BUNCH {စည်း}Complete ✔️

By Poelaywarthway

33.7K 3.2K 171

"ခင်ဗျားတစ်ယောက်တည်း တစ်ဖက်သတ်ကြီးခြားထားတဲ့စည်းကိုကျုပ်ကဂရုစိုက်မယ်ထင်လို့လား" JEON JUNG KOOK💜 "အဓိပ္ပါယ်မရ... More

🌿_ 1
🌿_2
🌿_3
🌿_4
🌿_5
🌿_6
🌿_7
🌿_8
🌿_9
🌿_10
🌿_11
🌿_12
🌿_13
🌿_14
🌿_15
🌿_16
🌿_17
🌿_18
🌿_19
🌿_20
Ending

🌿_21

1.6K 146 8
By Poelaywarthway


ဂျောင်ကု ဒီနေ့လစာထုတ်တဲ့ရက်မို့ အိမ်အစောပြန်ခဲ့လိုက်သည်။ ပြီးရင် "ဂျင်"နဲ့အတူ လျှောက်လည်မယ်။
"ဂျင်"လိုချင်တာတွေ ဝယ်ပေးမယ် စားချင်တာတွေ ဝယ်ကျွေးမယ် ။ အခုသူထုတ်လာတဲ့ လစာက အရင်သူတစ်ရက်ဖြုန်းတဲ့ငွေတောင်မရှိပေမယ့် သူ့ကိုယ့်ပိုင်လုပ်အားခနဲ့ ရလာတဲ့ငွေနဲ့ "ဂျင့်"ကို ဖြည့်စည်းပေးမှာမလို့ သူပျော်ပါသည်။နောက်နောင်လည်း "ဂျင့်"ကို ပြည့်စုံအောင်ထားနိုင်ဖို့ သူဒီထက်မကပိုကြိုးစားသွားမည်။

"ဂျင်..အသည်းလေး..အချစ်လေးရေ မောင်ပြန်လာပြီ ...."

"မောင် ဒီနေ့လစာထုတ်လာတယ် အပြင်သွားကြရအောင်.."

"အချစ်လေးရေလို့....."

"ပြန်လာပြီပေါ့...."

"ကြွခဲ့ပါဦး "ဂျွန်ဂျောင်ကု"
စာရင်းလေးဘာလေးရှင်းရအောင်လို့....."

"ကြွလာပါပြီခင်ဗျာ...ဘာစာရင်းရှင်းမလို့လဲအချစ်ရဲ့..."

"ဟင် ..ဥက္ကဌကြီးဂျွန် ဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ?.."

"ဟိတ်ကောင် ဘာကိုဥက္ကဌကြီးဂျွန်လဲ
ကိုယ့်အဖိုးကိုများ ဒီကောင်တော့....."

"ဂျွန်ဂျောင်ကု...အရင်ဆုံးငါနဲ့စာရင်းရှင်းပါဦး"

"ဘာ ဘာဖြစ်လို့လဲအချစ်ရဲ့ ဘာကိုစာရင်းရှင်းမှာလဲဟင်..."

ဂျောင်ကု တတွေးတွေမြိုချနေရသည်။
"ဂျင်"ကမျက်နှာလေးအတည်တင်းနေသည်။
အဖိုးကလည်းဒီရောက်နေတယ်ဆိုတော့ ဘာတွေဖြစ်နေကြတာလဲ? "ဂျင်"ကသူ့ကို ဘာစာရင်းရှင်းမှာလဲ?
သူမတွေးတတ်တော့ဘူး။
"ဂျင်"ဘာကို စိတ်ဆိုးနေတာပါလိမ့် အဖိုးကြောင့်လား အဖိုးမဟုတ်တာတစ်ခုခုပြောလိုက်တာများလား......။

ဝင်လာကတည်းက မိုးမမြင်လေမမြင်နဲ့ နားယားစရာကောင်းအောင် သည်းနေတဲ့မြေးဖြစ်သူကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။အဖိုးဖြစ်တဲ့သူကိုမြင်တာတောင်
ဝမ်းသာအားရမကြိုဆိုဘဲ ခေါ်ပုံကိုက ဥက္ကဌကြီးဂျွန်တဲ့ "ဆော့ဂျင်"မလုပ်ခင် သူအရင်လုပ်လိုက်ချင်သည်။
အခုလည်း ကြည့်ပါဦး။အရှေ့မှာရပ်နေတာ သူမြေးတစ်မိုးအောက်"ဂျွန်ဂျောင်ကု"ဟုတ်ပါလေစ။
ကုပ်ချောင်းချောင်းနဲ့ ယုန်သူငယ်လေးတစ်ကောင်လို ကုပ်နေလိုက်တာများ
ဖြတ်ရိုက်ချင်စရာလေး..............။

"မင်း ဘယ်သူ့ခွင့်ပြုချက်နဲ့ အချိန်ပိုင်းအလုပ်တွေကိုပါဝင်လုပ်နေတာလဲ?"

"ဟင် အဲဒါ~~ဂျင်ဘယ်လိုသိသွားတာလဲ?....."

ဂျောင်ကုက ပြောပြီးသူ့အဖိုးကိုလှမ်းကြည့်လိုက်တော့ ဥက္ကဌကြီးဂျွန်က မျက်နှာဟိုဖက်လှည့်သွားပြီး
မသိချင်ယောင်ဆောင်နေတော့သည်။

"ငါမေးတာဖြေစမ်းပါ!..
မင်းကိုဘယ်သူ့ခွင့်ပြုချက်နဲ့လည်းလို့!.."

"ဂျင်..အဲ အဲဒါကလေ...မောင်ရှင်းပြမယ်..."

"ဘာကိုရှင်းပြမှာလဲ ငါကငွေမက်တယ်လို့ပြောမိလား?
ရှိတာနဲ့မတင်းတိမ်နိုင်ဘူးလို့ ထင်နေလို့လား?....
ငွေရှာမပေးနိုင်ရင် မင်းအနားကထွက်သွားမယ်လို့ထင်နေတာလား?...
အဲ့လိုဆို အစကတည်းကငါဒီလိုဆုံးဖြတ်ချက်ချပြီး
မင်းနဲ့အတူဘဝတစ်ခုတောင်ထူထောင်မနေဘူး......"

"မဟုတ်ဘူး "ဂျင်" အဲ့လိုမဟုတ်ပါဘူး....
"ဂျင့်"ကို အဲ့လိုထင်လို့မဟုတ်ပါဘူး
မောင်ကိုယ်တိုင် "ဂျင့်"ကို ပြည့်ပြည့်စုံစုံထားချင်လို့ပါ...."

"ဘယ်သူကပြည့်ပြည့်စုံစုံနေချင်ပါတယ်လို့ပြောနေလို့လဲ!!"

"ကဲ..ကဲ..ပြည့်ပြည့်စုံစုံထားချင်တဲ့သူရော မနေချင်တဲ့သူရော တော်ကြတော့ ဒီမှာလာထိုင်ကြနှစ်ယောက်စလုံး...."

"အဖိုးပြောပြလိုက်တာမလား! တကယ်ပဲ..."

"ဟ! ငါက တမင်ပြောတာမှမဟုတ်တာ ဒီတိုင်းကြုံလို့ပြောလိုက်မိတာကို မင်းတို့နှစ်ယောက်စလုံးကအလုပ်တွေထွက်လုပ်နေကြပြီးကြိုးစားနေတော့......."

"ဘယ်လို "ဂျင်"က အလုပ်ထွက်လုပ်နေတယ် ဟုတ်လား?"

"ဟမ်..ဆော့ဂျင် အလုပ်ထွက်လုပ်တာလည်း မင်းမသိဘူးလား?"

ဒီကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မသိအောင် ခိုးလုပ်နေကြတာပဲ
ငါတော့ စကားထပ်မှားပြန်ပြီ သေစမ်း။

"ဂျင်!!"

"အဲ အဲဒါက...."

"မောင်က "ဂျင့်"တစ်ယောက်ကိုတောင် တာဝန်မယူနိုင်ဘူးထင်လို့ပေါ့လေ...
ဘာမှမလုပ်ခဲ့ဖူးတဲ့သူမလို့ ဒဏ်ခံနိုင်မှာမဟုတ်ဘူးဆိုပြီး မောင့်ကိုအထင်သေးတာပေါ့....."

"ကတိတွေဘယ်လောက်ပေးပေး မယုံရဲဘူးဆိုပါတော့....
မောင်ကအသုံးမကျတဲ့ကောင်လို့ သတ်မှတ်ထားတာပဲ ဂျင်က...."

"ဟာ!! အဲလိုမှမဟုတ်တာ...."

"မင်းတစ်ယောက်တည်းပင်ပန်းနေရတာ
ငါဘယ်လိုလုပ်ကြည့်ရက်မှာလဲ....."

"ဘယ်သူကပင်ပန်းတယ်ပြောလို့လဲ......"

"ကဲ..ကဲ...တော်ကြတော့..တော်ကြတော့
အဖိုးကမသိလို့ပြောလိုက်မိတာ စကားမများကြနဲ့တော့....
နှစ်ယောက်စလုံးက အပြစ်လုပ်ကြတာမှမဟုတ်တာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုမလွဲကြနဲ့တော့..."

"ဥက္ကဌကြီးဂျွန်ကရော ဒီကိုဘာလာလုပ်တာလဲ
ဘာလဲ ပြဿနာလာရှာတာလား...."

"ဒီကောင်တော့...ငါ့ဘက်လှည့်လာပြန်ပြီ"

"နှစ်ယောက်စလုံး တခါတည်းအတူတူပြန်လိုက်ခဲ့ကြ"

"ငြင်းမယ်တော့မကြံကြနဲ့..ငါ့ကိုအသက်ရှည်ရှည်နေရတာမမြင်ချင်ရင်တော့ ငြင်းကြပေါ့....."

အဖိုးက သူတို့နှစ်ယောက်စလုံးဘာမှပြန်မပြောရသေးခင်မှာပဲ တခါတည်းပိတ်ပြောသွားတော့၏။

သူ "ဂျောင်ကု"ကို အကြီးအကျယ်စိတ်ဆိုးပြီး တေးထားပေမယ့် သူ့ကိစ္စပါပေါ်သွားတော့ လျှော်ပေးလိုက်ရတော့သည်။ သူကတောင်မှ လျှော်ပေးလိုက်တဲ့ဟာကို "ဂျွန်ဂျောင်ကု"ကကောက်ချင်နေသေးတာ သူတစ်ဖန်ပြန်စိတ်ဆိုးလိုက်တော့မှ "မောင်က "ဂျင်"ပင်ပန်းမှာဆိုးလို့ စိတ်ပူလို့ပြောတဲ့ဟာကို"ဆိုပြီး လာချွဲတော့သည်။

~~~~~~~~~~

"ဂျင်"အလုပ်ထွက်လုပ်တယ်ဆိုတာသိလိုက်ရတော့
သူတကယ်စိတ်တိုသွားခဲ့တာ "ဂျင်"ကပြောစကားနားမထောင်တတ်လွန်းလို့။ သူ့မှာတော့ ချော့တစ်ခါတင်းတလှည့်နဲ့အတန်တန်ပြောနေခဲ့ရတာ။ ဒါတောင် စကားနားမထောင်ဘဲအလုပ်သွားထွက်လုပ်တယ်ဆိုတော့ သူစိတ်ဆိုးသင့်တယ်မဟုတ်လား။ အပြင်ထွက်လုပ်နေတာဘယ်လောက်တောင်ရှိသွားပြီလဲသူမေးတော့ "ဂျင်"က နှစ်ရက်တဲ့
ဟုတ်လို့လားဆိုပြီးတည့်တည့်စိုက်ကြည့်ပြီးမေးတော့မှ
ခုနစ်ရက်တဲ့လေ။ တွေ့လား လိမ်ချင်သေးတာပါဆို......
သူစိတ်ဆိုးနေမှန်းသိတော့ "ဂျင်"ကအစပိုင်းချော့ပါသေးတယ်။ နောက်တော့စိတ်မရှည်တော့ဘဲ တစ်ဖန်ပြန်စိတ်ကောက်သွားလို့ သူမှာမနည်းပြန်ချော့လိုက်ရသည်။

သူစိတ်ဆိုးလည်းကျွန်တော်ချော့သလို ကျွန်တော်စိတ်ဆိုးလည်းကျွန်တော်ပဲချော့ပါသည်🩷💜

~~~~~~~~~~~~<><><><><><>~~~~~~~~~~~

အခု သူတို့ "ဆိုးလ်" ကိုပြန်ရောက်နေကြတာဖြစ်သည်။
"ဂျောင်ကု"ကဒီမှာရှိတဲ့ရုံးခွဲတွေကိုဦးစီးနေတာဖြစ်ပြီး
အဖိုးကတော့ သူတို့မင်္ဂလာဆောင်ကျမှပဲပြန်လာမယ်ပြောပြီးပြန်သွားတော့သည်။
သူကတော့ အရင်အတိုင်းကုမ္ပဏီမှာပြန်ဆင်းနေ၏။
မင်္ဂလာဆောင်ဖို့ရက်ကလည်းသိပ်မလိုတော့ပေ။
ဒီကြားထဲသူနဲ့"ဂျောင်ကု"ခွဲနေနေကြသည်။

သူကတော့အိမ်မှာပြန်နေနေတာဖြစ်ပြီး "ဂျောင်ကု"ကတော့သူ့အရင်တိုက်ခန်းမှာပင်။သူတို့မင်္ဂလာမဆောင်ခင်ခဏခွဲနေဖို့အတွက် "ဂျောင်ကု"ကိုအတော်ပြောယူလိုက်ရသည်။ လက်မှတ်တောင်ထိုးပြီးနေပြီကို ခွဲပြီးမနေနိုင်ဘူးဟုပြောကာအတင်းငြင်းလာတော့သည်။
အခုလိုစီစဉ်တာ"မီမီ့"အကြံဖြစ်ပြီးမီမီ"က
ဂျောင်ကု"ကို တစ်သက်လုံးအကို"ဂျောင်ကု"ပိုင်ရတော့မှာပဲဟာကို ခဏလေးတောင်သည်းမခံနိုင်ဘူးလားနဲ့
နှစ်ယောက်သားအရုပ်လုနေတဲ့ကလေးတွေလိုရန်ဖြစ်နေကြတော့သည်။

နောက်ဆုံး"ဂျောင်ကု"ကဘယ်လိုမှပြောမရ၍သူဝင်ပါရတော့သည်။
ငါတို့ကအပြစ်လုပ်ထားတယ်လေနော်"ဂျောင်ကု"
အလျှော့ပေးလိုက်ကြရအောင်ပါလို့ပြောပြီး မင်္ဂလာဆောင်ပြီးရင်မင်းခေါ်စေချင်တဲ့ "မောင်"လို့လည်းခေါ်မယ်။
မင်းကြားချင်နေတဲ့အဖြေကိုလည်းပေးမယ်ပြောမှ ကတိနော်ဆိုပြီး လက်မခံချင်ခံချင်နဲ့လက်ခံပေးလာသည်။ဒါတောင် မိုးလင်းမိုးချုပ်ဖုန်းခေါ်လိုက်၊စာပို့လိုက်နဲ့
နေ့လည်စာကိုလည်း သူ့ကုမ္ပဏီအထိလာလာစားသည်။
ညစာလည်းအိမ်ကိုလာစားပြီးအတော်နဲ့မပြန်
တခါတခါကူလီကူမာလုပ်ပြီး မပြန်တော့ဘူးဟုပြောလာလို့ မနည်းပြန်ပြန်လွှတ်ရသည်။

~~~~

နောက်ဆုံးတော့ သူတို့မင်္ဂလာဆောင်မယ့်ရက်ကိုရောက်လာခဲ့ပြီ.......။
"ဂျောင်ကု"အဖိုးကတော့ ခန်းခန်းနားနားကြီးကြီးကျယ်ကျယ်ဆောင်ဖို့ပြောပေမယ့် သူကတော့အဲ့အတွက်ကုန်ကျငွေတွေကို ဂေဟာတွေအတွက်ပိုလှူချင်တာမလို့
ကင်မ်အိမ်တော်မှာပဲ လူနည်းစုလောက်သာဖိတ်ပြီးအကျဉ်းရုံးလုပ်လိုက်သည်။
"ဂျောင်ကု"ကတော့ အချစ်သဘော၊အသည်းသဘောနဲ့ ဘာမှကောင်းကောင်းတိုင်ပင်လို့ကိုမရ....။
မင်္ဂလာဆောင်အမြန်ပြီးသွားဖို့ပဲသူကစိတ်ဝင်စားတယ်။
ဒါမှသူတို့နှစ်ယောက်အတူတူနေရမှာဆိုပြီး
မင်္ဂလာပွဲရောDinner Partyပါ တစ်ရက်ထဲအပြီးလုပ်ဖြစ်လိုက်ကြ၏။


dinnerပြီးတော့"ဂျောင်ကု"နဲ့ "မီမီ"တစ်စခန်းထကြပြန်သည်......။

"ဟိတ် ဟိတ် မရဘူးနော်
"ကင်မ်ဆမ်မီ"တရားလွန်နေပြီနော်..."

"အကို"ဂျောင်ကု"ကပိုလွန်တာမဟုတ်ဘူးလား
ဒီတစ်ညလေးပဲခေါ်ထားမှာကို...."

"မထားခဲ့နိုင်ပါဘူး ခေါ်ထားလို့ရမလား!..."

"ဂျင် မောင်တကယ်ခွင့်မပြုဘူးနော်
ဟိုကလေးမ အဲ့ဆွဲထားတဲ့လက်ကိုအခုလွှတ်လိုက်တော့...."

"မီမီ"နဲ့ "ဂျောင်ကု"သူ့ကိုလုရင်း ရန်ဖြစ်နေကြတာကြည့်ပြီး သူရယ်နေမိသည်။
တစ်ယောက်မှလည်းအလျော့မပေး ဟိုတစ်ယောက်ကလည်းကလေးနဲ့အပြိုင် ပြောတော့ဖြင့်ညီမအရင်းတစ်ယောက်ရတယ်ပြောပြီး အခုကျတော့စစ်ခင်းနေလိုက်များ.....။

"ဂျင်!...."

"လိုက်ခဲ့ပါ့မယ် ဘယ်လိုဖြစ်လို့ရုပ်ကြီးသုန်မှုန်ပြီးအော်နေရတာလဲ...."

"မသုန်မှုန်ဘဲနေမလား ပြီးရင်"ဂျင်"ကပြောရတာမဟုတ်ဘူး...."

"မင်းကို "မီမီ"က စ,နေတာလေ ဒါလေးတောင်အကဲမခတ်တတ်တော့ဘူးလား"

"ဟုတ်ပါ့ အကို"ဂျောင်ကု"ကသည်းကိုသည်းတယ်"

"ဘာဖြစ်လဲ..."

"မီမီ.. ကိုကြီးတို့မကြာမကြာလာမယ်နော် ကြားလား"

"ဟုတ်"

ဆော့ဂျင် တောင့်တောင့်ကြီးရပ်နေတဲ့ဂျောင်ကုကိုလှည့်ကြည့်လိုက်ပြီး......

"မင်း ရန်ဖြစ်ပြီးနေခဲ့မှာဆိုလည်းနေခဲ့နော်
ငါကားပေါ်တက်ပြီ..."

"မနေခဲ့ပါဘူး မောင့်ကိုစောင့်ဦးလို့....."

~~~~~~~~~~<><><><><><>~~~~~~~~~~~~~

သူနဲ့ဂျောင်ကု အဖိုးထပ်ပြီးလက်ဖွဲ့ပေးထားတဲ့အိမ်အသစ်ကို မောင်းလာခဲ့ကြသည်။
တစ်လမ်းလုံးလည်း ကားမောင်းနေရင်းစ,နောက်နေပြီး အူမြူးနေတဲ့"ဂျောင်ကု"ကို ကားကိုပဲဂရုစိုက်မောင်းဖို့ မနည်းပြောနေရသည်။ အခုအိမ်ရောက်တဲ့အထိလည်း မျက်နှာပိုးကမသတ်သေး.....။

"အော်..အသည်းလေးကဆင်းလိုက်ပြီလား
မောင်ကတခါးဖွင့်ပေးမလို့ကို..."

"အသည်းလေး ခဏ ခဏ မောင်ချီမယ်..."

"ဂျောင်ကု မင်းဘယ်လိုဖြစ်နေတာလဲ"

"ချီမလို့လေ ..အော် ကုန်းပိုးစီးချင်တာလား
ဒါလည်းဖြစ်တယ်..."

ဆော့ဂျင် အိမ်ထဲဝင်ဖို့အရေး ဘေးကနေအပိုးမသတ်နိုင်ဖြစ်နေပြီးလိုက်စ,နေတဲ့"ဂျောင်ကု"ကို ခြေထောက်ကိုခပ်နာနာလေးတက်နင်းပစ်ခဲ့လိုက်ပြီး အိမ်ထဲဝင်လာလိုက်တော့သည်။

"အား..အား သေပါပြီ။နာလိုက်တာ လမ်းလျှောက်လို့မရတော့ဘူးအချစ်..မောင့်ကိုလာတွဲခေါ်ပါဦး"

"လမ်းလျှောက်မရရင် အပြင်မှာပဲအိပ်ပြီးနေခဲ့လိုက်"

ထိုအခါမှထော့နင်းထော့နင်းလုပ်နေရင်းက
"ဆော့ဂျင်"အနောက်ပြေးလိုက်လာတော့သည်။

"မအိပ်ပါဘူးနော်...စောင့်ဦးလို့ဆိုအသည်းလေး"

~~~~~~~~

အခန်းထဲရောက်တော့ ဆော့ဂျင်dinnerပွဲကအဝတ်အစားတွေချွတ်ပစ်လိုက်ပြီး ရေချိုးလိုက်တော့သည်။
သူရေချိုးပြီးအပြင်ပြန်ထွက်လာတော့ "ဂျွန်ဂျောင်ကု"က ကုတင်ပေါ်လက်နောက်ပြန်ထောက်ထားပြီး သူ့ကိုပြီတီတီရုပ်နဲ့ကြည့်နေသည်။

"ဘာလဲ.."

"ခေါင်းတွေလျှော်လာပြန်ပြီ လာ မောင်သုတ်ပေးမယ်..."

"ရတယ် ငါ့ငါသုတ်မယ်။ ဒီညမင်းနဲ့ဝေးဝေးနေလေ
ငါ့အတွက်အန္တရာယ်ကင်းလေပဲ"

"ကြည့်ဦး မောင်ကအန္တရာယ်ကောင်ကြီးကျနေတာပဲ
နှာစေးလိမ့်မယ်လာ...မောင်သုတ်ပေးမယ်...."

ဂျောင်ကု ဆော့ဂျင်ကိုအနားဆွဲခေါ်လိုက်ပြီး ကုတင်ပေါ်ထိုင်စေကာ ရေသုတ်ပေးနေရင်းနှာခေါင်းကလည်းငြိမ်ငြိမ်မနေပါ တရှုံ့ရှုံ့နဲ့လိုက်နမ်းနေတော့သည်။

"မွှေးနေတာပဲ ..ပါးလေးကလည်းမွှေးတယ် နားလေးကလည်းမွှေးတယ် ဆံပင်လေးတွေကလည်းမွှေးတယ်
ဟောဒီလည်တိုင်လေးကလည်းမွှေးတယ်...."

"ဂျွန်ဂျောင်ကု!! မင်း ခေါင်းသုတ်ပေးနေတာကနည်းနည်းနော် အသားယူနေတာခပ်များများ...."

"ကိုယ့်ယောကျာ်းကိုယ်နမ်းတာလေ
အသားယူတယ်လို့ပြောလို့မရပါဘူးနော်...."

"ဖယ်တော့ ဟုတ်တိပတ်တိသုတ်ပေးတာလဲမဟုတ်ဘဲ
ငါအဝတ်ဝတ်တော့မလို့ဖယ်....."

"အဝတ်စားကဘာလို့ဝတ်နေမှာလဲ
ပြီးရင်မောင်ပြန်ချွတ်နေရရင်အချိန်ကြာတယ်"

"အ့..အ ..နားပြတ်ထွက်တော့မယ် သေပါပြီ အ့....."

"အယုတ်တမာကောင် ဏှာဘူးကောင် ဒီညမင်းနဲ့မအိပ်ဘူး"

"အား..နာလိုက်တာ......."

"အချစ်ကကွာ မောင့်ကိုမသနားဘူး...."

"ဖယ် အအေးမိတော့မယ်"

ဂျောင်ကု ဂျင့်ကိုတင်းနေအောင်ပွေ့ဖက်ထားလိုက်ပြီး ခပ်အီအီလေသံလေးဖြင့်.......

"ဂျင်..မောင့်ကိုချစ်လားဟင်...."

"........"

"ဟင်..မောင့်ကိုချစ်လား...."

"ဘယ်လိုထင်လို့လဲ....."

"သေချာပေါက် ချစ်တယ်ထင်တာပေါ့..."

"ဒါဆိုဘာလို့မေးနေသေးလဲ"

"ကြားချင်တာပေါ့ "ဂျင့်"နှုတ်ခမ်းဖျားလေးကဖြေတဲ့အသံလေး....မောင့်ကိုဖြေမယ်မလားဟင်..."

"ဟင်...ဂျင်..."

"အင်း ..."

"ငါ မင်းကိုချစ်တယ်.."

ဆော့ဂျင်ဖြေပြီးပြီးချင်းမှာပဲ ဂျောင်ကုကမွတ်မွတ်သိပ်သိပ်နမ်းလာတော့သည်။

အွန်း...

ပြွတ်စ်..

ဂျောင်ကု ဆော့ဂျင်ကိုလွှတ်မပေးတော့ဘဲ ကုတင်ပေါ်လှဲချလိုက်ပြီး အပေါ်ကနေအုပ်မိုးထားလိုက်တော့သည်။

"မောင့်ကိုခွင့်ပြုပေးမယ်မလားဟင်..."

"ဖြစ် ..ဖြစ်ပါ့မလား ငါကြောက်တယ်.."

"မကြောက်နဲ့နော် မောင့်ကိုယုံပေး..."

"မောင်ကြင်နာပြီးညင်သာပါ့မယ်...."

ဆော့ဂျင်နှုတ်ခမ်းကိုကိုက်ထားလိုက်ပြီး
မျက်လုံးမှိတ်ခေါင်းညိတ်လိုက်တော့သည်။

ဂျောင်ကုခေါ်ဆောင်ရာတိမ်တိုက်ဆီသို့ ဆော့ဂျင်အသည်းတအေးအေးနဲ့လိုက်ပါသွားရတော့သည်။ရင်ခုန်တယ်။
စိတ်လှုပ်ရှားတယ်။တခါတခါမထိန်းချုပ်နိုင်တော့ဘဲ
ညည်းသံလေးတွေထွက်ပေါ်လာရတော့တယ်။
သူခေါ်ဆောင်ရာခရီးဝေးကိုအတူလိုက်ပါနင်းရင်း
ခရီးပန်းလာတဲ့အခါမှာတော့ "ဆော့ဂျင်"မျက်လုံးလေးစဉ်းကာအိပ်ပျော်သွားတော့သည်။

ပြွတ်စ်...

"သိပ်ချစ်တယ်မောင့်အချစ်ရယ်"

ကောင်းကောင်းအိပ်ပါ အိပ်မက်လှလှမက်ပါစေနော်...."

"အသက်"

~~~~~~~~~~<><><><><><>~~~~~~~~~~~~

Continue Reading

You'll Also Like

11M 344K 71
You and Jungkook were childhood best friends. Theres just one thing...You hadn't realized he was in love with you.
2.8M 141K 45
"I'm crazy? No, darling. What's crazy is that the world refuses to let me be with you." * * * * * Mafia!Au Slight Yandere behavior. #18 in btsxreader...
219K 13.3K 40
𝑩𝒂𝒃𝒚ကကိုယ့်ရဲ့ 𝑵𝒖𝒎𝒃𝒆𝒓 1လဲမဟုတ်သလို 𝑳𝒂𝒔𝒕 𝑵𝒖𝒎𝒃𝒆𝒓 လဲမဟုတ်ဘူး ကိုယ့်ရဲ့ 𝑶𝒏𝒍𝒚 𝑶𝒏𝒆...♡♡
3.9M 180K 42
Kim Hana replaces her sister as Park Jimin's bride when she runs off with another man cover by: chimchimicorn HIGHEST RANKINGS #1 fanfiction #1 btsji...