ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

By yyuzanawin

112K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
47
48
49..
50
51
52
53
54
55
56
57
58
59

46🍷

1.1K 129 3
By yyuzanawin

စစ်ဟွိုင်ရှီး သည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို သိသွားပြီလားအသိဖြင့် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး ..

"ဘာက..ဘယ်သူလဲ?"

"စစ်ဟွိုင်ရှီး မင်းလိုE-level Betaက.. အင်ပါယာနိုင်ငံသားတွေအတွက် မသင်မနေရ ကိုးနှစ်တာ ပညာသင်ကြားခြင်းအပြင် တက္ကသိုလ်လည်း မတက်ရောက်ခဲ့ဘူး.. ဒါပေမယ့် S- level Alpha အင်ပါယာဗိုလ်မှူးဟောင်းဖြစ်တဲ့ ငါကိုချည်နှောင်ထားနိုင်တယ်... မင်း ဟိုတယ်မှာရှိတုန်းက ငါ့အခန်းထဲရောက်နေပြ တံခါးသော့ဘယ်လိုရလဲမသိပေ့မယ့် မင်းဝင်နိုင်ခဲ့တယ် ဒါပေမယ့် မင်းက သာမန်လူ..ကြုံသလို​နေတဲ့ကြယ်က လူတစ် ယောက်..ဒါပေမယ့် မင်းငါ့ကို စိတ်ရှုပ်ထွေးစေပြီး ငါ့ကိုတောင် ခွန်အားနဲ့ ဖိနှိပ်နိုင်နေတယ်.. အဲဒါကြောင့်ပဲ ပြောစမ်းပါ..မင်းက သူလျှိုလား"

စစ်ဟွိုင်ရှီး နှလုံးသားထဲကို ရေခဲရေတစ်ပုံး သွန်ချလိုက်သလို ခံစားနေရပြီး

"သူလျှိုမဟုတ်ပါဘူး" လို့ ငြင်းလိုက်ပေမယ့် ဖေးကျောက်ကျိုး က မသိမသာ ပြုံးကာ တင်းမာသော မျက်လုံးများဖြင့် သူ့ကို လေးလေးနက်နက် စိုက်ကြည့်ပြီး..

"မင်းက သူလျှိုဖြစ်ရင်တောင် ကိစ္စမရှိပါဘူး..ငါ လည်း သူလျှိုတစ်ယောက်ပဲလေ.. ဖက်ဒရယ်တစ်ပိုင်းရဲ့ သွေးနဲ့​လေ ငါက.. ငါ့အမေက ဖက်ဒရယ်ပြည်ထောင်စုက အင်ပါယာအတွက် ငါဘယ်လောက်ပဲ အကြွေးပေးခဲ့ပါစေ.. ဘယ်လောက်ပဲ သွေးစွန့်းခံခဲ့ပါစေ.. ဘုန်းအသရေနဲ့ အကြပ်အတည်းတွေ အတူ ယှဉ်တွဲနေတဲ့ ဒီနိုင်ငံကို ငါဘယ်လောက်ချစ်နေပါစေ သူတို့အမြင်မှာတော့ ငါဟာ မယုံနိုင်စရာ သစ္စာဖောက်သွေးတွေနဲ့ပြည့်နေတဲ့လူပဲ.."

"ငါက အင်ပါယာထဲက အရပ်သားဗိုလ်ချုပ်တစ်ယောက်ပါ..ဒါပေမယ့် အင်ပါယာထဲက အဆင့်မြင့် မှူးမတ်တွေက ငါ​့ကို ကြောက်ကြတယ်.. ဗိုလ်ချုပ်ရာထူးက သူတို့ကို ဘာမှမလုပ်နိုင်တဲ့.. ကန့်သတ်ချက်ရှိပြီးသား ဒါပေမယ့် အင်ပါယာအတွက် ငါ့ရဲ့ အောင်မြင်မှုတွေက ငါ့ကို အင်ပါယာရဲ့ ဩဇာအာဏာထိပ်ဆုံးထိရောက်အောင် တွန်းပို့နေခဲ့တယ်..ပြောရရင်..တော်ဝင်မျိုးနွယ်ဏဲ့အာဏာကို ခြိမ်းခြောက်လာနိုင်စေခဲ့တယ်.."

ဖေးကျောက်ကျိုး ၏ ပယင်းရောင် မျက်လုံးများက စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းစွာ ပြုံးပြပြီး ..

"အဲ့ဒါကြောင့်ပဲ ငါမတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဗိုလ်ချုပ်ရာထူးကနေ ထွက်လာခဲ့ရတယ်.. ဘယ်လိုပဲ စုံစမ်းနေပါစေ mecha မှာပဲ ပြဿနာရှိနေတယ်လို့ ပြောနေကြတယ်.. နောက်တော့.. ဖpheromoneရောဂါကို ခံစားနေရပြန်တယ်...ဒီရောဂါကြောင့်သာ မဟုတ်ရင် အင်ပါယာစစ်တပ်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

စစ်ဟွိုင်ရှီး ၏မျက်လုံးများသည် ဒေါသကြောင့် နီရဲလာလေသည်။ ဖေးကျောက်ကျိုး ၏ ၊ မတရားခံရမူတွေကြောင့် ထိတ်လန့်သွားကာ သွားများကို အံကြိတ်ကာ ..

"မဟုတ်ပါဘူး.. အစ်ကိုဖေး က အရမ်းတော်တဲ့ လူမျိုးပါ အင်ပါယာက နိုင်ငံသား တော်တော်များများက မင်းကို ချီးကျူးနေကြတာပါ..မင်းက အံ့ဩစရာကောင်းတဲ့ စစ်ဗိုလ်ချုပ် ကြီးပဲ..အင်ပါယာမှာ တုနှိုင်းမရတဲ့ ဉာဏ်ကြီးရှင်ကြီး ပြီးတော့  အစ်ကိုဖေး မင်း နေကောင်းလာပြီး ရောဂါလည်း သက်သာလာမှာပါ..."

စစ်ဟွိုင်ရှီး ၏ မျက်လုံးများသည် ဝမ်းနည်းမှု အပြည့်နှင့် ဖေးကျောက်ကျိုး ကို ပွေ့ဖက်ထားရာ သူ့အသက်ရှုသံပြင်းပြင်းက လူများကို ငိုရှိုက်စေခဲ့သည်။

ဖေးကျောက်ကျိုး သည် နာကျင်မှုကနေ အနည်းငယ် သက်သာလာပြီး စစ်ဟွိုင်ရှီး ကို သူ့လက်ဖြင့် တွန်းထုတ်ကာ သူ့ရင်ခွင်မှ လွတ်မြောက်တာနဲ့ ပြတ်ပြတ်သားသား အမူအရာဖြင့် မတ်တပ်ထရပ်သည် ...

" အခု ငါ့ကို ယုံပြီလား.. မင်းက သူလျှိုဖြစ် ရင်တောင် ဘာမှမဖြစ်ဘူး..တကယ်လို့ မင်းတစ်ခုခုအခက်တွေ့နေရင် ငါ့ကိုပြော ငါလုပ်ပေးမယ်.. အင်ပါယာထဲက အပြစ်မဲ့ပြည်သူတွေကို မထိခိုက်စေနဲ့ ငါမင်းကို Blue Air Mecha ကုမ္ပဏီရဲ့ အချက်အလက်ကို ပေးနိုင်တယ်..မင်းငါ့ကို တမင်တကာ ချဉ်းကပ်ခဲ့တာဆိုတော့ ငါ ဖန်တီးထားတဲ့ နည်းပညာပိုင်းဆိုင်ရာ mechaအသစ်ရဲ့ လျှို့ဝှက်ဒီဇိုင်းရေးဆွဲမှုကို လိုချင်လို့မလား...ငါပေးမယ်.."

စစ်ဟွိုင်ရှီး ၏ မျက်လုံးများက ကြောင့်ကြည့်နေရင်း ရုတ်တရက် အရာရာ ကို နားလည်သွားခဲ့တယ်  သူ့ကို 'သူလျှို' တစ်ယောက်အဖြစ် ယုံကြည်စေဖို့အတွက် အများကြီးရှင်းပြနေတာပဲ ဒါပေမယ့် သူက တကယ့်ကို သူလျှိုမဟုတ်ဘူးလေ..

ဒါက သူဘယ်လိုရှင်းပြရမှန်းမသိလောက်အောင် ရှုပ်ထွေးလာတယ်။ စစ်ဟွိုင်ရှီး တစ်ချို့အချက်ကိုတွေးပြီး ကောက်ချက်ချလိုက်သည်။ချို့ယွင်းချက်များနှင့် ထူးခြားမှု များစွာကို သူဖော်ပြမိခဲ့တယ်။ ဖေးကျောက်ကျိုး ရဲ့ ရှုထောင့်ကနေကြည့်ရင် သူက သူလျှိုတစ်ယောက်လို့ ထင်စေမိမှာပဲလေ။

စစ်ဟွိုင်ရှီး ၏ စိတ်အခြေအနေက အလွန်ရှုပ်ထွေးနေသဖြင့် သူ့ဘာပြောရမှန်းကိုမသိကာ လက်မြှောက်အရှုံးပေးချင်လုနီးပါးဖြစ်နေပြီး သူ့မျက်လုံးများက ဖေးကျောက်ကျိုး ကို ကူကယ်ရာမဲ့နှင့် ရိုးရိုးသားသားကြည့်ကာ..

"ကိုယ်က သူလျှိုမဟုတ်ပါဘူး..  mecha ဒီဇိုင်းဆွဲတာကိုလည်း မခိုးပါဘူး  ဒါပေမယ့် မေးချင်တာ တစ်ခုတော့ ရှိတယ် ကိုယ်ကက ရန်သူနိုင်ငံက​ေ ပို့ လိုက်တဲ့ သူလျှိုတစ်ယောက်လို့ ထင်နေရင်လည်း ဘာလို့ ကိုယ့်ကိုကို ချဉ်းကပ်ခွင့်ရော  အိပ်ယာကိုပါ ဝေမျှဖို့ ဆန္ဒရှိနေရတာလဲ..ပြောပြပါအုံး.."

ဖေးကျောက်ကျိုး က သူနှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် စိထားရင်း မျက်လုံးတွေက ရှုပ်ယှက်ခတ်နေကာ..

" မင်း..ငါ့ကို ဝန်မခံချင်သေးလို့ လား?"

စစ်ဟွိုင်ရှီး မျက်လုံးများကိုမှိတ်ထားပြီး အသက်ပြင်းပြင်းရှူကာ..

"ဘာကို ဝန်ခံရမှာလဲ...တကယ် သူလျှိုမဟုတ်ဘူး"

"ဒါဆို အဲဒီညက မင်းနဲ့ငါအိပ်ပြီးတော့ ငါ့ရဲ့ pheromone ရောဂါက ဘာလို့ သက်သာသွားတာလဲ"

စစ်ဟွိုင်ရှီး က မျက်မှောင်ကြုတ်ပြီး " လွန်ခဲ့တဲ့ တစ်လလောက်ကဟာကို ပြောတာလား.."

"ကောင်းပြီလေ မင်းနောက်ထပ်လိမ်ဖို့ ဆန္ဒရှိနေရင်လည်း ငါမှာ လွန်ခဲ့တဲ့ ကိုးလ လောက်က ပုံမှန်ဖြစ်လာတယ်ဆိုတဲ့ သက်သေရှိတယ်နော် ဘယ်လိုလဲ.. မင်းကိုပိုင်ဆိုင်မှုတွေ.. မက်ချာတွေ.. စတော့ရှယ်ယာတွေ ဘာပဲလိုချင်ချင် မင်းလိုအပ်တာမှန်သမျှ ငါ ပေးနိုင်တယ် ငါ့နာမည်အောက်မှာ Blue Air Mecha ကုမ္ပဏီကိုတောင် ရစေရမယ်ကွာ.."

စစ်ဟွိုင်ရှီး မျက်ခုံးတွေကို ကုတ်နေရင်း ခဏအကြာတွင် သူသည် အံကြိတ်ကာ "ဘာမှကို ပြောလို့မရပါလား.." ဟု ဒေါသတကြီး ပြောလိုက်လေသည်။

ဖေးကျောက်ကျိုးက သူ့ကို သူလျှိုတစ်ဦးဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားတယ်ဆိုတာ သူခန့်မှန်းမိနိုင်သည်၊ တကယ်လို့ သူလျှိုဖြစ်ရင်တောင် ဖေးကျောက်ကျိုးဆီရချဉ်းကပ်ခြင်းက သူ့ဝိညာဉ်စွမ်းအားကို ကုသဖို့ပဲဖြစ်တယ်။

စစ်ဟွိုင်ရှီး သည် သူ၏ နှလုံးသားထဲတွင် ဂနာမငြိမ်ဖြစ်လာသည်၊ သူ့ရဲ့ မကျေနပ်ချက်များကို ရှင်းပြမနေနိုင်ဘူး.. သူ ဖေးကျောက်ကျိုး ကို တကယ် ချီးကျူးချင်လာသည်၊ သူတကယ်ထက်မြက်လှပါပေတယ်။ငါတော့ ရူးတော့မှာပဲ..

ဖေးကျောက်ကျိုးရဲ့အမူအရာက အခုထိ ခိုင်မာနေပြီး..
"ဘာမဆိုအဆင်ပြေပါတယ်" ပဲပြောနေလေသည်။

စစ်ဟွိုင်ရှီး ၏ မျက်လုံးများက မှေးကျဥ်းသွားကာ သူ့ရင်ဘတ်ထဲတွင် အမည်မသိ ဒေါသများ လူးလိမ့်နေသည်။ သူက ဖေးကျောက်ကျိုး ကို စိုက်ကြည့်ပြီး ..

"ဒါက အထင်မှားနေတာပါ..." လို့ ပြောပေမယ့်..

ဖေးကျောက်ကျိုး သည် သည်းမခံနိုင်လာကာ..

"မင်းမယုံရင် ငါ ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်မယ်လေ.. ငါ့ နာမည်အောက်မှာ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးနိုင်ပါတယ်"

"နေပါအုံး..ဒါဆို အဲဒီ Pheromoneချို့တဲ့မှုက လိမ်နေတာလား"

ဖေးကျောက်ကျိုး က မျက်မှောင်ကြုတ်ပြီး ဝန်ခံရန် ခေါင်းညိတ်လိုက်သည်။

စစ်ဟွိုင်ရှီး က ဒေါသမထွက်လာသလို မျက်နှာကျက်ကို မော့ကြည့်လိုက်ရင်း..

"ဒီကိုလာ.."

ဖေးကျောက်ကျိုး က ခေါင်းကို မော့လိုက်ပြီး...

"...?...."

စစ်ဟွိုင်ရှီး က သူ့သွားတွေကို အံကြိတ်ပြီး

" ဆေးမကုချင်ဘူးလား?"

လက်ချောင်းများက လည်ပင်းနောက်ဘက်ရှိ နေရာကို ပွတ်သပ်ပေးလိုက်တော့ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်စေကာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ဖေးကျောက်ကျိုး သည် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်ပြီး မျက်တောင်များ အနည်းငယ်တုန်ခါကာ နားရွက်များလည်း ပူလာလေသည်။

ပျက်စီးလွယ်သော ဂလင်းများကို အတင်းအဓမ္မ အမှတ်အသားပြုကာ မမျှော်လင့်ထားသောကြေညင့် သူ့ကို အံဩစေကာ အယ်ဖာစထရပ် (alpha estrus)ကို အမှန်တကယ် ရောက်သွားသလိုမျိုးဖြစ်ပြီး နောက်ဆုံးတွင် သူ ထိန်းချုပ်မှုတွေကို ဆုံးရှုံးခဲ့ရပြီး ထိုညတွင် လဲကျသွားခဲ့ရသည်။

နောက်တော့..
ဖေးကျောက်ကျိုးသည် မောပန်းနွမ်းနယ်ရင်း ကျေနပ်စွာ အိပ်ပျော်သွားသော်လည်း သူ့အား ထပ်ခါတလဲလဲ တောင်းဆိုနေရပြီး မပြီးသေးတဲ့ စစ်ဟွိုင်ရှီးကတော့ ရေချိုးခန်းထဲသို့ တိတ်တဆိတ် အကြိမ်ပေါင်းများစွာ အအေးခံပြီး ရေချိုးရန် ပြေးသွားခဲ့ရသည်။

ညဥ့်သန်းခေါင်အထိ စစ်ဟွိုင်ရှီး၏ ခန္ဓာကိုယ်ပေါ်ရှိ လေအေးများသည် မပျောက်ကွယ်သွားဘဲ အေးစက်သော စိုစွတ်နေသော ဆံပင်များက ပြန့်ကျဲနေလေသည်။ သူသည် ကုတင်အစွန်းတွင် ထိုင်ကာ သူ့ဘေးတွင် ငြိမ်သက်စွာ အိပ်နေသော ဖေးကျောက်ကျိုး ကို စိုက်ကြည့်နေသည်။

သူ့ပါးပြင်ပေါ်က အနူးညံ့ဆုံး အသားအရေက နီရဲလာပြီး စစ်ဟွိုင်ရှီး က ထိုသူ့မျက်နှာရဲ့ တစ်ဖက်ကို အချိုးညီအောင် ကိုက်ချလိုက်တယ်။

ပြီးသွားသောအခါ စစ်ဟွိုင်ရှီး သည် အချိန်အတော်ကြာ ငြိမ်သက်စွာထိုင်နေပြ သူ့ မျက်လုံးများက အိပ်ပျော်နေသော အမျိုးသားကို ကြည့်ကာ ဆံပင်များ ခြောက်သွားသည် အထိတွေးနေမိသည်။ နောက်ဆုံးတွင် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

"ငါသာ သူလျှိုဖြစ်ခဲ့ရင် ဖေးကျောက်ကျိုး က  နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်လိမ့်မယ်..."

"Interstellar Heartthrob" - - နောက်ဆုံးအခန်း

ဗီလိန် ဖေးကျောက်ကျိုးသည် တိုက်ခိုက်ခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသောကြောင့် ထွက်ပြေးလွတ်မြောက်လာစဉ်အတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ကာ သေဆုံးသွားခဲ့ရပြီး နောက်ဆုံးတွင် ဇာတ်လိုက်(seme)များနှင့် ဇာတ်လိုက်(uke)သည် နောက်ဆုံးတွင် အတူတူပျော်ရွှင်စွာနေထိုင်သွားခဲ့ကြသည်တဲ့။





စစ္ဟြိုင္ရွီး သည္ သူ၏အႀကီးမားဆုံးလွ်ို႔ဝွက္ခ်က္ကို သိသြားၿပီလားအသိျဖင့္ ထိတ္လန့္သြားသလို ခံစားလိုက္ရၿပီး ..

"ဘာက..ဘယ္သူလဲ?"

"စစ္ဟြိုင္ရွီး မင္းလိုE-level Betaက.. အင္ပါယာနိုင္ငံသားေတြအတြက္ မသင္မေနရ ကိုးႏွစ္တာ ပညာသင္ၾကားျခင္းအျပင္ တကၠသိုလ္လည္း မတက္ေရာက္ခဲ့ဘူး.. ဒါေပမယ့္ S- level Alpha အင္ပါယာဗိုလ္မႉးေဟာင္းျဖစ္တဲ့ ငါကိုခ်ည္ႏွောင္ထားနိုင္တယ္... မင္း ဟိုတယ္မွာရွိတုန္းက ငါ့အခန္းထဲေရာက္ေနျပ တံခါးေသာ့ဘယ္လိုရလဲမသိေပ့မယ့္ မင္းဝင္နိုင္ခဲ့တယ္ ဒါေပမယ့္ မင္းက သာမန္လူ..ႀကဳံသလိုေနတဲ့ၾကယ္က လူတစ္ ေယာက္..ဒါေပမယ့္ မင္းငါ့ကို စိတ္ရႈပ္ေထြးေစၿပီး ငါ့ကိုေတာင္ ခြန္အားနဲ႕ ဖိႏွိပ္နိုင္ေနတယ္.. အဲဒါေၾကာင့္ပဲ ေျပာစမ္းပါ..မင္းက သူလွ်ိုလား"

စစ္ဟြိုင္ရွီး ႏွလုံးသားထဲကို ေရခဲေရတစ္ပုံး သြန္ခ်လိဳက္သလို ခံစားေနရၿပီး

"သူလွ်ိုမဟုတ္ပါဘူး" လို႔ ျငင္းလိုက္ေပမယ့္ ေဖးေက်ာက္က်ိဳး က မသိမသာ ၿပဳံးကာ တင္းမာေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ေလးေလးနက္နက္ စိုက္ၾကည့္ၿပီး..

"မင္းက သူလွ်ိုျဖစ္ရင္ေတာင္ ကိစၥမရွိပါဘူး..ငါ လည္း သူလွ်ိုတစ္ေယာက္ပဲေလ.. ဖက္ဒရယ္တစ္ပိုင္းရဲ႕ ေသြးနဲ႕ေလ ငါက.. ငါ့အေမက ဖက္ဒရယ္ျပည္ေထာင္စုက အင္ပါယာအတြက္ ငါဘယ္ေလာက္ပဲ အေႂကြးေပးခဲ့ပါေစ.. ဘယ္ေလာက္ပဲ ေသြးစြန့္းခံခဲ့ပါေစ.. ဘုန္းအသေရနဲ႕ အၾကပ္အတည္းေတြ အတူ ယွဥ္တြဲေနတဲ့ ဒီနိုင္ငံကို ငါဘယ္ေလာက္ခ်စ္ေနပါေစ သူတို႔အျမင္မွာေတာ့ ငါဟာ မယုံနိုင္စရာ သစၥာေဖာက္ေသြးေတြနဲ႕ျပည့္ေနတဲ့လူပဲ.."

"ငါက အင္ပါယာထဲက အရပ္သားဗိုလ္ခ်ဳပ္တစ္ေယာက္ပါ..ဒါေပမယ့္ အင္ပါယာထဲက အဆင့္ျမင့္ မႉးမတ္ေတြက ငါ့ကို ေၾကာက္ၾကတယ္.. ဗိုလ္ခ်ဳပ္ရာထူးက သူတို႔ကို ဘာမွမလုပ္နိုင္တဲ့.. ကန႔္သတ္ခ်က္ရွိၿပီးသား ဒါေပမယ့္ အင္ပါယာအတြက္ ငါ့ရဲ႕ ေအာင္ျမင္မႈေတြက ငါ့ကို အင္ပါယာရဲ႕ ဩဇာအာဏာထိပ္ဆုံးထိေရာက္ေအာင္ တြန္းပို႔ေနခဲ့တယ္..ေျပာရရင္..ေတာ္ဝင္မ်ိဳးႏြယ္ဏဲ့အာဏာကို ၿခိမ္းေျခာက္လာနိုင္ေစခဲ့တယ္.."

ေဖးေက်ာက္က်ိဳး ၏ ပယင္းေရာင္ မ်က္လုံးမ်ားက စိတ္ပ်က္လက္ပ်က္ႏွင့္ ဝမ္းနည္းစြာ ၿပဳံးျပၿပီး ..

"အဲ့ဒါေၾကာင့္ပဲ ငါမေတာ္တဆ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ဗိုလ္ခ်ဳပ္ရာထူးကေန ထြက္လာခဲ့ရတယ္.. ဘယ္လိုပဲ စုံစမ္းေနပါေစ mecha မွာပဲ ျပႆနာရွိေနတယ္လို႔ ေျပာေနၾကတယ္.. ေနာက္ေတာ့.. ဖpheromoneေရာဂါကို ခံစားေနရျပန္တယ္...ဒီေရာဂါေၾကာင့္သာ မဟုတ္ရင္ အင္ပါယာစစ္တပ္ထဲကေန အသက္ရွင္လ်က္ လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး"

စစ္ဟြိုင္ရွီး ၏မ်က္လုံးမ်ားသည္ ေဒါသေၾကာင့္ နီရဲလာေလသည္။ ေဖးေက်ာက္က်ိဳး ၏ ၊ မတရားခံရမူေတြေၾကာင့္ ထိတ္လန႔္သြားကာ သြားမ်ားကို အံႀကိတ္ကာ ..

"မဟုတ္ပါဘူး.. အစ္ကိုေဖး က အရမ္းေတာ္တဲ့ လူမ်ိဳးပါ အင္ပါယာက နိုင္ငံသား ေတာ္ေတာ္မ်ားမ်ားက မင္းကို ခ်ီးက်ဴးေနၾကတာပါ..မင္းက အံ့ဩစရာေကာင္းတဲ့ စစ္ဗိုလ္ခ်ဳပ္ ႀကီးပဲ..အင္ပါယာမွာ တုႏွိုင္းမရတဲ့ ဉာဏ္ႀကီးရွင္ႀကီး ၿပီးေတာ့  အစ္ကိုေဖး မင္း ေနေကာင္းလာၿပီး ေရာဂါလည္း သက္သာလာမွာပါ..."

စစ္ဟြိုင္ရွီး ၏ မ်က္လုံးမ်ားသည္ ဝမ္းနည္းမႈ အျပည့္ႏွင့္ ေဖးေက်ာက္က်ိဳး ကို ေပြ႕ဖက္ထားရာ သူ႕အသက္ရႈသံျပင္းျပင္းက လူမ်ားကို ငိုရွိုက္ေစခဲ့သည္။

ေဖးေက်ာက္က်ိဳး သည္ နာက်င္မႈကေန အနည္းငယ္ သက္သာလာၿပီး စစ္ဟြိုင္ရွီး ကို သူ႕လက္ျဖင့္ တြန္းထုတ္ကာ သူ႕ရင္ခြင္မွ လြတ္ေျမာက္တာနဲ႕ ျပတ္ျပတ္သားသား အမူအရာျဖင့္ မတ္တပ္ထရပ္သည္ ...

" အခု ငါ့ကို ယုံၿပီလား.. မင္းက သူလွ်ိုျဖစ္ ရင္ေတာင္ ဘာမွမျဖစ္ဘူး..တကယ္လို႔ မင္းတစ္ခုခုအခက္ေတြ႕ေနရင္ ငါ့ကိုေျပာ ငါလုပ္ေပးမယ္.. အင္ပါယာထဲက အျပစ္မဲ့ျပည္သူေတြကို မထိခိုက္ေစနဲ႕ ငါမင္းကို Blue Air Mecha ကုမၸဏီရဲ႕ အခ်က္အလက္ကို ေပးနိုင္တယ္..မင္းငါ့ကို တမင္တကာ ခ်ဥ္းကပ္ခဲ့တာဆိုေတာ့ ငါ ဖန္တီးထားတဲ့ နည္းပညာပိုင္းဆိုင္ရာ mechaအသစ္ရဲ႕ လွ်ို႔ဝွက္ဒီဇိုင္းေရးဆြဲမႈကို လိုခ်င္လို႔မလား...ငါေပးမယ္.."

စစ္ဟြိုင္ရွီး ၏ မ်က္လုံးမ်ားက ေၾကာင့္ၾကည့္ေနရင္း ႐ုတ္တရက္ အရာရာ ကို နားလည္သြားခဲ့တယ္  သူ႕ကို 'သူလွ်ို' တစ္ေယာက္အျဖစ္ ယုံၾကည္ေစဖို႔အတြက္ အမ်ားႀကီးရွင္းျပေနတာပဲ ဒါေပမယ့္ သူက တကယ့္ကို သူလွ်ိုမဟုတ္ဘူးေလ..

ဒါက သူဘယ္လိုရွင္းျပရမွန္းမသိေလာက္ေအာင္ ရႈပ္ေထြးလာတယ္။ စစ္ဟြိုင္ရွီး တစ္ခ်ိဳ႕အခ်က္ကိုေတြးၿပီး ေကာက္ခ်က္ခ်လိဳက္သည္။ခ်ိဳ႕ယြင္းခ်က္မ်ားႏွင့္ ထူးျခားမႈ မ်ားစြာကို သူေဖာ္ျပမိခဲ့တယ္။ ေဖးေက်ာက္က်ိဳး ရဲ႕ ရႈေထာင့္ကေနၾကည့္ရင္ သူက သူလွ်ိုတစ္ေယာက္လို႔ ထင္ေစမိမွာပဲေလ။

စစ္ဟြိုင္ရွီး ၏ စိတ္အေျခအေနက အလြန္ရႈပ္ေထြးေနသျဖင့္ သူ႕ဘာေျပာရမွန္းကိုမသိကာ လက္ျမႇောက္အရႈံးေပးခ်င္လုနီးပါးျဖစ္ေနၿပီး သူ႕မ်က္လုံးမ်ားက ေဖးေက်ာက္က်ိဳး ကို ကူကယ္ရာမဲ့ႏွင့္ ရိုးရိုးသားသားၾကည့္ကာ..

"ကိုယ္က သူလွ်ိုမဟုတ္ပါဘူး..  mecha ဒီဇိုင္းဆြဲတာကိုလည္း မခိုးပါဘူး  ဒါေပမယ့္ ေမးခ်င္တာ တစ္ခုေတာ့ ရွိတယ္ ကိုယ္ကက ရန္သူနိုင္ငံကေ ပို႔ လိုက္တဲ့ သူလွ်ိုတစ္ေယာက္လို႔ ထင္ေနရင္လည္း ဘာလို႔ ကိုယ့္ကိုကို ခ်ဥ္းကပ္ခြင့္ေရာ  အိပ္ယာကိုပါ ေဝမွ်ဖို႔ ဆႏၵရွိေနရတာလဲ..ေျပာျပပါအုံး.."

ေဖးေက်ာက္က်ိဳး က သူႏႈတ္ခမ္းေတြကို တင္းတင္းက်ပ္က်ပ္ စိထားရင္း မ်က္လုံးေတြက ရႈပ္ယွက္ခတ္ေနကာ..

" မင္း..ငါ့ကို ဝန္မခံခ်င္ေသးလို႔ လား?"

စစ္ဟြိုင္ရွီး မ်က္လုံးမ်ားကိုမွိတ္ထားၿပီး အသက္ျပင္းျပင္းရႉကာ..

"ဘာကို ဝန္ခံရမွာလဲ...တကယ္ သူလွ်ိုမဟုတ္ဘူး"

"ဒါဆို အဲဒီညက မင္းနဲ႕ငါအိပ္ၿပီးေတာ့ ငါ့ရဲ႕ pheromone ေရာဂါက ဘာလို႔ သက္သာသြားတာလဲ"

စစ္ဟြိုင္ရွီး က မ်က္ေမွာင္ၾကဳတ္ၿပီး " လြန္ခဲ့တဲ့ တစ္လေလာက္ကဟာကို ေျပာတာလား.."

"ေကာင္းၿပီေလ မင္းေနာက္ထပ္လိမ္ဖို႔ ဆႏၵရွိေနရင္လည္း ငါမွာ လြန္ခဲ့တဲ့ ကိုးလ ေလာက္က ပုံမွန္ျဖစ္လာတယ္ဆိုတဲ့ သက္ေသရွိတယ္ေနာ္ ဘယ္လိုလဲ.. မင္းကိုပိုင္ဆိုင္မႈေတြ.. မက္ခ်ာေတြ.. စေတာ့ရွယ္ယာေတြ ဘာပဲလိုခ်င္ခ်င္ မင္းလိုအပ္တာမွန္သမွ် ငါ ေပးနိုင္တယ္ ငါ့နာမည္ေအာက္မွာ Blue Air Mecha ကုမၸဏီကိုေတာင္ ရေစရမယ္ကြာ.."

စစ္ဟြိုင္ရွီး မ်က္ခုံးေတြကို ကုတ္ေနရင္း ခဏအၾကာတြင္ သူသည္ အံႀကိတ္ကာ "ဘာမွကို ေျပာလို႔မရပါလား.." ဟု ေဒါသတႀကီး ေျပာလိုက္ေလသည္။

ေဖးေက်ာက္က်ိဳးက သူ႕ကို သူလွ်ိုတစ္ဦးျဖစ္ေၾကာင္း အခိုင္အမာယုံၾကည္ထားတယ္ဆိုတာ သူခန႔္မွန္းမိနိုင္သည္၊ တကယ္လို႔ သူလွ်ိုျဖစ္ရင္ေတာင္ ေဖးေက်ာက္က်ိဳးဆီရခ်ဥ္းကပ္ျခင္းက သူ႕ဝိညာဥ္စြမ္းအားကို ကုသဖို႔ပဲျဖစ္တယ္။

စစ္ဟြိုင္ရွီး သည္ သူ၏ ႏွလုံးသားထဲတြင္ ဂနာမၿငိမ္ျဖစ္လာသည္၊ သူ႕ရဲ႕ မေက်နပ္ခ်က္မ်ားကို ရွင္းျပမေနနိုင္ဘူး.. သူ ေဖးေက်ာက္က်ိဳး ကို တကယ္ ခ်ီးက်ဴးခ်င္လာသည္၊ သူတကယ္ထက္ျမက္လွပါေပတယ္။ငါေတာ့ ႐ူးေတာ့မွာပဲ..

ေဖးေက်ာက္က်ိဳးရဲ႕အမူအရာက အခုထိ ခိုင္မာေနၿပီး..
"ဘာမဆိုအဆင္ေျပပါတယ္" ပဲေျပာေနေလသည္။

စစ္ဟြိုင္ရွီး ၏ မ်က္လုံးမ်ားက ေမွးက်ဥ္းသြားကာ သူ႕ရင္ဘတ္ထဲတြင္ အမည္မသိ ေဒါသမ်ား လူးလိမ့္ေနသည္။ သူက ေဖးေက်ာက္က်ိဳး ကို စိုက္ၾကည့္ၿပီး ..

"ဒါက အထင္မွားေနတာပါ..." လို႔ ေျပာေပမယ့္..

ေဖးေက်ာက္က်ိဳး သည္ သည္းမခံနိုင္လာကာ..

"မင္းမယုံရင္ ငါ ပိုင္ဆိုင္မႈလႊဲေျပာင္းတဲ့ စာခ်ဳပ္ကို လက္မွတ္ထိုးလိုက္မယ္ေလ.. ငါ့ နာမည္ေအာက္မွာ စုေဆာင္းထားတဲ့ ပိုင္ဆိုင္မႈအားလုံးကို ေပးနိုင္ပါတယ္"

"ေနပါအုံး..ဒါဆို အဲဒီ Pheromoneခ်ိဳ႕တဲ့မႈက လိမ္ေနတာလား"

ေဖးေက်ာက္က်ိဳး က မ်က္ေမွာင္ၾကဳတ္ၿပီး ဝန္ခံရန္ ေခါင္းညိတ္လိုက္သည္။

စစ္ဟြိုင္ရွီး က ေဒါသမထြက္လာသလို မ်က္ႏွာက်က္ကို ေမာ့ၾကည့္လိုက္ရင္း..

"ဒီကိုလာ.."

ေဖးေက်ာက္က်ိဳး က ေခါင္းကို ေမာ့လိုက္ၿပီး...

"...?...."

စစ္ဟြိုင္ရွီး က သူ႕သြားေတြကို အံႀကိတ္ၿပီး

" ေဆးမကုခ်င္ဘူးလား?"

လက္ေခ်ာင္းမ်ားက လည္ပင္းေနာက္ဘက္ရွိ ေနရာကို ပြတ္သပ္ေပးလိုက္ေတာ့ အလြန္အမင္း ထိလြယ္ရွလြယ္ျဖစ္ေစကာ ခ်က္ခ်င္းပင္ တုန္လႈပ္သြားရသည္။ ေဖးေက်ာက္က်ိဳး သည္ မ်က္လုံးမ်ားကို တင္းတင္းမွိတ္ထားလိုက္ၿပီး မ်က္ေတာင္မ်ား အနည္းငယ္တုန္ခါကာ နား႐ြက္မ်ားလည္း ပူလာေလသည္။

ပ်က္စီးလြယ္ေသာ ဂလင္းမ်ားကို အတင္းအဓမၼ အမွတ္အသားျပဳကာ မေမွ်ာ္လင့္ထားေသာေၾကညင့္ သူ႕ကို အံဩေစကာ အယ္ဖာစထရပ္ (alpha estrus)ကို အမွန္တကယ္ ေရာက္သြားသလိုမ်ိဳးျဖစ္ၿပီး ေနာက္ဆုံးတြင္ သူ ထိန္းခ်ဳပ္မႈေတြကို ဆုံးရႈံးခဲ့ရၿပီး ထိုညတြင္ လဲက်သြားခဲ့ရသည္။

ေနာက္ေတာ့..
ေဖးေက်ာက္က်ိဳးသည္ ေမာပန္းႏြမ္းနယ္ရင္း ေက်နပ္စြာ အိပ္ေပ်ာ္သြားေသာ္လည္း သူ႕အား ထပ္ခါတလဲလဲ ေတာင္းဆိုေနရၿပီး မၿပီးေသးတဲ့ စစ္ဟြိုင္ရွီးကေတာ့ ေရခ်ိဳးခန္းထဲသို႔ တိတ္တဆိတ္ အႀကိမ္ေပါင္းမ်ားစြာ အေအးခံၿပီး ေရခ်ိဳးရန္ ေျပးသြားခဲ့ရသည္။

ညဥ့္သန္းေခါင္အထိ စစ္ဟြိုင္ရွီး၏ ခႏၶာကိုယ္ေပၚရွိ ေလေအးမ်ားသည္ မေပ်ာက္ကြယ္သြားဘဲ ေအးစက္ေသာ စိုစြတ္ေနေသာ ဆံပင္မ်ားက ျပန႔္က်ဲေနေလသည္။ သူသည္ ကုတင္အစြန္းတြင္ ထိုင္ကာ သူ႕ေဘးတြင္ ၿငိမ္သက္စြာ အိပ္ေနေသာ ေဖးေက်ာက္က်ိဳး ကို စိုက္ၾကည့္ေနသည္။

သူ႕ပါးျပင္ေပၚက အႏူးညံ့ဆုံး အသားအေရက နီရဲလာၿပီး စစ္ဟြိုင္ရွီး က ထိုသူ႕မ်က္ႏွာရဲ႕ တစ္ဖက္ကို အခ်ိဳးညီေအာင္ ကိုက္ခ်လိဳက္တယ္။

ၿပီးသြားေသာအခါ စစ္ဟြိုင္ရွီး သည္ အခ်ိန္အေတာ္ၾကာ ၿငိမ္သက္စြာထိုင္ေနျပ သူ႕ မ်က္လုံးမ်ားက အိပ္ေပ်ာ္ေနေသာ အမ်ိဳးသားကို ၾကည့္ကာ ဆံပင္မ်ား ေျခာက္သြားသည္ အထိေတြးေနမိသည္။ ေနာက္ဆုံးတြင္ ကူကယ္ရာမဲ့ သက္ျပင္းခ်လိဳက္သည္။

"ငါသာ သူလွ်ိုျဖစ္ခဲ့ရင္ ေဖးေက်ာက္က်ိဳး က  နိုင္ငံေတာ္သစၥာေဖာက္မႈကို က်ဴးလြန္လိမ့္မယ္..."

"Interstellar Heartthrob" - - ေနာက္ဆုံးအခန္း

ဗီလိန္ ေဖးေက်ာက္က်ိဳးသည္ တိုက္ခိုက္ခဲ့ရၿပီး နိုင္ငံေတာ္ပုန္ကန္မႈျဖင့္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရေသာေၾကာင့္ ထြက္ေျပးလြတ္ေျမာက္လာစဥ္အတြင္း ေပါက္ကြဲမႈ တစ္ခုျဖစ္ကာ ေသဆုံးသြားခဲ့ရၿပီး ေနာက္ဆုံးတြင္ ဇာတ္လိုက္(seme)မ်ားႏွင့္ ဇာတ္လိုက္(uke)သည္ ေနာက္ဆုံးတြင္ အတူတူေပ်ာ္႐ႊင္စြာေနထိုင္သြားခဲ့ၾကသည္တဲ့။



Continue Reading

You'll Also Like

3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
12.1K 1.7K 25
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
1.6M 96.9K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...