သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

15(Unicode)

5.7K 335 22
By Shinn-0813

အော်! အိ! အိ! အွတ်

တကယ့် အိပ်လို့ကောင်းတဲ့အချိန်တွေဆိုကြက်သွန်သံကို တကယ်မုန်းသည်။
ဒီကြက်ကလည်း သူချစ်ရသူ၏ ကြက်ဖြစ်နေ၏ ။

အခုလို ရာချီ့ကိုလက်မောင်းပေါ်တင်ထားတဲ့အချိန်ကခပ်ရှားရှား။

"ရာချီ "

"ဟင်း အိပ်အုန်းမယ်ကွာ "

ရင်ခွင်ထဲတိုးဝှေ့လာတဲ့ ကောင်လေးနဲ့အတူတူ ထပ်အိပ်ချင်သေးသည်။
မနက်စာကလည်းလုပ်ပေးရအုန်းမည်ဖြစ်တာကြောင့် ‌ပါးပြင်ထက်သို့ အနမ်းပေးလိုက်၏
သူဒီအနမ်းကို ခံစားမိရဲ့လားတော့ကိုယ်မသိ။

မနက်စာကတော့ ထွေထွေထူးထူးမလုပ်တော့ပါ ဝက်အချိုချက် လည်း ကျန်သေးတာကြောင့် အိမ်မှာရှိတဲ့ ထမင်းကိုဘဲ ကြော်ပါတော့သည်။

"ကိုကိုကြီးရေ "

အပြင်က အသံကြားတာကြောင့် ပြတင်းပေါက်နေ တစ်ချက်ကြည့်လိုက်တော့ နှင်းရည်ဖြစ်နေတာကြောင့် ရာချီကိုဘဲ သွားနိူးပြီး အထဲကိုဝင်ဖို့ခွင့်ပြုလိုက်၏

"နှင်းရည် အိမ်လာလည်တာလား"

"အဲ့လိုပါဘဲ ကိုကိုကြီးကိုလည်းမတွေ့တာကြာပြီလေ "

"ဟင်းဟင်း အေးပါ အမေရော နေကောင်းတယ်မလား "

"ကောင်းပါတယ် "

ရာချီတို့မောင်နှမ စကားဆုံနေတာကို သိပါသည် ဂရုတောင်စိုက်ဖို့အချိန်မရှိ မီးအားကနည်းနေတော့ ထမင်းကြော်ကသေချာမကျက်သေးတာကြောင့် အခုမှ ကျက်ပြီး ပြင်ဆင်ထားပြီး အပြင်ဘက်ကိုထွက်လာခဲ့ရာ..

"ရာချီ မျက်နှာအရင်သစ်အုန်း "

"အွန်း အခုဆင်းသစ်လိုက်မယ် "

သူ့အကိုထွက်သွားမှ နှင်းရည်တစ်ယောက်ပုံတိုင်းကို မျက်စောင်းထိုးပြီးတော့

"ကိုကိုပုံ!!"

"ဘာလဲ"

"ကိုကိုပုံ နှင်းရည်ကိုလာမခေါ်နဲ့နော် နှင်းရည်စိတ်ဆိုးနေတာ "

တကယ်တော့ သူရှေ့က ဖြတ်သွားတာမို့လို့ နှင်းရည် ပြောလိုက်တာ‌ဆိုပေမယ့်။

"မခေါ်ပါဘူး အကိုဘာသာ ငရုတ်သီးခူးမလို့"

"ဪ ဘာဘဲဖြစ်ဖြစ် စိတ်ဆိုးတာမို့ စကားမပြောနိုင်ဘူး "

စိတ်ဆိုးတယ်ပြောရအောင် ဘယ်သူကချော့မယ်ဆိုလို့လဲမသိ ချော့ရအောင်လည်း ရာချီမှမဟုတ်တာ ဒါကြောင့် အခုလိုစိတ်ဆိုးတယ်ဆိုပြီး စကားမပြောတာကိုဘဲကျေးဇူးတင်ရမည်။

မျက်နှာ သစ်ပြီးလို့ထလာတာနဲ့ ထမင်းဝိုင်းလေးက အဆင်သင့်ဖြစ်နေတာကြောင့် ရာချီကျေနပ်စွာဘဲ ထိုင်ချလိုက်၏
ဘေးမှာလည်း ဧည့်သည်ကိုခေါ်ရသေးသည်။

"နှင်းရည် စားအုန်းမလား ဝင်စားလေ"

"နှင်းရည်က ကိုယ့်ကိုစိတ်ဆိုးနေတယ်တဲ့ မကျွေးနဲ့တော့ "

"ဟုတ်လား နှင်းရည်ဒါဆိုမစားနဲ့တော့လေ "

နှင်းရည် သူတို့နှယောက်ကို နှခေါင်းသာ ရူံ့မိ၏ တကယ့်ကို တစ်ယောက်မျက်နှာ တစ်ယာက်တစ်ကမ္ဘာထင်နေကြတာ။

"ဒါဆိုကိုကိုကြီးနှင်းရည်ပြန်ပြီ "

"ဪအေအေ နောက်လည်းလာလေ "

"နှင်းရည်က ကိုယ့်ကိုစိတ်ဆိုးနေတာတဲ့ မလာခိုင်းနဲ့တော့ "

"‌အေအေ ဒါဆိုမလာနဲ့တော့လေ "

"မလာပါဘူးစိတ်ချဟွန့်"

ဒီထိပ်ထားစံနှယောက်ကို တကယ့်လက်ဖျားခါပါသည် အခုလည်း ဆူပုတ်ရင်းခြေစောင့်ပြီးထွက်သွားသေးတာ။

<><>

ဂေါ်ဖီတွေကလည်း အရမ်းကြီးတော့ မကြီးသေးပေမယ့် သာလှက သေချာပျိုးထောင်ပေးထားတော့ သန်သန်မာမာလေးနဲ့ လှပစွာ ဖွဲ့ဖြိုးနေ၏

"အကိုလေး ဒီဂေါ်ဖီထုပ်တွေကိုဘာလို့အသည်းအသန်စိုက်ပျိုးနေရတာလဲ"

"ငါမှာ အိပ်မက်တစ်ခုရှိတယ်"

"ဘာများလဲဗျ "

"နိုးလာတော့ မမှတ်မိတော့ဘူး "

"..."

ရာချီပြောလိုက်တဲ့ စကားကြောင့် သာလှ ပါးစပ်ပိတ်ကာ နှခေါင်းရူံ့ရင်းနဲ့ဘဲ
မြေဩဇာ သွားဖြန်းနေ၏
ဘာကိစ္စနဲ့များ ကိုယ့်အိပ်မက်ကိုသူများကိုလိုက်ပြောနေရမှာလဲ တကယ်တော့ ဖြစ်ချင်တာ အဖေ့ထက်ချမ်းသာပြီးတောသူငှေးဖြစ်ချင်တာ ဒါကိုပြောလိုက်လို့ တကယ်မဖြစ်ရင်
ရှက်စရာကြီးလေ။

"အကိုလေး အခုတလော အကိုကျန်ရစ်ကိုမတွေ့မိဘူးနော် "

"လွမ်းနေရင်လည်း သူ့အိမ်သာသွားတွေ့သွား"

မမြင်မိတာမှန်ပေမယ့် မျှော်နေစရာလဲအကြောင်းမှမရှိဘဲ။

ရှင်းသင့်တာတွေရှင်း လုပ်သင့်တာတွေလုပ်ပြီးတော့ ပြန်ဖို့အတွက် ရွာထဲသို့ပြန်ဝင်လာခဲ့၏

ဝုတ် ဝုတ် ဝုတ်

"လီးဟောင် "

ဝုတ် ဝုတ် ဝုတ်

"ဟျောင့် ဘောကိုဟောင်နေတာလားသွားသွား "

စိန်စိန်တို့အိမ်က ခွေးက သူ့ရှေ့တည့်တည့်လာဟောင်နေတာကြောင့်ရှောင်သွားပေမယ့်မရတာကြောင့် ကိုင်လာတဲ့ပေါင်မုန့် တစ်လုံးကိုဘဲ ဖဲ့ကျွေးလိုက်မှ ငြိမ်သွား၏

"ခွေးမသား ဟျောင့်ကောင်းလား "

ဝုတ် ဝုတ်

"အေအေ ကောင်းရင်စား "

ကျွေးပြီးတာနဲ့ ပြန်ဖို့အတွက် စိန်စိန်တို့အိမ်က ဖြတ်ရသေး၏ နောက်ပြီးသူကြားလိုက်တဲ့အသံက ဒေါသဖြစ်စရာ။

"ဟုတ်ပါ့ဟယ် ယောင်္ကျားချင်းဘာလုပ်ကြမလဲ "

"ကြည့်နေ နောက်ဆို နံပြားရှိတဲ့နောက်ကိုဘဲလိုက်သွားမှာ "

"အဲ့ရာချီဆိုတဲ့သူကလည်းအကြောထောင်တာဘယ်လိုများလဲ "

"တကယ်ပါအေ ပြောကိုမပြောချင်ဘူး "

စသဖြင့် အသံများ ခြံဝကနေလည်း တစ်ချက်ကြည့်လိုက်တော့ စိန်စိန်မတို့အဖွဲ့ အမြဲသူများအတင်းကို ပါးစပ်က မချတဲ့ ပဲပြုတ်သည်ကလည်းပါသေးသည်။
ယောင်္ကျားကြီးတန်မဲ့ ဝင်ပြောတဲ့ ပဲပြုတ်သည်ရဲ့ လင် မျိုးတင့်ကလည်းပါသေးသည်။
ကြည့်လိုက်တော့ ပဲကြီးလှော်စားရင်းနဲ့ကိုပြောနေတာ။

အစကတော့လျှစ်လျှူရူပြီးထွက်သွားဖို့လုပ်ပေမယ့် ငြိမ်ခံနေရင် ရာချီမဟုတ်တော့ဘူးလေ။

"အမလေး ခွေးတောင် ကိုယ်ထမင်းကိုယ်စားတာဘဲ စားစားစား "

အပြင်ကနေ ကြားအောင်တမင်အာ်ပြောတော့ အထဲကလည်းထွက်လာကြသည်။

"ဒီမှာ ရာချီဒွေးနင်ဘယ်သူကိုပြောနေတာလဲ"

"ခွေးကိုပြောနေတာလဲ စိန်စိန်နင်ကခွေးမို့နာနေတာ‌လား "

ထိုမှ မျိုးတင့်က ထပြောသည်။

"မင်းယောင်္ကျားမဟုတ်ဘူးလား ဒဲ့ပြောလေ"

"ငါကယောင်္ကျားပါဒါပေမယ့်မင်းတို့ပြောသလိုယောင်္ကျားအစစ်မှမဟုတ်တော့ဘဲ ဒါပေမယ့်အစစ်ကြီးဖြစ်တဲ့မင်းကတော့ သူများအတင်းကို မိန်းမတွေနဲ့ပြောနေတာမရှက်ဘူးလားငါလိုးမသားရဲ့ "

"မင်းငါ့"

"နေအုန်းငါပြောဖို့ကျန်သေးတယ် ငါပုံတိုင်းနဲ့နေတော့ဘာဖြစ်လဲကွာ မင်းတို့အိမ်တက်နေပြီးမင်းညီမကိုတက်လုပ်နေလို့လား!! "

"ဒီကောင်.."

"နေအုန်းလို့ ငါပြောလို့မပြီးသေးဘူး!! "

"စိန်စိန်မနင်အခု ပုံတိုင်းကိုလိုချင်လို့ငါ့မနာလိုဖြစ်နေတာမလား "

စိန်စိန့်ဘက်လှည့်ပြီးရွဲ့တက်တက်ပြောလိုက်တော့ ဟိုကအရိူက်ထိတဲ့ပုံစံနဲ့ဘဲ

"အောင်မလေး နင့်လင်အလကားပေးတောင်မယူဘူး "

"အလကားလည်းမပေးပါဘူး ဒီတိုင်းနင့်ကိုဆိုလည်းပုံတိုင်းကကြိုက်မှာမဟုတ်ဘူးလေ အမြဲခွေးစော်နံနေတာ အခုတောင်နံနေပြီပြန်ပြီ "

ဘာမှတော့သိပ်ပြဿနာမဖြစ်ချင်တာကြောင်လှည့်ထွက်ပေမယ့် နောက်ကဆွဲခံရတာကြောင့်ပြန်လှည့်လိုက်တော့ တစ်ချက်ထိုးခံမိခဲ့၏ ဒါက မျိုးတင့်ဆီကလက်သီးဆာဘဲ

"ငါလိုးမသားမင်းကများငါ့ကို!!"

ခွပ်!!ခွပ်!!

"မင်း!!"

ကျန်စစ်ဆီက အထိုးခံရရင်‌တောင်ခံသာ‌
သေး၏ဒီမလောက်လေးမလောက်စားဆီက အထိုးခံတာက လုံးဝမဖြစ်သင့်တာမို့ ကော်လံကိုဆွဲပြီး နှစ်ချက်ဆင့်ထိုးလိုက်တာကြောင့် ထိုကောင်သွားတစ်ချောင်းကျွတ်သွား၏

ဖက်!!

ခြေထောက်နဲ့ပါ ထပ်ကန်လိုက်တာကြောင့် အောက်သို့လှန်သွားတာ့ ဘေးက မိန်းမနှစ်ယောက်ကဝင်ဆွဲပြီးတား၏

"ရာချီ နင်သောင်းကျန်းနေတာဘဲ"

"ဖယ်စမ်းပါ ငါ့အသားမထိနဲ့ ရွံတယ် "

လာကိုင်တဲ့လက်တွေကိုပါ ဖယ်ချလိုက်တော့ နှစ်ယောက်သားလည်းထိုင်လျှက်ကျသွားကာ

"ဒီမှာ ငါ့အတင်းပြောချင်ရင် ငါ့လောက်အရည်အချင်းရှိအောင်လို့ "

"မင်းကရော ပုံတိုင်းလိုအင်းမလုပ်အဲမလုပ်ကောင်ယူပြီးဘာတွေမာန်တက်နေတာလဲ"

"ဘာကွ!!"

ခွပ်!!ခွပ်!!

ပုံတိုင်းကိုပါ စော်ကားလာတာကြောင့်
ခွလျှက် တစ်ချက်ပြီးတစ်ချက်ထပ်ထိုးသည်

"မင်းကများငါ့အပိုင်ကို "

ခွပ်!!!ခွပ်!!

"ရာချီ ရာချီတော်တော့ "

‌ရာချီထိုးနေတာ‌ကို နောက်ကနေ လာဆွဲတာက ပုံတိုင်းပင်ဖြစ်သည်။

"ဖယ်စမ်းပါ "

သူသိလိုက်ပြီး ရာချီက အခုသွေးဆူနေပြီ

ရာချီ အငိုက်မိတုန်း မျိုးတင့်က ထပ်ထိုးတာကြောင့်ပိုလို့တောင်ဒေါသထွက်သွားကာပွဲကမရပ်သေးဘဲ မတ်တပ်ရပ်ကာလုံးပန်းနေ၏

"ရာချီကိုယ်ပြောနေတယ်တော်တော့လို့"

တားလို့မရနိုင်ပါ ဒီ‌ချိန်က ကောင်လေးကျေနပ်သွားအောင်လုပ်ပေးဖို့ဘဲရှိတော့၏

နောက်ကနေပုံတိုင်းတစ်ယောက် မျိုးတင့်ကို ချုပ်ထားပေးလိုက်တာကြောင့် မျိုးတင့်မရုန်းနိုင်ဖြစ်နေ၏

"တော်တော့လို့ပြောနေတယ် "

တော်တော့လို့သာ တားပေးနေတာ မျိုးတင့်ကိုသူကကိုယ်တိုင်ချုပ်ပေးထားတာကြောင့်
ရာချီ လွတ်လပ်စွာ ထိုးနိုင်၏

"မင်းကများငါ့အပိုင်ကို!"

ခွပ်!!

"ပုံတိုင်းကို ထပ်ပြောရင် မင်းအိမ်ကိုမီးလာရိူ့မယ် "

ခွပ်!!

"ပုံတိုင်းဆောင် မင်းအခုလွှတ်စမ်း "

မျိုးတင့်ကအော်ပြောလိုက်တော့

"မင်းတို့ရန်ဖြစ်မှာဆိုးလို့ချုပ်ထားတာကွ"

ခွပ်!!

"ဒါဆို ရာချီ့ကိုဆွဲလေ ငါအထိုးခံနေရပြီကွ!!"

"ရာချီကိုဆွဲရင် ရာချီ့ကိုမင်းထိုးမှာမလား"

ခွပ်!!

"အာ့ အခုမင်းငါ့ကိုဆွဲတော့ငါအထိုးခံနေရတယ်လေ"

"ခံလိုက်လေ "

ခွပ်!!!

"နောက်ခါမင်းတို့ပါးစပ်က ပုံတိုင်း မကောင်းကြောင်းပြောကြည့် အကုန်သတ်ပစ်မယ်!!"

ခွပ်!!!

"ပုံတိုင်းကိုပြောချင်ရင် ငါ့ကိုအရင်နိုင်အောင်လုပ်ကွ!!"

ရာချီရဲ့ စကားကြောင့်ပုံတိုင်းတစ်ယောက်တော့ပီတိဖြစ်ကာ လက်မတစ်ထောင်ထောင်နဲ့ နောက်ဆက်ဆွဲဘယ်ရောက်မလဲဆိုတာကိုတော့ သတိမထားမိကြပေ။

<><>

"ရာချီဒွေး!!မင်းက တစ်ယောက်ထဲရန်ဖြစ်ရတာ အားမရလို့ အဖော်နဲ့ဖြစ်တာပေါ့ဟုတ်လား "

"ရာချီ့ကိုအဲ့လိုမပြောပါနဲ့သူကြီးရန်ဖြစ်တာက ကျွန်တော်မပါဘူး "

"မင်းတို့သုံးယောက်လုံးဖြစ်နေတာ ငါမသိဘူးမှတ်လို့"

ရာချီ့ကတော့ သူအဖေပြောတာကို ခေါင်းထဲမရောက်ဘဲ မျိုးတင့်ကိုသာ ‌မျက်ထောင့် အနီနဲ့စိုက်ကြည့်နေ၏

"စိန်စိန်ပြောလိုက်လေ ငါပါလားလို့"

"ဟင်.."

"မေ့နေတာ နင့်ဆီမှာ ငါ့အကြွေးရှိ"

"ဟုတ်ပါတယ်သူကြီးပုံတိုင်းမပါပါဘူးသူတို့နှယောက်ဖြစ်နေလို့ဝင်ဆွဲရုံပါ "

"တွေ့လားကျွန်တော်မပါဘူး "

"ပါပါမပါပါ ရာချီမင်းကိုထိပ်တုံးခက်မယ်"

မျိုးတင့်ကိုကျ လွှတ်ပေးပြီး သူ့တစ်ယောက်ထဲကိုဘဲ ထိပ်တုံးခက်မယ်ဆိုတာကြောင့်ရာချီဒေါသထွက်ကာ

"ကျွန်တော်မှားနေလို့လား!!!"

"မင်းမှားတာဘဲလေ "

"ဘာ..သူတို့ဘာသာ သူများအတင်းကိုအရသာခံပြောနေလို့ဆုံးမလိုက်ရုံဘဲမဟုတ်လား "

"မင်းတို့လုပ်ရက်က မှန်ခဲ့လို့လား မင်းတို့သာမှန်နေရင် ဘယ်သူမှအားအားယားယားဒီလိုပြောမနေဘူး "

"ဒါဆို ကျွန်တော်တို့ကမှားခဲ့တယ်ပေါ့ကိုယ်အတင်းကို လာပြောနေတာတောင် ခေါင်းငုံ့ခံနေရမှာပေါ့ဟုတ်လား "

"မှားတာလုပ်ရင်တော့ ခံရမှာဘဲကွဘာတဲ့ယောင်္ကျားချင်းကိုများချစ်ကြိုက်နေလိုက်တာ သဘာဝကိုမရှိဘူး "

"အဖေတို့ပြောတဲ့သဘာဝကဘာလဲ မိန်းမနဲ့ယောင်္ကျားချစ်ကြိုက်မှ သဘာဝလားဟုတ်လား ပိုက်ဆံကိုဘဲကြည့်နေတဲ့အဖေ့ရဲ့ အတွေးအခေါ်တွေကဒီလောက်လေးဘဲရှိတာ ကျွန်တော်လက်ခံပါတယ် ကျွန်တော်ဘဲထိပ်တုံးခက်ခံပါ့မယ် "

ရာချီ ကိုယ့်ခြေထောက်နဲ့ကိုယ် ထိပ်တုံးရှိတဲ့နေရာကိုလှမ်းလိုက်ပေမယ့် ပုံတိုင်းကလက်ကိုဆွဲထားလိုက်ကာ

"ရာချီကို အခုထိပ်တုံးခက်ရင် ကျွန်တော်အပိုင်ဖြစ်တဲ့ရာချီကိုသွားရောင်းစားမှာပါ"

"ဘာကွ !!"

"မရွေးနိုင်ဘူးဆို ရာချီကိုချုပ်ချယ်ခွင့်လည်းမရှိသလို ပြောဆိုပိုင်ခွင့်လည်းမရှိဘူး
ကျွန်တော်ပြောခဲ့တယ်ပြောတယ်ထင်တယ်
အခုသူကြီးသားကကျွန်တော်အပိုင်ပါဆိူတာကိုလေ"

သူကြီးကိုလည်းနိုင်မည့်အကွက်တွေနဲ့ပြောခဲ့ပြီး ရာချီ့ရဲ့လက်ကိုပါဆွဲပြီးအဆုံးထိလျှောက်လာခဲ့ပမယ့်
ရာချီကတော့ တိတ်ဆိတ်နေဆဲ။
ကိုယ်ပြောခဲ့မယ်ထင်တယ် ရာချီကခန့်မှန်းရခက်တဲ့သူပါလို့ သူရဲ့စိတ်ကိုအခုထိမခန့်မှန်းတက်သေးတာကလည်း ကျွန်တော့်ရဲ့
အားနည်းချက်တစ်ခုသာ။

"ရာချီ အခုဘယ်သွားနေတာလဲ "

"မျိုးတင့်ဆီကို အဲ့ကောင်သွားတွေ ငါရိုက်ချိုးရမှ ကျေနပ်မှာ ဒါမှ သူစကားမပြောနိုင်တော့မှာ "

"ရာချီ တော်တော့ ကိုယ်နဲ့ အိမ်ပြန်ကြမယ်"

သွားနေတဲ့လမ်းကိုကွယ်ပြီး ရာချီ့လက်ကိုဆွဲလိုက်ပေမယ့် အတင်းရုန်းကာ

"ဘာလဲ သူတို့‌ဒီလိုပြောနေတာကိုမင်းကကျေနပ်နေတာလား "

"ကိုယ်ပြောတာအဲ့လိုသဘောမဟုတ်ဘူးလေကွာ အခုမင်းရဲ့ ဒဏ်ရာကို အရင်ဆေးထည့်မှပေါ့ "

"ငါဒီဒဏ်ရာလောက်ကို နာနေမယ်ထင်နေတာလား ဒီရင်ဘတ် ဒီ..ဒီထဲက ဒဏ်ရာကပိုနာကျင်နေတာကွ!!"

သူ့ရင်ဘတ်ကိုပြန်ပြီးရိုက်‌‌၍ အသံကိုလည်း အသားကုန်ညှစ်ပြီးမှ
အားယူပြီးပြောနေလျက်။

"ကိုယ်တောင်းပန်ပါတယ် ကိုယ်ကြောင့်နဲ့"

"ခင်များတောင်းပန်ရလောက်အောင် ကျုပ်တို့အမှားလုပ်ခဲ့လို့လားဗျ!!"

"ကိုယ်တို့မမှားခဲ့ဘူး ဒါပေမယ့် စိတ်ကိုအေးအေးထားပြီး ကိုယ်တို့ပြန်ကြရအောင်"

"မပြန်ဘူး!!"

"ဒေါသကိုနောက်မှထားခဲ့ပါရာချီရာ..သူပြောလဲဘာဖြစ်လဲ အခုပြီးနေတဲ့ကိစ္စကို "

"အဟက် ခင်များက အဲ့ကောင်ပြောခဲ့သလိုဘဲ အင်းမလုပ်အဲမလုပ်ကောင်ဘဲ "

"ရာချီ.."

"ဒီလိုဖြစ်ခဲ့ရင်တောင် သူတို့တွေ ပါးစပ်တွေအကုန်ပိတ်အောင် ခင်များလုပ်ပေးနိုင်ရမယ်လေ ခင်များကာကွယ်ပေးနိုင်တာဘဲ ဘာလို့ လဲကျုပ်ဖြစ်နေလို့လား "

"အင်းမင်းဖြစ်နေလို့ ကာကွယ်စရာမလိုလောက်အောင် မင်းကသန်မာနေလို့
ကိုယ်မင်းကို ယုံတယ်လေရာချီရဲ့ "

မဟုတ်ဘူး ယုံကြည်တာမဟုတ်ဘူး
သန်မာနေလို့လဲမဟုတ်ဘူး အစ်ကိုမသိပေမယ့် ကျွန်တော်က လုံးဝသန်မာတဲ့သူမဟုတ်ဘူး သန်မာချင်ယောင်ဆောင်နေခဲ့တာ...

ကျွန်တော်အခု ဒေါသဖြစ်တာထက် ဝမ်းနည်းစိတ်တွေရောခက်နေတာ အစ်ကိုမှမသိဘဲ
အစ်ကို့ဆီ့က ချစ်တယ်ဆိုတဲ့ စကားသာ ကြားလိုက်ရင် ပိုပြီးသန်မာနေမိမယ်ထင်တယ်...။

________________
[သုံးပိုင်းဆက်တိုက် ထပ်တင်ပေးပါ့မယ် ဒီ ဟာလေးကိုတော့ အမြန်ပြီးစေချင်လို့ပါ အားလုံး ဂရုစိုက်ပါနော် ]

Continue Reading

You'll Also Like

69.7K 153 17
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report
33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...
121K 4.5K 9
2 tom dylogii ,,Agony"
227K 11.5K 90
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...