Unicode
ဟယ်လို မစ္စတာ ကျိုး
အပိုင်း ၁၈
ထိုအချိန်၌ တံခါး အဆက်မပြတ် ခေါက်နေတဲ့အသံက ထွက်ပေါ်လာခဲ့သည်။
ဒေါက်..ဒေါက်...ဒေါက်....
ကျိုးရှို့လင်း စကားပြောဖို့လုပ်စဥ် ကျန်းရှောင်က မီးပုံးပျံတစ်လုံးလို လေလျော့သွားသည်။ "ကိုယ် သွားဖွင့်လိုက်မယ်"
ကျိုးရှို့လင်း ရုတ်တရက် သဘောကျစရာကောင်းတာကို တွေ့လိုက်ရပေမယ့် သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။ ကျန်းချင်၊ အိုး၊ သူ အချိန်မှားပြီးတော့ မရောက်လာနိုင်ပါဘူး။
သေချာတာကတော့ တံခါးဖွင့်လိုက်တာနဲ့ ကျန်းချင် ပါပဲ။
"မစ္စတာ ကျိုး " ကျန်းချင် တံခါးဝသို့ ဝင်လာပြီးနောက် သူ့အကြည့်က ကျန်းရှောင်ဆီ ရွေ့သွားကာ သူ့နှုတ်ခမ်းတွေက ယဉ်ကျေးပြီး တည်ငြိမ်တဲ့ အပြုံးဖြင့် ကွေးသွားသည်။ "မဒမ်"
မဒမ်...
ကျန်းရှောင်ရဲ့ မေးရိုးတွေ ပြုတ်ကျလုနီးပါးဖြစ်သွားပြီး သူမ၏ မျက်နှာက ရှော့ရမှုနှင့် ပြည့်နှက်နေခဲ့သည်။ "လက်ထောက် ကျန်း "
"မဒမ်၊ မဒမ်အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ" ကျန်းချင် ယဉ်ယဉ်ကျေးကျေးနဲ့ ချောမွေ့စွာ မေးလိုက်သည်။
ကျန်းရှောင်က နှုတ်ခမ်း ကိုက်လိုက်သည်။ "အရင်ကလို ကျွန်မနာမည်ပဲ ခေါ် "
ကျန်းချင် အတော်လေး ချီတုံချတုံ ဖြစ်နေသည်။
သူတို့ကို တချိန်လုံး စောင့်ကြည့်နေတဲ့ ကျိုးရှို့လင်းက သူတို့နှစ်ယောက်ကို အထူးသဖြင့် ကျန်းချင်ကို စိုက်ကြည့်နေသည်။ " ၈နာရီခွဲ လို့ ပြောထားတာ မဟုတ်လား။ အခုမှ ၈နာရီ ၉မိနစ် ပဲရှိသေးတယ်"
ကျန်းချင် ပြုံးလိုက်သည်။ "ကျွန်တော် ကားလမ်းပိတ်မှာ ကြောက်လို့ နည်းနည်းစောထွက်လာခဲ့တာ။ မစ္စတာ ကျိုး၊ ကျွန်တော် ရှေ့ကနေဦးဆောင်ပြီး မဒမ် နဲ့လိုက်သွားပါ့မယ်"
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။
ကျန်းရှောင် - "........"
ကျန်းချင်က စိတ်အားထက်သန်စွာနဲ့ ကျန်းရှောင်၏ ခရီးဆောင်အိတ်ကိုသယ်ဖို့ ရည်ရွယ်ထားပေမယ့် ကျိုးရှို့လင်းက သူ့ကိုရိုက်ချပြီး ခရီးဆောင်အိတ်ကို မ သွားခဲ့သည်။ "မင်း ကားဆီ အရင်သွား"
ကျန်းချင် သူ့အမှားကို နားလည်ဖို့ နောက်ကျသွားပြီ။ သူလာတာ စောလွန်းသွားသည်။ ထို့ကြောင့် သူ အမြန် အောက်ထပ်ကို ဆင်းသွားလိုက်သည်။
ကျန်းရှောင်က ကျိုးရှို့လင်းရဲ့ဘေးက လိုက်ပါလာသည်။ ဤမြင်ကွင်းက တွန့်ဆုတ်ခြင်းနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော ခရီးရှည်ကြီးကိုသွားမည့် ဇနီးဖြစ်သူအား ခင်ပွန်းဖြစ်သူက လိုက်ပို့ပေးပြီး နှုတ်ဆက်နေတဲ့ပုံနှင့် တူသည်။
ကျိုးရှို့လင်းမှာ အလားတူ အတွေးမျိုး ရှိ မရှိဆိုတာကို သူမ မသိပေ။
သူ သူမကို နှုတ်ဆက်အနမ်းတစ်ပွင့် ပေးမှာလား။
အောက်ထပ်တွင် ကျိုးရှို့လင်းက ခရီးဆောင်အိတ်ကို ကားပစ္စည်းခန်းထဲထည့်လိုက်ပြီး ကျန်းရှောင်ဘက်ကို လှည့်ကြည့်လိုက်သည်။ "ကားထဲဝင်တော့"
ကျန်းရှောင်က သူမမှာ ဘာမျှော်လင့်ချက်မှ မထားသင့်မှန်း သိလိုက်ရသည်။ "ဒါဆို ကျွန်မ သွားပြီနော်" သူမ အံကြိတ်လိုက်သည်။ "ကိုယ့်ကိုယ်ကို ဂရုစိုက်"
ကျိုးရှို့လင်း ပေါ့ပေါ့တန်တန် အသိအမှတ်ပြုပြီး သူ့ကိုယ်သူအတွက် စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုခဲ့သည်။ မဆိုးပါဘူး။
နှစ်ယောက်သား ခေါင်းညိတ်ကာ နှုတ်ဆိတ်မှုဖြင့် နှုတ်ဆက်ခဲ့ကြသည်။
သူမ ကားပေါ်တက်ပြီး နောက်ခုံမှာ ဝင်ထိုင်လိုက်သည်။
ကားက တဖြည်းဖြည်း စတင်ရွေ့လျားလာသည်။
ရုတ်တရက် ခေါင်းကိုလှည့်လိုက်တော့ ထိုနေရာမှာ သူ ရပ်နေသေးတာကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ကျန်းရှောင်က သူမ၏ နှလုံးသားထဲက ငြိမ်သက်ခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။
ရင်ထဲမှာ နွေးထွေးတဲ့ခံစားမှုတစ်ခု......
ကားထဲမှာ နားမလည်နိုင်တဲ့ သီချင်းတစ်ပုဒ်ဖွင့်ထားသည်။
....
မင်းနဲ့ငါ လူသူကင်းမဲ့တဲ့လမ်းမှာ အနမ်းတစ်ပွင့်နဲ့ လမ်းခွဲခဲ့တယ်
မငြင်းဆန်နိုင်လို့ လေကို လှောင်ပြောင်ခွင့်ပြုလိုက်တယ်
ဖရိုဖရဲညမှာ အနမ်းတစ်ပွင့်နဲ့ ခွဲခွာခဲ့ပြီး
ငါ့နှလုံးသားက ဝမ်းနည်းခြင်းရဲ့ ရောက်ရှိလာခြင်းကို စောင့်မျှော်နေတယ်
....
ကျန်းရှောင် အံကိုတင်းတင်းကြိတ်ထားခဲ့သည်။ "လက်ထောက် ကျန်း၊ ကျွန်မတို့ သီချင်းကို ပြောင်းလို့ရလား"
"မဒမ် ဘာသီချင်းနားထောင်ချင်လဲ"
ကျန်းရှောင် - " ...... " သူ သူမကို ဒီလိုခေါ်တာကို တကယ် စွဲလန်းသွားပြီပဲ။
ကျန်းချင် သီချင်း ပြောင်းလိုက်သည်။
ကျန်းရှောင် နှုတ်ခမ်းကို ကွေးလိုက်ပြီး ခေါင်းစောင်းကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ နေရောင်ခြည်က မှန်တယ်၊ ကောင်းကင်က ကြည်လင်ပြီး လန်းဆန်းနေသည်။
မစ္စတာ ကျိူး၊ လဝက်ကျရင် ပြန်တွေ့ကြမယ်။
သူမ ဗိုက်ကို ထိလိုက်သည်။ ကျွန်မနဲ့ ပဲပင်ပေါက်လေးကို မလွမ်းပါနဲ့။
ကျန်းရှောင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ဆီ သွားပြီးနောက် ကျိုးရှို့လင်းရဲ့ အလုပ်များတဲ့ လုပ်ရိုးလုပ်စဉ်သို့ ပြန်သွားခဲ့သည်။
မေမေ ကျိုးက သောကြာညနေခင်းတွင် ပရဟိတ လေလံပွဲသို့သွားကာ ကျိုးရှို့လင်းဆီ ဖုန်းဆက်ပြီး သူမနှင့်အတူလိုက်ပေးဖို့တောင်းဆိုခဲ့သည်။
ကျိုးရှို့လင်း - "အဖေကကော။ ဘာလို့ အဖေ့ကို မမေးတာလဲ"
မေမေကျိုး - "သူလည်း တစ်ခုခုနဲ့ အလုပ်ရှုပ်နေတယ်"
ကျိုးရှို့လင်း - "ကျွန်တော် သောကြာနေ့ကျရင် လာခေါ်မယ်"
မေမေ ကျိုး - "သားနဲ့ ကျန်းရှောင် ခုနောက်ပိုင်း ဘာတွေလုပ်နေကြလဲ "
သူတို့နှစ်ယောက် လက်ထပ်ပြီးနောက် ကျိုးရှို့လင်းက ကျန်းရှောင်ကို တစ်ကြိမ်တည်း အိမ်ခေါ်လာပြီး မိသားစုနှင့်အတူ ထမင်းစားကြသည်။ မေမေ ကျိုးက သူမ နှလုံးသားထဲ နာကြည်းမှုအချို့ကို ဖုံးကွယ်ထားဆဲဖြစ်တာကြောင့် ကျန်းရှောင်နှင့် သူမ၏ ဆက်ဆံရေးက ယဉ်ကျေးပြီး သမားရိုးကျဆန်နေခဲ့သည်။
ကံကောင်းထောက်မစွာ ကျန်းရှောင်သည် လူကြီးသူမတွေကို အလွန်အမင်း လေးစားတာကို ကျင့်သားရမနေပေ။ ဤယဉ်ကျေးမှုက အမှန်တကယ်ပင် သူမအား ပိုမိုလက်ခံလာစေသည်။
ဒါပေမယ့် မမျှော်လင့်ဘဲ ကျန်းရှောင်နှင့် ဖေဖေကျိုးတို့ စကားစမြည်ပြောနိုင်ခဲ့သည်။ ဖေဖေကျိုးက စစ်တုရင်ကစားတာကို နှစ်သက်ပြီး ပေါ့ပေါ့ပါးပါး စကားပြောရင်း ကျန်းရှောင်က သူမ၏ စစ်တုရင်ကစားနိုင်စွမ်းကို ပြောပြခဲ့သည်။ ဒါကို သိလိုက်ရတော့ ဖေဖေ ကျိုးက သူမကို ဂိမ်းတစ်ခုကစားဖို့ ဖိတ်ခေါ်ခဲ့ပြီး သုံးပွဲကစားခဲ့သည်။
ကျန်းရှောင် နှစ်ပွဲနိုင်သွားသည်။
ဖေဖေကျိုး စစ်တုရင်ခုံကိုကြည့်ပြီး အတွေးပျက်သွားရသည်။
ကျန်းရှောင် ဖေဖေကျိုးကို မှင်သက်စွာကြည့်နေခဲ့သည်။ "ဦးလေး ကျေးဇူးပြုပြီး စိတ်ဆိုးမနေပါနဲ့။ နောက်တစ်ခါ ဦးလေးကို နည်းနည်းလေး အနိုင်ယူခွင့်ပေးမယ်"
ဖေဖေကျိုး - "......"
ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ ထွက်သွားတဲ့အခါ ဖေဖေကျိုးက သူမကို အချိန်ရရင်ပြန်လာပြီး စစ်တုရင်ကစားဖို့ တောင်းဆိုခဲ့သည်။
.....
ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "အမေ၊ ကျန်းရှောင် က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို သွားလိုက်တယ်"
မေမေ ကျိုးက မေးလိုက်သည်။ "သူမ ဘယ်အချိန်ထိနေမှာလဲ"
ကျိုးရှို့လင်း ပြန်ဖြေခဲ့သည်။ "လဝက် "
မေမေကျိုး စဉ်းစားချင့်ချိန်လိုက်သည်။ ကျန်းရှောင် က ယန်ယန် ပြောခဲ့တဲ့အတိုင်းပဲ။
သူမရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကျိုးရှို့လင်းကိုတွဲတာလား။ ကျန်းရှောင် ကြောင့် ကျိုးယန်ယန် အချိန်အတော်ကြာ စိတ်ဆိုးခဲ့ပြီး ကျိုး မိသားစုအတွင်း အငွေ့အသက်တွေ လျော့ပါးသွားခဲ့သည်။
ကံကောင်းထောက်မစွာ လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် ကျိုးယန်ယန်က အလုပ်စလုပ်ခဲ့ပြီး သူမ၏ အလုပ်များမှုကြောင့် သူမ၏ ဆုံးရှုံးမှုနှင့် ဒေါသခံစားချက်ကို ပျော့ပျောင်းသွားစေခဲ့သည်။
ကျိုးရှို့လင်းနဲ့ စကားအနည်းငယ်ပြောပြီးနောက် မေမေကျိုး ဖုန်းချလိုက်သည်။ သူမ သက်ပြင်းချလိုက်သည်။ ချက်ခြင်းကြီး ချွေးမတစ်ယောက်ရလိုက်တာကို သူမတကယ် မတုံ့ပြန်ခဲ့ဘူးဆိုတာကို အသိတရားရသွားသည်။
သောကြာညနေခင်းတွင် ကျိုးရှို့လင်းက သူ့မိခင်နဲ့ ဗီလာဟိုတယ်ဆီ လိုက်ပါခဲ့သည်။
လေလံပွဲက ကုမ္ပဏီအသီးသီးမှ လူမှုရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့သည် ညလုံးပေါက် ပစ္စည်းတွေ အများအပြားကို လေလံတင်ရောင်းချခဲ့ပြီး ရရှိသည့်ငွေများကို အနောက်ဘက်ခြမ်းရှိ ကလေးများအတွက် ကျောင်းဆောက်ခြင်း၊ လမ်းများ ပြုပြင်ခြင်းနှင့် ကလေးများအတွက် အဝတ်အစားအသစ်များ ပံ့ပိုးပေးမည်ဖြစ်သည်။
ညနေပိုင်းတွင် ကျိုးရှို့လင်းသည် ရည်းစားနဲ့အတူ လာတဲ့ မိုရီဟန်ကို တွေ့လိုက်ရသည်။ မိုရီဟန်က သူ့အဖော်ရဲ့ လက်ကို ပုတ်လိုက်တော့ သူမက နှုတ်ခမ်းစူပြီး ထွက်သွားခဲ့သည်။
မိုရီဟန်က မေးခဲ့သည်။ "မင်း အခုနောက်ပိုင်း ဘာအလုပ်ရှုပ်နေတာလဲ၊ ဘာလို့ အပြင်မထွက်တာလဲ"
ကျိုးရှို့လင်းက သူ့ကို အေးစက်စွာ ကြည့်ခဲ့သည်။ "မင်း ကျောက်ရှင်းရန်နဲ့ ပြတ်သွားပြီလား "
မိုရီဟန် သူ့နှာခေါင်းကို ထိလိုက်သည်။ "ငါတို့က သူငယ်ချင်းကောင်းတွေပါပဲ။ မင်းဘာလို့ ဒါကို ရုတ်တရက်ကြီး စိတ်ဝင်စားနေတာလဲ"
ကျိုးရှို့လင်းက သူ့ဘယ်ဘက်လက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ပြေပြစ်စွာ ကြည့်ခဲ့သည်။ " ကျောက်ရှင်းရန် နဲ့ ခပ်ဝေးဝေးနေ "
မိုရီဟန် အံ့သြသွားပုံရသည်။ "မင်း သူ့ကို တကယ်ကြီး စိတ်ဝင်စားနေတယ်လို့ မပြောနဲ့။ ဒီလိုဆိုရင် ငါသေချာပေါက် သူ့ကိုထိမှာ မဟုတ်ဘူး "
ကျိုးရှို့လင်း သူ့ကို တည့်တည့်စိုက်ကြည့်လိုက်တော့ မိုရီဟန် က သူ့မှာ အပြစ်ရှိသလို ခံစားသွားရသည်။
"စိတ်မပူပါနဲ့ ငါနဲ့သူမကြားမှာ ဘာမှမရှိဘူး။ မင်း သိလား။ ကျောက်ရှင်းရန် ရဲ့လက်ထောက်က တော်တော်ကို ဉာဏ်နီဉာဏ်နက်များတယ်။ ကျောက်ရှင်းရန်နဲ့ ငါ အဲဒီနှစ်ရက်လုံးလုံး အဆင်ပြေနေတာ။ ဒါပေမယ့် အဲဒီလက်ထောက်က ကျောက်ရှင်းရန်ကို ဖုန်းဆက်တယ်ကွာ၊ ပြီးတော့ သူမ ဦးနှောက်ဆေးခံလိုက်ရပြီး ငါ့ကို စပြီး လျစ်လျူရှုသွားတော့တာပဲ"
ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ တစ်ခါတစ်ရံတွင် ကြယ်ပွင့်တွေက သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်စေပြီး အမှားတွေ မကျူးလွန်မိစေဖို့ ကူညီရန် ထိုကဲ့သို့သော လက်ထောက်များကို အမှန်တကယ် လိုအပ်သည်။
မိုရီဟန် ကျိုးရှို့လင်းကို သံသယအပြည့်ဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ နှစ်တွေကြာလာပြီးနောက်မှာတော့ သူ ဘယ်မိန်းမကိုမှ ဂရုမစိုက်တာ မမြင်ခဲ့ဖူးဘူး ကျောက်ရှင်းရန် ကို ဘာကြောင့် သူ ရုတ်တရက်ကြီး စိတ်ဝင်စားလာတာလဲ။
ကောင်းပြီ၊ သူ့အစ်ကိုရဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေအတွက် စိုးရိမ်မှုတချို့ကိုသူပြဖို့လိုတယ်။
" "သာယာဝပြောသောကမ္ဘာ" ကို စရိုက်ကူးနေပြီလို့ ကြားတယ်။ နောက်ဆုံးမှာ ကျင်းကျုံးပိုင် ဘယ်လိုလုပ်ပြီး သဘောတူသွားတာလဲ"
"ချင်းရင်က သူနဲ့ အဆက်အစပ်ရှိတယ်၊ ပြီးတော့ သူမက ဇာတ်ကားရဲ့ အမြတ်ငွေရဲ့ ၁၀% ကိုလည်း သူ့ကိုကမ်းလှမ်းခဲ့တယ်"
"ဝိုး အရမ်းတော်တာပဲ။ ကျောက်ရှင်းရန် အခုတလော ကျင်းကျုံးပိုင်နဲ့ ရိုက်ရမယ့်scene တချို့ရှိတယ်။ ကျင်းကျုံးပိုင်က သရုပ်ဆောင်စွမ်းရည်ရှိပြီး လူကောင်းတစ်ယောက်လို့ သူမ ပြောဖူးတယ်။ သူက ဇာတ်လမ်းတွဲမှာ တော်တော်နာမည်ကြီးပြီး မိန်းကလေးတော်တော်များများကို စွဲလန်းစေတယ်။ ငါစောစောသာ သိခဲ့မယ်ဆိုရင် ငါလည်း သရုပ်ဆောင် ဖြစ်လာမှာ”
ကျိုးရှို့လင်း အေးစက်စွာပြုံးလိုက်သည်။ "မင်း အရမ်းစိတ်ဝင်စားရင် တစ်ရက်နားပြီး ရိုက်ကွင်းကိုလိုက်သွားကြည့်"
မိုရီဟန် ဆိုဖာပေါ် မှီချလိုက်သည်။ “မသွားဘူး၊ ဟိုမှာ အရမ်းပူတယ်။ ဒီနောက်ပိုင်း ၄၀ ဒီဂရီ လောက်ရှိတယ်။ဒီဒုက္ခကို မခံစားချင်ဘူး"
ကျိုးရှို့လင်း ဘာမှဆက်မပြောတော့ဘဲ ထမင်းစားခန်းဆီ လျှောက်သွားလိုက်သည်။
မိုရီဟန် အမြန်အမှီလိုက်ခဲ့သည်။ "မင်းဘာလို့ ရုတ်တရက်ကြီး ရိုက်ကွင်းဆီသွားချင်ရတာလဲ။" တကယ်ပဲ ကျောက်ရှင်းရန်ကြောင့်လား။
ကျိုးရှို့လင်း ဝိုင်တစ်ခွက် မော့လိုက်သည်။
ထိုအချိန်တွင် လှပတဲ့ အမျိုးသမီးတစ်ဦးက ဆန့်ကျင်ဘက်အရပ်မှ သူတို့ဆီ လျှောက်လာခဲ့သည်။ သူမသည် ခရမ်းရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်ကို ဆံထိုးဖြင့် ထိုးထားသည်။ အလှဆင်ထားမှု သိပ်မရှိပေမယ့် အဲ့တာက သူမရဲ့ စိတ်နေစိတ်ထားကို ဖုံးကွယ်ထားလို့ မရပေ။
"မစ္စတာ ကျိုး၊ မစ္စတာ မို" လျန့်ယွဲ့၏ အသံက နူးညံ့သည်။
"မင်္ဂလာပါ ဆရာမ လျန့် " ကျိုးရှို့လင်းနှင့် မိုရီဟန်တို့ နှုတ်ဆက်လိုက်သည်။
•••••••••
Zawgyi
ဟယ္လို မစၥတာ က်ိဳး
အပိုင္း ၁၈
ထိုအခ်ိန္၌ တံခါး အဆက္မျပတ္ ေခါက္ေနတဲ့အသံက ထြက္ေပၚလာခဲ့သည္။
ေဒါက္..ေဒါက္...ေဒါက္....
က်ိဳး႐ိႈ႕လင္း စကားေျပာဖို႔လုပ္စဥ္ က်န္းေ႐ွာင္က မီးပုံးပ်ံတစ္လုံးလို ေလေလ်ာ့သြားသည္။ "ကိုယ္ သြားဖြင့္လိုက္မယ္"
က်ိဳး႐ိႈ႕လင္း ႐ုတ္တရက္ သေဘာက်စရာေကာင္းတာကို ေတြ႕လိုက္ရေပမယ့္ သူ႕ကိုယ္သူ ထိန္းထားႏိုင္ခဲ့သည္။ က်န္းခ်င္၊ အိုး၊ သူ အခ်ိန္မွားၿပီးေတာ့ မေရာက္လာႏိုင္ပါဘူး။
ေသခ်ာတာကေတာ့ တံခါးဖြင့္လိုက္တာနဲ႔ က်န္းခ်င္ ပါပဲ။
"မစၥတာ က်ိဳး " က်န္းခ်င္ တံခါးဝသို႔ ဝင္လာၿပီးေနာက္ သူ႕အၾကည့္က က်န္းေ႐ွာင္ဆီ ေ႐ြ႕သြားကာ သူ႕ႏႈတ္ခမ္းေတြက ယဥ္ေက်းၿပီး တည္ၿငိမ္တဲ့ အျပဳံးျဖင့္ ေကြးသြားသည္။ "မဒမ္"
မဒမ္...
က်န္းေ႐ွာင္ရဲ႕ ေမး႐ိုးေတြ ျပဳတ္က်လုနီးပါးျဖစ္သြားၿပီး သူမ၏ မ်က္ႏွာက ေ႐ွာ့ရမႈႏွင့္ ျပည့္ႏွက္ေနခဲ့သည္။ "လက္ေထာက္ က်န္း "
"မဒမ္၊ မဒမ္အတြက္ ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲ" က်န္းခ်င္ ယဥ္ယဥ္ေက်းေက်းနဲ႔ ေခ်ာေမြ႕စြာ ေမးလိုက္သည္။
က်န္းေ႐ွာင္က ႏႈတ္ခမ္း ကိုက္လိုက္သည္။ "အရင္ကလို ကြၽန္မနာမည္ပဲ ေခၚ "
က်န္းခ်င္ အေတာ္ေလး ခ်ီတုံခ်တုံ ျဖစ္ေနသည္။
သူတို႔ကို တခ်ိန္လုံး ေစာင့္ၾကည့္ေနတဲ့ က်ိဳး႐ိႈ႕လင္းက သူတို႔ႏွစ္ေယာက္ကို အထူးသျဖင့္ က်န္းခ်င္ကို စိုက္ၾကည့္ေနသည္။ " ၈နာရီခြဲ လို႔ ေျပာထားတာ မဟုတ္လား။ အခုမွ ၈နာရီ ၉မိနစ္ ပဲ႐ွိေသးတယ္"
က်န္းခ်င္ ျပဳံးလိုက္သည္။ "ကြၽန္ေတာ္ ကားလမ္းပိတ္မွာ ေၾကာက္လို႔ နည္းနည္းေစာထြက္လာခဲ့တာ။ မစၥတာ က်ိဳး၊ ကြၽန္ေတာ္ ေ႐ွ႕ကေနဦးေဆာင္ၿပီး မဒမ္ နဲ႔လိုက္သြားပါ့မယ္"
က်ိဳး႐ိႈ႕လင္း ေခါင္းညိတ္လိုက္သည္။
က်န္းေ႐ွာင္ - "........"
က်န္းခ်င္က စိတ္အားထက္သန္စြာနဲ႔ က်န္းေ႐ွာင္၏ ခရီးေဆာင္အိတ္ကိုသယ္ဖို႔ ရည္႐ြယ္ထားေပမယ့္ က်ိဳး႐ိႈ႕လင္းက သူ႕ကို႐ိုက္ခ်ၿပီး ခရီးေဆာင္အိတ္ကို မ သြားခဲ့သည္။ "မင္း ကားဆီ အရင္သြား"
က်န္းခ်င္ သူ႕အမွားကို နားလည္ဖို႔ ေနာက္က်သြားၿပီ။ သူလာတာ ေစာလြန္းသြားသည္။ ထို႔ေၾကာင့္ သူ အျမန္ ေအာက္ထပ္ကို ဆင္းသြားလိုက္သည္။
က်န္းေ႐ွာင္က က်ိဳး႐ိႈ႕လင္းရဲ႕ေဘးက လိုက္ပါလာသည္။ ဤျမင္ကြင္းက တြန္႔ဆုတ္ျခင္းႏွင့္ စိုးရိမ္ပူပန္မႈမ်ား ျပည့္ႏွက္ေနေသာ ခရီး႐ွည္ႀကီးကိုသြားမည့္ ဇနီးျဖစ္သူအား ခင္ပြန္းျဖစ္သူက လိုက္ပို႔ေပးၿပီး ႏႈတ္ဆက္ေနတဲ့ပုံႏွင့္ တူသည္။
က်ိဳး႐ိႈ႕လင္းမွာ အလားတူ အေတြးမ်ိဳး ႐ွိ မ႐ွိဆိုတာကို သူမ မသိေပ။
သူ သူမကို ႏႈတ္ဆက္အနမ္းတစ္ပြင့္ ေပးမွာလား။
ေအာက္ထပ္တြင္ က်ိဳး႐ိႈ႕လင္းက ခရီးေဆာင္အိတ္ကို ကားပစၥည္းခန္းထဲထည့္လိုက္ၿပီး က်န္းေ႐ွာင္ဘက္ကို လွည့္ၾကည့္လိုက္သည္။ "ကားထဲဝင္ေတာ့"
က်န္းေ႐ွာင္က သူမမွာ ဘာေမွ်ာ္လင့္ခ်က္မွ မထားသင့္မွန္း သိလိုက္ရသည္။ "ဒါဆို ကြၽန္မ သြားၿပီေနာ္" သူမ အံႀကိတ္လိုက္သည္။ "ကိုယ့္ကိုယ္ကို ဂ႐ုစိုက္"
က်ိဳး႐ိႈ႕လင္း ေပါ့ေပါ့တန္တန္ အသိအမွတ္ျပဳၿပီး သူ႕ကိုယ္သူအတြက္ စိုးရိမ္ပူပန္မႈကို အသိအမွတ္ျပဳခဲ့သည္။ မဆိုးပါဘူး။
ႏွစ္ေယာက္သား ေခါင္းညိတ္ကာ ႏႈတ္ဆိတ္မႈျဖင့္ ႏႈတ္ဆက္ခဲ့ၾကသည္။
သူမ ကားေပၚတက္ၿပီး ေနာက္ခုံမွာ ဝင္ထိုင္လိုက္သည္။
ကားက တျဖည္းျဖည္း စတင္ေ႐ြ႕လ်ားလာသည္။
႐ုတ္တရက္ ေခါင္းကိုလွည့္လိုက္ေတာ့ ထိုေနရာမွာ သူ ရပ္ေနေသးတာကို ေတြ႕လိုက္ရသည္။
ထိုအခ်ိန္တြင္ က်န္းေ႐ွာင္က သူမ၏ ႏွလုံးသားထဲက ၿငိမ္သက္ျခင္းကို ႐ုတ္တရက္ ခံစားလိုက္ရသည္။
ရင္ထဲမွာ ေႏြးေထြးတဲ့ခံစားမႈတစ္ခု......
ကားထဲမွာ နားမလည္ႏိုင္တဲ့ သီခ်င္းတစ္ပုဒ္ဖြင့္ထားသည္။
....
မင္းနဲ႔ငါ လူသူကင္းမဲ့တဲ့လမ္းမွာ အနမ္းတစ္ပြင့္နဲ႔ လမ္းခြဲခဲ့တယ္
မျငင္းဆန္ႏိုင္လို႔ ေလကို ေလွာင္ေျပာင္ခြင့္ျပဳလိုက္တယ္
ဖ႐ိုဖရဲညမွာ အနမ္းတစ္ပြင့္နဲ႔ ခြဲခြာခဲ့ၿပီး
ငါ့ႏွလုံးသားက ဝမ္းနည္းျခင္းရဲ႕ ေရာက္႐ွိလာျခင္းကို ေစာင့္ေမွ်ာ္ေနတယ္
....
က်န္းေ႐ွာင္ အံကိုတင္းတင္းႀကိတ္ထားခဲ့သည္။ "လက္ေထာက္ က်န္း၊ ကြၽန္မတို႔ သီခ်င္းကို ေျပာင္းလို႔ရလား"
"မဒမ္ ဘာသီခ်င္းနားေထာင္ခ်င္လဲ"
က်န္းေ႐ွာင္ - " ...... " သူ သူမကို ဒီလိုေခၚတာကို တကယ္ စြဲလန္းသြားၿပီပဲ။
က်န္းခ်င္ သီခ်င္း ေျပာင္းလိုက္သည္။
က်န္းေ႐ွာင္ ႏႈတ္ခမ္းကို ေကြးလိုက္ၿပီး ေခါင္းေစာင္းကာ ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။ ေနေရာင္ျခည္က မွန္တယ္၊ ေကာင္းကင္က ၾကည္လင္ၿပီး လန္းဆန္းေနသည္။
မစၥတာ က်ိဴး၊ လဝက္က်ရင္ ျပန္ေတြ႕ၾကမယ္။
သူမ ဗိုက္ကို ထိလိုက္သည္။ ကြၽန္မနဲ႔ ပဲပင္ေပါက္ေလးကို မလြမ္းပါနဲ႔။
က်န္းေ႐ွာင္ ႐ုပ္႐ွင္ႏွင့္ ႐ုပ္ျမင္သံၾကားၿမိဳ႕ဆီ သြားၿပီးေနာက္ က်ိဳး႐ိႈ႕လင္းရဲ႕ အလုပ္မ်ားတဲ့ လုပ္႐ိုးလုပ္စဥ္သို႔ ျပန္သြားခဲ့သည္။
ေမေမ က်ိဳးက ေသာၾကာညေနခင္းတြင္ ပရဟိတ ေလလံပြဲသို႔သြားကာ က်ိဳး႐ိႈ႕လင္းဆီ ဖုန္းဆက္ၿပီး သူမႏွင့္အတူလိုက္ေပးဖို႔ေတာင္းဆိုခဲ့သည္။
က်ိဳး႐ိႈ႕လင္း - "အေဖကေကာ။ ဘာလို႔ အေဖ့ကို မေမးတာလဲ"
ေမေမက်ိဳး - "သူလည္း တစ္ခုခုနဲ႔ အလုပ္႐ႈပ္ေနတယ္"
က်ိဳး႐ိႈ႕လင္း - "ကြၽန္ေတာ္ ေသာၾကာေန႔က်ရင္ လာေခၚမယ္"
ေမေမ က်ိဳး - "သားနဲ႔ က်န္းေ႐ွာင္ ခုေနာက္ပိုင္း ဘာေတြလုပ္ေနၾကလဲ "
သူတို႔ႏွစ္ေယာက္ လက္ထပ္ၿပီးေနာက္ က်ိဳး႐ိႈ႕လင္းက က်န္းေ႐ွာင္ကို တစ္ႀကိမ္တည္း အိမ္ေခၚလာၿပီး မိသားစုႏွင့္အတူ ထမင္းစားၾကသည္။ ေမေမ က်ိဳးက သူမ ႏွလုံးသားထဲ နာၾကည္းမႈအခ်ိဳ႕ကို ဖုံးကြယ္ထားဆဲျဖစ္တာေၾကာင့္ က်န္းေ႐ွာင္ႏွင့္ သူမ၏ ဆက္ဆံေရးက ယဥ္ေက်းၿပီး သမား႐ိုးက်ဆန္ေနခဲ့သည္။
ကံေကာင္းေထာက္မစြာ က်န္းေ႐ွာင္သည္ လူႀကီးသူမေတြကို အလြန္အမင္း ေလးစားတာကို က်င့္သားရမေနေပ။ ဤယဥ္ေက်းမႈက အမွန္တကယ္ပင္ သူမအား ပိုမိုလက္ခံလာေစသည္။
ဒါေပမယ့္ မေမွ်ာ္လင့္ဘဲ က်န္းေ႐ွာင္ႏွင့္ ေဖေဖက်ိဳးတို႔ စကားစျမည္ေျပာႏိုင္ခဲ့သည္။ ေဖေဖက်ိဳးက စစ္တုရင္ကစားတာကို ႏွစ္သက္ၿပီး ေပါ့ေပါ့ပါးပါး စကားေျပာရင္း က်န္းေ႐ွာင္က သူမ၏ စစ္တုရင္ကစားႏိုင္စြမ္းကို ေျပာျပခဲ့သည္။ ဒါကို သိလိုက္ရေတာ့ ေဖေဖ က်ိဳးက သူမကို ဂိမ္းတစ္ခုကစားဖို႔ ဖိတ္ေခၚခဲ့ၿပီး သုံးပြဲကစားခဲ့သည္။
က်န္းေ႐ွာင္ ႏွစ္ပြဲႏိုင္သြားသည္။
ေဖေဖက်ိဳး စစ္တုရင္ခုံကိုၾကည့္ၿပီး အေတြးပ်က္သြားရသည္။
က်န္းေ႐ွာင္ ေဖေဖက်ိဳးကို မွင္သက္စြာၾကည့္ေနခဲ့သည္။ "ဦးေလး ေက်းဇူးျပဳၿပီး စိတ္ဆိုးမေနပါနဲ႔။ ေနာက္တစ္ခါ ဦးေလးကို နည္းနည္းေလး အႏိုင္ယူခြင့္ေပးမယ္"
ေဖေဖက်ိဳး - "......"
က်န္းေ႐ွာင္ႏွင့္ က်ိဳး႐ိႈ႕လင္းတို႔ ထြက္သြားတဲ့အခါ ေဖေဖက်ိဳးက သူမကို အခ်ိန္ရရင္ျပန္လာၿပီး စစ္တုရင္ကစားဖို႔ ေတာင္းဆိုခဲ့သည္။
.....
က်ိဳး႐ိႈ႕လင္း ျပန္ေျပာလိုက္သည္။ "အေမ၊ က်န္းေ႐ွာင္ က ႐ုပ္႐ွင္နဲ႔ ႐ုပ္ျမင္သံၾကားၿမိဳ႕ေတာ္ကို သြားလိုက္တယ္"
ေမေမ က်ိဳးက ေမးလိုက္သည္။ "သူမ ဘယ္အခ်ိန္ထိေနမွာလဲ"
က်ိဳး႐ိႈ႕လင္း ျပန္ေျဖခဲ့သည္။ "လဝက္ "
ေမေမက်ိဳး စဥ္းစားခ်င့္ခ်ိန္လိုက္သည္။ က်န္းေ႐ွာင္ က ယန္ယန္ ေျပာခဲ့တဲ့အတိုင္းပဲ။
သူမရဲ႕ အသက္ေမြးဝမ္းေၾကာင္းအတြက္ က်ိဳး႐ိႈ႕လင္းကိုတြဲတာလား။ က်န္းေ႐ွာင္ ေၾကာင့္ က်ိဳးယန္ယန္ အခ်ိန္အေတာ္ၾကာ စိတ္ဆိုးခဲ့ၿပီး က်ိဳး မိသားစုအတြင္း အေငြ႕အသက္ေတြ ေလ်ာ့ပါးသြားခဲ့သည္။
ကံေကာင္းေထာက္မစြာ လြန္ခဲ့တဲ့ရက္အနည္းငယ္တြင္ က်ိဳးယန္ယန္က အလုပ္စလုပ္ခဲ့ၿပီး သူမ၏ အလုပ္မ်ားမႈေၾကာင့္ သူမ၏ ဆုံး႐ႈံးမႈႏွင့္ ေဒါသခံစားခ်က္ကို ေပ်ာ့ေပ်ာင္းသြားေစခဲ့သည္။
က်ိဳး႐ိႈ႕လင္းနဲ႔ စကားအနည္းငယ္ေျပာၿပီးေနာက္ ေမေမက်ိဳး ဖုန္းခ်လိုက္သည္။ သူမ သက္ျပင္းခ်လိုက္သည္။ ခ်က္ျခင္းႀကီး ေခြၽးမတစ္ေယာက္ရလိုက္တာကို သူမတကယ္ မတုံ႔ျပန္ခဲ့ဘူးဆိုတာကို အသိတရားရသြားသည္။
ေသာၾကာညေနခင္းတြင္ က်ိဳး႐ိႈ႕လင္းက သူ႕မိခင္နဲ႔ ဗီလာဟိုတယ္ဆီ လိုက္ပါခဲ့သည္။
ေလလံပြဲက ကုမၸဏီအသီးသီးမွ လူမႈေရးဆိုင္ရာ ထိပ္တန္းပုဂၢိဳလ္မ်ားကို ဖိတ္ေခၚခဲ့သည္။ ၎တို႔သည္ ညလုံးေပါက္ ပစၥည္းေတြ အမ်ားအျပားကို ေလလံတင္ေရာင္းခ်ခဲ့ၿပီး ရ႐ွိသည့္ေငြမ်ားကို အေနာက္ဘက္ျခမ္း႐ွိ ကေလးမ်ားအတြက္ ေက်ာင္းေဆာက္ျခင္း၊ လမ္းမ်ား ျပဳျပင္ျခင္းႏွင့္ ကေလးမ်ားအတြက္ အဝတ္အစားအသစ္မ်ား ပံ့ပိုးေပးမည္ျဖစ္သည္။
ညေနပိုင္းတြင္ က်ိဳး႐ိႈ႕လင္းသည္ ရည္းစားနဲ႔အတူ လာတဲ့ မိုရီဟန္ကို ေတြ႕လိုက္ရသည္။ မိုရီဟန္က သူ႕အေဖာ္ရဲ႕ လက္ကို ပုတ္လိုက္ေတာ့ သူမက ႏႈတ္ခမ္းစူၿပီး ထြက္သြားခဲ့သည္။
မိုရီဟန္က ေမးခဲ့သည္။ "မင္း အခုေနာက္ပိုင္း ဘာအလုပ္႐ႈပ္ေနတာလဲ၊ ဘာလို႔ အျပင္မထြက္တာလဲ"
က်ိဳး႐ိႈ႕လင္းက သူ႕ကို ေအးစက္စြာ ၾကည့္ခဲ့သည္။ "မင္း ေက်ာက္႐ွင္းရန္နဲ႔ ျပတ္သြားၿပီလား "
မိုရီဟန္ သူ႕ႏွာေခါင္းကို ထိလိုက္သည္။ "ငါတို႔က သူငယ္ခ်င္းေကာင္းေတြပါပဲ။ မင္းဘာလို႔ ဒါကို ႐ုတ္တရက္ႀကီး စိတ္ဝင္စားေနတာလဲ"
က်ိဳး႐ိႈ႕လင္းက သူ႕ဘယ္ဘက္လက္ကို အိတ္ကပ္ထဲ ထည့္ထားၿပီး ေျပျပစ္စြာ ၾကည့္ခဲ့သည္။ " ေက်ာက္႐ွင္းရန္ နဲ႔ ခပ္ေဝးေဝးေန "
မိုရီဟန္ အံ့ၾသသြားပုံရသည္။ "မင္း သူ႕ကို တကယ္ႀကီး စိတ္ဝင္စားေနတယ္လို႔ မေျပာနဲ႔။ ဒီလိုဆိုရင္ ငါေသခ်ာေပါက္ သူ႕ကိုထိမွာ မဟုတ္ဘူး "
က်ိဳး႐ိႈ႕လင္း သူ႕ကို တည့္တည့္စိုက္ၾကည့္လိုက္ေတာ့ မိုရီဟန္ က သူ႕မွာ အျပစ္႐ွိသလို ခံစားသြားရသည္။
"စိတ္မပူပါနဲ႔ ငါနဲ႔သူမၾကားမွာ ဘာမွမ႐ွိဘူး။ မင္း သိလား။ ေက်ာက္႐ွင္းရန္ ရဲ႕လက္ေထာက္က ေတာ္ေတာ္ကို ဉာဏ္နီဉာဏ္နက္မ်ားတယ္။ ေက်ာက္႐ွင္းရန္နဲ႔ ငါ အဲဒီႏွစ္ရက္လုံးလုံး အဆင္ေျပေနတာ။ ဒါေပမယ့္ အဲဒီလက္ေထာက္က ေက်ာက္႐ွင္းရန္ကို ဖုန္းဆက္တယ္ကြာ၊ ၿပီးေတာ့ သူမ ဦးေႏွာက္ေဆးခံလိုက္ရၿပီး ငါ့ကို စၿပီး လ်စ္လ်ဴ႐ႈသြားေတာ့တာပဲ"
က်ိဳး႐ိႈ႕လင္း ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးလိုက္သည္။ တစ္ခါတစ္ရံတြင္ ၾကယ္ပြင့္ေတြက သူတို႔ကို လမ္းေၾကာင္းမွန္ေပၚ ေရာက္ေစၿပီး အမွားေတြ မက်ဴးလြန္မိေစဖို႔ ကူညီရန္ ထိုကဲ့သို႔ေသာ လက္ေထာက္မ်ားကို အမွန္တကယ္ လိုအပ္သည္။
မိုရီဟန္ က်ိဳး႐ိႈ႕လင္းကို သံသယအျပည့္ျဖင့္ တိတ္တဆိတ္ ေစာင့္ၾကည့္ေနခဲ့သည္။ ႏွစ္ေတြၾကာလာၿပီးေနာက္မွာေတာ့ သူ ဘယ္မိန္းမကိုမွ ဂ႐ုမစိုက္တာ မျမင္ခဲ့ဖူးဘူး ေက်ာက္႐ွင္းရန္ ကို ဘာေၾကာင့္ သူ ႐ုတ္တရက္ႀကီး စိတ္ဝင္စားလာတာလဲ။
ေကာင္းၿပီ၊ သူ႕အစ္ကိုရဲ႕ စိတ္ပိုင္းဆိုင္ရာကိစၥေတြအတြက္ စိုးရိမ္မႈတခ်ိဳ႕ကိုသူျပဖို႔လိုတယ္။
" "သာယာဝေျပာေသာကမ႓ာ" ကို စ႐ိုက္ကူးေနၿပီလို႔ ၾကားတယ္။ ေနာက္ဆုံးမွာ က်င္းက်ံဳးပိုင္ ဘယ္လိုလုပ္ၿပီး သေဘာတူသြားတာလဲ"
"ခ်င္းရင္က သူနဲ႔ အဆက္အစပ္႐ွိတယ္၊ ၿပီးေတာ့ သူမက ဇာတ္ကားရဲ႕ အျမတ္ေငြရဲ႕ ၁၀% ကိုလည္း သူ႕ကိုကမ္းလွမ္းခဲ့တယ္"
"ဝိုး အရမ္းေတာ္တာပဲ။ ေက်ာက္႐ွင္းရန္ အခုတေလာ က်င္းက်ံဳးပိုင္နဲ႔ ႐ိုက္ရမယ့္scene တခ်ိဳ႕႐ွိတယ္။ က်င္းက်ံဳးပိုင္က သ႐ုပ္ေဆာင္စြမ္းရည္႐ွိၿပီး လူေကာင္းတစ္ေယာက္လို႔ သူမ ေျပာဖူးတယ္။ သူက ဇာတ္လမ္းတြဲမွာ ေတာ္ေတာ္နာမည္ႀကီးၿပီး မိန္းကေလးေတာ္ေတာ္မ်ားမ်ားကို စြဲလန္းေစတယ္။ ငါေစာေစာသာ သိခဲ့မယ္ဆိုရင္ ငါလည္း သ႐ုပ္ေဆာင္ ျဖစ္လာမွာ”
က်ိဳး႐ိႈ႕လင္း ေအးစက္စြာျပဳံးလိုက္သည္။ "မင္း အရမ္းစိတ္ဝင္စားရင္ တစ္ရက္နားၿပီး ႐ိုက္ကြင္းကိုလိုက္သြားၾကည့္"
မိုရီဟန္ ဆိုဖာေပၚ မွီခ်လိုက္သည္။ “မသြားဘူး၊ ဟိုမွာ အရမ္းပူတယ္။ ဒီေနာက္ပိုင္း ၄၀ ဒီဂရီ ေလာက္႐ွိတယ္။ဒီဒုကၡကို မခံစားခ်င္ဘူး"
က်ိဳး႐ိႈ႕လင္း ဘာမွဆက္မေျပာေတာ့ဘဲ ထမင္းစားခန္းဆီ ေလွ်ာက္သြားလိုက္သည္။
မိုရီဟန္ အျမန္အမွီလိုက္ခဲ့သည္။ "မင္းဘာလို႔ ႐ုတ္တရက္ႀကီး ႐ိုက္ကြင္းဆီသြားခ်င္ရတာလဲ။" တကယ္ပဲ ေက်ာက္႐ွင္းရန္ေၾကာင့္လား။
က်ိဳး႐ိႈ႕လင္း ဝိုင္တစ္ခြက္ ေမာ့လိုက္သည္။
ထိုအခ်ိန္တြင္ လွပတဲ့ အမ်ိဳးသမီးတစ္ဦးက ဆန္႔က်င္ဘက္အရပ္မွ သူတို႔ဆီ ေလွ်ာက္လာခဲ့သည္။ သူမသည္ ခရမ္းေရာင္ ဂါဝန္႐ွည္ကို ၀တ္ဆင္ထားၿပီး သူမ၏ ဆံပင္႐ွည္ကို ဆံထိုးျဖင့္ ထိုးထားသည္။ အလွဆင္ထားမႈ သိပ္မ႐ွိေပမယ့္ အဲ့တာက သူမရဲ႕ စိတ္ေနစိတ္ထားကို ဖုံးကြယ္ထားလို႔ မရေပ။
"မစၥတာ က်ိဳး၊ မစၥတာ မို" လ်န္႔ယြဲ႕၏ အသံက ႏူးညံ့သည္။
"မဂၤလာပါ ဆရာမ လ်န္႔ " က်ိဳး႐ိႈ႕လင္းႏွင့္ မိုရီဟန္တို႔ ႏႈတ္ဆက္လိုက္သည္။