နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့ ငယ်လေးနဲ့ တီချယ် ပြသနာတက်ကြသည်။ ငယ်လေးက သူငယ်ချင်းတွေနဲ့ ဘော်ဒါဆောင် သွားနေမယ်ပြောပြီး တီချယ်က သူလည်းဆယ်တန်းအတန်းပိုင်မို့ သူပဲသင်ပေးမယ်ပြောသည်။မေမေတို့ကတော့ ငယ်လေးနေချင်တဲ့နေရာ ထားပေးမယ်ဟုသာပြောသည်။
ကလေးတွေအတွက် ကျောင်းပိတ်ရက်ဆိုပေမယ့် ဆရာမတွေထုံစံအတိုင်း ကျွန်မတို့ ကျောင်းသွားရသည်။စာစစ်လိုက်ရ ဂျူတီစောင့်လိုက်ရနဲ့မို့ အမေတို့ အိမ်လည်း မပြန်ရပါ။ဒါကို အဆိုးလေးက နောက်နှစ်ဘော်ဒါသွားနေမယ်ဟုပြောနေသည်။
"တီချယ်... ငယ်လေးကို ဆယ်တန်းတစ်နှစ်တော့ ငယ်လေးနေချင်တဲ့နေရာမှာ ပေးနေပါလားဟင်"
"မင်းနေချင်တဲ့နေရာသွားနေမယ်ဆို ငါလည်း တိုက်ခန်းပြောင်းနေတော့မယ်"
"အဲ့လိုတော့ မလုပ်နဲ့လေ တော်ကြာ မေမေတို့က ငယ်လေးကြောင့် တီချယ်အိမ်ပေါ်က ဆင်းသွားတယ် ထင်နေမှာပေါ့"
"အာ့တော့ တို့လည်းမတတ်နိုင်ဘူး"
ကျောင်းစပိတ်ကတည်းက တီချယ်နဲ့ ညှိနှိုင်းနေခဲ့ပေမယ့် အခုထိ သဘောတူညီမှုမရသေးပါ။
------
နောက်နေ့တွင်လည်း....
"တီချယ် ငယ်လေး ပိတ်ရက်ရတိုင်း ပြန်လာမယ်လေ"
"တို့မျှော်နေမယ်လို့ မပြောမိပါဘူး"
"ငယ်လေး ဘော်ဒါဆောင် သွားနေမယ်လေ တီချယ်က အိမ်မှာ နေခဲ့မယ် မဟုတ်လားဟင်"
"ငါ့နေထိုင်မှုကို မင်းဘယ်တုန်းက ဆုံးဖြတ်ခွင့်ရသွားတာလဲ"
"မဟုတ်ပါဘူး တီချယ်နဲ့ အတူတူနေချင်လို့ပါ"
"ဒါဆိုလည်း တို့စာသင်ပေးတာ လက်ခံလိုက်ပေါ့"
ငယ်လေးကလည်း လုံးဝအလျော့မပေးနိုင်သလို သူကလည်း လုံးဝလိုက်လျောပေးမည်ပုံမပေါ်ပါ။
"တီချယ်...ငယ်လေးကို နွေရာသီ သုံးလမှာ စာသင်ပေးလေ ငယ်လေးလည်း ကျောင်းဖွင့်မှ အဆောင်သွားမှာဆိုတော့"
"ကောင်းပြီလေ တို့လည်း ကျောင်းဖွင့်မှ တိုက်ခန်းပြောင်းလိုက်မယ်"
"တီချယ်ကလည်း..."
"အိမ်မှာပဲနေလို့မရဘူးလားဟင် ငယ်လေးအိမ်ပြန်လာရင်တော့ တီချယ့်ကို တွေ့ချင်တယ်လေ"
"စိတ်ချ မင်းပိတ်ရက်ရောက်တိုင်းလည်း တို့ပဲလာခေါ်မှာ ကျောင်းမှာလည်း တွေ့ကြမှာပဲလေ"
ဟုတ်တော့လည်း ဟုတ်ပါတယ် ကျူရှင်ကိုပဲ နေ့ရော ညရော ယူလိုက်တော့ အဆောင်နေသဘောမျိုး ဖြစ်သွားတာ ကျောင်းကတော့ ဒီကျောင်းမှာပဲ တက်ရသည်။
"ဒါဆို ငယ်လေး အဆောင်နေဖို့ခွင့်ပြုတယ်ပေါ့"
"အစကတည်းက မတားဖူးပါဘူးနော်"
နောက်ဆုံးမှာတော့ ငယ်လည်း တစ်ထစ်လျော့ တီချယ်လည်း တစ်ထစ်လျော့လိုက်ပါသည်။ သဘောတူညီမှုရတာနဲ့ နောက်နေ့ စာစသင်ပေးသည်။
"ငယ်လေး...ဘာလိုလုပ်မယ် စိတ်ကူးသလဲ"
"ကျောင်းဖွင့်ရင် သူငယ်ချင်းတွေနဲ့ ဘော်ဒါသွားနေမယ် ဖေဖေ နွေသုံးလတော့ တီချယ်နဲ့ စာသင်မယ် စဉ်းစားထားတယ်"
"အကောင်းဆုံးအဖြေတစ်ခုကို ရွေးလိုက်တာပဲ"
"ဟုတ်တယ် ဖေဖေ"
"သမီးကရော...တိုက်ခန်းပြောင်းမယ်ဆို? အန်တီတို့နဲ့ပဲ နေလို့မရဘူးလားကွယ်"
"သမီးအားနာလို့ပါ အန်တီ ဒီမှာလည်း တာဝန်က ဘယ်နှနှစ်ကျမလဲမသိသေးဘူးလေ ပြီးတော့ သမီး တစ်ယောက်တည်းတစ်ခါမှမနေဘူးတော့ နေကြည့်ချင်တယ် အန်တီ"
"အင်း သမီးဆန္ဒကိုလည်း အန်တီတို့လေးစားပါတယ်""ဒီတော့ အန်တီတို့နဲ့ တစ်ရပ်ကွက်ထဲမှာတော့ နေမယ်မဟုတ်လား"
"ဟုတ် နေမှာပါ အန်တီ ဟိုဘက်လမ်းက တိုက်ခန်းတွေမှာ စုံးစမ်းနေတယ်"
"ကောင်းပြီကွယ်"
----------
"ငယ်လေး အခုတက်မယ့် အဆောင်မှာ မမ သူငယ်ချင်းဂိုက်လုပ်တယ်သိလား စိတ်မပူနဲ့နော်"
"ကိုကိုလည်း တပတ်တခါလာတွေ့မယ် အရေးကြီးရင် အဲ့မမကို ဖုန်းခေါ်ခိုင်းလိုက်"
"ရပါတယ် ငယ်လေးလည်း ၆လပိုင်းမှာ သွားမှာပါ"
"အင်းပါ ဆယ်တန်းရောက်ပြီဆိုတော့ ကိုယ့်ကိုကိုယ်ဂရုစိုက် လိုတာရှိရင် ကိုကိုနဲ့ မမကို အချိန်မရွေးလာပြောနော်"
တသက်လုံး ကိုယ်ကို စရင်းနဲ့ပဲ အချိန်ကုန်တော့မယ် ထင်တာ အခုလိုလည်း ဂရုစိုက်ပေးတတ်ပါသေးသည်။
တီချယ်ကတော့ ကျောင်းသွားလိုက် အပြန်စာသင်ပေးလိုက်နဲ့ အလုပ်ရှုပ်နေပါသည်။ ကိုးတန်းနဲ့မတူတာက အိပ်ချိန်ကို ပိုပြီး ကန့်သတ်လိုက်သလို ကျောင်းဖွင့်တာနဲ့ ဖုန်းပါသိမ်းမည်ဟု ပြောလိုက်ပါသည်။
"ငယ်လေး...စာကို သေချာလုပ်မယ်နော် အားနည်းတဲ့ဘာသာ ပိုဖိလုပ်ရမယ်ကြားလား"
"ဟုတ်ကဲ့ တီချယ်"
"ငါ့လက်ကလွတ်ပြီဆိုတိုင်း ပေါ့ပေါ့ပျက်ပျက်လုပ်ရင် အမှတ်နည်းတာနဲ့ ဘော်ဒါကထုတ်ဖို့ အန်တီကို ပြောလိုက်မှာနော်"
"ငယ်လေး တကယ်စာကြိုးစားမှာပါ ငယ်လေးကြောင့် ဘယ်သူမှ စိတ်မပျက်စေရဘူး"
"အွန်း... အခုနေတော့ ပြောထားဦးပေါ့ ဟိုရောက်မှ မဟုတ်တာ လုပ်လို့ကတော့ အိမ်ခေါ်လာပြီးကို ရိုက်မှာနော်"
"ဟုတ်ကဲ့"
ခွင့်ပြုချက်ရပြီဆိုပေမယ့် တစ်ယောက်တမျိုး တတွတ်တွတ် ပြောနေကြသည်မို့ ငယ်လေး တကယ်စိတ်ရှုပ်ရပါသည်။ ရာသီဥတုကလည်း အရမ်းပူလာသည်မို့ ခဏခဏ နေမကောင်းက ဖြစ်တတ်သေးသည်။
"စာစစ်သွားရမှာမို့ ဆယ်ရက်လောက် တို့ခရီးထွက်ရမယ် မင်းစာတွေလုပ်ပြီး နေရစ်ခဲ့"
"တို့ပြန်လာရင် အားလုံးရနေတာပဲ လိုချင်တယ်နော်"
"ဟုတ်ကဲ့"
---------
သူစာစစ်သွားတဲ့ ကာလမှာ ငယ်လေးလည်း စာတွေ အပြီးလုပ်နေတော့သည်။ ရေးစရာစာတွေ ကုန်ပြီး ကျက်စာအလှည့်မှာတော့ ငယ်လေးအသည်းအသန်ဖျားတော့သည်။အစမှာ နည်းနည်းပဲနေမကောင်းတာကို ဆေးခန်းမသွားဘဲ ခိုကပ်နေတော့ အဖျားက ပိုကြီးသွားသည်။ နေ့လည်ဘက် မေမေနဲ့ နှစ်ယောက်တည်း ကျန်ရစ်တဲ့နေ့က ငယ်လေးမေ့လဲသွားလို့ ဆေးရုံတင်လိုက်ရသည်။ဖေဖေကလည်း ရုံးကနေ တန်းလိုက်လာခဲ့ပြီး ကိုကိုနဲ့ မမပါ အနားရောက်လာခဲ့သည်။
ငယ်လေး နိုးလာတော့ ဘေးနားမှာ မျှော်လင့်တကြီး စောင့်နေကြတဲ့ မိသားစုစုံစုံလင်လင်တွေ့ရတော့သည်။
"မေမေ ငယ်လေး ဘယ်ရောက်နေတာလဲဟင်"
"ဟင်...သတိရပြီလား မေ့လဲသွားလို့ ဆေးရုံခေါ်လာတာလေ"
"ငယ်လေး လက်ကနာတယ်"
"အွန်း ဆေးသွင်းထားလို့ ခဏနေသက်သာသွားမှာပါနော်"
"သည်းငယ် ခဏနားလိုက်ပါဦး ဖေဖေတို့ အနားမှာရှိနေမယ်နော်"
"ငယ်လေးရာ ကျန်းမာရေးဂရုစိုက်ပါဆို အိမ်မှာတောင် ဒီလိုဖြစ်နေရင် ဟိုသွားဖို့ ဘယ်လိုစိတ်ချမှာလဲ"
"ကိုကို နင်နောက်မှပြောလို့ရမလား ငယ်လေးအိပ်ပါစေ"
"အေးလေ သားရယ်...ဖေတို့လည်း စိတ်ပူတာပဲ အခုတော့ နားပါစေ"
ငယ်လေး သူတို့ကို ပြန်ရန်တွေ့ချင်နေပေမယ့် မျက်လုံးတောင် ကောင်းကောင်းမဖွင့်ချင်တာမို့ ပြန်အိပ်လိုက်တော့သည်။
ညနေဘက်ကျတော့ မေမေက ကြက်သားဆန်ပြုတ်လေး ခွံကျွေးသည်။မမကတော့ ဖုန်းတစ်လုံးနဲ့ လူနာစောင့်လုပ်ပေးသည်။ ဖေဖေနဲ့ကိုကိုကတော့ အိမ်မှာ လိုအပ်တာ လုပ်ပေးမယ်ဆိုပြီး ပြန်သွားကြသည်။
"သမီး! ညီမလေးချွေးတွေပြန်နေတယ် အဝတ်ယူခဲ့ လဲပေးရအောင်"
"မီး ကိုယ့်ဘာသာ လဲမယ်မေမေ"
"လက်က ဆေးပိုက်ကြီးနဲ့လေ မေမေပဲ လုပ်ပေးပါ့မယ်"
"ဒါဆို ချွေးပဲသုတ်ပေးလေ အဝတ်မလဲတော့ဘူး"
"ဟဲ့ ရှက်မနေစမ်းနဲ့ အဲ့တာ မေမေဟဲ့ နင့်ကို အားလုံးစေ့စေ့စပ်စပ် သိတဲ့ မေမေ"
"ဒါပေမယ့်..."
"မမကရော ဘာလို့ လာကြည့်နေလဲ"
"အံ့ဩပါတော် ငါအပြင်ထွက်ပေးမယ် မေမေဝတ်ပေးတာ အေးဆေးခံလိုက်"
ပြောရင်းအခန်းပြင်ဘက်ကို ထွက်သွားသည်။တံခါးပြန်ပိတ်သံ ကြားမှ မေမေက အဝတ်တွေလဲပေးသည်။ဘယ်လောက်ပဲ မြင်ဖူးပါတယ် သိပါတယ်ပြောပြော ငယ်လေးမျက်နှာ ခရမ်းချဉ်သီးလို ဖြစ်နေမှာသေချာပါသည်။
"ကဲ ပြီးပြီ ချွေးတွေနဲ့ဆို ပြန်အအေးပက်မှာစိုးလို့ပါနော်"
မေမေဟာ အမြဲကာကွယ်ပေးခဲ့သလို ငယ်လေးရှက်နေမှန်းသိလို့ စကားလေးနဲ့တောင် မစခဲ့ပါ။ မမကိုလည်း ဒီလိုကိစ္စတွေ မစဖို့ မှာပေးသေးသည်။
"ဆေးလေးသောက်ရအောင်"
လက်ထဲထည့်ပေးလာတဲ့ ဆေးကို ရေနဲ့တခါတည်း မော့သောက်လိုက်သည်။ဆေးတွေက ခါးတော့ မမက အသီးတစ်ခုခု ပါးစပ်ထဲ အတင်းခွံကျွေးေနသည်။*ပြန်တော့ မအန်လိုက်ပါနဲ့ တောင်းပန်ပါတယ်*ဟုလည်း ပါးစပ်ကပြောနေသေးသည်။ မမက အသန့်ကြိုက်သူမို့ အန်ဖတ်တော့ မကြုံချင်ပါဟုလည်း ထပ်တလဲလဲ ပြောတတ်သေးသည်။
"အိပ်တော့နော် မီးငယ် မေမေနဲ့ မမ ဘေးမှာရှိနေမှာမို့ လိုတာနဲ့ လှမ်းပြောလိုက်"
"ရှူးတွေဘာတွေလည်း မအောင့်ထားနဲ့နော် မေမေတွဲပို့ပေးမယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့မေမေ"
ငယ်လေး နေမကောင်းတော့ တီချယ့်ကို ပိုသတိရမိသည်။ ပြန်လာလို့ စာတွေမရသေးရင် ဆူနေမလား ဆေးရုံတက်ရတယ်ကြားရင် ရောက်ရာအရပ်ကနေ လာရိုက်ချင်နေမလား တွေးရင်း အတော်နဲ့အိပ်မပျော်ပါ။နောက်ရက် နေ့လည်ကျ ဆေးရုံဆင်းခွင့်ရသည်။
"ကလေးငယ် ဖေဖေလာကြိုနေပြီပြောတယ် မေမေ လိုအပ်တဲ့ ဆေးလေးတွေ သွားဝယ်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့မေမေ"
ငယ်လေးလည်း အိမ်ပြန်ပြီး နေမြန်မြန်ကောင်းဖို့သာ စိတ်ရောက်နေမိသည်။
"သည်းငယ်... ဖေဖေတို့ ပြန်ကြအောင်...မေမေက အောက်ထပ်က စောင့်မယ်တဲ့"
"ဟုတ်ဖေဖေ"
"အထုပ်က ဒါလေးပဲမလား"
"ဟုတ်တယ် ဖေဖေ အာ့လေးပဲ ငယ်လေးသယ်လိုက်မယ်လေ"
"နေပါ ဖေဖေမှာ အားရှိတယ် ဖြစ်နိုင်ရင် သည်းငယ်လေးကိုပါ ကျောပိုးသွားချင်တာ တော်ကြာဆရာဝန်တွေက အဲ့လောက် အဖြစ်သည်းနေလို့ ကလေးနေမကောင်းဖြစ်တာလို့ ပြောနေမှာစိုးလို့"
"ဟားဟား...အာ့ကြောင့်ဖေဖေကို ချစ်နေရတာ"
"မေမေကြားလို့ စိတ်ကောက်နေဦးမယ် တို့သားအဖတွေ သွားကြစို့"
စကားတွေပြောရင်း မေမေဆီ လျှောက်လာပြီး အိမ်တူတူပြန်ခဲ့ကြသည်။ အားမရှိသေးတော့ စာကောင်းကောင်းမကြည့်နိုင်ပါ။ ခေါင်းတွေမူးမူးလာတတ်လို့ မေမေက အပြည့်အဝအနားယူဖို့ မှာသည်။ တီချယ်ကျက်ခိုင်းထားတာတွေမရသေးလို့ အိပ်မပျော်တဲ့ ရက်တွေရှိပါသည်။
------
"ဟော...သမီးပြန်ရောက်ပြီ"
"ဟုတ် ဦး ပြန်ရောက်ပြီရှင့် နေကောင်းကြလားဦးတို့"
"ကောင်းတယ်ကွဲ့ သမီးရဲ့ အဆိုးလေးပဲ အခုထိ ကောင်းကောင်း နလန်မထူနိုင်သေးတာ"
"ငယ်လေးအစ်မ ပြောလို့ သမီးလည်း ကြားတယ် ကလေးငယ်က ရာသီဥတုဒဏ်မခံနိုင်ဘူးထင်တယ်"
"ဟုတ်ပကွယ် ဒီနှစ်နွေကလည်း တယ်ပူသကိုး"
"သမီး ကလေးငယ်ကို သွားကြည့်လိုက်ဦးမယ်"
"အေအေ မြန်မြန်နေကောင်းအောင်လုပ်ဖို့ မှာလိုက်ဦး"
"ဟုတ်ကဲ့"...
ကျွန်မ သူ့အခန်းကို တံခါးအသာခေါက်တော့ အသံမပေးတာနဲ့ ဒီတိုင်း ဝင်သွားလိုက်သည်။ ကလေးငယ်က ခွေခွေလေး အိပ်ပျော်နေသည်။ လက်ထဲမှာလဲ စာအုပ်လေးတစ်အုပ် ကိုင်ထားသေးသည်။ တော်တော်လေး ချောင်ကျသွားတဲ့ မျက်နှာလေးမှာ ပါးဖောင်းဖောင်းကလေးတွေ မရှိတော့လို့ ကျွန်မ စိတ်မကောင်းဖြစ်ရသည်။မျက်နှာသေးသေးလေးကို အသာထိကြည့်မိတော့ နိုးလာသည်။
"ဟင်! တီချယ်ပြန်ရောက်ပြီလား"
"အင်း အခုပဲ"
"ဟို ငယ်လေး စာမရသေးဘူးရော် 🥹 ကျက်တော့ ကျက်နေပါတယ် ခေါင်းက နည်းနည်းမူးလာတတ်လို့"
"မရပါဘူးနော် တို့တော့ အပြစ်ပေးရမှာပဲ"
"ဟုတ်ကဲ့🥹"
နေမကောင်းတာကို ထည့်ပြောရင် မိုးကြိုးပစ်မှာစိုးနေသလား ကလေးငယ် ဒါမှမဟုတ် ကျွန်မ မယုံပေးမှာကို စိုးရိမ်နေသလား....
မျက်ရည်တွေဝဲနေတဲ့ မျက်နှာလေး ကျွန်မအသာ ဆွဲမော့လိုက်သည်။
"အပြစ်ပေးမှာ စာမရသေးလို့တော့ မဟုတ်ဘူး နေကောင်းအောင် မနေလို့"
"ဟင် ငယ်လေးနေမကောင်းတာ တီချယ်က သိတယ်လား"
"ဒါပေါ့ မင်းရဲ့ အရာရာတိုင်းကို တို့သိတယ်"
"ရော့...ဒါက မင်းအတွက် ဝယ်လာပေးတဲ့ မုန့်တွေ တို့အပြစ်ပေးတာ ခံနိုင်အောင် စားထား ဪ... မြန်မြန်နေကောင်းမှ အပြစ်လျော့မှာနော်"
စနေတာကိုလည်း အဟုတ်မှတ်ပြီး မျက်ရည်တွေကျနေတဲ့ အဆိုးလေးကို ကျွန်မ လက်ချောင်းလေးနဲ့ အသာလေး မျက်ရည်သုတ်ပေးရသေးသည်။
"နေမကောင်းတော့ တီချယ့်ကို လွမ်းနေတာ"
"တို့က ဆရာဝန်မှမဟုတ်တာ"
"ဒါတော့...ဆရာဝန်ထပ် အစွမ်းထက်တဲ့ လက်ပိုင်ရှင်လေးကို ပိုလိုအပ်တာကိုးလို့"
"ဒီလိုချွဲနေရင်တော့ တို့ပိုရိုက်ပေးရမယ်ထင်ရဲ့"
"ဟွန့်...ငယ်လေးက တကယ်သတိရနေတာပါနော်"
"တို့လေး သတိရပါတယ် မင်းကို မရိုက်ရတာကြာတော့ လက်တွေကတောင် အလုပ်သိပ်မလုပ်ချင်ဘူးဖြစ်နေတယ်"
"တော်ပြီ တွေ့တာနဲ့ ဒီအကြောင်းပဲ ပြောနေတာ တီချယ့်ကို မခေါ်တော့ဘူး"
အဆိုးလေးက အခုတလော စိတ်ကောက်ရတာ ပိုကြိုက်လာတယ်ထင်ရဲ့ တစ်ခုခုဆို အရင်ကောက်တော့တာပဲ။
*****
Zawgyi Ver
ေနြရာသီ ေက်ာင္းပိတ္ရက္ေရာက္ေတာ့ ငယ္ေလးနဲ႔ တီခ်ယ္ ျပသနာတက္ၾကသည္။ ငယ္ေလးက သူငယ္ခ်င္းေတြနဲ႔ ေဘာ္ဒါေဆာင္ သြားေနမယ္ေျပာၿပီး တီခ်ယ္က သူလည္းဆယ္တန္းအတန္းပိုင္မို႔ သူပဲသင္ေပးမယ္ေျပာသည္။ေမေမတို႔ကေတာ့ ငယ္ေလးေနခ်င္တဲ့ေနရာ ထားေပးမယ္ဟုသာေျပာသည္။
ကေလးေတြအတြက္ ေက်ာင္းပိတ္ရက္ဆိုေပမယ့္ ဆရာမေတြထံုစံအတိုင္း ကြၽန္မတို႔ ေက်ာင္းသြားရသည္။စာစစ္လိုက္ရ ဂ်ူတီေစာင့္လိုက္ရနဲ႔မို႔ အေမတို႔ အိမ္လည္း မျပန္ရပါ။ဒါကို အဆိုးေလးက ေနာက္ႏွစ္ေဘာ္ဒါသြားေနမယ္ဟုေျပာေနသည္။
"တီခ်ယ္... ငယ္ေလးကို ဆယ္တန္းတစ္ႏွစ္ေတာ့ ငယ္ေလးေနခ်င္တဲ့ေနရာမွာ ေပးေနပါလားဟင္"
"မင္းေနခ်င္တဲ့ေနရာသြားေနမယ္ဆို ငါလည္း တိုက္ခန္းေျပာင္းေနေတာ့မယ္"
"အဲ့လိုေတာ့ မလုပ္နဲ႔ေလ ေတာ္ၾကာ ေမေမတို႔က ငယ္ေလးေၾကာင့္ တီခ်ယ္အိမ္ေပၚက ဆင္းသြားတယ္ ထင္ေနမွာေပါ့"
"အာ့ေတာ့ တို႔လည္းမတတ္ႏိုင္ဘူး"
ေက်ာင္းစပိတ္ကတည္းက တီခ်ယ္နဲ႔ ၫွိႏိႈင္းေနခဲ့ေပမယ့္ အခုထိ သေဘာတူညီမႈမရေသးပါ။
------
ေနာက္ေန့တြင္လည္း....
"တီခ်ယ္ ငယ္ေလး ပိတ္ရက္ရတိုင္း ျပန္လာမယ္ေလ"
"တို႔ေမ်ွာ္ေနမယ္လို႔ မေျပာမိပါဘူး"
"ငယ္ေလး ေဘာ္ဒါေဆာင္ သြားေနမယ္ေလ တီခ်ယ္က အိမ္မွာ ေနခဲ့မယ္ မဟုတ္လားဟင္"
"ငါ့ေနထိုင္မႈကို မင္းဘယ္တုန္းက ဆံုးျဖတ္ခြင့္ရသြားတာလဲ"
"မဟုတ္ပါဘူး တီခ်ယ္နဲ႔ အတူတူေနခ်င္လို႔ပါ"
"ဒါဆိုလည္း တို႔စာသင္ေပးတာ လက္ခံလိုက္ေပါ့"
ငယ္ေလးကလည္း လံုးဝအေလ်ာ့မေပးႏိုင္သလို သူကလည္း လံုးဝလိုက္ေလ်ာေပးမည္ပံုမေပၚပါ။
"တီခ်ယ္...ငယ္ေလးကို ေနြရာသီ သံုးလမွာ စာသင္ေပးေလ ငယ္ေလးလည္း ေက်ာင္းဖြင့္မွ အေဆာင္သြားမွာဆိုေတာ့"
"ေကာင္းၿပီေလ တို႔လည္း ေက်ာင္းဖြင့္မွ တိုက္ခန္းေျပာင္းလိုက္မယ္"
"တီခ်ယ္ကလည္း..."
"အိမ္မွာပဲေနလို႔မရဘူးလားဟင္ ငယ္ေလးအိမ္ျပန္လာရင္ေတာ့ တီခ်ယ့္ကို ေတြ့ခ်င္တယ္ေလ"
"စိတ္ခ် မင္းပိတ္ရက္ေရာက္တိုင္းလည္း တို႔ပဲလာေခၚမွာ ေက်ာင္းမွာလည္း ေတြ့ၾကမွာပဲေလ"
ဟုတ္ေတာ့လည္း ဟုတ္ပါတယ္ က်ူရွင္ကိုပဲ ေန့ေရာ ညေရာ ယူလိုက္ေတာ့ အေဆာင္ေနသေဘာမ်ိဳး ျဖစ္သြားတာ ေက်ာင္းကေတာ့ ဒီေက်ာင္းမွာပဲ တက္ရသည္။
"ဒါဆို ငယ္ေလး အေဆာင္ေနဖို႔ခြင့္ျပဳတယ္ေပါ့"
"အစကတည္းက မတားဖူးပါဘူးေနာ္"
ေနာက္ဆံုးမွာေတာ့ ငယ္လည္း တစ္ထစ္ေလ်ာ့ တီခ်ယ္လည္း တစ္ထစ္ေလ်ာ့လိုက္ပါသည္။ သေဘာတူညီမႈရတာနဲ႔ ေနာက္ေန့ စာစသင္ေပးသည္။
"ငယ္ေလး...ဘာလိုလုပ္မယ္ စိတ္ကူးသလဲ"
"ေက်ာင္းဖြင့္ရင္ သူငယ္ခ်င္းေတြနဲ႔ ေဘာ္ဒါသြားေနမယ္ ေဖေဖ ေနြသံုးလေတာ့ တီခ်ယ္နဲ႔ စာသင္မယ္ စဉ္းစားထားတယ္"
"အေကာင္းဆံုးအေျဖတစ္ခုကို ေရြးလိုက္တာပဲ"
"ဟုတ္တယ္ ေဖေဖ"
"သမီးကေရာ...တိုက္ခန္းေျပာင္းမယ္ဆို? အန္တီတို႔နဲ႔ပဲ ေနလို႔မရဘူးလားကြယ္"
"သမီးအားနာလို႔ပါ အန္တီ ဒီမွာလည္း တာဝန္က ဘယ္ႏွႏွစ္က်မလဲမသိေသးဘူးေလ ၿပီးေတာ့ သမီး တစ္ေယာက္တည္းတစ္ခါမွမေနဘူးေတာ့ ေနၾကၫ့္ခ်င္တယ္ အန္တီ"
"အင္း သမီးဆႏၵကိုလည္း အန္တီတို႔ေလးစားပါတယ္""ဒီေတာ့ အန္တီတို႔နဲ႔ တစ္ရပ္ကြက္ထဲမွာေတာ့ ေနမယ္မဟုတ္လား"
"ဟုတ္ ေနမွာပါ အန္တီ ဟိုဘက္လမ္းက တိုက္ခန္းေတြမွာ စံုးစမ္းေနတယ္"
"ေကာင္းၿပီကြယ္"
----------
"ငယ္ေလး အခုတက္မယ့္ အေဆာင္မွာ မမ သူငယ္ခ်င္းဂိုက္လုပ္တယ္သိလား စိတ္မပူနဲ႔ေနာ္"
"ကိုကိုလည္း တပတ္တခါလာေတြ့မယ္ အေရးႀကီးရင္ အဲ့မမကို ဖုန္းေခၚခိုင္းလိုက္"
"ရပါတယ္ ငယ္ေလးလည္း ၆လပိုင္းမွာ သြားမွာပါ"
"အင္းပါ ဆယ္တန္းေရာက္ၿပီဆိုေတာ့ ကိုယ့္ကိုကိုယ္ဂရုစိုက္ လိုတာရိွရင္ ကိုကိုနဲ႔ မမကို အခ်ိန္မေရြးလာေျပာေနာ္"
တသက္လံုး ကိုယ္ကို စရင္းနဲ႔ပဲ အခ်ိန္ကုန္ေတာ့မယ္ ထင္တာ အခုလိုလည္း ဂရုစိုက္ေပးတတ္ပါေသးသည္။
တီခ်ယ္ကေတာ့ ေက်ာင္းသြားလိုက္ အျပန္စာသင္ေပးလိုက္နဲ႔ အလုပ္ရႈပ္ေနပါသည္။ ကိုးတန္းနဲ႔မတူတာက အိပ္ခ်ိန္ကို ပိုၿပီး ကန႔္သတ္လိုက္သလို ေက်ာင္းဖြင့္တာနဲ႔ ဖုန္းပါသိမ္းမည္ဟု ေျပာလိုက္ပါသည္။
"ငယ္ေလး...စာကို ေသခ်ာလုပ္မယ္ေနာ္ အားနည္းတဲ့ဘာသာ ပိုဖိလုပ္ရမယ္ၾကားလား"
"ဟုတ္ကဲ့ တီခ်ယ္"
"ငါ့လက္ကလြတ္ၿပီဆိုတိုင္း ေပါ့ေပါ့ပ်က္ပ်က္လုပ္ရင္ အမွတ္နည္းတာနဲ႔ ေဘာ္ဒါကထုတ္ဖို႔ အန္တီကို ေျပာလိုက္မွာေနာ္"
"ငယ္ေလး တကယ္စာႀကိဳးစားမွာပါ ငယ္ေလးေၾကာင့္ ဘယ္သူမွ စိတ္မပ်က္ေစရဘူး"
"အြန္း... အခုေနေတာ့ ေျပာထားဦးေပါ့ ဟိုေရာက္မွ မဟုတ္တာ လုပ္လို႔ကေတာ့ အိမ္ေခၚလာၿပီးကို ရိုက္မွာေနာ္"
"ဟုတ္ကဲ့"
ခြင့္ျပဳခ်က္ရၿပီဆိုေပမယ့္ တစ္ေယာက္တမ်ိဳး တတြတ္တြတ္ ေျပာေနၾကသည္မို႔ ငယ္ေလး တကယ္စိတ္ရႈပ္ရပါသည္။ ရာသီဥတုကလည္း အရမ္းပူလာသည္မို႔ ခဏခဏ ေနမေကာင္းက ျဖစ္တတ္ေသးသည္။
"စာစစ္သြားရမွာမို႔ ဆယ္ရက္ေလာက္ တို႔ခရီးထြက္ရမယ္ မင္းစာေတြလုပ္ၿပီး ေနရစ္ခဲ့"
"တို႔ျပန္လာရင္ အားလံုးရေနတာပဲ လိုခ်င္တယ္ေနာ္"
"ဟုတ္ကဲ့"
---------
သူစာစစ္သြားတဲ့ ကာလမွာ ငယ္ေလးလည္း စာေတြ အၿပီးလုပ္ေနေတာ့သည္။ ေရးစရာစာေတြ ကုန္ၿပီး က်က္စာအလွၫ့္မွာေတာ့ ငယ္ေလးအသည္းအသန္ဖ်ားေတာ့သည္။အစမွာ နည္းနည္းပဲေနမေကာင္းတာကို ေဆးခန္းမသြားဘဲ ခိုကပ္ေနေတာ့ အဖ်ားက ပိုႀကီးသြားသည္။ ေန့လည္ဘက္ ေမေမနဲ႔ ႏွစ္ေယာက္တည္း က်န္ရစ္တဲ့ေန့က ငယ္ေလးေမ့လဲသြားလို႔ ေဆးရံုတင္လိုက္ရသည္။ေဖေဖကလည္း ရံုးကေန တန္းလိုက္လာခဲ့ၿပီး ကိုကိုနဲ႔ မမပါ အနားေရာက္လာခဲ့သည္။
ငယ္ေလး ႏိုးလာေတာ့ ေဘးနားမွာ ေမ်ွာ္လင့္တႀကီး ေစာင့္ေနၾကတဲ့ မိသားစုစံုစံုလင္လင္ေတြ့ရေတာ့သည္။
"ေမေမ ငယ္ေလး ဘယ္ေရာက္ေနတာလဲဟင္"
"ဟင္...သတိရၿပီလား ေမ့လဲသြားလို႔ ေဆးရံုေခၚလာတာေလ"
"ငယ္ေလး လက္ကနာတယ္"
"အြန္း ေဆးသြင္းထားလို႔ ခဏေနသက္သာသြားမွာပါေနာ္"
"သည္းငယ္ ခဏနားလိုက္ပါဦး ေဖေဖတို႔ အနားမွာရိွေနမယ္ေနာ္"
"ငယ္ေလးရာ က်န္းမာေရးဂရုစိုက္ပါဆို အိမ္မွာေတာင္ ဒီလိုျဖစ္ေနရင္ ဟိုသြားဖို႔ ဘယ္လိုစိတ္ခ်မွာလဲ"
"ကိုကို နင္ေနာက္မွေျပာလို႔ရမလား ငယ္ေလးအိပ္ပါေစ"
"ေအးေလ သားရယ္...ေဖတို႔လည္း စိတ္ပူတာပဲ အခုေတာ့ နားပါေစ"
ငယ္ေလး သူတို႔ကို ျပန္ရန္ေတြ့ခ်င္ေနေပမယ့္ မ်က္လံုးေတာင္ ေကာင္းေကာင္းမဖြင့္ခ်င္တာမို႔ ျပန္အိပ္လိုက္ေတာ့သည္။
ညေနဘက္က်ေတာ့ ေမေမက ၾကက္သားဆန္ျပဳတ္ေလး ခြံေကြၽးသည္။မမကေတာ့ ဖုန္းတစ္လံုးနဲ႔ လူနာေစာင့္လုပ္ေပးသည္။ ေဖေဖနဲ႔ကိုကိုကေတာ့ အိမ္မွာ လိုအပ္တာ လုပ္ေပးမယ္ဆိုၿပီး ျပန္သြားၾကသည္။
"သမီး! ညီမေလးေခြၽးေတျြပန္ေနတယ္ အဝတ္ယူခဲ့ လဲေပးရေအာင္"
"မီး ကိုယ့္ဘာသာ လဲမယ္ေမေမ"
"လက္က ေဆးပိုက္ႀကီးနဲ႔ေလ ေမေမပဲ လုပ္ေပးပါ့မယ္"
"ဒါဆို ေခြၽးပဲသုတ္ေပးေလ အဝတ္မလဲေတာ့ဘူး"
"ဟဲ့ ရွက္မေနစမ္းနဲ႔ အဲ့တာ ေမေမဟဲ့ နင့္ကို အားလံုးေစ့ေစ့စပ္စပ္ သိတဲ့ ေမေမ"
"ဒါေပမယ့္..."
"မမကေရာ ဘာလို႔ လာၾကၫ့္ေနလဲ"
"အံ့ဩပါေတာ္ ငါအျပင္ထြက္ေပးမယ္ ေမေမဝတ္ေပးတာ ေအးေဆးခံလိုက္"
ေျပာရင္းအခန္းျပင္ဘက္ကို ထြက္သြားသည္။တံခါးျပန္ပိတ္သံ ၾကားမွ ေမေမက အဝတ္ေတြလဲေပးသည္။ဘယ္ေလာက္ပဲ ျမင္ဖူးပါတယ္ သိပါတယ္ေျပာေျပာ ငယ္ေလးမ်က္ႏွာ ခရမ္းခ်ဉ္သီးလို ျဖစ္ေနမွာေသခ်ာပါသည္။
"ကဲ ၿပီးၿပီ ေခြၽးေတြနဲ႔ဆို ျပန္အေအးပက္မွာစိုးလို႔ပါေနာ္"
ေမေမဟာ အၿမဲကာကြယ္ေပးခဲ့သလို ငယ္ေလးရွက္ေနမွန္းသိလို႔ စကားေလးနဲ႔ေတာင္ မစခဲ့ပါ။ မမကိုလည္း ဒီလိုကိစၥေတြ မစဖို႔ မွာေပးေသးသည္။
"ေဆးေလးေသာက္ရေအာင္"
လက္ထဲထၫ့္ေပးလာတဲ့ ေဆးကို ေရနဲ႔တခါတည္း ေမာ့ေသာက္လိုက္သည္။ေဆးေတြက ခါးေတာ့ မမက အသီးတစ္ခုခု ပါးစပ္ထဲ အတင္းခြံေကြၽးေနသည္။*ျပန္ေတာ့ မအန္လိုက္ပါနဲ႔ ေတာင္းပန္ပါတယ္*ဟုလည္း ပါးစပ္ကေျပာေနေသးသည္။ မမက အသန႔္ႀကိဳက္သူမို႔ အန္ဖတ္ေတာ့ မႀကံဳခ်င္ပါဟုလည္း ထပ္တလဲလဲ ေျပာတတ္ေသးသည္။
"အိပ္ေတာ့ေနာ္ မီးငယ္ ေမေမနဲ႔ မမ ေဘးမွာရိွေနမွာမို႔ လိုတာနဲ႔ လွမ္းေျပာလိုက္"
"ရႉးေတြဘာေတြလည္း မေအာင့္ထားနဲ႔ေနာ္ ေမေမတြဲပို႔ေပးမယ္ ဟုတ္ၿပီလား"
"ဟုတ္ကဲ့ေမေမ"
ငယ္ေလး ေနမေကာင္းေတာ့ တီခ်ယ့္ကို ပိုသတိရမိသည္။ ျပန္လာလို႔ စာေတြမရေသးရင္ ဆူေနမလား ေဆးရံုတက္ရတယ္ၾကားရင္ ေရာက္ရာအရပ္ကေန လာရိုက္ခ်င္ေနမလား ေတြးရင္း အေတာ္နဲ႔အိပ္မေပ်ာ္ပါ။ေနာက္ရက္ ေန့လည္က် ေဆးရံုဆင္းခြင့္ရသည္။
"ကေလးငယ္ ေဖေဖလာႀကိဳေနၿပီေျပာတယ္ ေမေမ လိုအပ္တဲ့ ေဆးေလးေတြ သြားဝယ္လိုက္ဦးမယ္ေနာ္"
"ဟုတ္ကဲ့ေမေမ"
ငယ္ေလးလည္း အိမ္ျပန္ၿပီး ေနျမန္ျမန္ေကာင္းဖို႔သာ စိတ္ေရာက္ေနမိသည္။
"သည္းငယ္... ေဖေဖတို႔ ျပန္ၾကေအာင္...ေမေမက ေအာက္ထပ္က ေစာင့္မယ္တဲ့"
"ဟုတ္ေဖေဖ"
"အထုပ္က ဒါေလးပဲမလား"
"ဟုတ္တယ္ ေဖေဖ အာ့ေလးပဲ ငယ္ေလးသယ္လိုက္မယ္ေလ"
"ေနပါ ေဖေဖမွာ အားရိွတယ္ ျဖစ္ႏိုင္ရင္ သည္းငယ္ေလးကိုပါ ေက်ာပိုးသြားခ်င္တာ ေတာ္ၾကာဆရာဝန္ေတြက အဲ့ေလာက္ အျဖစ္သည္းေနလို႔ ကေလးေနမေကာင္းျဖစ္တာလို႔ ေျပာေနမွာစိုးလို႔"
"ဟားဟား...အာ့ေၾကာင့္ေဖေဖကို ခ်စ္ေနရတာ"
"ေမေမၾကားလို႔ စိတ္ေကာက္ေနဦးမယ္ တို႔သားအဖေတြ သြားၾကစို႔"
စကားေတြေျပာရင္း ေမေမဆီ ေလ်ွာက္လာၿပီး အိမ္တူတူျပန္ခဲ့ၾကသည္။ အားမရိွေသးေတာ့ စာေကာင္းေကာင္းမၾကၫ့္ႏိုင္ပါ။ ေခါင္းေတြမူးမူးလာတတ္လို႔ ေမေမက အျပၫ့္အဝအနားယူဖို႔ မွာသည္။ တီခ်ယ္က်က္ခိုင္းထားတာေတြမရေသးလို႔ အိပ္မေပ်ာ္တဲ့ ရက္ေတြရိွပါသည္။
------
"ေဟာ...သမီးျပန္ေရာက္ၿပီ"
"ဟုတ္ ဦး ျပန္ေရာက္ၿပီရွင့္ ေနေကာင္းၾကလားဦးတို႔"
"ေကာင္းတယ္ကြဲ႔ သမီးရဲ့ အဆိုးေလးပဲ အခုထိ ေကာင္းေကာင္း နလန္မထူႏိုင္ေသးတာ"
"ငယ္ေလးအစ္မ ေျပာလို႔ သမီးလည္း ၾကားတယ္ ကေလးငယ္က ရာသီဥတုဒဏ္မခံႏိုင္ဘူးထင္တယ္"
"ဟုတ္ပကြယ္ ဒီႏွစ္ေနြကလည္း တယ္ပူသကိုး"
"သမီး ကေလးငယ္ကို သြားၾကၫ့္လိုက္ဦးမယ္"
"ေအေအ ျမန္ျမန္ေနေကာင္းေအာင္လုပ္ဖို႔ မွာလိုက္ဦး"
"ဟုတ္ကဲ့"...
ကြၽန္မ သူ႔အခန္းကို တံခါးအသာေခါက္ေတာ့ အသံမေပးတာနဲ႔ ဒီတိုင္း ဝင္သြားလိုက္သည္။ ကေလးငယ္က ေခြေခြေလး အိပ္ေပ်ာ္ေနသည္။ လက္ထဲမွာလဲ စာအုပ္ေလးတစ္အုပ္ ကိုင္ထားေသးသည္။ ေတာ္ေတာ္ေလး ေခ်ာင္က်သြားတဲ့ မ်က္ႏွာေလးမွာ ပါးေဖာင္းေဖာင္းကေလးေတြ မရိွေတာ့လို႔ ကြၽန္မ စိတ္မေကာင္းျဖစ္ရသည္။မ်က္ႏွာေသးေသးေလးကို အသာထိၾကၫ့္မိေတာ့ ႏိုးလာသည္။
"ဟင္! တီခ်ယ္ျပန္ေရာက္ၿပီလား"
"အင္း အခုပဲ"
"ဟို ငယ္ေလး စာမရေသးဘူးေရာ္ 🥹 က်က္ေတာ့ က်က္ေနပါတယ္ ေခါင္းက နည္းနည္းမူးလာတတ္လို႔"
"မရပါဘူးေနာ္ တို႔ေတာ့ အျပစ္ေပးရမွာပဲ"
"ဟုတ္ကဲ့🥹"
ေနမေကာင္းတာကို ထၫ့္ေျပာရင္ မိုးႀကိဳးပစ္မွာစိုးေနသလား ကေလးငယ္ ဒါမွမဟုတ္ ကြၽန္မ မယံုေပးမွာကို စိုးရိမ္ေနသလား....
မ်က္ရည္ေတြဝဲေနတဲ့ မ်က္ႏွာေလး ကြၽန္မအသာ ဆြဲေမာ့လိုက္သည္။
"အျပစ္ေပးမွာ စာမရေသးလို႔ေတာ့ မဟုတ္ဘူး ေနေကာင္းေအာင္ မေနလို႔"
"ဟင္ ငယ္ေလးေနမေကာင္းတာ တီခ်ယ္က သိတယ္လား"
"ဒါေပါ့ မင္းရဲ့ အရာရာတိုင္းကို တို႔သိတယ္"
"ေရာ့...ဒါက မင္းအတြက္ ဝယ္လာေပးတဲ့ မုန႔္ေတြ တို႔အျပစ္ေပးတာ ခံႏိုင္ေအာင္ စားထား ဪ... ျမန္ျမန္ေနေကာင္းမွ အျပစ္ေလ်ာ့မွာေနာ္"
စေနတာကိုလည္း အဟုတ္မွတ္ၿပီး မ်က္ရည္ေတြက်ေနတဲ့ အဆိုးေလးကို ကြၽန္မ လက္ေခ်ာင္းေလးနဲ႔ အသာေလး မ်က္ရည္သုတ္ေပးရေသးသည္။
"ေနမေကာင္းေတာ့ တီခ်ယ့္ကို လြမ္းေနတာ"
"တို႔က ဆရာဝန္မွမဟုတ္တာ"
"ဒါေတာ့...ဆရာဝန္ထပ္ အစြမ္းထက္တဲ့ လက္ပိုင္ရွင္ေလးကို ပိုလိုအပ္တာကိုးလို႔"
"ဒီလိုခြၽဲေနရင္ေတာ့ တို႔ပိုရိုက္ေပးရမယ္ထင္ရဲ့"
"ဟြန႔္...ငယ္ေလးက တကယ္သတိရေနတာပါေနာ္"
"တို႔ေလး သတိရပါတယ္ မင္းကို မရိုက္ရတာၾကာေတာ့ လက္ေတြကေတာင္ အလုပ္သိပ္မလုပ္ခ်င္ဘူးျဖစ္ေနတယ္"
"ေတာ္ၿပီ ေတြ့တာနဲ႔ ဒီအေၾကာင္းပဲ ေျပာေနတာ တီခ်ယ့္ကို မေခၚေတာ့ဘူး"
အဆိုးေလးက အခုတေလာ စိတ္ေကာက္ရတာ ပိုႀကိဳက္လာတယ္ထင္ရဲ့ တစ္ခုခုဆို အရင္ေကာက္ေတာ့တာပဲ။