No Reason βœ”

By NightToy_95

3.6K 267 12

There is no reason to touch my heart. coverphoto credit #nighttoy95 #ministory More

N
O
R
E
A
S
O

N(α€œα€™α€Ία€Έα€†α€―α€Άα€Έ/α€œα€™α€Ήα€Έα€†α€―α€Άα€Έ)

413 30 4
By NightToy_95

8ခု
Uni

မိုးစင်စင်လင်းပြီးနေရောင်ခြည်ကတလွင့်လွင့်လိုက်ကာဖြူတွေကိုထိုးဖောက်ဝင်ရောက်နေသည်။ရိပေါ်ကရေချိုးပြီးတဲ့နောက်မှန်ရှေ့မှာရပ်ပြီးအင်္ကျီဝတ်နေတယ်။

"မင်းအဆင်ပြေရဲ့လာ နာနေသေးလား"

မှန်ကနေတဆင့်မြင်နေရတဲ့သူ့အနောက်ကလူကိုလှမ်းမေးလိုက်သည်။ရှောင်းကျန့်ကကုတင်ပေါ်မှာမှောက်ခုံကန့်လန့်ဖြတ်ကြီးအိပ်နေသည်။သူမေးလိုက်တော့ဆူပုတ်ပုတ်နဲ့ကြည့်လာသည်။

"ခွေးကောင် မင်းလာခံကြည့်ပါလာ သူငယ်ချင်းအချင်းချင်းဒီလိုလုပ်ရလား လူယုတ်မာ"

ရိပေါ်ဟက်ခနဲရယ်လိုက်တယ်။အိပ်ယာကနိုးနိုးချင်းအဆဲလေးနဲ့မနက်ခင်းကိုအစပြုနေတာပဲ။ရှောင်းကျန့်နိုးလာရင်သူ့လုပ်ရပ်ကြောင့်မုန်းတီးရွံရှာမယ်လို့ထင်ခဲ့ပေမဲ့ရင်ဘက်ကိုလက်သီးနဲ့ထိုးရုံကလွဲပြီးသူနားမလည်တဲ့ဆဲနည်းပေါင်းစုံနဲ့ဆဲတော့သည်။ကိစ္စမရှိဘူးရိုးနေပြီမလို့မမုန်းတာနဲ့တင်ကျေးဇုတင်မိပါတယ်။

"ငါ့ကိုယုတ်မာတယ်လို့မပြောနဲ့ မင်းအရင်စတာလေဘာလို့ငါ့ကိုအဲ့လိုလာမေးတာလဲ"

"Fuckပဲ ငါကမူးနေတာလေမင်းကလူကောင်းကြီးအသိရှိနေတာပဲဘာလို့ငါ့ကို..ငါ့ကို "

"ငါ့ကိုဘာဖြစ်လဲဆက်ပြောလေ ဟင်"

ရိပေါ်ကအမြင်ကပ်စရာကောင်းလောက်အောင်မျက်ခုံးပင့်၍ပြုံးစိစိလုပ်နေသည်။မျက်နှာကိုဆွဲကုပ်ဖဲ့မိတော့မယ်

"ချီးပဲ ငါမူးနေတာကိုအခွင့်အရေးယူပြီးတက်လုပ်သွားတာလေ!!"

ရှောင်းကျန့်ကပြောတော့ရိပေါ်မအောင့်နိုင်တော့ပဲခွီကနဲရယ်ချတော့သည်။ရှောင်းကျန့်ကမျက်မှောင့်ကြီးကုပ်လို့ဘုကြည့်ကြည့်နေတော့ရိပေါ်ကရှောင်းကျန့်ပါးနှစ်ဖက်ကိုဆွဲညှစ်ထားလိုက်တယ်။

"ဟား..မင်းကတော့ကွာ ဒါဆိုပြောငါအဲ့လိုလုပ်လိုက်လို့မင်းငါ့ကိုမုန်းလာ မခင်တော့ဘူးလာ"

သူမေးလိုက်တော့ရှေ့ကငတုံးလေးကမျက်ဆံ​နက်နက်လေးတောင်ပြေးမြောက်ပြေးနဲ့သေချာစဥ်းစားနေပုံရသည်။ထို့နောက်သူ့ကိုကြည့်ကာခေါင်းကိုဖြေးညင်းစွာခါပြတယ်။သူရင်ထဲလေပြေဝှေ့နေပြီးနူးညံ့စွာပြုံးမိစေသည်။

"ငါမင်းကိုမမုန်းပါဘူး ငါတို့ကယောကျာ်းလေးတွေပဲတစ်ခါလောက်နဲ့ဘာမှမဖြစ်ဘူးနစ်နာတာလဲမရှိဘူး "

"ဒါဆိုနောက်တစ်ခေါက်ဆိုရင်ရော"

"သေလိုက်လေ ဒါပဲရမယ်"

ရှောင်းကျန့်ကလက်ခလယ်ထောင်ပြ၍ပြောလိုက်တော့​ရိပေါ်ကရှောင်းကျန့်လက်ကိုဖမ်းကိုင်လိုက်သည်။

"အဲ့ဒါပဲလိုချင်တာလေ ပေးမှာလားလို့"

"မပေးဘူး "

"ပေးပါနော် မင်းလဲခံစားလို့ကောင်းခဲ့တာပဲညကဆိုငါ့ရဲ့အပြုအစုအောက်မှာ"

"ရိပေါ်!!!!"

"ဟားးးး"

ရှောင်းကျန့်ကမျက်နှာကြီးရဲ၍အော်တော့သည်။ရှက်လွန်းတာမလို့စောင်အောက်ထဲပိုးတုံးလုံးလေးလိုတွန့်လိမ်ပြီးဝင်ပုန်းသွားသည်။ရိပေါ်ကကုတင်ပေါ်စွေ့ကနဲခုန်တက်ကာစောင်ထုတ်လုံးလုံးလေးကိုတင်းတင်းဖက်ထားလိုက်တယ်။သူဖက်တော့ကော့လန်ထိုးအောင်ရုန်းနေသည်။

"ငြိမ်ငြိမ်နေ မဟုတ်ရင်မနက်ခင်းလေ့ကျင်ခန်းလုပ်ရလိမ့်မယ်"

ခြိမ်းခြောက်လိုက်တော့စောင်ကိုမျက်လုံးလေးပေါ်ရုံဖော်၍ချောင်းကြည့်နေသည်။

"ရိပေါ်.."

"အင်း"

"ငါနာတယ် "

"ဆေးခန်းသွားချင်လာဒါမှမဟုတ်ငါဆေးထည့်ပေးရမလာ "

"ရတယ် ညတုန်းက​ငါသေချာမမှတ်မိတော့ပေမဲ့မင်းအသေကြမ်းတာတော့ငါသိတယ် အဲ့ဒါကြောင့်နောက်တစ်ခါ "

"နောက်တစ်ခါ?"

ရိပေါ်ကမျက်လုံးတွေအရောင်တောက်ပသွားပြီးရှောင်းကျန့်စကားကိုပြန်ထောက်သည်။ရှောင်းကျန့်ကသူ့စကားသူသတိထားမိသွားပြီးဘာလို့ဒီလိုပြောလိုက်မိမှန်းမသိတော့ပေ လွှတ်ခနဲထွက်မိသွားတာစိတ်ထဲရှိတာသေချာတယ်။

"နောက်တစ်ခါဆိုငါမင်းကိုလုပ်မယ်"

"မရဘူး!!!!"

ရိပေါ်ကချက်ချင်းငြင်းဆိုကာရှောင်းကျန့်ကိုပိုတင်းတင်းဖက်ထားလိုက်တယ်။ကျန်တာအကုန်အလိုလိုက်နိုင်တယ်အဲ့ဒါတော့လုံးဝမလိုက်နိုင်ဘူး။ရှောင်းကျန့်ကရှုံ့မဲ့မဲ့ဖြစ်သွားပြီး

"ဘာလို့လဲ မင်းကျလုပ်ပြီးဘာလို့ငါကမရတာလဲတစ်ယောက်တစ်လှည့်စီပေါ့ ဒါမှမျှတသွားမှာ"

"မရဘူးဆိုမရဘူးပဲ မင်းကဘယ်လိုလုပ်ရလဲသိလို့လာ same sexတွဲတာကိုတောင်သေချာမသိပဲနဲ့1လုပ်ချင်သေးတယ် "

"လွယ်ပါတယ် ငါဖေးဖေးကိုမေးလို့ရတာပဲအခုပဲမေးလိုက်တော့မယ်"

ပြောရင်းစားပွဲပေါ်ကဖုန်းကိုလှမ်းယူဖို့လုပ်နေတော့ရှောင်းကျန့်လက်ကိုဆွဲကာသူ့ရင်ဘက်ထဲထည့်ထားလိုက်တယ်။

"မမေးရဘူး ဒီလိုကိစ္စကသူများကိုဘာလို့မေးမှာလဲငါတစ်ယောက်လုံးရှိတာငါပြောပြမှာပေါ့ ကိုယ်ဖိရင်ဖိသင်ပေးမှာ"

"ဘယ်လိုသင်ပေးမှာလဲ "

"အဟင်း..ဘယ်လိုသင်မှာလဲဆိုတော့...ဒီလို​သင်ပေးမှာငတုံးလေးရဲ့"

"အားးးခွေးကောင်..Fuck. ..မကောင်းတဲ့ကောင်.."

"ငါ့အပေါ်ကခုဆင်းဝမ်ရိပေါ်အစုတ်ပလုတ်!! ဘာလို့ငါ့ကိုကိုက်နေတာလဲ"

"သင်ပေးနေတာလေ"

"ဝမ်ရိပေါ်!!!!! နာတယ်လို့...အီးးးး  လူယုတ်မာကြီးအသားစားဘီလူးကြီး!! မင်းကိုမကျေနပ်ဘူးမင်းဆီကပိုက်ဆံတွေအကုန်ခိုးပစ်ပြီးမွဲအောင်လုပ်ပစ်မယ်...Fuck!! %#^^#&&#&&"

မနက်အစောပိုင်းမှာရှောင်းကျန့်တို့အခန်းထဲ၌အသံပေါင်းစုံထွက်နေတော့သည်။နံရံကပါးတာကြောင့်ဘေးအခန်းကအတွဲကသူတို့နားတွေကိုပိတ်ထားရတော​့သည်။

"တော်တော်ကြမ်းတဲ့အတွဲပဲ ဒါနဲ့များသူငယ်ချင်းဆိုပြီးပြောနေတယ်"

"သူငယ်ဂျင်းပါကွာ "

Jacksonနဲ့Chuoကခေါင်းတငြိမ့်ငြိမ်နဲ့အတင်း​တုတ်နေလေတော့သည်။

*^^*

ဒီနေ့ကဖေဖော်ဝါရီ၁၄ရက်နေ့ပင်

အတွဲတွေအများကြီးပျော်ရွှင်နေကြပေမဲ့ရှောင်းကျန့်ကတော့street danceပြိုင်ပွဲကိုရောက်ရှိနေတယ်။ချစ်သူများနေ့ကသူနဲ့မှမသက်ဆိုင်တာ အဲ့တော့ပျင်းတာနဲ့ပြိုင်ပွဲကိုလာကြည့်နေသည်။တစ်ယောက်ပြီးတစ်ယောက်ပြိုင်ပြီးစိန်ခေါ်နေကြတာများအရမ်းတက်ကြွစရာပါပဲ။ပထမလူရွေးတဲ့အဆင့်မလို့ပြိုင်ပွဲကလူစည်ကားတဲ့လမ်းဘေးမှာပဲဝိုင်းဖွဲ့၍ကရသည်ဖြစ်သည်။ဒီအဆင့်မှာရွေးချယ်ခံရတဲ့သူတွေကအေဂျင်စီထဲရောက်ပြီးနောက်ဆုံးအဆင့်ထိပြိုင်ရမှာဖြစ်တယ်။အနိုင်ရရှိတဲ့အဖွဲ့ကိုတော့Leoအေဂျင်စီကမြေတောင်မြှောက်ပေးမှာဖြစ်ပြီးပွဲဦးထွက်ပွဲတွေစီစဥ်ပေးမှာဖြစ်သည်။အနုပညာလောကထဲခြေလှမ်းစနိုင်မဲ့အခွင့်အရေးပေါ့

တက်ကြွစွာကနေကြတဲ့သူတွေကိုကြည့်ပြီးရှောင်းကျန့်ကရိပေါ်ကိုသတိရမိတယ်။သူလဲလာပြိုင်ရင်ဘယ်လောက်ကောင်းမလဲ ဒါပေမဲ့လဲရိပေါ်ကကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်လေ မကချင်တော့တဲ့လူကိုဘာလို့အတင်းတိုက်တွန်းနေတော့မလဲ။ရှောင်းကျန့်ကဘယ်သူ့ကိုအားပေးရမှန်းမသိတာမလို့အကုန်လုံးကိုအားပေးလိုက်တယ် ဘေးကကောင်လေးကအဖွဲ့တိုင်းအားပေးနေတဲ့သူ့ကိုထူးဆန်စွာကြည့်နေသည် ရှောင်းကျန့်လဲပြန်ပြီးသွားဖြဲပြလိုက်တော့ကြောင်တောင်တောင်ရယ်ပြတယ်။

စင်ကစက်ဝိုင်းပုံစံဖြစ်ပြီးစင်ရှေ့မှာတော့အဆိုတော်Leoကထိုင်ပြီးအကဲခတ်နေသည်။သူကဒိုင်မဟုတ်ပေမဲ့အရေးကြီးတဲ့လူဆိုလဲမမှားဘူး။

"ကဲ...နောက်ဆုံးပြိုင်ပွဲဝင်ပဲကျန်ပါတယ် ဒီတစ်ခါတော့ရှေ့ကအဖွဲ့တွေလိုလူအများနဲ့မဟုတ်ပဲတစ်ကိုယ်တည်းပဲဗျ..ပရိတ်သတ်တွေလဲသိချင်ကြပြီထင်ပါတယ်...သူ့ကိုစင်ပေါ်ဖိတ်ခေါ်လိုက်ရအောင်!!!"

ဖြောင်း..ဖြောင်း..ဖြောင်း

အစီစဥ်တင်ဆက်သူရဲ့စကားအဆုံးလက်ခုပ်သံတွေထွက်လာသည်။ရှောင်းကျန့်ကလဲခုန်ပေါက်ပြီးလက်ခုပ်တီးနေတယ် နောက်ဆုံးမလို့ဇာတ်ရှိန်ကလဲပိုမြင့်နေတယ် စင်ပေါ်တက်လာတဲ့အဖြူရောင်အရိပ်လေးကိုတွေ့ပြီးနောက်ရှောင်းကျန့်ငြိမ်သက်သွားသည်။

"ရိပေါ်"

ဟုတ်ပါတယ် ရိပေါ်ပါပဲ။အဖြူရောင်ဝမ်းဆတ်နဲ့အနက်ရောင်ဦးထုတ်ကိုရိုးရှင်းစွာဝတ်ဆင်ထားတယ်။လုံးဝမကတော့ပါဘူးလို့ပြောခဲ့တဲ့သူ အရှုံးတွေချည်းရင်ဆိုင်ခဲ့ရလို့အိမ်မက်မျော်လင့်ချက်ကိုကြောက်ရွံ့နေခဲ့တဲ့သူ ကအခုစင်ပေါ်မှာရပ်နေတယ်။ရှောင်းကျန့်ကပြုံးလိုက်တယ်..

"မင်းတကယ်ငါ့ကိုအလိုလိုက်တာပဲ"

ရှောင်းကျန့်ကရေရွတ်လိုက်သည်။သီချင်းသံစလာတော့ရိပေါ်ကစင်အလယ်မှာရပ်လိုက်တယ်။Leoကအရင်လူတွေကိုစိတ်မဝင်စားပေမဲ့ဒီနောက်ဆုံးတစ်ယောက်ကိုတော့သေချာကြည့်လို့နေသည်။

ရိပေါ်ကလက်သီးကိုတင်းတင်းဆုပ်လိုက်တယ် သူသတ္တိရှိရမယ် သူရဲဘောကြောင်လို့မဖြစ်ဘူး အဓိက ရှောင်းကျန့်ကသူ့ကိုအောင်မြင်စေချင်တာမျော်လင့်ချက်တွေထားထားတယ်။ရှောင်းကျန့်အတွက် ပြီးတော့သူ့အိမ်မက်အတွက် အနိုင်ရဖို့လိုတယ်။

ဒါပေမဲ့သူ့ရဲ့စင်ကြောက်တတ်တဲ့အကျင့်ကပေါ်လာတယ်။ရန်ပုံငွေပွဲကအဖြစ်အပျက်ကြီးကိုပြန်တွေးမိပြီးသူတစ်ကိုယ်လုံးလှုတ်မရတော့ဘူး..ဘာဆက်လုပ်ရမလဲ သူဘာဆက်လုပ်သင့်လဲ မလုပ်နိုင်တော့ဘူးလာ

သီချင်းကတစ်ဝက်ကျိုးတော့မယ်ရိပေါ်ကခုထိမကသေးတာမလို့အောက်ကပရိတ်သံတွေကအားပေးသံတွေအစားအပစ်တင်သံတွေညံစီလို့နေသည်။ရှောင်းကျန့်ကလဲရိပေါ်ရဲ့အခြေအနေကိုသိတာမလို့ဘာလုပ်ပေးရမှန်းမသိပေ အခုသူစင်ပေါ်ကနေရိပေါ်ကိုအဝေးဆုံးခေါ်ထုတ်သွားချင်တယ်။ရိပေါ်ကြောက်နေတဲ့ဒီလူတွေဆီကနေကာကွယ်ပေးချင်တယ်။

"ဘာလုပ်နေတာလဲ မကရင်ဆင်းခဲ့!!"

"အရည်အချင်းမရှိပဲစင်ပေါ်ဘာတက်လုပ်နေတာလဲမင်းကြောင့်တခြားသူတွေစိတ်အနှောင့်အယှက်ဖြစ်တယ်!!!"

"ရိပေါ်ကအရည်အချင်းရှိတယ် သူကသူ့စွမ်းရည်ကိုမထုတ်ပြတတ်တာ "

ရှောင်းကျန့်ကအပစ်တင်သူတွေကိုပြန်ပြောနေတယ်။ဒါပေမဲ့အများနဲ့တစ်ယောက်မလို့သူ့အသံကအားလုံးကြားမှာအုပ်ကာဘယ်သူမှအဖက်မလုပ်ကြပေ။ရှောင်းကျန့်ကအတော်လေးစိတ်ဆိုးလာတယ်။

ရိပေါ်ကစင်အောက်ကလူတွေကိုကြည့်ကာပိုပြီးလှုတ်ရှားမရတော့ဘူးသူပြေးထွက်ချင်နေမိတယ်အဆင်ပြေမယ်ထင်ထားခဲ့ပေမဲ့...နောက်ဆုံးတော့လဲအရှုံးသမားကအရှုံးသမားပါပဲ ။ စင်ရှေ့ကLeoကိုကြည့်လိုက်တော့လက်ပိုက်ကာသူ့ကိုပြုံးကြည့်နေတယ်..

Leoကကြောက်နေတဲ့ရိပေါ်ကိုကြည့်ကာပြုံးလိုက်တယ်။

"စိတ်ဝင်စားစရာပဲ"

"ဘာကိုလဲ"

မန်နေဂျာကမေးတော​့Leoကပြုံးနေရင်းနဲ့သာပြန်ဖြေလိုက်တယ်။

"သူ့ကိုကြည့်ပြီးကျွန်တော်ဒီလောကထဲစရောက်လာတဲ့အချိန်တွေကိုပြန်တွေးမိသွားတယ် သူကကျွန်တော်ငယ်ငယ်ကနဲ့တစ်ပုံစံထဲပဲ"

ရိပေါ်ကလက်လျော့ကာစင်ပေါ်ကပြန်ဆင်းဖို့နောက်လှည့်လိုက်တယ်။တောင်းပန်ပါတယ်ရှောင်းကျန့် ။ မင်းဖြစ်စေချင်တဲ့အတိုင်းငါမလုပ်နိုင်တော​့ဘူးသူအနောက်လှည့်လိုက်တဲ့အချိန်စင်အောက်ကနေအသံကျယ်ကျယ်ကထွက်လာသည်။

"ရိပေါ်!!..မင်းလုပ်နိုင်တယ်...မင်းကအရည်အချင်းရှိတဲ့သူ အားလုံးသိအောင်ရိပေါ်အစစ်အမှန်ကိုထုတ်ပြလိုက်ပါ!!. .အဟွတ် အဟွတ်"

ရှောင်းကျန့်ကအာခေါင်ခြစ်ကာအော်၍ဆူညံသံတွေကိုအုပ်တဲ့ထိအော်ဟစ်ပြောလိုက်သည်။လည်ချောင်းပါနာသွားတာမလို့ချောင်းပါဆိုးတယ်။ရိပေါ်ကရပ်တန့်သွားပြီး​လှည့်ကြည့်လာသည်။ရှောင်းကျန့်ကပြုံးပြ၍

"မင်းကအမြဲတမ်းငါ့အတွက်တောက်ပနေတဲ့ကြယ်လေး!! မင်းကအရမ်းတော်တယ် သတ္တိရှိတယ် "

"ရှောင်းကျန့်"

ရိပေါ်ကခပ်တိုးတိုးခေါ်လိုက်သည်။ခုချိန်ထိရှောင်းကျန့်ကသူ့အပေါ်ထားတဲ့ယုံကြည်မှုနဲ့မျော်လင့်ချက်ကမပျောက်ကွယ်သွားဘူး..သူကသာရှောင်းကျန့်အလိုကိုမလိုက်နိုင်ဘဲအရှုံးပေးဖို့ပဲအချိန်တိုင်းတွေးနေခဲ့တယ်။ဟက်..ဘယ်လောက်တောင်အသုံးမကျလိုက်တဲ့ငါလဲ..

"ရိပေါ်!! မင်းငါ့ကိုသင်ပေးတဲ့အက မင်းကနိုင်တယ် ငါယုံတယ် ငါယုံတာမလို့မင်းအဆုံးထိလုပ်နိုင်တယ်"

ရှောင်းကျန့်ကစင်အောက်ကနေမမောနိုင်မပန်းနိုင်အော်ဟစ်နေသည်။လူတွေကငြိမ်သက်စွာသူတို့နှစ်ယောက်ကိုကြည့်နေကြတယ်Leoကလဲရှောင်းကျန့်ကိုပြုံး၍ကြည့်နေတယ်။

"သူငယ်ချင်းကောင်းကိုပိုင်ဆိုင်ထားတာပဲကျွန်တော့်သူငယ်ချင်းတစ်ယောက်လဲသူ့လိုပဲ"

"မင်းသားSeanလာ"

Leoကပြောလိုက်တော့မန်နေဂျာကLeoအနားတိုးကပ်ကာမေးလိုက်တယ်။Leoကဘာမှမတုံ့ပြန်ပဲပြုံးရုံသာပြုံးနေသည်။

ရိပေါ်ကရှောင်းကျန့်ကိုကြည့်နေပြီးရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်တယ်။ရိပေါ်ကမျက်လုံးကိုမှိတ်လိုက်ပြီးသီချင်းသံထပ်မံထွက်လာတော​့မျက်လုံးဖွင့်လိုက်သည်။သူရှေ့ကမြင်ကွင်းကလူတွေအများကြီးမဟုတ်တော့ပဲပေကျင်းမြို့ရဲ့ညအချိန်မြင်ကွင်းဖြစ်သည်။သူကခေါင်မိုးထပ်မှာရှိနေတာဖြစ်ပြီးဘေးကိုလှည့်ကြည့်တော့ရှောင်းကျန့်ကပြုံးပြနေတယ်

"ငါမင်းကိုယုံတာမလို့ငါ့ကိုသင်ပေးမယ်မလာ"

သူခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်စည်းချက်နဲ့အညီလှုတ်ရှား၍စတင်ကတော့သည်။ပြောင်မြောက်လှတဲ့စွမ်းရည် လှပတဲ့ကကွက် ဖုံးကွယ်ထားတဲ့အရည်အချင်းတွေ ထူးကဲတဲ့ပါရမီ..ရိပေါ်မှာအကုန်ရှိတယ် 

ကြောက်ရွံ့စိတ်တွေအားငယ်မှုတွေတစ်ခုမှမရှိတောဘူး။ရှောင်းကျန့်သူ့အနားမှာရှိနေတယ်ဆိုတဲ့ခံစားချက်နဲ့သူအကောင်းဆုံးလုပ်နိုင်သည်။သီချင်းသံဆုံးသွားပြီးရိပေါ်ရဲ့အကဟာသပ်ရပ်စွာပြီးမြောက်သွားတယ်။မျက်လုံးကိုမှိတ်လိုက်ပြီးပြန်ဖွင့်တော့မြို့ပြမြင်ကွင်းမဟုတ်တော့ပဲငြိမ်သက်တိတ်ဆိတ်နေကြတဲ့လူအုပ်ကြီးကိုပင်...ရိပေါ်ရဲ့နဖူးမှာချွေးတွေတွဲခိုနေပြီးရင်ဘက်ကနိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။သူ့ကျောပြင်မှာအင်္ကျီကအသားနဲ့ကပ်နေပြီးချွေးထွက်နေသည်။

Leoကထိုင်နေရာကထရပ်ကာလက်ခုပ်တီးလိုက်တော့မှဝိဉာည်လွင့်သလိုဖြစ်နေကြတဲ့လူအုပ်ကြီးကအခုမှအသိဝင်လာသည့်နှယ်လက်ခုပ်သံတွေကဆူညံသွားပြီးအားပေးသံတွေကညံစီသွားတော့သည်။

"ရေးးးးရိပေါ်လုပ်နိုင်ခဲ့ပြီကွ"

"အဲ့ဒါငါ့သူငယ်ချင်းလေ ရိပေါ်လေ.."

"မင်းတို့တွေ့ပြီမလာ သူကအရည်အချင်းရှိတယ်လို့ငါပြောခဲ့သားပဲခုတွေ့ပြီမလာ.ငါသူငယ်ချင်းကအရမ်းတော်တာ"

ရှောင်းကျန့်ကအားရပါးရခုန်ပေါက်ကာပျော်ရွှင်နေလေသည်။ရိပေါ်ထက်ပင်ပိုပျော်နေသယောင်...ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်ကချွေးစက်တွေကြားကရယ်လိုက်မိတော့တယ် ငကြွားလေးကအကုန်လုံးကိုပတ်ကြွားနေတာ

Leoကိုယ်တိုင်မတ်တပ်ရပ်ပြီးအားပေးခဲ့တာမလို့ရိပေါ်ကပထမအဆင့်နဲ့လူရွေးပွဲအောင်နိုင်တာပြောစရာမလိုပင်။ရွေးချယ်ခံရတဲ့သူတွေကြော်ငြာပြီးတော့ရိပေါ်နာမည်ကအမှန်ပါလာခဲ့ပါတယ်..ရှောင်းကျန့်ကအော်ဟစ်အားပေးရလွန်းလို့အသံဝင်တဲ့ထိပါပဲ...

"ရိပေါ် မင်းအရမ်းတော်တာပဲ နောက်ဆုံးတော့မျော်လင့်ထားသလိုအေဂျင်စီထဲဝင်ခွင့်ရခဲ့ပြီ သေချာလေ့ကျင့်ရမယ်နော်"

သူတို့ပြိုင်ပွဲပြီးတော့အိမ်ကိုလမ်းလျောက်ပြန်နေကြသည်။ရှောင်းကျန့်ကတစ်လမ်းလုံးချီးကျူးလို့မပြီးတော့ပေ 

"မင်းမပြိုင်တော့ဘူးဆိုပြီးဘာလို့စိတ်ကူးပြောင်းသွားတာလဲ"

"မင်းကြောင့်လေ"

ရှောင်းကျန့်ကကြိုတင်ခန့်မှန်းပြီးသားမလို့ပြုံးလိုက်တယ်။ရိပေါ်ကသူ့အရှေ့မှာပိတ်ရပ်လိုက်တာမလို့နားမလည်စွာကြည့်လိုက်မိတယ်။

"ရှောင်းကျန့်ဒီနေ့ကချစ်သူများနေ့ဆိုတာသိတယ်မလာ"

"အင်းသိတယ်လေ"

"ငါမင်းကိုလက်ဆောင်ပေးချင်တယ်"

ရိပေါ်ကပြုံးပြီးသူ့အိတ်ထဲကနေသူဝယ်ထားတဲ့နာရီလေးကိုထုတ်လိုက်သည်။ထိုနာရီကိုရှောင်းကျန့်လက်မှာပတ်ပေးလိုက်တော့ရှောင်းကျန့်ကသဘောကျနေတယ် ။ ကျောက်စီထားတဲ့လင်းလက်တောက်ပတဲ့နာရီနဲ့ရှောင်းကျန့်ရဲ့လှပတဲ့လက်ကောက်ဝတ်လေးကသိပ်ကိုလိုက်ဖက်လွန်းနေသည်။

"ဘယ်လိုလဲကြိုက်ရဲ့လာ"

"အင်း အရမ်းမိုက်တယ်ငါကနာရီပတ်လေ့မရှိပေမဲ့မင်းပေးတာမလို့ငါကြိုက်တယ်"

"တော်သေးတာပေါ့..နာရီပေးတဲ့အဓိပ္ပါယ်ကိုမင်းသိလာ"

"......"

ရှောင်းကျန့်ကခေါင်းခါပြတော့ရိပေါ်ကပြုံး၍ပြောလိုက်တယ်။

"စက္ကန့်မလပ်အောင်ချစ်ရပါတယ်တဲ့ ရှောင်းကျန့်"

"ဟင်"

"ဝေါ်အိုက်နီ"

ရိပေါ်ကရှောင်းကျန့်မျက်ဝန်းတွေကိုအလေးအနက်စိုက်ကြည့်၍တည်ငြိမ်စွာပြောသည်။ရှောင်းကျန့်ကခန့်မှန်းရခတ်စွာရယ်လိုက်တယ်။နာရီကိုပွတ်သပ်ကာ

"ငါလဲမင်းကိုချစ်တယ် ငါကမင်းရဲ့VIP friendလေးပဲလေ"

အရှေ့ကစကားကြောင့်ဝမ်းသာမလို့ကြံနေတဲ့ရိပေါ်ကနောက်ဆက်တွဲစကားကြောင့်အောင့်သက်သက်ဖြစ်သွားရသည်။မရဘူး.ဒီတစ်ခါသေချာရှင်းရှင်းလင်းလင်းသိစေရမယ်

"ငါအဲ့လိုပြောတာမဟုတ်တာမင်းသိပါတယ် "

"ဒါဆိုဘယ်လိုမျိုးလဲ"

ရှောင်းကျန့်ကနားမလည်စွာမေးလိုက်သည်.ရိပေါ်ကသက်ပြင်းချလိုက်ပြီး

"ငါတို့အတူတောင်အိပ်ခဲ့ပြီးပြီ ငါမင်းကိုဘာလို့အဲ့လိုလုပ်တာလို့ထင်လဲ"

"ငါမင်းကိုယောကျာ်းလေးနဲ့အတူအိပ်ဖူးလားမေးလို့မဟုတ်ဘူးလာ"

သေလိုက်ပါတော့။ရိပေါ်သူ့နဖူးသူပြန်ရိုက်လိုက်ချင်သည်။ရှောင်းကျန့်ကိုနားလည်လောက်ပြီလို့ထင်ထားခဲ့တာ သူတို့တစ်ခါထဲတောင်မဟုတ်ဘူး နှစ်ခါတောင်နှစ်ခါကြီးတောင်လေ 

"တော်ရုံတန်ရုံလေးပဲတုံးစမ်းပါရှောင်းကျန့်ရာ"

"ဘာဖြစ်လို့လဲငါပြောတာမှားလို့လာ ဒါဆိုမင်းငါ့ကိုဘာလို့အဲ့လိုလုပ်တာလဲ"

"ချစ်လို့...အဟမ်း သူငယ်ချင်းလိုမဟုတ်ဘူး ချစ်သူလိုမျိုး jacksonနဲ့Chuoလိုမျိုးချစ်တာ မင်းနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလင်မယားလုပ်ချင်တာ နားလည်ပြီလာ"

"ဟမ်!!"

ရိပေါ်ကပြည့်ပြည့်စုံစုံရှင်းပြလိုက်တော့မျက်လုံးပြူးကာကြည့်နေသည်။ရိပေါ်ကရွှန်းရွှန်းစားစားစိုက်ကြည့်တော့မျက်လုံးလေးပေကလပ်ပေကလပ်နဲ့မျက်နှာလွှဲသွားသည်။ရိပေါ်ကရှောင်းကျန့်မျက်နှာအနီးသုံးလက်မလောက်သာခြားတဲ့ထိတိုးကပ်သွားသည်။

"မင်းကရောငါ့ကိုငါချစ်သလိုချစ်လာ ဟင် ငါကတော့မင်းကိုအရမ်းချစ်တယ် "

"ဘာ..ဘာလို့ငါ့ကိုချစ်တာလဲ..အိုက်ယားအနားကိုအဲ့လောက်ထိမကပ်နဲ့"

ရှောင်းကျန့်ကရိပေါ်ရင်ဘက်ကိုတွန်းလိုက်သည်။

"မင်းကိုဘာလို့ချစ်လဲဆိုတာငါ့မှာအကြောင်းပြချက်မရှိဘူး အဲ့မေးခွန်းအဖြေကိုသိချင်ရင်တော့မင်းဖြစ်နေလို့ချစ်တယ်ဆိုတာပဲ"

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်.ရိပေါ်ကတစ်ဖက်လူသဘောကျအောင်သိပ်ပြောတတ်တာပဲ။ရိပေါ်ကရှောင်းကျန့်ပြုံးနေတာကိုခေါင်းစောင်းလို့ငုံ့ကြည့်သည်။

"ငါ့ကိုချစ်တယ်မလာ"

ရှောင်းကျန့်ကပြုံးလိုက်ပြီးဘာမှမဖြေပဲရိပေါ်ရှေ့ကအရင်ထွက်သွားသည်။ရတယ်လေ မင်းအခုမဖြေသေးလဲနောက်ဖြေလာအောင်ငါကြိုးစားမယ် မင်းငါ့ကိုချစ်လာစေရမယ်။

ရိပေါ်ကရှောင်းကျန့်နောက်ကိုပြေးလိုက်သွားသည်။ရှောင်းကျန့်ရိပေါ်ရဲ့ကျောပေါ်ခုန်တက်လိုက်တော့မပြုတ်ကျအောင်အလျင်အမြန်ထိန်းလိုက်ရသည်။

"ငါညောင်းပြီကုန်းပိုးသွားပေး"

"ကားငှားမလာ"

"မလိုဘူး မင်းရှိတာပဲ ဘာလဲငါ့ကိုချစ်တယ်ဆိုဒါလေးတောင်အလိုမလိုက်နိုင်ဘူးလာ အမှတ်လျော့ရမလာ"

"အို..မလုပ်ပါနဲ့သခင်လေးရယ် ငါမင်းကိုအမြဲတမ်းအလိုလိုက်ခဲ့တာပဲ တစ်သက်လုံးချစ်ပြီးအလိုလိုက်ပေးမယ်"

ရိပေါ်ကပြုံးလိုက်သည်။အတူအိပ်ပြီးမှချစ်တယ်ပြောတယ် ရှောင်းကျန့်အချစ်ကိုရအောင်ကြိုးစားတာကနဲနဲတစ်မျိုးဖြစ်နေပေမဲ့အကြောင်းပြချက်မလိုပါဘူး။

ရိပေါ်ကရှောင်းကျန်ကိုကျောပိုးရင်းအိမ်ပြန်ခဲ့သည်။လမ်းထဲမှာတခြားသောအတွဲတွေအများကြီးသွားလာနေကြတယ်။ရှောင်းကျန့်ရဲ့ရိပေါ်ကိုစနောက်ပြီးထွက်လာတဲ့ရယ်သံလွင်လွင်လေးတွေကိုသူအရမ်းသဘောကျတယ်...

လူတစ်ယောက်ကိုချစ်မိဖို့အကြောင်းပြချက်မလိုပါဘူး..ဘယ်ချိန်ထဲကမှန်းမသိစွာနဲ့ရိပေါ်ရဲ့နှလုံးသားကိုရှောင်းကျန့်ကထိတွေ့ခဲ့တယ် ရိပေါ်ရဲ့ရင်ထဲဝင်ရောက်လာခဲ့တယ်။ဘယ်အချိန်ကချစ်သွားမှန်းမသိသလိုအဆုံးသတ်လဲမရှိပါဘူး...အဲ့လိုပဲအကြောင်းပြချက်လဲမရှိခဲ့ဘူး

မင်းပြန်ချစ်လာအောင်ကြိုးစားမှာမလို့ငါ့ကိုချစ်ပေးဖို့သာအဆင်သင့်ပြင်ထားပေးပါ...

ဇာတ်လမ်းလေးကအဆုံးသတ်သွားပေမဲ့ကောင်လေးနှစ်ယောက်ရဲ့အချစ်ကတော့ရှေ့ဆက်သွားနေပါအုံးမယ်...

.

.

.

လမ်းဆုံးပါပြီ

_______________No Reason___________

ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇုတင်လျက်

#ညတိုင်းအရုပ်သစ်တွေနဲ့အိပ်စက်ချင်တဲ့NightToy 95

8ခု
Zaw

မိုးစင္စင္လင္းၿပီးေနေရာင္ျခည္ကတလြင့္လြင့္လိုက္ကာျဖဴေတြကိုထိုးေဖာက္ဝင္ေရာက္ေနသည္။ရိေပၚကေရခ်ိဳးၿပီးတဲ့ေနာက္မွန္ေရွ႕မွာရပ္ၿပီးအက်ႌဝတ္ေနတယ္။

"မင္းအဆင္ေျပရဲ႕လာ နာေနေသးလား"

မွန္ကေနတဆင့္ျမင္ေနရတဲ့သူ႔အေနာက္ကလူကိုလွမ္းေမးလိုက္သည္။ေရွာင္းက်န္႔ကကုတင္ေပၚမွာေမွာက္ခုံကန္႔လန္႔ျဖတ္ႀကီးအိပ္ေနသည္။သူေမးလိုက္ေတာ့ဆူပုတ္ပုတ္နဲ႔ၾကည့္လာသည္။

"ေခြးေကာင္ မင္းလာခံၾကည့္ပါလာ သူငယ္ခ်င္းအခ်င္းခ်င္းဒီလိုလုပ္ရလား လူယုတ္မာ"

ရိေပၚဟက္ခနဲရယ္လိုက္တယ္။အိပ္ယာကႏိုးႏိုးခ်င္းအဆဲေလးနဲ႔မနက္ခင္းကိုအစျပဳေနတာပဲ။ေရွာင္းက်န္႔ႏိုးလာရင္သူ႔လုပ္ရပ္ေၾကာင့္မုန္းတီး႐ြံရွာမယ္လို႔ထင္ခဲ့ေပမဲ့ရင္ဘက္ကိုလက္သီးနဲ႔ထိုး႐ုံကလြဲၿပီးသူနားမလည္တဲ့ဆဲနည္းေပါင္းစုံနဲ႔ဆဲေတာ့သည္။ကိစၥမရွိဘူး႐ိုးေနၿပီမလို႔မမုန္းတာနဲ႔တင္ေက်းဇုတင္မိပါတယ္။

"ငါ့ကိုယုတ္မာတယ္လို႔မေျပာနဲ႔ မင္းအရင္စတာေလဘာလို႔ငါ့ကိုအဲ့လိုလာေမးတာလဲ"

"Fuckပဲ ငါကမူးေနတာေလမင္းကလူေကာင္းႀကီးအသိရွိေနတာပဲဘာလို႔ငါ့ကို..ငါ့ကို "

"ငါ့ကိုဘာျဖစ္လဲဆက္ေျပာေလ ဟင္"

ရိေပၚကအျမင္ကပ္စရာေကာင္းေလာက္ေအာင္မ်က္ခုံးပင့္၍ၿပဳံးစိစိလုပ္ေနသည္။မ်က္ႏွာကိုဆြဲကုပ္ဖဲ့မိေတာ့မယ္

"ခ်ီးပဲ ငါမူးေနတာကိုအခြင့္အေရးယူၿပီးတက္လုပ္သြားတာေလ!!"

ေရွာင္းက်န္႔ကေျပာေတာ့ရိေပၚမေအာင့္ႏိုင္ေတာ့ပဲခြီကနဲရယ္ခ်ေတာ့သည္။ေရွာင္းက်န္႔ကမ်က္ေမွာင့္ႀကီးကုပ္လို႔ဘုၾကည့္ၾကည့္ေနေတာ့ရိေပၚကေရွာင္းက်န္႔ပါးႏွစ္ဖက္ကိုဆြဲညႇစ္ထားလိုက္တယ္။

"ဟား..မင္းကေတာ့ကြာ ဒါဆိုေျပာငါအဲ့လိုလုပ္လိုက္လို႔မင္းငါ့ကိုမုန္းလာ မခင္ေတာ့ဘူးလာ"

သူေမးလိုက္ေတာ့ေရွ႕ကငတုံးေလးကမ်က္ဆံ​နက္နက္ေလးေတာင္ေျပးေျမာက္ေျပးနဲ႔ေသခ်ာစဥ္းစားေနပုံရသည္။ထို႔ေနာက္သူ႔ကိုၾကည့္ကာေခါင္းကိုေျဖးညင္းစြာခါျပတယ္။သူရင္ထဲေလေျပေဝွ႔ေနၿပီးႏူးညံ့စြာၿပဳံးမိေစသည္။

"ငါမင္းကိုမမုန္းပါဘူး ငါတို႔ကေယာက်ာ္းေလးေတြပဲတစ္ခါေလာက္နဲ႔ဘာမွမျဖစ္ဘူးနစ္နာတာလဲမရွိဘူး "

"ဒါဆိုေနာက္တစ္ေခါက္ဆိုရင္ေရာ"

"ေသလိုက္ေလ ဒါပဲရမယ္"

ေရွာင္းက်န္႔ကလက္ခလယ္ေထာင္ျပ၍ေျပာလိုက္ေတာ့​ရိေပၚကေရွာင္းက်န္႔လက္ကိုဖမ္းကိုင္လိုက္သည္။

"အဲ့ဒါပဲလိုခ်င္တာေလ ေပးမွာလားလို႔"

"မေပးဘူး "

"ေပးပါေနာ္ မင္းလဲခံစားလို႔ေကာင္းခဲ့တာပဲညကဆိုငါ့ရဲ႕အျပဳအစုေအာက္မွာ"

"ရိေပၚ!!!!"

"ဟားးးး"

ေရွာင္းက်န္႔ကမ်က္ႏွာႀကီးရဲ၍ေအာ္ေတာ့သည္။ရွက္လြန္းတာမလို႔ေစာင္ေအာက္ထဲပိုးတုံးလုံးေလးလိုတြန္႔လိမ္ၿပီးဝင္ပုန္းသြားသည္။ရိေပၚကကုတင္ေပၚေစြ႕ကနဲခုန္တက္ကာေစာင္ထုတ္လုံးလုံးေလးကိုတင္းတင္းဖက္ထားလိုက္တယ္။သူဖက္ေတာ့ေကာ့လန္ထိုးေအာင္႐ုန္းေနသည္။

"ၿငိမ္ၿငိမ္ေန မဟုတ္ရင္မနက္ခင္းေလ့က်င္ခန္းလုပ္ရလိမ့္မယ္"

ၿခိမ္းေျခာက္လိုက္ေတာ့ေစာင္ကိုမ်က္လုံးေလးေပၚ႐ုံေဖာ္၍ေခ်ာင္းၾကည့္ေနသည္။

"ရိေပၚ.."

"အင္း"

"ငါနာတယ္ "

"ေဆးခန္းသြားခ်င္လာဒါမွမဟုတ္ငါေဆးထည့္ေပးရမလာ "

"ရတယ္ ညတုန္းက​ငါေသခ်ာမမွတ္မိေတာ့ေပမဲ့မင္းအေသၾကမ္းတာေတာ့ငါသိတယ္ အဲ့ဒါေၾကာင့္ေနာက္တစ္ခါ "

"ေနာက္တစ္ခါ?"

ရိေပၚကမ်က္လုံးေတြအေရာင္ေတာက္ပသြားၿပီးေရွာင္းက်န္႔စကားကိုျပန္ေထာက္သည္။ေရွာင္းက်န္႔ကသူ႔စကားသူသတိထားမိသြားၿပီးဘာလို႔ဒီလိုေျပာလိုက္မိမွန္းမသိေတာ့ေပ လႊတ္ခနဲထြက္မိသြားတာစိတ္ထဲရွိတာေသခ်ာတယ္။

"ေနာက္တစ္ခါဆိုငါမင္းကိုလုပ္မယ္"

"မရဘူး!!!!"

ရိေပၚကခ်က္ခ်င္းျငင္းဆိုကာေရွာင္းက်န္႔ကိုပိုတင္းတင္းဖက္ထားလိုက္တယ္။က်န္တာအကုန္အလိုလိုက္ႏိုင္တယ္အဲ့ဒါေတာ့လုံးဝမလိုက္ႏိုင္ဘူး။ေရွာင္းက်န္႔ကရႈံ႕မဲ့မဲ့ျဖစ္သြားၿပီး

"ဘာလို႔လဲ မင္းက်လုပ္ၿပီးဘာလို႔ငါကမရတာလဲတစ္ေယာက္တစ္လွည့္စီေပါ့ ဒါမွမွ်တသြားမွာ"

"မရဘူးဆိုမရဘူးပဲ မင္းကဘယ္လိုလုပ္ရလဲသိလို႔လာ same sexတြဲတာကိုေတာင္ေသခ်ာမသိပဲနဲ႔1လုပ္ခ်င္ေသးတယ္ "

"လြယ္ပါတယ္ ငါေဖးေဖးကိုေမးလို႔ရတာပဲအခုပဲေမးလိုက္ေတာ့မယ္"

ေျပာရင္းစားပြဲေပၚကဖုန္းကိုလွမ္းယူဖို႔လုပ္ေနေတာ့ေရွာင္းက်န္႔လက္ကိုဆြဲကာသူ႔ရင္ဘက္ထဲထည့္ထားလိုက္တယ္။

"မေမးရဘူး ဒီလိုကိစၥကသူမ်ားကိုဘာလို႔ေမးမွာလဲငါတစ္ေယာက္လုံးရွိတာငါေျပာျပမွာေပါ့ ကိုယ္ဖိရင္ဖိသင္ေပးမွာ"

"ဘယ္လိုသင္ေပးမွာလဲ "

"အဟင္း..ဘယ္လိုသင္မွာလဲဆိုေတာ့...ဒီလို​သင္ေပးမွာငတုံးေလးရဲ႕"

"အားးးေခြးေကာင္..Fuck. ..မေကာင္းတဲ့ေကာင္.."

"ငါ့အေပၚကခုဆင္းဝမ္ရိေပၚအစုတ္ပလုတ္!! ဘာလို႔ငါ့ကိုကိုက္ေနတာလဲ"

"သင္ေပးေနတာေလ"

"ဝမ္ရိေပၚ!!!!! နာတယ္လို႔...အီးးးး  လူယုတ္မာႀကီးအသားစားဘီလူးႀကီး!! မင္းကိုမေက်နပ္ဘူးမင္းဆီကပိုက္ဆံေတြအကုန္ခိုးပစ္ၿပီးမြဲေအာင္လုပ္ပစ္မယ္...Fuck!! %#^^#&&#&&"

မနက္အေစာပိုင္းမွာေရွာင္းက်န္႔တို႔အခန္းထဲ၌အသံေပါင္းစုံထြက္ေနေတာ့သည္။နံရံကပါးတာေၾကာင့္ေဘးအခန္းကအတြဲကသူတို႔နားေတြကိုပိတ္ထားရေတာ​့သည္။

"ေတာ္ေတာ္ၾကမ္းတဲ့အတြဲပဲ ဒါနဲ႔မ်ားသူငယ္ခ်င္းဆိုၿပီးေျပာေနတယ္"

"သူငယ္ဂ်င္းပါကြာ "

Jacksonနဲ႔Chuoကေခါင္းတၿငိမ့္ၿငိမ္နဲ႔အတင္း​တုတ္ေနေလေတာ့သည္။

*^^*

ဒီေန႔ကေဖေဖာ္ဝါရီ၁၄ရက္ေန႔ပင္

အတြဲေတြအမ်ားႀကီးေပ်ာ္႐ႊင္ေနၾကေပမဲ့ေရွာင္းက်န္႔ကေတာ့street danceၿပိဳင္ပြဲကိုေရာက္ရွိေနတယ္။ခ်စ္သူမ်ားေန႔ကသူနဲ႔မွမသက္ဆိုင္တာ အဲ့ေတာ့ပ်င္းတာနဲ႔ၿပိဳင္ပြဲကိုလာၾကည့္ေနသည္။တစ္ေယာက္ၿပီးတစ္ေယာက္ၿပိဳင္ၿပီးစိန္ေခၚေနၾကတာမ်ားအရမ္းတက္ႂကြစရာပါပဲ။ပထမလူေ႐ြးတဲ့အဆင့္မလို႔ၿပိဳင္ပြဲကလူစည္ကားတဲ့လမ္းေဘးမွာပဲဝိုင္းဖြဲ႕၍ကရသည္ျဖစ္သည္။ဒီအဆင့္မွာေ႐ြးခ်ယ္ခံရတဲ့သူေတြကေအဂ်င္စီထဲေရာက္ၿပီးေနာက္ဆုံးအဆင့္ထိၿပိဳင္ရမွာျဖစ္တယ္။အႏိုင္ရရွိတဲ့အဖြဲ႕ကိုေတာ့Leoေအဂ်င္စီကေျမေတာင္ေျမႇာက္ေပးမွာျဖစ္ၿပီးပြဲဦးထြက္ပြဲေတြစီစဥ္ေပးမွာျဖစ္သည္။အႏုပညာေလာကထဲေျခလွမ္းစႏိုင္မဲ့အခြင့္အေရးေပါ့

တက္ႂကြစြာကေနၾကတဲ့သူေတြကိုၾကည့္ၿပီးေရွာင္းက်န္႔ကရိေပၚကိုသတိရမိတယ္။သူလဲလာၿပိဳင္ရင္ဘယ္ေလာက္ေကာင္းမလဲ ဒါေပမဲ့လဲရိေပၚကကိုယ္ပိုင္လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္ရွိတယ္ေလ မကခ်င္ေတာ့တဲ့လူကိုဘာလို႔အတင္းတိုက္တြန္းေနေတာ့မလဲ။ေရွာင္းက်န္႔ကဘယ္သူ႔ကိုအားေပးရမွန္းမသိတာမလို႔အကုန္လုံးကိုအားေပးလိုက္တယ္ ေဘးကေကာင္ေလးကအဖြဲ႕တိုင္းအားေပးေနတဲ့သူ႔ကိုထူးဆန္စြာၾကည့္ေနသည္ ေရွာင္းက်န္႔လဲျပန္ၿပီးသြားၿဖဲျပလိုက္ေတာ့ေၾကာင္ေတာင္ေတာင္ရယ္ျပတယ္။

စင္ကစက္ဝိုင္းပုံစံျဖစ္ၿပီးစင္ေရွ႕မွာေတာ့အဆိုေတာ္Leoကထိုင္ၿပီးအကဲခတ္ေနသည္။သူကဒိုင္မဟုတ္ေပမဲ့အေရးႀကီးတဲ့လူဆိုလဲမမွားဘူး။

"ကဲ...ေနာက္ဆုံးၿပိဳင္ပြဲဝင္ပဲက်န္ပါတယ္ ဒီတစ္ခါေတာ့ေရွ႕ကအဖြဲ႕ေတြလိုလူအမ်ားနဲ႔မဟုတ္ပဲတစ္ကိုယ္တည္းပဲဗ်..ပရိတ္သတ္ေတြလဲသိခ်င္ၾကၿပီထင္ပါတယ္...သူ႔ကိုစင္ေပၚဖိတ္ေခၚလိုက္ရေအာင္!!!"

ေျဖာင္း..ေျဖာင္း..ေျဖာင္း

အစီစဥ္တင္ဆက္သူရဲ႕စကားအဆုံးလက္ခုပ္သံေတြထြက္လာသည္။ေရွာင္းက်န္႔ကလဲခုန္ေပါက္ၿပီးလက္ခုပ္တီးေနတယ္ ေနာက္ဆုံးမလို႔ဇာတ္ရွိန္ကလဲပိုျမင့္ေနတယ္ စင္ေပၚတက္လာတဲ့အျဖဴေရာင္အရိပ္ေလးကိုေတြ႕ၿပီးေနာက္ေရွာင္းက်န္႔ၿငိမ္သက္သြားသည္။

"ရိေပၚ"

ဟုတ္ပါတယ္ ရိေပၚပါပဲ။အျဖဴေရာင္ဝမ္းဆတ္နဲ႔အနက္ေရာင္ဦးထုတ္ကို႐ိုးရွင္းစြာဝတ္ဆင္ထားတယ္။လုံးဝမကေတာ့ပါဘူးလို႔ေျပာခဲ့တဲ့သူ အရႈံးေတြခ်ည္းရင္ဆိုင္ခဲ့ရလို႔အိမ္မက္ေမ်ာ္လင့္ခ်က္ကိုေၾကာက္႐ြံ႕ေနခဲ့တဲ့သူ ကအခုစင္ေပၚမွာရပ္ေနတယ္။ေရွာင္းက်န္႔ကၿပဳံးလိုက္တယ္..

"မင္းတကယ္ငါ့ကိုအလိုလိုက္တာပဲ"

ေရွာင္းက်န္႔ကေရ႐ြတ္လိုက္သည္။သီခ်င္းသံစလာေတာ့ရိေပၚကစင္အလယ္မွာရပ္လိုက္တယ္။Leoကအရင္လူေတြကိုစိတ္မဝင္စားေပမဲ့ဒီေနာက္ဆုံးတစ္ေယာက္ကိုေတာ့ေသခ်ာၾကည့္လို႔ေနသည္။

ရိေပၚကလက္သီးကိုတင္းတင္းဆုပ္လိုက္တယ္ သူသတၱိရွိရမယ္ သူရဲေဘာေၾကာင္လို႔မျဖစ္ဘူး အဓိက ေရွာင္းက်န္႔ကသူ႔ကိုေအာင္ျမင္ေစခ်င္တာေမ်ာ္လင့္ခ်က္ေတြထားထားတယ္။ေရွာင္းက်န္႔အတြက္ ၿပီးေတာ့သူ႔အိမ္မက္အတြက္ အႏိုင္ရဖို႔လိုတယ္။

ဒါေပမဲ့သူ႔ရဲ႕စင္ေၾကာက္တတ္တဲ့အက်င့္ကေပၚလာတယ္။ရန္ပုံေငြပြဲကအျဖစ္အပ်က္ႀကီးကိုျပန္ေတြးမိၿပီးသူတစ္ကိုယ္လုံးလႈတ္မရေတာ့ဘူး..ဘာဆက္လုပ္ရမလဲ သူဘာဆက္လုပ္သင့္လဲ မလုပ္ႏိုင္ေတာ့ဘူးလာ

သီခ်င္းကတစ္ဝက္က်ိဳးေတာ့မယ္ရိေပၚကခုထိမကေသးတာမလို႔ေအာက္ကပရိတ္သံေတြကအားေပးသံေတြအစားအပစ္တင္သံေတြညံစီလို႔ေနသည္။ေရွာင္းက်န္႔ကလဲရိေပၚရဲ႕အေျခအေနကိုသိတာမလို႔ဘာလုပ္ေပးရမွန္းမသိေပ အခုသူစင္ေပၚကေနရိေပၚကိုအေဝးဆုံးေခၚထုတ္သြားခ်င္တယ္။ရိေပၚေၾကာက္ေနတဲ့ဒီလူေတြဆီကေနကာကြယ္ေပးခ်င္တယ္။

"ဘာလုပ္ေနတာလဲ မကရင္ဆင္းခဲ့!!"

"အရည္အခ်င္းမရွိပဲစင္ေပၚဘာတက္လုပ္ေနတာလဲမင္းေၾကာင့္တျခားသူေတြစိတ္အေႏွာင့္အယွက္ျဖစ္တယ္!!!"

"ရိေပၚကအရည္အခ်င္းရွိတယ္ သူကသူ႔စြမ္းရည္ကိုမထုတ္ျပတတ္တာ "

ေရွာင္းက်န္႔ကအပစ္တင္သူေတြကိုျပန္ေျပာေနတယ္။ဒါေပမဲ့အမ်ားနဲ႔တစ္ေယာက္မလို႔သူ႔အသံကအားလုံးၾကားမွာအုပ္ကာဘယ္သူမွအဖက္မလုပ္ၾကေပ။ေရွာင္းက်န္႔ကအေတာ္ေလးစိတ္ဆိုးလာတယ္။

ရိေပၚကစင္ေအာက္ကလူေတြကိုၾကည့္ကာပိုၿပီးလႈတ္ရွားမရေတာ့ဘူးသူေျပးထြက္ခ်င္ေနမိတယ္အဆင္ေျပမယ္ထင္ထားခဲ့ေပမဲ့...ေနာက္ဆုံးေတာ့လဲအရႈံးသမားကအရႈံးသမားပါပဲ ။ စင္ေရွ႕ကLeoကိုၾကည့္လိုက္ေတာ့လက္ပိုက္ကာသူ႔ကိုၿပဳံးၾကည့္ေနတယ္..

Leoကေၾကာက္ေနတဲ့ရိေပၚကိုၾကည့္ကာၿပဳံးလိုက္တယ္။

"စိတ္ဝင္စားစရာပဲ"

"ဘာကိုလဲ"

မန္ေနဂ်ာကေမးေတာ​့Leoကၿပဳံးေနရင္းနဲ႔သာျပန္ေျဖလိုက္တယ္။

"သူ႔ကိုၾကည့္ၿပီးကြၽန္ေတာ္ဒီေလာကထဲစေရာက္လာတဲ့အခ်ိန္ေတြကိုျပန္ေတြးမိသြားတယ္ သူကကြၽန္ေတာ္ငယ္ငယ္ကနဲ႔တစ္ပုံစံထဲပဲ"

ရိေပၚကလက္ေလ်ာ့ကာစင္ေပၚကျပန္ဆင္းဖို႔ေနာက္လွည့္လိုက္တယ္။ေတာင္းပန္ပါတယ္ေရွာင္းက်န္႔ ။ မင္းျဖစ္ေစခ်င္တဲ့အတိုင္းငါမလုပ္ႏိုင္ေတာ​့ဘူးသူအေနာက္လွည့္လိုက္တဲ့အခ်ိန္စင္ေအာက္ကေနအသံက်ယ္က်ယ္ကထြက္လာသည္။

"ရိေပၚ!!..မင္းလုပ္ႏိုင္တယ္...မင္းကအရည္အခ်င္းရွိတဲ့သူ အားလုံးသိေအာင္ရိေပၚအစစ္အမွန္ကိုထုတ္ျပလိုက္ပါ!!. .အဟြတ္ အဟြတ္"

ေရွာင္းက်န္႔ကအာေခါင္ျခစ္ကာေအာ္၍ဆူညံသံေတြကိုအုပ္တဲ့ထိေအာ္ဟစ္ေျပာလိုက္သည္။လည္ေခ်ာင္းပါနာသြားတာမလို႔ေခ်ာင္းပါဆိုးတယ္။ရိေပၚကရပ္တန္႔သြားၿပီး​လွည့္ၾကည့္လာသည္။ေရွာင္းက်န္႔ကၿပဳံးျပ၍

"မင္းကအၿမဲတမ္းငါ့အတြက္ေတာက္ပေနတဲ့ၾကယ္ေလး!! မင္းကအရမ္းေတာ္တယ္ သတၱိရွိတယ္ "

"ေရွာင္းက်န္႔"

ရိေပၚကခပ္တိုးတိုးေခၚလိုက္သည္။ခုခ်ိန္ထိေရွာင္းက်န္႔ကသူ႔အေပၚထားတဲ့ယုံၾကည္မႈနဲ႔ေမ်ာ္လင့္ခ်က္ကမေပ်ာက္ကြယ္သြားဘူး..သူကသာေရွာင္းက်န္႔အလိုကိုမလိုက္ႏိုင္ဘဲအရႈံးေပးဖို႔ပဲအခ်ိန္တိုင္းေတြးေနခဲ့တယ္။ဟက္..ဘယ္ေလာက္ေတာင္အသုံးမက်လိုက္တဲ့ငါလဲ..

"ရိေပၚ!! မင္းငါ့ကိုသင္ေပးတဲ့အက မင္းကႏိုင္တယ္ ငါယုံတယ္ ငါယုံတာမလို႔မင္းအဆုံးထိလုပ္ႏိုင္တယ္"

ေရွာင္းက်န္႔ကစင္ေအာက္ကေနမေမာႏိုင္မပန္းႏိုင္ေအာ္ဟစ္ေနသည္။လူေတြကၿငိမ္သက္စြာသူတို႔ႏွစ္ေယာက္ကိုၾကည့္ေနၾကတယ္Leoကလဲေရွာင္းက်န္႔ကိုၿပဳံး၍ၾကည့္ေနတယ္။

"သူငယ္ခ်င္းေကာင္းကိုပိုင္ဆိုင္ထားတာပဲကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္လဲသူ႔လိုပဲ"

"မင္းသားSeanလာ"

Leoကေျပာလိုက္ေတာ့မန္ေနဂ်ာကLeoအနားတိုးကပ္ကာေမးလိုက္တယ္။Leoကဘာမွမတုံ႔ျပန္ပဲၿပဳံး႐ုံသာၿပဳံးေနသည္။

ရိေပၚကေရွာင္းက်န္႔ကိုၾကည့္ေနၿပီးေရွာင္းက်န္႔ကေခါင္းၿငိမ့္ျပလိုက္တယ္။ရိေပၚကမ်က္လုံးကိုမွိတ္လိုက္ၿပီးသီခ်င္းသံထပ္မံထြက္လာေတာ​့မ်က္လုံးဖြင့္လိုက္သည္။သူေရွ႕ကျမင္ကြင္းကလူေတြအမ်ားႀကီးမဟုတ္ေတာ့ပဲေပက်င္းၿမိဳ႕ရဲ႕ညအခ်ိန္ျမင္ကြင္းျဖစ္သည္။သူကေခါင္မိုးထပ္မွာရွိေနတာျဖစ္ၿပီးေဘးကိုလွည့္ၾကည့္ေတာ့ေရွာင္းက်န္႔ကၿပဳံးျပေနတယ္

"ငါမင္းကိုယုံတာမလို႔ငါ့ကိုသင္ေပးမယ္မလာ"

သူေခါင္းၿငိမ့္ျပလိုက္သည္။ထို႔ေနာက္စည္းခ်က္နဲ႔အညီလႈတ္ရွား၍စတင္ကေတာ့သည္။ေျပာင္ေျမာက္လွတဲ့စြမ္းရည္ လွပတဲ့ကကြက္ ဖုံးကြယ္ထားတဲ့အရည္အခ်င္းေတြ ထူးကဲတဲ့ပါရမီ..ရိေပၚမွာအကုန္ရွိတယ္ 

ေၾကာက္႐ြံ႕စိတ္ေတြအားငယ္မႈေတြတစ္ခုမွမရွိေတာဘူး။ေရွာင္းက်န္႔သူ႔အနားမွာရွိေနတယ္ဆိုတဲ့ခံစားခ်က္နဲ႔သူအေကာင္းဆုံးလုပ္ႏိုင္သည္။သီခ်င္းသံဆုံးသြားၿပီးရိေပၚရဲ႕အကဟာသပ္ရပ္စြာၿပီးေျမာက္သြားတယ္။မ်က္လုံးကိုမွိတ္လိုက္ၿပီးျပန္ဖြင့္ေတာ့ၿမိဳ႕ျပျမင္ကြင္းမဟုတ္ေတာ့ပဲၿငိမ္သက္တိတ္ဆိတ္ေနၾကတဲ့လူအုပ္ႀကီးကိုပင္...ရိေပၚရဲ႕နဖူးမွာေခြၽးေတြတြဲခိုေနၿပီးရင္ဘက္ကနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတယ္။သူ႔ေက်ာျပင္မွာအက်ႌကအသားနဲ႔ကပ္ေနၿပီးေခြၽးထြက္ေနသည္။

Leoကထိုင္ေနရာကထရပ္ကာလက္ခုပ္တီးလိုက္ေတာ့မွဝိဉာည္လြင့္သလိုျဖစ္ေနၾကတဲ့လူအုပ္ႀကီးကအခုမွအသိဝင္လာသည့္ႏွယ္လက္ခုပ္သံေတြကဆူညံသြားၿပီးအားေပးသံေတြကညံစီသြားေတာ့သည္။

"ေရးးးးရိေပၚလုပ္ႏိုင္ခဲ့ၿပီကြ"

"အဲ့ဒါငါ့သူငယ္ခ်င္းေလ ရိေပၚေလ.."

"မင္းတို႔ေတြ႕ၿပီမလာ သူကအရည္အခ်င္းရွိတယ္လို႔ငါေျပာခဲ့သားပဲခုေတြ႕ၿပီမလာ.ငါသူငယ္ခ်င္းကအရမ္းေတာ္တာ"

ေရွာင္းက်န္႔ကအားရပါးရခုန္ေပါက္ကာေပ်ာ္႐ႊင္ေနေလသည္။ရိေပၚထက္ပင္ပိုေပ်ာ္ေနသေယာင္...ေရွာင္းက်န္႔ကိုၾကည့္ၿပီးရိေပၚကေခြၽးစက္ေတြၾကားကရယ္လိုက္မိေတာ့တယ္ ငႂကြားေလးကအကုန္လုံးကိုပတ္ႂကြားေနတာ

Leoကိုယ္တိုင္မတ္တပ္ရပ္ၿပီးအားေပးခဲ့တာမလို႔ရိေပၚကပထမအဆင့္နဲ႔လူေ႐ြးပြဲေအာင္ႏိုင္တာေျပာစရာမလိုပင္။ေ႐ြးခ်ယ္ခံရတဲ့သူေတြေၾကာ္ျငာၿပီးေတာ့ရိေပၚနာမည္ကအမွန္ပါလာခဲ့ပါတယ္..ေရွာင္းက်န္႔ကေအာ္ဟစ္အားေပးရလြန္းလို႔အသံဝင္တဲ့ထိပါပဲ...

"ရိေပၚ မင္းအရမ္းေတာ္တာပဲ ေနာက္ဆုံးေတာ့ေမ်ာ္လင့္ထားသလိုေအဂ်င္စီထဲဝင္ခြင့္ရခဲ့ၿပီ ေသခ်ာေလ့က်င့္ရမယ္ေနာ္"

သူတို႔ၿပိဳင္ပြဲၿပီးေတာ့အိမ္ကိုလမ္းေလ်ာက္ျပန္ေနၾကသည္။ေရွာင္းက်န္႔ကတစ္လမ္းလုံးခ်ီးက်ဴးလို႔မၿပီးေတာ့ေပ 

"မင္းမၿပိဳင္ေတာ့ဘူးဆိုၿပီးဘာလို႔စိတ္ကူးေျပာင္းသြားတာလဲ"

"မင္းေၾကာင့္ေလ"

ေရွာင္းက်န္႔ကႀကိဳတင္ခန္႔မွန္းၿပီးသားမလို႔ၿပဳံးလိုက္တယ္။ရိေပၚကသူ႔အေရွ႕မွာပိတ္ရပ္လိုက္တာမလို႔နားမလည္စြာၾကည့္လိုက္မိတယ္။

"ေရွာင္းက်န္႔ဒီေန႔ကခ်စ္သူမ်ားေန႔ဆိုတာသိတယ္မလာ"

"အင္းသိတယ္ေလ"

"ငါမင္းကိုလက္ေဆာင္ေပးခ်င္တယ္"

ရိေပၚကၿပဳံးၿပီးသူ႔အိတ္ထဲကေနသူဝယ္ထားတဲ့နာရီေလးကိုထုတ္လိုက္သည္။ထိုနာရီကိုေရွာင္းက်န္႔လက္မွာပတ္ေပးလိုက္ေတာ့ေရွာင္းက်န္႔ကသေဘာက်ေနတယ္ ။ ေက်ာက္စီထားတဲ့လင္းလက္ေတာက္ပတဲ့နာရီနဲ႔ေရွာင္းက်န္႔ရဲ႕လွပတဲ့လက္ေကာက္ဝတ္ေလးကသိပ္ကိုလိုက္ဖက္လြန္းေနသည္။

"ဘယ္လိုလဲႀကိဳက္ရဲ႕လာ"

"အင္း အရမ္းမိုက္တယ္ငါကနာရီပတ္ေလ့မရွိေပမဲ့မင္းေပးတာမလို႔ငါႀကိဳက္တယ္"

"ေတာ္ေသးတာေပါ့..နာရီေပးတဲ့အဓိပၸါယ္ကိုမင္းသိလာ"

"......"

ေရွာင္းက်န္႔ကေခါင္းခါျပေတာ့ရိေပၚကၿပဳံး၍ေျပာလိုက္တယ္။

"စကၠန္႔မလပ္ေအာင္ခ်စ္ရပါတယ္တဲ့ ေရွာင္းက်န္႔"

"ဟင္"

"ေဝၚအိုက္နီ"

ရိေပၚကေရွာင္းက်န္႔မ်က္ဝန္းေတြကိုအေလးအနက္စိုက္ၾကည့္၍တည္ၿငိမ္စြာေျပာသည္။ေရွာင္းက်န္႔ကခန္႔မွန္းရခတ္စြာရယ္လိုက္တယ္။နာရီကိုပြတ္သပ္ကာ

"ငါလဲမင္းကိုခ်စ္တယ္ ငါကမင္းရဲ႕VIP friendေလးပဲေလ"

အေရွ႕ကစကားေၾကာင့္ဝမ္းသာမလို႔ႀကံေနတဲ့ရိေပၚကေနာက္ဆက္တြဲစကားေၾကာင့္ေအာင့္သက္သက္ျဖစ္သြားရသည္။မရဘူး.ဒီတစ္ခါေသခ်ာရွင္းရွင္းလင္းလင္းသိေစရမယ္

"ငါအဲ့လိုေျပာတာမဟုတ္တာမင္းသိပါတယ္ "

"ဒါဆိုဘယ္လိုမ်ိဳးလဲ"

ေရွာင္းက်န္႔ကနားမလည္စြာေမးလိုက္သည္.ရိေပၚကသက္ျပင္းခ်လိုက္ၿပီး

"ငါတို႔အတူေတာင္အိပ္ခဲ့ၿပီးၿပီ ငါမင္းကိုဘာလို႔အဲ့လိုလုပ္တာလို႔ထင္လဲ"

"ငါမင္းကိုေယာက်ာ္းေလးနဲ႔အတူအိပ္ဖူးလားေမးလို႔မဟုတ္ဘူးလာ"

ေသလိုက္ပါေတာ့။ရိေပၚသူ႔နဖူးသူျပန္႐ိုက္လိုက္ခ်င္သည္။ေရွာင္းက်န္႔ကိုနားလည္ေလာက္ၿပီလို႔ထင္ထားခဲ့တာ သူတို႔တစ္ခါထဲေတာင္မဟုတ္ဘူး ႏွစ္ခါေတာင္ႏွစ္ခါႀကီးေတာင္ေလ 

"ေတာ္႐ုံတန္႐ုံေလးပဲတုံးစမ္းပါေရွာင္းက်န္႔ရာ"

"ဘာျဖစ္လို႔လဲငါေျပာတာမွားလို႔လာ ဒါဆိုမင္းငါ့ကိုဘာလို႔အဲ့လိုလုပ္တာလဲ"

"ခ်စ္လို႔...အဟမ္း သူငယ္ခ်င္းလိုမဟုတ္ဘူး ခ်စ္သူလိုမ်ိဳး jacksonနဲ႔Chuoလိုမ်ိဳးခ်စ္တာ မင္းနဲ႔သူငယ္ခ်င္းမလုပ္ခ်င္ဘူးလင္မယားလုပ္ခ်င္တာ နားလည္ၿပီလာ"

"ဟမ္!!"

ရိေပၚကျပည့္ျပည့္စုံစုံရွင္းျပလိုက္ေတာ့မ်က္လုံးျပဴးကာၾကည့္ေနသည္။ရိေပၚက႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္ေတာ့မ်က္လုံးေလးေပကလပ္ေပကလပ္နဲ႔မ်က္ႏွာလႊဲသြားသည္။ရိေပၚကေရွာင္းက်န္႔မ်က္ႏွာအနီးသုံးလက္မေလာက္သာျခားတဲ့ထိတိုးကပ္သြားသည္။

"မင္းကေရာငါ့ကိုငါခ်စ္သလိုခ်စ္လာ ဟင္ ငါကေတာ့မင္းကိုအရမ္းခ်စ္တယ္ "

"ဘာ..ဘာလို႔ငါ့ကိုခ်စ္တာလဲ..အိုက္ယားအနားကိုအဲ့ေလာက္ထိမကပ္နဲ႔"

ေရွာင္းက်န္႔ကရိေပၚရင္ဘက္ကိုတြန္းလိုက္သည္။

"မင္းကိုဘာလို႔ခ်စ္လဲဆိုတာငါ့မွာအေၾကာင္းျပခ်က္မရွိဘူး အဲ့ေမးခြန္းအေျဖကိုသိခ်င္ရင္ေတာ့မင္းျဖစ္ေနလို႔ခ်စ္တယ္ဆိုတာပဲ"

ရိေပၚရဲ႕စကားေၾကာင့္ေရွာင္းက်န္႔ၿပဳံးလိုက္မိသည္.ရိေပၚကတစ္ဖက္လူသေဘာက်ေအာင္သိပ္ေျပာတတ္တာပဲ။ရိေပၚကေရွာင္းက်န္႔ၿပဳံးေနတာကိုေခါင္းေစာင္းလို႔ငုံ႔ၾကည့္သည္။

"ငါ့ကိုခ်စ္တယ္မလာ"

ေရွာင္းက်န္႔ကၿပဳံးလိုက္ၿပီးဘာမွမေျဖပဲရိေပၚေရွ႕ကအရင္ထြက္သြားသည္။ရတယ္ေလ မင္းအခုမေျဖေသးလဲေနာက္ေျဖလာေအာင္ငါႀကိဳးစားမယ္ မင္းငါ့ကိုခ်စ္လာေစရမယ္။

ရိေပၚကေရွာင္းက်န္႔ေနာက္ကိုေျပးလိုက္သြားသည္။ေရွာင္းက်န္႔ရိေပၚရဲ႕ေက်ာေပၚခုန္တက္လိုက္ေတာ့မျပဳတ္က်ေအာင္အလ်င္အျမန္ထိန္းလိုက္ရသည္။

"ငါေညာင္းၿပီကုန္းပိုးသြားေပး"

"ကားငွားမလာ"

"မလိုဘူး မင္းရွိတာပဲ ဘာလဲငါ့ကိုခ်စ္တယ္ဆိုဒါေလးေတာင္အလိုမလိုက္ႏိုင္ဘူးလာ အမွတ္ေလ်ာ့ရမလာ"

"အို..မလုပ္ပါနဲ႔သခင္ေလးရယ္ ငါမင္းကိုအၿမဲတမ္းအလိုလိုက္ခဲ့တာပဲ တစ္သက္လုံးခ်စ္ၿပီးအလိုလိုက္ေပးမယ္"

ရိေပၚကၿပဳံးလိုက္သည္။အတူအိပ္ၿပီးမွခ်စ္တယ္ေျပာတယ္ ေရွာင္းက်န္႔အခ်စ္ကိုရေအာင္ႀကိဳးစားတာကနဲနဲတစ္မ်ိဳးျဖစ္ေနေပမဲ့အေၾကာင္းျပခ်က္မလိုပါဘူး။

ရိေပၚကေရွာင္းက်န္ကိုေက်ာပိုးရင္းအိမ္ျပန္ခဲ့သည္။လမ္းထဲမွာတျခားေသာအတြဲေတြအမ်ားႀကီးသြားလာေနၾကတယ္။ေရွာင္းက်န္႔ရဲ႕ရိေပၚကိုစေနာက္ၿပီးထြက္လာတဲ့ရယ္သံလြင္လြင္ေလးေတြကိုသူအရမ္းသေဘာက်တယ္...

လူတစ္ေယာက္ကိုခ်စ္မိဖို႔အေၾကာင္းျပခ်က္မလိုပါဘူး..ဘယ္ခ်ိန္ထဲကမွန္းမသိစြာနဲ႔ရိေပၚရဲ႕ႏွလုံးသားကိုေရွာင္းက်န္႔ကထိေတြ႕ခဲ့တယ္ ရိေပၚရဲ႕ရင္ထဲဝင္ေရာက္လာခဲ့တယ္။ဘယ္အခ်ိန္ကခ်စ္သြားမွန္းမသိသလိုအဆုံးသတ္လဲမရွိပါဘူး...အဲ့လိုပဲအေၾကာင္းျပခ်က္လဲမရွိခဲ့ဘူး

မင္းျပန္ခ်စ္လာေအာင္ႀကိဳးစားမွာမလို႔ငါ့ကိုခ်စ္ေပးဖို႔သာအဆင္သင့္ျပင္ထားေပးပါ...

ဇာတ္လမ္းေလးကအဆုံးသတ္သြားေပမဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕အခ်စ္ကေတာ့ေရွ႕ဆက္သြားေနပါအုံးမယ္...

.

.

.

လမ္းဆုံးပါၿပီ

_______________No Reason___________

ဖတ္ေပးတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇုတင္လ်က္

#ညတိုင္းအ႐ုပ္သစ္ေတြနဲ႔အိပ္စက္ခ်င္တဲ့NightToy 95


Continue Reading

You'll Also Like

434K 15.1K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...
1M 33.7K 80
"π™Ύπš‘, πš•πš˜πš˜πš” 𝚊𝚝 πšπš‘πšŽπš–! πšƒπš πš˜ πš•πš’πšπšπš•πšŽ πš—πšžπš–πš‹πšŽπš› πšπš’πšŸπšŽπšœ! π™Έπš'𝚜 πš•πš’πš”πšŽ πšπš‘πšŽπš’'πš›πšŽ...πšπš˜πš™πš™πšŽπš•πšΓ€πš—πšπšŽπš›πšœ 𝚘𝚏 πšŽπšŠπšŒπš‘...
378K 32.9K 93
Sequel to my MHA fanfiction: β€’.Β°NORMALΒ°.β€’ (So go read that one first)
1.4M 32.2K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.