Unicode
ကုမ္ပဏီလိုက်လာပြန်တော့ ထယ်ယောင်း ပျင်းနေမိသည်။ ဂျောင်ဂု က အစည်းအဝေးရှိ၍ အစည်းအဝေးခန်းထဲဝင်သွားပြီဖြစ်သည်။ စောယွန်းကတော့ ဂျောင်ဂုအစည်းအဝေးခန်းထဲဝင်သွားထဲက ယွန်းဂီစီသွားမယ်ဆိုပြီး ထွက်သွားလိုက်တာ အခုထိပြန်မရောက်သေး။ ဂျောင်ဂု ရုံးခန်းထဲသူတစ်ယောက်ထဲသာရှိသည်။
ဘာလုပ်လို့ လုပ်ရမှန်းမသိတာနှင့် ဖုန်းထုတ်ကာ သူ့အဘွားစီလှမ်းဖုန်းဆက်လိုက်သည်။
"Hello အဘွား နေကောင်းရဲ့လား..."
"ကောင်းတယ် မြေးလေး ၊ မြေးလေးတို့ရော နေကောင်းကြလား..."
"ကောင်းတယ်အဘွား..."
"ငါ့မြေးလည်း အိမ်ထောင်ပြုပြီးထဲက အဘွားစီတောင်အလည်မလာတော့ဘူးနော်.....အဘွားမှာတော့သတိတွေရလို့..."
"အဲ့လိုမဟုတ်ပါဘူး အဘွားရယ် ကိုကို အလုပ်မအားသေးလို့ပါ...အဘွားက ကျွန်တော်တို့နဲ့ လာနေဆိုလည်း လာနေတာမှ မဟုတ်တာ ပြီးတော့ ဆိုလ်းမှာမနေပဲ ဒယ်ဂူတောင်ပြန်ပြောင်းသွားသေးတယ် အဘွားသာဆိုလ်းမှာဆို ကျွန်တော် နေ့တိုင်းလာတွေ့မှာပေါ့..."
"ငါ့မြေးရယ် အဘွားက မြေးတို့နှစ်ယောက် လွတ်လွတ်လပ်လပ်နေရအောင်လို့မြေးတို့နဲ့လိုက်မနေတာပါ..ဒယ်ဂုပြန်ပြောင်းနေတယ်ဆိုတာကလည်း အဘွားမသေခင် ကိုယ့်မွေးရပ်မြေလေးမှာ နေချင်လို့ပါ.."
"ဟုတ်ကဲ့ပါအဘွားရယ် ...အဘွားနေချင်တဲ့စီမှာနေပါ ကျွန်တော် ကိုကို အားတဲ့နေ့ အဘွားစီအလည်လာခဲ့ပါ့မယ်..."
"အေးပါ မြေးရယ် ဒါနဲ့ ငါ့မြေး ၊ မြေးဂျောင်ဂုအပေါ် အရမ်းမဆိုးနဲ့နော်...ကိုယ့်ယောကျာ်းစကားကိုနားထောင် ရန်တွေဘာတွေလည်းမဖြစ်နဲ့..."
"အဘွားကလည်း ကျွန်တော် ကိုကိုအပေါ်မဆိုးပါဘူး ကိုကို စကားလည်း နားထောင်ပါတယ်.."
"အေးပါ ငါ့မြေးရယ် ငါ့မြေးအစဉ်ပြေရင် အဘွားဝမ်းသာပါတယ်..."
ထိုစဉ်
"ကလေးရေ ကိုကို အစည်းအဝေးပြီးပြီ.."
"အဘွား ကိုကို ဝင်လာပြီ ဒါပဲနော်.."
"အေးအေး ငါ့မြေး.."
"ကလေး ဘယ်သူနဲ့ စကားပြောနေတာလည်း.."
"အဘွားနဲ့ပြောနေတာ ကိုကိုရဲ့...အဘွားက သူ့စီလာမလည်လို့တဲ့ အဲ့ဒါ ကိုကို နားတဲ့နေ့ကြရင် ကျွန်တော့်ကို အဘွားစီ တစ်ခါလောက် လိုက်ပို့ပေးပါလား..."
"ပို့ပေးမှာပေါ့ ကလေးရဲ့ ကိုကိုလည်း အဘွားကို လွမ်းနေတာ..."
"ဟုတ် ကိုကို... "
"ဒါနဲ့ ကလေး ကိုကိုတို့ ပြန်ရင် ယွန်းဂီတို့ ကုမ္ပဏီကို ခဏဝင်ရအောင် စောယွန်းကို ဝင်ခေါ်မလို့..."
စောယွန်းကို ဝင်ခေါ်မယ်ပြော၍ ထယ်ယောင်း မျက်နှာ ဆူပုတ်ပုတ်ဖြစ်ပြီး ဂျောင်ဂုကို ရန်လုပ်တော့သည်။
"ကိုကို က ဘာကိစ္စ သူ့ကို ဝင်ခေါ်မှာလည်း..."
"အော် ကလေးရယ် စောယွန်းက ကိုကိုတို့အိမ်မှာတည်းတာလေ အဲ့ဒါကြောင့် ကိုကို တို့ပြန်ရင် တစ်ခါထဲ ဝင်ခေါ်ပေးပါဆိုလို့ ဝင်ခေါ်ပေးရမှာ..."
"မခေါ်ရပါဘူး သူ့ဘာသူပြန်လာပါစေ..ကိုကို ဝင်ခေါ်လို့ကတော့ ကျွန်တော် ကိုကိုနဲ့ ပြန်မလိုက်ဘူး အဘွားစီ ပြန်မယ်..."
"ခက်တော့တာပဲ ကလေးရယ် စောယွန်းကဧည့်သည် ပြီးတော့ ကိုကိုရဲ့ သူငယ်ချင်းအရင်းကြီး ကိုကိုက သူ့အပေါ်အဲ့လို လုပ်တော့ မျက်နှာပျက်စရာတွေဖြစ်မှာပေါ့..."
"မသိဘူး မသိဘူး ကိုကို အဲ့မိန်းမကြီးကို ဝင်ခေါ်လို့ကတော့ ကျွန်တော်တကယ် အဘွားစီပြန်မှာ မယုံရင်စောင့်ကြည့်နေ..."
ထယ်ယောင်းစကားကြောင့် ဂျောင်ဂု အကြပ်ရိုက်သွားသည်။ သူ့ကလေး စိတ်ဆိုးမှာလည်း ကြောက်ရသည်။ စောယွန်းကိုလည်းအားနာနေမိသည်။ ထို့ကြောင့်အကောင်းဆုံးဖြစ်မဲ့နည်းကိုပဲသုံရတော့သည်။
"Hello ယွန်းဂီရေ ငါ့ကလေးက နေမကောင်းလို့ စောယွန်းကို ဝင်ခေါ်လို့မရတော့ဘူး အဲ့ဒါ စောယွန်းကို မင်းပဲ ငါ့အိမ်လိုက်ပို့ ပေးလိုက်ပါလား..."
"အေးအေး ဂျောင်ဂု အဲ့ဒါဆို စောယွန်းကိုငါပြန်လိုက်ပို့ပေးမယ်.."
"ကျေးဇူးပဲ ယွန်းဂီရာ စောယွန်းကိုသေချာပြောပြလိုက်ပါ ငါ့ကလေးက တကယ်နေမကောင်းနေလို့ လာမခေါ်တာလို့..."
"အေးပါကွာ ငါပြောပြလိုက်ပါ့မယ်..."
ဂျောင်ဂု ဖုန်းချသွားတော့ စောယွန်းက ယွန်းဂီကိုမေးတော့သည်။
"ယွန်းဂီ ဂျောင်ဂုက ဘာတဲ့လည်း..."
"သူ့ကလေး နေမကောင်းလို့ နင့်ကို လာမခေါ်နိုင်တော့ဘူးတဲ့ ငါ့ကိုပြန်လိုက်ပို့ပေးပါတဲ့..."
စောယွန်း ယွန်းဂီစကားကြားတော့ မျက်နှာပျက်သွားသည်။
"ဂျောင်ဂုက တကယ်ပဲ ငါ့ကို ဝင်မခေါ်ဘူးတဲ့လား..."
"အေး ဟုတ်တယ် ..."
"ဟက်...အဲ့ဒါ ဟိုကောင်လေး စနက် နည်းတွေ
ဆိုတာ သိသားပဲ....ရုပ်လေးချောသလောက် စိတ်ပုတ်လိုက်တာလွန်းရော..."
ယွန်းဂီမှာ စောယွန်းပြောတော့ နားမလည်သလို
နှင့်ပြန်ကြည့်သည်။
"စောယွန်း နင်ဘယ်သူ့ကို ပြောနေတာလည်း စိတ်ပုတ်တယ်ဆိုတာ..."
"ဘယ်သူရှိရမှာလည်း ဂျောင်ဂုရဲ့ လင်ပေါ့...လူလေးကြည့်တော့ မလောက်လေးမလောက်စားနဲ့ ဥာဏ်နီဥာဏ်နက်များပါ့...."
"စောယွန်း နင်က ထယ်ယောင်းနဲ့ မတည့်ဘူးလား ထယ်ယောင်းက သဘောကောင်းပါတယ်..."
"တည့်စရာအကြောင်းမှ မရှိတာ ငါဂျောင်ဂုအိမ်ရောက်တော့ ငါ့ကို မလိုတဲ့ မကြည့်နဲ့ကြည့်ပြီးစစ်ခင်းနေတာ ဒီနေ့လည်း ငါဂျောင်ဂု ကုမ္ပဏီလိုက်မယ်ဆိုတော့ သူကပါ ချက်ချင်းလိုက်မယ်လုပ်တယ်....အခုလည်း သူပြောလို့ ဂျောင်ဂု ငါ့ကိုဝင်မကြိုတာ...ငါသိတာပေါ့..."
"နင်ကလည်းဟာ ကလေးနဲ့ ဖက်ပြီး ရန်ဖြစ်ချင်နေတယ်၊ နင့်ကိုလည်း ငါနားမလည်ဘူး ၊အရင်နင်လာလည်တုန်းကဆို ဟိုတယ်မှာတည်းပြီး ပြန်နေကြ ၊ အခုကြမှ ဘာလို့ ဂျောင်ဂုအိမ်မှာလိုက်တည်းရတာလည်း .."
"ငါတည်းချင်လို့ တည်းတာပေါ့ဟယ် ဘာကြောင့်တည်းတယ်ဆိုတာ အကြောင်းပြချက်ရှိမလား...အဲ့ကောင်လေး လေ ငါမပြန်ခင် ပညာကိုပြသွားရဦးမယ် နောက်မှပေါက်တဲ့ရွှေကြာပင်က ငါ့ကိုများ လာပြိုင်ချင်နေတယ်..."
"စောယွန်းရယ် နင်ကလည်း ကလေးနဲ့ဖက်ပြီး ပြိုင်မနေပါနဲ့ ဂျောင်ဂုကလည်း သူ့ဟာလေးကို အထိခံတာမဟုတ်ဘူး တော်ကြာ ပြသနာတွေဖြစ်နေပါ့မယ်....နင် ထယ်ယောင်းနဲ့ မတည့်ရင် ငါ့အိမ်မှာလာတည်း ငါ့အိမ်လည်းဂျောင်ဂုအိမ်လို အကျယ်ကြီးပါဟာ..."
"မတည်းပါဘူး ဂျောင်ဂု အိမ်မှာပဲ တည်းမှာငါမပြန်ခင် အဲ့မလောက်လေးမလောက်စားလေးကို တစ်ခုခု လုပ်ပြီးမှ ပြန်မှာ..."
ယွန်းဂီ စောယွန်းကို နားမလည်သလိုကြည့်မိသည်။ စောယွန်းက အရင်အခုလို ပုံစံမဟုတ်၍ အံ့သြနေမိသည်။
ထယ်ယောင်းအိမ်ပြန်ရောက်တာနှင့် ကုတင်ပေါ်တက်ခါ လှဲအိပ်နေမိသည်။ ဂျောင်ဂုကိုလည်းစကားမပြော
"ကလေး ဘာဖြစ်လို့လည်း ကိုကို ကိုလည်း တစ်လမ်းလုံးစကားမပြောဘူး၊ အခုပြန်ရောက်တော့လည်း လှဲအိပ်နေတယ် ကိုကို ဘာအမှားလုပ်မိလို့လည်း..."
"ဘာအမှားလုပ်မိလို့လည်း ဟုတ်လား ခင်ဗျား အကိုယွန်းဂီစီ ဖုန်းဆက်ပြောတုန်းက ဘယ်လို ပြောလိုက်တာလည်း..."
"ကိုကို ဘယ်လိုပြောလို့လည်း စောယွန်းကို လာမခေါ်နိုင်လို့ ယွန်းဂီကို လိုက်ပို့ပေးပါလို့ပဲ ပြောတာလေ...."
"အဲ့မတိုင်ခင်ပြောတဲ့စကားလေ...ခင်ဗျား ကျွန်တော် နေမကောင်းလို့ ဟိုမိန်းမကို ဝင်မခေါ်နိုင်ဘူးပြောတာလေ...အကောင်းကြီးရှိတဲ့လူက အဲ့မိန်းမကြီးကြောင့် နေမကောင်း ပဲဖြစ်ပေးရဦးမယ်..."
ဂျောင်ဂုလည်း သူ့ကလေးစိတ်ဆိုးတဲ့အကြောင်း အခုမှပဲ သဘောပေါက်သွားတော့သည်။
"အော် ကလေးက ကိုကို ကို အဲ့ဒါကြောင့်စိတ်ဆိုးတာလား..."
ထယ်ယောင်းက ပြန်မဖြေ မျက်နှာဆူပုတ်ပုတ်လုပ်ကာ တစ်ဖက်လှည့်သွားသည်။
"ကလေးကလည်းကွာ အဲ့ဒါစိတ်ဆိုးစရာမှ မဟုတ်တာ ...ကိုကို က ငါ့ကလေး လာမခေါ်ခိုင်းလို့လာမခေါ်တာလို့ပြောရင် ကလေးကို ယွန်းဂီတို့က စိတ်ပုတ်တဲ့ လူလို့ ထင်မှာပေါ့ ပြီးတော့ သူငယ်ချင်းနဲ့တောင် သဝန်တိုတယ်ဆိုပြီး ကလေးကို မကောင်းမြင်မှာပေါ့ ကလေးရဲ့.."
ဂျောင်ဂုမှာ သူ့ကလေးကို သေချာနားလည်းအောင်ရှင်းပြရသည်။ ဒါလည်း သူ့ကလေးက မကျေနပ်ပြန်
"သဝန်တိုတယ် ထင်လည်း ထင်ထင်ပေါ့ တကယ်လည်း သဝန်တိုတာပဲ...ကျွန်တော့် ကိုကို ကို ကျွန်တော့်တစ်ယောက်ထဲပဲပိုင်ချင်တယ် သူများတွေက သူတို့အပိုင်လုပ်နေတာ သဘောကိုမကြဘူး.."
"ကလေးရယ် အခုလည်း ကလေးတစ်ယောက် ထဲပဲ ကိုကို ကို ပိုင်တာပါ...ဘယ်သူကများ ကိုကို ကို သူတို့အပိုင်လုပ်နေလို့လည်း..."
"ဘယ်သူလုပ်မှာလည်း ဟိုမိန်းမကြီးပေါ့...မသိရင် သူကပဲ ကိုကို ကို ပိုင်သလိုလို ဘာလိုလိုနဲ့ ကျွန်တော် အဲ့မိန်းမကြီးကို လုံးဝကြည့်လို့မရဘူး..."
"အဲ့လို မထင်ပါနဲ့ကလေးရယ် စောယွန်းက အရင်ထဲက အခုလိုပဲနေတက်လို့ပါ..."
"ဘာလည်း ကိုကို က အဲ့မိန်းမကြီးဘက် ပါပြီးပြောနေတာလား ကျွန်တော် ပြောတာတွေက တစ်ခုမှ မမှန်ဘူးဆိုတဲ့ သဘောလား.."
"အဲ့...အဲ့လို မဟုတ်ပါဘူး ကလေးရယ်.."
"တော်ပြီ ဘာမှ လာမပြောနဲ့ ကိုကို အဲ့မိန်းမကြီးကိုယုံကြည်ရင် သူနဲ့သွားနေ ကျွန်တော့် အခန်းထဲက ထွက်သွား..."
ဂျောင်ဂု စိတ်ညစ်လို့သွားသည်။ သူရှင်းပြနေတာလည်း ထယ်ယောင်းနားထဲမဝင်၊ ရှင်းလေရှုပ်လေ ဆိုသလို ဖြစ်နေသည်။
"သွား...ထွက်သွား အခု အခန်းထဲက ထွက်သွား ကိုကို ထွက်မသွားရင် ကျွန်တော် ထွက်သွားမှာ.."
"ကိုကို ထွက်သွားပါ့မယ် ကလေးရယ် စိတ်ကိုလျော့ပါ..."
ဂျောင်ဂု မှာ ထယ်ယောင်းထွက်သွားမှာဆိုး၍ သူပဲ အခန်းထဲက ထွက်လာတော့သည်။
အခန်းပြင်ရောက်မှ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ဟူး..."
"ဟဲ့ ဂျောင်ဂု အခန်းဝမှာ ဘာရပ်လုပ်နေတာလည်း...."
စောယွန်း ကိုမြင်တော့ ဂျောင်ဂုအိုးတိုးအန်းတန်းဖြစ်သွားသည်။
"ဟေ....အမ်..ငါ..ငါ အောက်ခဏဆင်းမလို့..."
"အော် ဆင်းမယ်ဆိုလည်း ဆင်းလေ အခန်းဝကြီးမှာ မတ်တတ်ကြီးရပ်ပြီး မင်သေသေနဲ့..."
"အေး အခုဆင်းမလို့..နင့်ကို ယွန်းဂီလိုက်ပို့တာလား..."
"ယွန်းဂီ လိုက်မပို့လို့ ဘယ်သူလိုက်ပို့မှာလည်း နင်မှ ဝင်မခေါ်တာ..."
"ငါ ဝင်ခေါ်မလို့ပါဟာ ကလေးကနေမကောင်းဖြစ်နေလို့ ချက်ချင်းပြန်လာခဲ့ရလို့ပါ.."
"နင့်ကလေးက ဘယ်နေရာ နေမကောင်းတာလည်း နေလည်ကတောင်အကောင်းကြီးပါ..."
စောယွန်းမေးတော့ ဂျောင်ဂုမဖြေတက်။ ဘာပြန်ပြောရမှန်းမသိ၍ အင်တင်တင်ဖြစ်နေသည်။
"ထားလိုက်ပါ သူ့ဘာသူဘယ်နေရာနေမကောင်းဖြစ်ဖြစ် ငါလည်း ပြန်ရောက်ပြီပဲ ဘာမှမဖြစ်တော့ပါဘူး...နင်လည်း အောက်ဆင်းမလို့မှတ်လား ဆင်းလေ...ငါလည်း အခန်းထဲ ဝင်နားတော့မယ်...."
"အေးအေး နားဦးနော် ငါအောက်ထပ်ခဏဆင်းဦးမယ်..."
ဂျောင်ဂုဆင်းသွားမှ စောယွန်း ဂျောင်ဂုအခန်းဘက်ကို လှမ်းကြည့် လိုက်သည်။
!ဟင်း...တော်တော်စိတ်ပုတ်တဲ့ ကောင်လေး ငါ့ကို လာကြိုမှာဆိုးလို့ နေမကောင်းချင်ယောင်ဆောင်တာ မသိတာများကြလို့ နင်နဲ့ငါတွေ့ဦးမယ်ကြည့်နေ...!
ဂျောင်ဂုတစ်ယောက် အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲမှာပဲထိုင်ကာ အချိန်ဖြုန်းနေလိုက်သည်။ ဘယ်လောက်ကြာကြာအတွေးလွန်ပြီး ထိုင်နေမိမှန်းမသိ စောယွန်း သူ့အနားလာပြီး စကားပြောမှ သူအတွေးတွေဖျောက်မိသည်။
"ဟဲ့ဂျောင်ဂု နင်ဒီမှာ ဘာထိုင်လုပ်နေတာလည်း မအိပ်သေးဘူးလား..."
"ငါ အိပ်မပျော်သေးလို့ ခဏထိုင်နေတာ..."
"နင်လည်းနော် အိမ်ထောင်ကြပြီးခါမှ လိမ်တက်တဲ့အကျင့်တွေရလာတယ်....အရင်က နင့်ပုံစံက လုံးဝကိုပျောက်နေပြီ..."
"ငါ ဘာလိမ်လို့လည်း စောယွန်းရယ် အရင်လည်းငါ့ပုံစံက ဒီတိုင်းပါပဲ..."
"အမလေး ဂျောင်ဂုရယ် ငါ့ကို ငတုံးငအ များထင်နေလား နင်ဒီနေ့ ငါ့ကို လာမကြိုတာ နင့်ယောကျာ်း မကြိုခိုင်းလို့ဆိုတာ ငါမသိတာကြလို့ အဲ့ဒါကိုများ ငါ့ကလေးနေမကောင်းလို့လေးဘာလေးနဲ့ လိမ်ပြောနေသေးတယ်..."
ဂျောင်ဂု စောယွန်းစကားကြားတော့ မဝံ့မရဲ
ပုံစံနဲ့ စောယွန်းကိုကြည့်ကာ
"စောယွန်းရယ် ငါ့ကလေးက တကယ်နေမကောင်းတာပါ....နင်ထင်သလိုမဟုတ်ပါဘူး..."
"ဂျောင်ဂုရယ် နင့်ကလေးသာ နေမကောင်းရင် နင်အခုလိုနေမလား နင့်ကလေးနားမှာ ကပ်နေမှာ ငါမသိတာကြလို့..."
"ငါ...ငါက.."
"ကိုကို..."
ထယ်ယောင်း ဂျောင်ဂုအခန်းထဲကသွားတာ ကြာနေပြီဖြစ်၍ စောယွန်းနဲ့စိတ်မချဖြစ်ကာ ဂျောင်ဂုကိုလိုက်ရှာချင်းဖြစ်သည်။ အောက်ထပ်မှာများရှိမလားလို့ ဆင်းလာတော့ စောယွန်းနဲ့ စကားထိုင်ပြောနေတဲ့ ဂျောင်ဂုမြင်ပြီး ဒေါသထွက်တော့သည်။
ထယ်ယောင်းအသံကြား၍ စောယွန်းရော ဂျောင်ဂုရော ထယ်ယောင်းကို လှည့်ကြည့်မိသည်။
"ကလေး..."
အပေါ်ထပ်ကနေ အောက်ထပ်ကို ဒေါသကြီးမောကြီးနဲ့ ဆင်းလာကာ ဂျောင်ဂုကိုရန်တွေ့တော့သည်။
"ကိုကို ဒီမှာ ဘာထိုင်လုပ်နေတာလည်း..."
"ဘာမှ ထိုင်မလုပ်ပါဘူး ကလေးရဲ့..."
"ဘာမှ မလုပ်ဘူးဆိုလည်း လာ အခန်းထဲသွားမယ် ကျွန်တော် အိပ်ချင်ပြီ..."
ထယ်ယောင်း ဂျောင်ဂု လက်ကို အတင်းဆွဲ၍ ခေါ်သွားတော့သည်။
ဂျောင်ဂုမှာလည်း ထယ်ယောင်းဆွဲနေ၍ ထယ်ယောင်းနောက် ယက်ကန်ယက်ကန်နဲ့ပါသွားသည်။
စောယွန်းကတော့ ထယ်ယောင်းလုပ်ပုံကို ကြည့်ကာ ဒေါသထွက်၍ ကျန်နေခဲ့သည်။
!တောက်....ဒင်း တော်တော်ကို တရားလွန်နေပြီ၊နင့်ကို အနိုင်ပိုင်းဖို့ ငါ့မှာလည်း အခွင့်အရေးရှိလာဦးမှာပါ......!
***************************************
4/2/2024
ဖတ်ရတာ နည်းနည်း ပေါ့သွားသလို ဖြစ်ရင် တောင်းပန်ပါတယ်နော်🙏
Zawgyi
ကုမၸဏီလိုက္လာျပန္ေတာ့ ထယ္ေယာင္း ပ်င္းေနမိသည္။ ေဂ်ာင္ဂု က အစည္းအေဝးရွိ၍ အစည္းအေဝးခန္းထဲဝင္သြားၿပီျဖစ္သည္။ ေစာယြန္းကေတာ့ ေဂ်ာင္ဂုအစည္းအေဝးခန္းထဲဝင္သြားထဲက ယြန္းဂီစီသြားမယ္ဆိုၿပီး ထြက္သြားလိုက္တာ အခုထိျပန္မေရာက္ေသး။ ေဂ်ာင္ဂု ႐ုံးခန္းထဲသူတစ္ေယာက္ထဲသာရွိသည္။
ဘာလုပ္လို႔ လုပ္ရမွန္းမသိတာႏွင့္ ဖုန္းထုတ္ကာ သူ႔အဘြားစီလွမ္းဖုန္းဆက္လိုက္သည္။
"Hello အဘြား ေနေကာင္းရဲ႕လား..."
"ေကာင္းတယ္ ေျမးေလး ၊ ေျမးေလးတို႔ေရာ ေနေကာင္းၾကလား..."
"ေကာင္းတယ္အဘြား..."
"ငါ့ေျမးလည္း အိမ္ေထာင္ျပဳၿပီးထဲက အဘြားစီေတာင္အလည္မလာေတာ့ဘူးေနာ္.....အဘြားမွာေတာ့သတိေတြရလို႔..."
"အဲ့လိုမဟုတ္ပါဘူး အဘြားရယ္ ကိုကို အလုပ္မအားေသးလို႔ပါ...အဘြားက ကြၽန္ေတာ္တို႔နဲ႔ လာေနဆိုလည္း လာေနတာမွ မဟုတ္တာ ၿပီးေတာ့ ဆိုလ္းမွာမေနပဲ ဒယ္ဂူေတာင္ျပန္ေျပာင္းသြားေသးတယ္ အဘြားသာဆိုလ္းမွာဆို ကြၽန္ေတာ္ ေန႔တိုင္းလာေတြ႕မွာေပါ့..."
"ငါ့ေျမးရယ္ အဘြားက ေျမးတို႔ႏွစ္ေယာက္ လြတ္လြတ္လပ္လပ္ေနရေအာင္လို႔ေျမးတို႔နဲ႔လိုက္မေနတာပါ..ဒယ္ဂုျပန္ေျပာင္းေနတယ္ဆိုတာကလည္း အဘြားမေသခင္ ကိုယ့္ေမြးရပ္ေျမေလးမွာ ေနခ်င္လို႔ပါ.."
"ဟုတ္ကဲ့ပါအဘြားရယ္ ...အဘြားေနခ်င္တဲ့စီမွာေနပါ ကြၽန္ေတာ္ ကိုကို အားတဲ့ေန႔ အဘြားစီအလည္လာခဲ့ပါ့မယ္..."
"ေအးပါ ေျမးရယ္ ဒါနဲ႔ ငါ့ေျမး ၊ ေျမးေဂ်ာင္ဂုအေပၚ အရမ္းမဆိုးနဲ႔ေနာ္...ကိုယ့္ေယာက်ာ္းစကားကိုနားေထာင္ ရန္ေတြဘာေတြလည္းမျဖစ္နဲ႔..."
"အဘြားကလည္း ကြၽန္ေတာ္ ကိုကိုအေပၚမဆိုးပါဘူး ကိုကို စကားလည္း နားေထာင္ပါတယ္.."
"ေအးပါ ငါ့ေျမးရယ္ ငါ့ေျမးအစဥ္ေျပရင္ အဘြားဝမ္းသာပါတယ္..."
ထိုစဥ္
"ကေလးေရ ကိုကို အစည္းအေဝးၿပီးၿပီ.."
"အဘြား ကိုကို ဝင္လာၿပီ ဒါပဲေနာ္.."
"ေအးေအး ငါ့ေျမး.."
"ကေလး ဘယ္သူနဲ႔ စကားေျပာေနတာလည္း.."
"အဘြားနဲ႔ေျပာေနတာ ကိုကိုရဲ႕...အဘြားက သူ႔စီလာမလည္လို႔တဲ့ အဲ့ဒါ ကိုကို နားတဲ့ေန႔ၾကရင္ ကြၽန္ေတာ့္ကို အဘြားစီ တစ္ခါေလာက္ လိုက္ပို႔ေပးပါလား..."
"ပို႔ေပးမွာေပါ့ ကေလးရဲ႕ ကိုကိုလည္း အဘြားကို လြမ္းေနတာ..."
"ဟုတ္ ကိုကို... "
"ဒါနဲ႔ ကေလး ကိုကိုတို႔ ျပန္ရင္ ယြန္းဂီတို႔ ကုမၸဏီကို ခဏဝင္ရေအာင္ ေစာယြန္းကို ဝင္ေခၚမလို႔..."
ေစာယြန္းကို ဝင္ေခၚမယ္ေျပာ၍ ထယ္ေယာင္း မ်က္ႏွာ ဆူပုတ္ပုတ္ျဖစ္ၿပီး ေဂ်ာင္ဂုကို ရန္လုပ္ေတာ့သည္။
"ကိုကို က ဘာကိစၥ သူ႔ကို ဝင္ေခၚမွာလည္း..."
"ေအာ္ ကေလးရယ္ ေစာယြန္းက ကိုကိုတို႔အိမ္မွာတည္းတာေလ အဲ့ဒါေၾကာင့္ ကိုကို တို႔ျပန္ရင္ တစ္ခါထဲ ဝင္ေခၚေပးပါဆိုလို႔ ဝင္ေခၚေပးရမွာ..."
"မေခၚရပါဘူး သူ႔ဘာသူျပန္လာပါေစ..ကိုကို ဝင္ေခၚလို႔ကေတာ့ ကြၽန္ေတာ္ ကိုကိုနဲ႔ ျပန္မလိုက္ဘူး အဘြားစီ ျပန္မယ္..."
"ခက္ေတာ့တာပဲ ကေလးရယ္ ေစာယြန္းကဧည့္သည္ ၿပီးေတာ့ ကိုကိုရဲ႕ သူငယ္ခ်င္းအရင္းႀကီး ကိုကိုက သူ႔အေပၚအဲ့လို လုပ္ေတာ့ မ်က္ႏွာပ်က္စရာေတြျဖစ္မွာေပါ့..."
"မသိဘူး မသိဘူး ကိုကို အဲ့မိန္းမႀကီးကို ဝင္ေခၚလို႔ကေတာ့ ကြၽန္ေတာ္တကယ္ အဘြားစီျပန္မွာ မယုံရင္ေစာင့္ၾကည့္ေန..."
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု အၾကပ္႐ိုက္သြားသည္။ သူ႔ကေလး စိတ္ဆိုးမွာလည္း ေၾကာက္ရသည္။ ေစာယြန္းကိုလည္းအားနာေနမိသည္။ ထို႔ေၾကာင့္အေကာင္းဆုံးျဖစ္မဲ့နည္းကိုပဲသုံရေတာ့သည္။
"Hello ယြန္းဂီေရ ငါ့ကေလးက ေနမေကာင္းလို႔ ေစာယြန္းကို ဝင္ေခၚလို႔မရေတာ့ဘူး အဲ့ဒါ ေစာယြန္းကို မင္းပဲ ငါ့အိမ္လိုက္ပို႔ ေပးလိုက္ပါလား..."
"ေအးေအး ေဂ်ာင္ဂု အဲ့ဒါဆို ေစာယြန္းကိုငါျပန္လိုက္ပို႔ေပးမယ္.."
"ေက်းဇူးပဲ ယြန္းဂီရာ ေစာယြန္းကိုေသခ်ာေျပာျပလိုက္ပါ ငါ့ကေလးက တကယ္ေနမေကာင္းေနလို႔ လာမေခၚတာလို႔..."
"ေအးပါကြာ ငါေျပာျပလိုက္ပါ့မယ္..."
ေဂ်ာင္ဂု ဖုန္းခ်သြားေတာ့ ေစာယြန္းက ယြန္းဂီကိုေမးေတာ့သည္။
"ယြန္းဂီ ေဂ်ာင္ဂုက ဘာတဲ့လည္း..."
"သူ႔ကေလး ေနမေကာင္းလို႔ နင့္ကို လာမေခၚႏိုင္ေတာ့ဘူးတဲ့ ငါ့ကိုျပန္လိုက္ပို႔ေပးပါတဲ့..."
ေစာယြန္း ယြန္းဂီစကားၾကားေတာ့ မ်က္ႏွာပ်က္သြားသည္။
"ေဂ်ာင္ဂုက တကယ္ပဲ ငါ့ကို ဝင္မေခၚဘူးတဲ့လား..."
"ေအး ဟုတ္တယ္ ..."
"ဟက္...အဲ့ဒါ ဟိုေကာင္ေလး စနက္ နည္းေတြ
ဆိုတာ သိသားပဲ....႐ုပ္ေလးေခ်ာသေလာက္ စိတ္ပုတ္လိုက္တာလြန္းေရာ..."
ယြန္းဂီမွာ ေစာယြန္းေျပာေတာ့ နားမလည္သလို
ႏွင့္ျပန္ၾကည့္သည္။
"ေစာယြန္း နင္ဘယ္သူ႔ကို ေျပာေနတာလည္း စိတ္ပုတ္တယ္ဆိုတာ..."
"ဘယ္သူရွိရမွာလည္း ေဂ်ာင္ဂုရဲ႕ လင္ေပါ့...လူေလးၾကည့္ေတာ့ မေလာက္ေလးမေလာက္စားနဲ႔ ဥာဏ္နီဥာဏ္နက္မ်ားပါ့...."
"ေစာယြန္း နင္က ထယ္ေယာင္းနဲ႔ မတည့္ဘူးလား ထယ္ေယာင္းက သေဘာေကာင္းပါတယ္..."
"တည့္စရာအေၾကာင္းမွ မရွိတာ ငါေဂ်ာင္ဂုအိမ္ေရာက္ေတာ့ ငါ့ကို မလိုတဲ့ မၾကည့္နဲ႔ၾကည့္ၿပီးစစ္ခင္းေနတာ ဒီေန႔လည္း ငါေဂ်ာင္ဂု ကုမၸဏီလိုက္မယ္ဆိုေတာ့ သူကပါ ခ်က္ခ်င္းလိုက္မယ္လုပ္တယ္....အခုလည္း သူေျပာလို႔ ေဂ်ာင္ဂု ငါ့ကိုဝင္မႀကိဳတာ...ငါသိတာေပါ့..."
"နင္ကလည္းဟာ ကေလးနဲ႔ ဖက္ၿပီး ရန္ျဖစ္ခ်င္ေနတယ္၊ နင့္ကိုလည္း ငါနားမလည္ဘူး ၊အရင္နင္လာလည္တုန္းကဆို ဟိုတယ္မွာတည္းၿပီး ျပန္ေနၾက ၊ အခုၾကမွ ဘာလို႔ ေဂ်ာင္ဂုအိမ္မွာလိုက္တည္းရတာလည္း .."
"ငါတည္းခ်င္လို႔ တည္းတာေပါ့ဟယ္ ဘာေၾကာင့္တည္းတယ္ဆိုတာ အေၾကာင္းျပခ်က္ရွိမလား...အဲ့ေကာင္ေလး ေလ ငါမျပန္ခင္ ပညာကိုျပသြားရဦးမယ္ ေနာက္မွေပါက္တဲ့ေ႐ႊၾကာပင္က ငါ့ကိုမ်ား လာၿပိဳင္ခ်င္ေနတယ္..."
"ေစာယြန္းရယ္ နင္ကလည္း ကေလးနဲ႔ဖက္ၿပီး ၿပိဳင္မေနပါနဲ႔ ေဂ်ာင္ဂုကလည္း သူ႔ဟာေလးကို အထိခံတာမဟုတ္ဘူး ေတာ္ၾကာ ျပသနာေတြျဖစ္ေနပါ့မယ္....နင္ ထယ္ေယာင္းနဲ႔ မတည့္ရင္ ငါ့အိမ္မွာလာတည္း ငါ့အိမ္လည္းေဂ်ာင္ဂုအိမ္လို အက်ယ္ႀကီးပါဟာ..."
"မတည္းပါဘူး ေဂ်ာင္ဂု အိမ္မွာပဲ တည္းမွာငါမျပန္ခင္ အဲ့မေလာက္ေလးမေလာက္စားေလးကို တစ္ခုခု လုပ္ၿပီးမွ ျပန္မွာ..."
ယြန္းဂီ ေစာယြန္းကို နားမလည္သလိုၾကည့္မိသည္။ ေစာယြန္းက အရင္အခုလို ပုံစံမဟုတ္၍ အံ့ၾသေနမိသည္။
ထယ္ေယာင္းအိမ္ျပန္ေရာက္တာႏွင့္ ကုတင္ေပၚတက္ခါ လွဲအိပ္ေနမိသည္။ ေဂ်ာင္ဂုကိုလည္းစကားမေျပာ
"ကေလး ဘာျဖစ္လို႔လည္း ကိုကို ကိုလည္း တစ္လမ္းလုံးစကားမေျပာဘူး၊ အခုျပန္ေရာက္ေတာ့လည္း လွဲအိပ္ေနတယ္ ကိုကို ဘာအမွားလုပ္မိလို႔လည္း..."
"ဘာအမွားလုပ္မိလို႔လည္း ဟုတ္လား ခင္ဗ်ား အကိုယြန္းဂီစီ ဖုန္းဆက္ေျပာတုန္းက ဘယ္လို ေျပာလိုက္တာလည္း..."
"ကိုကို ဘယ္လိုေျပာလို႔လည္း ေစာယြန္းကို လာမေခၚႏိုင္လို႔ ယြန္းဂီကို လိုက္ပို႔ေပးပါလို႔ပဲ ေျပာတာေလ...."
"အဲ့မတိုင္ခင္ေျပာတဲ့စကားေလ...ခင္ဗ်ား ကြၽန္ေတာ္ ေနမေကာင္းလို႔ ဟိုမိန္းမကို ဝင္မေခၚႏိုင္ဘူးေျပာတာေလ...အေကာင္းႀကီးရွိတဲ့လူက အဲ့မိန္းမႀကီးေၾကာင့္ ေနမေကာင္း ပဲျဖစ္ေပးရဦးမယ္..."
ေဂ်ာင္ဂုလည္း သူ႔ကေလးစိတ္ဆိုးတဲ့အေၾကာင္း အခုမွပဲ သေဘာေပါက္သြားေတာ့သည္။
"ေအာ္ ကေလးက ကိုကို ကို အဲ့ဒါေၾကာင့္စိတ္ဆိုးတာလား..."
ထယ္ေယာင္းက ျပန္မေျဖ မ်က္ႏွာဆူပုတ္ပုတ္လုပ္ကာ တစ္ဖက္လွည့္သြားသည္။
"ကေလးကလည္းကြာ အဲ့ဒါစိတ္ဆိုးစရာမွ မဟုတ္တာ ...ကိုကို က ငါ့ကေလး လာမေခၚခိုင္းလို႔လာမေခၚတာလို႔ေျပာရင္ ကေလးကို ယြန္းဂီတို႔က စိတ္ပုတ္တဲ့ လူလို႔ ထင္မွာေပါ့ ၿပီးေတာ့ သူငယ္ခ်င္းနဲ႔ေတာင္ သဝန္တိုတယ္ဆိုၿပီး ကေလးကို မေကာင္းျမင္မွာေပါ့ ကေလးရဲ႕.."
ေဂ်ာင္ဂုမွာ သူ႔ကေလးကို ေသခ်ာနားလည္းေအာင္ရွင္းျပရသည္။ ဒါလည္း သူ႔ကေလးက မေက်နပ္ျပန္
"သဝန္တိုတယ္ ထင္လည္း ထင္ထင္ေပါ့ တကယ္လည္း သဝန္တိုတာပဲ...ကြၽန္ေတာ့္ ကိုကို ကို ကြၽန္ေတာ့္တစ္ေယာက္ထဲပဲပိုင္ခ်င္တယ္ သူမ်ားေတြက သူတို႔အပိုင္လုပ္ေနတာ သေဘာကိုမၾကဘူး.."
"ကေလးရယ္ အခုလည္း ကေလးတစ္ေယာက္ ထဲပဲ ကိုကို ကို ပိုင္တာပါ...ဘယ္သူကမ်ား ကိုကို ကို သူတို႔အပိုင္လုပ္ေနလို႔လည္း..."
"ဘယ္သူလုပ္မွာလည္း ဟိုမိန္းမႀကီးေပါ့...မသိရင္ သူကပဲ ကိုကို ကို ပိုင္သလိုလို ဘာလိုလိုနဲ႔ ကြၽန္ေတာ္ အဲ့မိန္းမႀကီးကို လုံးဝၾကည့္လို႔မရဘူး..."
"အဲ့လို မထင္ပါနဲ႔ကေလးရယ္ ေစာယြန္းက အရင္ထဲက အခုလိုပဲေနတက္လို႔ပါ..."
"ဘာလည္း ကိုကို က အဲ့မိန္းမႀကီးဘက္ ပါၿပီးေျပာေနတာလား ကြၽန္ေတာ္ ေျပာတာေတြက တစ္ခုမွ မမွန္ဘူးဆိုတဲ့ သေဘာလား.."
"အဲ့...အဲ့လို မဟုတ္ပါဘူး ကေလးရယ္.."
"ေတာ္ၿပီ ဘာမွ လာမေျပာနဲ႔ ကိုကို အဲ့မိန္းမႀကီးကိုယုံၾကည္ရင္ သူနဲ႔သြားေန ကြၽန္ေတာ့္ အခန္းထဲက ထြက္သြား..."
ေဂ်ာင္ဂု စိတ္ညစ္လို႔သြားသည္။ သူရွင္းျပေနတာလည္း ထယ္ေယာင္းနားထဲမဝင္၊ ရွင္းေလရႈပ္ေလ ဆိုသလို ျဖစ္ေနသည္။
"သြား...ထြက္သြား အခု အခန္းထဲက ထြက္သြား ကိုကို ထြက္မသြားရင္ ကြၽန္ေတာ္ ထြက္သြားမွာ.."
"ကိုကို ထြက္သြားပါ့မယ္ ကေလးရယ္ စိတ္ကိုေလ်ာ့ပါ..."
ေဂ်ာင္ဂု မွာ ထယ္ေယာင္းထြက္သြားမွာဆိုး၍ သူပဲ အခန္းထဲက ထြက္လာေတာ့သည္။
အခန္းျပင္ေရာက္မွ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။
"ဟူး..."
"ဟဲ့ ေဂ်ာင္ဂု အခန္းဝမွာ ဘာရပ္လုပ္ေနတာလည္း...."
ေစာယြန္း ကိုျမင္ေတာ့ ေဂ်ာင္ဂုအိုးတိုးအန္းတန္းျဖစ္သြားသည္။
"ေဟ....အမ္..ငါ..ငါ ေအာက္ခဏဆင္းမလို႔..."
"ေအာ္ ဆင္းမယ္ဆိုလည္း ဆင္းေလ အခန္းဝႀကီးမွာ မတ္တတ္ႀကီးရပ္ၿပီး မင္ေသေသနဲ႔..."
"ေအး အခုဆင္းမလို႔..နင့္ကို ယြန္းဂီလိုက္ပို႔တာလား..."
"ယြန္းဂီ လိုက္မပို႔လို႔ ဘယ္သူလိုက္ပို႔မွာလည္း နင္မွ ဝင္မေခၚတာ..."
"ငါ ဝင္ေခၚမလို႔ပါဟာ ကေလးကေနမေကာင္းျဖစ္ေနလို႔ ခ်က္ခ်င္းျပန္လာခဲ့ရလို႔ပါ.."
"နင့္ကေလးက ဘယ္ေနရာ ေနမေကာင္းတာလည္း ေနလည္ကေတာင္အေကာင္းႀကီးပါ..."
ေစာယြန္းေမးေတာ့ ေဂ်ာင္ဂုမေျဖတက္။ ဘာျပန္ေျပာရမွန္းမသိ၍ အင္တင္တင္ျဖစ္ေနသည္။
"ထားလိုက္ပါ သူ႔ဘာသူဘယ္ေနရာေနမေကာင္းျဖစ္ျဖစ္ ငါလည္း ျပန္ေရာက္ၿပီပဲ ဘာမွမျဖစ္ေတာ့ပါဘူး...နင္လည္း ေအာက္ဆင္းမလို႔မွတ္လား ဆင္းေလ...ငါလည္း အခန္းထဲ ဝင္နားေတာ့မယ္...."
"ေအးေအး နားဦးေနာ္ ငါေအာက္ထပ္ခဏဆင္းဦးမယ္..."
ေဂ်ာင္ဂုဆင္းသြားမွ ေစာယြန္း ေဂ်ာင္ဂုအခန္းဘက္ကို လွမ္းၾကည့္ လိုက္သည္။
!ဟင္း...ေတာ္ေတာ္စိတ္ပုတ္တဲ့ ေကာင္ေလး ငါ့ကို လာႀကိဳမွာဆိုးလို႔ ေနမေကာင္းခ်င္ေယာင္ေဆာင္တာ မသိတာမ်ားၾကလို႔ နင္နဲ႔ငါေတြ႕ဦးမယ္ၾကည့္ေန...!
ေဂ်ာင္ဂုတစ္ေယာက္ ေအာက္ထပ္ေရာက္ေတာ့ ဧည့္ခန္းထဲမွာပဲထိုင္ကာ အခ်ိန္ျဖဳန္းေနလိုက္သည္။ ဘယ္ေလာက္ၾကာၾကာအေတြးလြန္ၿပီး ထိုင္ေနမိမွန္းမသိ ေစာယြန္း သူ႔အနားလာၿပီး စကားေျပာမွ သူအေတြးေတြေဖ်ာက္မိသည္။
"ဟဲ့ေဂ်ာင္ဂု နင္ဒီမွာ ဘာထိုင္လုပ္ေနတာလည္း မအိပ္ေသးဘူးလား..."
"ငါ အိပ္မေပ်ာ္ေသးလို႔ ခဏထိုင္ေနတာ..."
"နင္လည္းေနာ္ အိမ္ေထာင္ၾကၿပီးခါမွ လိမ္တက္တဲ့အက်င့္ေတြရလာတယ္....အရင္က နင့္ပုံစံက လုံးဝကိုေပ်ာက္ေနၿပီ..."
"ငါ ဘာလိမ္လို႔လည္း ေစာယြန္းရယ္ အရင္လည္းငါ့ပုံစံက ဒီတိုင္းပါပဲ..."
"အမေလး ေဂ်ာင္ဂုရယ္ ငါ့ကို ငတုံးငအ မ်ားထင္ေနလား နင္ဒီေန႔ ငါ့ကို လာမႀကိဳတာ နင့္ေယာက်ာ္း မႀကိဳခိုင္းလို႔ဆိုတာ ငါမသိတာၾကလို႔ အဲ့ဒါကိုမ်ား ငါ့ကေလးေနမေကာင္းလို႔ေလးဘာေလးနဲ႔ လိမ္ေျပာေနေသးတယ္..."
ေဂ်ာင္ဂု ေစာယြန္းစကားၾကားေတာ့ မဝံ့မရဲ
ပုံစံနဲ႔ ေစာယြန္းကိုၾကည့္ကာ
"ေစာယြန္းရယ္ ငါ့ကေလးက တကယ္ေနမေကာင္းတာပါ....နင္ထင္သလိုမဟုတ္ပါဘူး..."
"ေဂ်ာင္ဂုရယ္ နင့္ကေလးသာ ေနမေကာင္းရင္ နင္အခုလိုေနမလား နင့္ကေလးနားမွာ ကပ္ေနမွာ ငါမသိတာၾကလို႔..."
"ငါ...ငါက.."
"ကိုကို..."
ထယ္ေယာင္း ေဂ်ာင္ဂုအခန္းထဲကသြားတာ ၾကာေနၿပီျဖစ္၍ ေစာယြန္းနဲ႔စိတ္မခ်ျဖစ္ကာ ေဂ်ာင္ဂုကိုလိုက္ရွာခ်င္းျဖစ္သည္။ ေအာက္ထပ္မွာမ်ားရွိမလားလို႔ ဆင္းလာေတာ့ ေစာယြန္းနဲ႔ စကားထိုင္ေျပာေနတဲ့ ေဂ်ာင္ဂုျမင္ၿပီး ေဒါသထြက္ေတာ့သည္။
ထယ္ေယာင္းအသံၾကား၍ ေစာယြန္းေရာ ေဂ်ာင္ဂုေရာ ထယ္ေယာင္းကို လွည့္ၾကည့္မိသည္။
"ကေလး..."
အေပၚထပ္ကေန ေအာက္ထပ္ကို ေဒါသႀကီးေမာႀကီးနဲ႔ ဆင္းလာကာ ေဂ်ာင္ဂုကိုရန္ေတြ႕ေတာ့သည္။
"ကိုကို ဒီမွာ ဘာထိုင္လုပ္ေနတာလည္း..."
"ဘာမွ ထိုင္မလုပ္ပါဘူး ကေလးရဲ႕..."
"ဘာမွ မလုပ္ဘူးဆိုလည္း လာ အခန္းထဲသြားမယ္ ကြၽန္ေတာ္ အိပ္ခ်င္ၿပီ..."
ထယ္ေယာင္း ေဂ်ာင္ဂု လက္ကို အတင္းဆြဲ၍ ေခၚသြားေတာ့သည္။
ေဂ်ာင္ဂုမွာလည္း ထယ္ေယာင္းဆြဲေန၍ ထယ္ေယာင္းေနာက္ ယက္ကန္ယက္ကန္နဲ႔ပါသြားသည္။
ေစာယြန္းကေတာ့ ထယ္ေယာင္းလုပ္ပုံကို ၾကည့္ကာ ေဒါသထြက္၍ က်န္ေနခဲ့သည္။
!ေတာက္....ဒင္း ေတာ္ေတာ္ကို တရားလြန္ေနၿပီ၊နင့္ကို အႏိုင္ပိုင္းဖို႔ ငါ့မွာလည္း အခြင့္အေရးရွိလာဦးမွာပါ......!
***************************************
4/2/2024
ဖတ္ရတာ နည္းနည္း ေပါ့သြားသလို ျဖစ္ရင္ ေတာင္းပန္ပါတယ္ေနာ္🙏