🌼မောင်လူဆိုး🌼
သိတယ် သူကျောင်းရှေ့စောင့်နေမယ်ဆိုတာ....
ဘေးနာမာလဲ မနက်က တကောင်နဲ့ အခြားတယောက်နဲ့ သုံးယောက်.....
သူက ကားတံခါးကို မှီကာ လူကို တွေ့တော့ လက်ပြပြီး ခေါ်နေတာ မုန်းဖို့ကောင်းလိုက်တာ လွန်ရော....
"ဘာလဲ မြန်မြန်လာ....စောင့်နေရတာကြာပြီနော် ကိုကို...."
"ကျစ်..…."
လူရှေ့မရှောင် အာဏာကပြချင်သေး...ကိုကို..ကိုကိုနဲ့ နားကြားအမြင်ကပ်လာပြီ....
"ရုပ်က ဘာဖြစ်နေတာလဲ...မကျေနပ်ဘူးလား.."
"ကု...အပြစ်မရှိ အပြစ်ရှာပြီး...လျာရှည်မနေနဲ့...ပြန်မယ်..."
"ဟက်....တက်လေ..."
"ဟွန့်..…အဟုပ်ငါပြန်ပြီနော်..."
"အင်း..ဂရုစိုက်အုံးနော်...တော်ကြာ ..ငါလိုခွေးကိုက်ခံနေရအုံးမယ်..."
"ဟေ့..ဒီမာ..အသေးလေး ဘယ်သူ့ကို ပြောနေတာလဲ..."
ဟိုဆော့ ထယ့်ကို ကြည့်မရတာနဲ့ ဂျီမင်ကို ပြောသလိုလိုနဲ့..ထယ့်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်....
"ဂျီမင်ကို ပြောတာလေ..."
"လုပ်ရရင်တော့ ..."
"ဘာလဲ.."
"သေးသေးလေးရတော့ကွာ..."
သူလုပ်ရင်လဲ အသားတခြားအရိုးတခြားဖြစ်မယ့်ဟာလေးကို လက်ရွယ်ရုံက လွှဲပြီး ဘာမှမတတ်နိုင်...
"ဘာကို သေးသေးလေးလဲ ဟမ်....
ငါကမင်းထက်ကြီးတယ်နော် သတောင်းစား...ရိုရိုသေသေဆက်ဆံ..."
"အသက်ကလွှဲ ဘယ်နားကများ ကြီးတာရှိလို့လဲ..."
"ခွေးကောင် မျက်နှာကြည့်ပြော..."
"ရှာကြည့်တာလေ..အ့လေးများကြီးမလားလို့...အပေါ်ကကြည့်ရင်တောင် သေချာတယ် သေးသေးလေး..."
"ခွေး..အင့်ဟယ်..အင့်ဟယ်..."
ဟိုဆော့ စိတ်တိုခံပြင်းပြီး..ထယ်ကို နှစ်ချက်သုံးချက်လောက် အားနဲ့ ရင်ဘတ်ကို ထုချလိုက်သည်...
"ဒီသေးသေးလေးကတော့ကွာ...."
ဘေးကကြည့်နေတဲ့ sလေးကတော့ ထယ့်နဲ့ ဟိုဆော့ကို ဝင်ခွဲပေးလိုက်ရသည်....
"ဟိုဆော့ ...မင်းပါလိုက်ခဲ့မလား..."
"သူမာ ခြေထောက်ပါတယ် ကိုကို..."
တကယ် ဟိုဆော့ပြောသလို...အကိုက်ခံရမာတော့ကြောက်တယ်...
ကုက စိတ်ဆိုးနေရင် မသိသာဘူး..ဖြေးဖြေးချင်းနဲ့ အချိုသတ်ပြီး အရွဲ့တိုက်တတ်တယ်...
ခုလဲ ကြည့်ရတာ လူကို သိပ်ကျေနပ်ပုံမရ....
"မဟုတ်ဘူးလေ လမ်းကြုံ..."
"ထယ် မင်းလိုက်ပို့လိုက်...."
"ငါက ဂျီမင်နဲ့ပဲ လိုက်ချင်တာ..."
"မရဘူး..."
"ရတယ်...ဟိုဘက်တိုး ဂျီမင်....
အ့ခွေးလိုက်ပို့မယ့်အစား ဒီမာ အသေခံပြိးပဲ လိုက်တော့မယ်.."
"ငါလဲ လိုက်မပို့နိုင်ပါဘူး..မဟုတ်ရင် လမ်းမာ ငါသတ်မိလိမ့်မယ်.."
"😝😝😝"
ပြောမရဆိုမရ ဟိုဆော့တယောက် ဂျီမင်နဲ့အတူ ကုကားနောက်ပါသွားသည်.....
မနက်က အနမ်းမရလို့ လူက ကားပေါ်မာ ညစ်ပြီးတောင်းမယ့်ဟာကို ဟိုအဖျက်လေးက မရရအောင်ကို လိုက်လာတာ...ကိုင်ပေါက်သတ်ပလိုက်ဖို့ကောင်းတယ် နှယောက်လုံး....
"ဘယ်မာချပေးရမာလဲ..."
"မင်းအိမ်မာချပေး..အ့ကနေ ပြန်မယ်..."
"ဟာ....အိမ်အထိလိုက်ပို့ပေးမယ်..."
"ရတယ်...ဂျီမင်နဲ့အတူဆင်းချင်လို့..."
"အင်းဟုတ်တယ်...သူအိမ်က တို့အိမ်ထက်ဝေးတယ်..."
ဂျီမင်ကြောက်နေမှန်းသိလို့ တမင်သူအိမ်ထိလိုက်လာတာ...တကယ်ဆို ကိုယ့်အိမ်က နောက်မာ ကျန်ခဲ့ပြီ....
"ဂျီမင် ကျေးဇူးပဲ ငါပြန်ပြီနော်.."
"အင်း..."
ခုမှပဲ စိတ်သက်သာယာရပြိး ပြုံနေသူလေး...
"ကိုကို လွှတ်မယ်ထင်လား..."
"ဘာလဲ..."
"ကိုယ့်ကိုယ်ကို သိပေါ့..."
"ပြန်လာကြပြီလား.."
"ဟုတ်..မေမေ...
ဒါနဲ့ ဖေဖေရော...ပြန်မလာသေးဘူးလား..."
"အင်းလေ..မမကြီးက ဒီနေ့ အရေးကြီး Meeting ရှိလို့ နောက်ကျမယ်တဲ့"
"အော်....."
"သားကု ဒေါ်လေး ပြန်လာမှ ညစာစားဖို့ ပြင်ပေးတော့မယ်နော်..ဒါမှမဟုတ် မင်းကိုကို ကို ပြင်ခိုင်းလိုက်..."
"ဟမ်...မေမေ ဘယ်သွားမလို့လဲ..."
"မင်းဖေဖေ ဆေးကုန်နေလို့ မေမေသွားဝယ်ပေးမလို့လေ....
ဘာတေ လန့်နေတာလဲ.. အထူးအဆန်းနဲ့..."
"ဘာ....ဘာမလန့်ပါဘူး မေမေရဲ့ မြန်မြန်ပြန်လာနော်..."
"အော်..အေးပါ...."
ကုကို ကြည့်လိုက်တော့ လူကို ပြုံးပြနေတာ သူ့အပြုံးက ကြောက်စရာပင်...
မေမေ အပြင်မထွက်ခင် အခန်းထဲ တင်ပါးနဲ့ ဖနောင့် ကပ်နေအောင် ပြေးဝင်လိုက်ရသည်...ပြီး အခန်းလော့ချကာ ..ရေမိုးချိုးပြီး စာကျက်၍ အထဲမာပဲ နေလိုက်သည်...
ည၆နာရီအချိန်လောက်ရောက်တော့ တံခါးလာခေါက်သူ....
"ဒေါက်..ဒေါက်..."
"ဘာလဲ..."
"အပြင်ထွက်လာခဲ့ ကုထမင်းစာနေပြီ ..လာပြင်ပေးတော့.."
"ခလေးသံနဲ့ လာမချွဲနဲ့ မေမေပြန်လာခါနီးနေပြီ အ့ကျမှစား...လာပြင်မပေးနိုင်ဘူး..."
"တကယ်လား..."
"အေး..."
"ရပါတယ် ဗိုက်ကဆာနေပြီဆိုတော့ ကိုယ်ဟာကိုယ်ပဲ ရှာစားလိုက်တော့မယ်..နေ..နေ..."
"......."
ဝုန်ဒိုင်းကြဲမယ် ထင်နေသော်လည်း အေးအေးဆေးဆေးပဲ ပြောပြီး အသံတိတ်သွားသူ....
အခန်းပြင်မှ ငြိမ်သက်တိတ်ဆိတ်သွားတော့ ဂျီမင်တယောက် စိတ်ထဲတွင် မယိုးမယွဖြစ်လာသည်...
"ကျွီ…..."
တံခါးလဲ ဖွင့်လိုက်ရော အခန်ရှေ့ တံခါးနားနံရံကို မှီကာ စောင့်နေသူ...ကိုယ်ထွက်လာမာ သူကြိုသိနေသလို....ရီနေတဲ့ရုပ်က ကျေနပ်နေပုံ ...မုန်းဖို့အရမ်းကောင်းတယ်
"ဟက်....နေလဲမနေနိုင်ဘဲနဲ့...."
"ခွေးကောင်...."
"ဘေးဖယ်နော်..."
"မဖယ်တော့ ဘာလုပ်ချင်လဲ ..."
"ကု ဖယ်နော်....ငါကန်မာ...."
"ကန်ရဲလား...ကန်လေ..."
"ငါပြောနေတယ် ဖယ်...ငါတကယ် ကန်မိတော့မယ်..."
"ကန်ပါ...ကန်လိုက်..."
"အေး..ရတယ်...."
"အမလေး အမေ့..."
ဂျီမင် စိတ်တိုစွာ ခြေထောက်နဲ့ အားကုန်ကန်လိုက်သည်..သို့သော် လက်မြန်သူ ကုက ခြေထောက်ဆွဲဖမ်းကာ မထားလိုက်သည်...
"လွှတ်စမ်း ငါ့ကို ကုကု.."
"ကန်လေ...နောက်တဖက်ရှိသေးတယ် မဟုတ်လား..."
"ခွေး ငါလဲလိုကတော့ မင်းမလွယ်ဘူးနော်..."
"Wow...
တော်တော်စွာလာပြီပဲ...."
"လွှတ်..လွှတ်...."
"ဟက်....အာဘွားပေးရင်လွှတ်မယ်..."
"စောက်ကောင်.....အင့်ဟယ်..."
ခြေထောက်တဖက်...မ..ထားတော့ လူကယိုင်တိုင်တိုင်နဲ့မို့ တံခါးကို လက်တဖက်ကကိုင်ထားပြိး ကျန်လက်တဖက်က အားနေတာဆိုတော့ အပိုင်ဆိုပြီး လွှဲရိုက်လိုက်တာ ဒါလဲ ခွေးက ဆီးဖမ်းထားတယ်....
"အာ့..."
"Yarr...jjk..."
"ရိုက်ချင်သေးလား....ရိုက်လေ..."
"ကု ငါလဲလို့ကတော့ မင်းအသေဘဲနော်...
လွှတ်.....လွှတ်စမ်း...."
"အော်...ကိုကို...တအားမရုန်းနဲ့လေ...ရုန်းရင်လဲမာပေါ့..."
"လဲပါစေ...လွှတ်..."
"ကိုကို...."
"ဘာလဲ...."
"မရုန်းနဲ့လို့..."
"လွှတ်လေ..."
"ကိုကို....တအားရုန်းနေရင် ကုနမ်းတော့မာနော်..."
"လုပ်ရဲ လုပ်ကြည့်လေ...ဖယ်..လွှတ်စမ်း..."
"ပြွတ်စ်..."
ပြောမရတဲ့ခလေး အနမ်းခံလိုက်တော့ မျက်လုံးများပြူးကာ ရုန်းနေရင်းမှ ငြိမ်သွားသည်...
"အင့်....ဖယ်..."
ရုတ်တရက်တွန်းလိုက်သည်မို့ ဟန်ချက်မထိန်းနိုင်ကာ နှယောက်လုံး တံခါးဝတွင် ထပ်လျက် လဲကျသွားသည် .....
"ဘုတ်..."
"အမလေး....."
"ဟမ်...မေမေ..."
"ဘယ်လိုတေ ဖြစ်ပျက်နေကြတာလဲ...လူမြင်မကောင်ဘူး....ထကြစမ်း..."
"မေမေ ထင်သလိုမဟုတ်ပါဘူးနော်..."
"ဘာကို မဟုတ်ရမာ...အမလေး ငါရှက်လိုက်တာ..."
"မဟုတ်ပါဘူးဆို မေမေကလဲ...ကုစနေလို့ သားစိတ်ဆိုးပြိးကန်လိုက်ရင်း အ့လိုဖြစ်သွားတာ..."
မေမေ ကြည့်ရတာ လူကို မယုံသင်္ကာနဲ့....စိတ်တိုချင်စရာက ဟိုခွေးအပေါက်ပိတ်ပြီး ဘာတလုံးမှ မပြောတာ...
"ကု ပြောလေ မဟုတ်ဘူးလို့....ဘာလို့ ငြိမ်နေရတာလဲ..."
"ဘာပြောရမာလဲ...ပြောစရာမရှိဘူးလေ..."
"ကု..."
"ဘာလဲ..."
"မဟုတ်ဘူးလို့ ငြင်းလေ..."
နား..နားသို့ ကပ်ကာ စကားလေးတခွန်းပြောလိုက်တော့ ဂျီမင် ဒေါသလေးထွက်သော်လဲ စိတ်လေး လျော့ကာ ...
"Ok...ရတယ်..."
"ဒေါ်လေး ...
ဒေါ်လေးထင်သလို မဟုတ်ပါဘူး..ကု ..ကိုကို့ကိုစရင် မတော်တဆလဲသွားတာ..."
"အင်းပါ...ယုံလိုက်ပါ့မယ်..."
ပြုတ်ကျသွားတဲ့ ဆေးထုတ်ကို ကောက်ကာ အခန်းထဲ ဝင်သွားသောမေမေ.....
"ကိုကို....ခုမယူသေးဘူး..နောက်မှ..."
ခုလဲမပေးချင်ဘူး နောက်လဲ မပေးချင်ဘူး ခွေးကောင် ...ညစ်တီးညစ်ပတ် သူများ အနိုင်ကျင့်ရမာ ကျေနပ်တဲ့အကောင်....
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အမှားပါရင် ဖြည့်ဖတ်ပါနော်..
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼