သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Final
Extra (1)
Extra (2)

Chapter 29

4.9K 171 34
By Ennia_Yawn

ကိုကို့ရှပ်အင်္ကျီဆိုဒ်အကြီးတွေကိုသာ ရိပ်တစ်‌ယောက် အခုရက်ပိုင်းတွေ၌ ဝတ်ဖြစ်၏။ ကလေးတွေရှိကတည်းက သူ စားလိုက်‌သောက်လိုက် လုပ်မိနေသည်မှာ ဝက်နှင့်ပင် တူလာသလိုအထိ ဖောင်းကားနေ၏။ ကိုကိုကလည်း သူ့အား အလွန်အလိုလိုက်ကာ သူ တောင့်တလိုက်သည့် အစားအစာမျိုးစုံကို မငြီးမငြူဖြင့် စိတ်ရှည်ရှည် လုပ်ကျွေးနေလေသည်။

ထို့အပြင် အခုရက်ပိုင်း၌ သူ ချဉ်ခြင်း တပ်နေသည့်အရာ တစ်ခုရှိ၏။ ကလေးတွေက သူတို့ဒယ်ဒီကို အပြင်မရောက်ခင်ကတည်းက ချစ်နေကြသည့်အလား ကိုကို့ကိုယ်ငွေ့ရမှ သူ့ခန္ဓာကိုယ်က နေသာထိုင်သာ ရှိလာတာမို့ အိမ်မှုကိစ္စတွေနှင့် အလုပ်များနေရသည့် ကိုကို့ကို သူ အချိန်ပြည့် ကပ်နေလို့ မရတာကြောင့် ကိုကို့အဝတ်များက ချဉ်ခြင်းတပ်နေသည့် သူ့အတွက် စိတ်ကျေနပ်စရာတစ်ခုပင်။

ရိပ် ကိုကို့အင်္ကျီကို ဘောင်းဘီထဲသို့ ထည့်ကာ အနည်းငယ်သပ်ရပ်စွာ ဝတ်စားလိုက်ပြီး တစ်ဖက်ခန်းသို့ ကူးလာခဲ့၏။ သူ သုံးလစာ စာချုပ်ချုပ်ထားခဲ့တာမို့ နောက်ထပ်သုံးလထပ်ချုပ်ဖို့ အိမ်ပိုင်ရှင်ဆီ လာခဲ့ခြင်းဖြစ်သည်။

မျက်နှာမြင်ရခဲသည့် အိမ်ငှားကောင်လေးကို ရေးခေတ္တရာ ကြိုဆိုလိုက်ပြီး ဧည့်ခန်းထဲ ခေါ်လာခဲ့၏။

သူ့အိမ်ထဲမှာထက်ပင် ခရမ်းရောင်ကမ္ဘာဖြစ်နေသော အိမ်ခန်းလေးထဲသို့ ရိပ် ဝင်လာခဲ့ပြီး အစ်ကိုရေးနှင့် စာချုပ်ကိစ္စများ ဆောင်ရွက်နေကြသည်။ သူ ဒီအိမ်မှာ ငှားနေရတာ အလွန်အဆင်ပြေ၏။ သူ့ဘေးအခန်းမှာ ဒေါက်တာရှိနေတာက ရိပ်အတွက် အားတစ်ခုဖြစ်စေတာကြောင့် သူ မွေးပြီးသည့်အထိ ဒီအိမ်မှာပဲ ဆက်နေဖြစ်မှာဖြစ်သည်။

"နေရထိုင်ရရော အဆင်ပြေရဲ့လား၊ ညရေးညတာ နေလို့မကောင်းဖြစ်ရင် လှမ်းခေါ်ဖို့ အားမနာနဲ့"

ဖ‌ယောင်းဖြူလေးကဲ့သို့ ဖြူဖျော့ဖျော့ကောင်လေးအား ရေး လက်မှတ်ထိုးနေရင်း လှမ်းပြောလိုက်ပြီး-

"ခိုးနားထောင်တာ မဟုတ်ပေမယ့် ဟိုရက်က ရိပ်ရဲ့ ယောက္ခထီးလိုက်လာတာ ထင်တယ်၊ သူတို့တစ်ခုခု လုပ်ရင်လည်း မကြောက်နဲ့၊ ကျွန်တော်က ထောင်ထွက်လူမိုက်လေ၊ သူတို့ကို မှတ်လောက်သားလောက်အောင် ပညာပေးလွှတ်လိုက်မယ်"

ရိပ် ဖျတ်ခနဲ အစ်ကိုရေးအား လှမ်းကြည့်လိုက်ပြီး အံ့ဩသွား၏။ ဒီအစ်ကိုက လက်ရဲဇက်ရဲနှင့် ဇရှိမှန်း သက်တော်စောင့်လုပ်ခဲ့ဖူးသူမို့ စတွေ့ကတည်းက ရိပ် အကဲခတ်မိသော်ငြား အခုလောက်ထိ ဆိုးလိမ့်မည်ဟုတော့ မထင်ထားမိ။

အစ်ကိုရေးက နှစ်လိုဖွယ်ရှိကာ ခင်မင်ဖို့ကောင်းပါသည်။ သူကသာ အရင်ကတည်းက ပေါင်းသင်းဆက်ဆံရေး ညံ့သူမို့ အစ်ကိုနဲ့ ‌လေးလုံးကွဲအောင်ပင် စကားမပြောဖြစ်ခဲ့ပေ။ အခုတော့ သူ နည်းနည်းလောက် အစ်ကိုရေးတို့၏ အိမ်ထောင်ရေးကို စပ်စုချင်မိသည်။

"အစ်ကို့ကိုရော ဒေါက်တာ့ယောက္ခမတွေက သားမက်အဖြစ် တန်းလက်ခံကြလားဟင်၊ ကျွန်တော့်ကိုတော့ နှစ်ဖက်မိသားစု အိမ်တွင်းရေးကိစ္စလေးတွေလည်း ရှိခဲ့ဖူးတော့ ကိုကို့အိမ်က သဘောမကျဘူး။ ကျွန်‌တော်လည်း ကိုကိုနဲ့ ထပ်မပတ်သက်ချင်တော့ပေမယ့် ဗိုက်ထဲကဟာလေးတွေကြောင့် ကိုကို့နားက ဝေးဝေးမပြေးနိုင်ဘူး"

"ဒါပေမဲ့ သူ့နားက ဝေးဝေးပြေးဖို့ ကြိုးစားရတာ ပိုပင်ပန်းတယ်မလား၊ ကျွန်တော်လည်း ရိပ်နဲ့ အခြေနေချင်းမတူလောက်ပေမယ့် ကျော်ဖြတ်ခဲ့ရတာတွေ အများကြီးပါ။ ကျွန်တော်လည်း ဒေါက်တာ့ဆီက အကြိမ်ကြိမ်ထွက်ပြေးဖူးခဲ့တာပဲ။ အဲ့ဒါကလည်း ကျွန်တော့်ဘဝမှာ နောင်တအရဆုံးလုပ်ရပ်တွေပဲ။

ဒေါက်တာ့မိဘတွေက ရိပ်အမျိုးသားရဲ့မိဘတွေထက်တောင် ဆိုးခဲ့ပါသေးတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော် ဒေါက်တာ့နားက ထွက်မပြေးချင်တော့လို့ သူတို့ကို ရင်ဆိုင်ခဲ့တယ်၊ ကျွန်တော့်ဖက်က စပြီးတော့ပဲ သူတို့ကို ဒေါက်တာနဲ့ သဘောတူပေးဖို့ အသနားခံခဲ့တယ်။ အခုတော့ ကျွန်တော်နဲ့ သူတို့ တစ်ခါမှ ရန်သူတွေမဖြစ်ခဲ့ဖူးသလို အဆင်ပြေနေပြီ။

အဲ့တော့ ရိပ်လည်း အားမလျှော့ပါနဲ့။ သူ့နားက ထွက်ပြေးဖို့လည်း မကြိုးစားပါနဲ့တော့။ ကျွန်တော်တို့မှာ အမှားတွေ မရှိဘူး၊ မှားတာရှိခဲ့တယ်ဆိုရင်လည်း အမျိုးသားတစ်ယောက်က နောက်ထပ်အမျိုးသားတစ်ယောက်ကို ချစ်မိသွားကြတာကလွဲရင် မရှိဘူး၊ ကျွန်တော်တို့လည်း ပျော်ရွှင်ဖို့ ထိုက်တန်တယ်၊ တစ်ချိန်ကျရင် လူကြီးတွေက နားလည်လာမှာ။ ရိပ်လည်း မိဘဖြစ်လာတော့မှာဆိုတော့ ရိပ်ကပဲ သူတို့တွေကို အရင်နားလည်ပေးလိုက်ပါ။ သူတို့ကြောင့် ချစ်ရသူကို စွန့်လွှတ်ဖို့ ထပ်မတွေးနဲ့။ ကိုတေဇဖက်ကိုလည်း တွေးကြည့်ပေးပါဦး"

ရိပ် သူ့ဗိုက်ကို အသာအယာဖိကိုင်လိုက်ပြီး ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေမိတော့သည်။ အစ်ကိုရေးက သူ့ထက် ပိုသတ္တိရှိသူဟုလည်း မြင်မိလိုက်သည်။

သူလည်း တစ်ချိန်က ကိုကို့နားသို့ မရောက်ရောက်အောင် နည်းအမျိုးမျိုးသုံးပြီး ကိုကို့ဆီကို အရင်ချဥ်းကပ်လာခဲ့သူပါပင်။ ကိုကို့ကိုပင် သူ ခိုးပြေးခဲ့ဖူးတာပင်။ အခုချိန်၌မူ သူ ဒီကလေးလေးတွေကို မဆုံးရှုံးချင်တော့လို့ ကိုကို့နား မနေရဲတော့ခြင်းသာပေ။ ကိုကို့အဝေးမှာ ရှင်သန်ရတာ သူ့အတွက်လည်း ငရဲကျနေသကဲ့သို့ စိတ်ရောလူပါ ပင်ပန်းခဲ့ရပါသည်။

ရိပ် သူ့အခန်းဖက်သို့ ပြန်ကူးလာခဲ့သည်။ ကိုကိုကတော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲမှာ တကုပ်ကုပ်ချက်နေပြန်သည်။

ရိပ် ကိုကို့နားသို့ လျှောက်လာခဲ့ပြီး ဟင်းချက်နေသည့် ကိုကို့အား နောက်ကနေ ခါးမှ သိုင်းဖက်လိုက်ကာ ကိုကို့ကျောပြင်ပေါ် မျက်နှာအပ်ထားလိုက်မိသည်။

"စာချုပ်ထပ်ချုပ်ရတာ အဆင်ပြေခဲ့လား"

"အွန်း"

"ခဏထိုင်ဦး၊ ကိုကို ချက်လို့ပြီးတော့မယ်၊ ဒီနေ့ ရိပ်ကြိုက်တဲ့ နန်းကြီးသုတ်ကို ကိုကို ရှယ်လုပ်ပေးမှာ"

အုန်းနို့ဟင်းရည်ကို လက်စသတ်ချက်နေသည့် တေဇ သူ့ခါးပေါ်က ကလေးလေး၏လက်ကို ခပ်ဖွဖွပုတ်လိုက်ကာ ရိပ်ဆီက အခုလို အပြုအမူလေးရလိုက်တာက သူ တစ်မနက်လုံး အိမ်အလုပ်တွေကြောင့် ပင်ပန်းနေရသမျှ အမောပြေသွားသလိုပင်။

"ကိုကို့ကို ချစ်တယ်၊ ကိုကို့နားမှာ ကျွန်တော် အကြာကြီး ‌နေချင်သေးတယ်။ ကိုကိုချက်ကျွေးတာတွေကို အများကြီး ထပ်စားချင်သေးတယ်"

နှစ်ယောက်လုံးကြား၌ တိတ်ဆိတ်သွားကြ၏။ ရိပ် ကိုကို့ကျောပေါ် မျက်နှာအပ်ထားပြီး ရှိုက်ကြီးတငင် ငိုရှိုက်လိုက်သည်။ တေဇ သူ့ခါးပေါ်က ရိပ်၏လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်ပြီး သူပင် အသံတိတ်မျက်ရည်ကျမိသွားသည်။

သူလည်း ရိပ်ကို တကယ်ချစ်မြတ်နိုးရပါသည်။ ရိပ်က သူ့ကို စချစ်ခဲ့ရသော်လည်း သူက ရိပ်ကို ဆက်ချစ်သွားခဲ့ရသူပါပင်။

ဒီလပိုင်းတွေအတွင်း တေဇ သူ့အလုပ်တချို့ကို မဖြစ်မနေ ပြန်လုပ်ရသည်များ ရှိလာသည်။ နေသိပ်မကောင်းသည့်အဖိုးကို ပြန်ပြန်ကြည့်ရသည်များလည်း ရှိလာသည်။ သူ ကျေးဇူးကန်းစွာဖြင့် အဖိုးကို သွားမကြည့်မိချိန်တိုင်း ရိပ်က အတင်းတွန်းပို့ပေးခဲ့သည်။ ဆုံးသွားသည့် သူ့အဖိုးနဲ့တုန်းကလို နောင်တတွေနဲ့ မနေရဖို့ ရိပ်က အမြဲပြန်ဆုံးမတတ်သေး၏။

အဖိုးကို ပြန်သွားကြည့်ဖြစ်တိုင်း ရိပ် မလိုက်လာတာမို့ သူ ပြန်ရတာ စိတ်မဖြောင့်။ သို့သော်ငြား ဒေါက်တာရိုင်းလ်တို့နှင့် ဆုံရတာ သူတို့အတွက် ကံကောင်းမှုကြီး တစ်ခုပင်။ သူ ပုဂံပြန်သွားဖြစ်တိုင်း ဒေါက်တာနှင့် ရေးက ရိပ်အား သေချာစောင့်ရှောက်ပေးထားကြသည်။ ဒေါက်တာက ရိပ်၏ကျန်းမာရေးကို အပြည့်အဝ တာဝန်ယူထားပေးသည်မှာ စိတ်ကျန်းမာရေးပါ မချန်ပေ။

----------------

သုံးလထပ်ပြည့်သွားချိန်၌ ရိပ် နောက်ထပ်သုံးလစာ စာချုပ်ထပ်ချုပ်ဖြစ်ခဲ့သည်။

အခုလပိုင်းတွေ၌ ရိပ်တစ်ယောက် သိသိသာသာ နုန်းခွေလာပြီး လှုပ်လိုက်တိုင်း ပင်ပန်းလာတတ်၏။ အရင်လို သိပ်လည်း မစားနိုင်တော့။ မွေးခါနီးလေ သူ့နှလုံးကလည်း ယုန်နှလုံးလေးလို ဖြစ်လာသည့်အလား ပိုပိုအသည်းငယ်လာသည်။ ကလေးတွေ အလွဲအချော်ဖြစ်မှာ စိုးရိမ်သည့်စိတ်က ပိုမိုကြီးမားလာသည်။ သူ အိမ်ထဲက အိမ်ပြင်တောင် လုံးဝမထွက်တော့။ လှေကားဆို မျက်စိနဲ့တောင် မကြည့်တော့။ သူ နေထိုင်သည့် ဒုတိယထပ်က အိမ်ခန်းလေးမှာသာ သူ ခွေနေတတ်သည်။

"ကိုကို ကိုကို. .ကျွန်တော် ဗိုက်နာတယ်"

လှုပ်နိုးခံလိုက်ရချိန်၌ တေဇ ချက်ချင်း နိုးလာပြီး ညသန်းခေါင်ကျော်ကြီးမို့ ထိတ်ခနဲ ဖြစ်သွားရ၏။ ရိပ် မွေးခါနီးပြီဖြစ်သော်ငြား မွေးဖို့ ရက်အတော်များများလိုသေးသည်။

"ခဏလေးနော်၊ ကိုကို ဒေါက်တာ့ကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်"

တေဇ ဘေးအိမ်က ဒေါက်တာ့ကို ချက်ချင်းဖုန်းဆက်မိသည်။ ဖုန်းမကိုင်တာကြောင့် အားနာသော်လည်း အားမနာနိုင်တော့ဘဲ အိမ်ပြင်ပြေးထွက်သွားကာ တစ်ဖက်အခန်းကို သွားပြေးထုနေမိတော့၏။

ဒေါက်တာ့အကူအညီဖြင့် တေဇ ရိပ်အား ဒေါက်တာ့ကိုယ်ပိုင်ဆေးရုံသို့ မဆိုင်းမတွ ပို့ကြသည်။

"ကိုကို ကျွန်တော် နာလို့သေတော့မယ်၊ မရတော့ဘူး"

အရေးပေါ်ကားပေါ်၌ ရိပ်၏ မျက်နှာတစ်ခုလုံး ဖြူစုတ်လာကာ နှုတ်ခမ်းတွေလည်း ပြာနှမ်းလာသည်။ ရိပ် သူ့လက်တွေကို ဖြစ်ညှစ်ထားသည်မှာ ရိပ် နာကျင်မှုကို ဘယ်လောက်ထိများ ခံစားနေရမလဲဆိုတာ သူ စိတ်မကောင်းစွာသာ ခြေမကိုင်မိ လက်မကိုင်မိ ကြည့်နေရသည်။

"ခဏလေးပဲ ထပ်တောင့်ထားပေးနော်၊ ကိုကို ရှိတယ်၊ ဒေါက်တာလည်း ရှိတယ်"

ဆေးရုံ၏ ခွဲခန်းသို့ သွားရာလမ်းတလျှောက်၌ ရိပ် သူ့လက်ကိုပင် ထပ်မဆုပ်နိုင်တော့ဘဲ နှုတ်ခမ်းတွေကိုသာ ဖိကိုက်ထားကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းနေတာကို တေဇ ရင်ကွဲစွာ မြင်နေရသည်။

ခွဲခန်းထဲ ဝင်တော့မည့် အချိန်၌မူ တေဇ ရိပ်၏လက်ကို အတင်းပြန်ဆွဲထားမိသွားတာမို့ ဒေါက်တာ သူ့အား အမြန်လွှတ်တော့ဖို့ ဆူလာ၏။

အခုလွှတ်လိုက်ရခြင်းက ရိပ်လက်ကို အပြီးလွှတ်လိုက်ရခြင်းမဖြစ်စေဖို့ တေဇ ခွဲခန်းရှေ့၌ ထိတ်လန့်ခြင်းများစွာဖြင့် ဆုတောင်းနေမိသည်။

"အူဝဲ. .အူဝဲ"

တေဇ၏ နားရွက်များ ထောင်တက်သွား၏။ ခွဲခန်းတံခါးနား ပြေးကပ်လိုက်မိ၏။ စက္ကန့်တိုင်းက သူ့နှလုံးအိမ်ကို ပြင်းပြင်းထန်ထန် ခုန်ပေါက်လှုပ်ရှားနေစေတာမို့ တေဇ ကတုန်ကယင် ဖြစ်လာသည်။ ကလေးငိုသံတွေ ဆက်တိုက်ကြားနေရချိန်၌ သူ့နှလုံးခုန်နှုန်းတွေ မတရားမြန်နေသည့်အထိ စိတ်လှုပ်ရှားနေခဲ့သည်။

နာရီအတော်ကြာပြီးမှ ဒေါက်တာ ပြန်ထွက်လာတာကို တေဇ မြင်လိုက်ရသည်။ mask ချွတ်လိုက်သည့် ‌ဒေါက်တာ့အပြုံးကို အရင်မြင်လိုက်ရတာက တေဇအား ပြောမပြတတ်အောင် ခံစားမှုဖြစ်သွားစေသည်။

ရိုင်းလ်စေတန် တေဇအား လက်မထောင်ပြလိုက်ကာ-

"သားသုံးယောက်ရော ရိပ်ရောကို ကိုယ် ကယ်နိုင်ခဲ့ပြီ။ ကလေးတွေက ‌သတ်မှတ်ချိန်ထက် တော်တော်စောပြီး ထွက်လာကြပေမယ့် အကုန်လုံး ပေါင်ပြည့်တယ်၊ ခြေလက်အင်္ဂါစုံတယ်။ ရိပ်ကတော့ ဒီတစ်ရက်လုံး ‌သတိပြန်မလည်လာသေးတာ ဖြစ်နိုင်လို့ စိတ်မပူနဲ့၊ သူ အရမ်းပင်ပန်းသွားတာ၊ သူ အသက်ရှင်ချင်စိတ် ပြင်းပြနေတာက ဒီလွန်ဆွဲပွဲမှာ ကိုယ် သူ့ကိုပါ ကယ်လိုက်နိုင်တာပဲ"

တေဇ ဒေါက်တာ့လက်ကို ဆုပ်ကိုင်လိုက်ကာ ရိပ်၏အသက်က ထိုဒေါက်တာပေးသည့် အသက်သာ ရှိတော့သလိုအထိ သူ ခါးကျိုးမတတ် ကျေးဇူးတင်စကား ဆိုနေမိသည်။ ဆိုနေရင်းနဲ့ မျက်ရည်များပင် စီးကျလာသည်။

ရိုင်းလ် တေဇအား ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ပြီး-

"မင်းလည်း သေချာနားဦး၊ ကလေးက သုံး‌ယောက်တောင်ဆိုတော့ မင်းတော့ တောက်လျှောက်ပင်ပန်းရမှာ ကိုယ် မြင်နေတယ်၊ ကိုယ် အခု မင်းကို တကယ် အားကျမိသွားတာ။ မိသားစုတွေ ပျော်ရွှင်ရဖို့ ကိုယ် လေးလေးနက်နက် ဆုတောင်းပေးပါတယ်"

ရိုင်းလ် စကားအရမ်းမရှည်တော့ဘဲ တေဇလည်း သူ့ကလေးတွေကို ကြည့်ချင်နေလောက်မှာမို့ နှုတ်ဆက်ခဲ့လိုက်သည်။ ညသန်းခေါင်ကျော်ကြီး ထွက်လာခဲ့ရတာကြောင့် တာဝန်ကျ ညစောင့်ဆရာတွေကို သေချာအပ်ခဲ့ပြီးချိန်၌ ခေတ္တရာကို သူ ညအိပ် တစ်ယောက်တည်းထားခဲ့ရတာမို့ ဆေးရုံမှ အမြန်ပြန်ထွက်လာခဲ့သည်။

ဆေးရောကုတတ်ရဲ့လားဟု မေးတတ်သည့် ခေတ္တရာကို သူ ရိပ်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဖုန်းလှမ်းဆက်လိုက်၏။ ဒီအချိန်ထိ လာဗင်ဒါနံ့တွေရမှ စိတ်ငြိမ်းချမ်းစွာဖြင့် အိပ်ပျော်တတ်သည့် ခေတ္တရာကို ရိုင်းလ် ညဖက်တွေ တစ်ယောက်တည်း မထားခဲ့ဖူးသေး၊ ထားခဲ့ရမှာလည်း စိတ်မချတာမို့ အခုလို အရေးပေါ်လူနာရှိချိန်ကလွဲရင် ညဖက် လူနာ မကြည့်တတ်ပါပေ။

-----------------

အရေးပေါ်ခန်းထဲရှိ စက်သံတွေကြား၌ ဖျော့တော့စွာ လှဲလျောင်းနေသည့် ရိပ်အား တေဇ မျက်တောင်မခတ် ထိုင်ငေးနေရင်း ရိပ် ပြန်နိုးလာမည့်အချိန်ကို စောင့်နေသည်။

တေဇ သူ့သားလေးတွေကို ကြည့်ပြီးပြီဖြစ်ကာ သားလေးတွေက လူ့လောကထဲ ရောက်လာကတည်းက အားမာန်အပြည့်နဲ့ ဖြစ်နေကြသည့်အလား ပြဲပြဲလန်အောင် ငိုနေကြသည်။ သုံးယောက်လုံးက သူ့လက်ထဲမှာ တပြိုင်တည်း ဆန့်အောင်အထိ ပေါက်စနလေးတွေဖြစ်သော်လည်း အချင်းချင်း ကန်ကျောက်ရင်း သောင်းကျန်းနေကြသည်။ အခုတော့ လူဆိုးလေးတွေ ပြန်အိပ်ပျော်သွားပြီဖြစ်သည်။

"ကိုကို့ကလေးလေး နိုးလာပြီလား"

ရိပ်၏ မျက်လုံးများ ချက်ချင်းပွင့်မလာသေးနိုင်ချိန် သူ့နှာခေါင်းဝ၌ အမွှေးနံ့ကို အရင်ဆုံး ရလိုက်ပြီး ကိုကို့အသံကို ပထမဆုံး ကြားလိုက်သည်။

မျက်လုံးဖွင့်လိုက်နိုင်ချိန်၌ ကိုကို့သူ့ရှေ့ ခရမ်းရောင် လာဗင်ဒါပန်းစည်းလေး ထိုးပြလာပြီး-

"ကိုကို့ရင်သွေးလေးတွေကို ကျန်းကျန်းမာမာ မွေးဖွားပေးခဲ့တဲ့ ကိုကို့ရိပ်က‌လေးအတွက် ဂုဏ်ပြုပန်းစည်း"

သူ သိချင်သည့် သားလေးတွေအကြောင်း အရင်ဆုံး ကြားလိုက်ရပြီမို့ ရိပ် နွမ်းလျစွာ ပြုံးမိသွား၏။

"ဒါ အစ်ကိုရေး ပေးတာမလား"

ကိုကို ပြုံးစိစိလုပ်ပြကာ ခေါင်းညိတ်ပြသည်။ လာဗင်ဒါကို မြင်တာနဲ့တင် ဒေါက်တာတို့ကို တွဲမြင်မိသည့်အထိ ရိပ် ခန့်မှန်းနိုင်ပြီဖြစ်၏။

"ကိုကိုရော ကျွန်တော့်ကို ဘာမှမပေးဘူးလား"

ကိုကို သူ့အား မျက်စပစ်ပြရာ နေရာသို့ ရိပ် ဖြည်းညှင်းစွာ ခေါင်းလှည့်ကြည့်လိုက်သည်။ နံရံပေါ်၌ ကိုကို သူ့အား ကလေးလေးတွေကို မွေးထုတ်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း စာလုံးလှလှလေးတွေ ကပ်ထားတာ မြင်လိုက်ရချိန် ရိပ် ကျေနပ်စွာ ပြုံးလိုက်မိသည်။

"ကိုကို့သားလေးတွေကို ကျွန်တော် ကြည့်ချင်တယ်"

ကိုကို သူ့ကို ခေါင်းညိတ်ပြကာ သူ့လည်ပင်းထက်သို့ ကိုကို့မျက်နှာအပ်လာပြီး အရင်မွှေးကြူလာသည်။

"ကိုကို ဆရာမတွေကို ပြောပြီး ခေါ်လာခဲ့မယ်၊ လှဲနေဦး၊ ဗိုက်ကချုပ်ရိုးကို ခိုက်မိဦးမယ်"

တေဇ ဆရာမတွေကို ရိပ်သတိရလာ‌ကြောင်း လှမ်းအကြောင်းကြားလိုက်ပြီး ရိပ်၏အခြေအနေက စိတ်ချရပြီဆိုမှ ကလေးတွေကို ရိပ်လက်ထဲသို့ ခေါ်လာပေးရသည်။

သားအကြီးနှစ်ယောက်ကို ရိပ်ဘေးသို့ အရင်ချပေးလိုက်ကာ အငယ်လေးကိုတော့ တေဇ ချီထားလိုက်သည်။

ရိပ် သူ့လက်ထဲရောက်လာသည့် ပေါက်စလေးတွေကို အသည်းယားစွာ ကြည့်နေရင်း-

"သားတွေက ကိုကိုနဲ့ တူတယ်၊ အံ့ဩစရာကောင်းလိုက်တာ၊ မွေးပေးတဲ့ ကျွန်တော်နဲ့ကျ တစ်ယောက်မှလည်း မတူဘူး"

"ဟက်၊ ရိပ်က ကပ်ပေးထားတဲ့ ကိုယ့်ပုံကိုယ်မကြည့်ဘဲ ကိုကို့မျက်နှာကိုပဲ လိုက်ကြည့်နေတာကိုး"

ရိပ် ပြုံးစစဖြင့် ကိုကို့လက်ထဲက အငယ်လေးကိုပါ လိုက်ကြည့်နေရင်း မျက်လုံးတောင်မပွင့်သည့် သားသုံးယောက်ကို ချစ်မဝဖြစ်နေ၏။ သားတွေကို စိတ်ရှိလက်ရှိ ဖြစ်ညှစ်ပစ်လိုက်ရင်း တအား ဖိနမ်းပစ်ချင်နေ၏။

---------------

သူ့ဗိုက်က ချုပ်ရိုးစိတ်မချရသေးတာမို့ ရိပ် ဆေးရုံမဆင်းရသေးပေ။ သားလေးတွေက နို့ဘူးမကြိုက်လို့လား မသိ၊ နို့သောက်ချိန်တိုင်း ကြူကြူပါအောင် ငိုသည်။ အမွှာတွေမို့လား မပြောတတ်၊ ငိုရင်လည်း ပြိုင်တူ အော်ငိုတတ်တာမို့ သူနဲ့ကိုကို ဘယ်သူ့ကို ဘယ်လို စချော့ရမလဲမသိ ဖြစ်ရ၏။

ကုတင်ပေါ်၌ထိုင်ရင်း အငယ်ဆုံးလေးကို နို့ဘူးတိုက်နေသည့် ရိပ်တစ်ယောက် ကိုကို သားအကြီးနှစ်ယောက်ကို တပြိုင်တည်းချီပြီး ချော့နေရတာကို စိတ်မချစွာ လှမ်းလှမ်းကြည့်နေရသည်။

သုံးယောက်လုံးကို တပြိုင်တည်း ထိန်းရတာ သူတို့အတွက် မလွယ်ကူမှန်း သိလိုက်သော်လည်း သားလေးတွေ အခုလို ကျန်းမာစွာ အပြင်ရောက်လာတာနဲ့တင် ရိပ် သူ့တစ်ဘဝလုံး ပင်ပန်းရတော့မည်ဆိုရင်တောင်မှ ပျော်ပျော်ကြီး အပင်ပန်းခံမှာပင်။

ကလေးတွေကို ဆရာမတွေ ပြန်လာခေါ်သွားချိန်၌ သူတို့နှစ်ယောက် ခဏနားရသည်။ ကိုကိုကတော့ တော်တော်လေး ပန်းသွားသည့်အလား ဆိုဖာပေါ်မှာပင် အိပ်ပျော်သွားသည်။

ရိပ် ကုတင်အောက် အသာဆင်းလိုက်ကာ ကိုကို့ရင်ဘတ်ပေါ် စောင်လာခြုံပေးလိုက်ပြီး ဆရာမတွေနောက် ပါသွားသည့် သားလေးတွေကို စိတ်မချလို့ လိုက်ကြည့်မိ၏။ ပုခက်ထဲ၌ ခြေကားယား လက်ကားယားလေးတွေဖြင့် အိပ်နေသော သားလေးတွေကို ကြည့်မဝဖြစ်ကာ ရပ်ကြည့်ရင်း ကြည်နူးနေမိသည်။

သူ အခုချိန်၌ ပြောမပြတတ်အောင်အထိ အလွန်ပျော်ရွှင်လျက်ရှိတာမို့ ကိုကို့အတွက် သူ အခုလိုပဲ နောက်ထပ် ကလေးလေးတွေ အများကြီး ထပ်မွေးပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေပေသည်။

________________________

30.1.2024

[Zawgyi]

ကိုကို႔ရွပ္အကၤ်ီဆိုဒ္အႀကီးေတြကိုသာ ရိပ္တစ္‌ေယာက္ အခုရက္ပိုင္းေတြ၌ ဝတ္ျဖစ္၏။ ကေလးေတြရွိကတည္းက သူ စားလိုက္‌ေသာက္လိုက္ လုပ္မိေနသည္မွာ ဝက္ႏွင့္ပင္ တူလာသလိုအထိ ေဖာင္းကားေန၏။ ကိုကိုကလည္း သူ႕အား အလြန္အလိုလိုက္ကာ သူ ေတာင့္တလိုက္သည့္ အစားအစာမ်ိဳးစုံကို မၿငီးမျငဴျဖင့္ စိတ္ရွည္ရွည္ လုပ္ေကြၽးေနေလသည္။

ထို႔အျပင္ အခုရက္ပိုင္း၌ သူ ခ်ဥ္ျခင္း တပ္ေနသည့္အရာ တစ္ခုရွိ၏။ ကေလးေတြက သူတို႔ဒယ္ဒီကို အျပင္မေရာက္ခင္ကတည္းက ခ်စ္ေနၾကသည့္အလား ကိုကို႔ကိုယ္ေငြ႕ရမွ သူ႕ခႏၶာကိုယ္က ေနသာထိုင္သာ ရွိလာတာမို႔ အိမ္မႈကိစၥေတြႏွင့္ အလုပ္မ်ားေနရသည့္ ကိုကို႔ကို သူ အခ်ိန္ျပည့္ ကပ္ေနလို႔ မရတာေၾကာင့္ ကိုကို႔အဝတ္မ်ားက ခ်ဥ္ျခင္းတပ္ေနသည့္ သူ႕အတြက္ စိတ္ေက်နပ္စရာတစ္ခုပင္။

ရိပ္ ကိုကို႔အကၤ်ီကို ေဘာင္းဘီထဲသို႔ ထည့္ကာ အနည္းငယ္သပ္ရပ္စြာ ဝတ္စားလိုက္ၿပီး တစ္ဖက္ခန္းသို႔ ကူးလာခဲ့၏။ သူ သုံးလစာ စာခ်ဳပ္ခ်ဳပ္ထားခဲ့တာမို႔ ေနာက္ထပ္သုံးလထပ္ခ်ဳပ္ဖို႔ အိမ္ပိုင္ရွင္ဆီ လာခဲ့ျခင္းျဖစ္သည္။

မ်က္ႏွာျမင္ရခဲသည့္ အိမ္ငွားေကာင္ေလးကို ေရးေခတၱရာ ႀကိဳဆိုလိုက္ၿပီး ဧည့္ခန္းထဲ ေခၚလာခဲ့၏။

သူ႕အိမ္ထဲမွာထက္ပင္ ခရမ္းေရာင္ကမာၻျဖစ္ေနေသာ အိမ္ခန္းေလးထဲသို႔ ရိပ္ ဝင္လာခဲ့ၿပီး အစ္ကိုေရးႏွင့္ စာခ်ဳပ္ကိစၥမ်ား ေဆာင္႐ြက္ေနၾကသည္။ သူ ဒီအိမ္မွာ ငွားေနရတာ အလြန္အဆင္ေျပ၏။ သူ႕ေဘးအခန္းမွာ ေဒါက္တာရွိေနတာက ရိပ္အတြက္ အားတစ္ခုျဖစ္ေစတာေၾကာင့္ သူ ေမြးၿပီးသည့္အထိ ဒီအိမ္မွာပဲ ဆက္ေနျဖစ္မွာျဖစ္သည္။

"ေနရထိုင္ရေရာ အဆင္ေျပရဲ႕လား၊ ညေရးညတာ ေနလို႔မေကာင္းျဖစ္ရင္ လွမ္းေခၚဖို႔ အားမနာနဲ႕"

ဖ‌ေယာင္းျဖဴေလးကဲ့သို႔ ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးအား ေရး လက္မွတ္ထိုးေနရင္း လွမ္းေျပာလိုက္ၿပီး-

"ခိုးနားေထာင္တာ မဟုတ္ေပမယ့္ ဟိုရက္က ရိပ္ရဲ႕ ေယာကၡထီးလိုက္လာတာ ထင္တယ္၊ သူတို႔တစ္ခုခု လုပ္ရင္လည္း မေၾကာက္နဲ႕၊ ကြၽန္ေတာ္က ေထာင္ထြက္လူမိုက္ေလ၊ သူတို႔ကို မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးလႊတ္လိုက္မယ္"

ရိပ္ ဖ်တ္ခနဲ အစ္ကိုေရးအား လွမ္းၾကည့္လိုက္ၿပီး အံ့ဩသြား၏။ ဒီအစ္ကိုက လက္ရဲဇက္ရဲႏွင့္ ဇရွိမွန္း သက္ေတာ္ေစာင့္လုပ္ခဲ့ဖူးသူမို႔ စေတြ႕ကတည္းက ရိပ္ အကဲခတ္မိေသာ္ျငား အခုေလာက္ထိ ဆိုးလိမ့္မည္ဟုေတာ့ မထင္ထားမိ။

အစ္ကိုေရးက ႏွစ္လိုဖြယ္ရွိကာ ခင္မင္ဖို႔ေကာင္းပါသည္။ သူကသာ အရင္ကတည္းက ေပါင္းသင္းဆက္ဆံေရး ညံ့သူမို႔ အစ္ကိုနဲ႕ ‌ေလးလုံးကြဲေအာင္ပင္ စကားမေျပာျဖစ္ခဲ့ေပ။ အခုေတာ့ သူ နည္းနည္းေလာက္ အစ္ကိုေရးတို႔၏ အိမ္ေထာင္ေရးကို စပ္စုခ်င္မိသည္။

"အစ္ကို႔ကိုေရာ ေဒါက္တာ့ေယာကၡမေတြက သားမက္အျဖစ္ တန္းလက္ခံၾကလားဟင္၊ ကြၽန္ေတာ့္ကိုေတာ့ ႏွစ္ဖက္မိသားစု အိမ္တြင္းေရးကိစၥေလးေတြလည္း ရွိခဲ့ဖူးေတာ့ ကိုကို႔အိမ္က သေဘာမက်ဘဴး။ ကြၽန္‌ေတာ္လည္း ကိုကိုနဲ႕ ထပ္မပတ္သက္ခ်င္ေတာ့ေပမယ့္ ဗိုက္ထဲကဟာေလးေတြေၾကာင့္ ကိုကို႔နားက ေဝးေဝးမေျပးနိုင္ဘူး"

"ဒါေပမဲ့ သူ႕နားက ေဝးေဝးေျပးဖို႔ ႀကိဳးစားရတာ ပိုပင္ပန္းတယ္မလား၊ ကြၽန္ေတာ္လည္း ရိပ္နဲ႕ အေျခေနခ်င္းမတူေလာက္ေပမယ့္ ေက်ာ္ျဖတ္ခဲ့ရတာေတြ အမ်ားႀကီးပါ။ ကြၽန္ေတာ္လည္း ေဒါက္တာ့ဆီက အႀကိမ္ႀကိမ္ထြက္ေျပးဖူးခဲ့တာပဲ။ အဲ့ဒါကလည္း ကြၽန္ေတာ့္ဘဝမွာ ေနာင္တအရဆုံးလုပ္ရပ္ေတြပဲ။

ေဒါက္တာ့မိဘေတြက ရိပ္အမ်ိဳးသားရဲ႕မိဘေတြထက္ေတာင္ ဆိုးခဲ့ပါေသးတယ္ဗ်ာ။ ဒါေပမဲ့ ကြၽန္ေတာ္ ေဒါက္တာ့နားက ထြက္မေျပးခ်င္ေတာ့လို႔ သူတို႔ကို ရင္ဆိုင္ခဲ့တယ္၊ ကြၽန္ေတာ့္ဖက္က စၿပီးေတာ့ပဲ သူတို႔ကို ေဒါက္တာနဲ႕ သေဘာတူေပးဖို႔ အသနားခံခဲ့တယ္။ အခုေတာ့ ကြၽန္ေတာ္နဲ႕ သူတို႔ တစ္ခါမွ ရန္သူေတြမျဖစ္ခဲ့ဖူးသလို အဆင္ေျပေနၿပီ။

အဲ့ေတာ့ ရိပ္လည္း အားမေလွ်ာ့ပါနဲ႕။ သူ႕နားက ထြက္ေျပးဖို႔လည္း မႀကိဳးစားပါနဲ႕ေတာ့။ ကြၽန္ေတာ္တို႔မွာ အမွားေတြ မရွိဘူး၊ မွားတာရွိခဲ့တယ္ဆိုရင္လည္း အမ်ိဳးသားတစ္ေယာက္က ေနာက္ထပ္အမ်ိဳးသားတစ္ေယာက္ကို ခ်စ္မိသြားၾကတာကလြဲရင္ မရွိဘူး၊ ကြၽန္ေတာ္တို႔လည္း ေပ်ာ္႐ႊင္ဖို႔ ထိုက္တန္တယ္၊ တစ္ခ်ိန္က်ရင္ လူႀကီးေတြက နားလည္လာမွာ။ ရိပ္လည္း မိဘျဖစ္လာေတာ့မွာဆိုေတာ့ ရိပ္ကပဲ သူတို႔ေတြကို အရင္နားလည္ေပးလိုက္ပါ။ သူတို႔ေၾကာင့္ ခ်စ္ရသူကို စြန႔္လႊတ္ဖို႔ ထပ္မေတြးနဲ႕။ ကိုေတဇဖက္ကိုလည္း ေတြးၾကည့္ေပးပါဦး"

ရိပ္ သူ႕ဗိုက္ကို အသာအယာဖိကိုင္လိုက္ၿပီး ၾကမ္းျပင္ကိုသာ ငုံ႕ၾကည့္ေနမိေတာ့သည္။ အစ္ကိုေရးက သူ႕ထက္ ပိုသတၱိရွိသူဟုလည္း ျမင္မိလိုက္သည္။

သူလည္း တစ္ခ်ိန္က ကိုကို႔နားသို႔ မေရာက္ေရာက္ေအာင္ နည္းအမ်ိဳးမ်ိဳးသုံးၿပီး ကိုကို႔ဆီကို အရင္ခ်ဥ္းကပ္လာခဲ့သူပါပင္။ ကိုကို႔ကိုပင္ သူ ခိုးေျပးခဲ့ဖူးတာပင္။ အခုခ်ိန္၌မူ သူ ဒီကေလးေလးေတြကို မဆုံးရႈံးခ်င္ေတာ့လို႔ ကိုကို႔နား မေနရဲေတာ့ျခင္းသာေပ။ ကိုကို႔အေဝးမွာ ရွင္သန္ရတာ သူ႕အတြက္လည္း ငရဲက်ေနသကဲ့သို႔ စိတ္ေရာလူပါ ပင္ပန္းခဲ့ရပါသည္။

ရိပ္ သူ႕အခန္းဖက္သို႔ ျပန္ကူးလာခဲ့သည္။ ကိုကိုကေတာ့ ထုံးစံအတိုင္း မီးဖိုေခ်ာင္ထဲမွာ တကုပ္ကုပ္ခ်က္ေနျပန္သည္။

ရိပ္ ကိုကို႔နားသို႔ ေလွ်ာက္လာခဲ့ၿပီး ဟင္းခ်က္ေနသည့္ ကိုကို႔အား ေနာက္ကေန ခါးမွ သိုင္းဖက္လိုက္ကာ ကိုကို႔ေက်ာျပင္ေပၚ မ်က္ႏွာအပ္ထားလိုက္မိသည္။

"စာခ်ဳပ္ထပ္ခ်ဳပ္ရတာ အဆင္ေျပခဲ့လား"

"အြန္း"

"ခဏထိုင္ဦး၊ ကိုကို ခ်က္လို႔ၿပီးေတာ့မယ္၊ ဒီေန႕ ရိပ္ႀကိဳက္တဲ့ နန္းႀကီးသုတ္ကို ကိုကို ရွယ္လုပ္ေပးမွာ"

အုန္းနို႔ဟင္းရည္ကို လက္စသတ္ခ်က္ေနသည့္ ေတဇ သူ႕ခါးေပၚက ကေလးေလး၏လက္ကို ခပ္ဖြဖြပုတ္လိုက္ကာ ရိပ္ဆီက အခုလို အျပဳအမူေလးရလိုက္တာက သူ တစ္မနက္လုံး အိမ္အလုပ္ေတြေၾကာင့္ ပင္ပန္းေနရသမွ် အေမာေျပသြားသလိုပင္။

"ကိုကို႔ကို ခ်စ္တယ္၊ ကိုကို႔နားမွာ ကြၽန္ေတာ္ အၾကာႀကီး ‌ေနခ်င္ေသးတယ္။ ကိုကိုခ်က္ေကြၽးတာေတြကို အမ်ားႀကီး ထပ္စားခ်င္ေသးတယ္"

ႏွစ္ေယာက္လုံးၾကား၌ တိတ္ဆိတ္သြားၾက၏။ ရိပ္ ကိုကို႔ေက်ာေပၚ မ်က္ႏွာအပ္ထားၿပီး ရွိုက္ႀကီးတငင္ ငိုရွိုက္လိုက္သည္။ ေတဇ သူ႕ခါးေပၚက ရိပ္၏လက္ကို ျပန္ဆုပ္ကိုင္ထားလိုက္ၿပီး သူပင္ အသံတိတ္မ်က္ရည္က်မိသြားသည္။

သူလည္း ရိပ္ကို တကယ္ခ်စ္ျမတ္နိုးရပါသည္။ ရိပ္က သူ႕ကို စခ်စ္ခဲ့ရေသာ္လည္း သူက ရိပ္ကို ဆက္ခ်စ္သြားခဲ့ရသူပါပင္။

ဒီလပိုင္းေတြအတြင္း ေတဇ သူ႕အလုပ္တခ်ိဳ႕ကို မျဖစ္မေန ျပန္လုပ္ရသည္မ်ား ရွိလာသည္။ ေနသိပ္မေကာင္းသည့္အဖိုးကို ျပန္ျပန္ၾကည့္ရသည္မ်ားလည္း ရွိလာသည္။ သူ ေက်းဇူးကန္းစြာျဖင့္ အဖိုးကို သြားမၾကည့္မိခ်ိန္တိုင္း ရိပ္က အတင္းတြန္းပို႔ေပးခဲ့သည္။ ဆုံးသြားသည့္ သူ႕အဖိုးနဲ႕တုန္းကလို ေနာင္တေတြနဲ႕ မေနရဖို႔ ရိပ္က အၿမဲျပန္ဆုံးမတတ္ေသး၏။

အဖိုးကို ျပန္သြားၾကည့္ျဖစ္တိုင္း ရိပ္ မလိုက္လာတာမို႔ သူ ျပန္ရတာ စိတ္မေျဖာင့္။ သို႔ေသာ္ျငား ေဒါက္တာရိုင္းလ္တို႔ႏွင့္ ဆုံရတာ သူတို႔အတြက္ ကံေကာင္းမႈႀကီး တစ္ခုပင္။ သူ ပုဂံျပန္သြားျဖစ္တိုင္း ေဒါက္တာႏွင့္ ေရးက ရိပ္အား ေသခ်ာေစာင့္ေရွာက္ေပးထားၾကသည္။ ေဒါက္တာက ရိပ္၏က်န္းမာေရးကို အျပည့္အဝ တာဝန္ယူထားေပးသည္မွာ စိတ္က်န္းမာေရးပါ မခ်န္ေပ။

----------------

သုံးလထပ္ျပည့္သြားခ်ိန္၌ ရိပ္ ေနာက္ထပ္သုံးလစာ စာခ်ဳပ္ထပ္ခ်ဳပ္ျဖစ္ခဲ့သည္။

အခုလပိုင္းေတြ၌ ရိပ္တစ္ေယာက္ သိသိသာသာ ႏုန္းေခြလာၿပီး လႈပ္လိုက္တိုင္း ပင္ပန္းလာတတ္၏။ အရင္လို သိပ္လည္း မစားနိုင္ေတာ့။ ေမြးခါနီးေလ သူ႕ႏွလုံးကလည္း ယုန္ႏွလုံးေလးလို ျဖစ္လာသည့္အလား ပိုပိုအသည္းငယ္လာသည္။ ကေလးေတြ အလြဲအေခ်ာ္ျဖစ္မွာ စိုးရိမ္သည့္စိတ္က ပိုမိုႀကီးမားလာသည္။ သူ အိမ္ထဲက အိမ္ျပင္ေတာင္ လုံးဝမထြက္ေတာ့။ ေလွကားဆို မ်က္စိနဲ႕ေတာင္ မၾကည့္ေတာ့။ သူ ေနထိုင္သည့္ ဒုတိယထပ္က အိမ္ခန္းေလးမွာသာ သူ ေခြေနတတ္သည္။

"ကိုကို ကိုကို. .ကြၽန္ေတာ္ ဗိုက္နာတယ္"

လႈပ္နိုးခံလိုက္ရခ်ိန္၌ ေတဇ ခ်က္ခ်င္း နိုးလာၿပီး ညသန္းေခါင္ေက်ာ္ႀကီးမို႔ ထိတ္ခနဲ ျဖစ္သြားရ၏။ ရိပ္ ေမြးခါနီးၿပီျဖစ္ေသာ္ျငား ေမြးဖို႔ ရက္အေတာ္မ်ားမ်ားလိုေသးသည္။

"ခဏေလးေနာ္၊ ကိုကို ေဒါက္တာ့ကို ဖုန္းဆက္ၾကည့္လိုက္ဦးမယ္"

ေတဇ ေဘးအိမ္က ေဒါက္တာ့ကို ခ်က္ခ်င္းဖုန္းဆက္မိသည္။ ဖုန္းမကိုင္တာေၾကာင့္ အားနာေသာ္လည္း အားမနာနိုင္ေတာ့ဘဲ အိမ္ျပင္ေျပးထြက္သြားကာ တစ္ဖက္အခန္းကို သြားေျပးထုေနမိေတာ့၏။

ေဒါက္တာ့အကူအညီျဖင့္ ေတဇ ရိပ္အား ေဒါက္တာ့ကိုယ္ပိုင္ေဆး႐ုံသို႔ မဆိုင္းမတြ ပို႔ၾကသည္။

"ကိုကို ကြၽန္ေတာ္ နာလို႔ေသေတာ့မယ္၊ မရေတာ့ဘူး"

အေရးေပၚကားေပၚ၌ ရိပ္၏ မ်က္ႏွာတစ္ခုလုံး ျဖဴစုတ္လာကာ ႏႈတ္ခမ္းေတြလည္း ျပာႏွမ္းလာသည္။ ရိပ္ သူ႕လက္ေတြကို ျဖစ္ညွစ္ထားသည္မွာ ရိပ္ နာက်င္မႈကို ဘယ္ေလာက္ထိမ်ား ခံစားေနရမလဲဆိုတာ သူ စိတ္မေကာင္းစြာသာ ေျခမကိုင္မိ လက္မကိုင္မိ ၾကည့္ေနရသည္။

"ခဏေလးပဲ ထပ္ေတာင့္ထားေပးေနာ္၊ ကိုကို ရွိတယ္၊ ေဒါက္တာလည္း ရွိတယ္"

ေဆး႐ုံ၏ ခြဲခန္းသို႔ သြားရာလမ္းတေလွ်ာက္၌ ရိပ္ သူ႕လက္ကိုပင္ ထပ္မဆုပ္နိုင္ေတာ့ဘဲ ႏႈတ္ခမ္းေတြကိုသာ ဖိကိုက္ထားကာ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ က်ဆင္းေနတာကို ေတဇ ရင္ကြဲစြာ ျမင္ေနရသည္။

ခြဲခန္းထဲ ဝင္ေတာ့မည့္ အခ်ိန္၌မူ ေတဇ ရိပ္၏လက္ကို အတင္းျပန္ဆြဲထားမိသြားတာမို႔ ေဒါက္တာ သူ႕အား အျမန္လႊတ္ေတာ့ဖို႔ ဆူလာ၏။

အခုလႊတ္လိုက္ရျခင္းက ရိပ္လက္ကို အၿပီးလႊတ္လိုက္ရျခင္းမျဖစ္ေစဖို႔ ေတဇ ခြဲခန္းေရွ႕၌ ထိတ္လန႔္ျခင္းမ်ားစြာျဖင့္ ဆုေတာင္းေနမိသည္။

"အူဝဲ. .အူဝဲ"

ေတဇ၏ နား႐ြက္မ်ား ေထာင္တက္သြား၏။ ခြဲခန္းတံခါးနား ေျပးကပ္လိုက္မိ၏။ စကၠန႔္တိုင္းက သူ႕ႏွလုံးအိမ္ကို ျပင္းျပင္းထန္ထန္ ခုန္ေပါက္လႈပ္ရွားေနေစတာမို႔ ေတဇ ကတုန္ကယင္ ျဖစ္လာသည္။ ကေလးငိုသံေတြ ဆက္တိုက္ၾကားေနရခ်ိန္၌ သူ႕ႏွလုံးခုန္ႏႈန္းေတြ မတရားျမန္ေနသည့္အထိ စိတ္လႈပ္ရွားေနခဲ့သည္။

နာရီအေတာ္ၾကာၿပီးမွ ေဒါက္တာ ျပန္ထြက္လာတာကို ေတဇ ျမင္လိုက္ရသည္။ mask ခြၽတ္လိုက္သည့္ ‌ေဒါက္တာ့အၿပဳံးကို အရင္ျမင္လိုက္ရတာက ေတဇအား ေျပာမျပတတ္ေအာင္ ခံစားမႈျဖစ္သြားေစသည္။

ရိုင္းလ္ေစတန္ ေတဇအား လက္မေထာင္ျပလိုက္ကာ-

"သားသုံးေယာက္ေရာ ရိပ္ေရာကို ကိုယ္ ကယ္နိုင္ခဲ့ၿပီ။ ကေလးေတြက ‌သတ္မွတ္ခ်ိန္ထက္ ေတာ္ေတာ္ေစာၿပီး ထြက္လာၾကေပမယ့္ အကုန္လုံး ေပါင္ျပည့္တယ္၊ ေျခလက္အဂၤါစုံတယ္။ ရိပ္ကေတာ့ ဒီတစ္ရက္လုံး ‌သတိျပန္မလည္လာေသးတာ ျဖစ္နိုင္လို႔ စိတ္မပူနဲ႕၊ သူ အရမ္းပင္ပန္းသြားတာ၊ သူ အသက္ရွင္ခ်င္စိတ္ ျပင္းျပေနတာက ဒီလြန္ဆြဲပြဲမွာ ကိုယ္ သူ႕ကိုပါ ကယ္လိုက္နိုင္တာပဲ"

ေတဇ ေဒါက္တာ့လက္ကို ဆုပ္ကိုင္လိုက္ကာ ရိပ္၏အသက္က ထိုေဒါက္တာေပးသည့္ အသက္သာ ရွိေတာ့သလိုအထိ သူ ခါးက်ိဳးမတတ္ ေက်းဇူးတင္စကား ဆိုေနမိသည္။ ဆိုေနရင္းနဲ႕ မ်က္ရည္မ်ားပင္ စီးက်လာသည္။

ရိုင္းလ္ ေတဇအား ေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္ၿပီး-

"မင္းလည္း ေသခ်ာနားဦး၊ ကေလးက သုံး‌ေယာက္ေတာင္ဆိုေတာ့ မင္းေတာ့ ေတာက္ေလွ်ာက္ပင္ပန္းရမွာ ကိုယ္ ျမင္ေနတယ္၊ ကိုယ္ အခု မင္းကို တကယ္ အားက်မိသြားတာ။ မိသားစုေတြ ေပ်ာ္႐ႊင္ရဖို႔ ကိုယ္ ေလးေလးနက္နက္ ဆုေတာင္းေပးပါတယ္"

ရိုင္းလ္ စကားအရမ္းမရွည္ေတာ့ဘဲ ေတဇလည္း သူ႕ကေလးေတြကို ၾကည့္ခ်င္ေနေလာက္မွာမို႔ ႏႈတ္ဆက္ခဲ့လိုက္သည္။ ညသန္းေခါင္ေက်ာ္ႀကီး ထြက္လာခဲ့ရတာေၾကာင့္ တာဝန္က် ညေစာင့္ဆရာေတြကို ေသခ်ာအပ္ခဲ့ၿပီးခ်ိန္၌ ေခတၱရာကို သူ ညအိပ္ တစ္ေယာက္တည္းထားခဲ့ရတာမို႔ ေဆး႐ုံမွ အျမန္ျပန္ထြက္လာခဲ့သည္။

ေဆးေရာကုတတ္ရဲ႕လားဟု ေမးတတ္သည့္ ေခတၱရာကို သူ ရိပ္ကို ကယ္တင္နိုင္ခဲ့ေၾကာင္း ဖုန္းလွမ္းဆက္လိုက္၏။ ဒီအခ်ိန္ထိ လာဗင္ဒါနံ႕ေတြရမွ စိတ္ၿငိမ္းခ်မ္းစြာျဖင့္ အိပ္ေပ်ာ္တတ္သည့္ ေခတၱရာကို ရိုင္းလ္ ညဖက္ေတြ တစ္ေယာက္တည္း မထားခဲ့ဖူးေသး၊ ထားခဲ့ရမွာလည္း စိတ္မခ်တာမို႔ အခုလို အေရးေပၚလူနာရွိခ်ိန္ကလြဲရင္ ညဖက္ လူနာ မၾကည့္တတ္ပါေပ။

-----------------

အေရးေပၚခန္းထဲရွိ စက္သံေတြၾကား၌ ေဖ်ာ့ေတာ့စြာ လွဲေလ်ာင္းေနသည့္ ရိပ္အား ေတဇ မ်က္ေတာင္မခတ္ ထိုင္ေငးေနရင္း ရိပ္ ျပန္နိုးလာမည့္အခ်ိန္ကို ေစာင့္ေနသည္။

ေတဇ သူ႕သားေလးေတြကို ၾကည့္ၿပီးၿပီျဖစ္ကာ သားေလးေတြက လူ႕ေလာကထဲ ေရာက္လာကတည္းက အားမာန္အျပည့္နဲ႕ ျဖစ္ေနၾကသည့္အလား ၿပဲၿပဲလန္ေအာင္ ငိုေနၾကသည္။ သုံးေယာက္လုံးက သူ႕လက္ထဲမွာ တၿပိဳင္တည္း ဆန႔္ေအာင္အထိ ေပါက္စနေလးေတြျဖစ္ေသာ္လည္း အခ်င္းခ်င္း ကန္ေက်ာက္ရင္း ေသာင္းက်န္းေနၾကသည္။ အခုေတာ့ လူဆိုးေလးေတြ ျပန္အိပ္ေပ်ာ္သြားၿပီျဖစ္သည္။

"ကိုကို႔ကေလးေလး နိုးလာၿပီလား"

ရိပ္၏ မ်က္လုံးမ်ား ခ်က္ခ်င္းပြင့္မလာေသးနိုင္ခ်ိန္ သူ႕ႏွာေခါင္းဝ၌ အေမႊးနံ႕ကို အရင္ဆုံး ရလိုက္ၿပီး ကိုကို႔အသံကို ပထမဆုံး ၾကားလိုက္သည္။

မ်က္လုံးဖြင့္လိုက္နိုင္ခ်ိန္၌ ကိုကို႔သူ႕ေရွ႕ ခရမ္းေရာင္ လာဗင္ဒါပန္းစည္းေလး ထိုးျပလာၿပီး-

"ကိုကို႔ရင္ေသြးေလးေတြကို က်န္းက်န္းမာမာ ေမြးဖြားေပးခဲ့တဲ့ ကိုကို႔ရိပ္က‌ေလးအတြက္ ဂုဏ္ျပဳပန္းစည္း"

သူ သိခ်င္သည့္ သားေလးေတြအေၾကာင္း အရင္ဆုံး ၾကားလိုက္ရၿပီမို႔ ရိပ္ ႏြမ္းလ်စြာ ၿပဳံးမိသြား၏။

"ဒါ အစ္ကိုေရး ေပးတာမလား"

ကိုကို ၿပဳံးစိစိလုပ္ျပကာ ေခါင္းညိတ္ျပသည္။ လာဗင္ဒါကို ျမင္တာနဲ႕တင္ ေဒါက္တာတို႔ကို တြဲျမင္မိသည့္အထိ ရိပ္ ခန႔္မွန္းနိုင္ၿပီျဖစ္၏။

"ကိုကိုေရာ ကြၽန္ေတာ့္ကို ဘာမွမေပးဘူးလား"

ကိုကို သူ႕အား မ်က္စပစ္ျပရာ ေနရာသို႔ ရိပ္ ျဖည္းညွင္းစြာ ေခါင္းလွည့္ၾကည့္လိုက္သည္။ နံရံေပၚ၌ ကိုကို သူ႕အား ကေလးေလးေတြကို ေမြးထုတ္ေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း စာလုံးလွလွေလးေတြ ကပ္ထားတာ ျမင္လိုက္ရခ်ိန္ ရိပ္ ေက်နပ္စြာ ၿပဳံးလိုက္မိသည္။

"ကိုကို႔သားေလးေတြကို ကြၽန္ေတာ္ ၾကည့္ခ်င္တယ္"

ကိုကို သူ႕ကို ေခါင္းညိတ္ျပကာ သူ႕လည္ပင္းထက္သို႔ ကိုကို႔မ်က္ႏွာအပ္လာၿပီး အရင္ေမႊးၾကဴလာသည္။

"ကိုကို ဆရာမေတြကို ေျပာၿပီး ေခၚလာခဲ့မယ္၊ လွဲေနဦး၊ ဗိုက္ကခ်ဳပ္ရိုးကို ခိုက္မိဦးမယ္"

ေတဇ ဆရာမေတြကို ရိပ္သတိရလာ‌ေၾကာင္း လွမ္းအေၾကာင္းၾကားလိုက္ၿပီး ရိပ္၏အေျခအေနက စိတ္ခ်ရၿပီဆိုမွ ကေလးေတြကို ရိပ္လက္ထဲသို႔ ေခၚလာေပးရသည္။

သားအႀကီးႏွစ္ေယာက္ကို ရိပ္ေဘးသို႔ အရင္ခ်ေပးလိုက္ကာ အငယ္ေလးကိုေတာ့ ေတဇ ခ်ီထားလိုက္သည္။

ရိပ္ သူ႕လက္ထဲေရာက္လာသည့္ ေပါက္စေလးေတြကို အသည္းယားစြာ ၾကည့္ေနရင္း-

"သားေတြက ကိုကိုနဲ႕ တူတယ္၊ အံ့ဩစရာေကာင္းလိုက္တာ၊ ေမြးေပးတဲ့ ကြၽန္ေတာ္နဲ႕က် တစ္ေယာက္မွလည္း မတူဘူး"

"ဟက္၊ ရိပ္က ကပ္ေပးထားတဲ့ ကိုယ့္ပုံကိုယ္မၾကည့္ဘဲ ကိုကို႔မ်က္ႏွာကိုပဲ လိုက္ၾကည့္ေနတာကိုး"

ရိပ္ ၿပဳံးစစျဖင့္ ကိုကို႔လက္ထဲက အငယ္ေလးကိုပါ လိုက္ၾကည့္ေနရင္း မ်က္လုံးေတာင္မပြင့္သည့္ သားသုံးေယာက္ကို ခ်စ္မဝျဖစ္ေန၏။ သားေတြကို စိတ္ရွိလက္ရွိ ျဖစ္ညွစ္ပစ္လိုက္ရင္း တအား ဖိနမ္းပစ္ခ်င္ေန၏။

---------------

သူ႕ဗိုက္က ခ်ဳပ္ရိုးစိတ္မခ်ရေသးတာမို႔ ရိပ္ ေဆး႐ုံမဆင္းရေသးေပ။ သားေလးေတြက နို႔ဘူးမႀကိဳက္လို႔လား မသိ၊ နို႔ေသာက္ခ်ိန္တိုင္း ၾကဴၾကဴပါေအာင္ ငိုသည္။ အမႊာေတြမို႔လား မေျပာတတ္၊ ငိုရင္လည္း ၿပိဳင္တူ ေအာ္ငိုတတ္တာမို႔ သူနဲ႕ကိုကို ဘယ္သူ႕ကို ဘယ္လို စေခ်ာ့ရမလဲမသိ ျဖစ္ရ၏။

ကုတင္ေပၚ၌ထိုင္ရင္း အငယ္ဆုံးေလးကို နို႔ဘူးတိုက္ေနသည့္ ရိပ္တစ္ေယာက္ ကိုကို သားအႀကီးႏွစ္ေယာက္ကို တၿပိဳင္တည္းခ်ီၿပီး ေခ်ာ့ေနရတာကို စိတ္မခ်စြာ လွမ္းလွမ္းၾကည့္ေနရသည္။

သုံးေယာက္လုံးကို တၿပိဳင္တည္း ထိန္းရတာ သူတို႔အတြက္ မလြယ္ကူမွန္း သိလိုက္ေသာ္လည္း သားေလးေတြ အခုလို က်န္းမာစြာ အျပင္ေရာက္လာတာနဲ႕တင္ ရိပ္ သူ႕တစ္ဘဝလုံး ပင္ပန္းရေတာ့မည္ဆိုရင္ေတာင္မွ ေပ်ာ္ေပ်ာ္ႀကီး အပင္ပန္းခံမွာပင္။

ကေလးေတြကို ဆရာမေတြ ျပန္လာေခၚသြားခ်ိန္၌ သူတို႔ႏွစ္ေယာက္ ခဏနားရသည္။ ကိုကိုကေတာ့ ေတာ္ေတာ္ေလး ပန္းသြားသည့္အလား ဆိုဖာေပၚမွာပင္ အိပ္ေပ်ာ္သြားသည္။

ရိပ္ ကုတင္ေအာက္ အသာဆင္းလိုက္ကာ ကိုကို႔ရင္ဘတ္ေပၚ ေစာင္လာၿခဳံေပးလိုက္ၿပီး ဆရာမေတြေနာက္ ပါသြားသည့္ သားေလးေတြကို စိတ္မခ်လိဳ႕ လိုက္ၾကည့္မိ၏။ ပုခက္ထဲ၌ ေျခကားယား လက္ကားယားေလးေတြျဖင့္ အိပ္ေနေသာ သားေလးေတြကို ၾကည့္မဝျဖစ္ကာ ရပ္ၾကည့္ရင္း ၾကည္ႏူးေနမိသည္။

သူ အခုခ်ိန္၌ ေျပာမျပတတ္ေအာင္အထိ အလြန္ေပ်ာ္႐ႊင္လ်က္ရွိတာမို႔ ကိုကို႔အတြက္ သူ အခုလိုပဲ ေနာက္ထပ္ ကေလးေလးေတြ အမ်ားႀကီး ထပ္ေမြးေပးခ်င္စိတ္မ်ား တဖြားဖြား ေပၚေပါက္ေနေပသည္။

________________________

30.1.2024

Continue Reading

You'll Also Like

103K 3.7K 44
ရေစက် ဆိုတာကိုယုံကြလား အထူးသဖြင့်ကောင်လေးနှစ်ယောက်ကြားက ရေစက်....။ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။
94.3K 827 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
170K 5.9K 21
တောဓလေ့ကိုမှ အလောင်မကြိုက်ဘူး ချိုချိုလေးပဲဖတ်ချင်ရင်ဒါလေးဖတ်ကြည့်ပါ 💛 ဖိုးသောကြာ + ထက်မင်းသက် 💛