{Unicode}
Sensitive Content
***
ယခင် အပိုင်းမှ အဆက်...
အင်း~~~
နာကျင်မှုနှင့်အတူ နိုးလာသည့် အချိန်မှာတော့ မျက်နှာကျက်က ကားခေါင်းမိုးကို မြင်မိလိုက်ချိန်မှာတော့... အရာအားလုံးက ခေါင်းထဲ ဝင်လာသည်က မြေအောက်ခန်းထဲမှာ... ကားထဲ... ခေါင်းဆောင်နှင့် နှစ်ယောက်အတူ....
ထိုအရာကို သတိထားမိပြီး မိမိခန္ဓာကိုယ်ပေါ်ကို ကြည့်မိတော့... ခေါင်းဆောင်ရဲ့ ကုတ်တစ်ထည်သာ..
အနည်းငယ် လက်နှစ်ဖက်ကို ထောက်ကာ ထ ဖို့ ကြိုးစားမိချိန်မှာတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို... နာကျင်နေသည်...။ အဓိက ကတော့ ကျွန်တော့်ရဲ့ ပေါင်ကြားနှင့် အောက်ဘက်မှ အတော်လေးကို နာကျင်မှု....။
ထိုကြားက နာကျင်နေသည့် ထိုနေရာကို အနည်းငယ် ခန္ဓာကိုယ်ကို ကြိုးစားရင်း ထ ကြည့်ရင်းမှ ခေါင်းဆောင်ကုတ်အကျီ်အောက်မှ နာကျင်နေသည့် ထိုနေရာများကို ဆန်းစစ်မိသည်....။
ထိုအချိန်မှာတော့ နာကျင်မှုနှင့်အတူ အံ့သြမှုကြောင့် မိမိပါးစပ်ကို ပိတ်ကာ ရှိနေမိသည်...။
မိမိပေါင်ကြားနေရာမှာ ပွတ်တိုက်မိသည့် ဒဏ်ရာများက နီရဲကာ စပ်ဖျင်းနေသည်... ။ အောက်ဘက်မှ နာကျင်မှုနှင့်အတူ ရှိနေတော့ ထိုနေရာကို နံဘေးက ခွက်ထဲမှ tissueဖြင့် သုတ်ကာ ကြည့်မိတော့ ....
သွေးစနှင့်အတူ လုံးထွေးနေသည့် ပြီးဆုံးသည့် အရာများ...
ထိုအရာများကြောင့် တစ်ကိုယ်လုံး စေးကပ်နေသလိုပင်...
မိမိရှိနေသည့် ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကားနောက်ခန်းတစ်ခုလုံး အသုံးပြုပြီးသား တစ်ရှုးစများက အပြည့်ပြန့်ကျဲလိုက်ပင်...။
ကျွန်တော်လည်း ချက်ချင်း ခေါင်းဆောင်ကို သတိရတာမို့ ဘေးပတ်ဝန်းကျင်ကို လှည့်ရှာမိတော့ အခုရောက်နေသည်က တံတားတစ်ခုနှင့်အတူ မြစ်ကမ်းနားတစ်ခုကို ရောက်နေသည်...။
ဘယ်နှစ်နာရီ ရှိနေသည်လဲ မသိ... ဝန်းကျင်က တိတ်ဆိတ်နေသည်...။ မြစ်ရေပြင်ကျယ်ကို ဖြတ်ကာ ထိုးထားသည့် တံတားအပေါ်မှာတော့ ကားတစ်စီး နှစ်စီးမျှပင်...။
ကျွန်တော်တို့ နှစ်ယောက်ကတော့ မြစ်ကမ်းနံဘေးက နေရာတစ်ခုကို... ကြည့်မိတော့ မြစ်ပြင်မှ ဖြတ်တိုက်လာသော လေအေးအေးနှင့်အတူ မီးရောင်စုံတစ်ချို့နှင့် မြစ်ကမ်းနံဘေးမှာ ဖွင့်ထားသည့် ဘားဆိုင်များမှ သီချင်းသံများကို ကြားနေရသည်....။
မြစ်ကမ်းနံဘေးမှာပင် ခေါင်းဆောင်ကို ပတ်ရှာမိတော့ တံတားတစ်ခုဘက်မှာ ရပ်နေသည့် ခေါင်းဆောင်...။
Suitက သေချာကျနစွာ ဝတ်ထားသည့်အခါတိုင်း ခေါင်းဆောင်က ကြည့်ကောင်းသလို အခုလို All Blackကခေါင်းဆောင်နဲ့ လိုက်ဖက်စွာ ရှိနေသည်...။ ခေါင်းဆောင်က ပိုပြီး အရပ်ရှည်လာသည်...။ ပိုပြီးတော့ Mature ဖြစ်လာပြီး ဆွဲဆောင်မှု ရှိလာသည်....။
လက်နှစ်ဖက်မှ အကျီ်ကို တံတောင်ဆစ်အထိ လိပ်တင်ထားသည်.... ။ အမြဲတမ်း ရှိနေသည့် ကုတ်အကျီ်က ကျွန်တော့်ဆီ ရောက်နေသည်မို့ အခုလိုမျိုးက ခေါင်းဆောင်ရဲ့ ကျောပြင်ကျယ်ကို ပိုမိုမြင်သာစေပြီး အရပ်ရှည်တာမျိုးကို သိသာစေတာပင်....။
အင်း...
ခေါင်းဆောင်က အရင်ကတည်းက Handsome ဖြစ်ပါသည်...။ ဒါပေမယ့် အရင်တုန်းက ခေါင်းဆောင်နဲ့ခံစားမှုအပိုင်း ကွာသွားတော့ ဘယ်လိုပြောရမလဲ ခေါင်းဆောင်က အခုပုံစံနဲ့ ပိုလိုက်ဖက်ပါသည်....။
ဒါပေမယ့် ခေါင်းဆောင်က ကျွန်တော့်ကို မမှတ်မိတာလား? ဒါမှမဟုတ် ကျွန်တော်နှင့် ရှိနေခဲ့ဖူးသည့် အတိတ်ကိုပဲ မေ့နေခဲ့သည်လား? မေ့ပျောက်ဖို့ ကြိုးစားနေခဲ့သည်လား သေချာမသိတော့ပါ...။
ခေါင်းဆောင်ကတော့ ရေပြင်ကျယ်ကို ကြည့်ကာ ဆေးလိပ်သောက်နေဟန် ရှိပြီး ခဏအကြာမှာတော့ ကားဘက်ကို ကြည့်ကာ ပြန်လာလေပြီ...။
ကားကို သူ့အိတ်ထဲမှ အရာတစ်ခုဖြင့်ပင် ခလုတ်နှိပ်ကာ ဖွင့်လိုက်ပြီးသည့်နောက်... နောက်ခန်းမှ ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်...။
"နိုးလာပြီလား?"
ထို့နောက် ခေါင်းဆောင်က သူ့လက်မှ လက်ပတ်နာရီကို တစ်ချက် ကြည့်ပြီးသည့် နောက်မှာတော့....
ကားထဲသို့ ဝင်လာသည်... ထို့နောက် မောင်းသူနေရာမှာ ထိုင်ပြီးသည့်နောက်....
"အေးဆေး နားမလား? ဒါမှမဟုတ် တစ်ခုခု စားဦးမလား?"
(..........)
ခေါင်းကိုသာ ခါရမ်းပြလိုက်မိလိုက်တော့ ခေါင်းဆောင်က ခေါင်းကို ညိမ့်ကာ တစ်နေရာသို့ ဦးတည်ကာ မောင်းနှင်လိုက်မိသည်.... ။
နာရီဝတ်ခန့် အကြာ...
ထိုနေရာမှ နာရီဝတ်ခန့် မောင်းနှင်လာသည့် နောက်မှာတော့ မြစ်ကမ်းစပ်မှာ သဘော်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည့် အဆောက်အဦးရှိရာသို့ ဦးတည်လာသည်...။
ခေါင်းဆောင်က ထိုသဘော်အစပ်အနား ကားကို မောင်းသွားသည်...။ ကားပေါ်မ ဆင်းလိုက်သည့် တစ်ခဏမှာပင် ထိုအိမ်ထဲမှ ထွက်လာသည့် နိုင်ငံခြားသားတစ်ယောက်က ခေါင်းဆောင်ကို ဖော်ရွေစွာ ကြည့်လာသည်...။
ထိုသူက လက်ဝှေ့ရမ်းပြသည့် တစ်ခဏ... ကားကို သဘော်ပေါ်မှ အလိုလျောက် စနစ်ဖြင့် သိမ်းဆည်းဖို့ ပြင်လေတော့...
"ထားလိုက်ဦး... Daniel... ငါ အပြင်ကို ပြန်သွားရဦးမှာ...။ ပထမဆုံး အနေနဲ့... သူ့ကို medical check up လုပ်ပေးနိုင်မလား?"
ခေါင်းဆောင်က ကျွန်တော့်ကို ညွှန်ပြကာ ပြောလေတော့ ထိုသူက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး...
"သူက ဘာဖြစ်တာလဲ?"
"Sex orientation... "
"အိုကေ...ရတယ် ဒါနဲ့ စကားမစပ်... သူက ဘယ်သူလဲ? မင်း တစ်ခါမှ ဒီလောက် အလေးထားတာ မတွေ့ဖူးလို့လေ...။ အရင်က မင်း လုပ်ခဲ့တဲ့ ဘယ်တစ်ယောက်ကိုမှ ဒီလို မလုပ်ပေးခဲ့ဖူးလေ...။"
ထိုအချိန်မှာတော့ ခေါင်းဆောင်က ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး...
"စကားတွေ မများဘဲ သူ့ကို အရင်ကြည့်ပေးလို့ ရမလား?"
"ဒါနဲ့ အခါတိုင်းလည်း မင်းဘာသာ ကုနေတာ မဟုတ်လား? အခု ဘာလို့ ငါ့ဆီကို ခေါ်လာတာလဲ?"
"........"
"မင်း... သူ့ကို နာကျင်အောင် လုပ်တာ မကြိုက်ဘူး မလား?"
ထိုအချိန်မှာတော့ ခေါင်းဆောင်က ကျွန်တော့်ကို တစ်ချက်ကြည့်ကာ ကျောခိုင်းကာ ရပ်လိုက်မိသည်...။ ထို့နောက် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်ကို ထုတ်ကာ မီးခြစ်ဖြင့်ပင် မီးညှိကာ သူ့နူတ်ခမ်း၌ တေ့လိုက်ပြီး တစ်ချက်ဖွာရှိုက်သည်...။
"သူ့ကို အရင်ကြည့်ပေးလိုက်ပါ...။"
"ဒါနဲ့ ငါ သိချင်တာ..က-"
Daniel လို့ ခေါ်သည့် လူက စကားမဆုံးသေးခင်မှာပင် ခေါင်းဆောင်က သူ့နူတ်ခမ်းမှာ သူဖွာရှိုက်နေသည့် စီးကရက်ကို ကိုက်ထားရင်း သူ့လက်တစ်ဖက်က သူ့ခါးကြားမှ သေနတ်ကို ဆွဲသည်...။ ကျန်တစ်ဖက်က မောင်းတင်ကာ ထိုလူ့ဆီ ဆွဲချိန်လိုက်သည်....။
"ငါ စကားကို နှစ်ခါပြောရတာ မကြိုက်ဘူး... Daniel..."
ခေါင်းဆောင်က ထိုစကားကို ပြောပြီးသည့် နောက်မှာတော့ သူ့ကားရဲ့ မှန်ဘေး အလယ်ပေါက်မှာ တပ်ထားသည့် နေရာတစ်ခု၌ သူ့အိတ်ထဲက ကပ်ကို ဖိကာ တစ်ချက်ထိလိုက်သည်....။
ကားက တစ်ချက် အသံမြည်လာပြီး ကားတစ်စီးလုံးက အိပ်မောကျ reset ကျသွားသည့်နှယ်...
ခေါင်းဆောင်စကားနောက်မှာတော့ ထိုDanielလို့ ခေါ်သည့် သူက မိမိကို ထိုသဘော်ပုံစံ အဆောက်အဦးပေါ်မှ အခန်းတစ်ခုဆီ...။ ထိုအခန်းထဲမှာ ပိုးသတ်ဆေးအနံ့ဖြင့် ရှိနေပြီး ဆေးအစုံအလင်ဖြင့်ပင်....။
ထိုအခန်းကို ပိတ်စအပြာဖြင့်ပင် ကာထားသည်...။ ခေါင်းဆောင်ကတော့ ထိုအခန်းရှေ့ အပြင်ဘက်မှာပင်... ရပ်ကာ ရှိနေသည်....။
"တွေ့ရတာ ဝမ်းသာပါတယ်... နာမည်ဘယ်လိုခေါ်လဲ?"
(......)
"သြော်... ဒါဆို Mrs D လို့ပဲ ခေါ်လိုက်မယ်နော်...။ ဒါနဲ့ Mr Dနဲ့က ဘယ်လိုပတ်သတ်မှု ရှိတာလဲ?"
(.......)
ကျွန်တော်က ဘာအသံမှ မထွက်ဘဲ ထိုDanielဆိုသည့် သူကို ငေးကာ ကြည့်မိတော့....
Danielဆိုသည့်သူက မိမိအား ကြည့်ကာ ပြုံးလာသည်...။
"ထင်တာတော့... Mr D က မင်းကို ဖွက်ထားတာပဲ..။ Mr Dက ဒီလိုပုံစံလေးကို ကြိုက်မယ်လို့ ငါ တစ်ခါမှ မထင်ဖူးဘူး...။"
(.......)
"ပြီးတော့... သူက အဲ့လိုကိစ္စကို ဒီလောက်အထိ မလိုက်စားဘူး...။ သူ့ရဲ့ Semenကိုတောင် ပါးစပ်ထဲမှာပဲ ပြီးတာကို ကြိုက်တာ...။ ထင်တာတော့ မင်းက Mr Dရဲ့ စိတ်ကို အခြားလူတစ်ယောက်လိုကို ဖြစ်သွားအောင် လွှမ်းမိုးနိုင်တာပဲ...။"
(.......)
"မင်းကတော့ ကံအကောင်းဆုံး ဖြစ်နိုင်သလို ကံအဆိုးဆုံးလည်း ဖြစ်နိုင်တယ်...။ ဒီနယ်မှာ Mr D တို့လိုမျိုး အဖွဲ့အစည်းတွေ အများကြီး ရှိတယ်...။ အဲ့ဒီထဲမှာတော့ Mr Dက သြဇာအာဏာ အရှိဆုံးပဲ...။ သူ့ရဲ့ အကြိုက်ဖြစ်ရတာက သူ့ကို လက်ခံသရွေ့ မင်းအဆင်ပြေတယ်...။ လက်မခံနိုင်တဲ့ တစ်နေ့တော့ မင်းအတွက် သေလမ်းကလွဲ တစ်ခြားလမ်း မရှိဘူး..."
"........"
"ဒါပေမယ့် အခုတော့ မင်း ကံကောင်းတယ် ဆိုရမလား? မင်းကိုတော့ သူ့အသုံးအဆောင်တွေနဲ့ တရင်းတနှီး ရှိစေတာပဲ...။ သူ့ရဲ့ ကားပေါ် ဘယ်သူကမှ သူနှင့်အတူ မပြောနဲ့ တစ်ယောက်တည်းတောင် စီးနှင်းခွင့် မရှိဘူး..."
(.......)
"ပြီးတော့... မင်းကို ခေါ်လာတာက Ferrari လေ..."
ထိုစကားနောက်မှာတော့ ကျွန်တော်လည်း နားမလည်နိုင်စွာဖြင့် ထိုသူကို ကြည့်မိတော့... ထိုသူက တစ်ချက်ရယ်သည်....။
"Mr Dက သူ့ကားတွေလိုပဲ အလိုက်ထိုက် ရှိတယ်...။ ဇိမ်ခံပွဲတွေနဲ့... အေးအေးဆေးဆေး ပွဲတက်ရမယ်ဆို Roll Royce နဲ့ BMW ကို သုံးပေမယ့် အလျင်လွန်နေတာမျိုးဆိုရင်တော့... Ferrari ထဲက ရွေးတော့တာပဲ...။ ကြည့်ရတာတော့ မင်းကို သူက ဘယ်သူမှ မတွေ့စေချင်ပုံပဲ...။"
(.......)
Daniel ဆိုသည့် လူတစ်ယောက်ရဲ့ စကားနောက်မှာတော့ မိမိလည်း အပြင်မှာ ရပ်ကာ ရှိနေသည့် ခေါင်းဆောင်ကိုသာ ငေးကြည့်မိလိုက်သည်....။
နာရီအနည်းငယ် ကြာသောအခါ...
အင်း...
ရုတ်တရက် မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်မိသည်...။ အခုတစ်ခါ မြင်နေရသည့် မျက်နှာကျက်က မိမိမရင်းနှီးသည့် နေရာတစ်ခု...
အသေအချာလေး ပြန်ပြီး တွေးကြည့်မှ ခေါင်းထဲ ရောက်လာသည်က ဟိုမှာ ဆေးကုပြီး နောက်ပိုင်း အိပ်ပျော်သွားတာ... အခုက ဘယ်နေရာလဲ?
နံဘေးမှ အရာအားလုံးကို ဝေ့ဝဲကြည့်လိုက်မိတော့ push up လုပ်နေသည့် ခေါင်းဆောင်က အပေါ်ပိုင်း ဗလာဖြင့်ပင်...
"နိုးလာပြီလား?"
(ဟုတ်ကဲ့...)
"သက်သာလား?"
ခေါင်းဆောင်က သူလေ့ကျင့်ခန်းလုပ်တာကို ခဏနားပြီး ရေတစ်ဗူးကို ယူကာ သောက်လေသည်...။ ထို့နောက် မိမိအနားသို့ လျှောက်လာသည်...။
(ဟုတ်ကဲ့...)
ခဏအကြာမှာတော့ ခေါင်းဆောင်က သူ့လက်ထဲမှ သောက်လက်စ ရေတစ်ဗူးကို ဖျစ်ညှစ်ကာ ကျွန်တော့်ကို ရုတ်တရက် ခါးမှ ရစ်သိုင်းကာ ဆွဲယူသည်...။
ကျွန်တော့်ကို သူ့ရင်ခွင်အောက်မှာ ထားပြီး push upကို ဆက်ပြီး လုပ်နေသည်...။ ကျွန်တော့်မှာတော့ ဆွဲဆောင်မှုပြင်းတဲ့ ခေါင်းဆောင်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို မကြည့်မိအောင် ကြိုးစား ထိန်းနေရသည်...။
"အခုချိန်မှာသာ မင်းရဲ့ပါးစပ်တွေကိုသာ သုံးလိုက်မယ်ဆိုရင် it's burn all of your mouth"
ခေါင်းဆောင်ရဲ့ သြရှရှ ထိုအသံနှင့်အတူ... ကြွက်သားမြှောင်များ..
သန်မာမှုအပြည့် အကြောများ...
ချွေးစများ...
ထို့နောက် ... အထက်အောက် လှုပ်ရှားနေသည့် Adam's apple
လူကို ရူးအောင် ပြုစားနေတာပဲ..။
Dard light Hotel..
Dark Light Hotel မှာတော့ ထုံးစံအတိုင်း Casino ရုံများ၊ အပျော်မယ်များ၊ မှောင်ခိုမျိုးစုံ လုပ်သည့်သူများ၊ VIPများနှင့် ခြေရှုပ်နေသည့် အနေအထားပင်...။
သူ့ကို အနားပေးရန်အတွက် မိမိရဲ့ privacy အပြည့်အဝ ရှိသည့် အိမ်တစ်လုံးဆီမှာပဲ ထားခဲ့သည်...။ အိမ်ဝန်းတစ်ခုလုံး အပြည့် CCTVများ တပ်ထားခဲ့သည်...။ အချိန်တိုင်း သူ့ကို စစ်ဆေးနေရင်းမှ စိတ်ထဲ အတွေးထဲ သူတစ်ယောက်တည်း စိုးမိုးနေသည့် အနေအထား....
Dark light Hotel sightseeing မှ တစ်ချက်ကြည့်နေရင်းမှ အခန်းတံခါး ခေါက်သံနှင့်အတူ Lamorရဲ့ အသံကြောင့်... သတိတို့ ပြန်စုလိုက်မိသည်...။
"Sir. Lamor"
"Come In..."
ထိုစကားနောက်မှာတော့ အခန်းထဲသို့ ဝင်လာသည့် Lamor. သူ့လက်ထဲမှ File တစ်ခုနှင့်အတူ...
"Phoenix Gang. Blade Gang's some important profile, here."
"ငါ့ဆီ ထားခဲ့... ဒါနဲ့ အခု သွားတက်မယ့် ပွဲအခြေအနေကရော..."
"အားလုံးတော့ ရှင်းတယ် Sir. ဒါပေမယ့် သူတို့ဘက်မှာ Plan Bတော့ ရှိနိုင်တယ်..."
"မဟုတ်ဘူး... Plan C အထိ ရှိနိုင်တယ်... ဒါဆို ငါတို့ သွားကြတော့မလား?"
ဂိုဏ်းခေါင်းဆောင်ကတော့ သူ့ကိုယ်ပေါ်မှ Suit ကို အပြည့်အစုံ ဝတ်ဆင်လိုက်သည်...။ ထိုအကျီ်အပေါ်မှ ကုတ်အကျီ်အရှည်ကို ထပ်အုပ်ကာ ပုခုံးပေါ် တင်ထားသည်...။
"ဒါနဲ့... Sir ကျွန်တော်တို့ ဘာကို ယူခဲ့မလဲ?"
"အိတ်ဆောင်အဖြစ် တစ်လက်လောက်တော့ သယ်လို့ရမှာပေါ့...။ ဒါပေမယ့် ငါတို့ရဲ့ Capacityက 100 ဆိုရင် 6-8 target ပေါ့...။"
"ဒါပေမယ့်... ကျည်အပိုတော့ ဆောင်ထားသင့်တယ် ထင်တယ်... Sir"
"မလိုပါဘူး... ဘာလို့ဆို ငါတို့ တစ်ခါမှ မလွဲဖူးဘူးလေ..။ သွားမယ်... Lamor"
ဟုတ်ပါသည် ။ ခေါင်းဆောင်က ဘယ်တော့မှ မလွှဲဘူးပါ...။ ခေါင်းဆောင်ရဲ့ ခန့်မှန်းချက်တွေက ဘယ်တော့မှ မမှားဖူးတာမို့....။
"ဟုတ်ကဲ့ Sir"
တစ်နာရီခန့် အကြာ
Free 9 Hotel
ကျွန်တော်တို့ တက်ရောက်ရမည့် နေရာသို့ ရောက်လေပြီ..။ ခေါင်းဆောင်ကတော့ လမ်းတစ်လျှောက်လုံး ဘာမှမပြောဘဲ... မျက်လုံးကို မှတ်ကာ အိပ်လျက်...
Free 9Hotel ရှေ့ ကားကို အရှိန်လျှော့ကာ ရပ်တန့်ပြီးသည်နှင့် ချက်ချင်း မျက်လုံးကို ဖွင့်လာသည်...။
"Sir, are you ok?"
" အခု သွားရအောင်... လိုအပ်တာတွေကို တစ်ခါတည်း ပြင်ဆင်ပြီး လာခဲ့နော်...။"
"ဟုတ်ကဲ့ ဆရာ..."
ကားကို အသေအချာ ပါကင်ထိုးကာ သိမ်းဆည်းပြီးသည်နှင့် Free 9 Hotel ထဲသို့...
မိမိတို့ကို ကြိုဆိုပြီးသည်နှင့် Receptionမှာ ခေါင်းဆောင်က သူ့အိတ်ကပ်ထဲမှ Cardအနက်တစ်ခုကို ထုတ်ပြလေတော့ နံဘေးမှ ဟိုတယ်ဝန်ထမ်းက ကျွန်တော်တို့ကို ခေါ်ကာ တစ်နေရာသို့...
အခန်းတစ်ခုပြီး တစ်ခု လှည့်ပတ်သွားပြီးသည့်နောက်မှာတော့ အခန်းတစ်ခုရှေ့မှာ ရပ်တန့်သွားလေပြီ...
ထိုတံခါးရှေ့မှ ထိုဝန်ထမ်းက ခေါင်းကိုငုံ့ကာ အရိုအသေပေးကာ ထွက်သွားလေပြီ။ ထိုအချိန်မှာတော့...
"ဒီအတိုင်း ဝင်သွားလို့ ရပါတယ်.. Mr အထဲမှာ ရှိပါတယ်...။"
"ကောင်းပြီ"
ထို့နောက် ထိုတံခါးကို နှစ်ချက်မျှ ခေါက်ပြီးသည့် နောက်မှာတော့ အထဲမှ တစ်စုံတစ်ယောက်က တံခါးဖွင့်ကာ ကြိုဆိုလာသည်....။
ထိုသူကတော့ မိမိကို အထဲသို့ ဝင်စေသည်...။ ထိုအထဲမှာ ရှိနေသည့် လူတစ်ယောက်ကတော့ မိမိကို တွေ့သည်နှင့်....
"Oh.. Welcome Mr D. Come and sit"
ထိုသူကတော့ မိမိကို သူနှင့်မျက်နှာချင်းဆိုင် နေရာတစ်နေရာမှာ ရှိစေသည်...။
"... ဘယ်လိုလဲ Mr D. အရောင်းအဝယ်တွေရော အဆင်ပြေရဲ့လား?"
"ပြေပါတယ်... Mr Ven.... အခု ဘယ်ပစ္စည်းလေးတွေ ရောက်နေလဲ ကြည့်ပါရစေ..."
"ကျုပ်တို့ ဆီမှာတော့ ပစ္စည်းကတော့ အသင့် Ready ရှိတယ်...။ အဲ့ဒီဘက်က လိုက်နိုင် မလိုက်နိုင်ပေါ်မှာပဲ မူတည်တာ...။"
ထိုစကားနောက်မှာတော့ မိမိလည်း တစ်ချက်ပြုံးကာ မိမိနောက်မှ Lamorကို ခေါင်းညိမ့်ပြလိုက်မိတော့ ... Lamorက ငွေအမောက်ကို စားပွဲပေါ်သို့....
Venကတော့ စားပွဲပေါ်မှ ငွေအမောက်ကို ကြည့်ပြီးသည့်နောက်... သူ့နောက်မှ လူတစ်ယောက်ကို လက်ဝှေ့ရမ်းပြလိုက်သည်။ ထိုဘက်မှ လူတစ်ယောက်ကလည်း စားပွဲပေါ်သို့ သူတို့ပစ္စည်းများကို တင်လာသည်...။
"Check.... Mr D"
ပစ္စည်းကို Lamorကို တစ်ချက်စစ်ခိုင်းပြီးသည့် နောက်မှာတော့....
"အင်း..."
Lamorဘက်က စစ်ကာ အချက်ပေးသည့်နောက် မိမိလည်း ခေါင်းကို ညိမ့်လိုက်မိတော့ Mr Venက တဟားဟား ရယ်ကာ ပြုံးလာသည်...။
Mr Venက ထိုင်းတရုတ်လူမျိုးပင် ဖြစ်သည်...။ ဒီလောကမှာ အခုနောက်ပိုင်းမှ ဝင်လာပေမယ့် အရမ်းလူရည်လည်သည့်သူ...။
Mr Venက သူ့နောက်ဘက် လူများက စီးကရက်ထုတ်ကာ မီးညှိတာကို Mr Venက ရှုရှိုက်ဖွာရင်းမှ...
"ကဲ... မပြောဘူးလား? ပစ္စည်းတွေက ကောင်းပါတယ်လို့... ဒါဆို ခဏနေဦး... ငါ အရေးတကြီး ကိစ္စရှိလို့ ဒီမှာပြတ်သွားပြီဆိုရင် ရွေ့တော့မယ်လေ...။"
"ကောင်းပါပြီ..."
ခေါင်းကို ညိမ့်ကာ ပြောလိုက်မိတော့ Mr Venက တဟီးဟီးဖြင့် ရယ်ကာ ဆေးလိပ်တိုကို ခဲရင်း အခန်းထဲမှ တရွေ့ရွေ့... ။ နောက်ဆုံး တံခါးဝမှ ထွက်သွားဖို့ ပြင်ချိန်မှာတော့....
"Mr Ven..."
ထိုစကားနောက်မှာတော့ Mr Venက သူ့ခြေလှမ်းတို့ ရပ်တန့်သွားပေမယ့် နောက်ကို လှည့်မကြည့်လာခဲ့...။
"ခဏနေပါဦး... ဧည့်သည်ကို ဒီအတိုင်း ထားခဲ့မှာလား? ကစားပွဲဆိုလည်း ပြီးအောင် ကစားရတယ်လေ...။"
ထိုအချိန်မှာတော့ Mr Venက နောက်သို့ လှည့်ကာ ကြည့်လာသည်...။ ဘေးနားက Lamorက Mr Venကို တွဲခေါ်ကာ အစောနက နေရာမှာပင် ထိုင်စေသည်....။
"ကဲဗျာ... ကျုပ်တို့ တစ်ပွဲလောက် ကံစမ်းပွဲလေး လုပ်ကြည့်မလား?"
မိမိကုတ်အကျီ်အောက်က သေနတ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်မိသည်...။ သေနတ်ကျည်ဆံများကိုပါ တစ်ခါတည်း တင်ပေးထားမိသည်...။
ထို့နောက် မိမိဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ကို ထုတ်၊ နံဘေးက အိတ်ထဲက ဒေါ်လာတစ်ရွက်ကို မီးညှိကာ ဆေးလိပ်ကို မီးစွဲဖို့ လုပ်လိုက်မိသည်...။
ဆေးလိပ်မီးစွဲသွားသည့် တစ်ခဏမှာတော့ အနည်းငယ်သာ ကြွင်းကျန်သည့် ဒေါ်လာတစ်ရွက်ကတော့ အစ တစ်ခုဖြင့်သာ မြေ၌ ကျလျက်...။ ဆေးလိပ်ကို ဖွာရှိုက်လိုက်ရင်းမှ...
"... ခင်ဗျား အရင် စ မလား? ကျုပ် အရင် စ ရမလား? "
အကြောက်တရားဖြင့် ရှိနေသည့် Mr Venကတော့ အသက်မရှိသည့်နှယ် မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်လျက်...
"Mr Ven, Don' Bark; if you can't bite."
ညပိုင်း
Dark Light Hotel
ည ရှစ်နာရီ...
"Sir. Alena is here.."
ပြင်ပမှ အသံကို ကြားလေတော့ Sofa ခုံပေါ် တင်ထားသည့် အကျီ်ရှည်ကို ဆွဲကာ ခြုံလိုက်မိသည်...။
Alena ဆိုတာ မိမိခေါင်းထဲမှ အမျိုးသမီးတစ်ယောက်... သူမက Cyber အပိုင်းကို တာဝန်ယူသည့် တစ်စုံတစ်ယောက်...။ ဂိုဏ်းထဲမှ Tattoo တော်တော်များများကို သူမကပဲ ထိုးပေးတာမျိုးပင်...
အခန်းထဲ ဝင်လာသည့် Alena..
မျက်နှာတည်ဖြင့်ပင်...
"Sir.. အခုရော ဘယ်လိုပုံစံလေး.. စဥ်းစားထားလဲ?
" Capital letter of M"
"Where?"
"Forefinger..."
"Ok..."
"And...
My Mermaid line..."
မုဒယစကားဝါ...
ခေါင်းဆောင်က တစ်နေရာပြီး တစ်နေရာ ကျွန်တော့်ကို ပြောင်းရွေ့ထားသည်...။ အခုတစ်ခါကတော့ ပင်လယ်ကမ်းစပ်မှာ ရှိနေသည့် အိမ်တစ်လုံးပင်...။
ခေါင်းဆောင်အိမ်များက သီးသန့်ဖြင့် CCTVများကို နေရာတိုင်း တပ်ဆင်ထားသည်...။
ခေါင်းဆောင်ကတော့ ကျွန်တော့်ကို ဒီမှာ ထားခဲ့ပြီး အရေးကြီး ကိစ္စတစ်ခုကြောင့် ပြန်ထွက်သွားသည်...။ ကျွန်တော့်ကို... ဒီမှာ အေးအေးဆေးဆေး နေခိုင်းလေပြီ...။
ဝရန်တာဘက် တစ်ချက် ထွက်ပြီးသည့်နောက် ရေပြင်ကျယ်နှင့်အတူ နေဝင်ချိန်ကိုသာ ငေးကြည့်မိလိုက်သည်...။
ထို့နောက် ခြံဝန်းတစ်ဖက်မှ စားသောက်ဆိုင်တန်းမှ ရေခဲမုန့်ဆိုင်ကို မုန့်လိုက်မိတော့ စားချင်သည့် အာသီသ ဖြစ်မိသည်....။
ထိုအချိန်မှာပင် ခြံဝန်းဘဲလ်သံကို ကြားလိုက်ရစဥ်မှာတော့ ခေါင်းဆောင်များ ဖြစ်နေမလား ဆိုပြီး ထိုနေရာသို့ အပြေးအလွှားပင်....။
တံခါးကို ဖွင့်ကာ ကြည့်မိလိုက်တော့ ခေါင်းဆောင် ဘေးနားမှာ တွေ့ရတတ်တဲ့ တစ်ယောက်...
"Sir ခေါ်ခိုင်းလိုက်ပါတယ်... Mrs D"
ဦးညွှတ်ကာ အရိုအသေပေးရင်း ပြောလာသည့်သူ...။ သူတို့ ဖွင့်ပေးသည့် ကားထဲသို့ ဝင်လိုက်မိသည်...။ ထို့နောက်.... ကားလေးကလည်း မကြာမီပင် လေးညှို့မှ လွှတ်သည့် မြှားတစ်စီးနှယ်...
နာရီဝတ်ခန့်အကြာ...
ထိုသူက မိမိကို နေရာတစ်ခုသို့ ခေါ်လာသည်...။ ထိုနေရာ ရောက်စဥ်မှာတော့ ကားတံခါးကို ဖွင့်ပေးလေတော့ ကျွန်တော်လည်း စဥ်းစားမိသည်...။ ဒီနေရာက အရင်ရောက်နေကျ Hotel မဟုတ်သည်မို့ အသစ်အဆန်းတစ်ခု အဖြစ်...
"Mrs.. D Mudaya..."
အသံလားရာကို ကြည့်မိတော့ ထိုသူက မိမိကို တစ်နေရာသို့ ဦးဆောင်က ခေါ်သွားလေပြီ...။
ကျွန်တော့်အတွက် စကားတွေ အများကြီး ရှိပေမယ့် ကျွန်တော် သူတို့နားလည်သည့် အနေအထားတစ်ခုကို ရောက်ဖို့က...
နောက်ဆုံးတော့ ကျွန်တော် သူ့ကို ကြည့်နေတာကို သတိထားမိသည့် သူက...
"Don't worry. Sir D have been at there.."
ထိုသူက ကျွန်တော့်ကို Directionတစ်ခုကို ညွှန်ပြီးသည့် နောက်မှာတော့...
ဂျက်လေယာဥ်တစ်စီး...
ထိုသူက အဲ့ဒီဂျက်လေယာဥ်အနားသို့ ကျွန်တော့်ကို လိုက်ပို့ပြီးသည့်နောက် ဂျက်လေယာဥ်ပေါ်သို့ တက်သည့် လှေကားမှာပင် သူက ဦးညွှတ်ကာ ကျန်နေခဲ့သည်...။
ကျွန်တော်လည်း မသိ နားမလည်သည့် အနေအထားဖြင့်ပင် ဂျက်လေယာဥ်ပေါ် တက်လိုက်မိတော့ ဂျက်လေယာဥ်ပေါ်မှာ ဘယ်သူမှ မရှိ...။
ကျွန်တော်လည်း တရွေ့ရွေ့ လျှောက်လှမ်းမိတော့... အခန်းတစ်ခုထဲမှာ ထိုင်နေသည့် လူတစ်ယောက်...။
ထိုသူက ကျောပေးကာ သူ့လက်ထဲမှာ ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားသည်...။ တစ်ဖက်မှ စီးကရက်တစ်လိပ်ကိုလည်း လက်ကြားညှပ်ထားသည်...။
ကျွန်တော်လည်း တရွေ့ရွေ့ လျှောက်မိတော့ ထိုသူက နားလျင်သည် ထင်သည်...။ ကျွန်တော့်ကို လက်ဝှေ့ယမ်းကာ သေနတ်တစ်လက်ဖြင့် ချိန်လာသည်...။
ကျွန်တော်လည်း အချိန်အတော်ကြာ ရပ်နေပြီးသည့်နောက် ထိုသူက ကျွန်တော့်ဘက်သို့ လှည့်လာပြီး...
"..Come.. my supremacy...."
ဘာတဲ့...
ဒါက Private Jetဆိုသည့် အရာလား?
"ဒီနေ့ ဘယ်သွားခဲ့သေးလဲ?"
(.......)
ခေါင်းကိုသာ ခါရမ်းလိုက်မိသည်...။ ထိုအချိန်မှာတော့ ခေါင်းဆောင်က တစ်ချက်ပြုံးလိုက်ပြီးသည့်နောက် သူ့လက်ထဲမှ ဝိုင်ခွက်ကို ခုံပေါ်သို့ ချထားလိုက်သည်...။
"ဒါဆို တစ်နေရာ သွားကြမလား? ဒီနေ့ ပွဲတစ်ပွဲ တက်ဖို့ ရှိတယ်... မင်းနဲ့ အတူပေါ့...။"
(.........)
"အရင်ဆုံး... သွားမယ့်နေရာတစ်ခု ရှိတယ်...။ Jet or Car"
Jet ဒါဆိုတာက အရမ်းကြီး extra ဖြစ်မှာစိုးသည်မို့ ကျွန်တော်က ကားကိုသာ ညွှန်းလေတော့ ခေါင်းဆောင်က သူ့ဆောင်ကို ညိမ့်သည်....။
ထို့နောက် Jetပေါ်မှ ဆင်းလာခဲ့ပြီးသည့်နောက် နေရာတစ်ခုကို ခေါင်းဆောင်က ဦးဆောင် လျှောက်သွားလေပြီ...။
ကျွန်တော်လည်း နောက်မှ လိုက်ပါရင်းမှ မကြာမီပင် ခေါင်းဆောင် စီးနေကျ မဟုတ်သည့် Brand အသစ်ဖြင့် ကားတစ်စီး....
ထိုရှေ့မှာ ခေါင်းဆောင်က ရပ်ကာ ကျွန်တော့်ကို စောင့်နေသည်။ ကျွန်တော်လည်း ထိုအနားကို မြန်မြန်လျှောက်မိတော့ ခေါင်းဆောင်က သူ့လက်ထဲမှ ကဒ်အမည်းတစ်ခုနှင့် ဖိကပ်လေသည်...။
ချက်ချင်း ကားရဲ့ Operation မှန်သမျှ အကုန်လုပ်ဆောင်ပြီးသည့်နောက်... ခေါင်းဆောင်က ကားပေါ်ကို တက်လေသည်...။ ထို့နောက် ကျွန်တော့်အတွက် ကားတံခါးကို ဖွင့်ပေးလေတော့ ကျွန်တော်လည်း ကားပေါ်သို့...
"ဒီမျက်နှာက... လူတကာကို စွန်ကြဲမနေနဲ့..."
ထို့နောက်မှာတော့ ခေါင်းဆောင်က ကျွန်တော့်လည်တိုင်ကို ကိုင်ကာ အောက်သို့ ဖိချသည်...။
"Sensitive Content"
N- သိတာတွေလည်း သိ... မြင်တာတွေလည်း မြင်ပြီးပြီမို့... စိတ်က နစ်မရလို့... အနားယူပါဦးမယ်ဗျ...။
Wednesday:07:2024:1:January:22:23PM
{Zawgyi}
Sensitive Content
***
ယခင် အပိုင်းမှ အဆက်...
အင်း~~~
အင်း...
"နိုးလာပြီလား?"
(..........)
နာရီဝတ်ခန့် အကြာ...
"သူက ဘာဖြစ်တာလဲ?"
"Sex orientation... "
"........"
"ဒါနဲ့ ငါ သိချင်တာ..က-"
(......)
(.......)
(.......)
(.......)
"........"
(.......)
(.......)
အင်း...
"နိုးလာပြီလား?"
(ဟုတ်ကဲ့...)
"သက်သာလား?"
(ဟုတ်ကဲ့...)
ချွေးစများ...
Dard light Hotel..
"Sir. Lamor"
"Come In..."
"ဟုတ်ကဲ့ Sir"
တစ်နာရီခန့် အကြာ
Free 9 Hotel
"Sir, are you ok?"
"ဟုတ်ကဲ့ ဆရာ..."
"ကောင်းပြီ"
"Check.... Mr D"
"အင်း..."
"ကောင်းပါပြီ..."
"Mr Ven..."
ညပိုင်း
Dark Light Hotel
ည ရှစ်နာရီ...
"Sir. Alena is here.."
မျက်နှာတည်ဖြင့်ပင်...
" Capital letter of M"
"Where?"
"Forefinger..."
"Ok..."
"And...
My Mermaid line..."
မုဒယစကားဝါ...
နာရီဝတ်ခန့်အကြာ...
"Mrs.. D Mudaya..."
ဂျက်လေယာဉ်တစ်စီး...
"..Come.. my supremacy...."
ဘာတဲ့...
(.......)
(.........)
"Sensitive Content"