ချန်းယောင်းကဝန်ဘင်းကိုအမြဲအလိုလိုက်ထားသူ။ အမြဲသည်းခံပြီးခွင့်လွှတ်တတ်တာကြောင့်သူငယ်ချင်းတွေကပင်ချန်းယောင်းအစားမခံမရပ်နိုင်ဖြစ်ကြရသည်။
ဝန်ဘင်းကချန်းယောင်းအပေါ်မှာအမြဲတမ်းနိုင်ပြီးဆိုးသူတစ်ယောက်လည်းဖြစ်သည်။
ချန်းယောင်းကအိုင်ဂျီမှာကောင်မလေးတစ်ယောက်ရဲ့ပို့စ်ကိုလိုက်နှိပ်မိသွားသည်။ ဒါကိုဝန်ဘင်းကသိသွားပြီးချန်းယောင်းကိုပြဿနာရှာတော့သည်။
ဝန်ဘင်းကချန်းယောင်းရဲ့အကောင့်ကိုအမြဲဝင်စစ်သူဖြစ်သည်။
" ဒီပုံကိုဘာလို့လိုက်ခ်ပေးထားတာလဲ "
" လိုက်ခ်နှိပ်မိထားတာလား သိတောင်မသိလိုက်ဘူး "
ကိုကို့မျက်နှာဟာသုန်မှုန်နေသည်။
" ဒီပုံကိုလိုက်ခ်နှိပ်မိထားတယ်ဆိုတာ တကယ်မသိဘူး မတော်တဆပေးမိသွားတာ "
" မယုံဘူး "
ကိုကိုကတကယ်ကိုသံသယများသည်။ ရှင်းပြလည်းလက်မခံထင်ယောင်ထင်မှားနဲ့သံသယဝင်တတ်သူလည်းဖြစ်သည်။
" ဒီအတိုင်းနှိပ်မိသွားတာ "
ဝန်ဘင်းကဖုန်းကိုချန်းယောင်းလက်ထဲပစ်ထည့်ပေးလိုက်သည်။
" တကယ်ပါဆို "
" ဒီအတိုင်းနှိပ်မိသွားတာကလဲကောင်မလေးပုံလား "
" မတော်တဆနှိပ်မိသွားတာ ကောင်မလေးလား ယောက်ျားလေးလား ဘယ်လိုလုပ်သိမှာလဲ "
" အပြောကတော့ "
" တကယ်ပါဆိုမယုံလည်းမတတ်နိုင်တော့ဘူး "
အာပေါက်မတတ်ရှင်းပြနေသော်လည်းဝန်ဘင်းကမယုံသောအခါသူလည်းစိတ်ရှုပ်လာသည်။ ချန်းယောင်းလည်းစိတ်ရှုတ်သွားပြီးခေါင်းကဆံပင်တွေကိုခါထုတ်လိုက်သည်။
ချန်းယောင်းရဲ့အပြောကြောင့်ဝန်ဘင်းလည်းစိတ်တိုသွားကာ
" အခုငါ့ကိုစိတ်တိုနေတာလား "
ချန်းယောင်းကဘာမှပြန်မပြောသောအခါ
" ဘာမှပြန်မပြောချင်လောက်အောင်စိတ်ကုန်နေတယ်ပေါ့ ဟွန်း "
ကိုကို့ရဲ့စလာတော့မယ့်စကားတွေကိုသူကြိုသိနေပြီ။
" အပြစ်လုပ်ထားတာဘယ်သူမို့လို့လဲ
သူကတောင်လူကိုလာပြီးစိတ်တိုနေသေးတယ် "
" လမ်းခွဲမယ် "
ချန်းယောင်းလည်းစိတ်ပေါက်ပေါက်နဲ့လက်ခံလိုက်သည်။
" အင်း.......လမ်းခွဲရအောင် "
စကားများရတိုင်းအမြဲလမ်းခွဲစကားပြောတတ်တဲ့အကျင့်ကိုသူလည်းစိတ်ကုန်နေပြီ။ ဒီလောက်ချစ်ပြီးအလိုလိုက်ထားတာတောင်သံသယများတတ်တာကိုတစ်ခါတလေမှာစိတ်ကုန်မိသည်။
♡♡♡
ပတ်ဝန်ဘင်းတစ်ယောက်ကတော့ဖုန်းကိုတကြည့်ကြည့်နှင့်ပင်။ ထိုင်ရမလိုထရမလိုနှင့်ချန်းယောင်းရဲ့ဖုန်းကိုမျှော်နေသည်။
အိပ်ယာပေါ်မှာအိပ်နေသော်လည်းအိပ်မပျော်ပါ။ တစ်ခါမှချန်းယောင်းကအခုလိုပစ်မထားဘူးဖူး။ ၃ရက်ရှိသွားသော်လည်းအခုထိလာမချော့သောကြောင့်တွေးပူနေရသည်။ ချန်းယောင်းကမချစ်တော့မှာလည်းတွေးပြီးကြောက်မိသည်။
" ချန်းယောင်းကအခုထိလာမချော့သေးဘူးလား "
" ဘယ်လိုသိတာလဲ "
ဆိုဟီးကသူ့မျက်နှာကိုရှုံ့တွနေတဲ့ပုံစံလုပ်ပြပြီးပြောသည်။
" မင်းမျက်နှာကဒီလိုဖြစ်နေတာသိတာပေါ့ "
" ကျောင်းမှာမျက်နှာလေးတော့ထိန်းဦး "
ချန်းယောင်းရဲ့အတန်းနားမှာသွားချောင်းတော့ ကောင်မလေးတစ်ယောက်နဲ့စကားပြောပြီးထွက်လာတဲ့ချန်းယောင်းကိုတွေ့ရသည်။ သူကတော့ကိုယ့်ကိုမမြင်။ သူတကယ်ကိုအဆင်ပြေပြေနေ,နေတာကိုသိရတော့အလိုလိုဝမ်းနည်းသွားသည်။ ကိုယ့်ကိုတကယ်စွန့်ပစ်သွားပြီဆိုတဲ့အတွေးတွေဟာချက်ချင်းဝင်ရောက်လာသည်။
ချန်းယောင်းရဲ့သူငယ်ချင်းဆောင်းချန်ထွက်လာသည်။ သူ့ကကိုယ့်ကိုမြင်သော်လည်းမပြုံးပြ။ ခပ်တည်တည်နှင့်သာ။
" ဂျောင်ဆောင်းချန် "
ဘာလဲဆိုတဲ့အထာနဲ့လှည့်ကြည့်သည်။
" ချန်းယောင်းနဲ့အဲ့ကောင်မလေးကဘယ်လိုပတ်သက်တာလဲ "
ပတ်ဝန်ဘင်းကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ချန်းယောင်းနဲ့အတန်းထဲကကောင်မလေးကိုတွေ့ရသည်။
" ဘာလို့မေးတာလဲ "
" တွဲနေတာလား "
" ဘယ်လို "
" ငါနဲ့လမ်းခွဲလိုက်တာသူ့ကြောင့်လား "
သူတို့နှစ်ယောက်လမ်းခွဲထားတယ်ဆိုတာကိုချန်းယောင်းကမပြောပြပါ။ အခုဝန်ဘင်းပြောပြမှသူသိတာ။ ချန်းယောင်းကဝန်ဘင်းကိုမပြတ်နိုင်ဘူးဆိုတာသူသေချာပေါက်သိသည်။
ဒါပေမဲ့ပတ်ဝန်ဘင်းကိုအမြင်ကပ်တာကြောင့်ကြပ်ပေးလိုက်သည်။
" မင်းတို့နှစ်ယောက်ကလမ်းခွဲပြီးပြီပဲချန်းယောင်းဘယ်သူနဲ့တွဲ,တွဲမင်းနဲ့မဆိုင်တော့ဘူးလေ "
ပတ်ဝန်ဘင်းကိုထားခဲ့ကာဆောင်းချန်လှည့်ထွက်လာခဲ့သည်။
အတန်းတူသူငယ်ချင်းတွေအချင်းချင်းဒီလိုနေတာကသာမန်မဟုတ်ဘူးလား။
" ပတ်ဝန်ဘင်းတကယ့်ငကြောင် "
ဆောင်းချန်ကတီးတိုးရေရွတ်လိုက်သည်။
အခုချိန်မှာသူနဲ့ချန်းယောင်းဟာလမ်းခွဲထားတာဖြစ်တဲ့အတွက်ဘာမှမဆိုင်တော့တာကြောင့်အရင်လိုပြဿနာရှာလို့မရတော့ပေ။ ရန်ဖြစ်ရင်လမ်းခွဲမယ်ဆိုတဲ့စကားကိုခဏခဏပြောမိတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိသည်။
♡♡♡
ချန်းယောင်းကလည်းဝန်ဘင်းကိုချော့ချင်ပေမဲ့ မှတ်လောက်သားလောက်အောင်ပစ်ထားလိုက်သည်။ ဒီတစ်ခါတော့သူ့ဘက်ကနေစမချော့ဘူးလို့လည်းဆုံးဖြတ်ထားသည်။
ဟိုတစ်နေ့ကအတန်းနားကို,ကိုကိုလာချောင်းတာလည်းသိသည်။ မသိချင်ယောင်ဆောင်ကာထွက်လာခဲ့တာ။
ချန်းယောင်းနဲ့မျက်နှာချင်းဆိုင်ဆုံတဲ့အခါမှာသူကမသိသလိုကျော်ဖြတ်သွားတဲ့အခါ။ အေးစက်စက်ကျောပြင်ကျယ်ကိုငေးကြည့်ရင်းကျန်ခဲ့ရသည် ။
ဂိမ်းဆော့နေတဲ့ချန်းယောင်းကိုအဝေးကနေလှမ်းကြည့်နေမိသည်။ သူတကယ်ချန်းယောင်းရဲ့ကြင်နာမှုတွေကိုပြန်လိုချင်နေတာ။ ကိုယ်ကသူ့လက်ထဲကဂိမ်းလောက်ပင်စိတ်ဝင်စားချင်းမခံရတော့တာကိုတွေးမိတော့ဝမ်းနည်းစိတ်ကချက်ချင်းဝင်ရောက်လာသည်။
ကန်တင်းမှာထမင်းစာတော့လည်းဟုတ်တိပတ်တိမစားတဲ့ဝန်ဘင်းကိုကြည့်ကာဆိုဟီးကပြောသည်။
" အဲ့လောက်စိတ်ဆင်းရဲနေရင်လည်းသွားချော့လိုက်ပါလား မင်းဘက်ကစပြီး "
" ငါဘက်ကစပြီးမခေါ်ချင်လို့မဟုတ်ဘူး သူကငါ့ကိုမချစ်တော့ဘူးဆိုရင်ဘယ်လိုလုပ်မှာလဲ ငါမခံစားနိုင်ဘူး "
" မင်းဟာကလည်းအဲ့လောက်ထိလျှောက်တွေးမနေနဲ့လေ "
ဝန်ဘင်းကဘာမှစကားပြန်မလာတဲ့အခါ
" ရည်းစားပူမိနေတဲ့ရုပ်နဲ့ မင်းကိုကြည့်ရတာငါပါစိတ်ဆင်းရဲတယ် "
" ချန်းယောင်းပြန်လာအောင်ငါဘယ်လိုလုပ်ရမလဲ "
" ဗေဒင်မေးပြီးယတြာချေစရာတောင်မလိုဘူး မင်းဘက်ကစပြီးသူ့ကိုသွားချော့လိုက်သေချာပေါက်မင်းဆီပြန်လာလိမ့်မယ် "
ချန်းယောင်းကဝန်ဘင်းကိုမစွန့်လွှတ်ဘူးဆိုတာ သေချာပေါက်သိနေလို့ဖြစ်သည်။
" ဘယ်လိုချော့ရမှာလဲ "
" ဘဲကိုတစ်ခါမှမချော့ဖူးတာသိသာချက် "
မျက်နှာငယ်လေးနဲဖြစ်နေတဲ့ဝန်ဘင်းကိုကြည့်ကာ
" ချော့နည်းတော့ငါလည်းမပြောပြတတ်ဘူး ကိုယ့်ဘာသာကြိုးစားကြည့်ပေါ့ "
ချန်းယောင်းဆီသို့ဆိုဟီးကဝန်ဘင်းကိုတွန်းထုတ်လိုက်သည်။
မယောင်မလည်နှင့်ချန်းယောင်းအရှေ့ကိုဝန်ဘင်းရောက်သွားသည်။
ချန်ယောင်းလည်းရယ်ချင်နေတဲ့မျက်နှာကိုထိမ်းကာတစ်ဖက်လှည့်ပြီးမသိမသာပြုံးမိသည်။
သူလည်းချန်းယောင်းဘေးမှာဝင်ထိုင်လိုက်သည်။
ချန်းယောင်းကမတ်တပ်ရပ်လိုက်သောအခါ ကိုကိုကမျက်နှာငယ်လေးနဲ့မော့ကြည့်လာပြီးလက်ကိုဆွဲထားသည်။
" ငါ့ကိုတကယ်မုန်းသွားပြီလား "
ကိုကိုရဲ့သနားစဖွယ်မျက်ဝန်းလေးတွေကိုသူရင်မဆိုင်နိုင်ပါ။ မျက်နှာလွှဲလိုက်ရသည်။
" မချစ်တော့ဘူးလား "
ဝန်ဘင်းလည်းအလို,လိုဝမ်းနည်းကာငိုတော့သည်။
" ကိုကိုကကွာဘာလို့ငိုနေတာလဲ "
ကိုကိုဘေးမှာပြန်ထိုင်လိုက်ကာမျက်ရည်တွေကိုသုတ်ပေးလိုက်သည်။
" မင်းကမှမချစ်တော့တာငိုမှာပေါ့ "
ငိုသံလေးနဲ့ပြောနေတာကြောင့်သနားလာမိပြီးသူလည်းဟန်ဆောင်မနေတော့ပါ။
" ဘယ်သူကမချစ်တော့တာလဲ "
" မင်းလေ "
" ကျွန်တော်ကဘယ်တုန်းကပြောမိတာလဲ "
ဒီလိုကျတော့လည်းဝန်ဘင်းမှာပြန်ပြောစရာစကားမရှိ။
" လမ်းခွဲစကားစပြောတာဘယ်သူလဲ "
" ငါမှားသွားပါတယ် နောက်ဆိုအဲ့လိုမပြောတော့ဘူး "
ချန်းယောင်းကိုကို့,ကိုကြည့်ကာသဘောတကျပြုံးမိသည်။ ပါးမို့မို့ပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး
" အခုကျွန်တော့ကိုလာချော့တာလား "
" ဟုတ်တယ် မင်းသာတစ်ခြားသူတွေကိုမချစ်နဲ့ "
ကိုကို့,ကိုချစ်နေရတာနဲ့ သူကဘယ်သူ့ကိုချစ်နိုင်မှာလဲ ဒါတွေကိုကိုကိုမသိဘူး။
" တခြားသူတွေကိုသာစိတ်ဝင်စားနေရင်ကိုကို့ရှေ့မှာအခုလိုရှိနေပါ့မလားကိုကိုရဲ့ "
ချန်ယောင်းလည်းဝန်ဘင်းရဲ့ကိုယ်လုံးသေးသေးကိုရင်ခွင်ထဲထည့်ကာတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
ဒီလိုအထိအတွေ့လေးကိုသူဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ။
" နောက်ဆိုငါ့ဘက်ကစပြီးလမ်းခွဲစကားမပြောတော့ဘူး "
" ငါတောင်းပန်ပါတယ် "
ချန်းယောင်းကဝန်ဘင်းရဲ့ဆံပင်တွေကိုခပ်ဖွဖွနမ်းလိုက်သည်။
" မင်းကိုချစ်တယ် "
" ကျွန်တော်လည်းကိုကို့ကိုချစ်တယ် "
ParkWonBin × LeeChanYoung
ANBIN
February 10, 2024