" အင်း .."
ကင်မ်ထယ်ယောင်းက သူမေးတာကို တိုတိုတုတ်တုတ်တစ်လုံးထဲသာဖြေပြီး ရေဘူးကို ယူကာသောက်လေသည် ။ သူလည်း ထပ်မေးစရာမရှိသလို ၊ ကင်မ်ထယ်ယောင်းဘက်ကလည်း သူ့ကိုဖြေချင်ပုံမရတာကြောင့် ပစ္စည်းတွေကိုအမြန်ကောက်သိမ်းလိုက်သည် ။
" ဒယ်ဒီပေးတာကို လက်ခံသင့်တယ်မလားခင်ဗျား "
" ...."
ကင်မ်ထယ်ယောင်းရဲ့ မေးခွန်းကြာင့် သူချက်ချင်းနားမလည်ပေမဲ့ နောက်မှ နားလည်တာက အန်ကယ်က သူ့ကိုပိုင်ဆိုင်မူတစ်ချို့ကို လွှဲပေးတာကိုပြောတာ ဖြစ်နိင်သည် ။ သူ့မျက်လုံးကို ကင်မ်ထယ်ယောင်းဆီသို့ ဝေ့ဝဲကာ ကြည့်လိုက်သည် ။ ကင်မ်ထယ်ယောင်းကတော့ သူ့ကိုကျောခိုင်းပြီးဆိုဖာပေါ်မှာ ထိုင်နေလေသည် ။ ကင်မ်ထယ်ယောင်းအနေနဲ့ ဘယ်လိုအဓိပ္ပါယ်နဲ့ပြောလည်းမသိပေမဲ့ သူကတော့ သူနဲ့ သက်ဆိုင်တာတွေကို လုံး၀ထိမှာ မဟုတ်ပါ ။ ဒါကြောင့် ဆက်၍မပြောတော့ပဲ ပစ္စည်းတွေလည်း သိမ်းပြီးတာမို့ အခန်းထဲက ထွက်ဖို့ကြိုးစားမိတော့သည်။
" ကျုပ်ဆွဲထားရင် ခင်ဗျားနေမလား ?"
တံခါးကိုကိုင်ပြီး အခန်းပြင်ထွက်ဖို့ သူ့ရဲ့ခြေလှမ်းတွေသည် ရပ်တန့်သွားလေသည် ။ ဒါပေမဲ့ သူ့အနောက်မှာ ရှိနေတဲ့ ကင်မ်ထယ်ယောင်းကို လှည့်ကြည့်မိတာတော့လည်း မဟုတ်ပေ ။
" အစ်ကိုလေး ဧည့်သည်ရောက်နေပါတယ် "
အိမ်ထိန်းအဒေါ်ကြီးက အခန်းရှေ့မှာ လာရပ်ကာ ပြောတာနဲ့ တစ်ပြိုက်နက် အမျိုးသားငယ်တစ်ယောက်ပါ ကပ်ရပ်ပါလာလေသည် ။ ထိုအမျိုးငယ်သည် သူ့ကို ချိုသာတဲ့ အပြုံးနဲ့ ပြုံးပြလေသည် ။ တော်တော်လေးကိုကြည့်ကောင်းပြီး ၊ ရုပ်ရည်လည်း ချောမောပြီး ဖော်ရွေ့ပုံလည်း ရသည် ။
" လွှတ်လိုက် "
ကင်မ်ထယ်ယောင်းရဲ့အသံကြောင့် ထိုအမျိုးငယ်က၀င်ဖို့လုပ်တာ့ သူဖယ်ပေးလိုက်ပြီး အခန်းထဲက ထွက်သွားလိုက်လေသည် ။ အိမ်ထိန်အဒေါ်ကြီးက သူ့ပစ္စည်းတွေကို ကူသယ်ပေးမလို့လုပ်တော့
" ရတယ် ..ကျွန်တော်နိင်တယ် "
ထိုလောက်သာပြောပြီး ဒီလနဲ့ချီနေခဲ့ဖူးတဲ့အိမ်ကိုကျောခိုင်းလိုက်မိလေသည် ။ ဒါက နောက်ဆုံးအချိန်ပဲ ဖြစ်ပါ့လိမ့်မည်။ ကိုယ်တိုင်ဓားနဲ့ထိုးလိုက်မိသူမို့ ဖုန်းမဆက်နိင်ပြီး မမေးနိင်ပေမဲ့ နေ့တိုင်းနီးပါးကတော့ စိုးရိမ်ပူပန်နေခဲ့တာ သူအသိဆုံးပဲ ။ တစ်ခုခုဆိုရင် မင်ဟိုက လာပြောလိမ့်မည်ဆိုပြီး သူယုံထားတာမို့လည်း ဖြစ်သည် ။ အခန်းတံခါး၀ကနေ သူ့အိမ်ကထွက်သွားတဲ့လူကိုကင်မ်ထယ်ယောင်းကြည့်လိုက်ရင်
" ဘာသတင်းထူးလဲ ?"
" Bossတွေးနေသလိုပဲ ၊ သူ့ခြေလှမ်းတွေက တည့်တည့်ပဲ "
" ဟိုကိစ္စရော "
" ဖြေရှင်းပြီးပြီး Boss ၊ ဒီမှာ စာရွက်စာတမ်းတွေ "
ယူဂျင်းဂန်တစ်ယောက် ကင်မ်ထယ်ယောင်းမေးတာကိုရော သက်သေတကွ ချထားပေမဲ့ တံခါး၀မှာနေပြီး အပြင်ကို ငေးနေလေသည် ။ ဆေးလိပ်ကအခန်းထဲမှာ မွှန်းထူနေလေသည် ။ ခုနက Boss ရဲ့ အမျိုးသားပါ ။ အထုတ်တွေယူပြီး ဘယ်သွားတာလဲ ? ။ ဘာလဲ ဒီနေ့တက်လာတဲ့ သတင်းကြောင့်လား ? ။
" အိမ်ရောလား ?"
" ဟုတ်ကဲ့ "
" ကောင်းပြီး ..တာ၀န်ကျေတယ် ၊ ငါထပ်ပြောထားတဲ့ ကိစ္စတွေကို မင်းမြန်မြန်လေး လုပ်ပေးရင် ကောင်းမယ် ၊ ဒီထက် နစ်ဆပိုပေးတယ် "
တံခါးနားကနေ ယူဂျင်းဂန်ထိုင်တဲ့ မျက်နှာချင်းဆိုင်ကာ ဆိုဖာပေါ်မှာ ၀င်ထိုင်လေသည် ။
" မလိုပါဘူး ၊ bossအတွက် အလုပ်လုပ်ပေးနေရတာကို ကျွန်တော်က ကျေးဇူးတင်နေတာပါ "
ကင်မ်ထယ်ယောင်း မျက်လုံးကိုအနည်းငယ်ကြုတ်လိုက်သည် ။ ဆေးလိပ်ကို ပြာခွက်ထဲမှာ ထိုးချေလိုက်ပြီး
" ဘာလဲ ငါနဲ့အိပ်ချင်လို့လား ?"
" ဗျာ ..!!"
" ပိုက်ဆံမယူပဲ လုပ်ပေးရအောင် မင်းသိပ်အားယားနေလို့မဟုတ်ရင် မင်းငါနဲ့ပတ်သက်ချင်လို့ပေါ့ "
" အဲလိုမျိုး မဟုတ်ဘူး boss ...Boss က အမြဲကျွန်တော်တို့ လိုအပ်ချိန်ကို "
" နောက်တစ်ခါမင်းအကြည့်ပြင် "
" ဟုတ်ကဲ့ "
" ရပြီး သွားတော့ "
ယူဂျင်းဂန်ကို မောင်းထုတ်ပြီးတော့ အပြင်သွားဖို့အတွက် အ၀တ်အစားလဲလေသည်။ အခြားတော့ သွားတာမဟုတ်ပေ မင်ဟိုဆီကိုသွားတာဖြစ်လေသည် ။
.......
" ကျွန်တော်ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲလုပ်ရလိမ့်မယ်လို့ မထင်ခဲ့ပမဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ အများကြီး ဆုံးရူံးသွားတယ်ဆိုပေမဲ့ ကျွန်တော့်သားနဲ့ ပတ်သက်တဲ့ ကိစ္စမို့ ဒီသတင်းကို စိတ်၀င်စားနေကြတဲ့ ပြည်သူတွေကို ရှင်းပြချင်တာ ဖြစ်ပါတယ် "
နောက်ဆုံးတော့ ထိုကိစ္စနဲ့ ပတ်သက်ပြီး နစ်ပေါင်းများစွာကြာသည့်တိုင် မပြောခဲ့ခြင်းမှာ ဒီနေ့တော့ ပြောဖို့ဖြစ်လာလေသည် ။ သတင်းလာယူနေသော သတင်းသမားတွေရဲ့ရှေ့ရဲ့အလယ်မှာ ရပ်ပြီး
" အခုတက်လာတဲ့ သတင်းတွေအနေနဲ့ ကျွန်တော်တို့ရဲ့အလုပ်ကို ထိခိုက်လို့ဆိုတာထက် အဖေတစ်ယောက်က သားတစ်ယောက်ကို မဟုတ်မမှန်ပြောနေတာတွေကို ဒီအတိုင်းရပ်ကြည့်ဖို့ မဖြစ်နိင်လို့ ထွက်လာခဲ့တာပါ ၊ ပြည်သူတွေ ထင်သလို ကျွန်တော့်သားက သူ့အမေကိုသတ်တဲ့ကလေး ဆိုတာ လုံး၀မဟုတ်ပါဘူး "
" ဒါကို ဥဏ္ဍဌကြီးသားရဲ့လက်ထဲမှာရိုင်ဖယ်သေနတ်က ရှိနေခဲ့တာပါလိမ့် ?"
သတင်းသမားတစ်ယောက်က ထမေးတော့ ကင်မ်ဟိုယောင်းက
" ဟုတ်ပါတယ် ၊ ကျွန်တော်အမဲလိုက်ရင် သုံးတဲ့ ရိုင်ဖယ်သေနတ်ပါ ၊ တရား၀င်လိုင်စင်နဲ့ပါ ၊ တစ်လတစ်ကြိမ်လောက် အဲအချိန်က သူငယ်ချင်းဖြစ်တဲ့ ရဲချုပ်ဂန်ဆွန်ဂိုနဲ့ တောလိုက်တက်ပါတယ် ၊ ဒါပမဲ့ အမြဲတမ်း ကျဉ်ဆံတွေကို အမဲလိုက်ရင် အကုန်သုံးပစ်တက်သလို ၊ မကုန်ရင် ရဲချုပ်ဂန်ဆွန်ဂိုကို ပြန်ပေးတက်ပါတယ် "
" ဘာလို့လဲ ?"
သတင်းသမားအမျိုးသမီးတစ်ယောက်က ထ၍မေးပြနိသည် ။
" ကျွန်တော်သား ကင်မ်ထယ်ယောင်းက သေနတ်ပစ် သင်ခိုင်းတက်လို့ပါ ၊ ဒါကြောင့် ကျဉ်ဆံတွေကို ဘယ်တုန်းကမှ အိမ်ကို ယူမသွားခဲ့တာပါ ၊ တခါတရံ သေနတ်တောင် အိမ်ကို မပါသွားတက်ပါဘူး "
" ဒါဆို ဥဏ္ဍဌကြီးရဲ့သား ကင်မ်ထယ်ယောင်းက ကျဉ်ဆံမရှိတဲ့ သေနတ်ကို ကိုင်ထားခဲ့တာပေါ့ "
" ဒီအမူက လူသိမခံပဲပြီးသွားရတာ ကျွန်တော့်ရဲ့သားကြောင့်ပါ ၊ ဒီကိစ္စကြောင့် ကျွန်တော့်သား ဆေးရုံအကြာကြီးတက်လိုက်ရတယ် ၊ အမေက အရှေ့မှာတင် အပစ်ခံလိုက်ရတာမို့ စိတ်ဒဏ်ရာ ရခဲ့ပါတယ် ၊ မင်းတို့ပြောတဲ့ ဓာတ်ပုံမှာပါတဲ့ ကျွန်တော့်သားကိုင်ထားတဲ့သေနတ်က ကျွန်တော့်ရဲ့ သေနတ်ပါ ၊ ရိုင်ဖယ်သေနတ်ပါ ၊ ဒါပေမဲ့ ကျွန်တော့်မိန်းမ အပစ်ခံရတဲ့ သေနတ်က ရုရှားထုတ် ပစ္စတိုသေနတ်ပါ "
" ကလေးက သေနတ်ကိုင်တာကို မတားခဲ့ဘူးလား ?"
" ကျွန့်တော်သားက သေနတ်နဲ့ ဆော့ရတာကို ကြိုက်တဲ့ကလေးပါ ၊ အရှေ့မှာပြောခဲ့သလိုပဲ သေနတ်ကို ယူဆော့တာပါ ၊ ဒါပေမဲ့ အိမ်အောက်ကို ဆင်းတဲ့အချိန်က သားရဲ့အမေက သေဆုံးနေပါပြီး "
" ထပ်သိချင်တာက ဘာလို ဥဏ္ဍဌကြီးရဲ့သားက ပျောက်နေတာ တစ်ပတ်နီးပါး ရှိနေပြီးဖြသ်တာလား ..ရှယ်ယာလည်း တော်တော်လေးကျနေတဲ့အနေအထားပါ "
" နစ်ပတ်လောက် ရှိပါပြီး ..."
ကင်မ်ဟိုယောင်းပြောလိုက်တော့ သတင်းသမားတွေက အသံတိတ်သွားကြသည် ။
" " ကျွန်တော့်သား ကျန်းမာရေးကြောင့် နားနေတာ နစ်ပတ်လောက်ရှိပါပြီး ၊ ဒါကို သတင်းတွေတက်နေလို့ အခုမှ Company ကို မလာတော့သလို ပုံစံမျိုးနဲ့ ကလေးဆန်ဆန်မျိုး သတင်းသမားအနေနဲ့ မမေးသင့်ပါနဲ့ "
" ဒီကောလဟာလနဲ့ ပတ်သက်ပြီး ဟယ်ဆောင်လုပ်ငန်းစုက အရူံးပေါ်နေတယ်ဆိုတာ ဟုတ်ပါသလား ?"
" စီးပွားရေးသမားတစ်ယောက်အနေနဲ့ အမြတ်နဲ့အရူံးက အမြဲရှိနေတက်တဲ့အရာပါ "
" ဥဏ္ဍဌကြီးရဲ့ သားနဲ့ပတ်သက်ပြီး ထပ်ပြောစရာတွေ ရှိသေးလား ?"
" ပြောစရာမရှိပါဘူး ၊ ဒီကိစ္စမှာ ကျွန်တော့်သားဟာ လုံး၀ကို အပြစ်ကင်းပါတယ် ၊ သတင်းသမားတွေးအနေနဲ့ တက်လာတဲ့ သတင်းတွေကိုပဲ မယုံပဲနဲ့ ဦးနှောက်ကို သုံးပြီး လေ့လာဖို့လည်း အကြံပေးချင်တယ် ၊ အမူကိစ္စကိုပတ်သက်ပြီး သိချင်ရင် ရှေ့နေချုပ်ရုံးမှာ မင်းတို့အရင်လေ့လာနိင်ပါတယ် "
" ဥဏ္ဍဌသားက ဘာလို့မထွက်လာတာပါလိမ့် ?"
" ခုနက ဖြေပြီးသွားပြီးထင်တယ် ၊ ကျွန် တော့်သား ကျန်းမာရေးကြောင့် လတ်တလော အနားယူတယ်ဆိုတာကို "
" ဒီနေ့တော့ ဒီလာက်နဲ့ပဲ ဖြေကြပေးမှာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ် ၊ တက် ရောက်လာပေးတဲ့ သတင်းသမားတွေ အားလုံးကို ကျေးဇူးတင်ပါတယ် "
မင်ဟိုက ကင်မ်ဟိုယောင်းရပ်နေတဲ့ နေရာကို ၀င်ယူကာ ဖြေကြားလိုက်လေသည်။ ပြီးတော့ မင်ဟိုသည် ကင်မ်ဟိုဟောင်းကို ခေါ်သွားလေသည် ။
....
" မင်းမြင်တဲ့အတိုင်းပဲ ..မီဒီယာသမားတွေလို့မပြောရဘူး "
ကင်မ်ထယ်ယောင်းသည် TV ကနေ သူ့ဒယ်ဒီ သတင်းစာ ရှင်းလင်းပွဲလုပ်နေတာကို ကြည့်နေမိလေသည်။ TV က live လွှင့်တာမျိုးမဟုတ်ချေ။
" သူတို့အလုပ်ပဲဟာ "
" မင်းရင်ထဲမှာ ရှင်းသွားပြီးမလား .?"
ဒယ်ဒီကို သူ့ကိုပြောပြထားတယ်ဆိုပေမဲ့ သူ့အတွက်ကတော့ အပြစ်မကင်းတဲ့ စိတ်တွေနဲ့ ရှင်သန်နေခဲ့တာ ၁၀နစ်ကျော်ခဲ့ပြီး ၊ ထင်ယောင်ထင်မှား မြင်တက်တဲ့ သူ့ရဲ့ပြသာနာကလည်း ၁၀နစ်ကျော်ခဲ့ပြီး ။ သူ့ကြောင့်မဟုတ်ဘူးဆိုတာ သိနေတာတောင် မကာကွယ်ပေးနိင်ခဲ့ဘူဆိုတဲ့အတွေးက သူ့ခေါင်းထဲကို အစားထိုးပြန်၀င် ရောက်လာခဲ့သည် ။
" လောကမှာ ကိုယ်ဖြစ်ချင်တိုင်း ကိုယ်လုပ်ချင်တိုင်း အမြဲဖြစ်နေမှာ မဟုတ်ဘူး ၊ လီယိုနာဒိုရဲ့ ဇာတ်ကားထဲကလို ပိုက်ဆံကပဲ ၉၀ % လောက် ပျော်ရွှင်မူကို ပေးနိင်တယ်ဆိုတဲ့စကားပဲ ၊ အခုမင်းက အဲချမ်းသာမူရှိတယ် ၊ ကျော်ကြားမူလည်း ရှိတယ် ၊ နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတွေထက်တောင်အပြိုင် ပြီးတော့ မင်းမှာ အာဏာလည်း ရှိတယ် ၊ အခု မင်းကာကွယ်ပေးချင်တဲ့လူ ၊ မင်းဘေးနားမှာ ခေါ်ထားချင်တဲ့လူက ခေါ်ထားနိင်ခွင့်ရှိတယ် "
မင်ဟို ဘယ်သူ့ကို ရည်ညွှန်းပြီးပြောချင်နေတာလဲဆိုတာကို သူသိသည် ။ ဒါပေမဲ့ ဘာမှတော့ ပြန်မပြောမိပေ ။
" စကားနစ်ခွန်းပြောရင် နစ်ခွန်းလုံးက အပေါက်လမ်းမတည့်တဲ့မင်းတဲ့ အချိန်အကြာကြီးအတူနေနိင်ခဲ့ပေးတာလည်း သူမင်းကိုသံယောဇဉ်ရှိလို့ပေါ့ ၊ သူတစ်ယောက်ထဲ အပြင်မှာနေတာ အန္တရာယ်များတယ်ဆိုတာ မင်းသိမှာပါ ၊မင်းက သာမန်ဘ၀နဲ့ ရှင်သန်ခဲ့ရင်တော့ ကိစ္စမရှိပေမဲ့ မင်းက ဟယ်ဆာင်လုပ်ငန်းစုကို အမွေဆက်ခံတဲ့လူ ဖြစ်နေတာပဲ ၊ ဒါက သူ့အပေါ်ကိုလည်း အကျိုးသက်ရောက်မူရှိတယ် "
" ငါ့ထက်ပိုသိသလိုမျိုးပုံစံလာမလုပ်နဲ့ "
" ဟုတ်လိမ့်မယ် ၊ ငါမင်းလောက်တော့ သူ့အကြောင်းသိချင်မှ သိမယ် ၊ ဒါပေမဲ့ ငါမင်းအ ကြောင်းကို သူ့ထက်ပိုသိတယ် ကင်မ်ထယ်ယောင်း ၊ ချစ်ရင်ဆွဲထား "
" မင်း ဘုန်းတော်ကြီးလုပ်သင့်နေပြီး "
မင်ဟိုရဲ့စကားကို ဆက်နားထောင်ချင်စိတ်မရှိတာမို့ ကင်မ်ထယ်ယောင်း ထထွက်လာခဲ့သည် ။ မင်ဟိုကတော့ ခေါင်းတစ်ခါခါနဲ့ ကျန်ခဲ့လေသည် ။
" ခွေးကောင် စကားကို ဘယ်တော့မှ ဆုံးအောင်နားမထောင်ဘူး အလုပ်ကိစ္စကလွဲရင် "
......
" နံပါတ် 5 ဝိုင်းကို ချပေး "
" ဟုတ်ကဲ့ .."
ကင်မ်ထယ်ယောင်းရဲ့ လောင်းရိပ်အောက်ကနေထွက်ခဲ့တာ ခက်ခဲမှန်းအခုမှ သိတော့သည်။ ဒါကြောင့် ကိုးရီးယားနိင်ငံရဲ့လူတွေရဲ့ အိမ်မက်က ဟယ်ဆောင်လုပ်ငန်းစုမှာ အလုပ်လုပ်ဖို့ပဲ ဆိုတာကို သူယုံကြည်သွားခဲ့သည် ။ ပြီးတော့ သူ့အတွက် ။ သူ့ကို ကင်မ်ထယ်ယောင်းနဲ့ လက်ထပ်ထားမှန်း Company တိုင်းက သိနေတာမို့ ဟယ်ဆောင်လုပ်ငန်းစုနဲ့ ပြသာနာတက်နိင်တာမို့ သူ့ကို လက်မခံကြပေ ။ ဟယ်ဆောင်လုပ်ငန်းစုက သာမန်၀န်ထမ်းဆိုရင် အလုပ်က ချက်ချင်းရမယ်ဆိုပေမဲ့ သူက သာမန်၀န်ထမ်းအဖြစ် နေခဲ့ရတာမဟုတ်ပေ ။ နောက်ဆုံး ဘားတစ်ခုမှာ အလုပ်ရခဲ့သည်။ ညပိုင်းပဲ အခုပ်လုပ်ရတာမို့ သူအတွက်က အဆင်ပြေလေသည် ။ နေ့ဘက်ကတော့ နိင်ငံခြား Companyတွေ နဲ့ ချိတ်ပြီး အလုပ်လုပ်ဖို့ကြိုးစားရတော့သည် ။ ဟန်ဆိုဟီးကလည်း အခုတစ်လော သူ့ဆီကို ဖုန်းတောင်မဆက်ပေ ။သူလည်း စပြီးဆက်သွယ်တာတော့လည်း မရှိချေ ။ အန်ကယ့်ကို သတင်းမှာ သူမြင်လိုက်သေးသည်။ ကင်မ်ထယ်ယောင်းအတွက်ကတော့ တစ်ခုကောင်းသွားလေသည်။ မဟုတ်ရင် အပြစ်ရှိတယ်လို့ပဲ ခံစားနေရမှာ ။
" ဧည့်သည်ရပါပြီး "
" ဪ ဘယ်သူလဲလို့ "
နံပါတ် 5က ဝိုင်းကို ချပေးတော့ အခြားလူတော့မဟုတ် လီယွန်းဝူနဲ့ သူမရင်းနှီးတဲ့ လူတွေဖြစ်နေလေသည် ။ သူဘာမှတော့ပြော၍မရချေ။ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ လှောင်နေတဲ့ မျက်လုံးတွေနဲ့ လာကြည့်ရင်
" ကိုကိုက ပစ်လိုက်တော့လည်း ဘာမှမရှိဘူးပဲ "
" အို့... ကင်မ်ထယ်ယောင်းနဲ့ လက်ထပ်ထားတဲ့သူလား ?"
လီယွန်းဝူရဲ့ သူငယ်ချင်းတွေက သူ့ကိုကြည့်ကာ လီယွန်းဝူကို ဝိုင်းမေးမြန်းနေလေသည် ။
" အင်း .. အခုတော့ ကိုကိုကပစ်လိုက်ပြီးပေါ့ "
စိတ်တိုစရာကောင်းပေမဲ့ သူဘာမှပြန်လုပ်၍မရပေ။ အခုလက်ရှိမှာ သူက ဒီက၀န်ထမ်းဖြစ်ပြီး လီယွန်းဝူက ကာစတန်မာဖြစ်နေလေသည် ။ အလုပ်ပြုတ်လို့လည်း မဖြစ်ပေ ။ ဒီဘားမှာ အရက်ကလွဲရင် ဘာမှမရှိတာကြောင့် သူ့ဂုဏ်သိက္ခာအတွက်လည်း စိုးရိမ်စရာမရှိပေ။
" ဧည့်သည်တို့ ကောင်းကောင်းသုံးဆောင်ပါ "
ထိုလောက်သာပြောပြီး ဂျီမင်က လှည့်ထွက်သွားတော့ လီယွန်းဝူက ထိုင်နေရက်ပဲ ဂျီမင်လက်ကို လှမ်းဆွဲရင်
" မကြာခင် ကိုကိုက ငါ့လက်ထဲကို ရောက်လာတော့မှာ "
" ကောင်းတာပေါ့ ၊ အစကထဲက မင်းရရင်ယူလို့ပြောခဲ့သားပဲ ...အား ...ကြည့်ရတာ ကင်မ်ထယ်ယောင်းကမင်းကို ဖီးလ်မလာလို့ မင်းငါ့ဆီ လာပတ်ရမ်းနေသလိုပဲ "
" ဘာ ....!!"
" မင်းငါ့လက်ကိုလွှတ်ပါ ..ကိုယ့်အလုပ် ကိုယ်လုပ်ရအောင် "
" ကောင်းပြီးလေ ဧည့်သည်ကို ဆက်ဆံသွားတဲ့ ပုံစံကို သူဌေးကိုပြောရင် အလုပ်ပြုတ်ပြီးပဲ ..ဘယ်လိုလဲ အလုပ်ရှာရခက်တယ်မလား ?"
" မပူပါနဲ့ ...ကိုယ့်အတွက်သာ ကိုယ်စိတ်ပူစမ်းပါ ...ငါ့မျက်လုံးထဲမှာတော့ မင်းက သင်္ဘောထွက်သွားတာကို ကမ်းစပ်ကနေ အော်နေတဲ့ ခွေးလေးလိုပဲ ...ဘာလိုဆို မင်းဘယ်လောက် ဟောင်ဟောင် ကင်မ်ထယ်ယောင်းက လှည့်မကြည့်လိုပဲ "
" ဘာပြောတယ် "
လီယွန်းဝူထမယ်လုပ်တော့ ဂျီမင်လီယွန်းဝူရဲ့ ပုခုံးကို ပြန်ဖိချရင်
" အရင်တစ်ခါကလို မင်းမျက်နှာပေါ်ကို ရေပဲလာမှာမဟုတ်ဘူးနော် ..မယုံမရှိနဲ့ "
လီယွန်းဝူရဲ့ ပုခုံးကို နစ်ချက်လောက်ပုတ်ပြီး ဂျီမင်သည် နေရာကို ပြန်လာခဲ့တော့သည်။ လီယွန်းဝူဘယ် လောက်စိတ်ဆိုးဒေါသထွက်နေမလဲ သူဂရုမစိုက်ပေ။ အခုကင်မ်ထယ်ယောင်းမရှင်းရသေးတဲ့ ပြသာနာတစ်ခုက လီယွန်းဝူပဲ ။ တက်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ ဘာတုန့်ပြန်မူမှ ရှိမနေဘူး ။ ပြီးတော့ သူ နောက်ဆုံးကင်မ်ထယ်ယောင်းတို့အိမ်ထဲကနေထွက်လာတုန်းက တွေ့ခဲ့ရတဲ့ အမျိုးသားတစ်ယောက် ။ အိပ်တဲ့အခန်းထိကို ခေါ်လာတာ အိမ်ထိန်းက ။
" ကျစ် ..."
ကိုင်ထားတဲ့ ဗန်းကိုချလိုက်သည်။ အလုပ်လုပ်ချင်စိတ်လည်း နည်းနည်းမှရှိမနေပါ ။ ဘာကိုစိတ်တိုပြီး ဘာကိုဒေါသထွက်နေမှန်းလာ်းမသိပါ ။
" ဂျီမင် ...သူဌေးခေါ်နေတယ် "
သေချာပါတယ် ။ သူအလုပ်ပြုတ်သွားပြီး ဆိုတာကိုပေါ့ ။ တကယ်လည်း သူဌေးရဲ့ရုံးခန်းကို သွားတွေ့တော့ 3လစာပေးကာ နားခိုင်းလေသည်။ 3လစာတော့ ရလို့တော်သေးသည်။ အလုပ်သစ်တစ်ခုကို ထပ်ရှာဖို့အချိန်တော့ ရသည်။ အ၀တ်အစားကိုလဲကာ ဘားထဲကနေ ထွက်ခဲ့လိုက်တော့သည် ။ ဘားရဲ့ ကားပါကင်နေရာကနေ ဖြတ်တော့
" မီးခြစ်ရှိလား "
ဘေးကလာတဲ့ အသံကြောင့် ကြည့်မိတော့ အခြားလူမဟုတ်ချေ။ နံရံကိုမှီကာ ဆေးလိပ်ကို တေ့ထားလေသည် ။ ဒီလူရဲ့အသံကိုမဟုတ်ဘူး ။ အနံ့လေးကို ရယုံနဲ့ ဒီလူမှန်း သိသည်။ ထင်ယောင်ထင်မှား ဖြစ်နေတာနေမှာပါဆိုပြီးတော့သာ တွေးနေလိုက်တာ ။
သူ့ဆီကို အကြည့်တွေ ဝေ့ဝဲလာပြီး မျက်ခုံးနစ်ဖက်ကို ပင့်လိုက်သည် ။ ကမ်းခြေကို သွားတဲ့ အင်္ကျီနဲ့ ရင်ဘတ်က တစ်လံလောက်ဟထားသည်။ ရင်ဘတ်က အမွှေးတွေကို ပြချင်နေတာနေမှာ။ မုတ်ဆိတ်မွှေးက တော်တော်လေးကို ရှည်လာတာဖြစ်သည်။ ကြည့်ရတာ Bollywood မင်းသား လုပ်မလို့နဲ့တူသည် ။
သူ့ရဲ့အိတ်ထဲကိုရှာကာ ကြည့်လိုက်မိသည် ။ဟုတ်တယ် ။ သူအရင်ကထဲက ဆောင်ထားတက်တာ။ ဘာလိုဆို ကင်မ်ထယ်ယောင်းက ဆေးလိပ်ကျသောက်တက်ပြီး မီးခြစ်ကိုအမြဲမေ့တက်လို့ ။
" ရော့ ..."
" ချစ်ပေး "
" မင်းလက်မပါဘူးလား ? "
" လက်မကောင်းသေးလို့ "
ဆင်ခြေက ။ အခြားဆင်ခြေဆိုရင် သူပစ်ထားလိုက်မှာ ဖြစ်ပေမဲ့ အခုက လက်ကိုအကြောင်းပြနလေသည် ။ ကားပါကင်နေရာက အုတ်နံရံကြီးကိုမှီကာ နေနေတဲ့လူနားဆီ သွားပြီး မီးခြစ်ကို ခြစ်ပေးလိုက်သည် ။ ကင်မ်ထယ်ယောင်းက ကိုယ်ကိုအနည်းငယ် ကိုင်းကာ မီးညှိသည် ။ ဘယ်တုန်းကစပြီး ကင်မ်ထယ်ယောင်းလို လူမျိုးက တွေ့ကရာနေရာမှာ မှီတက်သွားတာလဲ ? ။
"ဒီကို ဘယ်လိုရောက်လာတာလဲ ?"
" ကျုပ်မသိတာ ဘာမှမရှိဘူး "
ဆေးလိပ်ငွေ့တွေနဲ့ စကားပြောတာကြောင့် ဂျီမင် အနောက်ကို အနည်းငယ်ဆုတ်လိုက်သည် ။ ထိုအခါကင်မ်ထယ်ယောင်းက ရှေ့တိုးလာသည် ။
" ဆေးလိပ်နံ့ နံတယ် တိုးမလာနဲ့ "
စကားကလည်းပြောရင် လက်ကလည်း ဟန့်တားတဲ့အနေနဲ့ ထိလိုက်တော့ ဟနေတဲ့ အင်္ကျီကြားက ရင်ဘတ်ကိုအတိုင်းသား ကိုင်မိသည်။ ဒီအနွေးဓာတ်လေး။ သူထိတွေ့လိုက်တိုင်း ကင်မ်ထယ်ယောင်းဆီမှာ ဘယ်တော့မှမပြောင်းလဲသွားတဲ့အနွေးထည်လေး။ သူ့လက်သည် ရင်ဘတ်ကနေတစ်ဆင့် သူဓားနဲ့ထိုးစိုက်လိုကိတဲ့ လက်မောင်းဆီသို့ လှမ်းမိသည်။ ဘာစိတ်နဲ့ သူဒီလိုလုပ်လိုက်သလဲမသိပေမဲ့ ပြန်တွေးမိတိုင်း
" လျှောက်မတွေးနဲ့ ..ခင်ဗျားဦးနှောက်သေးသေးလေးနဲ့ "
ကင်မ်ထယ်ယောင်းရဲ့ လက်ဖဝါးက သူ့ပါးကိုလာထိသည်။ သူမငြင်းနိင်ပေ ။ ကင်မ်ထယ်ယောင်းသူ့ကိုယ်ကိုထိဖို့ မျှော်လင့်နေခဲ့တာပဲ ။
" ငါလေ ..."
သူ့ရဲ့ စိုစွတ်နေတဲ့ မျက်၀န်းတွေနဲ့ ကင်မ်ထယ်ယောင်းကို မော့ကြည့်သည်။ ဒီလူကို သူချစ်သည် ။ သူဘယ်လောက်လွမ်းနေမှန်း ကင်မ်ထယ်ယောင်းကို မြင်လိုက်ရတော့မှာ သူနားလည်လိုက်သည်။
"ပြွတ် ..."
သု့နူတ်ခမ်းဆီသို့ ကင်မ်ထယ်ယောင်းရဲ့ နူတ်ခမ်းပါးလေးတွေ လာရောက်ထိကပ်လိုက်ချိန်မှာတော့ တစ်ခါမှမခံစားရဖူးတဲ့ ခံစားချက်တွေနဲ့ ရင်ခုန်သံတွေ ဖြစ်ပေါ်ခဲ့သည် ။ လက်မောင်းကနေ ကင်မ်ထယ်ယောင်းရဲ့ လည်ပင်းတွေကို ဖက်တွယ်ရင် ရှည်လျားတဲ့ အနမ်းတွေနောက်ကို လိုက်မိသည် ။ ခပ်ခွာခွာ ခန္ဓာကိုယ်နစ်ခုက ပူးကပ်သွားပြီး သူ့ခါးမှာ ကင်မ်ထယ်ယောင်းရဲ့ လက်ဖဝါးကြီးကြီးက ရှိနေလေသည် ။ ဖြေပါ ငါလား ..လီယွန်းဝူလား ...? ။ ။
( သင်တန်းက လကုန်ရင် ပြီးပါပြီး ၊ နည်းနည်းလေးပဲ ထပ်စောင့် 😚 ၊Wattpad အကောင့်ကိုလည်း follow လုပ်ပေးပါအုံးနော် )
Zawgyi
" အင်း .."
" ...."
" လွှတ်လိုက် "
" ဘာသတင်းထူးလဲ ?"
" ဟိုကိစ္စရော "
" အိမ်ရောလား ?"
" ဟုတ်ကဲ့ "
" ဗျာ ..!!"
" ဟုတ်ကဲ့ "
" ရပြီး သွားတော့ "
.......
" ဘာလို့လဲ ?"
....
" သူတို့အလုပ်ပဲဟာ "
......
" ဟုတ်ကဲ့ .."
" ဧည့်သည်ရပါပြီး "
" ဪ ဘယ်သူလဲလို့ "
" ဘာ ....!!"
" ဘာပြောတယ် "
" ကျစ် ..."
" မီးခြစ်ရှိလား "
" ရော့ ..."
" ချစ်ပေး "
" မင်းလက်မပါဘူးလား ? "
" လက်မကောင်းသေးလို့ "
" ငါလေ ..."
"ပြွတ် ..."