ဟင်းတွေကဖြင့် ချက်ပြီးလို့ အကုန်ပြင်ဆင်ပြီးနေပြီ စိတ်ကောက်နေတဲ့ ပုံတိုင်းကတော့ အခုထိ အခန်းပြင်ကထွက်မလာ စိတ်ဆိုးနေတာကလည်းလွန်ကိုလွန်ပါတယ်
"တိုင်းရေ "
"အစ်ကိုခင်ဗျ စိတ်မဆိုးပါနဲ့ဗျာ"
ထိုမှ အခန်းထဲကနေ ခပ်တည်တည်နဲ့ထွက်လာပြီး စားပွဲခင်းထားတဲ့နေရမှာ ထိုင်ချကာ
"အဟက်!"
"အစ်ကို စားမယ်မလားဟင်"
"မစားဘူး "
"အစ်ကိုကလည်းဗျာ "
"မဗျာနဲ့ မင်းဘာသာစား ကိုယ်က ဒီတိုင်းလာထိုင်တာ "
"ဟူးး"
ချော့လို့မရတဲ့အဆုံး ရာချီ စိတ်တိုပြီးသက်ပျင်းချလိုက်ပြီးမှ
"အရပ်ကတော်ရေ ကြားလို့မှကောင်းရဲလား
တစ်ယောက်မနေချင်လို့ အဖော်နဲ့နေပါတယ်ဆို အဖော်က ထမင်းအတူတူမစားဘူးတဲ့အဟင့် "
အာပြဲကြီးနဲ့ အော်တဲ့ လေသံကြောင့် ပုံတိုင်းရှက်ကာ ရာချီ့ရဲ့ ပါးစပ်ကို လက်နဲ့အတင်းအုပ်လိုက်၍
"ရာချီ မင်းဘာတွေအော်နေတာ "
"မင်းမစားမချင်းအော်မှာဘဲ အရပ်ကတော်ရေ"
"ရာချီ မဆိုးနဲ့ကွာ "
"ဒီမှာဗျို့!!"
"ရာချီ ကိုယ်ပြောနေတယ်လေ "
"ဒါဆို စားလေလို့ "
"ကိုယ်မှမစားချင်တာ "
"အရပ်ကတော်ရေ!!!"
ပြောမရတိုင်း အရပ်ကတော်ကို အားကိုးရှာတာ အရပ်ကတော်က သူနဲ့သိပ်တည့်တာဆိုတော့
"ဟုတ်ပြီဟုတ်ပြီ ကိုယ်စားပါ့မယ် "
တကယ်ကစိတ်ဆိုးသလိုနေပြီး သူချက်တဲ့ဟင်းကိုမစားချင်လို့လုပ်ပေမယ့် ဒီကောင်လေးကတော့မရ ဇွတ်တရုတ်ပါလေ။
အတင်းသာကျွေးနေတာ ချက်တဲ့ဟင်းက စားချင်စရာမရှိ ကန်စွန်းရွက်က ညိုနေပြီး အသားကမဲနေတာ ငပိရည်ကျတော့လည်းကျဲတောက်နေတာဘဲ။
တကယ်တော့ကိုယ်က သဘောသာကောင်းရင်ကောင်းမယ် ဟင်းမကောင်းရင်မစားချင်ပါ ဒါတောင်အရသာ မမြည်းရသေး။သို့ပေမယ့် ရာချီချက်တာမို့ စားချင်မိတာပေါ့
"ကျွန်တော်ထည့်ပေးမယ် အဝစားနော် "
"အင်းပါ "
ထည့်ပေးလာတဲ့ ကန်စွန်းကြော်ကို အရင်မြည်းကြည့်တော့ ထင်တဲ့အတိုင်းဘဲလုံးဝမကောင်း ကြက်သားကျတော့လည်း တူးနေလို့ခါးနေသေး၏ ဒီအချိန်တော့ ဂျီးမများဘဲစားလိုက်နိုင်ပါသည် ပြီးရင် ချီးဖြစ်မှာဘဲ
အခုသာ ကောင်းတယ်လို့ပြောရင်
ရာချီ အမြဲချက်ကျွေးနေမယ်လို့ထင်မိသည်
ရာချီပင်ပန်းတာကိုမမြင်ချင်ပါ ကိုယ်တာဝန်ကိုဘဲကျေပွန်ချင်သည်။
"ကျွန်တော်ချက်တာကောင်းတယ်မလား"
"ရာချီ နောက်ခါကျရင် ကိုယ်ဘဲချက်ပါ့မယ်"
"ဘာလဲ အခုကစားမကောင်းဘူးလား"
"တကယ်တော့ မကောင်းဘူး "
"အာ...ဒါပေမယ့် ကျွန်တော် လက်နာခံပြီး ချက်ထားခဲ့တာကို ဘာလို့ ဟန်မဆောင်ခဲ့ရတာလဲ "
မျက်နှာအနည်းငယ်ငြိုးကျသွားတဲ့ ရာချီကြောင့် သူပါစိတ်မကောင်းဖြစ်မိသည်။
"ပေးပါ အလကားသက်သက် အပိုကုန်အောင်လုပ်မိပြီထင်တယ် "
"ကိုယ့်ကို စိတ်မဆိုးပါနဲ့ ရာချီ "
"အားနေ ခင်ဗျားကြီးကို စိတ်ဆိုးနေတယ်ဘဲထင်နေတာလား စိတ်မကောင်းဖြစ်တာဗျ
ကျွန်တော်ချက်တာ မကောင်းမှန်းလဲသိပါတယ် ဒါပေမယ့် ပင်ပင်ပန်းပန်းချက်ထားတာကို မကောင်းဘူးလို့ ဒဲ့ပြောတော့ လူဘဲ စိတ်မကောင်းဖြစ်မှာပေါ့ "
ပန်းကန်တွေ ထသိမ်းနေတဲ့ ရာချီရဲ့နောက်ကိုလိုက်ပြီး တစ်ခုခုပြောဖို့ချိန်နေပေမယ့် သူကတော့အလုပ်ရူပ်နေ၏
နောက်ဆုံးစားပွဲလှိမ့်သိမ်းတဲ့ အချိန်မှ ရာချီ့ရဲ့ အင်္ကျီခါးစလေးကိုဆွဲပြီး..
"ရာချီ ကိုယ်ပြောတာ အဲ့လိုသဘောမဟုတ်ပါဘူး"
"ဘာလဲ မကောင်းလို့မကောင်းဘူးပြောပြီးပြီမလား ဘာစကားတွေနဲ့လှည့်ပြောအုန်းမလို့လဲ "
"တကယ်တော့ မင်းချက်ကျွေးတာ မကောင်းလို့ကိုယ်မစားချင်တာမဟုတ်ဘူး "
"..."
"မင်းသာကိုယ့်က်ိုစားစေချင်တဲ့စိတ်နဲ့ချက်ကျွေးရင် ကိုယ်က မြက်ဆိုရင်တောင် မင်းကျွေးလို့စားပေးအုန်းမှာ ဒါပေမယ့် "
"....."
"ချက်ကျွေးတဲ့သူက မင်းဖြစ်နေတယ်လေ
အဲ့တော့ မင်းချက်ပြုတ်နေတာကို ကိုယ်မကြည့်ရက်ဘူး ကိုယ်ကမင်းကိုခိုင်းဖို့ယူထားတာမှမဟုတ်ဘဲ"
"....."
" အခုမင်းလယ်ထဲမှာသွားလုပ်နေတာတောင် ကိုယ်က ကြည့်ရက်တာမဟုတ်ဘူး ခုနကလည်းမင်းလက်ပူလောင်တာ ကိုယ်ဘယ်လောက်ထိစိတ်ပူသွားတယ်ထင်လဲ"
ရာချီ့ ဆီက စကားပြန်မရမချင် တစ်လုံးပြီးတစ်လုံး စဉ်းစားပြီးပြောထွက်နေတာများ။
"ဒါဆို ကျွန်တော့်ကို စိတ်ပူလို့ပေါ့ဟုတ်လား"
"အွန်းပေါ့ "
"ခင်ဗျားကတော့ဗျာ.."
"အာ့!"
အားရပါးရနဲ့ လှိမ့်သိမ်းဖို့ကိုင်ထားတဲ့ စားပွဲဝိုင်းကို ဖယ်ချလိုက်ပြီး ပုံတိုင်းရဲ့ ခါးကို အလျှင်အမြန် ဖက်လိုက်တာကြောင့်
စားပွဲဝိုင်းက လှိမ့်သွားကာ ပုံတိုင်းရဲ့ခြေမကို တက်ကြိတ်မိတော့၏
<><><>
အင်္ကျီတွေကလည်း အပိုမပါ ပုံတိုင်းအင်္ကျီတွေကလည်း အသစ် ချွတ်ချွတ်ပုံစံတွေနဲ့မို့
သူမဝတ်နိုင် ဒါတော့ ကိုယ့်အကြောင်းကိုယ်သိသည် အဝတ်အစား ဝတ်တာ စည်းကမ်းမရှိတာကို။
အခုတော့ အဝတ်အစားသွားယူမလို့ မသွားချင်တဲ့ အိမ်ကိုသွားနေရ၏
"အမေရေ အမေ "
ဒီအချိန်အဖေမရှိဘူး ထင်ပြီးလာခဲ့ပေမယ့် ကွပ်ပျစ်မှာ ထိုင်နေတာများငုတ်တုတ်။
"ဟော ရာချီသား အမေတို့ဆီ ပြန်လာတာလား "
"အမေတို့ဆီလာရင်တောင် အမေနဲ့နှင်းရည်ဆီဘဲလာမှာ အဖေ့ဆီမလာပါဘူး "
သူ့အဖေသူကြီးကြားအောင် တမင်ပြောလိုက်ခြင်းဖြစ်သည်။
"ငါ့အိမ်လာပြီးငါ့ကိုစော်ကားနေပြန်ပြီ "
"ကဲသား ဘာလာလုပ်တာလဲကွယ်"
"အာ သား ..."
"ဘဝပျက်လာတာမလား ငါပြောပါတယ် မိဘအိမ်ထက်ကောင်းတာ ဘယ်မှာမှ မရှိပါဘူးလို့"
ကိုယ်ကမဟရသေးဘူး ထင်ရာဇွတ်တွေးနေတဲ့ ဖခင်ကြောင့် သနားတဲ့အကြည့်နဲ့ ကျွတ် ကျွတ် ကျွတ် ဆိုပြီး စုတ်သက်လိုက်၍
"အမလေး အဖေရဲ့ အဖေတစ်ရက်လောက်လိုက်နေကြည့်ပါလား အိမ်တောင်ပြန်ချင်မှာမဟုတ်ဘူး...ဟောမေ့နေတာ ပုံတိုင်းကကျွန်တော်ကိုဘဲ ခေါ်ချင်တာ အဖေကို ခေါ်မှာမဟုတ်ဘူးဘဲ "
"ငါလဲမနေပါဘူးကွ ယောင်္ကျားချင်းဘာလုပ်ရမှာလဲ "
"အမလေး လုပ်လို့ရရင်တောင်မလုပ်ခိုင်းပါဘူး ကိုယ်မိန်းမကိုလည်းအားနာအုန်း "
"ဒီကောင်ကတော့ ငါစောင့်ကန်လိုက်ရ "
တစ်လုံးမကျန်ပြန်ပတ်ပြီးမှ ခြေထောက်ထုတ်လိုက်မှဘဲ မအေနောက်ကို ပြေးပုန်းတာ သွက်နေရော
"ကဲကဲတော်တော့ ရာချီသားလိုရင်းသာပြောစမ်းပါ "
"ပြောစရာမရှိပါဘူး အဝတ်အစားလာယူတာ"
"ဟာ့ မင်းကို ပုံတိုင်းဆောင်က အင်္ကျီအဝတ်အစားလေးတောင်မသက်ထာတော့ဘူးဘဲ ငိုပြီးပြန်လာမှာ မြင်ယောင်ပါသေးတယ် "
"အဟမ့် ရီချင်စရာကြီးနော် ဟိုမှာ ပုံတိုင်းကအသစ်တွေဘဲ ပေးဝတ်တာ အဖေရဲ့
သူဘဲလျှော်ပြီး သူဘဲမီးပူတိုက်ပေးတာ
ဒီအိမ်မှာကျ အဖေက မဝယ်ပေးတော့ အစုတ်နဲ့ဘဲနေရတာလေ ဒါကြောင့် အစုတ်ဝတ်ရတာကို အကျင့်ပါနေတာ "
တစ်ခါပြောရင် တစ်ခါနိုင်အောင်ပြန်ပြောတာ သူ၏ အကျင့်သာဖြစ်၏
"အေးပါ အေးပါ ဟိုမှာ မင်းထန်းရည်တောင်မသောက်တော့သလိုဘဲနော် မင်ပုံတိုင်းက မင်းကို ပိုက်ဆံမပေးဘူးထင်တယ် "
"အဖေရယ် ဒီစကားကြားတော့လေ အမေ့ကိုသနားမိတာ အစ်ကိုတိုင်းကလေ သူပိုက်ဆံတွေအကုန်အပ်တာ အဖေရဲ့ အဖေ့သားမက်က အဖေ့လိုမဟုတ်ဘူး "
"ဒီခွေးမသားကတော့ !!"
"အမေရေ အမေ့ကို အဖေဆဲနေတယ် "
သူ့ကြောင့်နဲ့ အဖေ ဒေါသထွက်သွားရင်လည်းကျေနပ်ပါသည် ယူစရာရှိတဲ့ အဝတ်တွေကို ယူရင်း လျှာကလည်းထုတ်ပြီး ပြေးထွက်သွားသေးတာ။
<><><>
ဆရာမ_"စပါးဝါရွှေဝင်းပါစေ"
တပည့်များ_" ပန်းတွေသင်းပါစေ.. "
ဆရာမ_ "ငှက်ကလေးတွေမိုးတိမ်းကြား"
တပည့်များ_" ပျံနိုင်ကြစေသား"
ဆရာမ_"နေရောင်ခြည်လည်းဖွေးပါစေ"
တပည့်များ _"လေပြေအေးပါစေ"
ဆရာမ_"ချစ်မိတ်ဆွေပေါင်းဖော်များ"
တပည့်များ_"ကျန်းမာကြစေသား"
ဆရာမဧကရီက ထောက်ပြလျှက် ကျောင်းသားတွေကလည်း ညီညီညာညာလိုက်ဆိုကြသေး၏ တစ်ခုထောက်ပြတာနဲ့ အစဉ်လိုက် လိုက်ဆိုပေးသေးတာ
ဘက်!!ဘက်!!ဘက်!!(လက်ခုပ်သံ)
"ကဲ တော်လိုက်တာ ဒါလေးကို ကျက်ထားကြနော် သားတို့သမီးတို့ "
"ဟုတ်ကဲ့ပါဆရာမ "
ခနနားရန်အတွက် စားပွဲခုံမှာဘဲ ထိုင်ပြီး
ခလေးတွေကို ဂရုတစိုက်နဲ့ကြည့်ပေးရှာသည်။
ပြောလို့ပြောရတာမဟုတ် ဒီရွာလေးကစာသင်ရတာ သိပ်ကိုပျော်လွန်းသည်
ခလေးတွေကလည်း စကားဆို သိပ်ကိုနားထောင်သည်။
တစ်ခြားပျော်ရသည့် အကြောင်းအရင်းကတော့...
"ဆရာမ ဒါလေး "
ခလေးမလေးတစ်ယောက်လာပေးတာကြည့်လိုက်တော့ နှင်းဆီ ပန်းအဝါလေး နှစ်ပွင့်။
"ဟယ်ချစ်စရာလေးဘဲ ကျေးဇူးနော် သမီးလေး "
"ဆရာမ သမီးပန်ပေးပါ့မယ် "
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့ အင့်ပန်တော့"
ခလေးမလေး ပန်ပေးတဲ့ အတိုင်း မှန်ကြည့်တော့ သိပ်ကိုလှပလွန်းသည် ပီတိတွေကဖျာနေတာလို့ သွား ၃၂ချောင်းပါ ပေါ်သည်အထိ ပြုံးနေတာ အပြုံးမရပ်ပေ။
"ဧကရီ အချိန်ပြည့်ပြီ ပြန်ကျရအောင်လေ "
"အင်းလာပြီ "
မြပိုးနွယ်လာခေါ်တာကြောင့် ခြင်းတွေပါ ပြင်ဆင်ပြီး ထွက်လာလိုက်၏
မြပိုးကတော့ ဘာကြောင်းမှန်းမသိ မျက်နှာက မအိမသာ။
"မြပိုး တစ်ခုခုဖြစ်ခဲ့တာလား "
"နင့်ကြည့်ရတာ အားမရလို့လေ"
"ဟင်ဘာကိုလဲ "
"သံယောစဉ်ကို မလိုအပ်ဘဲ တွယ်နေလို့ဟေ့
ကျောင်းပြီးရင်ဘဲ ပြန်ရမယ့် ဟာကို ဒီလိုတွေဖြစ်နေတာ "
မြပိုးပြောတာလည်းမှန်နေလိမ့်မည်ကိုယ်တွေက သံယောစဉ်ကို တွယ်သင့်သလောက်တွယ်တာဘဲကောင်းလိမ့်မည် ကျောင်းပြီးရင်တောင်မှ အိမ်တန်းပြန်ရမှာမဟုတ်ဘဲ တာဝန်ကျတဲ့ နေရာအဝေးကိုလည်း ပြောင်းရွေ့နိုင်တာဘဲလေ။
"အင်းပါ ဒါပေမယ့် ရှိနေတဲ့အတွင်းကိုတော့
အဆင်ပြေအောင်နေချင်တယ်လေ "
"နေပါနေနေ ပန်းလေး တစ်ပွင့်ပန်ပေးတာကို ဖြစ်ပျက်နေလိုက်တာ ဟိုက ရောဂါရှိနေရင်ဘယ်လိုလုပ်မလဲ နင့်အမေသာသိရင်တော့ မတွေးရဲစရာ "
"မြပိုးနွယ် !!"
ဒေါသထွက်မိပါသည် ခလေးတွေကို ဒီလို အထင်အမြင်သေးနေတာကို တစ်ဦးရဲ့ စေတနာကို အခုတော့ ဝေဒနာ ဖြစ်နေမိ။
"ဘာလဲ ငါပြောတာ မှားနေလို့လား နင်အမေ့အကြောင်းလဲ နင်သိတာဘဲ ဒီလောက်ကြီးကြီးတက်နေပြီး မြင်သမျှ အထင်သေးနေတာလေ နင်ကဒီလို အရမ်းတွေသဘောကောင်းနေရင်လေ အခုလို ဝါသနာကိုပါ ဖျတ်စီးခံရမှာဆိုလို့ပြောနေတာဟဲ့ "
"ငါ့ကို ခနလောက်လွှတ်ထားပေး ငါ့ဟာငါ ရွေးချယ်မယ် "
"မပြောတော့ဘူးသွားပြီ "
နဂိုတည်းက တယောက်ထဲ ဒီရွာလေးမှာ ဝာာဝန်ကျခဲ့ရင်ကောင်းမည် အခုတော့ တကိုယ်ကောင်းဆန်ပြီး အတ္တကြီးလွန်းတဲ့ သူငယ်ချင်းဖြစ်သူနဲ့ပါနေရတာ နေရာတကာကိုလိုက်အားနာနေမိတာ ။
မြပိုးကလည်းစိတ်ဆိုးပြီးအရင်ပြန်သွားတာကြောင့် တစ်ယောက်တည်းဘဲ ပြန်ရတော့မည်။ ဒါပေမယ့်လည်းပျင်းနေတာကြောင့်
ရွာထဲက သာသာယာယာနဲ့လှပပြီး တိတ်ဆိတ်တဲ့နေရာမှာ စက်ဘီးရပ်ပြီး သွားထိုင်မိသည်။
နေရာလေးကသိပ်ကိုလှပပြီး လေကောင်းလေသန့်လေးကလည်းရ၏
ကုက္ကိုလ်ပင် အောက်မှာ ခုံတန်းကြီးရှိတာကြောင့် ထိုင်လည်း အေးဆေးနေနိုင်သည်။
"ဟူးးးကောင်းလိုက်တာ"
"အမဧကရီ "
"ဪ နှင်းရည်လေးဘဲ "
"ဆုံပြန်ပြီနော် "
"ဟုတ်ပါ့ရဲ့ "
နှင်းရည်ကိုမြင်တော့ မျက်နှာက ခုနကနဲ့ မတူဘဲပိုလို့တောင်လန်းဆန်းသွား၏
"အမ ဘာထိုင်လုပ်နေတာ ကျောင်း ဝတ်စုံနဲ့ဆိုတော့ ကျောင်းကတန်းလာတာလား"
"အင်း ဒီနေရာလေးကလည်းအေးချမ်းလို့လာထိုင်နေတာလေ ညီမလေးကရောဘာလာလုပ်တာ "
"မလုပ်ပါဘူး အိမ်မှာမနေချင်လို့ ထွက်လာတာ ခနထိုင်မယ်နော် "
"ရတာပေါ့ "
သူနှင်းရည်ကို သဘောကျမိသည် ဒါကမြင်မြင်ချင်းထဲက ထင်တယ်။
ဒီညီမလေး ကအပစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ သိပ်ကိုအကြည့်ခံသည်။
ဒါပေမယ့် မချစ်မိအောင်ကြိုးးစားရမည်။
"နှင်းရည်.."
"ရှင့်"
"နှင်းရည်က ဘာလုပ်တာလဲ "
"လုပ်ပါဘူး တခါတလေတော့ မြို့က အထည်လေးတွေဝယ်ပြီးရောင်းစားတယ်လေ"
"ဟုတ်လား တော်သားဘဲ "
"ဟဲဟဲ ဒီလောက်ကတော့အေးဆေးပါ ဒါဆို အမ.. နှင်းရည်ပြန်ပြီ"
"ခနလေး နှင်းရည် "
ယခင်က တပည့်မလေးပေးတဲ့ထဲက နှင်းဆီ တစ်ဖွင့်ကို ယူပြီး နှင်းရည်ရဲ့နားကြားထဲညှပ်၍ ပန်ပေးလိုက်တော့
နှင်းရည်ကိုယ်တိုင်ကလည်းငြိမ်ငြိမ်လေးသာ နေနေ၏
"လှလိုက်တာ "
သူကိုယ်တိုင်လည်း သဘောကျမိပုံရ၏
ပန်းလေးကို ကိုင်ကြည့်ပြီး ပြုံးပျော်နေတာများ စွာတေးလန်မျက်နှာပေါက်လေးကိုတောင် မေ့သည်အထိအပြစ်ကင်းစင်နေတဲ့ မျက်နှာလေးနဲ့။
"နှင်းဆီဝါက ညီမလေးနဲ့ သိပ်ကိုလှတယ်"
"...."
_____________________
[မြပိုးနွယ်က အရန်ဆိုပေမယ့် ဇာတ်ကို
ဆွဲဆန့်ပေးမယ့်သူပါနော် ဟဲဟဲ ကြိုပြောပြထားတာ ]