သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

142K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Extra (1)
Extra (2)

Final

6.9K 175 64
By Ennia_Yawn

ရေးခေတ္တရာဟု အမည်ရသည့် ဆေးရုံထဲသို့ ဦးမဟာ သူ့သားနှင့် ချွေးမကို တွဲကာ ရောက်ရှိလာခဲ့သည်။ သူ့မြေး၏ မြစ်ကလေးသုံးယောက်ကို သူ တွေ့ချင်လှပြီဖြစ်သည်။

သူ့မြေး၏ဘေးနားကနေ မြစ်ကလေးသုံးယောက်အား ဦးမဟာ ကြည့်မဝဖြစ်နေကာ တေဇကို စံအိမ်ပြန်လာတော့ဖို့ ချော့ပြောလျက်ရှိသည်။

"ဖိုး မသေခင်လေးတော့ မြေး အိမ်ပြန်လာပါကွာ၊ ဒီပေါက်စလေးသုံးယောက်ကိုပါ ခေါ်လာခဲ့၊ ရိပ် မလိုက်ချင်ရင် သူ့ကို ထားခဲ့လိုက်လေ"

တေဇ မျက်နှာမဲသွားတာမို့ ဦးရာဇ သူ့သားအား-

"မင်းအဖိုးက စနေတာနော်၊ ရိပ်ကို အပြင်မှာချည်း ထားဖို့လား၊ ငါတို့က သဘောတူပါတယ်ဆိုတာကိုတောင် မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်နေကြတာလဲ၊ ရိပ်ကို ပြောလိုက်၊ စံအိမ်ထဲကို ဝေါယာဉ်နဲ့ ပင့်စေချင်တာလားလို့၊ ပင့်စေချင်ရင်လည်း ပြင်ပေးပြီး လာခေါ်ပါ့မယ်လို့"

တေဇ မသိမသာ ကြိတ်ပြုံးလိုက်မိသည်။ သူ့မိဘတွေဖက်က ရိပ်ကို အခုလိုမျိုး လိုလိုလားလားနှင့် ဖြစ်လာမည့်အချိန်ထိ သူ အထာကိုင်နေခဲ့တာဖြစ်သည်။ သူလည်း ဖိုးနား ပြန်နေချင်ပြီဖြစ်သော်ငြား ရိပ်ကို သူ့စံအိမ်ထဲသို့ အောက်ကနေ မဝင်‌စေချင်ခဲ့။

.
.

ရိပ် ဆေးရုံဆင်းကတည်းက ကိုကို့စံအိမ်ရှိရာ ပုဂံသို့ ပြန်လိုက်လာရသည်။ သူ့စိတ်နှင့်သူသာဆို အပြင်မှာပဲ နေချင်သော်ငြား ကိုကိုနဲ့ သူ့အဖိုးကို မခွဲထားရက်တာကြောင့် သူ စိတ်လျော့လိုက်ရခြင်းဖြစ်သည်။ သူ့ကလေးတွေ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည့် သက်ခွန်းယံ ထောင်နန်းစံသွားရပြီမို့ သူ ‌အကျေနပ်ကြီးမဟုတ်တောင်မှ စိတ်ကိုထားတတ်အောင်သာ ကြိုးစားလိုက်ရသည်။

စံအိမ်သို့ ပြန်ရောက်လာချိန်၌ ရိပ် ကိုကို့အလုပ်တွေကို စတင်ကူလုပ်နေရလေသည်။ သားတွေအတွက် ကိုကိုက နေ့ကလေးထိန်းဆရာမတွေ ခေါ်ထားသလို ကိုကိုကိုယ်တိုင်လည်း ထိန်းသည်။ ကိုကို့အမေနှင့် အဖိုးကလည်း သားလေးတွေကို သဲသဲလှုပ်ချစ်နေကြသည်။

တေဇ အငယ်ဆုံးလေးကို ချီထားရင်း ရိပ် လုပ်နေသည့် စာရင်းများကို နောက်က တစ်ချက်ရပ်ကြည့်နေပြီး လိုတာ ထောက်ပြပေးနေသည်။

ရိပ်၏အသက်က အခုမှ နှစ်ဆယ်ကျော်စရှိသေးတာမို့ တေဇ ရိပ်အား အိမ်ထောင်သားမွေးကိစ္စတွေကြားထဲမှာပဲ ရိပ်၏ ငယ်ရွယ်ပျိုမြစ်မှုတွေကို မကုန်ဆုံးစေခိုင်းရက်ပါပေ။

သူ့ရင်သွေးလေးတွေကို အသက်ကိုမငဲ့ဘဲ မွေးပေးထားတာနဲ့တင် ရိပ် ပင်ပန်းခဲ့ရပြီးပြီမို့ ဒီကလေးတွေ ထိန်းဖို့ကိုတော့ သူ ရိပ်ထက် ပိုအပင်ပန်းခံပေးချင်သည်။ နိုင်ငံခြားက ကျောင်းပြီးလာသည့် ရိပ်၏ ပညာတွေကို သူ အရောင်တင်ပေးချင်၏။ ထို့အတွက် သူ စီမံနေသည့် ဟိုတယ်လုပ်ငန်းများကို ရိပ်အား စတင်ဦးစီးခိုင်းလိုက်သည်။ ရိပ် မသိသည်များကို သူ ‌သင်ကြားပေးနေရင်း ရိပ်ကိုသာ နောက်ပိုင်း ဟိုတယ်လွှတ်ဖြစ်သည်။

စာရင်းချုပ်နေချိန် ကိုကို့လက်ပေါ်က အငယ်လေး တအီးအီး တအဲ့အဲ့ ငိုသံထွက်လာတာကြောင့် ရိပ် သူ့အလုပ်ခုံမှ ချက်ချင်းထလိုက်ကာ ကိုကို့လက်ထဲက အငယ်လေးကို ပွေ့ချီလိုက်ရင်း ချော့နေရ၏။

"ကိုကို ရစ်နဲ့ ခက်ကို သွားကြည့်လိုက်ဦး၊ သူတို့ နို့ဆာပြီထင်တယ်"

တေဇ အကြီးလေးနဲ့ အလတ်လေးဖြစ်သည့် သွေးကြောရစ်နှောင် နှင့် စောင်းခက်ကြိုးမျှင် တို့ရှိရာ တစ်ဖက်ခန်းသို့ အမြန်ထွက်လာခဲ့ကာ သားနှစ်ယောက်ကို လက်တစ်ဖက်စီမှ ပွေ့ယူလိုက်ပြီး သူတို့ပါးပါးနား ခေါ်လာသည်။

ငြိမ်ငြိမ်တစ်စက်မှ မနေသည့် အကြီးလေးနှစ်ယောက်က သူတို့ပါးပါးရှိရာ ကုတင်ပေါ် ရောက်သွားလျှင်တော့ တခစ်ခစ်နှင့် ရိပ်ရင်ခွင်ထဲ အလုအယက် တွန်းထိုးဝင်နေတတ်ကြသည်။ သားတွေကချည်း အပိုင်စိုးထားသည့် ထိုရင်ခွင်လေးကို တေဇပင် သေချာမဖက်ရတာ ကြာလှပြီ။

တေဇ ကလေးသုံးယောက်ကြား ပြုံးရွှင်ကာ ရှိနေ‌သော ရိပ်နားသို့ တိုးကပ်လိုက်ပြီး-

"ကိုကိုလည်း နို့စို့ချင်တယ်လေ"

ရိပ် ကိုကို့အား မျက်‌စောင်းသာ ထိုးကြည့်လိုက်တော့ပြီး ကိုကို့ခါးကို တံတောင်ဖြင့် ခတ်လိုက်၏။

"ကလေးတွေ ကြားသွားမယ်လေ"

"ကြားပစေပေါ့၊ သူတို့မှ နားမလည်သေးတာကို"

တေဇ ကလေးတွေကြား လုံးထွေးနေသည့် ရိပ်၏ပါးပြင်လေးကို ရွှတ်ခနဲ လှမ်းနမ်းလိုက်ရင်း ရိပ်ဗိုက်ပေါ် တွယ်တက်နေသည့် အလတ်လေးကို တေဇ ကောက်ချီလိုက်ရ၏။

"ပါးပါး‌ဗိုက်ပေါ် မတက်ရဘူးလေ မျောက်ကလေးရယ်၊ ဒယ်ဒီ့သားလေး‌တွေက ပုပ္ပားတောင်ခြေက မျောက်ကလေးတွေကျနေတာပဲကွာ"

-----------------

ရိပ် အစည်းအဝေးခန်းထဲမှ ထွက်လာရင်း သူ့လည်ဂုတ်ကို ဖိနှိပ်နေမိသည်။ သူ ဟိုတယ်အလုပ်တွေနဲ့ ရင်းနှီးအောင် အတော်လေး ကြိုးစားနေရဆဲမို့ အစည်းအဝေးတစ်ခါပြီးလျှင် သူ အလွန်ပင်ပန်းသွားတတ်သည်။ ညညဆိုလည်း သားတွေက သေးစိုတာနဲ့ ထငိုတတ်တာမို့ သူ အိပ်ရေးမဝ။

ကိုကို့ဆီက အဝင်ဖုန်းအား ရိပ် ဝါးသမ်းရင်း ကိုင်လိုက်ရသည်။

"ရိပ် အစည်းအဝေးပြီးရင် ကိုကိုနဲ့ ဘောလုံးစီးဖို့ ဆင်းခဲ့ဦး"

အိမ်ပြန်ပြီး သားတွေနားကပ်ကာ နားချင်နေပြီဖြစ်သည့် ရိပ်တစ်ယောက် ဘောလုံးစီးရမည်ဟု ကြားလိုက်ရချိန်၌ သွက်လက်စွာ ဟိုတယ်အောက်ဆင်းလာခဲ့၏။ သူ တစ်ခါပဲ စီးဖူးလိုက်သည့် ဘောလုံးကလည်း ကိုကို လက်ထပ်ခွင့်တောင်းတာနဲ့ တိုးတာမို့ သေချာတောင် မခံစားလိုက်ရ။

ရိပ် ကိုကိုရှိရာ ဘောလုံး‌တွေဆင်ထားသည့် ဟိုတယ်ဘေးဖက်သို့ ရောက်ရှိလာသည်။

ကိုကို သူ့လက်ကို လှမ်းတွဲလာတာမို့ သူ ကိုကို့လက်ကို တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်လိုက်ပြီး ကိုကိုနဲ့အတူ ဘောလုံးပေါ် လှမ်းတက်လိုက်သည်။

"ကျွန်တော့်ကို အစည်းအဝေးတွေမှာ တစ်ယောက်ထဲ ပစ်မထားခဲ့ပါနဲ့ဆို"

"ရဲရဲလုပ်ကြည့်ပါ၊ မှားသွားလည်း ကိစ္စမရှိဘူး၊ အလုပ်တွေ ဒေဝါလီ ခံလိုက်ရလည်း ကိစ္စမရှိဘူး၊ ကိုယ့်ရိပ်ကလေးက လုပ်နိုင်ပါတယ်"

ရိပ် နှာခေါင်းရှုံ့လိုက်ပြီး သူ့အား အလုပ်ထဲ၌ အတင်းရှေ့တွန်းပို့နေသည့် ကိုကိုနှင့်ပြိုင်မပြောချင်တော့။ ကိုကို အခုလို သူ့ကို ဦးဆောင်ခိုင်းနေတာက အစိမ်းသက်သက်ဖြစ်နေသည့် သူ့အတွက် အစပိုင်းတွေ၌ အတော်လေး အခက်အခဲဖြစ်ခဲ့ရသော်လည်း သူ တဖြည်းဖြည်း အစည်းအဝေးတွေ၌ပင် ဦးဆောင် ပြောနိုင်လာခဲ့သည်။ အရင်ထက်လည်း သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာခဲ့သည်။ သူ့ဘဝကလည်း တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ပိုပိုရှိလာသလို ခံစားလာရသည်။ ထို့အတွက်ကြောင့်ထင်၏၊ သူ့စိတ်ကျန်းမာရေးအခြေအနေကလည်း ‌တော်တော်လေး တိုးတက်လာ‌သည်။

ရိပ် ဘောလုံးပေါ်မှ ပုဂံ၏အလှတရားများကို ရင်တလှပ်လှပ်ဖြင့် ခံစားနေချိန် ကိုကို သူ့ပခုံးကို သိုင်းဖက်လာကာ ထွေးပွေ့လာတာကြောင့် ရိပ် ကိုကို့အား မော့ပြုံးပြလိုက်သည်။

"ကိုကို ရိပ်နဲ့ လက်ထပ်ချင်တယ်၊ ကိုကို ရိပ်ကို အကြီးကျယ်ဆုံး မင်္ဂလာပွဲတစ်ခု ဖန်တီးပေးချင်တယ်။ ကိုကို ရိပ်ကို မင်္ဂလာပွဲလေးမှ မလုပ်ပေးဖြစ်ရင် သားတွေကြီးလာရင် သူတို့ပါးပါးရဲ့ မင်္ဂလာဓာတ်ပုံမတွေ့ရလို့ ကိုကို့ကို စိတ်ဆိုးကြမှာ သေချာတယ်"

တေဇ ရိပ်၏ပခုံးကို ဖက်ထားရုံတင်မကဘဲ ရိပ်လက်ကိုပါ ဆုပ်ကိုင်လိုက်ကာ-

"ကိုကိုနဲ့ လက်ထပ်ကြရအောင်၊ ကိုကို့ကြင်ယာတော်က ဘယ်လောက်လှတဲ့ အမျိုးသားတစ်ဦးဖြစ်ကြောင်း ကိုကို လူတွေကို ချပြချင်တယ်"

တေဇ ငြိမ်သက်နေကာ တုံ့ပြန်ခြင်းမရှိသည့် ရိပ်အား တောက်လျှောက်ခွင့်တောင်းလျက်ရှိသည်။ ရိပ် စိတ်ရှုပ်မှာစိုးလို့ သူ လက်ထပ်ခွင့်တောင်းခြင်းအား ရှုပ်ရှုပ်ထွေးထွေးတော့ မပြုထားမိ။ ရိပ်က သူ့ဖက်၌ မိဘဆွေမျိုးတွေ မရှိတော့တာမို့ သူ့ကို တကူးတက တင်တောင်းစရာလည်း မလိုတော့တာကြောင့် လက်ထပ်ပွဲ လုပ်မပေးလည်း ဖြစ်သည်ဟု ထိုတောင်းဆိုမှုအား အကြိမ်ကြိမ် ပယ်ချနေခဲ့သူဖြစ်သည်။

"အင်းပါလေ၊ ကျွန်တော်ကတော့ ကိုကိုနဲ့ အခုလို နေနေရတာနဲ့တင် ဘာမှထပ်မလိုတော့ဘူး ထင်တာပဲ၊ ဒါပေမဲ့ ကိုကို့ဘေးကို ဘယ်သူမှ ကပ်လို့မရအောင်တော့ ကိုကို့မှာ ပိုင်ရှင်ရှိ‌ကြောင်း ကျွန်တော် လူလုံးထွက်ပြဖို့ ဆုံးဖြတ်လိုက်ပြီ"

ရိပ် သူနဲ့ မင်္ဂလာပွဲလုပ်ဖို့ မီးစိမ်းပြလိုက်ချိန်၌ တေဇ သူတို့ဟိုတယ်မှာပဲ အလှဆုံး မင်္ဂလာခန်းမကို ပြင်ဆင်ခိုင်းထားသည်။ နှစ်ဖက်မိသားစု မဟုတ်ဘဲ သူ့မိသားစုချည်းသာ ပါနေသည့် မင်္ဂလာပွဲလို ဖြစ်နေတာမို့ ရိပ် စိတ်အဆင်မပြေမှာ သူ အလွန်စိတ်ပူမိသည်။

----------------

အဖြူရောင်သတို့သားဝတ်စုံနှင့် အလှပဆုံး ဖြစ်နေသည့် နှောင်ကြိုးရိပ် ကိုကိုရှိရာ မင်္ဂလာခန်းမဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သားတွေတောင် မွေးပြီးမှ မင်္ဂလာပွဲလုပ်ရတာမို့ သူ သိပ်ပျော်လှသည်တော့ မဟုတ်။ ကိုကို ပျော်‌စေဖို့သာ သူ ရည်ရွယ်ပြီး လက်ခံခဲ့တာဖြစ်သည်။ သူ့မင်္ဂလာပွဲ၌ သူ့မိသားစုဝင်ဆိုလို့ တစ်ယောက်တလေတောင် မရှိသည့် ဒီမင်္ဂလာပွဲက သူ့ကို ဝမ်းနည်းစေသည်။

မင်္ဂလာခန်းမ၏ တံခါးနှစ်ဖက်ကို ဆွဲဖွင့်ပေးလာချိန်၌မူ ရိပ် သူ့မျက်နှာထက်၌ အလှပဆုံး အပြုံးတစ်ပွင့်ကို ချိတ်ဆွဲလိုက်သည်။ ကိုကို့ဆီ လှမ်းဖို့ ခြေတစ်လှမ်း‌ ရှေ့တိုးလိုက်ချိန်၌ပင် ကိုကို့အဖေ သူ့ရှေ့လျှောက်တာမို့ ခဏရပ်လိုက်သည်။

ဦးရာဇဓိရာဇ် သူ့လက်မောင်းကို အနည်းငယ် ကားပေးလိုက်ပြီး ရိပ်ဘေး၌ ကပ်ရပ်လိုက်ကာ ခပ်တိုးတိုးပြောလိုက်၏။

"ဒီနေ့တော့ မင်းယောက္ခထီးမဟုတ်ဘဲ မင်းရဲ့အဖေ လုပ်ပေးမယ်၊ အန်ကယ့်လက်ကို တွဲပြီး လျှောက်ခဲ့၊ ဒီနေ့ကစပြီး ယောက်ျားပဲ ရတာမဟုတ်ဘူး၊ မင်းအဖေထက်တောင် ပိုကောင်းတဲ့အဖေတစ်ယောက်ပါ ထပ်ရလိုက်တယ်ဆိုတာ သေချာပေါက် ခံစားသွားရဖို့ တာဝန်ယူတယ်"

ရိပ် ဟက်ခနဲသာ ရယ်လိုက်မိစဉ် အန်ကယ် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အန်ကယ့်လက်မောင်း၌ ချိတ်တွယ်ခိုင်းလိုက်သည်။

"အန်ကယ့်သားရဲ့အသက်က မင်းတို့ညီအစ်ကိုနှစ်ယောက်ပေးခဲ့တဲ့ အသက်ပါပဲ။ အဲ့ကျေးဇူးကို အန်ကယ် မင်းအပေါ် သားအရင်းတစ်ယောက်လို စောင့်ရှောက်ပေးရင်းနဲ့ ပြန်ဆပ်သွားပါရစေ။ သွားရအောင်"

ရိပ် ကိုကို့ကို လှမ်းကြည့်လိုက်သည်။ ကိုကို့အမေနှင့် ကိုကို့အဖိုးပေါ်မှ သားလေးတွေကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ကိုကို့အဖေလက်ကို မဝံ့မရဲ ဆုပ်ကိုင်လိုက်ပြီး လက်ခုပ်သံတွေကြား ကိုကိုရှိရာသို့ လျှောက်လာခဲ့သည်။

ရိပ်အတွက် သူ တစ်ခါမှ မရခဲ့ဖူးသည့် ဖခင်မေတ္တာကို ခံစားဖူးလိုက်ရသလိုပင်။ သူ ကြည်နူးမှုကြောင့် မျက်ရည်ဝဲသွားရသည်။ အမုန်းတွေနှင့် စခဲ့ကြသည့် ဒီရန်ပွဲ၌ သူ့အစ်ကိုဖက်ကလည်း မမှန်ခဲ့သလို ဒီလူတွေကလည်း မမှန်ခဲ့ပေ။

အပြန်အလှန် လူ့အသက်တွေဆုံးရှုံးပြီး နာကျင်ခဲ့ရသည့် နှစ်ဖက်မိသားစု အမုန်းတရားတွေကို ရိပ် သူ့ဖက်မှစပြီး ရပ်တန့်လိုက်ချင်ပြီ။ သေမင်းခံတွင်းဝမှ လွတ်မြောက်လာခဲ့သူမို့ ကံကောင်းလို့ ကျန်ရှိနေသေးသည့် ဒီလက်ကျန်အချိန်လေးတွေကိုတော့ ချစ်ခြင်းတရားတွေနဲ့သာ ဖြတ်သန်းသွားချင်သည်။

တေဇ၏ နှလုံးစည်းချက်တွေ ခပ်ပြင်းပြင်း ခုန်လှုပ်နေသည်။ သားလေးတွေ မွေးပြီးချိန်၌ အရင်ထက်ပင် လှပနေသေးသော ရိပ်ကို အခုလို သူ လက်ထပ်ယူနိုင်ခဲ့တာမို့ တေဇ အလွန်ကြည်နူးရပါ၏။

တစ်ယောက်လက်ထပ်ပွဲမှာ တစ်‌ယောက် သေချာပေါက် ရှိနေကြစတမ်းဟု ကတိပြုခဲ့ဖူးသည့် သက်ခွန်းယံ ဒီမင်္ဂလာပွဲမှာ ရှိမနေနိုင်ခဲ့တာ သူ စိတ်မကောင်းမဖြစ်ဖူးဆိုလျှင်တော့ လိမ်နေတာသာ ဖြစ်ပေလိမ့်မည်။ သူ ယံ ထောင်ကျသွားတာတောင် မကျေနပ်နိုင်သေးသလို ဖြစ်နေသည့်အထိ အရင်းနှီးဆုံး သူငယ်ချင်းအပေါ် စိတ်နာမိပါသည်။

ဒီနေ့ကစလို့ တောက်လျှောက်ပင်ပန်းခဲ့ရသည့် ရိပ်စိတ်‌တွေ အထိအရှအနည်းဆုံး ဖြစ်စေရမည်ဟူသည့် ကတိကဝတ်ကို တေဇဓိရာဇ် လူပုံအလယ်၌ ရိပ်ရှေ့ ပေးခဲ့လေသည်။

---------------

"ရိပ်ကတော့ကွာ ကိုကို ပြောတာ နားမထောင်ဘူး၊ ကိုကိုနဲ့ နှစ်ယောက်ထဲ ဟန်းနီးမွန်းတစ်ညလောက် ထွက်ရအောင်ပါဆို"

ရိပ် သားနှစ်ယောက်ကို တပြိုင်တည်း နို့ဘူးတိုက်နေရင်း ကိုကို့ကို မျက်စောင်းကောက်ထိုးလိုက်မိသည်။

"ကိုကို ကိုယ့်ကိုယ်ကိုယ် လူပျိုလေးများ ထင်နေသေးတာလား၊ သားတွေကို ဘယ်လိုလုပ် ထားခဲ့ရမှာလဲ"

တေဇ သူ့လက်ထဲ၌ တွန့်လိမ်ကာ အခုထိကို ဆော့ဖို့ကြိုးစားနေသော အငယ်လေးကို ဘုကြည့်ကြည့်လိုက်မိသည်။ သားတွေရှိလာကတည်းက သူ ရိပ်နား ညဖက်တောင် သေချာမကပ်ရတာ ကြာပြီမို့ မင်္ဂလာဦးလေးတော့ တစ်ရက်လောက် လွတ်လွတ်လပ်လပ် နေချင်တာဖြစ်သည်။ သို့သော် သားတွေက ငိုရင် သုံးယောက်လုံး ပြိုင်ငိုလေ့ရှိသည်။ မျောက်ရှုံးအောင် ဆော့ချင်ကြသည်မို့ အလွန်ထိန်းရခက်သည်။ ထို့ကြောင့် ရိပ်က သူ့သားတွေကို စိတ်မချ။

"ဪဟော၊ မျက်လုံးပွင့်တာနဲ့ ဆော့ဖို့ပဲ ချောင်းနေလိုက်နော်။ လူထင်လို့ မွေးလိုက်တာ မျောက်ကလေးတွေဖြစ်နေတာပဲ"

တေဇ အငယ်လေး၏ တင်ပါးလုံးလုံးလေးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး နှာခေါင်းနစ်ဝင်အောင်ထိ ကလေး၏ပါးကို နမ်းလိုက်၏။

"ကိုကို ငယ်ငယ်က မဆော့ရတိုင်း သားတွေကို ‌ပြောပြန်ပြီ"

ရိပ် ကိုကို့လက်ထဲက အငယ်ဆုံးလေးကိုပါ သူ့ဘေးခေါ်လိုက်ကာ ကိုကို့ကို ဝေးဝေးသွားနေဖို့ လက်ဖြင့်မောင်းထုတ်လိုက်သည်။ သားတွေနဲ့သာ နေရမည်ဆိုလျှင် ရိပ်တစ်ယောက် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်သည်မှာ တစ်ခါတလေ ကိုကို့ကိုပင် မေ့ချင်ချင်။

တေဇ လက်ပိုက်ကာ ထိုသားအ‌ဖတွေကို ထိုင်ကြည့်နေရင်း တစ်ချက်တစ်ချက် ပြုံးလိုက်မိ၏။ လူတစ်ယောက်ကို အခုလိုလေး ထိုင်ကြည့်နေရတာနဲ့တင် ချစ်မဝဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူ ပွဲမလုပ်ခင်က ရိပ်၏ဆန္ဒအတိုင်း နေဆက်ပိုင်ဆီ ရိပ်နဲ့အတူ သွားဖြစ်ခဲ့ကြသည်။ အဒေါ်နှင့် ပုပ္ပားမှာ ပြန်နေနေသည့် နေဆက်ပိုင်က သမီးလေးတစ်ယောက် မွေးဖွားခဲ့သည်။

သူ့နားကပ်ချင်စိတ်နှင့် နေဆက်ပိုင် ကလေးတစ်ယောက်အဖက်တင်ခဲ့ရခြင်းအတွက် တေဇ သူ့မပြတ်သားမှုအပေါ် အပြစ်ရှိစိတ်တော့ ဝင်မိသည်။ သူတို့နှစ်ယောက် တစ်ခါလေးတောင် အထိအတွေ့မရှိဖူးပါကြောင်း ထိုနေ့က နေဆက်ပိုင် ရိပ်အား ထပ်ဝန်ခံခဲ့ချိန်၌ တေဇ ထိုကောင်လေးအပေါ် အမုန်းစိတ် မထားတော့ဘဲ သမီးအတွက် လိုအပ်သည့်ပစ္စည်းများသာမက အကူအညီထပ်လိုလျှင် ရိပ်ဆီ တိုက်ရိုက်သွားတွေ့ဖို့သာ ဆိုမိခဲ့သည်။

နောက်တစ်ကြိမ် အထင်လွဲစရာ အသေးအဖွဲလေးနဲ့တောင် ရိပ်စိတ်ကို အထိအခိုက် မဖြစ်စေချင်တာကြောင့် နေဆက်ပိုင်ကို သူ့ဆီတော့ ထပ်လာမတွေ့ဖို့ တစ်ခါတည်း မှာခဲ့သည်။

သားတွေက အခုရက်ပိုင်း အလုပ်အစည်းအ‌‌ဝေးတွေနှင့် အပြင်ထွက်နေရသည့် ရိပ်ကို သိပ်မတွေ့ရသလို ဖြစ်နေတာမို့ ရိပ်ကို အခုလို ကပ်ရမည်ဆိုလျှင် သုံးယောက်သားက အလုအယက် ဖြစ်နေကြသည်။ မျောက်ကလေးသုံးကောင်ကို ထိန်းနေသည့် ရိပ်က မနက်ကလည်း မင်္ဂလာပွဲမှာ ရှိခဲ့ရတာမို့ ပင်ပန်းသွားပုံရသည်။ သားတွေနဲ့ ပက်လက်ဆော့နေရင်းပင် မျက်လုံးတွေ စင်းကျနေပြီဖြစ်သည်။

တေဇ ရိပ်ဗိုက်ပေါ်က အလတ်လေးနှင့် အငယ်လေးကို ကောက်,မလိုက်တော့ကာ-

"မနက်မှဆော့ကြတော့နော်၊ ပါးပါး အိပ်ချင်နေပြီ၊ သားလည်း အိပ်တော့"

သူ့လက်ပေါ်က ညီလေးတွေကို လိုက်ကြည့်နေသည့် အကြီးလေးကို တေဇ မွှေးမွှေးကုန်းပေးလိုက်ရင်း အိပ်ခိုင်းလိုက်၏။ အကြီးလေးဖြစ်သည့် သွေးကြောရစ်နှောင်လေးက ရိပ်ဘေးမှာ လှဲနေရင်းနှင့် ရိပ်ကို မော့ကြည့်နေကာ နားလည်သွားသည့်အလား ရိပ်ကို အနှောင့်အယှက်မပေးတော့ဘဲ မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

တေဇ သူ့လက်ထဲက ကလေးနှစ်ကောင်ကို လမ်းလျှောက်သိပ်နေသည်။ သူ့ပခုံးပေါ် ခေါင်းမှောက်ကာ အိပ်သွားပြီဖြစ်သည့် အငယ်နှစ်ယောက်ကို ပုခက်ထဲ အသာအယာထည့်လိုက်သည်။ ထို့‌နောက် ရိပ်ဘေးက အကြီးလေးကိုပါ ပွေ့ယူလိုက်ကာ ပခုံးပေါ်‌တင်ရင်း စိတ်ရှည်လက်ရှည် ချော့သိပ်နေပြီး အိပ်သွားမှ ညီလေးတွေဘေး ချပေးလိုက်သည်။

သားတွေနဲ့ တစ်ခန်းတည်း အိပ်ကြတာမို့ သေးစိုရင် ထငိုတတ်သည့် သားတွေကြောင့် ရိပ်ခမျာ အိပ်ရေးပျက်ရတာများသည်။ ထို့အတွက် သူ ရိပ်ကိုပါ ဂရုတစိုက် ပြုစုယုယနေရသည်။

တေဇ ကုတင်ပေါ်ပြန်တက်လိုက်ကာ ရိပ်ကိုယ်ပေါ်သို့ စောင်သေချာခြုံပေးလိုက်ပြီး-

"ကိုကို့ကြင်ယာတော်လေး ဒီနေ့အများကြီး ပင်ပန်းသွားပြီ၊ အိပ်ချင်ရင် အိပ်လိုက်တော့၊ သားတွေကို ကိုကို သေချာသိပ်ထားပြီးပြီ"

ရိပ် ကိုကို့လက်မောင်းပေါ် ပြောင်းအိပ်လိုက်ကာ ကိုကို့ခါးကို ခွလိုက်ရင်း နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည့် မျက်လုံးများကို ပွတ်နေမိသည်။

"ကိုကို့သားလေးတွေ နည်းနည်းကြီးလာရင် ကျွန်တော် ကိုကို့အတွက် ကလေး‌လေးတွေ ထပ်မွေးပေးဦးမယ်နော်၊ ကိုကို့အတွက် သမီးလေးတွေ ထပ်မွေးပေးချင်သေးတယ်"

ရိပ် ကိုကို့ပါးကို လှမ်းနမ်းလိုက်ပြီး စောင်အောက်ထဲက သူ့လက်ကို ကိုကို့ညီ‌လေးဆီ ရွှေ့လိုက်ကာ နောက်ထပ်က‌လေးလေးတွေ ထပ်ဆောင်ကြဉ်းပေးနိုင်လာဦးမည့် အဖိုးတန်ကိုကို့ညီလေးကို ရှေ့ညတွေကလိုပဲ လက်ဖြင့်ပြုစုပေးဖို့ လှုပ်ရှားလိုက်သည်။

သားတွေရှိလာကတည်းက သူတို့ သေချာအတူမနေဖြစ်ပေ။ သားတွေနဲ့ တစ်ခန်းတည်းအိပ်ရတာကြောင့် မလွတ်လပ်သလို ဖြစ်နေသည်။ သားတွေက နားမလည်သေးသော်ငြား ဒီကြားထဲ တစ်ခါ အတူနေမိဖူးသေးတာမို့ ကောင်းခန်းရောက်ချိန် ထငိုလာတတ်ကြတာကြောင့် သူတို့နှစ်ယောက် မှတ်မှတ်ရရ တိုင်ပတ်ခဲ့ရသေးသည်။ သူ ကိုကို့အား ပစ်တော့မထားတတ်။ ကိုကို့ညီလေးကိုတော့ ညတိုင်း သူ ယခုကဲ့သို့ လုပ်ပေးတတ်ပြီး ကလေးတွေ အခြေအနေကြည့်ကာ တူတူနေမိသွားကြတာလည်း ရှိတာမို့ အရှိန်ရနေတုန်း သားတွေနိုးလာမလား ရင်တမမ ဖြစ်ရတာလည်း ရှိသည်။

တေဇ ရိပ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကုတင်ပေါ်က ချက်ချင်းထထိုင်လိုက်ကာ ကုတင်နဲ့ သားတွေပုခက်ကြားက သူတို့ကုတင်ကို ဖောက်ထွင်းမမြင်ရသည့် လိုက်ကာကို ဆွဲပိတ်လိုက်ပြီး မီးကို အကုန်လျှော့လိုက်သည်။

ဟန်းနီးမွန်း မသွားဖြစ်ရင်‌တောင်မှ မင်္ဂလာဦးညကိုတော့ တေဇ ဒီအတိုင်းကျော်မသွားချင်တာကြောင့် အံဆွဲထဲက ချောဆီဘူးနှင့် ကွန်ဒုံးကို ထုတ်ယူလိုက်သည်။ ကလေးထပ်မယူသေးဖို့ ဒေါက်တာ သတိပေးလိုက်သေးတာမို့ တေဇ သားတွေမွေးပြီးကတည်းက ရိပ်နဲ့ အတူနေဖြစ်တိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးခဲ့သည်။

"သားတွေအိပ်ပျော်ကာစဆိုတော့ အကျယ်ကြီး မအော်နဲ့နော်"

တေဇ ရိပ်ပေါ်သို့ အုပ်မိုးလိုက်ပြီး ရိပ်၏နားရွက်ဖျားနားသို့ ကပ်ပြောလိုက်ကာ ရိပ်၏အထိမခံနိုင်ဆုံးသော နားရွက်နှင့် ပွင့်ချပ်တွေကို လက်ဖြင့် ပွတ်သပ်ရင်း နှိုးဆွလိုက်၏။ ရိပ်၏နှုတ်ခမ်းပါးလေးများကိုလည်း တရှိုက်မတ်မတ် ငုံထွေးလိုက်မိ၏။

အတန်ကြာနမ်းပြီးချိန်၌ နှုတ်ခမ်းပါးတွေကို ခဏခွာပေးလိုက်ပြီး ရိပ်၏ hoodie အဖြူကို ခေါင်းကနေ အသာအယာ ဆွဲချွတ်လိုက်သည်။ မီးရောင်ခပ်ဖျော့ဖျော့အောက်၌ မြင်လိုက်ရသည့် ဖြူဝင်းနေသော အပေါ်ပိုင်းက လာပါ ကိုက်ပါဟု ဆွဲညှို့နေသယောင်မို့ ရိပ်၏တစ်ကိုယ်လုံးမှာ အကြိုက်ဆုံးနေရာဖြစ်တဲ့ လည်တိုင်သွယ်သွယ်လေးကို လျှာနဲ့အရင်လျက်လိုက်ပြီးမှ ကိုက်ဖောက်ချပစ်လိုက်တော့သည်။

"အ့. .ကိုကို မကိုက်နဲ့လေ"

ရင်ဘတ်တွေကို တွန်းထုတ်ဖို့ ပြင်လာသော ရိပ်လက်တွေကို ဆွဲယူလိုက်ပြီး ခါးကိုပဲ သိုင်းဖက်ထားစေလိုက်ကာ ထိုကလေး၏ခန္ဓာကိုယ်တလျှောက် နေရာလပ်မကျန် ထင်တိုင်းကြဲ ထိကိုင်ပွတ်သပ်နေမိရင်း မရပ်မနား ကိုက်ဖောက်နေမိတော့တာမို့ ဘာမှတောင် စမလုပ်ရသေးခင် ထိုက‌လေးက ငိုတော့မလိုတောင် ဖြစ်လာသည်။

မြတ်နိုးရသော လည်ပင်းသားနုနုက‌နေ သွေးတွေစိမ့်ထွက်လာသည့်အပြင် လှပတဲ့ မျက်ဝန်းလေးတွေကနေ မျက်ရည်တွေဝဲနေသည့် ရိပ်အား တခြားအချိန်ဆို ငိုအောင်မလုပ်ချင်သော်ငြား အတူနေရင်တော့ ရိပ် ငိုနေတာကို သဘောကျ၏။

"မကြောက်နဲ့နော်၊ ကိုကို ဖြည်းဖြည်းပဲ လုပ်မှာ"

ချော့လိုက်မှ နည်းနည်း ပြန်ငြိမ်သွားတာမို့ ရိပ်လည်ပင်းအောက်ကို လက်လျှိုဝင်လိုက်ကာ ခေါင်းကိုထိန်းကိုင်ရင်း နှုတ်ခမ်းနှစ်ခုကို အလုပ်ပေးနေရင်းနဲ့ပင် အောက်ပိုင်းကလည်း လက်အသွင်းအထုတ်ကို စတင်နေမိပြီမို့ ရိပ်၏ ညည်းသံခပ်တိုးတိုးများက အနမ်းများကြားမှ အတားအဆီးမရှိ တိုးထွက်လာသည်။

လက်ချောင်းနဲ့တင် ရိပ်၏သာယာမှုရှိသည့်နေရာက ဘယ်နေရာမှာဆိုတာကို ရှာဖွေတတ်နေပြီမို့ ခဏအတွင်းမှာတင် ရိပ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့‌သလို ရိပ် အဆင်သင့်ဖြစ်လောက်ပြီဆိုမှ အသင့်‌ဆောင်ထားသော ဂျယ်ကိုသုံးလိုက်ပြီး ဖြည်းဖြည်းချင်း ချော့သွင်းကြည့်ရတော့သည်။

ရိပ် သူ့လက်ကို သူ့ပါးစပ်ပေါ်သို့ အမြန်ဖိအုပ်လိုက်ပြီး ဘယ်လောက်အတူနေဖူးပါစေ ဝင်ဝင်ချင်း၌ ခံရခက်သည့် နာကျင်မှုကြောင့် သားတွေကြားသည့်အထိ မအော်မိစေရန် ထိန်းထားရသည်။

တေဇ ခ‌ဏငြိမ်နေလိုက်ပြီးမှ ရိပ် အဆင်သင့်ဖြစ်နိုင်လောက်မည့်အထိ ဖြည်းဖြည်းချင်း အရှိန်ယူပြီး သူ့ခါးကို လှုပ်ရှားနေသည်။

သူ ရိပ်အား မုဒိမ်းကျင့်ယူခဲ့ဖူးသလို မညှာမတာ ဆက်ဆံခဲ့ဖူးခြင်းများရှိဖူးတာကြောင့် နောက်ပိုင်းအတူနေဖြစ်တိုင်း အမြဲလိုလို ရိပ်အပေါ် ငြင်သာစွာသာ ဆက်ဆံသည်။ သူ့ရင်သွေး‌လေးတွေကို အပင်ပန်းခံ မွေးပေးထားသည့် ကလေးကို သူ နည်းနည်းလေးတောင် နာကျင်မှုမရှိစေရဘဲ ထားချင်သည်။ ရက်တိုင်းပြုမူ‌နေခြင်းမရှိ‌သော်လည်း အပြီးတော့ မရှောင်လွှဲနိုင်သည့် ချစ်ရည်လူးခြင်းကိစ္စကိုတောင် သူ ရိပ်၏ ခံနိုင်ရည်လစ်မစ်ကို အမြဲသတိထား စောင့်ကြည့်နေရင်း သူ့တစ်ယောက်တည်း သာယာရုံထက် ရိပ်၏သာယာမှုကိုပါ အတတ်နိုင်ဆုံး ဖန်တီးပေးသည်။ အိပ်ရာပေါ်က ကိစ္စများအပေါ် ရိပ် ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်သည့် ယောက်ျားတစ်ယောက်ဖြစ်အောင် ကြိုးစားတတ်သည်။

ရိပ်ပြီးမြောက်သွားချိန်၌ ပင်ပန်းသွားမှုကြောင့် မျက်လုံးတွေ စင်းကျလာ၏။ ဆေးတွေကြောင့် အိပ်လွယ်တတ်သည့် သူ့ခန္ဓာကိုယ်က ထိုမျှလောက် အားသုံးလိုက်ပြီးလျှင် မလှုပ်နိုင်တော့။

"မရပ်နဲ့၊ ကိုကို ပြီးတဲ့အထိ ဆက်လုပ်လို့ရတယ်၊ ကျွန်တော် ခံနိုင်သေးတယ်"

ရိပ် ကိုကို့လက်မောင်းကို ဆုပ်ကိုင်ထားကာ ကိုကို့နှုတ်ခမ်းကို လှမ်းနမ်းဖို့ ခေါင်းကိုကြွလိုက်ပြီး ခပ်တိုးတိုးဆိုလိုက်၏။

ကိုကိုပါ ပြီးမြောက်ချိန်၌မူ ရိပ် ခြေကုန်လက်ပန်းကျသွားပြီဖြစ်ကာ လက်ချောင်း‌လေးတစ်ချောင်းတောင် မလှုပ်နိုင်တော့။ ထိုအချိန်၌ သားငယ်က အချိန်ကိုက် ထငိုလာတာမို့ ရိပ် ဖျတ်ခနဲ မျက်လုံးကျယ်သွားကာ ဆတ်ခနဲ ထလိုက်ချိန်၌ ဆက်ဆံပြီးကာစမို့ အောက်ပိုင်းက နင့်ခနဲဖြစ်သွားသည်။

"နေနေ၊ ကိုကို သွားမယ်၊ အရမ်းမထနဲ့လေ၊ နာသွားပြီမလား"

တေဇ ကုတင်ပေါ်က ဆင်းလိုက်ကာ သူ့ကိုယ်ပေါ် bathrobe အမြန်ကောက်ဝတ်လိုက်ရသည်။ သားတွေနားသို့ ချက်ချင်းထွက်လာရပြီး နောက်ထပ်နှစ်ယောက်မနိုးခင် အငယ်လေးကို အမြန်ပွေ့ယူလိုက်ရပြီး ချော့နေရသည်။

"ကိုကို သားကို ကျွန်တော့်ဆီ ခေါ်လာပေး"

ရိပ် ကိုကို့လက်ထဲက သားကို သူ့ပေါင်ပေါ်တင်လိုက်ပြီး ညတိုင်း အသင့်ပြင်ထားရသည့် နို့ဘူးကို တိုက်ရင်း ချော့ရသည်။ သူ့လက်ထဲရောက်လျှင် အကြာကြီး မငိုတတ်သည့် သားတွေက အခုလည်း တအဲ့အဲ့သာ ငိုတော့ရင်း နို့ဘူးကို ခဲထားကာ သူ့လက်မောင်းကြားထဲ၌ ငြိမ်သွားသည်။

"သားက နို့ဆာနေတာ"

ရိပ် ကိုကို့ကို မော့ပြောလိုက်သည်။

"သားတွေက ရိပ်အပေါ်ကို အခုကထဲက သိတတ်တယ်၊ ကြီးလာရင် ပိုတောင် သိတတ်ဦးမယ့်သား‌လေးတွေပဲ ဖြစ်လာမှာ သေချာတယ်၊ ကိုကို့ရိပ်ကလေး ပင်ပန်းရကျိုးနပ်သွားပြီ"

တပြွတ်ပြွတ်နှင့် ငြိမ်ငြိမ်လေး နို့ဘူးစို့နေသည့် သားငယ်ကို ချစ်မဝစွာ တေဇ ကြည့်နေရင်း ဒီလို ချစ်စရာလေးတွေကို လူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့သည့် အမျိုးသားလေး၏ နဖူးမှ ချွေးစို့နေဆဲ ဆံနွယ်များကို သပ်တင်ပေးလိုက်ပြီး ရိပ်၏ပါးကို ခပ်ဖွဖွ လှမ်းနမ်းလိုက်၏။

နမ်းမဝသည့် ရိပ်၏ ဒီပါး‌လေးကို သားတွေနှင့်လုပြီး အချိန်အကြာကြီး သူ နမ်းခွင့်ရချင်သည်။

သူ ရိပ်ကို ချစ်သည်။ ချစ်တာထက် ပိုသည့် စကားလုံးရှိရင်လည်း ထိုစကားလုံးလေးတွေအားလုံးက ရိပ်ကိုသာ ရည်ညွှန်းသည်။ သားတွေ၏ ပါးပါးကို သူ ပြောမပြတတ်အောင် မြတ်နိုးချစ်နဲ့ ချစ်ရပါသည်။

တေဇအတွက် လက်ရှိစံအိမ်သခင်လေးဘွဲ့ကနေ တစ်ချိန်ကျလျှင် ဒီစံအိမ်၏ သခင်တစ်ယောက်ဟူသည့် အမည်နာမတွေ ပြောင်းလဲသွားခဲ့လျှင်တောင်မှ မပြောင်းလဲမည့်အရာ တစ်ခုရှိ၏။ အားလုံး၏ သခင်ဖြစ်သွားလျှင်တောင်မှ ရိပ်ကတော့ သူ့နှလုံးသားတစ်ခုလုံးကို အပိုင်သိမ်းကာ အုပ်စိုးသွားနိုင်မည့် သခင်တစ်ပါးပင်။ ထိုသခင့်ခြေတော်ရင်း၌ တေဇဓိရာဇ် သူ့သက်တမ်းကုန်သည့်အထိ သစ္စာရှိစွာဖြင့် ခင်ပွန်းကောင်းတစ်ယောက်၏တာဝန်ကို ကျေပွန်တာထက်လွန်အောင်ပင် ကျေကျေနပ်နပ်ကြီး အမှုတော်ထမ်းသွားဦးမှာ ဖြစ်ပေသည်။ ။

ပြီးပါပြီ။

2.2.2024

________________________

မအားတဲ့ကြားကနေ ရေးခဲ့ရတဲ့ ကိုးယောက်မြောက် ဘေဘီလေးဖြစ်တဲ့ ရိပ်ကလေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါပြီ။ စာရေးဖြစ်တုန်းမှာ Mpreg တစ်ပုဒ်လောက် အမှတ်တရ ဖန်တီးကြည့်ချင်တာမို့ ရေးဖြစ်သွားခဲ့တာလေးကို သဘောတကျနဲ့ လိုက်ဖတ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။

ကိုကိုတေဇနဲ့ ရိပ်ရယ်၊ သူတို့ကြားက အမွှာလေးသုံးယောက်ရယ်ကို ပုပ္ပားရောက်တိုင်း သတိတရရှိနေပေးကြမယ်ဆိုရင်ပဲ ကျေနပ်သွားပါပြီ။

အဆုံးထိတူတူရှိပေးခဲ့ကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအများကြီးတင်ရပါတယ်။ သခင့်ခြေတော်ရင်းကနေ နှုတ်ဆက်လိုက်ပါတယ်နော်။

Start date - 23.10.2023
End date   -  2.2.2024

________________________

[Zawgyi]

ေရးေခတၱရာဟု အမည္ရသည့္ ေဆး႐ုံထဲသို႔ ဦးမဟာ သူ႕သားႏွင့္ ေခြၽးမကို တြဲကာ ေရာက္ရွိလာခဲ့သည္။ သူ႕ေျမး၏ ျမစ္ကေလးသုံးေယာက္ကို သူ ေတြ႕ခ်င္လွၿပီျဖစ္သည္။

သူ႕ေျမး၏ေဘးနားကေန ျမစ္ကေလးသုံးေယာက္အား ဦးမဟာ ၾကည့္မဝျဖစ္ေနကာ ေတဇကို စံအိမ္ျပန္လာေတာ့ဖို႔ ေခ်ာ့ေျပာလ်က္ရွိသည္။

"ဖိုး မေသခင္ေလးေတာ့ ေျမး အိမ္ျပန္လာပါကြာ၊ ဒီေပါက္စေလးသုံးေယာက္ကိုပါ ေခၚလာခဲ့၊ ရိပ္ မလိုက္ခ်င္ရင္ သူ႕ကို ထားခဲ့လိုက္ေလ"

ေတဇ မ်က္ႏွာမဲသြားတာမို႔ ဦးရာဇ သူ႕သားအား-

"မင္းအဖိုးက စေနတာေနာ္၊ ရိပ္ကို အျပင္မွာခ်ည္း ထားဖို႔လား၊ ငါတို႔က သေဘာတူပါတယ္ဆိုတာကိုေတာင္ မင္းတို႔ႏွစ္ေယာက္က ဘယ္လိုျဖစ္ေနၾကတာလဲ၊ ရိပ္ကို ေျပာလိုက္၊ စံအိမ္ထဲကို ေဝါယာဥ္နဲ႕ ပင့္ေစခ်င္တာလားလို႔၊ ပင့္ေစခ်င္ရင္လည္း ျပင္ေပးၿပီး လာေခၚပါ့မယ္လို႔"

ေတဇ မသိမသာ ႀကိတ္ၿပဳံးလိုက္မိသည္။ သူ႕မိဘေတြဖက္က ရိပ္ကို အခုလိုမ်ိဳး လိုလိုလားလားႏွင့္ ျဖစ္လာမည့္အခ်ိန္ထိ သူ အထာကိုင္ေနခဲ့တာျဖစ္သည္။ သူလည္း ဖိုးနား ျပန္ေနခ်င္ၿပီျဖစ္ေသာ္ျငား ရိပ္ကို သူ႕စံအိမ္ထဲသို႔ ေအာက္ကေန မဝင္‌ေစခ်င္ခဲ့။

.
.

ရိပ္ ေဆး႐ုံဆင္းကတည္းက ကိုကို႔စံအိမ္ရွိရာ ပုဂံသို႔ ျပန္လိုက္လာရသည္။ သူ႕စိတ္ႏွင့္သူသာဆို အျပင္မွာပဲ ေနခ်င္ေသာ္ျငား ကိုကိုနဲ႕ သူ႕အဖိုးကို မခြဲထားရက္တာေၾကာင့္ သူ စိတ္ေလ်ာ့လိုက္ရျခင္းျဖစ္သည္။ သူ႕ကေလးေတြ ဆုံးရႈံးေအာင္ ျပဳလုပ္ခဲ့သည့္ သက္ခြန္းယံ ေထာင္နန္းစံသြားရၿပီမို႔ သူ ‌အေက်နပ္ႀကီးမဟုတ္ေတာင္မွ စိတ္ကိုထားတတ္ေအာင္သာ ႀကိဳးစားလိုက္ရသည္။

စံအိမ္သို႔ ျပန္ေရာက္လာခ်ိန္၌ ရိပ္ ကိုကို႔အလုပ္ေတြကို စတင္ကူလုပ္ေနရေလသည္။ သားေတြအတြက္ ကိုကိုက ေန႕ကေလးထိန္းဆရာမေတြ ေခၚထားသလို ကိုကိုကိုယ္တိုင္လည္း ထိန္းသည္။ ကိုကို႔အေမႏွင့္ အဖိုးကလည္း သားေလးေတြကို သဲသဲလႈပ္ခ်စ္ေနၾကသည္။

ေတဇ အငယ္ဆုံးေလးကို ခ်ီထားရင္း ရိပ္ လုပ္ေနသည့္ စာရင္းမ်ားကို ေနာက္က တစ္ခ်က္ရပ္ၾကည့္ေနၿပီး လိုတာ ေထာက္ျပေပးေနသည္။

ရိပ္၏အသက္က အခုမွ ႏွစ္ဆယ္ေက်ာ္စရွိေသးတာမို႔ ေတဇ ရိပ္အား အိမ္ေထာင္သားေမြးကိစၥေတြၾကားထဲမွာပဲ ရိပ္၏ ငယ္႐ြယ္ပ်ိဳျမစ္မႈေတြကို မကုန္ဆုံးေစခိုင္းရက္ပါေပ။

သူ႕ရင္ေသြးေလးေတြကို အသက္ကိုမငဲ့ဘဲ ေမြးေပးထားတာနဲ႕တင္ ရိပ္ ပင္ပန္းခဲ့ရၿပီးၿပီမို႔ ဒီကေလးေတြ ထိန္းဖို႔ကိုေတာ့ သူ ရိပ္ထက္ ပိုအပင္ပန္းခံေပးခ်င္သည္။ နိုင္ငံျခားက ေက်ာင္းၿပီးလာသည့္ ရိပ္၏ ပညာေတြကို သူ အေရာင္တင္ေပးခ်င္၏။ ထို႔အတြက္ သူ စီမံေနသည့္ ဟိုတယ္လုပ္ငန္းမ်ားကို ရိပ္အား စတင္ဦးစီးခိုင္းလိုက္သည္။ ရိပ္ မသိသည္မ်ားကို သူ ‌သင္ၾကားေပးေနရင္း ရိပ္ကိုသာ ေနာက္ပိုင္း ဟိုတယ္လႊတ္ျဖစ္သည္။

စာရင္းခ်ဳပ္ေနခ်ိန္ ကိုကို႔လက္ေပၚက အငယ္ေလး တအီးအီး တအဲ့အဲ့ ငိုသံထြက္လာတာေၾကာင့္ ရိပ္ သူ႕အလုပ္ခုံမွ ခ်က္ခ်င္းထလိုက္ကာ ကိုကို႔လက္ထဲက အငယ္ေလးကို ေပြ႕ခ်ီလိုက္ရင္း ေခ်ာ့ေနရ၏။

"ကိုကို ရစ္နဲ႕ ခက္ကို သြားၾကည့္လိုက္ဦး၊ သူတို႔ နို႔ဆာၿပီထင္တယ္"

ေတဇ အႀကီးေလးနဲ႕ အလတ္ေလးျဖစ္သည့္ ေသြးေၾကာရစ္ေႏွာင္ ႏွင့္ ေစာင္းခက္ႀကိဳးမွ်င္ တို႔ရွိရာ တစ္ဖက္ခန္းသို႔ အျမန္ထြက္လာခဲ့ကာ သားႏွစ္ေယာက္ကို လက္တစ္ဖက္စီမွ ေပြ႕ယူလိုက္ၿပီး သူတို႔ပါးပါးနား ေခၚလာသည္။

ၿငိမ္ၿငိမ္တစ္စက္မွ မေနသည့္ အႀကီးေလးႏွစ္ေယာက္က သူတို႔ပါးပါးရွိရာ ကုတင္ေပၚ ေရာက္သြားလွ်င္ေတာ့ တခစ္ခစ္ႏွင့္ ရိပ္ရင္ခြင္ထဲ အလုအယက္ တြန္းထိုးဝင္ေနတတ္ၾကသည္။ သားေတြကခ်ည္း အပိုင္စိုးထားသည့္ ထိုရင္ခြင္ေလးကို ေတဇပင္ ေသခ်ာမဖက္ရတာ ၾကာလွၿပီ။

ေတဇ ကေလးသုံးေယာက္ၾကား ၿပဳံး႐ႊင္ကာ ရွိေန‌ေသာ ရိပ္နားသို႔ တိုးကပ္လိုက္ၿပီး-

"ကိုကိုလည္း နို႔စို႔ခ်င္တယ္ေလ"

ရိပ္ ကိုကို႔အား မ်က္‌ေစာင္းသာ ထိုးၾကည့္လိုက္ေတာ့ၿပီး ကိုကို႔ခါးကို တံေတာင္ျဖင့္ ခတ္လိုက္၏။

"ကေလးေတြ ၾကားသြားမယ္ေလ"

"ၾကားပေစေပါ့၊ သူတို႔မွ နားမလည္ေသးတာကို"

ေတဇ ကေလးေတြၾကား လုံးေထြးေနသည့္ ရိပ္၏ပါးျပင္ေလးကို ႐ႊတ္ခနဲ လွမ္းနမ္းလိုက္ရင္း ရိပ္ဗိုက္ေပၚ တြယ္တက္ေနသည့္ အလတ္ေလးကို ေတဇ ေကာက္ခ်ီလိုက္ရ၏။

"ပါးပါး‌ဗိုက္ေပၚ မတက္ရဘူးေလ ေမ်ာက္ကေလးရယ္၊ ဒယ္ဒီ့သားေလး‌ေတြက ပုပၸားေတာင္ေျခက ေမ်ာက္ကေလးေတြက်ေနတာပဲကြာ"

-----------------

ရိပ္ အစည္းအေဝးခန္းထဲမွ ထြက္လာရင္း သူ႕လည္ဂုတ္ကို ဖိႏွိပ္ေနမိသည္။ သူ ဟိုတယ္အလုပ္ေတြနဲ႕ ရင္းႏွီးေအာင္ အေတာ္ေလး ႀကိဳးစားေနရဆဲမို႔ အစည္းအေဝးတစ္ခါၿပီးလွ်င္ သူ အလြန္ပင္ပန္းသြားတတ္သည္။ ညညဆိုလည္း သားေတြက ေသးစိုတာနဲ႕ ထငိုတတ္တာမို႔ သူ အိပ္ေရးမဝ။

ကိုကို႔ဆီက အဝင္ဖုန္းအား ရိပ္ ဝါးသမ္းရင္း ကိုင္လိုက္ရသည္။

"ရိပ္ အစည္းအေဝးၿပီးရင္ ကိုကိုနဲ႕ ေဘာလုံးစီးဖို႔ ဆင္းခဲ့ဦး"

အိမ္ျပန္ၿပီး သားေတြနားကပ္ကာ နားခ်င္ေနၿပီျဖစ္သည့္ ရိပ္တစ္ေယာက္ ေဘာလုံးစီးရမည္ဟု ၾကားလိုက္ရခ်ိန္၌ သြက္လက္စြာ ဟိုတယ္ေအာက္ဆင္းလာခဲ့၏။ သူ တစ္ခါပဲ စီးဖူးလိုက္သည့္ ေဘာလုံးကလည္း ကိုကို လက္ထပ္ခြင့္ေတာင္းတာနဲ႕ တိုးတာမို႔ ေသခ်ာေတာင္ မခံစားလိုက္ရ။

ရိပ္ ကိုကိုရွိရာ ေဘာလုံး‌ေတြဆင္ထားသည့္ ဟိုတယ္ေဘးဖက္သို႔ ေရာက္ရွိလာသည္။

ကိုကို သူ႕လက္ကို လွမ္းတြဲလာတာမို႔ သူ ကိုကို႔လက္ကို တင္းတင္းၾကပ္ၾကပ္ ျပန္ဆုပ္ကိုင္လိုက္ၿပီး ကိုကိုနဲ႕အတူ ေဘာလုံးေပၚ လွမ္းတက္လိုက္သည္။

"ကြၽန္ေတာ့္ကို အစည္းအေဝးေတြမွာ တစ္ေယာက္ထဲ ပစ္မထားခဲ့ပါနဲ႕ဆို"

"ရဲရဲလုပ္ၾကည့္ပါ၊ မွားသြားလည္း ကိစၥမရွိဘူး၊ အလုပ္ေတြ ေဒဝါလီ ခံလိုက္ရလည္း ကိစၥမရွိဘူး၊ ကိုယ့္ရိပ္ကေလးက လုပ္နိုင္ပါတယ္"

ရိပ္ ႏွာေခါင္းရႈံ႕လိုက္ၿပီး သူ႕အား အလုပ္ထဲ၌ အတင္းေရွ႕တြန္းပို႔ေနသည့္ ကိုကိုႏွင့္ၿပိဳင္မေျပာခ်င္ေတာ့။ ကိုကို အခုလို သူ႕ကို ဦးေဆာင္ခိုင္းေနတာက အစိမ္းသက္သက္ျဖစ္ေနသည့္ သူ႕အတြက္ အစပိုင္းေတြ၌ အေတာ္ေလး အခက္အခဲျဖစ္ခဲ့ရေသာ္လည္း သူ တျဖည္းျဖည္း အစည္းအေဝးေတြ၌ပင္ ဦးေဆာင္ ေျပာနိုင္လာခဲ့သည္။ အရင္ထက္လည္း သူ႕ကိုယ္သူ ယုံၾကည္မႈ ပိုရွိလာခဲ့သည္။ သူ႕ဘဝကလည္း တျဖည္းျဖည္းႏွင့္ အဓိပၸာယ္ပိုပိုရွိလာသလို ခံစားလာရသည္။ ထို႔အတြက္ေၾကာင့္ထင္၏၊ သူ႕စိတ္က်န္းမာေရးအေျခအေနကလည္း ‌ေတာ္ေတာ္ေလး တိုးတက္လာ‌သည္။

ရိပ္ ေဘာလုံးေပၚမွ ပုဂံ၏အလွတရားမ်ားကို ရင္တလွပ္လွပ္ျဖင့္ ခံစားေနခ်ိန္ ကိုကို သူ႕ပခုံးကို သိုင္းဖက္လာကာ ေထြးေပြ႕လာတာေၾကာင့္ ရိပ္ ကိုကို႔အား ေမာ့ၿပဳံးျပလိုက္သည္။

"ကိုကို ရိပ္နဲ႕ လက္ထပ္ခ်င္တယ္၊ ကိုကို ရိပ္ကို အႀကီးက်ယ္ဆုံး မဂၤလာပြဲတစ္ခု ဖန္တီးေပးခ်င္တယ္။ ကိုကို ရိပ္ကို မဂၤလာပြဲေလးမွ မလုပ္ေပးျဖစ္ရင္ သားေတြႀကီးလာရင္ သူတို႔ပါးပါးရဲ႕ မဂၤလာဓာတ္ပုံမေတြ႕ရလို႔ ကိုကို႔ကို စိတ္ဆိုးၾကမွာ ေသခ်ာတယ္"

ေတဇ ရိပ္၏ပခုံးကို ဖက္ထား႐ုံတင္မကဘဲ ရိပ္လက္ကိုပါ ဆုပ္ကိုင္လိုက္ကာ-

"ကိုကိုနဲ႕ လက္ထပ္ၾကရေအာင္၊ ကိုကို႔ၾကင္ယာေတာ္က ဘယ္ေလာက္လွတဲ့ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း ကိုကို လူေတြကို ခ်ျပခ်င္တယ္"

ေတဇ ၿငိမ္သက္ေနကာ တုံ႕ျပန္ျခင္းမရွိသည့္ ရိပ္အား ေတာက္ေလွ်ာက္ခြင့္ေတာင္းလ်က္ရွိသည္။ ရိပ္ စိတ္ရႈပ္မွာစိုးလို႔ သူ လက္ထပ္ခြင့္ေတာင္းျခင္းအား ရႈပ္ရႈပ္ေထြးေထြးေတာ့ မျပဳထားမိ။ ရိပ္က သူ႕ဖက္၌ မိဘေဆြမ်ိဳးေတြ မရွိေတာ့တာမို႔ သူ႕ကို တကူးတက တင္ေတာင္းစရာလည္း မလိုေတာ့တာေၾကာင့္ လက္ထပ္ပြဲ လုပ္မေပးလည္း ျဖစ္သည္ဟု ထိုေတာင္းဆိုမႈအား အႀကိမ္ႀကိမ္ ပယ္ခ်ေနခဲ့သူျဖစ္သည္။

"အင္းပါေလ၊ ကြၽန္ေတာ္ကေတာ့ ကိုကိုနဲ႕ အခုလို ေနေနရတာနဲ႕တင္ ဘာမွထပ္မလိုေတာ့ဘူး ထင္တာပဲ၊ ဒါေပမဲ့ ကိုကို႔ေဘးကို ဘယ္သူမွ ကပ္လို႔မရေအာင္ေတာ့ ကိုကို႔မွာ ပိုင္ရွင္ရွိ‌ေၾကာင္း ကြၽန္ေတာ္ လူလုံးထြက္ျပဖို႔ ဆုံးျဖတ္လိုက္ၿပီ"

ရိပ္ သူနဲ႕မဂၤလာပြဲလုပ္ဖို႔ မီးစိမ္းျပလိုက္ခ်ိန္၌ ေတဇ သူတို႔ဟိုတယ္မွာပဲ အလွဆုံး မဂၤလာခန္းမကို ျပင္ဆင္ခိုင္းထားသည္။ ႏွစ္ဖက္မိသားစု မဟုတ္ဘဲ သူ႕မိသားစုခ်ည္းသာ ပါေနသည့္ မဂၤလာပြဲလို ျဖစ္ေနတာမို႔ ရိပ္ စိတ္အဆင္မေျပမွာ သူ အလြန္စိတ္ပူမိသည္။

----------------

အျဖဴေရာင္သတို႔သားဝတ္စုံႏွင့္ အလွပဆုံး ျဖစ္ေနသည့္ ေႏွာင္ႀကိဳးရိပ္ ကိုကိုရွိရာ မဂၤလာခန္းမဆီသို႔ ေလွ်ာက္လွမ္းလာခဲ့သည္။ သားေတြေတာင္ ေမြးၿပီးမွ မဂၤလာပြဲလုပ္ရတာမို႔ သူ သိပ္ေပ်ာ္လွသည္ေတာ့ မဟုတ္။ ကိုကို ေပ်ာ္‌ေစဖို႔သာ သူ ရည္႐ြယ္ၿပီး လက္ခံခဲ့တာျဖစ္သည္။ သူ႕မဂၤလာပြဲ၌ သူ႕မိသားစုဝင္ဆိုလို႔ တစ္ေယာက္တေလေတာင္ မရွိသည့္ ဒီမဂၤလာပြဲက သူ႕ကို ဝမ္းနည္းေစသည္။

မဂၤလာခန္းမ၏ တံခါးႏွစ္ဖက္ကို ဆြဲဖြင့္ေပးလာခ်ိန္၌မူ ရိပ္ သူ႕မ်က္ႏွာထက္၌ အလွပဆုံး အၿပဳံးတစ္ပြင့္ကို ခ်ိတ္ဆြဲလိုက္သည္။ ကိုကို႔ဆီ လွမ္းဖို႔ ေျခတစ္လွမ္း‌ ေရွ႕တိုးလိုက္ခ်ိန္၌ပင္ ကိုကို႔အေဖ သူ႕ေရွ႕ေလွ်ာက္တာမို႔ ခဏရပ္လိုက္သည္။

ဦးရာဇဓိရာဇ္ သူ႕လက္ေမာင္းကို အနည္းငယ္ ကားေပးလိုက္ၿပီး ရိပ္ေဘး၌ ကပ္ရပ္လိုက္ကာ ခပ္တိုးတိုးေျပာလိုက္၏။

"ဒီေန႕ေတာ့ မင္းေယာကၡထီးမဟုတ္ဘဲ မင္းရဲ႕အေဖ လုပ္ေပးမယ္၊ အန္ကယ့္လက္ကို တြဲၿပီး ေလွ်ာက္ခဲ့၊ ဒီေန႕ကစၿပီး ေယာက္်ားပဲ ရတာမဟုတ္ဘူး၊ မင္းအေဖထက္ေတာင္ ပိုေကာင္းတဲ့အေဖတစ္ေယာက္ပါ ထပ္ရလိုက္တယ္ဆိုတာ ေသခ်ာေပါက္ ခံစားသြားရဖို႔ တာဝန္ယူတယ္"

ရိပ္ ဟက္ခနဲသာ ရယ္လိုက္မိစဥ္ အန္ကယ္ သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး အန္ကယ့္လက္ေမာင္း၌ ခ်ိတ္တြယ္ခိုင္းလိုက္သည္။

"အန္ကယ့္သားရဲ႕အသက္က မင္းတို႔ညီအစ္ကိုႏွစ္ေယာက္ေပးခဲ့တဲ့ အသက္ပါပဲ။ အဲ့ေက်းဇူးကို အန္ကယ္ မင္းအေပၚ သားအရင္းတစ္ေယာက္လို ေစာင့္ေရွာက္ေပးရင္းနဲ႕ ျပန္ဆပ္သြားပါရေစ။ သြားရေအာင္"

ရိပ္ ကိုကို႔ကို လွမ္းၾကည့္လိုက္သည္။ ကိုကို႔အေမႏွင့္ ကိုကို႔အဖိုးေပၚမွ သားေလးေတြကို လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ ကိုကို႔အေဖလက္ကို မဝံ့မရဲ ဆုပ္ကိုင္လိုက္ၿပီး လက္ခုပ္သံေတြၾကား ကိုကိုရွိရာသို႔ ေလွ်ာက္လာခဲ့သည္။

ရိပ္အတြက္ သူ တစ္ခါမွ မရခဲ့ဖူးသည့္ ဖခင္ေမတၱာကို ခံစားဖူးလိုက္ရသလိုပင္။ သူ ၾကည္ႏူးမႈေၾကာင့္ မ်က္ရည္ဝဲသြားရသည္။ အမုန္းေတြႏွင့္ စခဲ့ၾကသည့္ ဒီရန္ပြဲ၌ သူ႕အစ္ကိုဖက္ကလည္း မမွန္ခဲ့သလို ဒီလူေတြကလည္း မမွန္ခဲ့ေပ။

အျပန္အလွန္ လူ႕အသက္ေတြဆုံးရႈံးၿပီး နာက်င္ခဲ့ရသည့္ ႏွစ္ဖက္မိသားစု အမုန္းတရားေတြကို ရိပ္ သူ႕ဖက္မွစၿပီး ရပ္တန႔္လိုက္ခ်င္ၿပီ။ ေသမင္းခံတြင္းဝမွ လြတ္ေျမာက္လာခဲ့သူမို႔ ကံေကာင္းလို႔ က်န္ရွိေနေသးသည့္ ဒီလက္က်န္အခ်ိန္ေလးေတြကိုေတာ့ ခ်စ္ျခင္းတရားေတြနဲ႕သာ ျဖတ္သန္းသြားခ်င္သည္။

ေတဇ၏ ႏွလုံးစည္းခ်က္ေတြ ခပ္ျပင္းျပင္း ခုန္လႈပ္ေနသည္။ သားေလးေတြ ေမြးၿပီးခ်ိန္၌ အရင္ထက္ပင္ လွပေနေသးေသာ ရိပ္ကို အခုလို သူ လက္ထပ္ယူနိုင္ခဲ့တာမို႔ ေတဇ အလြန္ၾကည္ႏူးရပါ၏။

တစ္ေယာက္လက္ထပ္ပြဲမွာ တစ္‌ေယာက္ ေသခ်ာေပါက္ ရွိေနၾကစတမ္းဟု ကတိျပဳခဲ့ဖူးသည့္ သက္ခြန္းယံ ဒီမဂၤလာပြဲမွာ ရွိမေနနိုင္ခဲ့တာ သူ စိတ္မေကာင္းမျဖစ္ဖူးဆိုလွ်င္ေတာ့ လိမ္ေနတာသာ ျဖစ္ေပလိမ့္မည္။ သူ ယံ ေထာင္က်သြားတာေတာင္ မေက်နပ္နိုင္ေသးသလို ျဖစ္ေနသည့္အထိ အရင္းႏွီးဆုံး သူငယ္ခ်င္းအေပၚ စိတ္နာမိပါသည္။

ဒီေန႕ကစလို႔ ေတာက္ေလွ်ာက္ပင္ပန္းခဲ့ရသည့္ ရိပ္စိတ္‌ေတြ အထိအရွအနည္းဆုံး ျဖစ္ေစရမည္ဟူသည့္ ကတိကဝတ္ကို ေတဇဓိရာဇ္ လူပုံအလယ္၌ ရိပ္ေရွ႕ ေပးခဲ့ေလသည္။

---------------

"ရိပ္ကေတာ့ကြာ ကိုကို ေျပာတာ နားမေထာင္ဘူး၊ ကိုကိုနဲ႕ ႏွစ္ေယာက္ထဲ ဟန္းနီးမြန္းတစ္ညေလာက္ ထြက္ရေအာင္ပါဆို"

ရိပ္ သားႏွစ္ေယာက္ကို တၿပိဳင္တည္း နို႔ဘူးတိုက္ေနရင္း ကိုကို႔ကို မ်က္ေစာင္းေကာက္ထိုးလိုက္မိသည္။

"ကိုကို ကိုယ့္ကိုယ္ကိုယ္ လူပ်ိဳေလးမ်ား ထင္ေနေသးတာလား၊ သားေတြကို ဘယ္လိုလုပ္ ထားခဲ့ရမွာလဲ"

ေတဇ သူ႕လက္ထဲ၌ တြန႔္လိမ္ကာ အခုထိကို ေဆာ့ဖို႔ႀကိဳးစားေနေသာ အငယ္ေလးကို ဘုၾကည့္ၾကည့္လိုက္မိသည္။ သားေတြရွိလာကတည္းက သူ ရိပ္နား ညဖက္ေတာင္ ေသခ်ာမကပ္ရတာ ၾကာၿပီမို႔ မဂၤလာဦးေလးေတာ့ တစ္ရက္ေလာက္ လြတ္လြတ္လပ္လပ္ ေနခ်င္တာျဖစ္သည္။ သို႔ေသာ္ သားေတြက ငိုရင္ သုံးေယာက္လုံး ၿပိဳင္ငိုေလ့ရွိသည္။ ေမ်ာက္ရႈံးေအာင္ ေဆာ့ခ်င္ၾကသည္မို႔ အလြန္ထိန္းရခက္သည္။ ထို႔ေၾကာင့္ ရိပ္က သူ႕သားေတြကို စိတ္မခ်။

"ဪေဟာ၊ မ်က္လုံးပြင့္တာနဲ႕ ေဆာ့ဖို႔ပဲ ေခ်ာင္းေနလိုက္ေနာ္။ လူထင္လို႔ ေမြးလိုက္တာ ေမ်ာက္ကေလးေတြျဖစ္ေနတာပဲ"

ေတဇ အငယ္ေလး၏ တင္ပါးလုံးလုံးေလးကို ခပ္ဖြဖြ ရိုက္လိုက္ၿပီး ႏွာေခါင္းနစ္ဝင္ေအာင္ထိ ကေလး၏ပါးကို နမ္းလိုက္၏။

"ကိုကို ငယ္ငယ္က မေဆာ့ရတိုင္း သားေတြကို ‌ေျပာျပန္ၿပီ"

ရိပ္ ကိုကို႔လက္ထဲက အငယ္ဆုံးေလးကိုပါ သူ႕ေဘးေခၚလိုက္ကာ ကိုကို႔ကို ေဝးေဝးသြားေနဖို႔ လက္ျဖင့္ေမာင္းထုတ္လိုက္သည္။ သားေတြနဲ႕သာ ေနရမယ္ဆိုလွ်င္ ရိပ္တစ္ေယာက္ ထမင္းေမ့ဟင္းေမ့ျဖစ္ေနတတ္သည္မွာ တစ္ခါတေလ ကိုကို႔ကိုပင္ ေမ့ခ်င္ခ်င္။

ေတဇ လက္ပိုက္ကာ ထိုသားအ‌ဖေတြကို ထိုင္ၾကည့္ေနရင္း တစ္ခ်က္တစ္ခ်က္ ၿပဳံးလိုက္မိ၏။ လူတစ္ေယာက္ကို အခုလိုေလး ထိုင္ၾကည့္ေနရတာနဲ႕တင္ ခ်စ္မဝျဖစ္ေနလိမ့္မည္ဟု သူ တစ္ခါမွ မေတြးခဲ့ဖူးေပ။

သူ ပြဲမလုပ္ခင္က ရိပ္၏ဆႏၵအတိုင္း ေနဆက္ပိုင္ဆီ ရိပ္နဲ႕အတူ သြားျဖစ္ခဲ့ၾကသည္။ အေဒၚႏွင့္ ပုပၸားမွာ ျပန္ေနေနသည့္ ေနဆက္ပိုင္က သမီးေလးတစ္ေယာက္ ေမြးဖြားခဲ့သည္။

သူ႕နားကပ္ခ်င္စိတ္ႏွင့္ ေနဆက္ပိုင္ ကေလးတစ္ေယာက္အဖက္တင္ခဲ့ရျခင္းအတြက္ ေတဇ သူ႕မျပတ္သားမႈအေပၚ အျပစ္ရွိစိတ္ေတာ့ ဝင္မိသည္။ သူတို႔ႏွစ္ေယာက္ တစ္ခါေလးေတာင္ အထိအေတြ႕မရွိဖူးပါေၾကာင္း ထိုေန႕က ေနဆက္ပိုင္ ရိပ္အား ထပ္ဝန္ခံခဲ့ခ်ိန္၌ ေတဇ ထိုေကာင္ေလးအေပၚ အမုန္းစိတ္ မထားေတာ့ဘဲ သမီးအတြက္ လိုအပ္သည့္ပစၥည္းမ်ားသာမက အကူအညီထပ္လိုလွ်င္ ရိပ္ဆီ တိုက္ရိုက္သြားေတြ႕ဖို႔သာ ဆိုမိခဲ့သည္။

ေနာက္တစ္ႀကိမ္ အထင္လြဲစရာ အေသးအဖြဲေလးနဲ႕ေတာင္ ရိပ္စိတ္ကို အထိအခိုက္ မျဖစ္ေစခ်င္တာေၾကာင့္ ေနဆက္ပိုင္ကို သူ႕ဆီေတာ့ ထပ္လာမေတြ႕ဖို႔ တစ္ခါတည္း မွာခဲ့သည္။

သားေတြက အခုရက္ပိုင္း အလုပ္အစည္းအ‌‌ေဝးေတြႏွင့္ အျပင္ထြက္ေနရသည့္ ရိပ္ကို သိပ္မေတြ႕ရသလို ျဖစ္ေနတာမို႔ ရိပ္ကို အခုလို ကပ္ရမည္ဆိုလွ်င္ သုံးေယာက္သားက အလုအယက္ ျဖစ္ေနၾကသည္။ ေမ်ာက္ကေလးသုံးေကာင္ကို ထိန္းေနသည့္ ရိပ္က မနက္ကလည္း မဂၤလာပြဲမွာ ရွိခဲ့ရတာမို႔ ပင္ပန္းသြားပုံရသည္။ သားေတြနဲ႕ ပက္လက္ေဆာ့ေနရင္းပင္ မ်က္လုံးေတြ စင္းက်ေနၿပီျဖစ္သည္။

ေတဇ ရိပ္ဗိုက္ေပၚက အလတ္ေလးႏွင့္ အငယ္ေလးကို ေကာက္,မလိုက္ေတာ့ကာ-

"မနက္မွေဆာ့ၾကေတာ့ေနာ္၊ ပါးပါး အိပ္ခ်င္ေနၿပီ၊ သားလည္း အိပ္ေတာ့"

သူ႕လက္ေပၚက ညီေလးေတြကို လိုက္ၾကည့္ေနသည့္ အႀကီးေလးကို ေတဇ ေမႊးေမႊးကုန္းေပးလိုက္ရင္း အိပ္ခိုင္းလိုက္၏။ အႀကီးေလးျဖစ္သည့္ ေသြးေၾကာရစ္ေႏွာင္ေလးက ရိပ္ေဘးမွာ လွဲေနရင္းႏွင့္ ရိပ္ကို ေမာ့ၾကည့္ေနကာ နားလည္သြားသည့္အလား ရိပ္ကို အေႏွာင့္အယွက္မေပးေတာ့ဘဲ မ်က္လုံးပုတ္ခတ္ပုတ္ခတ္ လုပ္ေနသည္။

ေတဇ သူ႕လက္ထဲက ကေလးႏွစ္ေကာင္ကို လမ္းေလွ်ာက္သိပ္ေနသည္။ သူ႕ပခုံးေပၚ ေခါင္းေမွာက္ကာ အိပ္သြားၿပီျဖစ္သည့္ အငယ္ႏွစ္ေယာက္ကို ပုခက္ထဲ အသာအယာထည့္လိုက္သည္။ ထို႔‌ေနာက္ ရိပ္ေဘးက အႀကီးေလးကိုပါ ေပြ႕ယူလိုက္ကာ ပခုံးေပၚ‌တင္ရင္း စိတ္ရွည္လက္ရွည္ ေခ်ာ့သိပ္ေနၿပီး အိပ္သြားမွ ညီေလးေတြေဘး ခ်ေပးလိုက္သည္။

သားေတြနဲ႕ တစ္ခန္းတည္း အိပ္ၾကတာမို႔ ေသးစိုရင္ ထငိုတတ္သည့္ သားေတြေၾကာင့္ ရိပ္ခမ်ာ အိပ္ေရးပ်က္ရတာမ်ားသည္။ ထို႔အတြက္ သူ ရိပ္ကိုပါ ဂ႐ုတစိုက္ ျပဳစုယုယေနရသည္။

ေတဇ ကုတင္ေပၚျပန္တက္လိုက္ကာ ရိပ္ကိုယ္ေပၚသို႔ ေစာင္ေသခ်ာၿခဳံေပးလိုက္ၿပီး-

"ကိုကို႔ၾကင္ယာေတာ္ေလး ဒီေန႕အမ်ားႀကီး ပင္ပန္းသြားၿပီ၊ အိပ္ခ်င္ရင္ အိပ္လိုက္ေတာ့၊ သားေတြကို ကိုကို ေသခ်ာသိပ္ထားၿပီးၿပီ"

ရိပ္ ကိုကို႔လက္ေမာင္းေပၚ ေျပာင္းအိပ္လိုက္ကာ ကိုကို႔ခါးကို ခြလိုက္ရင္း နိုးတစ္ဝက္အိပ္တစ္ဝက္ျဖစ္ေနသည့္ မ်က္လုံးမ်ားကို ပြတ္ေနမိသည္။

"ကိုကို႔သားေလးေတြ နည္းနည္းႀကီးလာရင္ ကြၽန္ေတာ္ ကိုကို႔အတြက္ ကေလး‌ေလးေတြ ထပ္ေမြးေပးဦးမယ္ေနာ္၊ ကိုကို႔အတြက္ သမီးေလးေတြ ထပ္ေမြးေပးခ်င္ေသးတယ္"

ရိပ္ ကိုကို႔ပါးကို လွမ္းနမ္းလိုက္ၿပီး ေစာင္ေအာက္ထဲက သူ႕လက္ကို ကိုကို႔ညီ‌ေလးဆီ ေ႐ႊ႕လိုက္ကာ ေနာက္ထပ္က‌ေလးေလးေတြ ထပ္ေဆာင္ၾကဥ္းေပးနိုင္လာဦးမည့္ အဖိုးတန္ကိုကို႔ညီေလးကို ေရွ႕ညေတြကလိုပဲ လက္ျဖင့္ျပဳစုေပးဖို႔ လႈပ္ရွားလိုက္သည္။

သားေတြရွိလာကတည္းက သူတို႔ ေသခ်ာအတူမေနျဖစ္ေပ။ သားေတြနဲ႕ တစ္ခန္းတည္းအိပ္ရတာေၾကာင့္ မလြတ္လပ္သလို ျဖစ္ေနသည္။ သားေတြက နားမလည္ေသးေသာ္ျငား ဒီၾကားထဲ တစ္ခါ အတူေနမိဖူးေသးတာမို႔ ေကာင္းခန္းေရာက္ခ်ိန္ ထငိုလာတတ္ၾကတာေၾကာင့္ သူတို႔ႏွစ္ေယာက္ မွတ္မွတ္ရရ တိုင္ပတ္ခဲ့ရေသးသည္။ သူ ကိုကို႔အား ပစ္ေတာ့မထားတတ္။ ကိုကို႔ညီေလးကိုေတာ့ ညတိုင္း သူ ယခုကဲ့သို႔ လုပ္ေပးတတ္ၿပီး ကေလးေတြ အေျခအေနၾကည့္ကာ တူတူေနမိသြားၾကတာလည္း ရွိတာမို႔ အရွိန္ရေနတုန္း သားေတြနိုးလာမလား ရင္တမမ ျဖစ္ရတာလည္း ရွိသည္။

ေတဇ ရိပ္၏လက္ကို ဆုပ္ကိုင္လိုက္ၿပီး ကုတင္ေပၚက ခ်က္ခ်င္းထထိုင္လိုက္ကာ ကုတင္နဲ႕ သားေတြပုခက္ၾကားက သူတို႔ကုတင္ကို ေဖာက္ထြင္းမျမင္ရသည့္ လိုက္ကာကို ဆြဲပိတ္လိုက္ၿပီး မီးကို အကုန္ေလွ်ာ့လိုက္သည္။

ဟန္းနီးမြန္း မသြားျဖစ္ရင္‌ေတာင္မွ မဂၤလာဦးညကိုေတာ့ ေတဇ ဒီအတိုင္းေက်ာ္မသြားခ်င္တာေၾကာင့္ အံဆြဲထဲက ေခ်ာဆီဘူးႏွင့္ ကြန္ဒုံးကို ထုတ္ယူလိုက္သည္။ ကေလးထပ္မယူေသးဖို႔ ေဒါက္တာ သတိေပးလိုက္ေသးတာမို႔ ေတဇ သားေတြေမြးၿပီးကတည္းက ရိပ္နဲ႕ အတူေနျဖစ္တိုင္း ကြန္ဒုံးကို မျဖစ္မေန သုံးခဲ့သည္။

"သားေတြအိပ္ေပ်ာ္ကာစဆိုေတာ့ အက်ယ္ႀကီး မေအာ္နဲ႕ေနာ္"

ေတဇ ရိပ္ေပၚသို႔ အုပ္မိုးလိုက္ၿပီး ရိပ္၏နား႐ြက္ဖ်ားနားသို႔ ကပ္ေျပာလိုက္ကာ ရိပ္၏အထိမခံနိုင္ဆုံးေသာ နား႐ြက္ႏွင့္ ပြင့္ခ်ပ္ေတြကို လက္ျဖင့္ ပြတ္သပ္ရင္း ႏွိုးဆြလိုက္၏။ ရိပ္၏ႏႈတ္ခမ္းပါးေလးမ်ားကိုလည္း တရွိုက္မတ္မတ္ ငုံေထြးလိုက္မိ၏။

အတန္ၾကာနမ္းၿပီးခ်ိန္၌ ႏႈတ္ခမ္းပါးေတြကို ခဏခြာေပးလိုက္ၿပီး ရိပ္၏ hoodie အျဖဴကို ေခါင္းကေန အသာအယာ ဆြဲခြၽတ္လိုက္သည္။ မီးေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေအာက္၌ ျမင္လိုက္ရသည့္ ျဖဴဝင္းေနေသာ အေပၚပိုင္းက လာပါ ကိုက္ပါဟု ဆြဲညွို႔ေနသေယာင္မို႔ ရိပ္၏တစ္ကိုယ္လုံးမွာ အႀကိဳက္ဆုံးေနရာျဖစ္တဲ့ လည္တိုင္သြယ္သြယ္ေလးကို လွ်ာနဲ႕အရင္လ်က္လိုက္ၿပီးမွ ကိုက္ေဖာက္ခ်ပစ္လိုက္ေတာ့သည္။

"အ့. .ကိုကို မကိုက္နဲ႕ေလ"

ရင္ဘတ္ေတြကို တြန္းထုတ္ဖို႔ ျပင္လာေသာ ရိပ္လက္ေတြကို ဆြဲယူလိုက္ၿပီး ခါးကိုပဲ သိုင္းဖက္ထားေစလိုက္ကာ ထိုကေလး၏ခႏၶာကိုယ္တေလွ်ာက္ ေနရာလပ္မက်န္ ထင္တိုင္းႀကဲ ထိကိုင္ပြတ္သပ္ေနမိရင္း မရပ္မနား ကိုက္ေဖာက္ေနမိေတာ့တာမို႔ ဘာမွေတာင္ စမလုပ္ရေသးခင္ ထိုက‌ေလးက ငိုေတာ့မလိုေတာင္ ျဖစ္လာသည္။

ျမတ္နိုးရေသာ လည္ပင္းသားႏုႏုက‌ေန ေသြးေတြစိမ့္ထြက္လာသည့္အျပင္ လွပတဲ့ မ်က္ဝန္းေလးေတြကေန မ်က္ရည္ေတြဝဲေနသည့္ ရိပ္အား တျခားအခ်ိန္ဆို ငိုေအာင္မလုပ္ခ်င္ေသာ္ျငား အတူေနရင္ေတာ့ ရိပ္ ငိုေနတာကို သေဘာက်၏။

"မေၾကာက္နဲ႕ေနာ္၊ ကိုကို ျဖည္းျဖည္းပဲ လုပ္မွာ"

ေခ်ာ့လိုက္မွ နည္းနည္း ျပန္ၿငိမ္သြားတာမို႔ ရိပ္လည္ပင္းေအာက္ကို လက္လွ်ိုဝင္လိုက္ကာ ေခါင္းကိုထိန္းကိုင္ရင္း ႏႈတ္ခမ္းႏွစ္ခုကို အလုပ္ေပးေနရင္းနဲ႕ပင္ ေအာက္ပိုင္းကလည္း လက္အသြင္းအထုတ္ကို စတင္ေနမိၿပီမို႔ ရိပ္၏ ညည္းသံခပ္တိုးတိုးမ်ားက အနမ္းမ်ားၾကားမွ အတားအဆီးမရွိ တိုးထြက္လာသည္။

လက္ေခ်ာင္းနဲ႕တင္ ရိပ္၏သာယာမႈရွိသည့္ေနရာက ဘယ္ေနရာမွာဆိုတာကို ရွာေဖြတတ္ေနၿပီမို႔ ခဏအတြင္းမွာတင္ ရိပ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္နိုင္ခဲ့‌သလို ရိပ္ အဆင္သင့္ျဖစ္ေလာက္ၿပီဆိုမွ အသင့္‌ေဆာင္ထားေသာ ဂ်ယ္ကိုသုံးလိုက္ၿပီး ျဖည္းျဖည္းခ်င္း ေခ်ာ့သြင္းၾကည့္ရေတာ့သည္။

ရိပ္ သူ႕လက္ကို သူ႕ပါးစပ္ေပၚသို႔ အျမန္ဖိအုပ္လိုက္ၿပီး ဘယ္ေလာက္အတူေနဖူးပါေစ ဝင္ဝင္ခ်င္း၌ ခံရခက္သည့္ နာက်င္မႈေၾကာင့္ သားေတြၾကားသည့္အထိ မေအာ္မိေစရန္ ထိန္းထားရသည္။

ေတဇ ခ‌ဏၿငိမ္ေနလိုက္ၿပီးမွ ရိပ္ အဆင္သင့္ျဖစ္နိုင္ေလာက္မည့္အထိ ျဖည္းျဖည္းခ်င္း အရွိန္ယူၿပီး သူ႕ခါးကို လႈပ္ရွားေနသည္။

သူ ရိပ္အား မုဒိမ္းက်င့္ယူခဲ့ဖူးသလို မညွာမတာ ဆက္ဆံခဲ့ဖူးျခင္းမ်ားရွိဖူးတာေၾကာင့္ ေနာက္ပိုင္းအတူေနျဖစ္တိုင္း အၿမဲလိုလို ရိပ္အေပၚ ျငင္သာစြာသာ ဆက္ဆံသည္။ သူ႕ရင္ေသြး‌ေလးေတြကို အပင္ပန္းခံ ေမြးေပးထားသည့္ ကေလးကို သူ နည္းနည္းေလးေတာင္ နာက်င္မႈမရွိေစရဘဲ ထားခ်င္သည္။ ရက္တိုင္းျပဳမူ‌ေနျခင္းမရွိ‌ေသာ္လည္း အၿပီးေတာ့ မေရွာင္လႊဲနိုင္သည့္ ခ်စ္ရည္လူးျခင္းကိစၥကိုေတာင္ သူ ရိပ္၏ ခံနိုင္ရည္လစ္မစ္ကို အၿမဲသတိထား ေစာင့္ၾကည့္ေနရင္း သူ႕တစ္ေယာက္တည္း သာယာ႐ုံထက္ ရိပ္၏သာယာမႈကိုပါ အတတ္နိုင္ဆုံး ဖန္တီးေပးသည္။ အိပ္ရာေပၚက ကိစၥမ်ားကို ရိပ္ ေက်နပ္ေအာင္ ျဖည့္ဆည္းေပးနိုင္သည့္ ေယာက္်ားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားတတ္သည္။

ရိပ္ၿပီးေျမာက္သြားခ်ိန္၌ ပင္ပန္းသြားမႈေၾကာင့္ မ်က္လုံးေတြ စင္းက်လာ၏။ ေဆးေတြေၾကာင့္ အိပ္လြယ္တတ္သည့္ သူ႕ခႏၶာကိုယ္က ထိုမွ်ေလာက္ အားသုံးလိုက္ၿပီးလွ်င္ မလႈပ္နိုင္ေတာ့။

"မရပ္နဲ႕၊ ကိုကို ၿပီးတဲ့အထိ ဆက္လုပ္လို႔ရတယ္၊ ကြၽန္ေတာ္ ခံနိုင္ေသးတယ္"

ရိပ္ ကိုကို႔လက္ေမာင္းကို ဆုပ္ကိုင္ထားကာ ကိုကို႔ႏႈတ္ခမ္းကို လွမ္းနမ္းဖို႔ ေခါင္းကိုႂကြလိုက္ၿပီး ခပ္တိုးတိုးဆိုလိုက္၏။

ကိုကိုပါ ၿပီးေျမာက္ခ်ိန္၌မူ ရိပ္ ေျခကုန္လက္ပန္းက်သြားၿပီျဖစ္ကာ လက္ေခ်ာင္း‌ေလးတစ္ေခ်ာင္းေတာင္ မလႈပ္နိုင္ေတာ့။ ထိုအခ်ိန္၌ သားငယ္က အခ်ိန္ကိုက္ ထငိုလာတာမို႔ ရိပ္ ဖ်တ္ခနဲ မ်က္လုံးက်ယ္သြားကာ ဆတ္ခနဲ ထလိုက္ခ်ိန္၌ ဆက္ဆံၿပီးကာစမို႔ ေအာက္ပိုင္းက နင့္ခနဲျဖစ္သြားသည္။

"ေနေန၊ ကိုကို သြားမယ္၊ အရမ္းမထနဲ႕ေလ၊ နာသြားၿပီမလား"

ေတဇ ကုတင္ေပၚက ဆင္းလိုက္ကာ သူ႕ကိုယ္ေပၚ bathrobe အျမန္ေကာက္ဝတ္လိုက္ရသည္။ သားေတြနားသို႔ ခ်က္ခ်င္းထြက္လာရၿပီး ေနာက္ထပ္ႏွစ္ေယာက္မနိုးခင္ အငယ္ေလးကို အျမန္ေပြ႕ယူလိုက္ရၿပီး ေခ်ာ့ေနရသည္။

"ကိုကို သားကို ကြၽန္ေတာ့္ဆီ ေခၚလာေပး"

ရိပ္ ကိုကို႔လက္ထဲက သားကို သူ႕ေပါင္ေပၚတင္လိုက္ၿပီး ညတိုင္း အသင့္ျပင္ထားရသည့္ နို႔ဘူးကို တိုက္ရင္း ေခ်ာ့ရသည္။ သူ႕လက္ထဲေရာက္လွ်င္ အၾကာႀကီး မငိုတတ္သည့္ သားေတြက အခုလည္း တအဲ့အဲ့သာ ငိုေတာ့ရင္း နို႔ဘူးကို ခဲထားကာ သူ႕လက္ေမာင္းၾကားထဲ၌ ၿငိမ္သြားသည္။

"သားက နို႔ဆာေနတာ"

ရိပ္ ကိုကို႔ကို ေမာ့ေျပာလိုက္သည္။

"သားေတြက ရိပ္အေပၚကို အခုကထဲက သိတတ္တယ္၊ ႀကီးလာရင္ ပိုေတာင္ သိတတ္ဦးမယ့္သား‌ေလးေတြပဲ ျဖစ္လာမွာ ေသခ်ာတယ္၊ ကိုကို႔ရိပ္ကေလး ပင္ပန္းရက်ိဳးနပ္သြားၿပီ"

တႁပြတ္ႁပြတ္ႏွင့္ ၿငိမ္ၿငိမ္ေလး နို႔ဘူးစို႔ေနသည့္ သားငယ္ကို ခ်စ္မဝစြာ ေတဇ ၾကည့္ေနရင္း ဒီလို ခ်စ္စရာေလးေတြကို လူ႕ေလာကထဲေရာက္ေအာင္ ေမြးထုတ္ေပးခဲ့သည့္ အမ်ိဳးသားေလး၏ နဖူးမွ ေခြၽးစို႔ေနဆဲ ဆံႏြယ္မ်ားကို သပ္တင္ေပးလိုက္ၿပီး ရိပ္၏ပါးကို ခပ္ဖြဖြ လွမ္းနမ္းလိုက္၏။

နမ္းမဝသည့္ ရိပ္၏ ဒီပါး‌ေလးကို သားေတြႏွင့္လုၿပီး အခ်ိန္အၾကာႀကီး သူ နမ္းခြင့္ရခ်င္သည္။

သူ ရိပ္ကို ခ်စ္သည္။ ခ်စ္တာထက္ ပိုသည့္ စကားလုံးရွိရင္လည္း ထိုစကားလုံးေလးေတြအားလုံးက ရိပ္ကိုသာ ရည္ၫႊန္းသည္။ သားေတြ၏ ပါးပါးကို သူ ေျပာမျပတတ္ေအာင္ ျမတ္နိုးခ်စ္နဲ႕ ခ်စ္ရပါသည္။

ေတဇအတြက္ လက္ရွိစံအိမ္သခင္ေလးဘြဲ႕ကေန တစ္ခ်ိန္က်လွ်င္ ဒီစံအိမ္၏ သခင္တစ္ေယာက္ဟူသည့္ အမည္နာမေတြ ေျပာင္းလဲသြားခဲ့လွ်င္ေတာင္မွ မေျပာင္းလဲမည့္အရာ တစ္ခုရွိ၏။ အားလုံး၏ သခင္ျဖစ္သြားလွ်င္ေတာင္မွ ရိပ္ကေတာ့ သူ႕ႏွလုံးသားတစ္ခုလုံးကို အပိုင္သိမ္းကာ အုပ္စိုးသြားနိုင္မည့္ သခင္တစ္ပါးပင္။ ထိုသခင့္ေျခေတာ္ရင္း၌ ေတဇဓိရာဇ္ သူ႕သက္တမ္းကုန္သည့္အထိ သစၥာရွိစြာျဖင့္ ခင္ပြန္းေကာင္းတစ္ေယာက္၏တာဝန္ကို ေက်ပြန္တာထက္လြန္ေအာင္ ေက်ေက်နပ္နပ္ႀကီး အမႈေတာ္ထမ္းသြားဦးမွာ ျဖစ္ေပသည္။

ၿပီးပါၿပီ။

2.2.2024

________________________

မအားတဲ့ၾကားကေန ေရးခဲ့ရတဲ့ ကိုးေယာက္ေျမာက္ ေဘဘီေလးျဖစ္တဲ့ ရိပ္ကေလးကို ေအာင္ျမင္စြာ အဆုံးသတ္နိုင္ခဲ့ပါၿပီ။ စာေရးျဖစ္တုန္းမွာ Mpreg တစ္ပုဒ္ေလာက္ အမွတ္တရ ဖန္တီးၾကည့္ခ်င္တာမို႔ ေရးျဖစ္သြားခဲ့တာေလးကို သေဘာတက်နဲ႕ လိုက္ဖတ္ေပးခဲ့ၾကလို႔ ေက်းဇူးတင္ပါတယ္။

ကိုကိုေတဇနဲ႕ ရိပ္ရယ္၊ သူတို႔ၾကားက အမႊာေလးသုံးေယာက္ရယ္ကို ပုပၸားေရာက္တိုင္း သတိတရရွိေနေပးၾကမယ္ဆိုရင္ပဲ ေက်နပ္သြားပါၿပီ။

အဆုံးထိတူတူရွိေပးခဲ့ၾကတဲ့ စာဖတ္သူအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ရပါတယ္။ သခင့္ေျခေတာ္ရင္းကေန ႏႈတ္ဆက္လိုက္ပါတယ္ေနာ္။

Start date - 23.10.2023
End date - 2.2.2024

________________________

Continue Reading

You'll Also Like

17.2K 401 5
Hello there! I am a massive fan of Seopass' and Razen's comic, Weak Hero! I have searched the entire internet of good fanfics and have only found a s...
1.9M 97.4K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...
45.2K 2.1K 92
ကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိ‌ခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖ...