ငပြူးငလူး ( Completed )

By TomorrowChen

491K 34.7K 6.9K

ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ် More

Intro & Explanation
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
New Year Art
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 ( Final Part )
Part 42 ( Extra Part )
໒꒰ྀི ๑˙―˙๑ ꒱ྀིა ကျေးဇူးတင်လွှာ ໒꒰ྀི ˊᗜˋ* ꒱ྀིა

Part 3

19.5K 1.3K 251
By TomorrowChen

(Uni)

" ဘယ် ညာ..! ဘယ် ညာ..! "

" ဟေ့ဟေ့..! ပုဆိုး ကျွတ်ကျနေဦးမယ်လေ.. ဖြေးဖြေးလျှောက်ပါဗျို့! "

" ဟင်.. သူကပုဆိုးဝတ်ထားတာ ဟုတ်လို့လားကွ! ထဘီကြီးဝတ်ထားတာကို.. "

" အေးကွ! ဟားဟားဟား!!! "

" ဟျောင့်တွေ! သိပ်စမနေနဲ့တော့.. ဟိုတစ်ယောက်ခြေလှမ်းမှားလို့ ပဲပြုတ်တောင်းကြီး မှောက်ကျနေမှဖြင့် ငါတို့အပြစ်ဖြစ်နေဦးမယ် "

" ဟားဟား! ဖြစ်ဖြစ်ပေါ့ကွာ..။ အဲ့တစ်ယောက်က နားလေးနေတာကြီးကို.. ငါတို့က ဘာအရေးလုပ်ရမှာလဲ "

မနက်ခင်း မြူမကွဲသေးချိန်မှာတောင် အကြောင်းရင်းမဲ့စွာနဲ့ လမ်းဘေးအုတ်ခုံတစ်ခုပေါ် အုပ်စုဖွဲ့ထိုင်နေကြသူတွေက ပဲပြုတ်တောင်းကြီးရွက်လာတဲ့ ခညောင်းဦးကိုလည်းမြင်ပါရော..၊ အသံသေးအသံကြောင်ပြုကာ ဝိုင်းဝန်း လှောင်ပြောင်လာကြလေသည်။

ကောင်းနေတဲ့ နားလေးတစ်ဖက်နဲ့ ခပ်သဲ့သဲ့လှမ်းကြားနေရသော စကားအချင်းအရာများကြောင့် ခညောင်းဦးကိုယ်လုံးလေးမှာ တုန်ယင်ချင်လာတော့သည်။ နဂိုတည်းကမှ လူစိမ်းတွေကြောက်တတ်တဲ့ စိတ်ဒဏ်ရာအခံရှိထားသူပီပီ ကိုယ့်ကိုယ်ကိုယ်အားပေးရင်းနဲ့ ခြေလှမ်းမမှားရအောင် ထိန်းလျှောက်လို့နေမိသည်။

" မကြောက်နဲ့.. သူတို့ ဘာမှလုပ်မှာမဟုတ်ဘူး.. "

သိုင်းလွယ်ထားတဲ့အိတ်ခပ်နွမ်းနွမ်းကို ဘယ်ဘက်လက်ကလေးနဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ခေါင်းပေါ်က ပဲပြုတ်တောင်းကြီးကိုလည်း ညာဘက်လက်နဲ့ထိန်းကိုင်ထားရတဲ့ ခညောင်းဦးပုံစံလေးမှာ သူ့ကိုယ်သူ ဟန်ချက်မပျက်သွားအောင်လို့ အတင်းကြိုးစားထားရသယောင်..။

ထိုအချိန်..၊ အရှေ့ကနေပြီး ခပ်ယိုင်ယိုင်လေးလျှောက်နေသော ခညောင်းဦးရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်လာခဲ့တဲ့ ခြေလှမ်းခပ်ကျဲကျဲတစ်စုံ..။ အနှီအမည်မသိလူထွားကြီးက ဇောတစ်ခုကိုအရင်းခံလာရင်းနဲ့ နှင်းစက်တွေပျော်ဝင်နေတဲ့ ဗွက်အိုင်များပေါ်မှာလည်း သူ့ခြေရာကြီးများကို အားပြင်းပြင်းနဲ့သာ တံဆိပ်ခတ်ချန်ထားလျက်ပဲ။

သူ့ခမျာ ဗွက်အိုင်တွေဘယ်နှစ်ခုများ ဖြတ်နင်းလာခဲ့သလဲတော့ မပြောတတ်..၊ ဝတ်ထားတဲ့ ပုဆိုးအနောက်ခြမ်းကတောင်မှ ရွှံ့စက်ပေါင်းများစွာနဲ့ တန်ဆာဆင်လို့ထားလေပြီ။

" မိပြီ! "

" ..... "

ပဲပြုတ်တောင်းကြီး ခေါင်းပေါ်ရွက်ထားရင်းနဲ့ လမ်းဘေးကပ်လျှောက်နေမိချိန်ဝယ်..၊ သူဝတ်ထားတဲ့ ရှပ်အင်္ကျီရဲ့ လည်ပင်းကော်လံကို အနောက်ကနေပြီးရုတ်တရက် လှမ်းဆွဲခံလိုက်ရတာကြောင့် ခညောင်းဦးရဲ့ကြောက်စိတ်တွေမှာ စည်းလွတ်ဝါးလွတ်ပင် တိုးထွက်လာရတော့သည်။

" မ..မလုပ်ကြပါနဲ့.. "

ခပ်တိုးတိုးထွက်ပေါ်လာတဲ့ တောင်းပန်တိုးလျှိုးသံလေးကြောင့် လူးလွန့်မောင်ခမျာ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘဲနဲ့ ကြောင်အသွားရှာသည်။ အဲ့ဒီလိုအသံမျိုးနဲ့သာ အော်ဟစ်အကူအညီတောင်းလို့ကတော့ တစ်ရပ်ကွက်လုံးအိပ်ရေးပျက်မှာတောင် စိတ်ပူစရာမလိုလောက်တော့ဘူး။

မျက်လုံးကြီးတွေစုံမှိတ်ထားလျက် နေရာမှာတင် မလှုပ်မယှက်သာရပ်နေတဲ့ ခညောင်းဦးကိုယ်လုံးလေးက လူးလွန့်မောင်သေချာကြည့်လေ တုန်ယင်နေလေကို သတိပြုမိနိုင်သည်အထိ..။

" ငပြူး! ဘာဖြစ်နေတာလဲ.. ငါပါဟ! မင်းသူငယ်ချင်း ငလူးလေကွာ "

ဒီအသံပိုင်ရှင်က လူးလွန့်မောင်ဖြစ်ပါကြောင်း သူ့အတွက်သေချာရအောင်လို့ မျက်လုံးလေးတစ်ဖက်ကို အသာဖွင့်ကြည့်လာခဲ့လေသူ..။

" ဟင်.. ငလူးလား.. "

မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် လူးလွန့်မောင်ကိုမော့ကြည့်လာတဲ့ ခညောင်းဦးမျက်နှာလေးက အားကိုးရာခွန်အားတစ်ခုကို မြင်တွေ့လိုက်ရသလိုနှယ်..။ အချိန်ကာလအားဖြင့် ဆယ်စုနှစ်တစ်ခုထိတိုင်အောင် ကြာမြင့်လာခဲ့ချိန်မှာတော့ ငလူးလို့ အခေါ်ခံရခြင်းအပေါ်မှာ လူးလွန့်မောင်တစ်ယောက် တိတ်တဆိတ်ပင် ကျေနပ်မိလာသည်အထိ။

ခညောင်းဦးမဟုတ်ဘဲနဲ့ တခြားသူတွေပါးစပ်ကနေပြီး ငလူးလို့လာခေါ်ပါက မျက်ခွက်ဆင့်ထိုးမခံရရင် ကံကောင်းပေါ့။ အရွယ်ရောက်လာလေ ခညောင်းဦးဆိုတာက လူးလွန့်မောင်အတွက်တော့ တစ်ဦးတည်းသော ခွင့်လွှတ်ရာလေး ဖြစ်လာလေပင်။

" အေး! ငါပဲ "

" မင်းက.. ဘယ်လိုလုပ်ပြီး.. "

" ဘာကို ဘာလုပ်ရမှာ..။ ပဲပြုတ်ဝယ်ဖို့ မင်းငါ့အိမ်ရှေ့ကနေ ဖြတ်လျှောက်သွားတည်းက လှမ်းခေါ်နေခဲ့တာ.. ဒီမှာကြည့်စမ်း! ငါ့အာသီးပါရှည်ထွက်သွားပြီ တွေ့လား..။ ဒါတောင်မှ မင်းက မကြားရေးချမကြားဘူးပဲ "

" မင်းက.. ငါကြားအောင်မှမအော်ပဲ..။ ငါ့နားတစ်ဖက်လေးနေတာကို မင်းမသိတာလည်း မဟုတ်ဘဲနဲ့..။ ဟိုလေ ငလူး.. ငါ့တစ်ချက်ကူပါဦးနော် "

မရဲတရဲလေးနဲ့ အော်မပြောရုံတမယ် သူ့ကိုပြောဆိုလာတဲ့ ခညောင်းဦးက ခေါင်းပေါ်ရှိလေးလေးပင်ပင် နှီးတောင်းကြီးကိုလည်း တစ်ပါတည်းအောက်ချပေးဖို့အတွက် လှမ်းခိုင်းနေသေးတာကြောင့်..၊ လူးလွန့်မောင်ခမျာ အနှီရွှေတောင်းကြီးကို လက်နဲ့အသာပင့်ယူမလျက် လမ်းဘေးကအုတ်ခုံငယ်ပေါ် ချတင်ပေးလိုက်သည်။

" ငါက သွားတိုက်နေလို့လေကွာ..။ တကယ်တမ်း မင်းကိုက လူလိုလျှောက်မနေတာ! "

" အင်းပါ.. "

စကားနိုင်ဆက်လုချင်သေးတဲ့ လူးလွန့်မောင်ကို အသာတကြည်အကြောပေးလိုက်ပြီး နှီးတောင်းထဲကဖုံးအုပ်ထားတဲ့ အဖြူရောင်ပိတ်ပါးစလေးကို ခညောင်းဦး အသာလှပ်ဖယ်ကာ..၊ အထဲက ပူနွေးနွေးပဲပြုတ်တွေကို ကြွပ်ကြွပ်အိတ်လေးထဲ စတီးဇွန်းကြီးနဲ့ ခပ်ထည့်ပေးနေသည်။

" ဟေး..! ပိုထည့်မယ် မကြံနဲ့နော်! မင်းထည့်လည်း ငါရောငါ့အမေရော စားမကုန်လို့.. "

" အပိုတွေပြောပြန်ပြီ.. "

ခညောင်းဦးက ပဲပြုတ်ကြိုက်တဲ့သူ့ကို အမြဲပင်ပိုပိုသာသာ ထည့်ပေးတတ်တာကြောင့် ဘယ်လောက်မှမပိုသော အမြတ်တွေ မကျန်တော့မှာစိုးနေရှာတဲ့ လူးလွန့်မောင်ရယ်။

" ရော့ ငလူး.. ကြီးမေ နေကောင်းတယ်မလား "

" ကောင်းတယ်.. မင်း ညနေအိမ်ဝင်ခဲ့ဦး။ အိမ်မှာငါ့အမေ ပန်းတွေလိုက်ခူးပြီး သီဖို့လုပ်နေတယ် "

" အင်း.. "

" ပြီးရော.. ငါပြန်ပြီ ငပြူး "

" နေဦးလေ ငလူး..! "

ခညောင်းဦး ဘာထပ်ခိုင်းချင်နေမှန်းသိလို့ လက်ထဲကပဲပြုတ်ထုပ်ကို လူးလွန့်မောင်တစ်ယောက် ပြင်ကိုင်ထားပြီးသား..။ ထို့ကြောင့် စကားဆက်မပြောခင်မှာဘဲ အုတ်ခုံပေါ်က ပဲပြုတ်တောင်းကြီးကို ခညောင်းဦးရဲ့ခေါင်းပေါ် အသာအယာလေး မတင်ပေးလိုက်သည်။ တစ်လက်စတည်း..၊ မွှေးပျံ့နေသော ခရေပန်းနံ့သင်းသင်းလေးကိုပါ လူးလွန့်မောင်တစ်ဝကြီး ထပ်မံရှူရှိုက်လိုက်ရပြန်သည်လေ။

ငယ်ငယ်လေးတည်းက အခုချိန်ထိတိုင် သနပ်ခါးပါးပါးလေးလူးတတ်တဲ့ ခညောင်းဦးက ခရေပန်းပွင့်တွေကိုပါ သနပ်ခါးနဲ့အတူရောကြိတ်ပြီး လူးထားတာကြောင့် အနားကပ်မိလေ ရနံ့မှာမွှေးကြူလေပင်။ ဒီနေ့တစ်နေ့တာကိုလည်း အေးချမ်းမှုရနံ့လေးနဲ့အတူ စတင်ဖြတ်သန်းရဦးမည်မို့ လူးလွန့်မောင်နှုတ်ခမ်းစွန်းက ကျေနပ်စွာ ကော့ညွှတ်လို့လာချင်သည်အထိ..။

" ရပြီ ငလူး..! ပြန်တော့နော်.. "

ယိုင်တိယိုင်တိုင်နဲ့ လှည့်ထွက်သွားတဲ့ ခညောင်းဦးကို အပြုံးကြီးကြီးဖြင့် ပြုံးကြည့်နေမိရင်းက သူ့လိုပဲ ငပြူးကိုကြည့်နေပုံရတဲ့ ခပ်လှမ်းလှမ်းရှိလူတစ်စုဆီကို လူးလွန့်မောင် မာဆတ်ဆတ်နဲ့ခပ်တင်းတင်းသာ ငဲ့ကြည့်လာလေတော့သည်။

" ဟိုက်! ဟိုကောင် ကြည့်နေပြီကွ..။ ဟျောင့်တွေ..! ထပါတော့ဆိုမှကွာ "

လူးလွန့်မောင်ရဲ့ဇကို သိထားကြတဲ့ တခြားရပ်ကွက်ထဲက အပေအတေသုံးကောင်မှာလည်း စိုက်ကြည့်ရင် အလိုက်သိဆိုသလိုပင် နေရာကနေတစ်ချိုးတည်းသာ လှည့်ပြေးကုန်ကြတော့သည်။ ခညောင်းဦးကိုထိရင် လူးလွန့်မောင်နဲ့ ငြိမယ်ဆိုတာ..၊ တစ်ရပ်ကွက်သားချင်းတွေသာမကဘဲ အနီးအနားရပ်ကွက်တွေကတောင် သိရှိထားကြသည်အထိ အရှေ့မှာဖြစ်ပျက်ခဲ့ဖူးသမျှ ဖြစ်ရပ်အဖြာဖြာမှာ အထူးသာဓကပင်..။

လော​လောဆယ်တော့ ငပြူးဇိုးကြီး လူးလွန့်မောင်ခမျာ သူ့လက်ထဲကပဲပြုတ်ထုပ်လေးကို အကြည့်မလွှဲနိုင်စွာနဲ့ပဲ လမ်းလျှောက်လာမိရင်းက ခလုတ်ပါတိုက်သွားရတဲ့ အဖြစ်ရယ်။ တော်သေးသည်က..၊ မနက်ဝေလီဝေလင်း အချိန်ဖြစ်နေလို့သာ လူးလွန့်မောင်ရဲ့ image ထိခိုက်သွားမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိရှိလိုက်ရပါချေ။

" အဟမ်း! ကျောက်ခဲကလည်း ငါ့မမြင်နိုင်အောင် လာကန်းနေသေးတယ်.. လခွီးတဲ့မှ..! "

________

အိမ်နားရောက်လာတာနဲ့ သူတစ်မနက်လုံး ဝတ်ထားခဲ့တဲ့ပုဆိုးကို ထဘီပုံစံ ပြန်ပြောင်းဝတ်လိုက်ရသည့် ခညောင်းဦးရယ်..။

ထွက်လာတုန်းက ခြံစည်းရိုးကြားမှာချိတ်ဆွဲထားခဲ့တဲ့ ခရေပန်းကုံးကို သူအသာလှမ်းယူလိုက်ပြီး ဆံရစ်ဝိုင်းဆံထုံးလေးတစ်ဝိုက်မှာ ရစ်ပတ်နှောင်ဖွဲ့ထားလိုက်သည်။ ဒီအမူအကျင့်တွေ အားလုံးလိုလိုက အလယ်တန်းစတက်တည်းကနေ နှစ်ရှည်လများကြာသည်အထိ ခညောင်းဦး တစ်ရက်မပျက်လုပ်လာခဲ့ရတဲ့ အမူအကျင့်တစ်ခုရယ်သာ..။

မြေနီလမ်းပေါ်မှာချထားမိတဲ့ ပဲပြုတ်တောင်းကြီးကို အသာပြန်ကောက်ယူပြီး ခြံထဲကိုညင်သာစွာနဲ့ ခညောင်းဦး ခြေလှမ်းလာခဲ့တော့သည်။ အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ပြီး ပန်းဖြူပန်းညိုတွေသီကုံးနေတဲ့ ဘွားမေကိုလှမ်းမြင်တော့ ခညောင်းဦး လည်ချောင်းတစ်ချက်ရှင်းလျက် အသာအယာ လှမ်းအသိပေးလိုက်မိသည်။

" ဘွားမေရေ.. သမီး ပြန်ရောက်လာပြီနော် "

" ဟော..! ငါ့မြေးလေး ပြန်ရောက်လာပြီပေါ့..။ ဒီနေ့စောစော ရောင်းကုန်သွားတာပဲ "

" ဟုတ်တယ် ဘွားမေ "

လက်ထဲက ပဲပြုတ်တောင်းအလွတ်ကို ခညောင်းဦး ပွေ့ပိုက်ထားလျက်ပင် ကွပ်ပျစ်ပေါ် တင်ပါးလွှဲကာဝင်ထိုင်သည်။ ပန်းသီနေတဲ့ဘွားမေရဲ့ လက်ဖမိုးမှာတော့ မေကြီးလက်ချက်ကြောင့် အညိုမဲကွက်ကြီးကို ထင်းလို့..။

" ဘွားမေ.. မေကြီးရော.. "

" ဘွားမေဆေးတိုက်ထားလို့ အိပ်နေရှာပြီ "

" မေကြီးကို ဒီနေ့တစ်နေ့လုံး ချုပ်ထားမှာလားဟင်.. "

အိမ်ထဲကို အသာလှမ်းမျှော်ကြည့်လို့ ဘွားမေအနားကို ပိုပိုတိုးကပ်လာရင်းက ခညောင်းဦး အမေးရှိလိုက်သည်။

" ဟင်း..! အဲ့လိုပဲလုပ်ရမှာပေါ့ ငါ့မြေးရယ်..။ မဟုတ်ရင်လည်း သူ့အားကြီးကို ဘွားမေတို့တွေလိုက်ထိန်းနိုင်ဖို့က မလွယ်ဘူးမလား "

ဒီကိစ္စက သူတို့မြေးအဘွားနှစ်ယောက်အတွက် တကယ်မလွယ်ကူတာတော့ အမှန်ပင်။ မေကြီးရဲ့အရိုးထဲကအားက တကယ်စွမ်းသည်။ လက်နဲ့တစ်ချက်ရိုက်မိရင်ကို မူးဝေသွားစေလောက်တဲ့အထိ အားပြင်းတာလေ။

" ဟုတ်..။ ဒါဆို သားကျောင်းသွားဖို့ ပြင်လိုက်ဦးမယ်နော် ဘွားမေ "

" အေးအေး.. ငါ့မြေးလေး..။ ညနေအမီ ဒါလေးတွေပြီးအောင်လို့ ဘွားမေ သီပေးထားမယ်နော် "

" ဟုတ်ဟုတ် "

ခြံသေးသေးလေးထဲမှာ ခရေပင်ကြီးတစ်ပင်နဲ့ စံပယ်ခြုံတွေရှိနေတာက ခညောင်းဦးတို့အတွက် အတော်လေးကံကောင်းသည်ဟုပင် ပြောရမလို..။

ဝမ်းရေးအတွက် ဘွားမေသီပြီးထားတဲ့ စံပယ် ခရေပန်းကုံးလေးတွေကို စျေးထဲသွားရောင်းဖို့ကတော့ ခညောင်းဦးရဲ့ နောက်ထပ်သော အလုပ်လေးတစ်ခုသာ..။ မနက်တစ်ပိုင်း ပဲပြုတ်ရောင်းလို့ရလာတဲ့ ဝင်ငွေဆိုတာကလည်း ရှေ့ဆက်ဘယ်လိုမှ လောက်ငှဖို့ရာအတွက် မလွယ်ကူနိုင်တာကြောင့် ညနေတစ်ပိုင်း ပန်းရောင်းတဲ့အလုပ်ကိုပါ လုပ်လာမိတာလည်း အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

တစ်ခါတလေ ခညောင်းဦး စျေးမှာပိုရောင်းနိုင်ဖို့အတွက် လူးလွန့်မောင်တို့ခြံထဲက ရွှေပန်းငွေပန်းတွေကိုပါ ကြီးမေက ကူသီပေးထားတတ်လို့ တော်တော်လေး အဆင်ပြေနေမိသည်။ ပြောရရင်ဖြင့်..၊ လူးလွန့်မောင်တို့အိမ်နဲ့ ခညောင်းဦးတို့အိမ်က နှစ်အိမ့်တစ်အိမ်လို နေလာမိကြတာကလည်း အချိန်တစ်ခုအထိတောင် ကြာသွားခဲ့ရပြီလေ။

သိပ်ပြီးချောင်လည်တယ်လည်း မဟုတ်ကြတဲ့ မိသားစုလေးနှစ်ခုက တစ်ဦးကိုတစ်ဦးအပြန်အလှန် မှီခိုအားထားလာခဲ့ကြသည်။ အချိန်တွေလည်း ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် စကားလုံးတွေကသူတို့အတွက် အများကြီးမလိုအပ်တော့ပါဘဲ ခံစားချက်မှန်သမျှကို အလိုက်တသိလေးနဲ့သာ နားလည်နေတတ်ခဲ့ရုံထင်..။

အိမ်ပေါ်တက်လာခဲ့တဲ့ ခညောင်းဦးခြေလှမ်းတွေက မြင်ကွင်းတစ်နေရာဆီကိုသာ အမြဲဦးတည်လို့နေမိသည်။ အိမ်တိုင်လေးနားမှာ သံကြိုးတန်းလန်းနဲ့ ကွေးကွေးလေးအိပ်မောကျနေတဲ့ မိခင်အရင်းဖြစ်သူကိုမြင်တော့ သူ့ရင်တစ်ခုလုံးမှာ ရစရာမရှိအောင်ကို နင့်ခနဲခံစားလိုက်ရသည်။

ဒီလိုမြင်ကွင်းမျိုးကို ခညောင်းဦး သိတတ်စအရွယ်တည်းက မရိုးအီနိုင်စွာ တွေ့မြင်လာခဲ့ရပေမယ့်..၊ သူဘယ်တော့မှ မရှောင်လွှဲနိုင်ခဲ့ပါ။

မေကြီးက စိတ်ပုံမှန်ဖြစ်နေချိန်မှာဆိုရင် သူ့ရဲ့ကိုယ်ပိုင်ထမင်းအိုးလေးတစ်လုံးကို ရင်ဝယ်ပိုက်လျက်လေးနဲ့ ကောင်းကင်ပြာကြီးကိုသာ ငေးမောနေတတ်ရုံ..။ မထိန်းနိုင်လောက်အောင် စိတ်ထဖောက်လာချိန်တိုင်းမှာဆိုရင်တော့ သူ့ကိုယ်သူလည်း အမြဲလိုလိုနာကျင်အောင် လုပ်မိတတ်တာကြောင့် ခညောင်းဦးက မေကြီးရဲ့ခြေတွေလက်တွေကို အားကုန်ပူးကပ်ချုပ်ကိုင်ပြီး ဘွားမေကတော့သံကြိုးတွေနဲ့ အမြန်ချည်တုပ်ထားရလေသည်။

ခညောင်းဦး ငယ်စဉ်အချိန်တုန်းကလို မိခင်ဖြစ်သူရဲ့စိတ်ကျန်းမာရေးမှာ ထိန်းမရပြုမရလောက်အောင်အထိ ဆိုးဆိုးရွားရွားဖြစ်တာမျိုး မရှိတော့ပေ။ သို့ပေမယ့်..၊ တစ်ခါတလေ စိတ်ဖောက်ပြန်ပြီဆိုရင်လည်း မြေးအဘွားနှစ်ယောက်မှာ အတော်ကြီးကိုပင်ပန်းရပါသည်။ မေကြီးက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဝေ့ပတ်ရှာဖွေတတ်ပြီး မည်းမည်းမြင်ရာ အကုန်မွှေ့ယမ်းပစ်တာမျိုးပင်။

စိုးရိမ်ရသည်က သူ့အသက်သူ အန္တရာယ်ရှာတတ်လွန်းတာကြောင့် ဘေးပတ်ပတ်လည်မှာလည်း ဘာအချွန်အတက်မျိုးကိုမှ မထားမိအောင် ဂရုစိုက်ရသည်။ မတတ်သာတော့တဲ့အဆုံးမှာ မေကြီး အမြတ်တနိုးဖြစ်ခဲ့ရပါတဲ့ ဆံနွယ်ရှည်တွေကို ဘွားမေကိုယ်တိုင် ညှပ်ဖြတ်ပစ်ခဲ့ရသည်။ မဟုတ်ပါက..၊ သူပိုင်ဆိုင်ရာ ရှည်လျားတဲ့ဆံနွယ်တွေနဲ့ပါ သူ့လည်ပင်းသူပတ်ညစ်ပြီး သေကြောင်းကြံဖို့အထိ လုပ်တတ်သည်လေ။

ခညောင်းဦးအနေနဲ့က ဘယ်သူတွေကို ဘယ်လောက်ထိပဲ ကြောက်လန့်နေမိပါစေ..၊ မိခင်ဖြစ်သူကိုတော့ အနည်းငယ်မှ ကြောက်စိတ်မဝင်ခဲ့ဖူးပါ။ ဒါကြောင့်လည်း ညာဘက်နားတစ်ဖက်ရဲ့ အကြားအာရုံကို သူ့အသက် ၃နှစ်အရွယ်တည်းကပင် စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အနားဆီ အသာအယာတိုးကပ်သွားလို့ ဆောင့်ကြောင့်လေး ထိုင်လိုက်မိတယ်ဆိုရင်ပဲ မိခင်ရဲ့အနွေးဓာတ်လေးကို ကြည်နူးဖွယ် ခံစားလိုက်ရလေသည်။ ယုယုယယထွေးပွေ့မှုကို ကလေးငယ်တစ်ယောက်လို ခံယူဖူးချင်ပေမယ့်လည်း သူ့ဘဝက ဒီလိုနွေးထွေးခွင့်ကိုရရှိနိုင်ဖို့အရေး ခဲယဉ်းလွန်းလှပြန်သည်။

ယောကျာ်းလေးအဖြစ် မွေးဖွားလာခဲ့တဲ့သူ့ကို နို့တိုက်နေရင်းတန်းလန်းက ခေါင်းအုံးနဲ့ဖိသတ်ပစ်ဖို့အထိ ကြံစည်ခဲ့ဖူးတဲ့မိခင်မှာ ယောကျာ်းဆိုတဲ့ ဖြစ်တည်မှုတစ်ခုအပေါ်မှာ သိပ်ပြီးရွံရှာနေခဲ့သည်လေ။ ရူးသွပ်သွားလောက်တဲ့အထိ မုန်းတီးရခြင်းရဲ့ အကြောင်းရင်းမှာလည်း ခိုင်လုံသည်ထက်ကို ပိုနေပြန်သည်ကိုး..။

ဝမ်းနည်းလားမေးရင် ခညောင်းဦးအတွက်တော့ အဖြေဆိုတာမျိုးတွေ ရှိမနေလောက်မှာ သေချာမိသလိုပင်။ အဲ့ဒီအစား..၊ သားတစ်ယောက်အဖြစ်နဲ့ ပေးအပ်လို့ရနိုင်မယ့်အရာအားလုံးကို မိခင်အတွက်ဆိုပြီးဆွဲထုတ်ကာ ပုံအောပေးချင်မိသည်အထိ ချစ်ခင်လိုပါသည်။

" အွန့်! သမီးလေး.. "

" မေကြီး.. နိုးလာပြီလား "

သမီးလေးဆိုတဲ့ခေါ်သံကြောင့် မေကြီးရဲ့စိတ်က ပုံမှန်ပြန်ဖြစ်သွားပြီလို့ ယူဆနိုင်သည်။

ခရေပန်းနံ့သင်းသင်းလေးကြောင့် အိပ်မှုန်စုံမွှားနဲ့လူးလဲထလာတဲ့ ဒေါ်ကညောင်းမေတစ်ယောက်..၊ သူ့ကိုချည်နှောင်ထားတဲ့ သံကြိုးတွေကိုလည်းမြင်ပါရော မျက်နှာကချက်ချင်းဆိုသလို စူပုပ်သွားလေတော့သည်။ တစ်ဆက်တည်းမှာပင် သူ့ပခုံးကိုထိန်းကိုင်ပေးနေတဲ့ ခညောင်းဦးဆီ မျက်လုံးလေးလှန်ကြည့်လို့ သနားကမားလေးနဲ့ ပြောဆိုလာသည်က..။

" ဟင့်! သမီးလေးရေ.. ဟိုအဘွားကြီးကလေ မေကြီးကိုဆိုသိပ်ရက်စက်တာပဲ သိလား..။ သူလုပ်လို့မေကြီးလက်တွေ တော်တော်နာနေပြီ.. ဒီမှာ ကြည့်ပါဦး "

" ဥုံဖွ ဥုံဖွ.. သမီးဖြုတ်ပေးမယ်နော် မေကြီး "

" ဟဲ့! မိညောင်းမ.. ညည်းလုပ်လို့ ဒီအသက် ၆၀အရွယ်အဘွားကြီးက အရိုးမကျိုးတာ ကံကောင်းတယ်မှတ်! ငါ့လက်ကိုနာအောင်လုပ်ထားတာ.. တစ်ဖက်ပဲဖြုတ်ပေးလိုက် မြေးလေး! "

အိမ်ပြင်ကွပ်ပျစ်ကနေ လှမ်းအော်လာတဲ့ဘွားမေကြောင့် မေကြီးဇက်ကလေးပုဝင်ကာ သူ့ရင်ခွင်သေးသေးလေးထဲကို မျက်နှာတိုးကွယ်နေတော့သည်။

" အဲ့အဘွားကြီးက အသက်သာကြီးလာတာ.. နားပါးချက်ပဲနော် ဟိ! "

" ဟီးဟီး.. "

" အမယ်လေး.. ကြောက်ပါတယ် ရှင်..! ကြောက်ပါတယ် ရှင့်! ဒီအနိုင်ကျင့်ခံလေးကိုပဲ နှိပ်စက်ချင်နေကြတာ.. ဒီကလည်း မချစ်တော့ဘဲနဲ့ မုန်းလိုက်မှာနော်! ဘာမှတ်နေလဲ ဟိုအဘွားကြီး! "

" အသံကောင်းဟစ်နေပုံထောက်ရင် ညည်းဒီနေ့ ထမင်းငတ်ချင်နေပြီပေါ့လေ.. မိညောင်းမ! "

" ဟိုအဘွားကြီး! "

" ဘာတုံး! မိညောင်းမ! "

သားအမိနှစ်ယောက်က လေသံမလျော့စတမ်းပင် သူတစ်ခွန်းအော်တာနဲ့ ကိုယ်တစ်ခွန်းပြန်အော်ပြီးသားပင်။

" ဟဲဟဲ.. ချစ်တယ်လေလို့..! ဒီမိညောင်းမက ထမင်းကျွေးရင်ကို ချစ်ပြီးသားပါနော်! "

" ဟွန်း! ငါဒါလေးသီပြီးသွားရင် ညည်းစားရမယ်မှတ်..။ မြေးလေး​ရေ..! ကျောင်းနောက်ကျနေမယ်နော် "

" ဟုတ်! ဘွားမေ.. "

မေကြီးကို လက်တစ်ဖက်ကသံကြိုးဖြုတ်ပေးလိုက်ပြီး အိမ်ခန်းထဲဝင်ဖို့ပြင်နေတဲ့သူ့ကို ချက်ချင်းပင်လက်လှမ်းဆွဲလို့ အလျင်တားထားလေသည်။

" သမီးလေး! "

" ဟုတ်.. သမီး ဝယ်ခဲ့ပေးမယ်နော် မေကြီး "

" စိတ်ချမယ်နော် သမီးလေး.. "

" မေကြီးလည်း လိမ္မာရမယ်နော် "

" ဟုတ်ဟုတ်.. ဒီမေကြီးက လိမ္မာပြီးသား "

သူလိုချင်တာကို ခညောင်းဦး ဝယ်ခဲ့ပေးမယ်ဆိုတည်းက ဒီနေ့တစ်နေ့လုံးလိမ်လိမ်မာမာနဲ့ ထမင်းအိုးလေးပိုက်ပြီး ထိုင်စောင့်နေတော့မယ့် ဒေါ်ကညောင်းမေရယ်။ တကယ်တမ်းကျ ဘာမှ ထူးထူးဆန်းဆန်းတော့မဟုတ်..၊ ကျောင်းရှေ့မှာရောင်းတဲ့ တစ်ရာတန် ဆပ်ပြာပူဖောင်းဘူးလေးကို ဝယ်ခဲ့ခိုင်းတာပင်။

လေထဲမှာတင် လွတ်လပ်စွာလွင့်မျောရင်းနဲ့ ပျောက်ကွယ်သွားတတ်တဲ့ ပူဖောင်းလေးတွေကို လိုက်လံငေးကြည့်နေရတာက မေကြီးအတွက်တော့ စိတ်ပျော်ရာတစ်ခုဖြစ်နေခဲ့သည်လေ။

(ZawG)

" ဘယ္ ညာ..! ဘယ္ ညာ..! "

" ေဟ့ေဟ့..! ပုဆိုး ကြၽတ္က်ေနဦးမယ္ေလ.. ေျဖးေျဖးေလွ်ာက္ပါဗ်ိဳ႕! "

" ဟင္.. သူကပုဆိုးဝတ္ထားတာ ဟုတ္လို႔လားကြ! ထဘီႀကီးဝတ္ထားတာကို.. "

" ေအးကြ! ဟားဟားဟား!!! "

" ေဟ်ာင့္ေတြ! သိပ္စမေနနဲ႕ေတာ့.. ဟိုတစ္ေယာက္ေျခလွမ္းမွားလို႔ ပဲျပဳတ္ေတာင္းႀကီး ေမွာက္က်ေနမွျဖင့္ ငါတို႔အျပစ္ျဖစ္ေနဦးမယ္ "

" ဟားဟား! ျဖစ္ျဖစ္ေပါ့ကြာ..။ အဲ့တစ္ေယာက္က နားေလးေနတာႀကီးကို.. ငါတို႔က ဘာအေရးလုပ္ရမွာလဲ "

မနက္ခင္း ျမဴမကြဲေသးခ်ိန္မွာေတာင္ အေၾကာင္းရင္းမဲ့စြာနဲ႕ လမ္းေဘးအုတ္ခုံတစ္ခုေပၚ အုပ္စုဖြဲ႕ထိုင္ေနၾကသူေတြက ပဲျပဳတ္ေတာင္းႀကီး႐ြက္လာတဲ့ ခေညာင္းဦးကိုလည္းျမင္ပါေရာ..၊ အသံေသးအသံေၾကာင္ျပဳကာ ဝိုင္းဝန္း ေလွာင္ေျပာင္လာၾကေလသည္။

ေကာင္းေနတဲ့ နားေလးတစ္ဖက္နဲ႕ ခပ္သဲ့သဲ့လွမ္းၾကားေနရေသာ စကားအခ်င္းအရာမ်ားေၾကာင့္ ခေညာင္းဦးကိုယ္လုံးေလးမွာ တုန္ယင္ခ်င္လာေတာ့သည္။ နဂိုတည္းကမွ လူစိမ္းေတြေၾကာက္တတ္တဲ့ စိတ္ဒဏ္ရာအခံရွိထားသူပီပီ ကိုယ့္ကိုယ္ကိုယ္အားေပးရင္းနဲ႕ ေျခလွမ္းမမွားရေအာင္ ထိန္းေလွ်ာက္လို႔ေနမိသည္။

" မေၾကာက္နဲ႕.. သူတို႔ ဘာမွလုပ္မွာမဟုတ္ဘူး.. "

သိုင္းလြယ္ထားတဲ့အိတ္ခပ္ႏြမ္းႏြမ္းကို ဘယ္ဘက္လက္ကေလးနဲ႕ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားရင္း ေခါင္းေပၚက ပဲျပဳတ္ေတာင္းႀကီးကိုလည္း ညာဘက္လက္နဲ႕ထိန္းကိုင္ထားရတဲ့ ခေညာင္းဦးပုံစံေလးမွာ သူ႕ကိုယ္သူ ဟန္ခ်က္မပ်က္သြားေအာင္လို႔ အတင္းႀကိဳးစားထားရသေယာင္..။

ထိုအခ်ိန္..၊ အေရွ႕ကေနၿပီး ခပ္ယိုင္ယိုင္ေလးေလွ်ာက္ေနေသာ ခေညာင္းဦးရဲ႕ ေျခလွမ္းေတြေနာက္ကို အမီလိုက္လာခဲ့တဲ့ ေျခလွမ္းခပ္က်ဲက်ဲတစ္စုံ..။ အႏွီအမည္မသိလူထြားႀကီးက ေဇာတစ္ခုကိုအရင္းခံလာရင္းနဲ႕ ႏွင္းစက္ေတြေပ်ာ္ဝင္ေနတဲ့ ဗြက္အိုင္မ်ားေပၚမွာလည္း သူ႕ေျခရာႀကီးမ်ားကို အားျပင္းျပင္းနဲ႕သာ တံဆိပ္ခတ္ခ်န္ထားလ်က္ပဲ။

သူ႕ခမ်ာ ဗြက္အိုင္ေတြဘယ္ႏွစ္ခုမ်ား ျဖတ္နင္းလာခဲ့သလဲေတာ့ မေျပာတတ္..၊ ဝတ္ထားတဲ့ ပုဆိုးအေနာက္ျခမ္းကေတာင္မွ ႐ႊံ႕စက္ေပါင္းမ်ားစြာနဲ႕ တန္ဆာဆင္လို႔ထားေလၿပီ။

" မိၿပီ! "

" ..... "

ပဲျပဳတ္ေတာင္းႀကီး ေခါင္းေပၚ႐ြက္ထားရင္းနဲ႕ လမ္းေဘးကပ္ေလွ်ာက္ေနမိခ်ိန္ဝယ္..၊ သူဝတ္ထားတဲ့ ရွပ္အကၤ်ီရဲ႕ လည္ပင္းေကာ္လံကို အေနာက္ကေနၿပီး႐ုတ္တရက္ လွမ္းဆြဲခံလိုက္ရတာေၾကာင့္ ခေညာင္းဦးရဲ႕ေၾကာက္စိတ္ေတြမွာ စည္းလြတ္ဝါးလြတ္ပင္ တိုးထြက္လာရေတာ့သည္။

" မ..မလုပ္ၾကပါနဲ႕.. "

ခပ္တိုးတိုးထြက္ေပၚလာတဲ့ ေတာင္းပန္တိုးလွ်ိုးသံေလးေၾကာင့္ လူးလြန့္ေမာင္ခမ်ာ ဘာဆက္ေျပာရမွန္းေတာင္ မသိေတာ့ဘဲနဲ႕ ေၾကာင္အသြားရွာသည္။ အဲ့ဒီလိုအသံမ်ိဳးနဲ႕သာ ေအာ္ဟစ္အကူအညီေတာင္းလို႔ကေတာ့ တစ္ရပ္ကြက္လုံးအိပ္ေရးပ်က္မွာေတာင္ စိတ္ပူစရာမလိုေလာက္ေတာ့ဘူး။

မ်က္လုံးႀကီးေတြစုံမွိတ္ထားလ်က္ ေနရာမွာတင္ မလႈပ္မယွက္သာရပ္ေနတဲ့ ခေညာင္းဦးကိုယ္လုံးေလးက လူးလြန့္ေမာင္ေသခ်ာၾကည့္ေလ တုန္ယင္ေနေလကို သတိျပဳမိနိုင္သည္အထိ..။

" ငျပဴး! ဘာျဖစ္ေနတာလဲ.. ငါပါဟ! မင္းသူငယ္ခ်င္း ငလူးေလကြာ "

ဒီအသံပိုင္ရွင္က လူးလြန့္ေမာင္ျဖစ္ပါေၾကာင္း သူ႕အတြက္ေသခ်ာရေအာင္လို႔ မ်က္လုံးေလးတစ္ဖက္ကို အသာဖြင့္ၾကည့္လာခဲ့ေလသူ..။

" ဟင္.. ငလူးလား.. "

မ်က္လုံးဝိုင္းဝိုင္းႀကီးမ်ားျဖင့္ လူးလြန့္ေမာင္ကိုေမာ့ၾကည့္လာတဲ့ ခေညာင္းဦးမ်က္ႏွာေလးက အားကိုးရာခြန္အားတစ္ခုကို ျမင္ေတြ႕လိုက္ရသလိုႏွယ္..။ အခ်ိန္ကာလအားျဖင့္ ဆယ္စုႏွစ္တစ္ခုထိတိုင္ေအာင္ ၾကာျမင့္လာခဲ့ခ်ိန္မွာေတာ့ ငလူးလို႔ အေခၚခံရျခင္းအေပၚမွာ လူးလြန့္ေမာင္တစ္ေယာက္ တိတ္တဆိတ္ပင္ ေက်နပ္မိလာသည္အထိ။

ခေညာင္းဦးမဟုတ္ဘဲနဲ႕ တျခားသူေတြပါးစပ္ကေနၿပီး ငလူးလို႔လာေခၚပါက မ်က္ခြက္ဆင့္ထိုးမခံရရင္ ကံေကာင္းေပါ့။ အ႐ြယ္ေရာက္လာေလ ခေညာင္းဦးဆိုတာက လူးလြန့္ေမာင္အတြက္ေတာ့ တစ္ဦးတည္းေသာ ခြင့္လႊတ္ရာေလး ျဖစ္လာေလပင္။

" ေအး! ငါပဲ "

" မင္းက.. ဘယ္လိုလုပ္ၿပီး.. "

" ဘာကို ဘာလုပ္ရမွာ..။ ပဲျပဳတ္ဝယ္ဖို႔ မင္းငါ့အိမ္ေရွ႕ကေန ျဖတ္ေလွ်ာက္သြားတည္းက လွမ္းေခၚေနခဲ့တာ.. ဒီမွာၾကည့္စမ္း! ငါ့အာသီးပါရွည္ထြက္သြားၿပီ ေတြ႕လား..။ ဒါေတာင္မွ မင္းက မၾကားေရးခ်မၾကားဘူးပဲ "

" မင္းက.. ငါၾကားေအာင္မွမေအာ္ပဲ..။ ငါ့နားတစ္ဖက္ေလးေနတာကို မင္းမသိတာလည္း မဟုတ္ဘဲနဲ႕..။ ဟိုေလ ငလူး.. ငါ့တစ္ခ်က္ကူပါဦးေနာ္ "

မရဲတရဲေလးနဲ႕ ေအာ္မေျပာ႐ုံတမယ္ သူ႕ကိုေျပာဆိုလာတဲ့ ခေညာင္းဦးက ေခါင္းေပၚရွိေလးေလးပင္ပင္ ႏွီးေတာင္းႀကီးကိုလည္း တစ္ပါတည္းေအာက္ခ်ေပးဖို႔အတြက္ လွမ္းခိုင္းေနေသးတာေၾကာင့္..၊ လူးလြန့္ေမာင္ခမ်ာ အႏွီေ႐ႊေတာင္းႀကီးကို လက္နဲ႕အသာပင့္ယူမလ်က္ လမ္းေဘးကအုတ္ခုံငယ္ေပၚ ခ်တင္ေပးလိုက္သည္။

" ငါက သြားတိုက္ေနလို႔ေလကြာ..။ တကယ္တမ္း မင္းကိုက လူလိုေလွ်ာက္မေနတာ! "

" အင္းပါ.. "

စကားနိုင္ဆက္လုခ်င္ေသးတဲ့ လူးလြန့္ေမာင္ကို အသာတၾကည္အေၾကာေပးလိုက္ၿပီး ႏွီးေတာင္းထဲကဖုံးအုပ္ထားတဲ့ အျဖဴေရာင္ပိတ္ပါးစေလးကို ခေညာင္းဦး အသာလွပ္ဖယ္ကာ..၊ အထဲက ပူႏြေးႏြေးပဲျပဳတ္ေတြကို ႂကြပ္ႂကြပ္အိတ္ေလးထဲ စတီးဇြန္းႀကီးနဲ႕ ခပ္ထည့္ေပးေနသည္။

" ေဟး..! ပိုထည့္မယ္ မႀကံနဲ႕ေနာ္! မင္းထည့္လည္း ငါေရာငါ့အေမေရာ စားမကုန္လို႔.. "

" အပိုေတြေျပာျပန္ၿပီ.. "

ခေညာင္းဦးက ပဲျပဳတ္ႀကိဳက္တဲ့သူ႕ကို အၿမဲပင္ပိုပိုသာသာ ထည့္ေပးတတ္တာေၾကာင့္ ဘယ္ေလာက္မွမပိုေသာ အျမတ္ေတြ မက်န္ေတာ့မွာစိုးေနရွာတဲ့ လူးလြန့္ေမာင္ရယ္။

" ေရာ့ ငလူး.. ႀကီးေမ ေနေကာင္းတယ္မလား "

" ေကာင္းတယ္.. မင္း ညေနအိမ္ဝင္ခဲ့ဦး။ အိမ္မွာငါ့အေမ ပန္းေတြလိုက္ခူးၿပီး သီဖို႔လုပ္ေနတယ္ "

" အင္း.. "

" ၿပီးေရာ.. ငါျပန္ၿပီ ငျပဴး "

" ေနဦးေလ ငလူး..! "

ခေညာင္းဦး ဘာထပ္ခိုင္းခ်င္ေနမွန္းသိလို႔ လက္ထဲကပဲျပဳတ္ထုပ္ကို လူးလြန့္ေမာင္တစ္ေယာက္ ျပင္ကိုင္ထားၿပီးသား..။ ထို႔ေၾကာင့္ စကားဆက္မေျပာခင္မွာဘဲ အုတ္ခုံေပၚက ပဲျပဳတ္ေတာင္းႀကီးကို ခေညာင္းဦးရဲ႕ေခါင္းေပၚ အသာအယာေလး မတင္ေပးလိုက္သည္။ တစ္လက္စတည္း..၊ ေမႊးပ်ံ့ေနေသာ ခေရပန္းနံ႕သင္းသင္းေလးကိုပါ လူးလြန့္ေမာင္တစ္ဝႀကီး ထပ္မံရႉရွိုက္လိုက္ရျပန္သည္ေလ။

ငယ္ငယ္ေလးတည္းက အခုခ်ိန္ထိတိုင္ သနပ္ခါးပါးပါးေလးလူးတတ္တဲ့ ခေညာင္းဦးက ခေရပန္းပြင့္ေတြကိုပါ သနပ္ခါးနဲ႕အတူေရာႀကိတ္ၿပီး လူးထားတာေၾကာင့္ အနားကပ္မိေလ ရနံ႕မွာေမႊးၾကဴေလပင္။ ဒီေန႕တစ္ေန႕တာကိုလည္း ေအးခ်မ္းမႈရနံ႕ေလးနဲ႕အတူ စတင္ျဖတ္သန္းရဦးမည္မို႔ လူးလြန့္ေမာင္ႏႈတ္ခမ္းစြန္းက ေက်နပ္စြာ ေကာ့ၫႊတ္လို႔လာခ်င္သည္အထိ..။

" ရၿပီ ငလူး..! ျပန္ေတာ့ေနာ္.. "

ယိုင္တိယိုင္တိုင္နဲ႕ လွည့္ထြက္သြားတဲ့ ခေညာင္းဦးကို အၿပဳံးႀကီးႀကီးျဖင့္ ၿပဳံးၾကည့္ေနမိရင္းက သူ႕လိုပဲ ငျပဴးကိုၾကည့္ေနပုံရတဲ့ ခပ္လွမ္းလွမ္းရွိလူတစ္စုဆီကို လူးလြန့္ေမာင္ မာဆတ္ဆတ္နဲ႕ခပ္တင္းတင္းသာ ငဲ့ၾကည့္လာေလေတာ့သည္။

" ဟိုက္! ဟိုေကာင္ ၾကည့္ေနၿပီကြ..။ ေဟ်ာင့္ေတြ..! ထပါေတာ့ဆိုမွကြာ "

လူးလြန့္ေမာင္ရဲ႕ဇကို သိထားၾကတဲ့ တျခားရပ္ကြက္ထဲက အေပအေတသုံးေကာင္မွာလည္း စိုက္ၾကည့္ရင္ အလိုက္သိဆိုသလိုပင္ ေနရာကေနတစ္ခ်ိဳးတည္းသာ လွည့္ေျပးကုန္ၾကေတာ့သည္။ ခေညာင္းဦးကိုထိရင္ လူးလြန့္ေမာင္နဲ႕ ၿငိမယ္ဆိုတာ..၊ တစ္ရပ္ကြက္သားခ်င္းေတြသာမကဘဲ အနီးအနားရပ္ကြက္ေတြကေတာင္ သိရွိထားၾကသည္အထိ အေရွ႕မွာျဖစ္ပ်က္ခဲ့ဖူးသမွ် ျဖစ္ရပ္အျဖာျဖာမွာ အထူးသာဓကပင္..။

ေလာ​ေလာဆယ္ေတာ့ ငျပဴးဇိုးႀကီး လူးလြန့္ေမာင္ခမ်ာ သူ႕လက္ထဲကပဲျပဳတ္ထုပ္ေလးကို အၾကည့္မလႊဲနိုင္စြာနဲ႕ပဲ လမ္းေလွ်ာက္လာမိရင္းက ခလုတ္ပါတိုက္သြားရတဲ့ အျဖစ္ရယ္။ ေတာ္ေသးသည္က..၊ မနက္ေဝလီေဝလင္း အခ်ိန္ျဖစ္ေနလို႔သာ လူးလြန့္ေမာင္ရဲ႕ image ထိခိုက္သြားမႈကို မည္သူတစ္ဦးတစ္ေယာက္ကမွ် မသိရွိလိုက္ရပါေခ်။

" အဟမ္း! ေက်ာက္ခဲကလည္း ငါ့မျမင္နိုင္ေအာင္ လာကန္းေနေသးတယ္.. လခြီးတဲ့မွ..! "

________

အိမ္နားေရာက္လာတာနဲ႕ သူတစ္မနက္လုံး ဝတ္ထားခဲ့တဲ့ပုဆိုးကို ထဘီပုံစံ ျပန္ေျပာင္းဝတ္လိုက္ရသည့္ ခေညာင္းဦးရယ္..။

ထြက္လာတုန္းက ၿခံစည္းရိုးၾကားမွာခ်ိတ္ဆြဲထားခဲ့တဲ့ ခေရပန္းကုံးကို သူအသာလွမ္းယူလိုက္ၿပီး ဆံရစ္ဝိုင္းဆံထုံးေလးတစ္ဝိုက္မွာ ရစ္ပတ္ႏွောင္ဖြဲ႕ထားလိုက္သည္။ ဒီအမူအက်င့္ေတြ အားလုံးလိုလိုက အလယ္တန္းစတက္တည္းကေန ႏွစ္ရွည္လမ်ားၾကာသည္အထိ ခေညာင္းဦး တစ္ရက္မပ်က္လုပ္လာခဲ့ရတဲ့ အမူအက်င့္တစ္ခုရယ္သာ..။

ေျမနီလမ္းေပၚမွာခ်ထားမိတဲ့ ပဲျပဳတ္ေတာင္းႀကီးကို အသာျပန္ေကာက္ယူၿပီး ၿခံထဲကိုညင္သာစြာနဲ႕ ခေညာင္းဦး ေျခလွမ္းလာခဲ့ေတာ့သည္။ အိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ၿပီး ပန္းျဖဴပန္းညိုေတြသီကုံးေနတဲ့ ဘြားေမကိုလွမ္းျမင္ေတာ့ ခေညာင္းဦး လည္ေခ်ာင္းတစ္ခ်က္ရွင္းလ်က္ အသာအယာ လွမ္းအသိေပးလိုက္မိသည္။

" ဘြားေမေရ.. သမီး ျပန္ေရာက္လာၿပီေနာ္ "

" ေဟာ..! ငါ့ေျမးေလး ျပန္ေရာက္လာၿပီေပါ့..။ ဒီေန႕ေစာေစာ ေရာင္းကုန္သြားတာပဲ "

" ဟုတ္တယ္ ဘြားေမ "

လက္ထဲက ပဲျပဳတ္ေတာင္းအလြတ္ကို ခေညာင္းဦး ေပြ႕ပိုက္ထားလ်က္ပင္ ကြပ္ပ်စ္ေပၚ တင္ပါးလႊဲကာဝင္ထိုင္သည္။ ပန္းသီေနတဲ့ဘြားေမရဲ႕ လက္ဖမိုးမွာေတာ့ ေမႀကီးလက္ခ်က္ေၾကာင့္ အညိုမဲကြက္ႀကီးကို ထင္းလို႔..။

" ဘြားေမ.. ေမႀကီးေရာ.. "

" ဘြားေမေဆးတိုက္ထားလို႔ အိပ္ေနရွာၿပီ "

" ေမႀကီးကို ဒီေန႕တစ္ေန႕လုံး ခ်ဳပ္ထားမွာလားဟင္.. "

အိမ္ထဲကို အသာလွမ္းေမွ်ာ္ၾကည့္လို႔ ဘြားေမအနားကို ပိုပိုတိုးကပ္လာရင္းက ခေညာင္းဦး အေမးရွိလိုက္သည္။

" ဟင္း..! အဲ့လိုပဲလုပ္ရမွာေပါ့ ငါ့ေျမးရယ္..။ မဟုတ္ရင္လည္း သူ႕အားႀကီးကို ဘြားေမတို႔ေတြလိုက္ထိန္းနိုင္ဖို႔က မလြယ္ဘူးမလား "

ဒီကိစၥက သူတို႔ေျမးအဘြားႏွစ္ေယာက္အတြက္ တကယ္မလြယ္ကူတာေတာ့ အမွန္ပင္။ ေမႀကီးရဲ႕အရိုးထဲကအားက တကယ္စြမ္းသည္။ လက္နဲ႕တစ္ခ်က္ရိုက္မိရင္ကို မူးေဝသြားေစေလာက္တဲ့အထိ အားျပင္းတာေလ။

" ဟုတ္..။ ဒါဆို သားေက်ာင္းသြားဖို႔ ျပင္လိုက္ဦးမယ္ေနာ္ ဘြားေမ "

" ေအးေအး.. ငါ့ေျမးေလး..။ ညေနအမီ ဒါေလးေတြၿပီးေအာင္လို႔ ဘြားေမ သီေပးထားမယ္ေနာ္ "

" ဟုတ္ဟုတ္ "

ၿခံေသးေသးေလးထဲမွာ ခေရပင္ႀကီးတစ္ပင္နဲ႕ စံပယ္ၿခဳံေတြရွိေနတာက ခေညာင္းဦးတို႔အတြက္ အေတာ္ေလးကံေကာင္းသည္ဟုပင္ ေျပာရမလို..။

ဝမ္းေရးအတြက္ ဘြားေမသီၿပီးထားတဲ့ စံပယ္ ခေရပန္းကုံးေလးေတြကို ေစ်းထဲသြားေရာင္းဖို႔ကေတာ့ ခေညာင္းဦးရဲ႕ ေနာက္ထပ္ေသာ အလုပ္ေလးတစ္ခုသာ..။ မနက္တစ္ပိုင္း ပဲျပဳတ္ေရာင္းလို႔ရလာတဲ့ ဝင္ေငြဆိုတာကလည္း ေရွ႕ဆက္ဘယ္လိုမွ ေလာက္ငွဖို႔ရာအတြက္ မလြယ္ကူနိုင္တာေၾကာင့္ ညေနတစ္ပိုင္း ပန္းေရာင္းတဲ့အလုပ္ကိုပါ လုပ္လာမိတာလည္း အခ်ိန္ၾကာျမင့္ခဲ့ၿပီျဖစ္သည္။

တစ္ခါတေလ ခေညာင္းဦး ေစ်းမွာပိုေရာင္းနိုင္ဖို႔အတြက္ လူးလြန့္ေမာင္တို႔ၿခံထဲက ေ႐ႊပန္းေငြပန္းေတြကိုပါ ႀကီးေမက ကူသီေပးထားတတ္လို႔ ေတာ္ေတာ္ေလး အဆင္ေျပေနမိသည္။ ေျပာရရင္ျဖင့္..၊ လူးလြန့္ေမာင္တို႔အိမ္နဲ႕ ခေညာင္းဦးတို႔အိမ္က ႏွစ္အိမ့္တစ္အိမ္လို ေနလာမိၾကတာကလည္း အခ်ိန္တစ္ခုအထိေတာင္ ၾကာသြားခဲ့ရၿပီေလ။

သိပ္ၿပီးေခ်ာင္လည္တယ္လည္း မဟုတ္ၾကတဲ့ မိသားစုေလးႏွစ္ခုက တစ္ဦးကိုတစ္ဦးအျပန္အလွန္ မွီခိုအားထားလာခဲ့ၾကသည္။ အခ်ိန္ေတြလည္း ၾကာျမင့္ခဲ့ၿပီျဖစ္တာေၾကာင့္ စကားလုံးေတြကသူတို႔အတြက္ အမ်ားႀကီးမလိုအပ္ေတာ့ပါဘဲ ခံစားခ်က္မွန္သမွ်ကို အလိုက္တသိေလးနဲ႕သာ နားလည္ေနတတ္ခဲ့႐ုံထင္..။

အိမ္ေပၚတက္လာခဲ့တဲ့ ခေညာင္းဦးေျခလွမ္းေတြက ျမင္ကြင္းတစ္ေနရာဆီကိုသာ အၿမဲဦးတည္လို႔ေနမိသည္။ အိမ္တိုင္ေလးနားမွာ သံႀကိဳးတန္းလန္းနဲ႕ ေကြးေကြးေလးအိပ္ေမာက်ေနတဲ့ မိခင္အရင္းျဖစ္သူကိုျမင္ေတာ့ သူ႕ရင္တစ္ခုလုံးမွာ ရစရာမရွိေအာင္ကို နင့္ခနဲခံစားလိုက္ရသည္။

ဒီလိုျမင္ကြင္းမ်ိဳးကို ခေညာင္းဦး သိတတ္စအ႐ြယ္တည္းက မရိုးအီနိုင္စြာ ေတြ႕ျမင္လာခဲ့ရေပမယ့္..၊ သူဘယ္ေတာ့မွ မေရွာင္လႊဲနိုင္ခဲ့ပါ။

ေမႀကီးက စိတ္ပုံမွန္ျဖစ္ေနခ်ိန္မွာဆိုရင္ သူ႕ရဲ႕ကိုယ္ပိုင္ထမင္းအိုးေလးတစ္လုံးကို ရင္ဝယ္ပိုက္လ်က္ေလးနဲ႕ ေကာင္းကင္ျပာႀကီးကိုသာ ေငးေမာေနတတ္႐ုံ..။ မထိန္းနိုင္ေလာက္ေအာင္ စိတ္ထေဖာက္လာခ်ိန္တိုင္းမွာဆိုရင္ေတာ့ သူ႕ကိုယ္သူလည္း အၿမဲလိုလိုနာက်င္ေအာင္ လုပ္မိတတ္တာေၾကာင့္ ခေညာင္းဦးက ေမႀကီးရဲ႕ေျခေတြလက္ေတြကို အားကုန္ပူးကပ္ခ်ဳပ္ကိုင္ၿပီး ဘြားေမကေတာ့သံႀကိဳးေတြနဲ႕ အျမန္ခ်ည္တုပ္ထားရေလသည္။

ခေညာင္းဦး ငယ္စဥ္အခ်ိန္တုန္းကလို မိခင္ျဖစ္သူရဲ႕စိတ္က်န္းမာေရးမွာ ထိန္းမရျပဳမရေလာက္ေအာင္အထိ ဆိုးဆိုး႐ြား႐ြားျဖစ္တာမ်ိဳး မရွိေတာ့ေပ။ သို႔ေပမယ့္..၊ တစ္ခါတေလ စိတ္ေဖာက္ျပန္ၿပီဆိုရင္လည္း ေျမးအဘြားႏွစ္ေယာက္မွာ အေတာ္ႀကီးကိုပင္ပန္းရပါသည္။ ေမႀကီးက ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ကို ေဝ့ပတ္ရွာေဖြတတ္ၿပီး မည္းမည္းျမင္ရာ အကုန္ေမႊ႕ယမ္းပစ္တာမ်ိဳးပင္။

စိုးရိမ္ရသည္က သူ႕အသက္သူ အႏၱရာယ္ရွာတတ္လြန္းတာေၾကာင့္ ေဘးပတ္ပတ္လည္မွာလည္း ဘာအခြၽန္အတက္မ်ိဳးကိုမွ မထားမိေအာင္ ဂ႐ုစိုက္ရသည္။ မတတ္သာေတာ့တဲ့အဆုံးမွာ ေမႀကီး အျမတ္တနိုးျဖစ္ခဲ့ရပါတဲ့ ဆံႏြယ္ရွည္ေတြကို ဘြားေမကိုယ္တိုင္ ညွပ္ျဖတ္ပစ္ခဲ့ရသည္။ မဟုတ္ပါက..၊ သူပိုင္ဆိုင္ရာ ရွည္လ်ားတဲ့ဆံႏြယ္ေတြနဲ႕ပါ သူ႕လည္ပင္းသူပတ္ညစ္ၿပီး ေသေၾကာင္းႀကံဖို႔အထိ လုပ္တတ္သည္ေလ။

ခေညာင္းဦးအေနနဲ႕က ဘယ္သူေတြကို ဘယ္ေလာက္ထိပဲ ေၾကာက္လန့္ေနမိပါေစ..၊ မိခင္ျဖစ္သူကိုေတာ့ အနည္းငယ္မွ ေၾကာက္စိတ္မဝင္ခဲ့ဖူးပါ။ ဒါေၾကာင့္လည္း ညာဘက္နားတစ္ဖက္ရဲ႕ အၾကားအာ႐ုံကို သူ႕အသက္ ၃ႏွစ္အ႐ြယ္တည္းကပင္ စြန့္လႊတ္ခဲ့ရျခင္းျဖစ္သည္။

အနားဆီ အသာအယာတိုးကပ္သြားလို႔ ေဆာင့္ေၾကာင့္ေလး ထိုင္လိုက္မိတယ္ဆိုရင္ပဲ မိခင္ရဲ႕အႏြေးဓာတ္ေလးကို ၾကည္ႏူးဖြယ္ ခံစားလိုက္ရေလသည္။ ယုယုယယေထြးေပြ႕မႈကို ကေလးငယ္တစ္ေယာက္လို ခံယူဖူးခ်င္ေပမယ့္လည္း သူ႕ဘဝက ဒီလိုႏြေးေထြးခြင့္ကိုရရွိနိုင္ဖို႔အေရး ခဲယဥ္းလြန္းလွျပန္သည္။

ေယာက်ာ္းေလးအျဖစ္ ေမြးဖြားလာခဲ့တဲ့သူ႕ကို နို႔တိုက္ေနရင္းတန္းလန္းက ေခါင္းအုံးနဲ႕ဖိသတ္ပစ္ဖို႔အထိ ႀကံစည္ခဲ့ဖူးတဲ့မိခင္မွာ ေယာက်ာ္းဆိုတဲ့ ျဖစ္တည္မႈတစ္ခုအေပၚမွာ သိပ္ၿပီး႐ြံရွာေနခဲ့သည္ေလ။ ႐ူးသြပ္သြားေလာက္တဲ့အထိ မုန္းတီးရျခင္းရဲ႕ အေၾကာင္းရင္းမွာလည္း ခိုင္လုံသည္ထက္ကို ပိုေနျပန္သည္ကိုး..။

ဝမ္းနည္းလားေမးရင္ ခေညာင္းဦးအတြက္ေတာ့ အေျဖဆိုတာမ်ိဳးေတြ ရွိမေနေလာက္မွာ ေသခ်ာမိသလိုပင္။ အဲ့ဒီအစား..၊ သားတစ္ေယာက္အျဖစ္နဲ႕ ေပးအပ္လို႔ရနိုင္မယ့္အရာအားလုံးကို မိခင္အတြက္ဆိုၿပီးဆြဲထုတ္ကာ ပုံေအာေပးခ်င္မိသည္အထိ ခ်စ္ခင္လိုပါသည္။

" အြန့္! သမီးေလး.. "

" ေမႀကီး.. နိုးလာၿပီလား "

သမီးေလးဆိုတဲ့ေခၚသံေၾကာင့္ ေမႀကီးရဲ႕စိတ္က ပုံမွန္ျပန္ျဖစ္သြားၿပီလို႔ ယူဆနိုင္သည္။

ခေရပန္းနံ႕သင္းသင္းေလးေၾကာင့္ အိပ္မႈန္စုံမႊားနဲ႕လူးလဲထလာတဲ့ ေဒၚကေညာင္းေမတစ္ေယာက္..၊ သူ႕ကိုခ်ည္ႏွောင္ထားတဲ့ သံႀကိဳးေတြကိုလည္းျမင္ပါေရာ မ်က္ႏွာကခ်က္ခ်င္းဆိုသလို စူပုပ္သြားေလေတာ့သည္။ တစ္ဆက္တည္းမွာပင္ သူ႕ပခုံးကိုထိန္းကိုင္ေပးေနတဲ့ ခေညာင္းဦးဆီ မ်က္လုံးေလးလွန္ၾကည့္လို႔ သနားကမားေလးနဲ႕ ေျပာဆိုလာသည္က..။

" ဟင့္! သမီးေလးေရ.. ဟိုအဘြားႀကီးကေလ ေမႀကီးကိုဆိုသိပ္ရက္စက္တာပဲ သိလား..။ သူလုပ္လို႔ေမႀကီးလက္ေတြ ေတာ္ေတာ္နာေနၿပီ.. ဒီမွာ ၾကည့္ပါဦး "

" ၪုံဖြ ၪုံဖြ.. သမီးျဖဳတ္ေပးမယ္ေနာ္ ေမႀကီး "

" ဟဲ့! မိေညာင္းမ.. ညည္းလုပ္လို႔ ဒီအသက္ ၆၀အ႐ြယ္အဘြားႀကီးက အရိုးမက်ိဳးတာ ကံေကာင္းတယ္မွတ္! ငါ့လက္ကိုနာေအာင္လုပ္ထားတာ.. တစ္ဖက္ပဲျဖဳတ္ေပးလိုက္ ေျမးေလး! "

အိမ္ျပင္ကြပ္ပ်စ္ကေန လွမ္းေအာ္လာတဲ့ဘြားေမေၾကာင့္ ေမႀကီးဇက္ကေလးပုဝင္ကာ သူ႕ရင္ခြင္ေသးေသးေလးထဲကို မ်က္ႏွာတိုးကြယ္ေနေတာ့သည္။

" အဲ့အဘြားႀကီးက အသက္သာႀကီးလာတာ.. နားပါးခ်က္ပဲေနာ္ ဟိ! "

" ဟီးဟီး.. "

" အမယ္ေလး.. ေၾကာက္ပါတယ္ ရွင္..! ေၾကာက္ပါတယ္ ရွင့္! ဒီအနိုင္က်င့္ခံေလးကိုပဲ ႏွိပ္စက္ခ်င္ေနၾကတာ.. ဒီကလည္း မခ်စ္ေတာ့ဘဲနဲ႕ မုန္းလိုက္မွာေနာ္! ဘာမွတ္ေနလဲ ဟိုအဘြားႀကီး! "

" အသံေကာင္းဟစ္ေနပုံေထာက္ရင္ ညည္းဒီေန႕ ထမင္းငတ္ခ်င္ေနၿပီေပါ့ေလ.. မိေညာင္းမ! "

" ဟိုအဘြားႀကီး! "

" ဘာတုံး! မိေညာင္းမ! "

သားအမိႏွစ္ေယာက္က ေလသံမေလ်ာ့စတမ္းပင္ သူတစ္ခြန္းေအာ္တာနဲ႕ ကိုယ္တစ္ခြန္းျပန္ေအာ္ၿပီးသားပင္။

" ဟဲဟဲ.. ခ်စ္တယ္ေလလို႔..! ဒီမိေညာင္းမက ထမင္းေကြၽးရင္ကို ခ်စ္ၿပီးသားပါေနာ္! "

" ဟြန္း! ငါဒါေလးသီၿပီးသြားရင္ ညည္းစားရမယ္မွတ္..။ ေျမးေလး​ေရ..! ေက်ာင္းေနာက္က်ေနမယ္ေနာ္ "

" ဟုတ္! ဘြားေမ.. "

ေမႀကီးကို လက္တစ္ဖက္ကသံႀကိဳးျဖဳတ္ေပးလိုက္ၿပီး အိမ္ခန္းထဲဝင္ဖို႔ျပင္ေနတဲ့သူ႕ကို ခ်က္ခ်င္းပင္လက္လွမ္းဆြဲလို႔ အလ်င္တားထားေလသည္။

" သမီးေလး! "

" ဟုတ္.. သမီး ဝယ္ခဲ့ေပးမယ္ေနာ္ ေမႀကီး "

" စိတ္ခ်မယ္ေနာ္ သမီးေလး.. "

" ေမႀကီးလည္း လိမၼာရမယ္ေနာ္ "

" ဟုတ္ဟုတ္.. ဒီေမႀကီးက လိမၼာၿပီးသား "

သူလိုခ်င္တာကို ခေညာင္းဦး ဝယ္ခဲ့ေပးမယ္ဆိုတည္းက ဒီေန႕တစ္ေန႕လုံးလိမ္လိမ္မာမာနဲ႕ ထမင္းအိုးေလးပိုက္ၿပီး ထိုင္ေစာင့္ေနေတာ့မယ့္ ေဒၚကေညာင္းေမရယ္။ တကယ္တမ္းက် ဘာမွ ထူးထူးဆန္းဆန္းေတာ့မဟုတ္..၊ ေက်ာင္းေရွ႕မွာေရာင္းတဲ့ တစ္ရာတန္ ဆပ္ျပာပူေဖာင္းဘူးေလးကို ဝယ္ခဲ့ခိုင္းတာပင္။

ေလထဲမွာတင္ လြတ္လပ္စြာလြင့္ေမ်ာရင္းနဲ႕ ေပ်ာက္ကြယ္သြားတတ္တဲ့ ပူေဖာင္းေလးေတြကို လိုက္လံေငးၾကည့္ေနရတာက ေမႀကီးအတြက္ေတာ့ စိတ္ေပ်ာ္ရာတစ္ခုျဖစ္ေနခဲ့သည္ေလ။

2024 / Feb / 5
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪

Continue Reading

You'll Also Like

28.1K 1.3K 5
နောင်ဘဝသာ ရှိခဲ့ရင် မောင့်လိုလူမျိုးနဲ့ ကင်းလွှတ်ခွင့် ရချင်ပါရဲ့..!!!!
6.5K 208 16
(Enhypen Maknae Line Littles!) A story of three cutie pies and their four Caregivers.
491K 34.6K 45
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
150K 6.4K 40
Amaira Romano , the princess of ITALY. A cute little inoccent girl who can make anyone heart flutter at her cuteness. Everything was going smoothly...