မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...

By Zphoowai

373K 19.4K 2.4K

Redflag- Beauty M-preg More

Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Emergency foods
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)

အပိုင်း (၁၈)

5.1K 357 25
By Zphoowai

{Unicode}


... တစ်ဦးစနေက အရမ်းခိုက်တယ်လို့ပဲ ကြားဖူးတာ..
အခုတော့ ကိုယ့်ကို ရူးနေအောင် လုပ်နေတာက..
ကြာသပတေးနံလေး...။

***

(N- စာကြောင်းကို နုစေချင်လို့နော်... တော်ကြာ စနေသခင်ကြီးတွေက ငါတို့က ဘာလုပ်နေလဲ လာပြောမှာစိုးလို့...🙃)

***

ဒီနေ့...

ပျိုးငယ်လေး ပိတ်ရက် ကုန်လို့ ဟိုကို ပြန်ရမယ့် နေ့ပင် ဖြစ်သည်...။ ပျိုးငယ်အတွက် လိုအပ်သည်များကို ပျိုးငယ်လေး သိမ်းတာမျိုးက ရှားသည်...။

အခုလဲ ပျိုးငယ်လေးက ငဦးရဲ့ အဝတ်အစားများနှင့် အိပ်ရာက စောင်ကအစ လျှော်ဖွပ်ပေးပြီး ခြောက်အောင် အဝတ်လှန်းပေးနေတာ ဖြစ်သည်...။

ငဦးကတော့ ဒီနေ့ နည်းနည်း အလုပ်များနေသည်...။ မြို့က သူအသိများနှင့် အလုပ်ရှုပ်နေတာပင်...။ ဒါပေမယ့် ငဦး အကြည့်များက ပျိုးငယ် သွားရာနောက်ပင် လိုက်ကြည့်နေသည်....။

ပျိုးငယ်လေးဆိုသည်မှာလည်း စိတ်မချချင်စရာပင်...။ ရေချိုးပြီးကာစမို့ သစ်လွင်မှုအပြည့် မွှေးပျံ့နေသည်...။

ပုလဲနှစ်ရောင် ထ နေသည့် ပါးနှစ်ဖက်မှာ သနပ်ခါးဝါဝါလေးက မခြောက်တစ်ခြောက်နဲ့ တင်ကျန်နေသည်...။ ခေါင်းလျှော်ပြီးကာစမို့ ရှည်လျားနေသည့် ဆံပင်များကို ဒီအတိုင်း ကျောပြင်၌ ချထားသည်...။

မိမိလည်း သားဖြစ်သူ အဖြစ်အပျက်ကို မမြင်နိုင်သည့် အဆုံးမှာတော့... အငယ်လေးရှိရာသို့ သွားလိုက်ပြီး...

"ပျိုးငယ်... အငယ်လေး..."

"ဟုတ်ကဲ့ အရီးလေး..."

"ငဦး မသိခင် ပြန်သွားမလားဟင်? အရီးလေး စီစဥ်ပေးမယ်...။ ငဦးကို တစ်ခြားနေရာကို လွှတ်လိုက်မယ်..."

အရီးလေးရဲ့ ထိုစကားအဆုံးမှာတော့ ကျွန်တော် အရီးလေးကို အံ့သြစွာ ကြည့်လိုက်မိသည်...။

အရီးလေးက သားဖြစ်သူရဲ့ အမူအရာ အကုန်လုံးကို အသိဆုံးပင်...။ အခါတိုင်း သားအနား မခွာဖို့ ပျိုးငယ်ကို ပြောပေမယ့် အခုက ဘာဖြစ်လို့...

"ငဦးကို မင်းသိတယ် မလား? အငယ်လေး... မင်းကို သူဘယ်လို ပို့ပေးမယ်ဆိုတာ သူ့အတွေးထဲ ဘယ်လောက်အထိ စိုးမိုးနေမယ်မှန်းတောင် မသိဘူး...။ သူ မသိအောင် ပြန်လိုက်တာက ပိုအဆင်ပြေမယ် ထင်တယ်... အငယ်လေး..."

မဟုတ်သေးပါ...
ထိုအကြောင်းအရာက လုံးဝမဖြစ်နိုင်ရာ...
အစ်ကို့အကြောင်းကို မသိတာလဲ မဟုတ်...။ အစ်ကို့ကို အဲ့လို အသိမပေးဘဲ ပြန်သွားရင် ဖြစ်လာမယ့် အကျိုးဆက်က ဘယ်လိုတောင် ဆိုးမလဲ မသိ....။

"အစ်ကို့ဆီက ခွင့်ပြုချက်က အရေးကြီးပါတယ်... အရီးလေး...။ အစ်ကို့ခွင့်ပြုချက်မရဘဲ ပျိုးငယ် ဘယ်ကိုမှ မသွားချင်သလို သွားလည်း မသွားနိုင်ပါဘူး...။"

"အင်း... ဒီကလေးတွေနဲ့တော့ ခက်တော့တာပါပဲ...။"

ကျွန်တော်လည်း အစ်ကိုရှိနေသည့် နေရာကို လှမ်းကြည့်နေရင်းမှ ​ပြုံးပြလိုက်မိသည်။ အစ်ကို့မျက်နှာကတော့ ပုံမှန်အတိုင်းသာ စူးစိုက်တည်လျက်...။

"မေရီ... အရီး..."

မကြာမီပင် အိမ်ဝိုင်းထဲသို့ ဆေးအိတ်ကိုင်ကာ ရောက်လာသည့်သူ...။

"ဟေ... သြော်...ဆရာလေးလား? လာလာ... အရီးလေးက စောင့်နေတာ...။ ဒီရက်ပိုင်း ဘယ်တွေ ပျောက်နေတာလဲ? အိမ်ကိုတောင် သိပ်မလာတော့ပဲနေနေတာ..."

အရီးလေးကတော့ အသံတစ်ခုနောက်မှာ အိမ်ထဲသို့ ဝင်လာသည့် တစ်စုံတစ်ယောက်ကို သွားကာ ကြိုလေသည်...။

ထိုသူကတော့ ဆေးအိတ်ကို ယူကာ အရီးလေး နံဘေးမှ ယှဥ်လျက်...။
ထိုသူ... ထိုသူက ဒီနယ်မှာ တာဝန်ကျတဲ့ မင်းမျိုးနွယ်ဆိုသည့် ကျန်းမာရေးမှူး ဒေါက်တာပင်....။

ထိုသူက ကျွန်တော် ရှိနေသည့် မီးဖိုချောင်ဘက်ကို တစ်ချက်ကြည့်လာတော့ ကျွန်တော်လည်း ပြုံးပြလိုက်မိသည်....။ သူကတော့ ပြန်ပြီး ပြုံးပြလာပေမယ့် သူ့အပြုံးက ကျွန်တော့်စိတ်ထဲ ဘာလို့ စိတ်ပါလက်ပါ မရှိတာလည်း မသိတော့...။ ကျွန်တော့်စိတ်ထင်ပဲလား မသိ...။

သူက အစ်ကိုနှင့် တောထဲကို ဟင်းရွက်ခူးဖို့ ဆိုသည့် အနေအထားတစ်ခုက ခေါင်းထဲ တဝဲလည်လည် ရောက်လာချိန်မှာတော့ ကျွန်တော့်စိတ်ထဲ သံသယတို့....။

အစ်ကို့ဘက်ကို လှမ်းကြည့်မိတော့ အစ်ကိုက သာမန်အတိုင်း ထိုင်လျက်ရှိနေတုန်းပင်...။

ကျွန်တော်က အစ်ကို့ကို ကြည့်နေဆဲပင် အစ်ကိုက ကျွန်တော့်ဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းလာသည်...။ ကျွန်တော်လည်း ကျွန်တော့်ဆီ လျှောက်လာသည့် အစ်ကို့ကို ပြုံးကာ ကြည့်နေမိသည်....။

အစ်ကိုကတော့ ကျွန်တော့်အနားသို့ ရောက်လာသည်နှင့် ကျွန်တော့်ကို ပွေ့သိမ်းကာ ဖက်လာသည်...။ ကျွန်တော့်နားထင်ဘက်သို့ နှာခေါင်းဖြင့် တို့ထိ နမ်းရှိုက်သည်....။ သန်မာနေသည့် သူ့လက်တို့က ကျွန်တော့်ကို တင်းကြပ်စွာ ပိုက်ပွေ့ကာ ဖက်ထားသည်...။

"ငဦးရေ... သားရေ... အကြောဆေး သွင်းမယ်ဆို... လာလေ...။"

ထိုအချိန်မှာတော့ အစ်ကိုက မကြားချင်ယောင်ဆောင်နေပေမယ့် ကျွန်တော်ကတော့ အစ်ကို့အခြေအနေကို တစ်ချက်ကြည့်ပြီး...

"အစ်ကို... အရီး ခေါ်နေတယ်... အစ်ကို အကြောဆေး သွင်းမယ်လေနော်...။"

".... မလိုဘူး..."

အစ်ကိုက ခေါင်းကို ဘယ်ညာခါရမ်းကာ ပြောလာသည်...။ ကျွန်တော်ကတော့ ကျန်တာထက် အစ်ကို့အခြေအနေတွေကို တစ်ချက်ကြည့်ပြီး စိတ်ပူသည်မို့...

"ပျိုးငယ်ပါ... လိုက်ခဲ့ပေးမယ်လေနော်...။ ပျိုးငယ်က အစ်ကို့ကို စိတ်ပူလို့ ပြောတာကို...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို စေ့စေ့စိုက်ကာပင် ကြည့်လာသည်...။ ထို့နောက် ကျွန်တော့်နဖူးကို နောက်တစ်ကြိမ် နမ်းရှိုက်လာရင်းမှ... ခေါင်းကို ညိမ့်သည်...။

ကျွန်တော်လည်း အစ်ကို့ကို ခေါ်ကာ ဧည့်ခန်းက အရီးလေးနှင့်အတူ ဆရာဝန် ရှိရာသို့...။ စိတ်ထင်၍ပဲလား မသိ... ကျွန်တော်နှင့် အစ်ကို လျှောက်လာသည်ကို ထိုဆရာဝန် အကြည့်များက တစ်ဦးတစ်ယောက်အပေါ်မှာပဲ ရပ်တန့်နေခဲ့သည်...။

ကျွန်တော်နှင့်အစ်ကိုလည်း ဘာမှမပြောတော့ဘဲ အစ်ကိုအကြောဆေးသွင်းဖို့ ပြင်မိသည်...။ အစ်ကိုက ကုလားထိုင်တစ်လုံးပေါ်ကို ထိုင်ကာ ရှိသည်...။

ကျွန်တော့်ကိုတော့ ထုံးစံအတိုင်း ရင်ခွင်ထဲထည့်ကာ ရှိနေသည်...။ အကြောဆေးသွင်းမယ့် သူ့လက်တစ်ဖက်ကို ထိုဆရာဝန် ရှိရာဘက်သို့ ဆန့်တန်းလိုက်ပြီး သူ့အကြည့်၊ သူ့အာရုံများက ကျွန်တော့်ဘက်သို့....။

"ထမင်းစားမဝင်... အိပ်မပျော်တာမျိုးလား? ပုံမှန်အကျင့်လား? ဒီရက်ပိုင်းမှ ဖြစ်နေတာလား?"

ဆရာဝန်က သွေးပေါင်ချိန်ကာ ရှိနေရင်းမှ ပြောလာသည်...။

ထိုအချိန်မှာတော့ အစ်ကိုက ကြားဟန်မပြုဘဲ ဖြေမလာချိန်မှာ အရီးလေးကတော့....

"အခုမှ... အခုမှ ပြောကို မပြောချင်ဘူး...။ တစ်စုံတစ်ငယ်ကြောင့်လေ... ဟင်းဟင်း..."

အရီးလေးက ဟာသအရွှန်းဖောက်ကာ ပြောလေတော့ ထိုဆရာဝန်ဆိုသည့်သူမှာ စိတ်ထင်၍ပဲလား မသိ... လှိုက်လှဲစွာ ရယ်မောတာမျိုးမရှိ...။ နေပါဦး... သူက အဲ့လိုတည်ကြည်တတ်သည့် သူမျိုးလား?

"ဒါဆိုရင်တော့ ညဘက်ဆိုရင် စောစောအိပ်ပြီး အစာကို ပုံမှန်စားပေးရင် ရပါတယ်...။ မဟုတ်ရင်... ဒီလိုပုံစံက ကြာရင် စိတ်ပိုင်းပါ ထိခိုက်သွားမယ့် အနေအထားမို့ပါ...။"

ဆရာဝန်က အစ်ကို့ကို သေချာမှာကြားနေပေမယ့် အစ်ကိုကတော့ ကျွန်တော့်အပေါ်မှာသာ အာရုံစိုက်လျက်...။ ကြာတော့ ထိုဆရာဝန်ရဲ့ စကားကို ကျွန်တော်က ကိုယ်စားခေါင်းကိုသာ ညိမ့်ပြမိလိုက်သည်....။

ခဏအကြာမှာတော့... အကြောဆေး သွင်းလို့ ပြီးသွားချိန်မှာ အစ်ကိုက ကျွန်တော့်ကို ခေါ်ကာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေနိုင်မယ့် နေရာသို့...။

ထုံးစံအတိုင်း ဆန်ကြိတ်စက် နံဘေးက ဆိတ်ဖလူးပန်းပင်အောက်ပင် ဖြစ်သည်...။ ထိုအပြင်မှာတော့ ဆိတ်ဖလူးပန်းတွေက ရိုးတံမှ တဖြုတ်ဖြုတ် ကြွေကျနေသည်...။

ကျွန်တော်လည်း ထုံးစံအတိုင်း အစ်ကို့ရင်ခွင်ထဲမှာ မှေးခိုရင်း ထိုပန်းပွင့်များကို လက်လှမ်းမိသလောက် လှမ်းကောက်နေမိသည်...။

"အစ်ကို.. ဒီဆိတ်ဖလူးပန်းလေးရဲ့ အဓိပ္ပါယ်ကို သိလားဟင်?"

ထိုအချိန်မှာတော့ အစ်ကိုက ခေါင်းကို ခါရမ်းကာ ပြလာသည်...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့လက်ဖဝါးထဲသို့ ပန်းပွင့်များကို ထည့်ပေးလိုက်ရင်းမှ...

"ဒီဆိတ်ဖလူးပန်းလေးတွေရဲ့ အဓိပ္ပါယ် ချစ်လွန်းလို့ ရူးတော့မယ်တဲ့လေ..."(crd®)

ထိုအချိန်မှာတော့ အစ်ကိုက သူ့လက်ထဲမှ ပန်းပွင့်များကို ငေးကာ ကြည့်နေသည်...။ ခဏအကြာမှာတော့ အစ်ကိုက သူ့လက်ထဲမှ ဆိတ်ဖလူးပန်းတစ်ပွင့်ကို ကျွန်တော့်နားမှာ ညှပ်ကာ ပန်ပေးလာသည်...။

ကျွန်တော်လည်း အစ်ကို့လက်မောင်းမှာတော့ အကြောဆေးသွင်းထားသည့် နေရာက သွေးမစို့ ပိုးမဝင်စေဖို့အတွက် ထင်သည်... ဂွမ်းနုနုနှင့်အတူ ဆေးတိပ်...။

ထိုအရာကို မြင်မိတော့ ကျွန်တော်လည်း တစ်စုံတစ်ရာကို စဥ်းစားမိပြီးသည့်နောက်...

"အစ်ကို..."

"အင်း..."

အစ်ကိုကတော့ မပွင့်တပွင့် ထူးလာလေပြီ...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း...

"တကယ်လို့ ပျိုးငယ်သာ အစ်ကို့ဘဝထဲ မရောက်ခဲ့ဘူးဆိုရင်... အခုချိန်လောက်ဆိုရင် အစ်ကို သဘောကျမယ့် လူကို ရှာတွေ့နေပြီ ထင်လားဟင်?"

ထိုအချိန်မှာတော့ တစ်ချိန်လုံး အတွေးတစ်ခုဖြင့်သာ ရှိနေသည့် အစ်ကိုက ကျွန်တော့်အပေါ်သို့ အလုံးစုံသော အာရုံစိုက်မှုတွေအဖြစ်... မျက်မှောင်ကျုံ့နေသည့် အကြည့်စူးစူးတွေ....

"ဘယ်လို အဓိပ္ပာယ်နဲ့မှ မဟုတ်ပါဘူး... ဒီအတိုင်း ပျိုးငယ် သိချင်ရုံနဲ့ပါ...။ အစ်ကို မဖြေချင်ရင်လည်း ရပါတယ်....။"

အစ်ကို စိတ်ဆိုးမှာစိုး၍ စကားကို ဖြေလျှော့လိုက်ချိန်မှာတော့...

"ပျိုးပင်ငယ်... မင်းကို မတွေ့ခင်အချိန်အထိ... ငါ ဘယ်အရာကိုမှ တပ်မက်စွဲလမ်းပြီး လိုချင်ခဲ့ဖူးတာ မရှိဘူး...။ မင်း တစ်ယောက်တည်းကိုပဲ ငါမရရင်တောင် အဆုံးသတ်ပေးဖို့ သတ်ပစ်ဖို့လောက်... စဥ်းစားခဲ့တဲ့သူ...။"

"........"

"ငါ့အတွေးအကုန်လုံးက မင်းဆီမှာပဲ... မင်းကြောင့်နဲ့ ရူးမတတ်ဖြစ်နေတဲ့သူကို မင်းမရိပ်မိတာလား ပျိုးငယ်...။"

"မဟုတ်ပါဘူး... ပျိုးငယ်က ဘာသဘောမျိုးနဲ့မှ မဟုတ်ဘဲ မေးလိုက်တာပါ...။ တောင်းပန်ပါတယ်နော်...။ ပြီးတော့ ပျိုးငယ် အမြင်ထဲမှာ အစ်ကို့ပုံစံက အရမ်းကြီး ကြည့်ကောင်းနေတာကြောင့်ရော မေးလိုက်မိတာပါ...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ကြည့်လာပြီး...

"အင်း... ငါ့ကို ကြိုက်သလောက် သဘောကျလို့ ရတယ်...။ ဒါပေမယ့် မင်းရဲ့ အဲ့ဒီအကြည့်တွေက အခြားတစ်ယောက်အပေါ် ရှိနေခဲ့ရင်တော့ မင်းမျက်လုံးတွေကို ငါကိုယ်တိုင် နှိုက်ထုတ်ပစ်မယ်...။"

"........."

အစ်ကို့စကားလုံးများကြောင့် ပျိုးငယ်လည်း ဘာမှမတွေးနိုင်တော့ဘဲ အစ်ကို့ကိုသာ ငေးကြည့်နေမိတော့သည်....။

နေ့လည်ပိုင်း..

အချိန်က တဖြည်းဖြည်း နီးလာချိန်မှာတော့ ကျွန်တော်လည်း ကျောင်းတက်ဖို့ ပြန်ရတော့မည် ဖြစ်သည်...။ ပြန်ဖို့ အချိန်နီးကပ်လေ အစ်ကို့ပုံစံက ပိုပြီး အတွေးများဖြင့် တိတ်ဆိတ်သွားလေ ဖြစ်သည်...။

အစ်ကို့ရဲ့ ထိုပုံစံကို မြင်ရတာမျိုးက ကျွန်တော့်ကို လုံးဝစိတ်မချမ်းသာဖြစ်စေသည်...။

"အငယ်လေး... ပစ္စည်းတွေက အရီးလေး သိမ်းလိုက်မယ်...။ အဲ့ဒါထက် ငဦးကို ပြင်ခိုင်းဦး...။ ဟိုမှာ မနက်ကတည်းက ဒီအတိုင်း ဆေးလိပ်သောက်ပြီး အတွေး စတွေနဲ့ ဆေးလိပ်သောက်နေတာ...။"

"ဟုတ်ကဲ့ပါ... အရီးလေး ပျိုးငယ် သွားပြောလိုက်ပါ့မယ်...။"

ထို့နောက် အစ်ကိုရှိနေသည့် နေရာသို့သာ လှမ်းလာမိတော့သည်....။ အစ်ကိုကတော့ အတွေးစများဖြင့် ရှိနေသည့်တိုင် ကျွန်တော် သူ့ဆီသွားသည့်အချိန်မှာတော့ လှိုက်လှဲစွာပင်....။

"အစ်ကို... ပျိုးငယ်တို့ ညနေ ၃နာရီ မတီးခင် ပြန်ရမှာ...။ အဲ့ဒါ အစ်ကိုပြင်တော့နော်...။

"........"

ထိုအချိန်မှာတော့ အစ်ကိုက ဘာစကားမှမဆိုဘဲ ကျွန်တော့်လက်ကို ဆွဲကာ အိမ်ပေါ်သို့...။

အိမ်ပေါ်သို့ ရောက်ရှိချိန်မှာတော့ ဘုရားခန်းနံဘေးကျော်ကျော်မှ လေသာပြတင်းရှိရာသို့...။ အစ်ကိုက ထုံးစံအတိုင်း သူ့ရင်ခွင်ထဲ ထည့်ကာ တင်းကြပ်နေအောင် ဖက်ထားသည်...။

ထို့နောက် ကျွန်တော့်ခြေထောက်နှစ်ဖက်လုံးက အစ်ကို့ရဲ့ ခြေထောက်ကြီးကြီး နှစ်ဖက်အကြားမှာ ရှိနေသည်...။

"ပျိုးငယ်..."

"ဟုတ်ကဲ့ အစ်ကို...။"

"ငါက မင်းမျက်နှာကို တကယ်ဆွဲခွာအောင် လုပ်နေတာလား...."

"ဟင်? ဘာကို ပြောတာလဲ အစ်ကို..."

"ဒါတွေ... ဒီအရာတွေက... ငါတစ်ယောက်တည်းပဲ အတွက်လေ...။ ဘာလို့ အကုန်လုံးကို ငါမရှိနိုင်တဲ့ အချိန်မှ သောက်ရမ်း လှအောင်ပြင်နေတာလဲ? ငါမရှိတဲ့ အချိန်မှ လှအောင် ပြင်နေတာက... ဘယ်သူ့အတွက်လဲ? မင်းကို ငါပိုင်တာတွေ... ဒီအလှတရားတွေကလည်း ငါ့အတွက်ပဲ...။ ဒါတွေကို ကြည့်ပေးဖို့ ငါတစ်ယောက်လုံး ရှိနေတယ်လေ....။"

"အစ်ကို..."

အစ်ကို့ပုံစံကြည့်ရတာ အတော်လေးကို ဆိုးဝါးနေသည့် ပုံစံပဲမို့... အစ်ကို့သူငယ်ချင်း ကျွန်တော့်ဆီကို မုန့်တွေဝယ်ပေးရင်း လာတတ်သည့် အစ်ကို့သူငယ်ချင်း ကိုကျော်ကြီး သတိရလာသည်...။ သူပြောသည့် စကားကို သွားသတိရမိသည်...။

'ကဲ... ငဦးမိန်းမ... အလှလေးရေ... ငဦးစိတ်ဆိုးရင် ကိုင်တွယ်လို့ ရမယ့် စကားတစ်ခွန်းရှိတယ်...။ ယောကျ်ားဆိုတာ ဘယ်လောက်ပဲဆိုးဆိုး... ကြိုးတပ် တတ်ဖို့ပဲ လိုတာ... သူစိတ်ဆိုးပါစေ... သူပျော်နေချိန်ပဲဖြစ်ဖြစ်... သူ့စိတ်အခြေအနေ အကုန်လုံးကို ငြိမ်ကျစေမယ့်... စကားတစ်ခွန်းရှိတယ်...။ အဲ့ဒါ ဘာလဲဆိုတော့...

~~Daddy~~ '

ဒီစကားလုံးက တကယ်ပဲ အစ်ကို့စိတ်အခြေအနေကို ပြောင်းလဲနိုင်တာမျိုးလား?
ဒီအသုံးအနှုန်းက အစ်ကို တကယ်ကြိုက်ပြီး အစ်ကို့ကို စိတ်ငြိမ်စေနိုင်မယ့် အရာတစ်ခုလား?

ကျွန်တော်လည်း စိမ်းသက်နေသော အသုံးအနှုန်းအတွက် မနည်းစိတ်ထိန်းပြီး ခေါ်လိုက်စဥ်မှာတော့...

"Daddy~~"

ထိုအချိန်မှာတော့ ဆတ်ခနဲ တုန်လှုပ်ကာ အစ်ကို့က ပျိုးငယ်ကို ကြည့်လာသည်...။ စိတ်ထင်၍ပဲလား မသိ... အစ်ကို့မေးရိုးများနှင့် လက်မှ အကြောများက ပိုပြီး ထင်လာသယောင်....

တီရှပ်က အစ်ကို့ခန္ဓာကိုယ်နှင့် မကျယ်မကျဥ်း အကိုက်ဖြစ်နေတော့ အစ်ကို့လက်မောင်းများ၏ ဖွဲ့စည်းပုံများကိုပါ မြင်နေရသည်....။

"ပျိုးပင်ငယ်..."

အစ်ကိုက ကျွန်တော့်နာမည်အပြည့်အစုံကို ရွတ်လာသည်...။ ဒီတစ်ခါ ရေရွတ်သည့် အစ်ကို့အသံက စိတ်ထင်၍ပဲလား မသိ... လေမုန်တိုင်းတစ်ခုရဲ့ အစ... သတိပေးမှု အပြည့်...

ထို့နောက် အစ်ကိုက သူ့တီရှပ်ကို လက်တစ်ဖက်မှ နောက်ကျောဘက်မှ ဆွဲမ ယူကာ ချွတ်လိုက်သည်...။

"အဲ့ဒီစကားလုံးက မင်းကို မသတ်လိုက်ဘဲ သေသွားမယ့်အထိ အန္တရာယ်ကြီးတယ် ပျိုးငယ်...။"

အစ်ကို့လို Hot blood က တည်ငြိမ်ပြီး အေးစက်သွားပေမယ့် စကားလုံးများက အန္တရာယ်ရှိနေသည်....။

အစ်ကို့စကားလုံးများနှင့် အစ်ကို့အကြည့်များက ငြိမ်ကျသွားပေမယ့် ဓားသွားတစ်ခုလိုပင်...

ဟင်...
ကျွန်တော်လည်း အံ့သြကာ အစ်ကို့အခြေအနေကို ဆန်းစစ်နေရင်းပင် အစ်ကိုက ရုတ်တရက် ကျွန်တော့်ကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့...

အခန်းထဲ ရောက်လေတော့ အစ်ကိုက အိပ်ခန်းတံခါးကို သေချာပိတ်သည်...။ ထို့နောက် ကျွန်တော့်ဘက်ကို လှည့်ကြည့်လာသည်...။

ကျွန်တော် တဘက်ပုဝါအဖြစ် အမြဲသုံးနေကျ ဖျင်ချည်သား အဖြူရောင်ပုဝါက သူ့လက်ထဲမှာ....။ ထိုပုဝါကို ကျွန်တော့်မျက်လုံးပေါ်သို့ သိုင်းချည်သည်...။ မြင်ကွင်းက အရင်ကလောက်တော့ မရှင်းလင်းပေမယ့် ဖျင်ချည်ပေါက်မှ ပြင်ပအနေအထားကို မြင်ရသေးသည်....။

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ကို မှန်ဗီရိုရှေ့၌ ကျွန်တော့်လည်တိုင်ကို သူ့လက်တစ်ဖက်ဖြင့် ညှစ်ကာ မတ်တပ်ရပ်စေသည်...။ ကျန်တစ်ဖက်ကတော့ ကျွန်တော့်လက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်တည်းပင် ချုပ်လျက်....

"မရူးသွားစေနဲ့နော်... ကလေးလေး... မင်း ဒူးတွေခြေထောက်တွေ တစ်လလောက် မရပ်နိုင်တော့အထိ..."

"........"

"Daddy က လုပ်တော့မှာမို့..."

ထိုနောက်....

Daddy's Property

ညနေ ၆နာရီ...

တစ်နာရီကျော်ကျော်လောက်ကတည်းက အိမ်ပေါ်ကို တက်သွားတာ အခုထက်ထိ ပြန်ပြီး မဆင်းလာသေး...။

ကျန်တာကိစ္စမရှိပေမယ့် ပျိုးငယ် ပြန်မယ့်အချိန်က အတော်လေးကို ကျော်လွန်နေပြီ ဖြစ်သည်...။ ပြီးတော့ ပျိုးငယ်ကို ပို့ပြီး ပြန်လာရင်လည်း အိမ်ကို ပြန်လာရင် ညနက်မည့် အရေးကြောင့် အိမ်ပေါ်သို့ တက်သွားမိသည်...။

အိမ်ပေါ်ကို အခြေအနေကြည့်ပြီး တက်ကြည့်လိုက်ပေမယ့် ပျိုးငယ်ကို မတွေ့ဘဲ လေသာပြတင်းမှာ ဆေးလိပ်သောက်နေသည့် ငဦးတစ်ယောက်တည်းကိုသာ တွေ့မိတော့ ထိပ်လန့်သွားမိသည်...။

​ခြေလှမ်းကို မြန်မြန်သွက်သွက် လှမ်းနေရင်းမှ သားဖြစ်သူ အခန်းဘက်သို့ ကြည့်လိုက်မိသည်...။

"ငဦး... ပျိုးငယ်ရော...။ ပျိုးငယ်လေး ပြန်ဖို့က နောက်ကျနေပြီလေ... လိုက်မပို့တော့ဘူးလား?"

စကားကို အနည်းငယ် အေးဆေးစွာပင် ပြောနေရင်းမှ ဆေးလိပ်သောက်နေသည့် ငဦးလက်မှ သွေးစများကို မြင်ချိန်မှာတော့ လူလည်း ထိတ်ပြာသွားကာ...

"အမလေး... ငဦး... မင်း...မင်း...။ ပျိုးငယ်က ဘယ်မှာလဲ? ပျိုးငယ်လေး ဘယ်မှာလဲလို့?"

သားဖြစ်သူကို အနည်းငယ် လှုပ်ရမ်းကာ မေးလိုက်မိသည်...။ ထိုအချိန်မှာတော့ ငဦးက ဘာမှမပြောဘဲ ဒီအတိုင်း ထိုင်နေသည်...။ ထိုအချိန်မှ မိမိလည်း တစ်စုံတစ်ရာကိုသတိရပြီး... ငဦးအခန်းရှိရာ... အပြေးအလွှား...။

"ပျိုးငယ်... ပျိုးငယ်... အငယ်လေး... အထဲမှာလား? တံခါးဖွင့်ပါဦး..."

"........."

အထဲက ဘာအသံမှ မကြားတော့ ပိုပြီး စိတ်ပူမိသည်...။ ဒုက္ခပါပဲ... ငဦးက ပေါက်တတ်ကရတွေ လုပ်နေမိထင်သည်...။

"အမေ... တံခါးကို မဖွင့်နဲ့...။ တစ်ယောက်မှ အဲ့ဒီတံခါးကို မဖွင့်နဲ့...။"

ဆေးလိပ်ကို သောက်ကာ အေးဆေးလာသည့် ငဦးပုံစံက အတော်လေးကို ကြောက်စရာကောင်းနေသည်...။ သူ့ပုံစံက အခုလို သွေးများဖြင့် တည်ငြိမ်နေလို့ ပိုပြီး ...ထိတ်လန့်နေမိသည်...။

"ငဦး... နင် ဘာတွေလုပ်နေတာလဲ? အငယ်လေးကို နင်ဘာတွေ လုပ်လိုက်ပြန်ပြီလဲ? ဟိုက နင့်အနားကို ချစ်လို့နေတဲ့သူ...။ ကြိုးက တင်းလွန်းရင် ပြတ်တတ်တယ်...။ ကြာရင် မကောင်းဘူး ငဦး...။"

ထိုအချိန်မှာတော့ ပြတင်းပေါက်မှ မြင်နေရသည့် အနေအထားအကုန်လုံးကို ကြည့်ပြီးသည်နှင့် မိမိရှိရာသို့ တဖြည်းဖြည်း....

အနားကို ရောက်လာပြီး မျက်နှာချင်းဆိုင် ကြည့်ပြီးသည့် သားဖြစ်သူ၏ အခြေအနေကိုတစ်ချက်ဆန်းစစ်မိလိုက်သည်...။

ခေါင်းမှ ဆံပင်များကို ဖြစ်သလို လက်ကြားထိုးကာ ဖွထားသည့် ဆံပင်များက ပုံမကျ ပန်းမကျဖြင့်... သူ့မျက်နှာအနီးတစ်ဝိုက်မှာ ရှုပ်ဖွာနေသည်...။

အရပ်က ရှည်သည်...။ ခန္ဓာကိုယ်က ကျစ်လစ်တောင့်တင်းနေပြီး ပျိုးငယ်နဲ့ဆို အတော်လေး ကွာသည့် အနေအထား...။

သားဖြစ်သူကတော့ အသားဝါဝါ၊ အရပ်ရှည်ရှည် ကြွက်သားများက သူ့နေရာသူ ရှိသည်။ သန်မာမှုအပြည့် အကြောများက အားမထုတ်ရဘဲ ထောင်ထနေသည်...။

မျက်ခုံးမွှေးထူထူ၊ စူးရှသော မျက်ဝန်း၊ နှာတံစင်းစင်း ၊နူတ်ခမ်းတို့က တိရိစွာ... ။ နူတ်ခမ်းမွှေးရေးရေး ၊မေးရိုးထင်ထင်ရှိသည်...။

ပျိုးငယ်လေးကတော့ ဖွေးဖွေးသေးသေး ပြည့်ပြည့်ဖြင့်ပင် လှပမှုအလုံးစုံတို့က ကဗျာတစ်ပုဒ် စုစည်းထားသည့်ဟန်...။

ပျိုးငယ်ကို ရင်ခွင်ထဲ ထည့်ပြီး သိမ်းထားချိန်ဆို သူ့ကျောပြင်ကျယ်ကျယ်ဖြင့်ပင် ကွယ်ကာ မမြင်နိုင်သည့် အနေအထား....။

ခဏ ခဏ သတ်မယ်လို့ ကြိမ်းဝါးနေသည့် သူ့လူဖြစ်သူ ပျိုးငယ်ကို သူတကယ်သတ်မယ်ဆို တကယ်ကို လက်တစ်ဖျစ်စာပဲ ဖြစ်သည်...။ ဒါကြောင့်မို့လဲ သူလက်လွန်သွားမည့် အရေးကိုသာ ကြောက်နေရတာမျိုးပင်....။

"အမေ... ကျုပ်သာ ပျိုးငယ်ကို သတ်လိုက်ရင် ဒီလိုရှိမယ်လို့ ထင်နေတာလား?"

"ဟဲ့... ဒါ...ဒါဆို မင်းလက်က သွေးတွေကရော... ဘယ်လိုဖြစ်ပြီး?"

ထိုအချိန်မှာတော့ သားဖြစ်သူက သူ့လက်မှ သွေးစများကို ကြည့်လိုက်ပြီး....

"သြော်... ဒါလား? Charging သွင်းတဲ့အချိန် အားပါသွားရင် ရလာတဲ့ side effect တွေ....။ ဘာမှမဖြစ်ဘူး အမေ... ပျိုးငယ်... ဒီနေ့ ပြန်နိုင်မှာ မဟုတ်ဘူး... မနက်ဖြန် မနက်မှ ကျွန်တော် လိုက်ပို့ပေးလိုက်မှာ...။"

"ငဦး... ဘယ်လိုလုပ်နေတာလဲ?  အငယ်လေးကို ပြန်ခွင့်ပေးလိုက်ပါ...။ မင်း အဲ့လိုကြီး ပိတ်ထားလို့ မရဘူးလေ...။ အခုက သွေး... သွေးတွေနဲ့... မင်း ဘာတွေလုပ်နေတာလဲ?"

"အမေ... ကျုပ် မပိတ်ထားလဲ သူ မပြန်နိုင်ဘူး...။ သူအနားယူဖို့ လိုတယ်..."

"ဟဲ့... ငဦး.. မင်း... ပျိုးငယ်လေးကို ဘာတွေလုပ်လိုက်သေးလဲလို့? ငဦး..."

"အမေ.. ကျုပ် ဘာသံမှ မကြားချင်တော့ဘူး..."

"နေဦး... အဲ့လိုမျိုးက-"

"ပျိုးငယ် အနားယူဖို့ လိုတယ် အမေ..."

ထိုစကားကို လှေကားမှ ဆင်းသွားသည့် သွားဖြစ်သူထံမှ လည်ပြန်ကာ ပြောလာသည့် စကားပင်...။ ဒီစကားက တကယ့်ကို နောက်ထပ်မေးခွန်းများကို မလိုလားသည့်ပုံ...။

နေပါဦး...
ချာဂျင်... ချာဂျင်ဆိုတာ ဘာလဲ?
ချာဂျင်သွင်းတာက ဘာကိုဆိုလိုတာလဲ? ချာဂျင်နဲ့ ပျိုးငယ်ဆိုတာနဲ့က ဘယ်လိုပတ်သတ်နေတာလဲ?

မိမိမှာတော့ စိတ်ထင့်နေသည့် နောက်ပိုင်း... ဘာစကားမှ မဆိုနိုင်တော့ဘဲ သူ့အခန်းဘက်သို့ ကြည့်ကာ အောက်သို့သာ ဆင်းလိုက်မိတော့သည်...။

အောက်ဘက်ရောက်တော့ သားဖြစ်သူက ဧည့်ခန်းက ကုလားထိုင်တစ်ခုပေါ် ထိုင်ကာ ဖုန်းကြည့်နေသည်...။ မိမိလည်း သားဖြစ်သူရဲ့ အခြေအနေကို လိုက်ကြည့်နေရင်းမှ...

"ငဦး..."

သူ့နာမည်ကို ခေါ်လိုက်မိတော့ ငဦးက... မိမိအား ဘာစကားမှမဆိုဘဲ ကြည့်လာသည်...။

"........."

သားဖြစ်ရဲ့ အကြည့်ကို အဓိပ္ပါယ်ဖော်နေရင်းမှ... ခေါင်းထဲ ပေါ်လာသည့် အကြောင်းအရာတစ်ခု...

"နွားစာကုန်နေပြီတဲ့...။"

ထိုအချိန်မှာတော့ သားဖြစ်သူက သူ့လက်ထဲမှ ဖုန်းကိုချကာ အားသွင်းခဲ့ပြီး အကျီ်ကို ချွတ်ကာ မြက်ထုံးများ ရှိရာသို့...။

"အမလေး..."

ကျောပြင်အပြည့် အနီရောင် အစင်းကြောင်းတွေ....

အကျီ်ကို ချွတ်ကာ နွားစားစဥ်းသည့်ဘက်ကို ရောက်ချိန်မှာတော့ ခွေယိုင်ကျကာ အသက်ရှု လမ်းစဥ်များပါ မှားနေသည့် အနေအထား...

Daddy...
Daddy ဟုတ်လား?
စနေနာမ်တွေပဲ ခိုက်တာ ကြားဖူးပါတယ်...
မင်းက ကြာသပတေးနာမ် ဖြစ်ပြီး လူကို ရူးသွပ်သွားစေတာလဲ ပျိုးငယ်...။

(N- ဟုတ်ကဲ့ ဗုဒ္ဓဟူးသား ဟူးဟူးဒိုင်းဒိုင်း ရင်ဝယ်ဦးကလည်း လူကို ရူးသွပ်အောင် အရမ်းခိုက်တာပဲ... လူတွေရယ်🤧)

ညပိုင်း...

"ဆရာ... ဒါက ရတု သဘောကျနေတဲ့ သူလို့တော့ ထင်ပါတယ်...။ အရင်တစ်ခါ လမ်းဆုံ မီးပွိုင့်မှာ ကားထဲပြီး အဲ့ဒီလူနောက်ကို လိုက်သွားခဲ့တာ ထင်ပါတယ်...။"

"အဲ့ဒီကိစ္စ ဘယ်လိုရှင်းလိုက်လဲ?"

"မတတ်သာလို့ ဆရာ့နာမည်ပဲ သုံးလိုက်ပါတယ်...။"

"အင်း... အခု ရတုဘယ်ရောက်နေလဲ?"

"အခန်းထဲမှာ မထွက်လာတာ... သောကြာနေ့ကတည်းကပါ...။ အစားလည်း ကျွေးလို့မရပါဘူး...။ ဒါပေမယ့် တစ်ခုခုတော့ အတွေးနဲ့ပဲ ရှိနေတယ် ထင်ပါတယ်..."

"ကောင်းပြီ... သူ့အခြေအနေကို ဆက်ပြီး စောင့်ကြည့်....။ ပြီးတော့ မနက်ဖြန် ကျောင်းဖွင့်ရင်ကျရင် Uniဘက်ကို ခဏသွားကြည့်မယ်...။ ဒါနဲ့ သူ့နာမည်က..."

"ပျိုးပင်ငယ် တဲ့ ဆရာ...။"

လက်ထဲမှ ဓာတ်ပုံထဲက ဆံပင်ရှည်နဲ့ ရှိနေသည့် သူကိုသာ ကြည့်လိုက်မိသည်...။ ဘယ်သူ့ကိုမှ ဒီလောက် စိတ်ထဲမရှိဘဲ ပေါ့ပေါ့ပါးပါး ရှိနေသည့် သူက...

ရူးရူးမူးမူးတောင် သဘောကျနေတာတဲ့လား?

Monday:Feb:19:2024:20:59PM

{Zawgyi}

... တစ္ဦးစေနက အရမ္းခိုက္တယ္လို႔ပဲ ၾကားဖူးတာ..
အခုေတာ့ ကိုယ့္ကို ႐ူးေနေအာင္ လုပ္ေနတာက..
ၾကာသပေတးနံေလး...။

***

(N- စာေၾကာင္းကို ႏုေစခ်င္လို႔ေနာ္... ေတာ္ၾကာ စေနသခင္ႀကီးေတြက ငါတို႔က ဘာလုပ္ေနလဲ လာေျပာမွာစိုးလို႔...🙃)

***

ဒီေန႕...

ပ်ိဳးငယ္ေလး ပိတ္ရက္ ကုန္လို႔ ဟိုကို ျပန္ရမယ့္ ေန႕ပင္ ျဖစ္သည္...။ ပ်ိဳးငယ္အတြက္ လိုအပ္သည္မ်ားကို ပ်ိဳးငယ္ေလး သိမ္းတာမ်ိဳးက ရွားသည္...။

အခုလဲ ပ်ိဳးငယ္ေလးက ငဦးရဲ႕ အဝတ္အစားမ်ားႏွင့္ အိပ္ရာက ေစာင္ကအစ ေလွ်ာ္ဖြပ္ေပးၿပီး ေျခာက္ေအာင္ အဝတ္လွန္းေပးေနတာ ျဖစ္သည္...။

ငဦးကေတာ့ ဒီေန႕ နည္းနည္း အလုပ္မ်ားေနသည္...။ ၿမိဳ႕က သူအသိမ်ားႏွင့္ အလုပ္ရႈပ္ေနတာပင္...။ ဒါေပမယ့္ ငဦး အၾကည့္မ်ားက ပ်ိဳးငယ္ သြားရာေနာက္ပင္ လိုက္ၾကည့္ေနသည္....။

ပ်ိဳးငယ္ေလးဆိုသည္မွာလည္း စိတ္မခ်ခ်င္စရာပင္...။ ေရခ်ိဳးၿပီးကာစမို႔ သစ္လြင္မႈအျပည့္ ေမႊးပ်ံ့ေနသည္...။

ပုလဲႏွစ္ေရာင္ ထ ေနသည့္ ပါးႏွစ္ဖက္မွာ သနပ္ခါးဝါဝါေလးက မေျခာက္တစ္ေျခာက္နဲ႕ တင္က်န္ေနသည္...။ ေခါင္းေလွ်ာ္ၿပီးကာစမို႔ ရွည္လ်ားေနသည့္ ဆံပင္မ်ားကို ဒီအတိုင္း ေက်ာျပင္၌ ခ်ထားသည္...။

မိမိလည္း သားျဖစ္သူ အျဖစ္အပ်က္ကို မျမင္နိုင္သည့္ အဆုံးမွာေတာ့... အငယ္ေလးရွိရာသို႔ သြားလိုက္ၿပီး...

"ပ်ိဳးငယ္... အငယ္ေလး..."

"ဟုတ္ကဲ့ အရီးေလး..."

"ငဦး မသိခင္ ျပန္သြားမလားဟင္? အရီးေလး စီစဥ္ေပးမယ္...။ ငဦးကို တစ္ျခားေနရာကို လႊတ္လိုက္မယ္..."

အရီးေလးရဲ႕ ထိုစကားအဆုံးမွာေတာ့ ကြၽန္ေတာ္ အရီးေလးကို အံ့ၾသစြာ ၾကည့္လိုက္မိသည္...။

အရီးေလးက သားျဖစ္သူရဲ႕ အမူအရာ အကုန္လုံးကို အသိဆုံးပင္...။ အခါတိုင္း သားအနား မခြာဖို႔ ပ်ိဳးငယ္ကို ေျပာေပမယ့္ အခုက ဘာျဖစ္လို႔...

"ငဦးကို မင္းသိတယ္ မလား? အငယ္ေလး... မင္းကို သူဘယ္လို ပို႔ေပးမယ္ဆိုတာ သူ႕အေတြးထဲ ဘယ္ေလာက္အထိ စိုးမိုးေနမယ္မွန္းေတာင္ မသိဘူး...။ သူ မသိေအာင္ ျပန္လိုက္တာက ပိုအဆင္ေျပမယ္ ထင္တယ္... အငယ္ေလး..."

မဟုတ္ေသးပါ...
ထိုအေၾကာင္းအရာက လုံးဝမျဖစ္နိုင္ရာ...
အစ္ကို႔အေၾကာင္းကို မသိတာလဲ မဟုတ္...။ အစ္ကို႔ကို အဲ့လို အသိမေပးဘဲ ျပန္သြားရင္ ျဖစ္လာမယ့္ အက်ိဳးဆက္က ဘယ္လိုေတာင္ ဆိုးမလဲ မသိ....။

"အစ္ကို႔ဆီက ခြင့္ျပဳခ်က္က အေရးႀကီးပါတယ္... အရီးေလး...။ အစ္ကို႔ခြင့္ျပဳခ်က္မရဘဲ ပ်ိဳးငယ္ ဘယ္ကိုမွ မသြားခ်င္သလို သြားလည္း မသြားနိုင္ပါဘူး...။"

"အင္း... ဒီကေလးေတြနဲ႕ေတာ့ ခက္ေတာ့တာပါပဲ...။"

ကြၽန္ေတာ္လည္း အစ္ကိုရွိေနသည့္ ေနရာကို လွမ္းၾကည့္ေနရင္းမွ ၿပဳံးျပလိုက္မိသည္။ အစ္ကို႔မ်က္ႏွာကေတာ့ ပုံမွန္အတိုင္းသာ စူးစိုက္တည္လ်က္...။

"ေမရီ... အရီး..."

မၾကာမီပင္ အိမ္ဝိုင္းထဲသို႔ ေဆးအိတ္ကိုင္ကာ ေရာက္လာသည့္သူ...။

"ေဟ... ေၾသာ္...ဆရာေလးလား? လာလာ... အရီးေလးက ေစာင့္ေနတာ...။ ဒီရက္ပိုင္း ဘယ္ေတြ ေပ်ာက္ေနတာလဲ? အိမ္ကိုေတာင္ သိပ္မလာေတာ့ပဲေနေနတာ..."

အရီးေလးကေတာ့ အသံတစ္ခုေနာက္မွာ အိမ္ထဲသို႔ ဝင္လာသည့္ တစ္စုံတစ္ေယာက္ကို သြားကာ ႀကိဳေလသည္...။

ထိုသူကေတာ့ ေဆးအိတ္ကို ယူကာ အရီးေလး နံေဘးမွ ယွဥ္လ်က္...။
ထိုသူ... ထိုသူက ဒီနယ္မွာ တာဝန္က်တဲ့ မင္းမ်ိဳးႏြယ္ဆိုသည့္ က်န္းမာေရးမႉး ေဒါက္တာပင္....။

ထိုသူက ကြၽန္ေတာ္ ရွိေနသည့္ မီးဖိုေခ်ာင္ဘက္ကို တစ္ခ်က္ၾကည့္လာေတာ့ ကြၽန္ေတာ္လည္း ၿပဳံးျပလိုက္မိသည္....။ သူကေတာ့ ျပန္ၿပီး ၿပဳံးျပလာေပမယ့္ သူ႕အၿပဳံးက ကြၽန္ေတာ့္စိတ္ထဲ ဘာလို႔ စိတ္ပါလက္ပါ မရွိတာလည္း မသိေတာ့...။ ကြၽန္ေတာ့္စိတ္ထင္ပဲလား မသိ...။

သူက အစ္ကိုႏွင့္ ေတာထဲကို ဟင္း႐ြက္ခူးဖို႔ ဆိုသည့္ အေနအထားတစ္ခုက ေခါင္းထဲ တဝဲလည္လည္ ေရာက္လာခ်ိန္မွာေတာ့ ကြၽန္ေတာ့္စိတ္ထဲ သံသယတို႔....။

အစ္ကို႔ဘက္ကို လွမ္းၾကည့္မိေတာ့ အစ္ကိုက သာမန္အတိုင္း ထိုင္လ်က္ရွိေနတုန္းပင္...။

ကြၽန္ေတာ္က အစ္ကို႔ကို ၾကည့္ေနဆဲပင္ အစ္ကိုက ကြၽန္ေတာ့္ဆီသို႔ တျဖည္းျဖည္း ေလွ်ာက္လွမ္းလာသည္...။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ဆီ ေလွ်ာက္လာသည့္ အစ္ကို႔ကို ၿပဳံးကာ ၾကည့္ေနမိသည္....။

အစ္ကိုကေတာ့ ကြၽန္ေတာ့္အနားသို႔ ေရာက္လာသည္ႏွင့္ ကြၽန္ေတာ့္ကို ေပြ႕သိမ္းကာ ဖက္လာသည္...။ ကြၽန္ေတာ့္နားထင္ဘက္သို႔ ႏွာေခါင္းျဖင့္ တို႔ထိ နမ္းရွိုက္သည္....။ သန္မာေနသည့္ သူ႕လက္တို႔က ကြၽန္ေတာ့္ကို တင္းၾကပ္စြာ ပိုက္ေပြ႕ကာ ဖက္ထားသည္...။

"ငဦးေရ... သားေရ... အေၾကာေဆး သြင္းမယ္ဆို... လာေလ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက မၾကားခ်င္ေယာင္ေဆာင္ေနေပမယ့္ ကြၽန္ေတာ္ကေတာ့ အစ္ကို႔အေျခအေနကို တစ္ခ်က္ၾကည့္ၿပီး...

"အစ္ကို... အရီး ေခၚေနတယ္... အစ္ကို အေၾကာေဆး သြင္းမယ္ေလေနာ္...။"

".... မလိုဘူး..."

အစ္ကိုက ေခါင္းကို ဘယ္ညာခါရမ္းကာ ေျပာလာသည္...။ ကြၽန္ေတာ္ကေတာ့ က်န္တာထက္ အစ္ကို႔အေျခအေနေတြကို တစ္ခ်က္ၾကည့္ၿပီး စိတ္ပူသည္မို႔...

"ပ်ိဳးငယ္ပါ... လိုက္ခဲ့ေပးမယ္ေလေနာ္...။ ပ်ိဳးငယ္က အစ္ကို႔ကို စိတ္ပူလို႔ ေျပာတာကို...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ေစ့ေစ့စိုက္ကာပင္ ၾကည့္လာသည္...။ ထို႔ေနာက္ ကြၽန္ေတာ့္နဖူးကို ေနာက္တစ္ႀကိမ္ နမ္းရွိုက္လာရင္းမွ... ေခါင္းကို ညိမ့္သည္...။

ကြၽန္ေတာ္လည္း အစ္ကို႔ကို ေခၚကာ ဧည့္ခန္းက အရီးေလးႏွင့္အတူ ဆရာဝန္ ရွိရာသို႔...။ စိတ္ထင္၍ပဲလား မသိ... ကြၽန္ေတာ္ႏွင့္ အစ္ကို ေလွ်ာက္လာသည္ကို ထိုဆရာဝန္ အၾကည့္မ်ားက တစ္ဦးတစ္ေယာက္အေပၚမွာပဲ ရပ္တန့္ေနခဲ့သည္...။

ကြၽန္ေတာ္ႏွင့္အစ္ကိုလည္း ဘာမွမေျပာေတာ့ဘဲ အစ္ကိုအေၾကာေဆးသြင္းဖို႔ ျပင္မိသည္...။ အစ္ကိုက ကုလားထိုင္တစ္လုံးေပၚကို ထိုင္ကာ ရွိသည္...။

ကြၽန္ေတာ့္ကိုေတာ့ ထုံးစံအတိုင္း ရင္ခြင္ထဲထည့္ကာ ရွိေနသည္...။ အေၾကာေဆးသြင္းမယ့္ သူ႕လက္တစ္ဖက္ကို ထိုဆရာဝန္ ရွိရာဘက္သို႔ ဆန့္တန္းလိုက္ၿပီး သူ႕အၾကည့္၊ သူ႕အာ႐ုံမ်ားက ကြၽန္ေတာ့္ဘက္သို႔....။

"ထမင္းစားမဝင္... အိပ္မေပ်ာ္တာမ်ိဳးလား? ပုံမွန္အက်င့္လား? ဒီရက္ပိုင္းမွ ျဖစ္ေနတာလား?"

ဆရာဝန္က ေသြးေပါင္ခ်ိန္ကာ ရွိေနရင္းမွ ေျပာလာသည္...။

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ၾကားဟန္မျပဳဘဲ ေျဖမလာခ်ိန္မွာ အရီးေလးကေတာ့....

"အခုမွ... အခုမွ ေျပာကို မေျပာခ်င္ဘူး...။ တစ္စုံတစ္ငယ္ေၾကာင့္ေလ... ဟင္းဟင္း..."

အရီးေလးက ဟာသအ႐ႊန္းေဖာက္ကာ ေျပာေလေတာ့ ထိုဆရာဝန္ဆိုသည့္သူမွာ စိတ္ထင္၍ပဲလား မသိ... လွိုက္လွဲစြာ ရယ္ေမာတာမ်ိဳးမရွိ...။ ေနပါဦး... သူက အဲ့လိုတည္ၾကည္တတ္သည့္ သူမ်ိဳးလား?

"ဒါဆိုရင္ေတာ့ ညဘက္ဆိုရင္ ေစာေစာအိပ္ၿပီး အစာကို ပုံမွန္စားေပးရင္ ရပါတယ္...။ မဟုတ္ရင္... ဒီလိုပုံစံက ၾကာရင္ စိတ္ပိုင္းပါ ထိခိုက္သြားမယ့္ အေနအထားမို႔ပါ...။"

ဆရာဝန္က အစ္ကို႔ကို ေသခ်ာမွာၾကားေနေပမယ့္ အစ္ကိုကေတာ့ ကြၽန္ေတာ့္အေပၚမွာသာ အာ႐ုံစိုက္လ်က္...။ ၾကာေတာ့ ထိုဆရာဝန္ရဲ႕ စကားကို ကြၽန္ေတာ္က ကိုယ္စားေခါင္းကိုသာ ညိမ့္ျပမိလိုက္သည္....။

ခဏအၾကာမွာေတာ့... အေၾကာေဆး သြင္းလို႔ ၿပီးသြားခ်ိန္မွာ အစ္ကိုက ကြၽန္ေတာ့္ကို ေခၚကာ လြတ္လြတ္လပ္လပ္ ေအးေအးေဆးေဆး ေနနိုင္မယ့္ ေနရာသို႔...။

ထုံးစံအတိုင္း ဆန္ႀကိတ္စက္ နံေဘးက ဆိတ္ဖလူးပန္းပင္ေအာက္ပင္ ျဖစ္သည္...။ ထိုအျပင္မွာေတာ့ ဆိတ္ဖလူးပန္းေတြက ရိုးတံမွ တျဖဳတ္ျဖဳတ္ ေႂကြက်ေနသည္...။

ကြၽန္ေတာ္လည္း ထုံးစံအတိုင္း အစ္ကို႔ရင္ခြင္ထဲမွာ ေမွးခိုရင္း ထိုပန္းပြင့္မ်ားကို လက္လွမ္းမိသေလာက္ လွမ္းေကာက္ေနမိသည္...။

"အစ္ကို.. ဒီဆိတ္ဖလူးပန္းေလးရဲ႕ အဓိပ္ပါယ်ကို သိလားဟင္?"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ေခါင္းကို ခါရမ္းကာ ျပလာသည္...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔လက္ဖဝါးထဲသို႔ ပန္းပြင့္မ်ားကို ထည့္ေပးလိုက္ရင္းမွ...

"ဒီဆိတ္ဖလူးပန္းေလးေတြရဲ႕ အဓိပ္ပါယ် ခ်စ္လြန္းလို႔ ႐ူးေတာ့မယ္တဲ့ေလ..."(crd)

ထိုအခ်ိန္မွာေတာ့ အစ္ကိုက သူ႕လက္ထဲမွ ပန္းပြင့္မ်ားကို ေငးကာ ၾကည့္ေနသည္...။ ခဏအၾကာမွာေတာ့ အစ္ကိုက သူ႕လက္ထဲမွ ဆိတ္ဖလူးပန္းတစ္ပြင့္ကို ကြၽန္ေတာ့္နားမွာ ညွပ္ကာ ပန္ေပးလာသည္...။

ကြၽန္ေတာ္လည္း အစ္ကို႔လက္ေမာင္းမွာေတာ့ အေၾကာေဆးသြင္းထားသည့္ ေနရာက ေသြးမစို႔ ပိုးမဝင္ေစဖို႔အတြက္ ထင္သည္... ဂြမ္းႏုႏုႏွင့္အတူ ေဆးတိပ္...။

ထိုအရာကို ျမင္မိေတာ့ ကြၽန္ေတာ္လည္း တစ္စုံတစ္ရာကို စဥ္းစားမိၿပီးသည့္ေနာက္...

"အစ္ကို..."

"အင္း..."

အစ္ကိုကေတာ့ မပြင့္တပြင့္ ထူးလာေလၿပီ...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း...

"တကယ္လို႔ ပ်ိဳးငယ္သာ အစ္ကို႔ဘဝထဲ မေရာက္ခဲ့ဘူးဆိုရင္... အခုခ်ိန္ေလာက္ဆိုရင္ အစ္ကို သေဘာက်မယ့္ လူကို ရွာေတြ႕ေနၿပီ ထင္လားဟင္?"

ထိုအခ်ိန္မွာေတာ့ တစ္ခ်ိန္လုံး အေတြးတစ္ခုျဖင့္သာ ရွိေနသည့္ အစ္ကိုက ကြၽန္ေတာ့္အေပၚသို႔ အလုံးစုံေသာ အာ႐ုံစိုက္မႈေတြအျဖစ္... မ်က္ေမွာင္က်ဳံ႕ေနသည့္ အၾကည့္စူးစူးေတြ....

"ဘယ္လို အဓိပၸာယ္နဲ႕မွ မဟုတ္ပါဘူး... ဒီအတိုင္း ပ်ိဳးငယ္ သိခ်င္႐ုံနဲ႕ပါ...။ အစ္ကို မေျဖခ်င္ရင္လည္း ရပါတယ္....။"

အစ္ကို စိတ္ဆိုးမွာစိုး၍ စကားကို ေျဖေလွ်ာ့လိုက္ခ်ိန္မွာေတာ့...

"ပ်ိဳးပင္ငယ္... မင္းကို မေတြ႕ခင္အခ်ိန္အထိ... ငါ ဘယ္အရာကိုမွ တပ္မက္စြဲလမ္းၿပီး လိုခ်င္ခဲ့ဖူးတာ မရွိဘူး...။ မင္း တစ္ေယာက္တည္းကိုပဲ ငါမရရင္ေတာင္ အဆုံးသတ္ေပးဖို႔ သတ္ပစ္ဖို႔ေလာက္... စဥ္းစားခဲ့တဲ့သူ...။"

"........"

"ငါ့အေတြးအကုန္လုံးက မင္းဆီမွာပဲ... မင္းေၾကာင့္နဲ႕ ႐ူးမတတ္ျဖစ္ေနတဲ့သူကို မင္းမရိပ္မိတာလား ပ်ိဳးငယ္...။"

"မဟုတ္ပါဘူး... ပ်ိဳးငယ္က ဘာသေဘာမ်ိဳးနဲ႕မွ မဟုတ္ဘဲ ေမးလိုက္တာပါ...။ ေတာင္းပန္ပါတယ္ေနာ္...။ ၿပီးေတာ့ ပ်ိဳးငယ္ အျမင္ထဲမွာ အစ္ကို႔ပုံစံက အရမ္းႀကီး ၾကည့္ေကာင္းေနတာေၾကာင့္ေရာ ေမးလိုက္မိတာပါ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ၾကည့္လာၿပီး...

"အင္း... ငါ့ကို ႀကိဳက္သေလာက္ သေဘာက်လိဳ႕ ရတယ္...။ ဒါေပမယ့္ မင္းရဲ႕ အဲ့ဒီအၾကည့္ေတြက အျခားတစ္ေယာက္အေပၚ ရွိေနခဲ့ရင္ေတာ့ မင္းမ်က္လုံးေတြကို ငါကိုယ္တိုင္ ႏွိုက္ထုတ္ပစ္မယ္...။"

"........."

အစ္ကို႔စကားလုံးမ်ားေၾကာင့္ ပ်ိဳးငယ္လည္း ဘာမွမေတြးနိုင္ေတာ့ဘဲ အစ္ကို႔ကိုသာ ေငးၾကည့္ေနမိေတာ့သည္....။

ေန႕လည္ပိုင္း..

အခ်ိန္က တျဖည္းျဖည္း နီးလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ေက်ာင္းတက္ဖို႔ ျပန္ရေတာ့မည္ ျဖစ္သည္...။ ျပန္ဖို႔ အခ်ိန္နီးကပ္ေလ အစ္ကို႔ပုံစံက ပိုၿပီး အေတြးမ်ားျဖင့္ တိတ္ဆိတ္သြားေလ ျဖစ္သည္...။

အစ္ကို႔ရဲ႕ ထိုပုံစံကို ျမင္ရတာမ်ိဳးက ကြၽန္ေတာ့္ကို လုံးဝစိတ္မခ်မ္းသာျဖစ္ေစသည္...။

"အငယ္ေလး... ပစၥည္းေတြက အရီးေလး သိမ္းလိုက္မယ္...။ အဲ့ဒါထက္ ငဦးကို ျပင္ခိုင္းဦး...။ ဟိုမွာ မနက္ကတည္းက ဒီအတိုင္း ေဆးလိပ္ေသာက္ၿပီး အေတြး စေတြနဲ႕ ေဆးလိပ္ေသာက္ေနတာ...။"

"ဟုတ္ကဲ့ပါ... အရီးေလး ပ်ိဳးငယ္ သြားေျပာလိုက္ပါ့မယ္...။"

ထို႔ေနာက္ အစ္ကိုရွိေနသည့္ ေနရာသို႔သာ လွမ္းလာမိေတာ့သည္....။ အစ္ကိုကေတာ့ အေတြးစမ်ားျဖင့္ ရွိေနသည့္တိုင္ ကြၽန္ေတာ္ သူ႕ဆီသြားသည့္အခ်ိန္မွာေတာ့ လွိုက္လွဲစြာပင္....။

"အစ္ကို... ပ်ိဳးငယ္တို႔ ညေန ၃နာရီ မတီးခင္ ျပန္ရမွာ...။ အဲ့ဒါ အစ္ကိုျပင္ေတာ့ေနာ္...။

"........"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ဘာစကားမွမဆိုဘဲ ကြၽန္ေတာ့္လက္ကို ဆြဲကာ အိမ္ေပၚသို႔...။

အိမ္ေပၚသို႔ ေရာက္ရွိခ်ိန္မွာေတာ့ ဘုရားခန္းနံေဘးေက်ာ္ေက်ာ္မွ ေလသာျပတင္းရွိရာသို႔...။ အစ္ကိုက ထုံးစံအတိုင္း သူ႕ရင္ခြင္ထဲ ထည့္ကာ တင္းၾကပ္ေနေအာင္ ဖက္ထားသည္...။

ထို႔ေနာက္ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ဖက္လုံးက အစ္ကို႔ရဲ႕ ေျခေထာက္ႀကီးႀကီး ႏွစ္ဖက္အၾကားမွာ ရွိေနသည္...။

"ပ်ိဳးငယ္..."

"ဟုတ္ကဲ့ အစ္ကို...။"

"ငါက မင္းမ်က္ႏွာကို တကယ္ဆြဲခြာေအာင္ လုပ္ေနတာလား...."

"ဟင္? ဘာကို ေျပာတာလဲ အစ္ကို..."

"ဒါေတြ... ဒီအရာေတြက... ငါတစ္ေယာက္တည္းပဲ အတြက္ေလ...။ ဘာလို႔ အကုန္လုံးကို ငါမရွိနိုင္တဲ့ အခ်ိန္မွ ေသာက္ရမ္း လွေအာင္ျပင္ေနတာလဲ? ငါမရွိတဲ့ အခ်ိန္မွ လွေအာင္ ျပင္ေနတာက... ဘယ္သူ႕အတြက္လဲ? မင္းကို ငါပိုင္တာေတြ... ဒီအလွတရားေတြကလည္း ငါ့အတြက္ပဲ...။ ဒါေတြကို ၾကည့္ေပးဖို႔ ငါတစ္ေယာက္လုံး ရွိေနတယ္ေလ....။"

"အစ္ကို..."

အစ္ကို႔ပုံစံၾကည့္ရတာ အေတာ္ေလးကို ဆိုးဝါးေနသည့္ ပုံစံပဲမို႔... အစ္ကို႔သူငယ္ခ်င္း ကြၽန္ေတာ့္ဆီကို မုန့္ေတြဝယ္ေပးရင္း လာတတ္သည့္ အစ္ကို႔သူငယ္ခ်င္း ကိုေက်ာ္ႀကီး သတိရလာသည္...။ သူေျပာသည့္ စကားကို သြားသတိရမိသည္...။

'ကဲ... ငဦးမိန္းမ... အလွေလးေရ... ငဦးစိတ္ဆိုးရင္ ကိုင္တြယ္လို႔ ရမယ့္ စကားတစ္ခြန္းရွိတယ္...။ ေယာက်္ားဆိုတာ ဘယ္ေလာက္ပဲဆိုးဆိုး... ႀကိဳးတပ္ တတ္ဖို႔ပဲ လိုတာ... သူစိတ္ဆိုးပါေစ... သူေပ်ာ္ေနခ်ိန္ပဲျဖစ္ျဖစ္... သူ႕စိတ္အေျခအေန အကုန္လုံးကို ၿငိမ္က်ေစမယ့္... စကားတစ္ခြန္းရွိတယ္...။ အဲ့ဒါ ဘာလဲဆိုေတာ့...

~~Daddy~~ '

ဒီစကားလုံးက တကယ္ပဲ အစ္ကို႔စိတ္အေျခအေနကို ေျပာင္းလဲနိုင္တာမ်ိဳးလား?
ဒီအသုံးအႏႈန္းက အစ္ကို တကယ္ႀကိဳက္ၿပီး အစ္ကို႔ကို စိတ္ၿငိမ္ေစနိုင္မယ့္ အရာတစ္ခုလား?

ကြၽန္ေတာ္လည္း စိမ္းသက္ေနေသာ အသုံးအႏႈန္းအတြက္ မနည္းစိတ္ထိန္းၿပီး ေခၚလိုက္စဥ္မွာေတာ့...

"Daddy~~"

ထိုအခ်ိန္မွာေတာ့ ဆတ္ခနဲ တုန္လႈပ္ကာ အစ္ကို႔က ပ်ိဳးငယ္ကို ၾကည့္လာသည္...။ စိတ္ထင္၍ပဲလား မသိ... အစ္ကို႔ေမးရိုးမ်ားႏွင့္ လက္မွ အေၾကာမ်ားက ပိုၿပီး ထင္လာသေယာင္....

တီရွပ္က အစ္ကို႔ခႏၶာကိုယ္ႏွင့္ မက်ယ္မက်ဥ္း အကိုက္ျဖစ္ေနေတာ့ အစ္ကို႔လက္ေမာင္းမ်ား၏ ဖြဲ႕စည္းပုံမ်ားကိုပါ ျမင္ေနရသည္....။

"ပ်ိဳးပင္ငယ္..."

အစ္ကိုက ကြၽန္ေတာ့္နာမည္အျပည့္အစုံကို ႐ြတ္လာသည္...။ ဒီတစ္ခါ ေရ႐ြတ္သည့္ အစ္ကို႔အသံက စိတ္ထင္၍ပဲလား မသိ... ေလမုန္တိုင္းတစ္ခုရဲ႕ အစ... သတိေပးမႈ အျပည့္...

ထို႔ေနာက္ အစ္ကိုက သူ႕တီရွပ္ကို လက္တစ္ဖက္မွ ေနာက္ေက်ာဘက္မွ ဆြဲမ ယူကာ ခြၽတ္လိုက္သည္...။

"အဲ့ဒီစကားလုံးက မင္းကို မသတ္လိုက္ဘဲ ေသသြားမယ့္အထိ အႏၱရာယ္ႀကီးတယ္ ပ်ိဳးငယ္...။"

အစ္ကို႔လို Hot blood က တည္ၿငိမ္ၿပီး ေအးစက္သြားေပမယ့္ စကားလုံးမ်ားက အႏၱရာယ္ရွိေနသည္....။

အစ္ကို႔စကားလုံးမ်ားႏွင့္ အစ္ကို႔အၾကည့္မ်ားက ၿငိမ္က်သြားေပမယ့္ ဓားသြားတစ္ခုလိုပင္...

ဟင္...
ကြၽန္ေတာ္လည္း အံ့ၾသကာ အစ္ကို႔အေျခအေနကို ဆန္းစစ္ေနရင္းပင္ အစ္ကိုက ႐ုတ္တရက္ ကြၽန္ေတာ့္ကို ေပြ႕ခ်ီလိုက္ၿပီး အိပ္ခန္းထဲသို႔...

အခန္းထဲ ေရာက္ေလေတာ့ အစ္ကိုက အိပ္ခန္းတံခါးကို ေသခ်ာပိတ္သည္...။ ထို႔ေနာက္ ကြၽန္ေတာ့္ဘက္ကို လွည့္ၾကည့္လာသည္...။

ကြၽန္ေတာ္ တဘက္ပုဝါအျဖစ္ အၿမဲသုံးေနက် ဖ်င္ခ်ည္သား အျဖဴေရာင္ပုဝါက သူ႕လက္ထဲမွာ....။ ထိုပုဝါကို ကြၽန္ေတာ့္မ်က္လုံးေပၚသို႔ သိုင္းခ်ည္သည္...။ ျမင္ကြင္းက အရင္ကေလာက္ေတာ့ မရွင္းလင္းေပမယ့္ ဖ်င္ခ်ည္ေပါက္မွ ျပင္ပအေနအထားကို ျမင္ရေသးသည္....။

ခဏအၾကာမွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို မွန္ဗီရိုေရွ႕၌ ကြၽန္ေတာ့္လည္တိုင္ကို သူ႕လက္တစ္ဖက္ျဖင့္ ညွစ္ကာ မတ္တပ္ရပ္ေစသည္...။ က်န္တစ္ဖက္ကေတာ့ ကြၽန္ေတာ့္လက္ႏွစ္ဖက္လုံးကို သူ႕လက္တစ္ဖက္တည္းပင္ ခ်ဳပ္လ်က္....

"မ႐ူးသြားေစနဲ႕ေနာ္... ကေလးေလး... မင္း ဒူးေတြေျခေထာက္ေတြ တစ္လေလာက္ မရပ္နိုင္ေတာ့အထိ..."

"........"

"Daddy က လုပ္ေတာ့မွာမို႔..."

ထိုေနာက္....

Daddy's Property

ညေန ၆နာရီ...

တစ္နာရီေက်ာ္ေက်ာ္ေလာက္ကတည္းက အိမ္ေပၚကို တက္သြားတာ အခုထက္ထိ ျပန္ၿပီး မဆင္းလာေသး...။

က်န္တာကိစၥမရွိေပမယ့္ ပ်ိဳးငယ္ ျပန္မယ့္အခ်ိန္က အေတာ္ေလးကို ေက်ာ္လြန္ေနၿပီ ျဖစ္သည္...။ ၿပီးေတာ့ ပ်ိဳးငယ္ကို ပို႔ၿပီး ျပန္လာရင္လည္း အိမ္ကို ျပန္လာရင္ ညနက္မည့္ အေရးေၾကာင့္ အိမ္ေပၚသို႔ တက္သြားမိသည္...။

အိမ္ေပၚကို အေျခအေနၾကည့္ၿပီး တက္ၾကည့္လိုက္ေပမယ့္ ပ်ိဳးငယ္ကို မေတြ႕ဘဲ ေလသာျပတင္းမွာ ေဆးလိပ္ေသာက္ေနသည့္ ငဦးတစ္ေယာက္တည္းကိုသာ ေတြ႕မိေတာ့ ထိပ္လန့္သြားမိသည္...။

ေျခလွမ္းကို ျမန္ျမန္သြက္သြက္ လွမ္းေနရင္းမွ သားျဖစ္သူ အခန္းဘက္သို႔ ၾကည့္လိုက္မိသည္...။

"ငဦး... ပ်ိဳးငယ္ေရာ...။ ပ်ိဳးငယ္ေလး ျပန္ဖို႔က ေနာက္က်ေနၿပီေလ... လိုက္မပို႔ေတာ့ဘူးလား?"

စကားကို အနည္းငယ္ ေအးေဆးစြာပင္ ေျပာေနရင္းမွ ေဆးလိပ္ေသာက္ေနသည့္ ငဦးလက္မွ ေသြးစမ်ားကို ျမင္ခ်ိန္မွာေတာ့ လူလည္း ထိတ္ျပာသြားကာ...

"အမေလး... ငဦး... မင္း...မင္း...။ ပ်ိဳးငယ္က ဘယ္မွာလဲ? ပ်ိဳးငယ္ေလး ဘယ္မွာလဲလို႔?"

သားျဖစ္သူကို အနည္းငယ္ လႈပ္ရမ္းကာ ေမးလိုက္မိသည္...။ ထိုအခ်ိန္မွာေတာ့ ငဦးက ဘာမွမေျပာဘဲ ဒီအတိုင္း ထိုင္ေနသည္...။ ထိုအခ်ိန္မွ မိမိလည္း တစ္စုံတစ္ရာကိုသတိရၿပီး... ငဦးအခန္းရွိရာ... အေျပးအလႊား...။

"ပ်ိဳးငယ္... ပ်ိဳးငယ္... အငယ္ေလး... အထဲမွာလား? တံခါးဖြင့္ပါဦး..."

"........."

အထဲက ဘာအသံမွ မၾကားေတာ့ ပိုၿပီး စိတ္ပူမိသည္...။ ဒုကၡပါပဲ... ငဦးက ေပါက္တတ္ကရေတြ လုပ္ေနမိထင္သည္...။

"အေမ... တံခါးကို မဖြင့္နဲ႕...။ တစ္ေယာက္မွ အဲ့ဒီတံခါးကို မဖြင့္နဲ႕...။"

ေဆးလိပ္ကို ေသာက္ကာ ေအးေဆးလာသည့္ ငဦးပုံစံက အေတာ္ေလးကို ေၾကာက္စရာေကာင္းေနသည္...။ သူ႕ပုံစံက အခုလို ေသြးမ်ားျဖင့္ တည္ၿငိမ္ေနလို႔ ပိုၿပီး ...ထိတ္လန့္ေနမိသည္...။

"ငဦး... နင္ ဘာေတြလုပ္ေနတာလဲ? အငယ္ေလးကို နင္ဘာေတြ လုပ္လိုက္ျပန္ၿပီလဲ? ဟိုက နင့္အနားကို ခ်စ္လို႔ေနတဲ့သူ...။ ႀကိဳးက တင္းလြန္းရင္ ျပတ္တတ္တယ္...။ ၾကာရင္ မေကာင္းဘူး ငဦး...။"

ထိုအခ်ိန္မွာေတာ့ ျပတင္းေပါက္မွ ျမင္ေနရသည့္ အေနအထားအကုန္လုံးကို ၾကည့္ၿပီးသည္ႏွင့္ မိမိရွိရာသို႔ တျဖည္းျဖည္း....

အနားကို ေရာက္လာၿပီး မ်က္ႏွာခ်င္းဆိုင္ ၾကည့္ၿပီးသည့္ သားျဖစ္သူ၏ အေျခအေနကိုတစ္ခ်က္ဆန္းစစ္မိလိုက္သည္...။

ေခါင္းမွ ဆံပင္မ်ားကို ျဖစ္သလို လက္ၾကားထိုးကာ ဖြထားသည့္ ဆံပင္မ်ားက ပုံမက် ပန္းမက်ျဖင့္... သူ႕မ်က္ႏွာအနီးတစ္ဝိုက္မွာ ရႈပ္ဖြာေနသည္...။

အရပ္က ရွည္သည္...။ ခႏၶာကိုယ္က က်စ္လစ္ေတာင့္တင္းေနၿပီး ပ်ိဳးငယ္နဲ႕ဆို အေတာ္ေလး ကြာသည့္ အေနအထား...။

သားျဖစ္သူကေတာ့ အသားဝါဝါ၊ အရပ္ရွည္ရွည္ ႂကြက္သားမ်ားက သူ႕ေနရာသူ ရွိသည္။ သန္မာမႈအျပည့္ အေၾကာမ်ားက အားမထုတ္ရဘဲ ေထာင္ထေနသည္...။

မ်က္ခုံးေမႊးထူထူ၊ စူးရွေသာ မ်က္ဝန္း၊ ႏွာတံစင္းစင္း ၊ႏူတ္ခမ္းတို႔က တိရိစြာ... ။ ႏူတ္ခမ္းေမႊးေရးေရး ၊ေမးရိုးထင္ထင္ရွိသည္...။

ပ်ိဳးငယ္ေလးကေတာ့ ေဖြးေဖြးေသးေသး ျပည့္ျပည့္ျဖင့္ပင္ လွပမႈအလုံးစုံတို႔က ကဗ်ာတစ္ပုဒ္ စုစည္းထားသည့္ဟန္...။

ပ်ိဳးငယ္ကို ရင္ခြင္ထဲ ထည့္ၿပီး သိမ္းထားခ်ိန္ဆို သူ႕ေက်ာျပင္က်ယ္က်ယ္ျဖင့္ပင္ ကြယ္ကာ မျမင္နိုင္သည့္ အေနအထား....။

ခဏ ခဏ သတ္မယ္လို႔ ႀကိမ္းဝါးေနသည့္ သူ႕လူျဖစ္သူ ပ်ိဳးငယ္ကို သူတကယ္သတ္မယ္ဆို တကယ္ကို လက္တစ္ဖ်စ္စာပဲ ျဖစ္သည္...။ ဒါေၾကာင့္မို႔လဲ သူလက္လြန္သြားမည့္ အေရးကိုသာ ေၾကာက္ေနရတာမ်ိဳးပင္....။

"အေမ... က်ဳပ္သာ ပ်ိဳးငယ္ကို သတ္လိုက္ရင္ ဒီလိုရွိမယ္လို႔ ထင္ေနတာလား?"

"ဟဲ့... ဒါ...ဒါဆို မင္းလက္က ေသြးေတြကေရာ... ဘယ္လိုျဖစ္ၿပီး?"

ထိုအခ်ိန္မွာေတာ့ သားျဖစ္သူက သူ႕လက္မွ ေသြးစမ်ားကို ၾကည့္လိုက္ၿပီး....

"ေၾသာ္... ဒါလား? Charging သြင္းတဲ့အခ်ိန္ အားပါသြားရင္ ရလာတဲ့ side effect ေတြ....။ ဘာမွမျဖစ္ဘူး အေမ... ပ်ိဳးငယ္... ဒီေန႕ ျပန္နိုင္မွာ မဟုတ္ဘူး... မနက္ျဖန္ မနက္မွ ကြၽန္ေတာ္ လိုက္ပို႔ေပးလိုက္မွာ...။"

"ငဦး... ဘယ္လိုလုပ္ေနတာလဲ? အငယ္ေလးကို ျပန္ခြင့္ေပးလိုက္ပါ...။ မင္း အဲ့လိုႀကီး ပိတ္ထားလို႔ မရဘူးေလ...။ အခုက ေသြး... ေသြးေတြနဲ႕... မင္း ဘာေတြလုပ္ေနတာလဲ?"

"အေမ... က်ဳပ္ မပိတ္ထားလဲ သူ မျပန္နိုင္ဘူး...။ သူအနားယူဖို႔ လိုတယ္..."

"ဟဲ့... ငဦး.. မင္း... ပ်ိဳးငယ္ေလးကို ဘာေတြလုပ္လိုက္ေသးလဲလို႔? ငဦး..."

"အေမ.. က်ဳပ္ ဘာသံမွ မၾကားခ်င္ေတာ့ဘူး..."

"ေနဦး... အဲ့လိုမ်ိဳးက-"

"ပ်ိဳးငယ္ အနားယူဖို႔ လိုတယ္ အေမ..."

ထိုစကားကို ေလွကားမွ ဆင္းသြားသည့္ သြားျဖစ္သူထံမွ လည္ျပန္ကာ ေျပာလာသည့္ စကားပင္...။ ဒီစကားက တကယ့္ကို ေနာက္ထပ္ေမးခြန္းမ်ားကို မလိုလားသည့္ပုံ...။

ေနပါဦး...
ခ်ာဂ်င္... ခ်ာဂ်င္ဆိုတာ ဘာလဲ?
ခ်ာဂ်င္သြင္းတာက ဘာကိုဆိုလိုတာလဲ? ခ်ာဂ်င္နဲ႕ ပ်ိဳးငယ္ဆိုတာနဲ႕က ဘယ္လိုပတ္သတ္ေနတာလဲ?

မိမိမွာေတာ့ စိတ္ထင့္ေနသည့္ ေနာက္ပိုင္း... ဘာစကားမွ မဆိုနိုင္ေတာ့ဘဲ သူ႕အခန္းဘက္သို႔ ၾကည့္ကာ ေအာက္သို႔သာ ဆင္းလိုက္မိေတာ့သည္...။

ေအာက္ဘက္ေရာက္ေတာ့ သားျဖစ္သူက ဧည့္ခန္းက ကုလားထိုင္တစ္ခုေပၚ ထိုင္ကာ ဖုန္းၾကည့္ေနသည္...။ မိမိလည္း သားျဖစ္သူရဲ႕ အေျခအေနကို လိုက္ၾကည့္ေနရင္းမွ...

"ငဦး..."

သူ႕နာမည္ကို ေခၚလိုက္မိေတာ့ ငဦးက... မိမိအား ဘာစကားမွမဆိုဘဲ ၾကည့္လာသည္...။

"........."

သားျဖစ္ရဲ႕ အၾကည့္ကို အဓိပ္ပါယ်ဖော်နေရင်းမှ... ေခါင္းထဲ ေပၚလာသည့္ အေၾကာင္းအရာတစ္ခု...

"ႏြားစာကုန္ေနၿပီတဲ့...။"

ထိုအခ်ိန္မွာေတာ့ သားျဖစ္သူက သူ႕လက္ထဲမွ ဖုန္းကိုခ်ကာ အားသြင္းခဲ့ၿပီး အက်ီ္ကို ခြၽတ္ကာ ျမက္ထုံးမ်ား ရွိရာသို႔...။

"အမေလး..."

ေက်ာျပင္အျပည့္ အနီေရာင္ အစင္းေၾကာင္းေတြ....

အက်ီ္ကို ခြၽတ္ကာ ႏြားစားစဥ္းသည့္ဘက္ကို ေရာက္ခ်ိန္မွာေတာ့ ေခြယိုင္က်ကာ အသက္ရႈ လမ္းစဥ္မ်ားပါ မွားေနသည့္ အေနအထား...

Daddy...
Daddy ဟုတ္လား?
စေနနာမ္ေတြပဲ ခိုက္တာ ၾကားဖူးပါတယ္...
မင္းက ၾကာသပေတးနာမ္ ျဖစ္ၿပီး လူကို ႐ူးသြပ္သြားေစတာလဲ ပ်ိဳးငယ္...။

(N- ဟုတ္ကဲ့ ဗုဒၶဟူးသား ဟူးဟူးဒိုင္းဒိုင္း ရင္ဝယ္ဦးကလည္း လူကို ႐ူးသြပ္ေအာင္ အရမ္းခိုက္တာပဲ... လူေတြရယ္)

ညပိုင္း...

"ဆရာ... ဒါက ရတု သေဘာက်ေနတဲ့ သူလို႔ေတာ့ ထင္ပါတယ္...။ အရင္တစ္ခါ လမ္းဆုံ မီးပြိုင့္မွာ ကားထဲၿပီး အဲ့ဒီလူေနာက္ကို လိုက္သြားခဲ့တာ ထင္ပါတယ္...။"

"အဲ့ဒီကိစၥ ဘယ္လိုရွင္းလိုက္လဲ?"

"မတတ္သာလို႔ ဆရာ့နာမည္ပဲ သုံးလိုက္ပါတယ္...။"

"အင္း... အခု ရတုဘယ္ေရာက္ေနလဲ?"

"အခန္းထဲမွာ မထြက္လာတာ... ေသာၾကာေန႕ကတည္းကပါ...။ အစားလည္း ေကြၽးလို႔မရပါဘူး...။ ဒါေပမယ့္ တစ္ခုခုေတာ့ အေတြးနဲ႕ပဲ ရွိေနတယ္ ထင္ပါတယ္..."

"ေကာင္းၿပီ... သူ႕အေျခအေနကို ဆက္ၿပီး ေစာင့္ၾကည့္....။ ၿပီးေတာ့ မနက္ျဖန္ ေက်ာင္းဖြင့္ရင္က်ရင္ Uniဘက္ကို ခဏသြားၾကည့္မယ္...။ ဒါနဲ႕ သူ႕နာမည္က..."

"ပ်ိဳးပင္ငယ္ တဲ့ ဆရာ...။"

လက္ထဲမွ ဓာတ္ပုံထဲက ဆံပင္ရွည္နဲ႕ ရွိေနသည့္ သူကိုသာ ၾကည့္လိုက္မိသည္...။ ဘယ္သူ႕ကိုမွ ဒီေလာက္ စိတ္ထဲမရွိဘဲ ေပါ့ေပါ့ပါးပါး ရွိေနသည့္ သူက...

႐ူး႐ူးမူးမူးေတာင္ သေဘာက်ေနတာတဲ့လား?

Monday:Feb:19:2024:20:59PM

Continue Reading

You'll Also Like

216K 5.3K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
38K 2.5K 42
krisho xingdae (yaoi) written by - SMA
14.9K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
61.4K 3.1K 23
in beloving memories of Koko and Myat