Hate You(ရပ်နား)
By Sundi_Minie
122K 10.9K 2.1K
Jeon Jungkook ♡ Kim Taehyung By Sundi_Minie Asshole /Warning⚠ More
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Jeon Henry & His Baba
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 spoil
Part 30
Part 30
Part 31
Part 32
Part 33
Part 34
Part 21
2.8K 305 66
By Sundi_Minie
Unicode
မိုးရေထဲကနေ ပြေးလာမိသည်။ ဝမ်းနည်းစိတ်တွေကော ဒေါသထွက်စိတ်တစ်ချို့တွေကော...နောက်ဆုံး မနာလိုစိတ်နဲ့အတူ ပြေးလာခဲ့မိသည်။
အိမ်ခြံတံခါးကြီးက အကြီးကြီးဖြစ်သလို ပိတ်ထားခြင်းကြောင့် ဝင်လို့မရပေ။ မိုးတွေက သည်းထန်စွာ ရွာသွန်းနေစဲပင်။ 
Henry ရဲ့ သတင်းကို မြင်လိုက်ခြင်းကြောင့် အလန့်တကြားမေးခွန်းများစွာထုတ်ချင်စိတ်ကြောင့် ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။ 
တံခါးတွေ အကုန်ပိတ်ထားခြင်းကြောင့် Henry ပြန်မရောက်သေးဘူးဆိုတာ သိသာနေခြင်းကြောင့် ခြံပေါက်တွင် ထိုင်ချကာ Henry ကိုစောင့်နေမိသည်။
အဆုံးအထိ လက်မလျော့ချင်တဲ့စိတ်သေးသေးလေးကြောင့် Han ရဲ့ လက်ထပ်ပွဲအဖြေကိုလည်း မဖြေရသလို Henry ကိုချစ်တဲ့စိတ်လေးကိုဘဲ သိတာဖြစ်သည်။ 
ကားဟွန်းတီးသံကြောင့် ဆက်ခနဲတုန်ရီသွားပြီး မတ်တပ်ထရပ်လိုက်တော့ Henry ရဲ့ ကားဖြစ်သည်။ 
ထိုအခါ ခြံတံခါးအလိုလိုပွင့်သွားပြီး မရှက်မရွံ့ခြံထဲသို့ လိုက်ဝင်မိလျက်ဖြင့်။ 
ကားရပ်သွားသည်နှင် အိမ်ထဲက အန်တီတစ်ယောက်က ပြေးထွက်လာသည်။ ထိုအခါ Henry ကလည်း ကားပေါ်ကနေ ဆင်းလာသည်။
"မာမီပြန်ရောက်နေတာလား"
Henry က သူမကိုလည်း ကြည့်လာပြီး ထိုအန်တီကို ပြန်ကြည့်လာသည်။
"မင်းဒီလောက်မွှေထားတာ မာမီပြန်လာရမှာပေါ့....သားငယ်ကော"
ကားထဲကို မှေးဆတ်ပြသည်။ သဘောက ကားထဲမှာပေါ့။ 
"စိတ်ကောက်နေတယ်...အဲ့တာမို့ကြောင့် ဘာဖြစ်တာလဲ မေးခွန်းမထုတ်ကြနဲ့...အရမ်းချော့ရခက်လို့"
"သမီးက ဘယ်သူလဲ...မိုးတွေလည်း စိုရွဲနေလို့ပါလား"
အခုမှ သားအမိနှစ်ယောက်လုံး Hanna ဘက်ကိုအာရုံရောက်လာတော့ပြီးအရင်ဆုံး Henry ရဲ့အမေဖြစ်သူက မေးလာသည်။ ဘာဖြေလို့ ဖြေရမယ်မှန်းမသိမို့ စကားလုံးတွေဟာလည်း ပျောက်ရှသွားလျက်ဖြင့်။ 
"ကျွန်တော့်သူငယ်ချင်းပါ မာမီ...မာမီနောက်လိုက်သွားလိုက် Hanna...မင်းကြာရင် ဖျားလိမ့်မယ်..ကိုယ် Han ကို ဖုန်းဆက်ခေါ်ထားလိုက်မယ်"
"မခေါ်နဲ့ Henry...ကျွန်မဒီတိုင်းရှင်နဲ့စကားပြောစရာရှိလို့...အချိန်ရလား"
"အခုတော့မရသေးဘူး...ကားထဲကတစ်ယောက်ကိုချော့ရအုံးမှာမို့..မင်းစောင့်နိုင်ပါ့မလား"
သူမစကားတွေက Henry အတွက်အရေးမကြီးဆိုတာ သိပ်ကိုသိသာနေသေးသည်။ သို့ပင်မဲ့ ပြောချင်စိတ်က များနေခြင်းကြောင့် Henry ကိုခေါင်းငြိမ့်ပြလိုက်ကာဖြင့် လက်ခံလိုက်သည်။ 
"ထွက်ခဲ့ Taehyung..."
အပြင်က ရှိနေသည့် အမျိုးသမီးနှစ်ယောက်ကပါ ကားထဲက ရှိနေသည့် Taehyung ကို စိတ်ဝင်တစားအာရုံစိုက်နေကြသည်။
"အိမ်ရောက်ပြီ ကားထဲက ထွက်ခဲ့တော့"
"ငါ့ကို မခေါ်နဲ့...လွှတ်ထားစမ်းပါ Jeon Henry ရာ"
"မာမီရောက်နေပြီ...အရမ်းမဂျစ်နဲ့ Taehyung...လာခဲ့ပါ...ဖျားလိမ့်မယ်..."
မာမီနဲ့ ကိုင်ပေါက်မှသာ ဖြည်းဖြည်းချင်း ကားထဲကနေ ထွက်လာပြီး ရှိနေသည့်လူတွေကို တစ်လှည့်စီကြည့်သည်။ 
"ဘာလို့မင်းကိုစိတ်ဆိုးနေတဲ့အချိန်မှ လူစုံနေရတာလဲ Jeon Henry"
"ကိုယ်ကဘယ်သိမှာလဲ...မာမီပြန်ရောက်နေမှန်းလည်း ကိုယ်မှမသိတာ..."
Jeon Henryရဲ့လက်မောင်းကိုလည်း မသိမသာ ဆွဲဆိတ်သေးသည်။ ထို့နောက် Hanna ကိုမြင်သည်နှင့် Taehyung ရဲ့မျက်လုံးလေးဟာ တည်ငြိမ်သွားလျက် စူးစမ်းသလိုကြည့်သည်။ 
"ဒေါက်တာ Han နဲ့လက်ထပ်မယ့်သူပါ"
ထိုအခါမှ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဆွဲဆိတ်ခံထားရသည့် လက်မောင်းပေါ် ထပ်ရိုက်သေးသည်။ 
Jeon Henry သည် Taehyung စိတ်ဆိုးစိတ်ကောက်သည့်အချိန်ကျရင် ရောသမမွှေ ထုရိုက်ခံရတော့တာဘဲ။
ထိုအခါမှ Hanna ကိုနှုတ်ဆက်သလိုလည်း ပြုံးပြလာပြီး Hanna ကလည်း မသိမသာပြုံးပြလာသည်။ ချက်ချင်း Taehyung ကိုကြည့်ပြီး တည်သွားလျက် အကြည့်လည်းလွှဲသွားလိုက်သေးသည်။ 
"ကဲကဲ...စိတ်ကောက်ရန်ဖြစ်လည်းအထဲရောက်မှ သတ်ကြပါ...ဖျားလိမ့်မယ် သားငယ်...Henry သားငယ်ကိုခေါ်သွားတော့...မာမီဒီက ကလေးမကို ခေါ်သွားမယ်"
မာမီ့ကို ခေါင်းငြိမ့်ပြလိုက်ပြီး Taehyung ရဲ့လက်ကိုဆွဲကာ အပေါ်ထပ် အခန်းဘက်သို့ တက်လာခဲ့တော့သည်။ 
"သမီးနာမည်က Hanna ထင်တယ်...Henry ညတိုင်းကုန်ဆုံးတတ်တဲ့ဘားမှာ အလုပ်လုပ်တာမလား"
"ဟုတ်ပါတယ်..."
"စကားပုလ္လင်ခံတာ အန်တီ့အကျင့်မဟုတ်တာမို့ လိုရင်းဘဲပြောမိမယ်ထင်တယ်...သူများသားသမီးကိုလည်းအထင်မသေးတတ်တာမို့ သမီးစိတ်ထဲ ဘာတွေးနေလဲ ဘာလိုချင်နေလဲဆိုတာ ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာ သိတာမို့ နောက်ဆုတ်လိုက်ပါ"
"ကျွန်မ Henry ကိုချစ်တယ်...Henry ကတစ်ယောက်ရှိနေခဲ့တဲ့တစ်လျှောက်လုံးမှာ သူ့ရဲ့စိတ်အခြေအနေအတွက် ကျွန်မကိုဘဲအားကိုးခဲ့တာ...အခုသူချစ်တဲ့သူပေါ်လာတဲ့အချိန်မှ ကျွန်မကို ဘေးထုတ်ခွင့်မရှိဘူးမလား"
"မင်းကိုဘဲ အရင်ဆုံး Henry နားမှာရှိခဲ့တယ်လို့ထင်ရတာလဲ...Taehyung က လွန်ခဲ့တဲ့ 10 နှစ် အန်တီ့သား Jeon Henry အသက် 16နှစ်ကတည်းက ရှိခဲ့တာ...အဲ့ဒီကတည်းက သားက Taehyung ကိုအရူးအမူးချစ်ခဲ့တာ..."
"ဒါပေမဲ့ Henry လိုအပ်တဲ့အချိန်တိုင်း ကျွန်မက ရှိနေခဲ့တာပါ"
"အန်တီ့သားက ခေါ်ခဲ့လိုမဟုတ်ဘူးလား...သမီးအသဲအသန်လိုချင်နေတဲ့ အန်တီ့သားကို သမီးမနာလိုဖြစ်နေတဲ့ Kim Taehyung ကလှလှပပလေး ငြင်းထားတာ...အဲ့အချက်နဲ့တင် သမီးက Taehyung နဲ့ ယှဉ်နိုင်စရာမရှိတော့ဘူး...အန်တီ့သားနှစ်ယောက်ကိုမနောက်ယှက်ဖို့ မျှော်လင့်ပါတယ်...အန်တီက သားငယ်ကိုအထိအခိုက်ခံမှာမဟုတ်လို့ဘဲ...မင်းလည်းချမ်းနေပြီဆိုတော့ အဝတ်အစားလဲဖို့ စီစဉ်ပေးမယ်"
ထိုအခါ ခြံထဲသို့ ကားတစ်စီးက ဝင်လာသည်။ အနီးနားရောက်တော့ ကြည့်လိုက်သည့်အချိန်တွင် ဒေါက်တာ Han ရဲ့ကားဖြစ်နေသည်။ 
Jeon Henry ဖုန်းဆက်ထားတာဖြစ်လောက်မယ်။ 
ကားပေါ်ကနေ ဆင်းလာပြီး ရပ်နေသည့်အမျိုးသမီးနှစ်ယောက်အနားသို့သွားကာ Hanna ရဲ့လက်ကိုဆွဲလိုက်ကာ သူ့ရဲ့အနားသို့ကပ်စေလိုက်ပြီး Jeon မာမီကို နှုတ်ဆက်လိုက်သည်။
"ဒေါက်တာ Han...သားခေါ်ထားတာနဲ့တူတယ်"
"ဟုတ်တယ်...ကျွန်တော့်သတို့သမီးက ဒီရောက်နေတယ်ဆိုလို့ လာခေါ်တာပါ..."
"ဂျူတီချိန်ကြီးမလား....မဟုတ်လည်း အန်တီက အဝတ်အစားလဲခိုင်းပြီး ဒီမှာနေခိုင်းမို့ပါ"
"ရပါတယ်..ကျွန်တော်လည်းအလုပ်ပြီးပြီမို့ ပြန်ခေါ်သွားလိုက်ပါ့မယ်...Henry နဲ့ဖုန်းထဲမှာ စကားပြောပြီးပြီ ကျွန်တော်ဝင်နှုတ်မဆက်တော့ဘူးနော်...ကျွန်တော်တို့ကိုသွားခွင့်ပြုပါ အန်တီ..."
"ဟုတ်ပြီ..ဂရုစိုက်သွားကြပါ...အိမ်ရောက်ရင်ဇနီးလောင်းလေးကိုလည်းဂရုစိုက်လိုက်အုံးနော်...မဟုတ်ရင် ကြာတော့ ဖျားနေအုံးမယ် ဒေါက်တာ Han"
"ဟုတ်ကဲ့...ပြန်ရအောင် Hanna"
လက်ကိုဆွဲကာခေါ်ပင်မဲ့ မငြင်းသော်လည်း မလိုက်ချင်သလို အနည်းငယ်တောင့်ထားသည်။ အားနဲ့မသိမသာဆွဲခေါ်လာလိုက်ပြီး ကားထဲတွင် ဝင်ထိုင်စေလိုက်ကာ ထိုအိမ်ထဲမှ ထွက်လာခဲ့သည်။ 
...
အခန်းထဲရောက်တော့ ဆွဲကိုင်ထားသည့်လက်ကိုဖြုတ်ကာ ဆိုဖာအဖျားတွင် ရေစိုကြီးနဲ့ သွားထိုင်နေသည့် Taehyung ကိုကြည့်လိုက်သည်။
စိတ်ကောက်နေတာ...ဘယ်လိုမှချော့မရအောင် စိတ်ကောက်နေတာ။ အကြောင်းက အော်လို့တဲ့။ သူကကော ကိုယ့်ကို ပြောချင်ရာတွေပြောတော့ ဒေါသမထွက်ရဘူးတဲ့လား။
Kim Taehyung က သူ့ဘက်ဘဲ နာတတ်တာလား။ ဒီကောင်လည်းနာတတ်တာဘဲလေ။ သည်းခံနေတာကို ဆိုးချင်သလိုဆိုးနေတာ။ 
"ဖျားလိမ့်မယ်"
"အဲ့တာ ငါ့သောက်ကြောင်းလေ..."
ငိုထားခြင်းကြောင့် နှာသံလေးကထွက်နေကာ မျက်နှာလေးကလည်းရဲနေသေးသည်။ မျက်လုံးကို မှိတ်လျက် ခါးကိုထောက်ကာ သက်ပြင်းချလိုက်ပြီး ပြန်ဖွင့်ကာ ရှေ့က ဂျစ်ကန်ကန်ထိုင်နေသည့် ပုံရိပ်လေးကို ကြည့်လိုက်သည်။ 
"ကိုယ်တောင်းပန်ပြီးပြီလေကွာ"
"မင်းငါ့ကိုတော်တော်မုန်းနေတာမလား..."
"ဘာဆိုင်လို့လဲကွာ Taehyung ရာ"
"မင်ငါ့ကိုနှိပ်စက်ချင်လို့ လက်ထပ်တာမလား...ငါ့ကိုရိုက်သတ်မှာဆို..."
"ကိုယ့်ကိုဘာဖြစ်စေချင်တာလဲ...စိတ်မထင်ရင် စုတ်ပြတ်သတ်အောင်လုပ်ပစ်မှာနော်...မင်းတင်ပါးတွေက အစ ကိုက်ဖဲ့ပစ်မှာ....ဘာမှတ်နေလဲ"
"ကြည့်လေ...ကြည့်...မင်းပြောပြန်ပြီ...ငါလည်းလူဘဲ နာတတ်တယ်...မင်းအားကြီးတယ်ဆိုတိုင်းလုပ်ချင်တာလုပ်လို့ရမလား..."
ချမ်းကလည်းချမ်းနေသေးတာကို ကြိတ်မှိတ်ပြီး Jeon Henry ကိုပြန်စွာနေတာဖြစ်သည်။ ဘယ်လိုမှ ဒီကိစ္စပြီးမှာလဲဆိုတာ Jeon Henry မစဉ်းစားတတ်တော့တာဘဲ။
ဒီကိစ္စမပြီးမချင်း Kim Taehyung တို့အဝတ်အစားလဲမှာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ရပြီး အလိုလိုမှနေမကောင်းဖြစ်ထားတာမို့ ထပ်ဖြစ်ဖို့လွယ်ကူသွားမှာဘဲ။ 
ဒါပေမဲ့ဒီကောင်က အ‌လျော့ပေးလွန်းလို့ Kim Taehyung တို့က ဒီကောင့်အပေါ်ကို စိတ်ကြိုက်အနိုင်ယူနေတာဖြစ်သည်။ 
အနားသို့အနည်းငယ်တိုးကပ်သွားလိုက်တော့ Jeon Henry ကို စူးစမ်းသလို မော့ကြည့်လာသည်။ 
တစ်ခုခုလူကို နာအောင်လုပ်လိမ့်မယ်လို့တွေးလိုက်ပင်မဲ့ တကယ်တမ်းအတွေးနဲ့အမြင်နဲ့ဟာ တစ်ခြားစီဖြစ်သွားကာ Jeon Henry ကိုအံ့ဩသလို ကြည့်လိုက်သည်။ 
ရုတ်တရက်ဒူးထောက်လိုက်ကာဖြင့် နားရွက်ကိုလည်း ဆွဲထားလျက်။
"ဘာ...ဘာလုပ်တာလဲ Jeon Henry..."
အခုပုံစံက နားရွက်ဆွဲကာ ဒူးထောက်တောင်းပန်နေသည့် ပုံစံနဲ့အရမ်းတူနေတယ်မလား။ 
ပြီးတော့ ဒါကြီးက Taehyung ကိုလုံးဝစိတ်ကောက်ပြေစေဖို့အတွက် အလျော့ပေးနေတာနဲ့ အရမ်းကိုတူလွန်းနေသေးသည်။ 
"ကိုယ်တောင်းပန်ပါတယ်ကွာ...အော်မိတာကော ခြောက်မိတာအတွက်ကော ကိုယ်တောင်းပန်ပါတယ်နော်...စိတ်လည်းမကောက်ပါနဲ့တော..."
"Jeon Henry"
"မင်းစိတ်ဆိုးပြေပြီဆိုမှ ကိုယ်ထမှာမို့...စိတ်လျော့ပေးပါနော် ကိုယ်တောင်းပန်ပါတယ်ကွာ"
"မင်းငါ့ကိုလူဆိုးဇာတ်သွင်းနေတာလား"
"ဟာ...မဟုတ်ပါဘူးကွာ...ကိုယ်တကယ် စိတ်လျော့ပြီး စိတ်ရင်းနဲ့တောင်းပန်တာပါကွာ..."
ထိုအခါမှ တကယ်လားဆိုသလို မျက်လုံးလေးကို တစ်ဖန်လှန်ကြည့်လာသည်။ ယခုသူတို့အခြေအနေက အနည်းငယ်တော့ရယ်ချင်စရာကောင်းနေမလား။ 
နှစ်ဖက်လုံး မလျော့ဘူးဆိုရင် ပိုဆိုးမှာမို့ နောက်ဆုံး Taehyung ကလည်း တောင်းပန်ခြင်းကို လက်ခံလိုက်သည်။ 
"ငါစိတ်မဆိုးတော့ပါဘူး..."
Jeon Henry သည်မျက်နှာငယ်လေးလုပ်ထားသည်မို့ အနည်းငယ်ပြင်လိုက်ပြီး မသိမသာ ပြုံးကာ ဆိုဖာပေါ်တွင် ထိုင်နေသည့် Taehyung ပေါ်တွင် အုပ်မိုးလိုက်တော့ Taehyung မှာ အလှည့်တကြားဖြင့်။ 
"မင်း...ဘာလုပ်တာလဲ Jeon Henry...ငါ့ပေါ်က ဖယ်စမ်း"
"မင်းစိတ်ပြေဖို့ကိုယ်တောင်းပန်ပြီးပြီ...အခုကိုယ့်အလှည့်"
"ဟင့်အင်း...အဲ့တာ မင်းအကျင့်ယုတ်တာ...ဖယ်စမ်းပါ...Jeon Henry ရာ"
"ဟွန့်...ရေအတူတူချိုးမယ်...ရေချိုးနေတဲ့တစ်လျှောက်မင်းကို ကိုယ်စိတ်တိုင်းကျနမ်းမယ်..."
"ဟင့်အင်း...မင်းအကြောင်းငါသိတယ်...မချိုးဘူး...နမ်းလည်းမနမ်းဘူး"
"ငြင်းတာ နောက်ကျသွားပြီ...အခုတင်ကိုယ်မင်းကိုရေချိုးခန်းထဲခေါ်သွားပြီး စိတ်ကြိုက် ပြုမူတော့မှာ"
"Jeon Henry!!!"
...
Feedback လေးတွေအတွက် ကျေးဇူးတင်ပါတယ်...
31.1.2024 (မနက် 6နာရီ 46မိနစ်)
By Sundi Minie
Zawgyi
"ထွက်ခဲ့ Taehyung..."
"ဟုတ်ပါတယ်..."
...
"ဖျားလိမ့်မယ်"
"Jeon Henry"
"Jeon Henry!!!"
...
By Sundi Minie
Continue Reading
You'll Also Like
40.8K 2K 23
!မုန်းလိုက်တာ ငါမဟုတ်တဲ့ လူနဲ့ အိပ်ထားတဲ့အိပ်ယာ ငါမဟုတ်တဲ့ လူနဲ့ချစ်ရည်လူးထားတဲ့အိပ်ယာ ၊ စိတ်ထဲရှိတဲ့အတိုင်းဆို ဒီအိပ်ယာခင်းတွေကို တစ်စ စီဖြစ်သွားအော...
432K 12.9K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.1M 68.4K 99
James Potter, Sirius Black, Remus Lupin, and Peter Pettigrew have made it through their First Year at Hogwarts - but it's never a dull moment in the...
116K 2.9K 33
Charlie was a normal rebel that you could find at every city. But when her rebellious actions get her sent away (again) she needs to learn to trust h...