သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

16(Unicode)

5.6K 342 7
By Shinn-0813

ပြဿနာဖြစ်တဲ့နေထဲက ရာချီနဲ့စကားမပြောဖြစ်ပေ။စိတ်ဆိုးစိတ်ကောက်သလိုမဟုတ်ပေမယ့် ကိုယ်ကလည်းအပေါင်ဆိုင်ဆောက်နေလို့မအားသူကလည်း လယ်ထဲဆင်းနေရလို့မအားတာကြောင့်ပင်။

အခုတော့ အမေပြောစရာရှိတယ်ဆိုတော့ ထွက်လာတာ ရွာလယ်သို့ထွက်လာခဲ့၏

"အကိုပုံတိုင်း"

အနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့

"အာ ကျန်စစ်ညီလေး "

"အကို့ကို ကျွန်တော်ပြောစရာရှိတယ် အချိန်ရလား "

"အကို အိမ်ပြန်ရမှာမို့ ထားလိုက်ပါတော့ ဘာပြောစရာရှိနေလို့လဲ "

"တစ်နေရာမှာ ထိုင်ပြောကြမလား "

"ဟုတ်ပြီ "

နှစ်ယောက်ဦးတည်သွားတဲ့ နေရာက ရွာထဲက ညောင်ပင်ရဲ့ အရိပ်ဆီသို့..

"ပြောတော့ ကျန်စစ် ဘာပြောမှာလဲ"

"အကို့ကို ရာချီက ချစ်နေတယ်ထင်နေတာလား"

"အကိုမသိဘူး "

"အဟက် သူက အကို့ကို က‌စားခဲ့ရုံဘဲ ကျွန်တော့်ကိုနိုင်ချင်လို့အကို့ဆီကို တမင်ကိုချဉ်းကပ်လာခဲ့တာ "

ရုတ်တရက်ပုံတိုင်းကမသိမသာရီလိုက်တာ‌ကို ကျန်စစ်သတိထားမိလိုက်၏

"အဟက် ကျေးဇူးတင်စရာဘဲ"

"ဘယ်လို "

"အကို့ဆီကို ဒီလိုချဉ်းကပ်ပေးတာတောင် အကိုက ကျေနပ်နေပါပြီ ပြီးတော့ ရာချီရဲ့ခြေလှမ်းတွေက ရပ်တန့်ခဲ့တယ် ကိုယ်က အရှေ့ကို တိုးပေးခဲ့တာလေ "

"ဗျာ..."

ပုံတိုင်းက ကျန်စစ်ရဲ့ ပုခုံးနှဖက်ကို ကိုင်ထား၍

"ကျန်စစ် အကိုပြောပြမယ် "

"..."

"ရာချီက ဘာလို့ရုတ်တရက် အကိုနဲ့ နီးကပ်လာခဲ့လဲ မင်းနဲ့ ဘယ်လိုဖြစ်ခဲ့လည်းမသိပေမယ့် သူကသူ့အဖေရဲ့နွံထဲကလွတ်မြောက်ချင်ခဲ့တာ‌တော့အမှန်ဘဲအကိုကလည်း အခွင့်အရေးပေးလိုက်ရုံဘဲ "

"..."

"ရာချီအကို့ကိုမကြိုက်ခဲ့မှန်းလည်းအကိုသိတယ် အခုသူ့အကို့ကိုချစ်မိနေတာကိုလည်းအကိုရိပ်မိတယ် ရာချီကအကို့ကို ဘယ်လိုသဘောနဲ့ ချဉ်းကပ် ချဉ်းကပ် အကိုကတော့ ရာချီဖြစ်နေလို့ကို ချစ်နေပေးချင်တယ် "

"ဒါဆို အကိုက "

"အင်း အကိုက သူချဉ်းကပ်လာတဲ့နောက်ကိုလိုက်ခဲ့တာမဟုတ်ဘဲ အကို့ရဲ့ကိုယ်ပိုင်စိတ်ကိုက သူကိုချစ်နေခဲ့တာကြာပြီ "

"ဘာလို့သူလဲဗျာ "

"သူကဘဲ အကို့ကို အသက်ရှင်ခွင့်ပေးခဲ့လို့လေ သူ့အသက်ထက်ပိုပြီး..."

အခု အကို့ရဲ့စကားကိုနားမလည်နိုင်ပေမယ့်သေချာတာက အကိုကလည်း ရာချီ့ကိုချစ်နေခဲ့တာဘဲ ။
ရာချီပြောခဲ့တဲ့ စကားတစ်ခုလို ငါတို့ကဘယ်လိုဘဲ ကြိုက်လာအောင်လုပ်လုပ် ကြိုက်ပိုင်ခွင့်ကလည်း ကာရကံရှင် ဆီမှာရှိတာတဲ့...
ဒါဆို ဒီပွဲက ရာချီဝင်ရူတ်လို့ ရူံးခဲ့တာမဟုတ်ဘဲ သူမပြိုင်ခင်ထဲက ရူံးခဲ့တာကို။

"အကို ပြန်ပြီ ကျန်စစ် မင်းလည်း အကို့ထက်ကောင်းတဲ့သူနဲ့တွေ့မှာပါ "

တကယ်ဘဲ ဘာကဘယ်လိုဖြစ်နေတာလဲ
အမြဲ အကိုတစ်ယောက်လို့ ဘေးကဖေးမပေးနေလို့ အခွင့်အရေးလေးရှိမယ်ထင်တာ
လုံးဝကို အကိုတစ်ယောက်လိုဘဲ သူကခင်မင်နေတာကို..

<><>

"ကျွန်တော့်ကို ဘာကိစ္စများပြောစရာရှိလို့လဲ"

အိမ်မှာကတော့ အမေတစ်ယောက်ဘဲရှိနေတာကြောင့် အနေအထိုင်လွတ်လပ်နေသေး၏

"ဖိတ်စာတစ်ဆောင်‌ရောက်လာတယ်သား"

"သာရေးလားနာရေးလား"

"သာရေးပေါ့ မင်းအမဝမ်းကွဲ အမ္မရမောင် မင်္ဂလာဆောင်တော့မို့တဲ့လေ"

အမ္မရမောင်ဆိုသည်မှာ အဘဘက်က ညီရဲ့ သမီးဖြစ်၏ ကျောင်းတက်တုန်းကလည်းသူတို့အိမ်မှာဘဲသွားနေတာကြောင့်ပုံတိုင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးလို့ပြောလို့ရမည်

"အဲ့တာနဲ့ ဘာလို့ကျွန်တော့်ကိုခေါ်ရတာလဲ"

"မင်းအမက မင်းကိုပါဖိတ်တယ်လေ ရင်းနှီးတဲ့ ဆက်ဆံရေးဘဲ သွားရမှာပေါ့ "

"မလိုက်တော့ပါဘူး အဘနဲ့လည်း ခေါ်သေးတာမဟုတ်ဘူး "

"ပုံတိုင်း မင်းအဖေက စိတ်ဖြတ်လိုက်ပြီဆိုလုံးဝကိုဖြတ်ပစ်နိုင်တာဆိုပေမယ့်အခုသူကမင်းကိုစိတ်ဖြတ်နိုင်တယ်ထင်နေတာလား"

"ကျွန်တော် မခန့်မှန်းချင်တော့ဘူး အဲ့အစားလက်ဖွဲ့ငွေလေးဘဲ ထည့်ပေးလိုက်ပါမယ် ဒါဆိုကျွန်တော်ပြန်ပြီ "

"သား"

ပြန်ထွက်ဖို့ လုပ်နေတုန်း အမေ့ရဲ့ နူးနူးညံ့ညံ့ခေါ်သံကြောင့် ပြန်လှည့်ကြည့်လိုက်၏

"အမေတို့ဘယ်လောက်ဘဲ ဒေါသထွက်ထွက် လောကမှာ ဖြတ်မရတဲ့ သံယောစဉ်‌က မိဘသံယောစဉ်ဘဲရှိတယ်သား ဒါကြောင့် အမေကတော့ ဘယ်အချိန်ဘဲဖြစ်ဖြစ် မင်းကိုမျှော်နေမှာ "

"ဟုတ်ကဲ့ပါ "

အမေရဲ့ ဒီစကားတွေကြောင့် အပြစ်တင်စိတ်တွေက လုံးလုံးထွေးထွေးကို ဝင်ချလာခဲ့၏

<><>

"ကိုကိုကြီးရေ "

အိမ်မာ နေနေတုန်းအပြင်က နှင်းရည်ရဲ့အော်သံကြောင့် ရာချီ ထွက်လာခဲ့၏

"ဘာလဲ နှင်းရည် "

"နှင်းရည် တိုင်စရာရှိတယ် "

"ဘာများတိုင်ချင်ပြန်တာလဲ "

"ကိုကိုပုံ့ကို ဟိုကျန်စစ်နဲ့အတူတူတွေ့ခဲ့တယ်"

"အော် "

"ဘာလဲ ကိုကိုကြီးသိနေတာလားဘာမှမပြောဘူးလားနှစ်ယောက်သား ချိန်းတွေ့နေတယ်ဆိုရင်ရော "

သိနေတာလဲမဟုတ်သလို စိတ်မဝင်စားတဲ့ အရာလဲမဟုတ် အလွန့်ကို သဝန်တိုသည် သို့ပေမယ့် အဲ့လို လုပ်နိုင်တဲ့ အခွင့်အရေးမှမရှိဘဲ သူများအချစ်ကိုလုပြီး ဘာတွေ အာဏာပြပေးနိုင်မှာလဲ။

"ရာချီ ကိုယ်ပြန်လာပြီနော်"

"အင်း "

"ရာချီတစ်ခုခုဖြစ်နေလား "

"မင်းကျန်စစ်နဲ့တွေ့ခဲ့တယ်မလား သူဘာပြောလဲ "

သိချင်မိသည် ကျန်စစ် မဟုတ်တာတွေသွားပြောမလားဆိုတာကို အစက ဒီလောက်မဟုတ်ပေမယ့် အခု စိုးရိမ်နေမိတာ။

"မင်းက ကျန်စစ်ကိုနိုင်ချင်တာနဲ့ ကိုယ်ကို ချဉ်းကပ်တာတဲ့လေ "

"ဘာ ဒါဆိုမင်း !!"

ရာချီရဲ့ မျက်ဝန်းတွေက အရည်ကြည့်လဲ့ပြီး
စိုးရိမ်ပူပန်နေတာကို သတိထားမိတာကြောင့်
သူ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားပြီးမှ

"ကိုယ်စိတ်မဆိုးပါဘူးရာချီ မင်းကကိုယ့်ဆီဘာကိစ္စနဲ့ရောက်လာခဲ့ပါစေ ကိုယ်ဆီကိုရောက်လာပေးရုံနဲ့ကိုယ်ကကျေနပ်နေပြီးသားလေ "

"တောင်းပန်ပါတယ် အစက ငါ့ညီမနဲ့ ကျန်စစ်ကြောင့် မင်းအနားကို ကပ်ခဲ့ပေမယ့် အခုတော့ "

"အခုတော့ဘာဖြစ်လဲရာချီ.."

"ဟိုဟိုဟာ အခုတော့ "

"...."

"ချစ်မိသွားလို့ထင်တယ် ကျွန်တော်အစ်ကို့ကိုချစ်မိသွားလို့ "

ရာချီအဖြေကြောင့် ကျေနပ်သွားကာ ပြုံးစိစိဖြစ်နေဟန်

"ဟုတ်ပါပြီ ကိုယ် အဝတ်လျှော်စရာရှိလို့သွားလျှော်အုန်းမယ် မင်းလဲရေချိုးရင်ထွက်ခဲ့ "

ပြောစရာရှိတာပြောပြီးထွက်သွားတော့ ပုံတိုင်းကိုသာ လိုက်ကြည့်နေမိသည်။
သူ့ဆီက ကြားချင်တဲ့စကားကို ဒီနေ့လဲသူမပြောခဲ့ပါ။

"ရာချီ အဝတ်တွေ တစ်ခါထဲချွတ်လိုက် ကိုယ်လျှော်ပေးမယ် "

"...."

စိတ်မကောင်းစရာရှိပေမယ့် ဒါတော့သူမငြင်းပါ စိတ်ကောက်ပြီးလည်း မလျှော်ပေးနဲ့ဆိုပြီးမပြောချင် ပျင်းနေတာကြောင့်လည်းပါတာမို့
ချက်ချင်းဆိုသလို ချွတ်ပေးပြီး ကျောက်စည်နားမှာ သူပါ ဝင်ချိုးနေ၏

"မင်းကရော ရေမချိုးသေးဘူးလား"

"ချိုးမှာလေ "

ချက်ချင်းဘဲ မက်တပ်ရပ်ပြီး အင်္ကျီချွတ်လိုက်တော့ ပေါ်လာတဲ့ ကြွက်သားတွေကအမြှောင်းသား။

ဂလု!

တခြားအသံမဟုတ်ဘူး ရာချီ့ဆီက စထွေးမျိုချတဲ့ အသံ နည်းနည်းတော့ရင်ခုန်တာပေါ့ ဒီလိုကြီးဆွဲချွတ်တော့။

<><>

အပေါင်ဆိုင်ကို အိမ်နဲ့ ကပ်လျှက်လေးဘဲ ထပ်ဖွင့်ဖို့အတွက် ယခုက အချောသက်နေကြ၏။

"ရာချီ ကိုယ်ကို သံဖက် လေး တစ်ချက်လောက်ပစ်ပေးပါ "

ပြောတဲ့အတိုင်းဘေးက သံဖက်ကိုယူသွားပြီးအနားထိသွားပေးဖို့ ‌ကပ်လာခဲ့၏
ဒါကသူ့အတွက်အခွင့်အရေးဘဲ။

"ရော့ ဒီမှာ "

"အင်းကျေးဇူး"

"ဒါနဲ့ သံဖက်ကဘာလုပ်ဖို့လဲ "

"ခြစ်ဖို့လေ "
(ရေးတော့အမှန်ဖတ်တော့အသံ)

"အား အစ်ကိုကလဲဗျာ ဒဲ့ကြီးပြောတော့ ရှက်တာပေါ့လို့ "

"ဟင်"

"သွား..လူဆိုး "

ပုံတိုင်းကတော့ နားမလည်ဟန်နဲ့ကြည့်နေပေမယ့် ရာချီကတော့ တွန့်လိမ်နေကာ ဖွဲ့ဖွဲ့လေးဆုပ်ထားတဲ့လက်နဲ့ ပုံတိုင်းရဲ့ရင်ဘတ်ပြီး တွန်းထုတ်ပြီးမှထွက်‌သွားသေးတာ။

"ဘာများဖြစ်သွားတာလဲ"

မသိတော့ဘဲ လုပ်လက်စကိုသာ ဆက်လုပ်ပြီး ဆိုင်လေးကလည်းလှပစွာအပြီးသတ်သွားခဲ့၏ဆိုင်နမည်လေးကိုတော့ ရာချီစိတ်တိုင်းကျဘဲ ထားပေးဖို့စိတ်ကူးထားသည်။

"ရာချီရေ "

"အင်းခနလေး "

နောက်ကနေ ကြွက်တွေလို အကုန်ဖယ်ထုတ်ရှာနေတဲ့ ရာချီနားကိုရောက်သွား၍

"ဘာရှာနေတာလဲရာချီ "

"ဟဲဟဲတွေ့ပြီ"

"အုန်းခြစ်လားဘာလုပ်ဖို့ ကျောက်ကျောစားချင်လို့လား "

"မဟုတ်ပါဘူး မေးမလို့ ဒါဘာလဲသိလား"

"အုန်းခြစ်လေကွာ "

"အုန်းခြစ်က ဘာလုပ်ဖို့လဲသိလား"

"ခြစ်ဖို့လေ"(ချစ်)

"လူကို အထာပေးနေတာလား သွားလူဆိုး"

"..."

ယခင်ကအတိုင်းဘဲ ရင်ဘတ်ကို တွန်းသွားသေးတာ ရာချီတစ်ခုခုများဖြစ်နေတာလားဘဲ။

ဘယ်လိုထင်ထင် ဂရုမစိုက်ပါ ကြားချင်တဲ့စကားကြားဖို့ကတော့ ကြံဖန်ရအုန်းမှာဘဲ။

အချိန်းအားဖြင့် ည၁၀နာရီလောက်ရှိနေပြီ
တစ်ညနေလုံးထွက်ပြေးနေတဲ့ တွန့်လိမ်တွန့်လိမ်နဲ့ထွက်ပြေးနေတဲ့ရာချီကြောင့် ဆိုင်နာမည်အကြောင်းအခုထိ မပြောရသေး ။

အခုတော့ ရာချီကလည်း ခြင်ထောင်ထဲမှာဆိုတော့ အေးဆေးစကားပြောလို့ရတာကြောင့် သူပါလိုက်ဝင်သွား၏

"ရာချီ "

"ဗျ ဘာများပြောစရာရှိနေသလဲဗျ "

ဘာလို့ဒီလောက်ထိယဉ်ကျေးနေပြီး
မျက်စိမပေါ်တော့တဲ့ ဒီအပြုံးကြီးကဘာလဲ သိပ်ကိုကြောက်ဖို့ကောင်းသည်။

"ဟိုဟာ "

"ဘယ်ဟာလဲ ကျွန်တော်ကိုချစ်တယ်ဆိုတဲ့အကြောင်းတွေလား"

"မဟုတ်ပါဘူး "

"အော် "

ချစ်တယ်ဆိုတဲ့စကားကပြောစရာလိုသေးလို့လား ဒီလောက်ထုတ်ပြနေပေးခဲ့တာကို။

"ကိုယ်တို့အပေါင်ဆိုင်ကို ဘယ်လိုနာမည်ပေးချင်လဲ "

"မသိဘူးလေ အစ်ကိုပေးချင်သလိုပေးပေါ့ "

"ကိုယ့် ခေါင်းထဲကမထွက်လာလို့ "

"ဒါဆိုလဲ ပုံတိုင်းဆောင်လို့ ပေးလိုက်လေ ပေါင်တိုင်းဆုံပေါ့ "

"ပေါင်တိုင်းကဆုံစရာမလိုတော့ဘူးလေ ကိုယ်တို့နှစ်ယောက်ဆုံပြီးရင်ရပြီပေါ့ "

"အေးနော်ဟီးဟီး ပေါင်တိုင်းမွဲလို့ ပေးလိုက်"

နမည်ပေးတာတော်တဲ့ရာချီကြောင့် အကြွင်းချကို‌ရီနေပါတော့သည်။

"မဆိုးဘူးနော်ဟားဟား "

"ဟုတ်တယ် ‌ဟင်းဟင်း "

"ဟုတ်ပြီ ကိုယ်အဲ့လ်ိုဘဲ ပေးလိုက်မယ် "

"အင်း ဟော မီးပျက်သွားတာလား"

ရုတ်တရက် အခန်းတစ်ခုလုံးအမှောင်ကျသွားတာကြောင့် ပုံတိုင်းကတော့ ရာချီရဲ့လက်ကိုသာ မလွတ်စတမ်းကိုင်ထားပြီး
မီးခြစ်ထားတဲ့နေရာထိ တစ်တွဲတွဲ

"တွေ့ပြီ မီးခြစ် "

"အစ်ကို"

"အင်း"

"မီးခြစ်ကဘာလုပ်ဖို့လဲ "

"ခြစ်ဖို့လေ "

"ကျွန်တော်တို့လည်းချစ်ကြရအောင် "

"...."

ပုံတိုင်းစကားတွေ ရပ်သွားတဲ့ အကြောင်းအရင်းက ရာချီရဲ့ အနမ်းတစ်ခုကြောင့်ဖြစ်သည်။

"ရာချီ မင်း.."

ထပ်ပြီးတော့ အဆင့်တက်ကာ ပုံတိုင်းကို ခြင်ထောင်ထဲအထိ ဆွဲချလာပြီး အိပ်ရာ ပေါ်၌ တွန်းချလိုက်ကာ သူကတော့ အပေါ်ရောက်နေလျက်။
မီးထွန်းဖို့လည်းသူတို့မေ့နေ၏

ပြွတ်စ်!!

ဒီအနမ်းတွေကိုတော့ ရာချီကသာ ဦးဆောင်နေ၏

"ရာချီ "

"လက်ခံပေးပါ အစ်ကို "

ပြွတ်စ်!!

နှေးကွေးသွားတဲ့ ရာချီရဲ့ အနမ်းတွေကို သတိထားမိပြီး ပုံတိုင်းကဘဲ ပြန်၍ အစပြုလိုက်၏

ပြွတ်စ်!!!

အင်္ကျီအတွင်းထဲသို့ ထိုးဝင်လာတဲ့ ရာချီရဲ့လက်တွေက ပုံတိုင်းရဲ့ ရင်ဘတ်ကြွက်သားတွေဆီမှာ အုပ်လျက်။

"အစ်ကို ကျွန်တော့်ကို ယူမလား အစ်ကို့ကို ကျွန်တော်ပေးပါတယ် "

ရင်ဘတ်ပေါ်သို့ ကျရောက်နေတဲ့ ရာချီရဲ့ လက်တွေကို ဖယ်ချကာ လှည့်လိုက်တဲ့အချိန်တွင် ရာချီက အောက်သို့ ကျသွားခဲ့၍

"ဒီလိုအရာမျိုးက ကိုယ်ဘက်က တောင်းဆိုရမယ့်အရာပါ "

"...."

"မင်းရဲ့ လူပျိုရည် ကိုယ့်ကို ပေးနိုင်မလား.."

ရာချီ ခေါင်းသာ ညိတ်ပြလိုက်၍။

________________________

[နောက်တစ်ပိုင်းမျှော်...]







Continue Reading

You'll Also Like

3.9K 192 11
ထွက်ပြေးလို့လွတ်ကြေးလားကိုကို
367 54 9
နှင်းဆီနီတွေကို သိပ်မုန်းတဲ့ကောင်လေးရယ် နှင်းဆီနီတွေကို သိပ်မြတ်နိုးတဲ့ကောင်ငယ်လေးရယ် ဘယ်လိုတွေများတွေ့ဆုံကြမလဲ။
17.1K 348 26
"I wish we were forever." "We can be." *** It all began when he poured orange juice on me. *** #1 in parx #1 in Waterparks #2 in Awsten
121K 4.5K 9
2 tom dylogii ,,Agony"