား ... ငါ ခင်စန်းဦးကို ချစ်ပါတယ်ဟာ ..အား .. ငါ ခင်စန်းဦးကို ယူပါ့မယ်.."
ကျော်နိုင်စကားကြားသည်နှင့်
"ထွီ... နင် ယူချင်တိုင်း ပေးစားရအောင် ..
နင်က ငါ့ညီမ နဲ့ တန်လို့လား .. ဟင်.. ဟင် ..
ဖြေစမ်း ...ဖြေစမ်း...
နင်လို ခွေးသူတောင်းစားမယူရလို့ ငါ့ညီမ ဘ၀ပျက်မယ်ထင် နေသလား...
မပျက်ဘူးဟဲ့ မှတ်ထား...
မုဆိုးမတွေ တစ်ခုလတ်တွေ တောင် လင်လိုချင်ရင် လင်မရှာဘူး။
ငါ့ညီမအတွက်လည်း ငါပေးစားချင်ရင် မရှားဘူး ... မှတ်ထား ... မှတ်ထား .."
ပြောရင် ခုံဖိနပ် နဲ့ ပါးတွေ ပစ်ရိုက်သည်။
တင်မူ နဲ့ မိပိုကလည်း ပါးစပ်သရမ်းတဲ့နှစ်ယောက် ပါးတွေ ပစ်ရိုက်ရင်
"အပျိုမတွေ မြင်ရင် ၊ နင်တို့အမေ နင်တို့ အစ်မ နှမ မှ အားမနာ သားပြော မယားပြော
ပြောချင်အုံး ... ပြောချင်အုံး .."
စိတ်ရှိလက်ရှိ မသေရုံတစ်မယ် ဝိုင်းထိုး ဝိုင်းရိုက်ပြီနောက် စပါးကျီနားဆွဲပြီ
"ကိုကြီး စံထွန်း ကျွန်မတို့ စပါးကျီထဲ သူခိုး
လာလို့ ဖမ်းထားတဲ့ အကြောင်း သူကြီး သွားပြောပေးပါအုံး ..."
(ကဲ... ဖတ်ပြီ ခံစားရတာလေးတွေ ပြောပြခဲ့ကြပါအုံး
အချိန်အားရင် စာပြန်ပါ့မယ် ✌️
'ဓမ္မသာ နိုင်ပါစေ ..'💙
>>>>ဆက်ရန်
ကြိုးစားရေးသားပါအုံးမည် 💪💙
#Skykyiphyu