Old Love ( အရွယ်လွန် အချစ် )

By Sms12790

137K 5.5K 279

အသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ More

Old Love -1
Old Love -2
Old Love -3
Old love-4
Old Love-5
Old Love -6
Old Love -7
Old Love -8
Old Love -9
❣️Old Love❣️
Old Love -10
Old Love-11
Old Love-12
Old Love-13
Old Love-14
Old Love-15
Old Love-16
Old Love-17
Old Love -18
Old Love-19
Old Love-20
Old Love-21
Old Love-22
Old Love -23
Old Love -24
Old Love-25
❣️Old Love-26❣️
Old Love-27
Old Love -28
Old Love -29
Old Love -30
Old Love -End

Extra

3.5K 192 9
By Sms12790

🎼ရည်းစားဆိုလည်း မရှိဘူး

🎼မိန်းမဆိုလည်း မရှိဘူး
ရုပ်ချော လှတဲ့ လူပျိုပါ 🎼 ရုပ်ချောလှတဲ့ လူပျိုပါ

🎼ဒီလိုဆို အစ်ကိုကြီး ကုလားမကိုယူမလား
ကုလားမကို ယူမလား

🎼အံ့မယ်လေး အစ်ကိုကြီး ကုလားမကိုယူရင်တော့ မိတ်ကပ်ဖိုးနဲ့ မွဲလိမ့်မယ် ၊
မိတ်ကပ်ဖိုးနဲ့ မွဲလိမ့်မယ်

🎼ဒီလိုဆို အစ်ကိုကြီး တရုတ်မကို ယူမလား
တရုတ်မကို ယူမလား

🎼အံ့မယ်လေး အစ်ကိုကြီး တရုတ်မကိုယူရင်တော့ အ၀တ်စားဖိုး နဲ့ မွဲလိမ့်မယ်၊
အ၀တ်စား ဖိုး နဲ့ မွဲလိမ့်မယ်။

🎼 ဒီလိုဆို အစ်ကိုကြီး အပျိုကြီး ကို ယူမလား ၊ အပျိုကြီးကို ယူမလား

🎼အောင်မယ်လေး အစ်ကိုကြီး အပျိုကြီး ကိုယူရင်တော့ လူပျိုဘ၀ တော့ ပျက်ပါပြီ

လူပျိုဘ၀တော့ ပျက်ပါပြီ ဟား ..ဟား

"ဖေဖေ စာသားက အဲ့လို မဟုတ်ဘူးနော်.."

"သိပါတယ်ကွာ မင်းတို့ကလည်း ငါဆိုချင်သလို လျှောက်ဆိုတာပေါ့ ..

ဟား.. ဟား..ဟား .."

ရှေးရှေးတုန်းက DVD ခွေဟောင်းတွေ ပြန်ရှာပြီ ကိုမျိုး တစ်ယောက် သားနှစ်ယောက်နှင့်အတူ အိမ်အပေါ်ထပ်မှာ သောင်းကျန်းနေသည်။

သောင်းကျန်းနေသည်မှာ ရိုးရိုးမဟုတ်။

ရပ်ကွက်ထဲမှာ ခုနှစ်အိမ်ကြား ရှစ်အောင်ကြား လော်စပီကာနီးပါး ကျယ်သောSound box ကြီးနဲ့ ချိတ်ဖွင့်ပြီ ချဲနေသည်။

ဒီကြားထဲ ကိုမိုးက မိုက်ခ် ကိုင်ပြီ
"ဟဲလို ... ဟဲလို တက်စီ ၀မ်း တူး .."

ရပ်ကွက်ထဲက အလှူခံ လူကြီးစတိုင် ဖမ်းနေသည်။

ဖြတ်သွားရင် အသံကြားသူတိုင်းက မော့မော့ကြည့်သွားသည်။

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင် အမျိုးအိမ်ဆွမ်းကပ်ပွဲကနေ ပြန်လာသော ခင်ခင်

သူမ တို့အိမ်ကို လမ်းလျှောက်ရင် မော့မော့ကြည့်သွားတာကို  ကားပေါ်ကနေ မဆင်းမီ သတိထားမိသည်။

မဝါက ကားအရှိန်သတ် သူမအိမ်ဖက် ထိုးလိုက်သည်နှင့် ခင်ခင် ကားတံခါး ဖွင့်ဆင်းဖို့ပြင်သည်။

ခင်ခင် ကားတံခါး ဖွင့်လိုက်သည်နှင့် မျက်နှာချင်းဆိုင်အိမ်က မိုက်ခ်ကိုင်
သီချင်း အော်ဆိုနေသည့် သားတော်မောင်
အသံကြားလိုက်ရသည်။

🎼ရည်းစား ဆိုလည်း မရှိဘူး
🎼မိန်းမ ဆိုလည်းမရှိဘူး

ရုပ်ချော လှတဲ့ လူပျိုပါ .. ရုပ်ချောလှတဲ့ လူပျိုပါ ဟားဟား ..

အသံကြားသည်နှင့် ခင်ခင်က ယောင်းမတွေကိုပင် နူတ်မဆက်နိုင်။

ချက်ချင်း သူမအိမ်ဖက် တန်းသွားလိုက်သည်။

မိုးမမြင် လေမမြင် သားဖသုံးယောက်က ခင်ခင် အပေါ်တက်လာသော ခြေသံကိုပင် မကြားနိုင်။

တဟား .. ဟား .. ဟား .. ရယ်လျက် ကဲနေကြသည်။

ခင်ခင်က မီးခလုတ် ပိတ် အသံတိတ်သွားတော့မှ ဖအေ ရော သားနှစ်ယောက် ရောက
မျက်လုံး အပြူးသား တွေ ဖြင့် ကြည့်ကြသည်။

ခင်ခင်က ခါး‌ ပေါ် လက်နှစ်ဖက်ထောက် ကြည့်ပြီ

"တော်တော် ပျော်နေကြတယ်ပေါ့လေ..
လူကြား မကောင်းအောင်  အော်ကြီး ဟစ်ကျယ် မိုက်ခ် တွေပါ ကိုင်ပြီ ။

ဟွင့် ... ဆိုလိုက်တဲ့ သီချင်းက‌လည်း နားထောင်ကြည့်ကြအုံး။

လူကြားမကောင်းအောင် .. မပြောလိုက်ချင်ဘူး နော်..

တော်တော် မိန်းမ လိုချင်နေတဲ့ သီချင်း .."

မေမေက လုံချည်စကိုင်ပြီ ငိုတော့မလိုလို
စိတ်တို သောပုံစံဖြင့် ပြောသည်နှင့်

ကိုမိုး နဲ့ ကိုဖြိုးက

"ဟင့် မေမေကလည်း .."
"ဟင့် ‌မေမေကလည်း .."

သားနှစ်ယောက်က အတွန့်တက်ဖို့ ကြိုးစားသည်နှင့် ခင်ခင်က

"တော်ပြီ သားသားတို့ မပြောသေးနဲ့အုံး
မေမေပြီးအောင် ပြောမယ်  .."

မေမေပြောတော့ ကိုမိုး ရော ကိုဖြိုးရော နူတ်ခမ်းလေးတွေစူလျက် ငြိမ်သွားသည်။

@@@
သားနှစ်ယောက် ကို ဆူပြီသည်နှင့် သူ နှင့် မဆိုင်သလို ခွေ တွေ ထိုင်ရှင်းနေတဲ့ ကိုမျိုးဖက်ကို ခင်ခင် လှည့်ကြည့်လိုက်သည်။

ကြည့်ပြီ

"ဖ အေ ဆိုတဲ့လူက ကလေးတွေကို မြှောက်
‌ထိုးပင့်ကော် လုပ်။

ပြီးရင် သူကပဲ မနိုင်သလိုလို။
သူနဲ့ ပဲ မဆိုင်သလိုလို။

သူက ကြောင်သူတော် သားသားတွေကို ကြွက်သူခိုး .."

မေမေစကားကြားသည် နှင့် ကိုဖြိုးက

"မေမေ .. သားသားတို့ ကြွက် ခိုးဘူး။
သားသားက ကြွက် ကြောက်တယ်.."

သားငယ် စကားကြားတော့ ခင်ခင်က ပြောရမယ့်စကား တန်းလန်းကြီးရပ်။

ကိုမျိုးကတော့ ခိုးရယ်သည်။

ကိုမိုးကတော့ ခေါင်းနောက်ကို လက်နှစ်ဖက်ချိတ်ပြီ ခေါင်းညိတ် ထောက်ခံသည်။

"ဟုတ်တယ် မေမေ သားသားတို့ ကြွက်ခိုးဘူး .."

ခင်ခင်မှာ ပြောလိုတဲ့စကား ရှေ့မဆက်နိုင်တော့ ကိုမျိုး ကိုပဲကြည့်ပြီ

"ကိုမျိုး ကျွန်မကို ရေတစ်ခွက် လောက် အရင် ခပ်တိုက်စမ်းပါ .."

ခင်ခင်ပြောတော့ သား နှစ်ယောက်က အရင်
"မေမေ သားသား ခပ်တိုက်မယ် .."
"မေမေ သားသား ခပ်တိုက်မယ် .."

"ဟျောင့် တွေ .. တစ်ယောက် မှ ရေခပ် မတိုက်ရဘူး ။

ငါ့မိန်းမကို ငါ ခပ်တိုက်မယ် .."

မိန်းမ ရောက်ကတည်းက ငြိမ်ကုပ်နေတဲ့ကိုမျိုးက အော်တော့ ခင်ခင်က ကိုမျိုးကို မျက်စောင်း ထိုးကြည့်လိုက်သည်။

ပြီမှ သူမ လက်နှစ်ဖက်ဆွဲထားတဲ့ သား နှစ်ယောက်ကို  ခင်ခင်က တစ်ယောက်ကို ပိုက်ဆံအိတ် သိမ်း စေပြီ တစ်ယောက်ကို လက်ရှည် အင်္ကျီ သိမ်းစေသည်။

လက်ရှည် အင်္ကျီ သိမ်းတဲ့ ကိုဖြိုးက မေ့မေ့အိတ်ကပ်ထဲ ချိုချဉ် ပါမပါ နိူက်ကြည့်ပြီ

"မေမေ ချိုချဉ် လည်းမပါဘူး .."

ခင်ခင်က ကိုမျိုး ကမ်းပေးတဲ့ ဖန်ခွက်ထဲက ရေကို မော့သောက်ရင်

"ဆွမ်းကပ် အိမ်က နေကြာစေ့ ကျွေးတာ ငါ့သားရဲ့  ချိုချဉ်မပါဘူး .."

မေမေ့စကားကြားတော့ ကိုဖြိုးက ခေါင်းညိတ်ပြီ ကိုမိုးက

"မေမေ သားသား မေမေ့ ပိုက်ဆံအိတ်
ဖွင့်ကြည့် လိုက်မယ်။

ခဏနေရင် သားသား တန်ခိုးနဲ့ မေမေ့ပိုက်ဆံအိတ်ထဲ  ချိုချဉ် ရောက်အောင် လုပ်ပြမယ်..

ကြည့် ... ကြည့် ..နော် .."

မေမေ့ကို လှမ်းပြရင်  အသဲပုံ ချိုချဉ် နှစ်လုံး
ကို ကိုမိုးက ထုတ်ပြသည်။

ခင်ခင် သားသား ကိုမိုးကိုတော့ တစ်ကယ် လက်လန်သည်။

လည်လိုက် မွတ်နေတာပဲ။

ဆွမ်းကပ်တို့ ကထိန်တို့ ၊မင်္ဂလာဆောင်၊ အလှူတို့ ကနေ ပြန်လာတိုင်း ချိုချဉ်ကတော့
ဝေနေကျမို့  မလိုချင်လည်း ပါလာ။

လိုချင်လည်း ပါလာတတ်သည်။

သားနှစ်ယောက်ကလည်း မေမေ ပြန်လာတိုင်း

"ဘာပါလားသလဲမေး .."

အိတ်ကပ်ထဲ နိူက်ကြသည်။

ဒါ့ကြောင့် သားနှစ်ယောက် စားမှာစိုး၍ ခင်ခင်က ပြန်လာတိုင်း အိတ်ကပ်ထဲ ထည့်လာရာကနေ  ပိုက်ဆံအိတ်ထဲ ပြောင်းထည့်လာသည်။

ဒါကို ကိုမိုးက ဘယ်လို သိသည် မှန်းမသိ။
(သူ့အဖေ သင်ပေးထားတာ ဖြစ်မှာပေါ့😜)

ချိုချဉ် နှစ်လုံးကို ထောင်ပြပြီ ကိုမိုးက သူ့အမေကို မျက်စိ တစ်ဖက်မှိတ်ပြ ပြီ ရယ်ပြသည်။

အငယ် ကောင် ကိုဖြိုးက ခင်ခင့်ခါးကို လာဖက်ပြီ

"မေမေကလည်း  သားသားတွေ့အောင်
အိတ်ကပ်ထဲ ထည့်မလာဘူး .."

သားငယ်က စိတ်မကောင်းအောင် ပြောတော့
ခင်ခင်က သားငယ်ကို ပွေ့ပြီ

"မေမေ့သားလေးက  ချိုချဉ်တွေစားပြီ သွားကိုက်တယ်လေ .."

"ကိုမိုး ရောပဲလေ .."

"အင်းလေ .. ကိုမိုး က မျက်လှည့်ပြရင် တွေ့တာလေ ၊ ကိုမိုး လည်း မစားဘူး နော် .. ဟုတ်တယ်နော် ကိုမိုး .."

ကိုမိုးက အလိုက်တသိ ခေါင်းညိတ်ပြီ ချိုချဉ်ကို အိတ်ထဲ ပြန်ထည့်ပြီ

"ဟုတ်တယ် ၊ ပျောက်သွားပြီ .."
"မေမေ သားသား ရော မစားဘဲမျက်လှည့်ပြမယ် .."

ကိုဖြိုးက မေ့မေ့ကို ဖက်ထားရာကနေ ကိုမိုး
ကိုင်ထားတဲ့ အိတ်ကို သွားကိုင်တော့ ကိုမိုးက
အသာတကြည် ပေးကိုင်သည်။

ခင်ခင် နဲ့ကိုမျိုး သားနှစ်ယောက်ကို ကြည့်ပြီ
ပြုံးမိသည်။

ပေါက်စကလေး ကနေ အခုထိ ညီကိုနှစ်ယောက် ရန်မဖြစ်။

အပေးအယူတည့်သည်။

အပေးအယူတည့်သည် ဆိုမှ ခင်ခင် စောစောက ပြောချင်သည်ကို သတိရပြီ ကိုမျိုးဖက် လှည့်မျက်စောင်းထိုးသည်။

မျက်စောင်းထိုးရင်

"ကိုမျိုးနော် .. ကိုမျိုး လုပ်ပုံတွေ မဟုတ်ဘူး။
သားတွေကို မဟုတ်တာတွေ သင်ပေးနေတာ .."

ကိုမျိုးက သူ့မိန်းမကို စပ်ဖြီးဖြီးကြည့် သူ့မိန်းမ မေးစေ့ အသာလေးထိ ကုတင်ပေါ်
ကျောပစ်လှဲသည်။

လှဲရင် နူတ်ကနေ အော်သည်။
"အား .. သန့်ရှင်းရေး လုပ်ရတာ ညောင်းတယ်ကွာ ၊ ဘယ်သူ လာနှိပ် ပေးမလဲ၊ ဘယ်သူနင်းပေးမလဲ..

နင်းပေး ၊ နှိပ်ပေး မယ့်သူတွေ တစ်ယောက်ကို ငါးထောင်ရမယ်နော် .. ငါးထောင် ..
ငါးထောင် ..."

ဈေးလှည့်ရောင်းတဲ့ လူကြီးလိုအော်တော့ သားနှစ်ယောက်က ပိုက်ဆံအိတ်ကို အမြန်ချပြီ

"သားသား နင်းမယ်.." " သားသား နင်းမယ် "

ဖအေ နဲ့ သားတွေ လိုက်ဖက်နေတာကြည့်ပြီ
ခင်ခင်က ၀မ်းလျားမှောက်လျက် အိပ် အော်နေတဲ့ ကိုမျိုး ကျောကို ဗုန်းဗုန်း နဲ့ လှမ်းထုသည်။

ကိုမျိုးက သူ့မိန်းမ လက်သံ ပြောင်တာကိုပင်
သိလျက်နဲ့

"အား .. ကောင်းတယ်ကွာ ၊ ဒီလက်ရာလေး ညကျရင် ထပ် အနှိပ်ခံရမယ် .. ဟဲ .. ဟဲ .."

ဖအေက ဟဲဟဲ လုပ်တော့ သားနှစ်ယောက်က
လည်းတက်နင်းရင်  ဟဲဟဲ လုပ် ၊ဆော့ရင် နင်းသည်။

နင်းရင်

"ဖေဖေ ငါးထောင် နော် .."

"ဖေဖေ ငါးထောင်နော် .."

သားနှစ်ယောက် တက်ကြွတာကြည့်ပြီ ခင်ခင်က အ၀တ်စားလဲ ကုတင်ပေါ် ကျော၀င်လှဲသည်။

ကျော၀င်လှဲရင် ခင်ခင်က

"မေမေက သားသားတို့ကြိုက်တဲ့ မုန့်လုပ်ကျွေးမယ်ကွာ.."

မေမေက မဲဆွယ်လိုက်သည်နှင့် သားနှစ်ယောက်က ချက်ချင်းမေမေအနားကပ် မေမေ ပါးတွေကို မွှေးပြီ

"မေမေ သားသားက ကြက်ဥပူတင်း.."

"မေမေ သားသားက ဂျယ်လီ ပူတင်း.."

အမေ့ အနား ကပ် ဖင်လေးတွေ ထောင် ကပ်ချွဲနေတဲ့ သားနှစ်ယောက်ကို ကိုမျိုးက

"အေး.. ဟျောင့်တွေ ငါးထောင် မရတော့ဘူးနော် .."

ငါးထောင်မရတော့ဘူး ဆို၍ သားနှစ်ယောက်က ဖေဖေ နဲ့မေမေ ပိုပြီး နီးကပ် အောင်ဆွဲထားလျက်

သူတို့ ကိုယ်လေးတွေကို အဖေ နဲ့ အမေ အပေါ်၀မ်းလျား မှောက်လျက် နေရာချသည်။

Continue Reading