ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...
By kilulayuu121
10.6K 774 31
sequal of Book II More
အခန်း(၃၉၈)
အခန်း(၃၉၉)
အခန်း(၄၀၀)
အခန်း(၄၀၁)
အခန်း(၄၀၂)
အခန်း(၄၀၃)
အခန်း(၄၀၄)
အခန်း(၄၀၅)
အခန်း(၄၀၆)
အခန်း(၄၀၇)
အခန်း(၄၀၈)
အခန်း(၄၀၉)
အခန်း(၄၁၀)
အခန်း(၄၁၁)
အခန်း(၄၁၂)
အခန်း(၄၁၃)
အခန်း(၄၁၄)
အခန်း(၄၁၅)
အခန်း(၄၁၆)
အခန်း(၄၁၇)
အခန်း(၄၁၈)
အခန်း(၄၁၉)
အခန်း(၄၂၀)
အခန်း(၄၂၁)
အခန်း(၄၂၂)
အခန်း(၄၂၃)
အခန်း(၄၂၄)
အခန်း(၄၂၅)
အခန်း(၄၂၆)
အခန်း(၄၂၇)
အခန်း(၄၂၈)
အခန်း(၄၂၉)
အခန်း(၄၃၀)
အခန်း(၄၃၁)
အခန်း(၄၃၂)
အခန်း(၄၃၃)
အခန်း(၄၃၄)
အခန်း(၄၃၅)
အခန်း(၄၃၆)
အခန်း(၄၃၇)
အခန်း(၄၃၈)
အခန်း(၄၃၉)
အခန်း(၄၄၀)
အခန်း(၄၄၁)
အခန်း(၄၄၂)
အခန်း(၄၄၃)
အခန်း(၄၄၄)
အခန်း(၄၄၅)
အခန်း(၄၄၆)
အခန်း(၄၄၇)
အခန်း(၄၄၈)
အခန်း(၄၄၉)
အခန်း(၄၅၀)
အခန်း(၄၅၁)
အခန်း(၄၅၂)
အခန်း(၄၅၃)
အခန်း(၄၅၄)
အခန်း(၄၅၅)
အခန်း(၄၅၆)
အခန်း(၄၅၇)
အခန်း(၄၅၈)
အခန်း(၄၅၉)
အခန်း(၄၆၀)
အခန်း(၄၆၁)
အခန်း(၄၆၂)
အခန်း(၄၆၃)
အခန်း(၄၆၄)
အခန်း(၄၆၆)
အခန်း(၄၆၇)
အခန်း(၄၆၈)
အခန်း(၄၆၉)
အခန်း(၄၇၀)
အခန်း(၄၇၁)
အခန်း(၄၇၂)
အခန်း(၄၇၃)
အခန်း(၄၇၄)
အခန်း(၄၇၅)
အခန်း(၄၇၆)
အခန်း(၄၇၇)
အခန်း(၄၇၈)
အခန်း(၄၇၉)
အခန်း(၄၈၀)
အခန်း(၄၈၁)
အခန်း(၄၈၂)
အခန်း(၄၈၃)
အခန်း(၄၈၄)
အခန်း(၄၈၅)
အခန်း(၄၈၆)
အခန်း(၄၈၇)
အခန်း(၄၈၈)
အခန်း(၄၈၉)
အခန်း(၄၉၀)
အခန်း(၄၉၁)
အခန်း(၄၉၂)
အခန်း(၄၉၃)
အခန်း(၄၉၄)
အခန်း (၄၉၅)
အခန်း(၄၉၆)
အခန်း(၄၉၇)
အခန်း(၄၉၈)
အခန်း(၄၉၉)
အခန်း(၅၀၀)
အခန်း(၅၀၁)
အခန်း(၅၀၂)
အခန်း(၅၀၃)
အခန်း(၅၀၄)
အခန်း(၅၀၅)
အခန်း(၅၀၆)
အခန်း(၅၀၇)
အခန်း(၅၀၈)
အခန်း(၅၀၉)
အခန်း(၅၁၀)
အခန်း(၅၁၁)
အခန်း(၅၁၂)
အခန်း(၅၁၃)
အခန်း(၅၁၄)
အခန်း(၅၁၅)
အခန်း(၅၁၆)
အခန်း(၅၁၇)
အခန်း(၅၁၈)
အခန်း (၅၁၉)
အခန်း(၅၂၀)
အခန်း(၅၂၁)
အခန်း(၅၂၂)
အခန်း(၅၂၃)
အခန်း(၅၂၄)
အခန်း(၅၂၅)
အခန်း(၅၂၆)
အခန်း(၅၂၇)
အခန်း(၅၂၈)
အခန်း(၅၂၉)
အခန်း(၅၃၀)
အခန်း(၅၃၁)
အခန်း(၅၃၂)
အခန်း(၅၃၃)
အခန်း(၅၃၄)
အခန်း(၅၃၅)
အခန်း(၅၃၆)
အခန်း(၅၃၇)
အခန်း(၅၃၈)
အခန်း(၅၃၉)
အခန်း(၅၄၀)
အခန်း (၅၄၁)
အခန်း (၅၄၂)
အခန်း (၅၄၃)
အခန်း(၅၄၄)
အခန်း(၅၄၅)
အခန်း(၅၄၆)
အခန်း (၅၄၇)
အခန်း (၅၄၈)
အခန်း(၅၄၉)
အခန်း(၅၅၀)
အခန်း(၅၅၁)
အခန်း(၅၅၂)
အခန်း(၅၅၃)
အခန်း(၅၅၄)
အခန်း(၅၅၅)
အခန်း(၅၅၆)
အခန်း(၅၅၇)
အခန်း(၅၅၈)
အခန်း(၅၅၉)
အခန်း(၅၆၀)
အခန်း(၅၆၁)
အခန်း(၅၆၂)
အခန်း(၅၆၃)
အခန်း(၅၆၄)
အခန်း(၅၆၅)
အခန်း(၅၆၆)
အခန်း(၅၆၇)
အခန်း(၅၆၈)
အခန်း(၅၆၉)
အခန်း(၅၇၀)
အခန်း(၅၇၁)
အခန်း(၅၇၂)
အခန်း(၅၇၃)
အခန်း(၅၇၄)
အခန်း(၅၇၅)
အခန်း(၅၇၆)
အခန်း(၅၇၇)
အခန်း(၅၇၈)
အခန်း(၅၇၉)
အခန်း(၅၈၀)
အခန်း(၅၈၁)
အခန်း(၅၈၂)
အခန်း(၅၈၃)
အခန်း(၅၈၄)
အခန်း(၅၈၅)
အခန်း(၄၆၅)
59 3 0
By kilulayuu121
ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၄)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၄၆၅) : ကံကြမ္မာခြယ်လှယ်ခြင်း
လင်းဖန်က မရဏအစားထိုးအဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သို့သော်လည်း သူ ကြည့်လိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ထိုအရာက အလုပ်ဖြစ်ဟန် မပေါ်ပေ။ သူက မူလအဆီအနှစ် မည်မျှထည့်သွင်းစေကာမူ၊ မည်မျှစစ်ဆေးကြည့်စေကာမူ အသုံးမဝင်ပေ။
ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် လင်းဖန်က စိတ်ပျက်သွားသော်လည်း အလျင်အမြန် ထိန်းချုပ်လိုက်သည်။ သူက အသက်ရှင်သန်ဖို့ရာအတွက် တည်ငြိမ်နေရမည် ဖြစ်ကြောင်း သိလေသည်။ အကြောင်းမှာ သူသည် သေမင်းနှုတ်ခမ်းဝသို့ ရောက်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။
ထို့နောက် သူက လက်ရှိအခြေအနေကို မည်သို့ဖြေရှင်းရမည့်အပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ခန္ဓာကိုယ်ပျက်စီးခြင်းအား တားဆီးဖို့ အချိန်စည်းမျဉ်းကို အသုံးပြုပြီး သေခြင်းတရားနှင့် ရင်ဆိုင်ဖို့ မရဏစည်းမျဉ်းကို အသုံးပြုခဲ့သည်။
ကံဆိုးစွာဖြင့် လင်းဖန်သည် ထိုနည်းလမ်းက သူ့အား မိနစ်ပိုင်းမျှသာ အချိန်ပိုဆွဲပေးနိုင်ကြောင်း သဘောပေါက်သွားသည်။ ကံကောင်းစွာဖြင့် သူ့အတွက် လုံလောက်သည်ထက် ပိုနေလေသည်။ သူက ထိုသေခြင်းရှင်ခြင်း အချိန်အတွင်း ကျိန်စာစွမ်းအားကို နားလည်ပြီး ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့သည်။
ရှုရှစ်အတွက်မူ သူမက ငိုယိုရင်း မူလအဆီအနှစ်ကို သူ့ခန္ဓာကိုယ်အတွင်း ထည့်ပေးကာ ကူညီပေးနေလေ၏။ သူမက ကူညီဖို့ရာ မဆိုထားနှင့် ထိုကျိန်စာကို အာရုံပင် မခံမိပေ။
ထိုနှစ်ဦးသားက သူတို့ပြဿနာသူတို့ ရင်ဆိုင်နေကြစဉ် လွင့်စင်သွားသည့် စုယာက ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူမက သူမ၏ စိတ်အတွင်း မှတ်ဉာဏ်များစွာ ဝင်ရောက်လာသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
သူမက ကျီယွမ်၏ ဘဝကို မှတ်မိသွားပြီး သူမ၏ မျက်ဝန်းတွင် အမုန်းတရားတချို့ ဖြတ်ပြေးသွားသည်။
သူတို့က ငါ့ကို အခွင့်ကောင်းယူရဲတယ်လား...
ထို့နောက် သူမက ကိုယ်ပွားများဆီသို့ ဒဏ်ရာတချို့ ကူးပြောင်းပေးရင်း ကုသလိုက်သည်။ သူမက အသက်ရှင်ဖို့ ကြိုးစားနေသည့် လင်းဖန်အား ကြည့်လိုက်သည်။
ဒါက သူ့ကို သတ်ဖြတ်ဖို့ အချိန်ကောင်းပဲ...
စုယာက ခြေတစ်လှမ်းတိုးလာခဲ့သည်။ သူမက တစ်ဖက်လူကို လျှော့တွက်ခဲ့သည့်အတွက် လက်ရှိအခြေအနေ မည်သို့ ဖြစ်လာသည်ကို အမှတ်ရသွားသည်။ သူမက တူညီသည့် အမှားမျိုးကို ထပ်မံကျူးလွန်မည် မဟုတ်ပေ။
ထိုအစား လင်းဖန်ဆီ တိုက်ခိုက်ဖို့ ချဉ်းကပ်သွားမည့်အစား သူမက ယခင်အသုံးပြုခဲ့သည့် သွေးကျိန်စာကိုသာ အသက်ပြန်သွင်းလိုက်သည်။ ဤသည်က အဆင့်ကို လျစ်လျူရှုထားနိုင်သည့် ကြောက်မက်ဖွယ် ကျိန်စာတစ်ခုဖြစ်ကြောင်း သိထားသည်။
သေမျိုးကပင် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ထိုကျိန်စာဖြင့် သတ်ဖြတ်နိုင်လေသည်။ သူတို့တွင် ပစ်မှတ်၏ မျိုးဆက် သို့မဟုတ် သွေး ရှိနေဖို့သာ လိုအပ်၏။ သူမက ထိုကျိန်စာကို လေ့လာနေစဉ်အတွင်း ထိုကျိန်စာ၏ မူလအရင်းအမြစ်သည် မည်မျှ အငြိုးတရားကြီးကြောင်း နားလည်ခဲ့သည်။
ထို့ကြောင့် သူမက တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအဆိုးမြင် စိတ်ခံစားချက်များကို စုစည်းကာ ကျိန်စာကို အားကောင်းစေခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို လင်းဖန်က သွေးမည်းများ အန်ထွက်လာ၏။ ထို့နောက် စုယာက ထွက်ပြေးသွားသည်။ သူမက လင်းဖန်၏ မျက်ဝန်းတွင် ရူးသွပ်မှုကို မြင်လိုက်ရသည့်အတွက် သူ့သေဆုံးမှု မတိုင်ခင် ဆိုးဆိုးရွားရွား လုပ်ဆောင်မည်ကို စိုးရိမ်ကာ ထွက်သွားခြင်း ဖြစ်၏။ ထို့အပြင် သူမက လက်ရှိအခြေအနေတွင် ဖြစ်ပျက်ထားသော အရာများကြောင့် အကောင်းဆုံး အခြေအနေတွင် မဟုတ်ပေ။ ထို့ကြောင့် သူမက မြန်မြန်နောက်ဆုတ်သွားခြင်း ဖြစ်၏။
ထိုစဉ် လင်းဖန်က သူသည် ဤအခြေအနေ၌ အသက်မရှင်နိုင်ကြောင်း သိလေသည်။ သူက သတ်ဖြတ်ရေးစစ်ဆေးမှုအတွင်း တစ်ဖက်လူအပေါ် လှည့်ကွက်တစ်ခု အသုံးပြုဖို့ ကြိုးစားခဲ့ဖူးသည်။ ထိုအရာက သူ့လက်ရှိအခြေအနေမှ လွတ်မြောက်ဖို့ ပြန်လည်ဝင်စားခြင်း စည်းမျဉ်းကို အသုံးပြုခြင်း ဖြစ်၏။
ကံဆိုးစွာဖြင့် အားကောင်းသည့် ဤကျိန်စာက သူ့တည်ရှိမှုသဘောတရားနှင့် ဆက်နွယ်နေသည့်အတွက် ပြန်လည်ဝင်စားပြီးသည့်နောက်တွင် သူက သေခြင်းတရားမှ လွတ်မြောက်မည် မဟုတ်ပေ။
သူက ရွေးချယ်စရာ မရှိဘဲ သေခြင်းတရားကို လက်ခံလိုက်ရသည်။ သူက သူ့ဇနီးအား ကြည့်ကာ အတူတူကုန်ဆုံးခဲ့သည့် အချိန်များအား ပြန်လည်တွေးတောလာမိသည်။ သူက သူမသည် သူ့ဘေးနားတွင် အမြဲတမ်းရှိကာ တတ်နိုင်စွမ်းဖြင့် အကုန်ထောက်ပံ့ပေးခဲ့ကြောင်း တွေးလာမိ၏။
သူက ပြုံးကာ ပြောလိုက်၏ " ရှစ်အာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မင်းနဲ့ အဖော်မပြုပေးနိုင်တော့ဘူး"
" ယောက်ျား ... အဲ့လိုအရာမျိုးတွေ မပြောပါနဲ့။ ခဏလေး စောင့်လိုက်ပါ။ ကျောင်းတော်က မကြာခင် ရောက်လာတော့မှာပါ။ ရှင် အဆင်ပြေသွားမှာပါ"
" အဲဒီအခါကျရင် အရမ်းနောက်ကျသွားလိမ့်မယ်" သူက အပြုံးလေးဖြင့် ပြောလိုက်သည် " ကိုယ်မသွားခင် မင်းကို နောက်ဆုံးအနေနဲ့ လက်ဆောင်ပေးခဲ့ချင်တယ်"
လင်းဖန်ရှေ့တွင် သူ့သိုလှောင်လက်စွပ်နဲ့အတူ တာအိုစည်းချက်ပါသည့် မျိုးစေ့တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။
" တာအိုအဆင့် အမွေအနှစ် မျိုးစေ့" ရှုရှစ်က တအံ့တဩရေရွတ်လိုက်သည် " ယောက်ျား ရှင် ဒီလိုလုပ်လို့မရဘူး"
" ဒါက အကောင်းဆုံးပါပဲ"
ရှုရှစ်က သူမရှေ့မှ မျိုးစေ့ကိုကြည့်ကာ ထိုနောက်ကွယ်မှ အကြောင်းအရင်းကို သိလိုက်သည်။ အမွေအနှစ်မျိုးစေ့သည် မျိုးနွယ်တချို့က သူတို့၏ စွမ်းအားကို တခြားသူများဆီ လက်ဆင့်ကမ်းပေးဖို့ အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်၏။ ထိုနည်းလမ်းကို အသုံးပြုကာ ဧကရာဇ်တစ်ပိုင်းအဆင့်သည် သေမျိုးတစ်ယောက်အား သူတို့၏ စွမ်းအားကို ပေးကာ တူညီသည့်အဆင့်သို့ ပြောင်းလဲပေးနိုင်လိမ့်မည်။ ထိုသေမျိုးက သူတို့၏ မူလအဆီအနှစ်၊ ဝိညာဉ်နှင့် ဝိညာဉ်ခွန်အား၊ ခန္ဓာကိုယ်ခွန်အားနှင့် စည်းမျဉ်းကိုပင် အမွေဆက်ခံရရှိလိမ့်မည်။
အဆင့်မြင့် အမွေအနှစ် မျိုးစေ့များကသာ ထိုအရာကို လုပ်ဆောင်နိုင်ကြ၏။ ထို့အပြင် အမွေအနှစ်မျိုးစေ့ကို အသုံးပြုသည့် လူအများစုက သူတို့၏ ကူးပြောင်းသူကို မကျော်လွန်နိုင်သလို ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခွင့်မရှိပေ။
တစ်ခုတည်းသော ခြွင်းချက်မှာ တာအိုအဆင့် အမွေအနှစ် မျိုးစေ့ဖြစ်ပြီး ထိုအရာဖြင့် လူတစ်ယောက်သည် အမွေအနှစ်၊ အုတ်မြစ်၊ ပါရမီ၊ စိတ်အခြေအနေနှင့် တာအိုနှလုံးသားကိုပင် လက်ခံရရှိနိုင်သည်။ သူတို့က ထိုသူဆီမှ အမွေအားလုံးကို လက်ခံရရှိနိုင်သည်။
ထို့ကြောင့် ရှုရှစ်က ထိုမျိုးစေ့ဖြင့် သူသည် လင်းဖန်၏ စွမ်းရည်နှင့် ခွန်အားတို့ကို အမွေဆက်ခံရရှိနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမက ခေတ္တ စောင့်ဆိုင်းပြီးသည့်နောက်တွင် မျိုးစေ့ကို စုပ်ယူလိုက်သည်။ ထိုအပြုအမူက လင်းဖန်အား ပြုံးသွားစေ၏။ သူ့အပြုအမူသည် သူမအပေါ် ချစ်မြတ်နိုးခြင်း သို့မဟုတ် ရက်ရောမှု ပြရုံမျှ ရိုးရှင်းခြင်း မဟုတ်ပေ။ သူက နောက်ဆုံးအနေဖြင့် အလောင်းအစား ထပ်လိုက်ခြင်းဖြစ်၏။
တစ်ရက်ကျ သူမ အားကောင်းလာပြီး သူ့အား ပြန်လည်ရှင်သန်နိုင်ဖို့ နည်းလမ်းရှာတွေ့ဖို့ရာ မျှော်လင့်ထားသည်။
" ကိုယ် မင်းကို ထပ်မတွေ့နိုင်တော့တာ တောင်းပန်ပါတယ်"
လင်းဖန်က အားသုံးကာ လက်မြှောက်လိုက်ပြီး သူမ မျက်နှာအား ထိတွေ့လိုက်သည် " ကိုယ်တို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်နေမလဲ။ ကိုယ်တို့မှာ ကလေးရော ရှိလာမှာလား။ သူတို့ရော ဘယ်နှစ်ယောက် ရှိလာမှာလဲ။ ကောင်လေးလား၊ ကောင်မလေးလား... သူတို့သာ မင်းရဲ့အလှအတိုင်းသာ စံနှုန်းမှီမယ်ဆိုရင် ရုပ်ချောပြီး ကြော့ရှင်းနေကြမှာပဲ"
သူက သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည် " အဲလိုနေ့ရက်မျိုးကို မြင်ချင်မိသား။ ဒါပေမဲ့ ကံဆိုးတာက"
ရှုရှစ်က အသက်မဲ့နေသည့် ခန္ဓာကိုယ်အား ထွေးပတ်ထားရင်း မျက်ရည်များက တားဆီးမရ စီးကျလာသည်။
" ယောက်ျား တစ်ရက်တော့ ရှင်မြင်ရမှာပါ"
သူမက ရုတ်ချည်းဆိုသလို လက်မြှောက်ကာ ကံကောင်းမှု အမှတ်အသားသည် ပျောက်ကွယ်သွားကြောင်း သတိပြုလိုက်မိသည့်အတွက် သူတောင်းစားအိုကြီး၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။ သို့သော်လည်း ကိစ္စများက ဤသို့ဖြစ်လာမယ်မှန်း သိခဲ့လျှင် သူမက ထိုကံကောင်းမှုကို မရဖို့သာ မျှော်လင့်နေမိသည်။
ရှုရှစ်က အနာဂတ်အကြောင်းတွေးကာ တည်ငြိမ်ဖို့ ကြိုးစားလိုက်သည်။
ငါ အိမ်ပြန်ရမလား။ ဒါမှမဟုတ်‌ ကျောင်းတော်ဆီ ပြန်ရမလား။ မဖြစ်သေးဘူး။ ကျောင်းတော်မှာ နေတာ အကောင်းဆုံးပဲ။ တကယ်လို့ ငါသာ ဧကရာဇ်ဖြစ်လာပြီးတော့ ယောက်ျားကို ပြန်လည်အသက်ရှင်စေချင်ရင် ဧကရာဇ်မျိုးနွယ်တစ်ခုရဲ့ အရင်းအမြစ်နဲ့ ထောက်ပံ့မှုကို လိုအပ်တယ်။ ပြီးတော့ ကျောင်းတော်ကသာ ငါ လင်းဖန်ဆီက အရာအားလုံးကို အမွေရရှိထားမှန်း သိထားရင် သူတို့က ငါ့ကို အမဲလိုက်ကြပြီးတော့ ကုန်သွယ်ရေးအဖွဲ့အစည်းကိုတောင် ဖျက်ဆီးပစ်လိမ့်မယ်...
သူမက ဆုံးဖြတ်ချက်ချလိုက်ပြီး သိပ်မကြာခင် လင်းဖန်၏ တာအိုကာကွယ်သူ ချိုးကျင့်က ရောက်ရှိလာလေသည်။ သူက သူ့တပည့်၏ သေဆုံးနေသည့် ခန္ဓာကိုယ်အားကြည့်ကာ အမူအရာ ပျက်ယွင်းသွားလေသည်။
ဂိုဏ်းမှာ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်လာတဲ့အချိန်မှာ သူတို့ကောင်းကင်ရွေးချယ်ခံက အသတ်ခံလိုက်ရတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူး။
သူက ဘာမှမပြောဘဲ လင်းဖန်၏ ခန္ဓာကိုယ်ကို ရှုရှစ်နှင့်အတူ ကျောင်းတော်ဆီ ပြန်လည်သယ်ဆောင်သွားလိုက်သည်။
ထိုစဉ် ဝမ်ဝေ့၏ ကံကြမ္မာဖတ်ရှုခြင်းက ပြီးဆုံးသွားလေသည်။ သူ့စိတ်ထဲ အတွေးများစွာ ဖြစ်တည်လာ၏။ သူက ဤစစ်ဆေးမှုနှင့် ပတ်သက်ပြီး ကိစ္စများစွာ သင်ယူခဲ့ရသည်။ အားလုံးနှင့် အရာအားလုံးသည် ပါဝင်ယှဉ်ပြိုင်သူများ၏ ပျောက်ကွယ်မှုကို ဖြစ်စေနိုင်သည့် နယ်ရုပ်များ ဖြစ်နေနိုင်သည်။
အကယ်၍ စုယာကသာ ကျန့်ဝူရွှမ်းကို အနိုင်ယူပြီးနောက် ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်လျှင် သူမသည် ဝမ်ဝေ့ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ ကြိုးစားမည် မဟုတ်ပေ။ အကယ်၍ ဝမ်ဝေ့က ရှုံးနိမ့်မှုကို မကြိုက်သည့် သဘောထားမျိုး မရှိလျှင် သူမအပေါ် ကံဆိုးမှုကျိန်စာကို ထားမည် မဟုတ်ပေ။
အပြန်အလှန်အားဖြင့် သူမသည်လည်း လင်းဖန်၏ စံအိမ်သို့ ရောက်ရှိသွားကာ မှတ်ဉာဏ်ပျောက်ဆုံးသွားမည် မဟုတ်ပေ။
ဤစစ်ဆေးမှုအဆင့်တွင် လူအများ၏ စရိုက်က စတင်ဝင်လာသည်။ ရှုရှစ်သည် သူမ၏ ယောက်ျားကို ကူညီဖို့ ဘာမဆိုလုပ်ပေးမည့် ဇနီးကောင်းတစ်ယောက် ဖြစ်သည်။ စုယာလိုလူမျိုးကို ဖိနှိပ်ကာ ကိုယ့်ဘက်ပါဖို့အတွက် သူမက ထိုအခွင့်အရေးကို အသုံးပြုလိမ့်မည်။
လင်းဖန်က တဏှာကြီးသူဖြစ်ကာ မိန်းမလှများ၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့အပြင် သူ မြင့်တက်လာစဉ်အတွင်း အားကောင်းသည့် ကူညီသူတစ်ယောက်လည်း ရလာနိုင်သေးသည်။
စုယာအတွက်မူ သူမက အမျိုးသမီးများကိုသာ ချစ်မြတ်နိုးသည်ဟု ကောလဟာလထွက်ခဲ့ဖူးသည်။ ထိုကောလဟာလများက အမှန်ဖြစ်ဖို့ များ၏။ ဝမ်ဝေ့က ကမ်းခြေပွဲမှာ သူမသည် အမျိုးသမီး အဖော်တစ်ယောက်ကို ခေါ်ဆောင်လာကတည်းက သဘောပေါက်သွားသည်။
ထို့ကြောင့် သူတို့၏ အစီအစဉ်သည် အစကတည်းက ချို့ယွင်းချက် ရှိနေခဲ့သည်။ စုယာက မှတ်ဉာဏ် မရှိလျှင်ပင် အမျိုးသမီးများကိုသာ ဆွဲဆောင်မှုရှိသည်ဟု ထင်မိသည်။ ထို့နောက် သူမ၏ ပြိုင်ဘက်ကို သုတ်သင်ပစ်နိုင်သည့် ကျိန်စာ ဖြစ်၏။
သူမက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ကျိန်စာကို ဘယ်အချိန်က၊ ဘယ်တုန်းက ရခဲ့တာလဲ။ ပိုအရေးကြီးတာက သူမက ဒီကျိန်စာကလွဲပြီး ကျန်တာကို ဘာလို့ မမှတ်မိရတာလဲ ...
ထိုအရာက ရှုရှစ်နှင့် အတူတူ ရှိလိုသည့် သူမ၏ ဆန္ဒသည် သူမ၏ စည်းပိတ်ထားသည့် မှတ်ဉာဏ်အတွင်း ဝင်ရောက်သွားကာ သူမအား အောင်မြင်ဖို့ နည်းလမ်းပေးလာကြောင်း ရှင်းပြပြီးသား ဖြစ်သွား၏။ သို့သော်လည်း ကိစ္စများက တိုက်ဆိုင်လွန်းလှသည်။ ဖြစ်ရပ်တစ်ခုလုံးရှိ ကိစ္စများက ကံကောင်းမှုလား သို့မဟုတ် တိုက်ဆိုင်မှုအပေါ် မှီခိုနေသည်လား။ နမူနာအားဖြင့် စုယာသည် ထိုနှစ်ဦး သူမအပေါ် ထားရှိသည့် မကောင်းစိတ်များကို အဘယ်ကြောင့် အာရုံမခံမိသနည်း။
နံပါတ် ၃ ရုပ်ခန္ဓာပိုင်ရှင်အနေနှင့် သူမသည် သူမ၏ စိတ်ခံစားချက်နှင့် တုံ့ပြန်မှုများကို အာရုံခံနိုင်စွမ်းရှိပေသည်။ သို့သော် သူမ၏ မှတ်ဉာဏ်ပျောက်ဆုံးနေလျှင် သူမ၏ စွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်ကို မည်သို့အသုံးပြုရမှန်း မသိပေ။
သို့သော် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူမ၏ အလိုလိုသိစိတ်က သတိပေးချက်တချို့တော့ ရှိလာစေလိမ့်မည်။ အဘယ်ကြောင့် ကိစ္စများက ချောမွေ့နေရသနည်း။
ငါ ကံဆိုးမှုကျိန်စာနဲ့ ကောင်းကင်တာအိုရဲ့ ကြံစည်မှုကြောင့်လား...
ဝမ်ဝေ့က ဝေဟင်ကို မော့ကြည့်ရင်း တွေးလိုက်မိသည်။
ဒါက ကံကြမ္မာ ခြယ်လှယ်ခြင်းလား။
တွန်းအားပေးသည့် အဖြစ်အပျက်များက ကြုံရာကျပန်းဖြစ်လာကာ ဖြစ်ချင်သည့် ရလဒ်နှင့် မသက်ဆိုင်ပေ။ သူတို့က လှုံ့ဆော်မှုဖြစ်နိုင်ချေ၏ ပုံသဏ္ဌာန်ပြောင်းမှုသာ ဖြစ်၏။
ဝမ်ဝေ့၏ အနားတွင် တာအိုစည်းချက်များ ပေါ်ထွက်လာပြီး ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။ သူက မိနစ်ပိုင်းကြာမြင့်ပြီးနောက် ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းဖြင့် နိုးထလာသည်။
နောက်ဆုံးတွင် သူက လင်းဖန်၏ မရဏအစားထိုးအဆောင်သည် အဘယ်ကြောင့် အလုပ်မလုပ်သလဲဟု သိချင်၍ အိမ်သို့ အမြန်ပြန်သွားလိုက်သည်။
သူက ထိုအရာသည် ကျောင်းတော်၏ ချီကံကောင်းမှုနှင့် ဆက်စပ်နေရမည်ဟု ယုံကြည်ထားသည်။ သို့သော် သူက သေချာချင်မိသည်။ ထို့ကြောင့် သူက ဘိုးဘေးဝမ်ဝူချန်အား သွားရောက်တွေ့ဆုံလိုက်၏။
" ကောင်စုတ်လေး ဒီတစ်ခါ ဘာကြောင့် ရောက်လာတာလဲ"
" ဘိုးဘေး ဘိုးဘေးကို အလုပ်ရှုပ်စေမိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ခု သိချင်လို့ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကျောင်းတော်မှာ တစ်ခုခုဖြစ်ခဲ့သေးလား။"
" မင်းက ဘယ်လိုလုပ်သိတာလဲ။ တစ်စုံတစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပဲ။ လူသုံးယောက်က တစ်ပြိုင်နက် တာအိုဘိုးဘေးအဆင့်ကို ဝင်ရောက်သွားကြတယ်လေ။ ကျောင်းတော်က မင်း ယူသွားတဲ့ ချီကံကောင်းမှုကို ဖြည့်စည်းဖို့ သူတို့ရဲ့ အဆင့်တက်မှုကို ကြေညာကောင်း ကြေညာချင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီအရူးသုံးယောက်က စွမ်းအားကို မထိန်းချုပ်နိုင်ပေမဲ့ သူတို့ရဲ့ကမ္ဘာငယ်အတွင်းမှာ ကပ်ဘေးဖြစ်လုနီးပါး ဖြစ်သွားခဲ့တယ်"
ထင်ထားတဲ့အတိုင်းပဲ ...
" သူတို့ရဲ့ အပြုအမူက ကျောင်းတော်ရဲ့ ကံကောင်းမှုအပေါ် သက်ရောက်မှုရှိစေတာလား" သူက လေထဲတွင် ရေးလိုက်သည်။
" သူတို့က ကျောင်းတော်နဲ့ ချီကံကောင်းမှုနဲ့ ဆက်နွယ်နေတာပဲ"
ဝမ်ဝေ့က နောက်ဆုံးသဲလွန်စကို ဖြေရှင်းပြီးသားဖြစ်၍ သက်ပြင်းချလိုက်သည်။ မရဏအစားထိုးအဆောင်သည် အလုပ်လုပ်ဖို့အတွက် ကံကောင်းမှုမြောက်များစွာ လိုအပ်ပေသည်။ ကျောင်းတော်၏ ကံကောင်းမှုက လင်းဖန် တိုက်ခိုက်ခံရသည့် အခိုက်အတန့်တွင် သက်ရောက်မှုခံရပြီး သူက အသုံးမပြုနိုင်ခဲ့ပေ။
ထိုဖြစ်စဉ်က အပေါ်ယံမြင်ရသည်ထက် ပိုမိုနက်နဲလေသည်။
အဲဒီလူသုံးယောက်ရဲ့ တာအိုအရင်းအမြစ် မျိုးစေ့က ဘယ်ကရောက်လာတာလဲ...
သတ်ဖြတ်မှုစစ်ဆေးပွဲရဲ့ နောက်ဆုံးဆုလာဘ်ပဲ...
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဘိုးဘေးအား ဦးညွှတ်ပြီးနောက် ထွက်သွားလိုက်သည်။
" သူ သတိပြုမိတယ်လို့ထင်လား" အသံတစ်သံက ရုတ်ချည်းမေးလိုက်သည်။
" သူ့အသိဉာဏ်နဲ့ဆိုရင် အံ့ဩစရာတော့ မရှိပါဘူး" ဝမ်ဝူချန်က ပြောလိုက်သည်။
" မင်းက ဒီကောင်လေးအပေါ် အတော်လေး ယုံကြည်နေတဲ့ပုံပဲ"
" ဟုတ်တယ်။ ငါက သူ ဒီစစ်ဆေးမှုကို အောင်မြင်လိမ့်မည်လို့ ယုံကြည်တယ်။"
" ဒီလိုဆိုကောင်းပြီ။ ဒါပေမဲ့ မင်းက ဒါတွေအကုန်လုံးကို ပြောပြရင်းနဲ့ ဝင်စွက်ဖက်ပြီးသွားပြီ။ ပြီးတော့ ငါတို့က သူ ကျရှုံးမဲ့အခြေအနေကို ကြိုတင်ပြင်ဆင်ထားရမယ်။ ငါတို့တွေ ဘယ်သူ့ကို ပြုစုပျိုးထောင်ပေးသင့်တယ်လို့ ထင်လဲ။ လီမျိုးနွယ်ရဲ့ အမွေဆက်ခံသူလား ဒါမှမဟုတ် စည်းပိတ်ထားတဲ့သူ တစ်ယောက်ယောက်ကို နိုးထစေမှာလား"
...........................
ဝမ်ဝေ့က ထွက်လာပြီးသည့်နောက်တွင် အတွေးနက်နေမိသည်။ သူက ကောင်းကင်တာအိုသည် သူ့စစ်ဆေးမှုအတွက် တာအိုအခွင့်အလမ်းဂိုဏ်းကို ထည့်သွင်းစဉ်းစားလိမ့်မည်မှန်း သဘောပေါက်ထားသည်။ အများဆုံးအနေဖြင့် သူ့ဘိုးဘေးများက ထိုအရာကို သိကာ ဂိုဏ်းအား ဝင်ရောက်စွက်ဖက်ခြင်း မရှိအောင် မပါဖို့ ဆုံးဖြတ်ထားကြဟန်ပေါ်သည်။
ဝမ်ဝေ့က ထိုအရာသည် သူ့အဆင့်အတန်း ဖယ်ရှားခြင်း သို့မဟုတ် သူ့အရင်းအမြစ်ကိုလျော့ချခြင်းများ ဖြစ်မလာသည့်အတွက် အဆင်ပြေလေသည်။ သူ လိုအပ်သည့် အရာတိုင်းကို ဂိုဏ်းက ရှိနေသရွေ့ ထောက်ပံ့ပေးလိမ့်မည်။
သို့သော်လည်း သူ့အား ပေးနိုင်သည့် အကူအညီက လုံလောက်သည်ထက် ပိုပေသည်။
အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ဟွင်သွမ်းရုပ်ခန္ဓာကို ရယူဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှာဖွေလိုက်သည်။ ထို့အပြင် သူက ဤကျိန်စာသည် မည်မျှကြောက်ဖို့ကောင်းကြောင်း အနည်းငယ် စိုးရိမ်လာမိ၏။ ထို့ကြောင့် သူက ပြန်လည်တုံ့ပြန်မည့် နည်းလမ်းကို လေ့လာကာ ရှာဖွေလိုသည်။ ထို့အပြင် ထိုကျိန်စာသည် သာမန်မဟုတ်ကြောင်း ခံစားချက်ရနေမိ၏။
*************
" ဒါက အကောင်းဆုံးပါပဲ"