"သုတ!!!!!"
အရေးကြီးသုတ်ပြာပြေးဝင်လာတဲ့ နေသစ်ကြောင့် အကုန်လုံးလန့်ဖြန့်ကုန်ကြတယ်။
"ဒယ်ဒီ! ဘာလို့ကျွန်တော့်ကိုမပြောတာလဲ။
အဲ့လိုမှန်းသိရင် ကျွန်တော်လိုက်တာပေါ့ ဒယ်ဒီမကောင်းဘူးဗျာ!"
"ငါအဆင်ပြေနေပါပြီ ဦး ကိုဘာလို့အော်နေတာလဲ။ အဲ့တာမင်းသူငယ်ချင်းမဟုတ်ဘူး
မင်းအဖေ"
"ငါကမင်းကိုစိတ်ပူလို့ပေါ့"
"ကဲ နှစ်ယောက်တည်းနေခဲ့ကြ ဒယ်ဒီ သုတရဲ့မိသားစုကိုပြန်လိုက်ပို့လိုက်မယ်။"
"ဟုတ်ကဲ့"
"သုတသွားပြီနော်"
"ဟုတ်ကဲ့ ဦး!"
"သား…အမေတို့သွားပြီနော် နေသစ် အန်တီတို့ပြန်တော့မယ်"
"ဟုတ်ကဲ့ အန်တီ"
အကုန်လုံးပြန်သွားတော့မှ နေသစ်ဆီက မေးခွန်းပေါင်းများစွာဖြေရတော့သည်။
"မင်းနာနေသေးလား"
"အွန်း နည်းနည်းတော့နာတယ် ငါ မင်းကိုပြောစရာရှိတယ်။"
"ပြော"
"ငါမင်းကိုတောင်းပန်ပါတယ် ငါတကယ်မရည်ရွယ်ခဲ့ပါဘူး ငါ...ငါအဲ့တုန်းက..ငါ"
"တော်တော့ အဲ့လိုပြောကြေးသာဆို ငါလည်းမှားတာပဲလေ။ အဲ့ထဲက မင်းဘာလိုဖြစ်တယ်ဆိုတာသိခဲ့သင့်တာ"
"မင်းနဲ့မဆိုင်ပါဘူးကွာ ငါ့အပြစ်"
"အမှန်တော့ ဘယ်သူ့အပြစ်မှမဟုတ်ဘူး ဦးဝဏ္ဏမင်းဆို ဟိုအဖိုးကြီးနဲ့ သူ့သား ကြောင့်
ဒါနဲ့ မင်းသားကို ဘယ်လိုလုပ်မှာလဲ ငါသွားခေါ် ခဲ့ရမလား။"
"နေသစ် အမှန်တော့လေ အဲ့တာငါ့သားမဟုတ်ဘူး"
"ဘာ!"
"ဟုတ်တယ် ငါ့သားမဟုတ်ဘူး အဲ့တာက မင်းရဲ့သား"
"မင်းဘာတွေလျှောက်ပြောနေတာလဲ မဖြစ်နိုင်တာကွာ ပေါက်ကရတွေ"
"အဲ့တာအမှန်တရားပဲ နေသစ် မင်းလက်မခံလို့မရဘူး"
"......."
"နေသစ်! ငါ့ကိုကြည့် နေသစ်!!!!!"
သားလေးက သူ့ရဲ့သားလို့ပြောလိုက်တာနဲ့ ခေါင်းငိုက်စိုက်ချပြီး လက်မခံနိုင်တဲ့ပုံလုပ်နေတာကြောင့် အတင်းနားချဖို့သာလုပ်ရတော့မယ်။
"ဘယ်လိုမှမဖြစ်နိုင်တဲ့ဟာကြီးကွာ ငါ့သားဟက်လား ငါ့သားသာဆို ဟိုအဖိုးကြီးက ခုလောက်သဲသဲလှုပ်ပါ့မလား။"
"သူက မျိုးရိုးမြင့် မျိုးဆက်ကိုလိုချင်ခဲ့လို့ မင်းရဲ့သွေးသားကိုအသုံးချခဲ့တာ။"
"ငါ့သား ....ငါ့မှာသားလေးရှိနေပြီပဲ"
"ဟုတ်တယ် နေသစ်"
"ငါဘယ်လိုအဖေမျိုးလဲ ကိုယ့်သားကိုယ်တောင်မမှတ်မိဘူး တော်တော်စိတ်ပျက်စရာကောင်းတဲ့အဖေပဲ။"
"ဒါမင်းအပြစ်မဟုတ်ဘူးလေ နေသစ်ရယ်"
"ငါ့ကလေးကို ခုသွားခေါ်မယ်။ အဲ့အယုတ်တမာတွေလက်ထဲ ငါမထားဘူး"
"အဲ့လိုလုပ်လို့မရဘူး ငါပြောတာနားထောင် ငါတို့သေချာ အစီအစဉ်ဆွဲမှရမယ် ငါကသူတို့အိမ်မှာ အတွင်းလူဖြစ်ခဲ့ဘူးတဲ့သူ သူတို့ဘယ်နေရာမှာအားနည်းနေလဲ ငါအကုန်သိတယ်"
__________________
"ဒီမှာပါ အကိုလေး ဒါblue house company အဆောက်အဦးရဲ့ အပေါ်ထပ်သုံးထပ်ပါ။"
"ကောင်းပြီလေ"
"သားသေချာပြီလားနေသစ်"
"သေချာပြီ ဒယ်ဒီ"
"အဲ့တာဆို သားအဲ့နေရာကိုပဲကိုင်တွယ်"
"ဒယ်ဒီက မြေအောက်ပိုင်းကိုကိုင်တွယ်လိုက်မယ်။ သားမြေအောက်နဲ့မပတ်သတ်နဲ့တော့"
"ဒယ်ဒီ...."
"ဟုတ်တယ် နေသစ် ဒယ်ဒီအပေါ်ပြန် ရောက်ချင်လို့သာ အလွယ်လမ်းလိုက်ခဲ့တာ မြေအောက်လောကဆိုတာက လုံးဝအဆက်အဆံမလုပ်သင့်တဲ့နေရာ ဒယ်ဒီလည်းဖြည်းဖြည်းချင်းဖြတ်ပစ်မယ်။ အဲ့တာကြောင့် သားအရင်ထွက်လိုက်တော့"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
"နေသစ်! သုတကို ဒယ်ဒီတို့ဘာအလုပ်လုပ် ပြီး ဒီနေရာ ပြန်ရောက်လာတယ်ဆိုတာပြောပြီးပြီလား"
"မပြောရသေးဘူး ဒယ်ဒီ!"
"ကောင်းတယ်။ အဲ့တာဆိုလုံးဝမပြောနဲ့ "
"စိတ်ချပါဒယ်ဒီ"
"Black Panther ကို Mahar လို့ပြန်ပြောင်းလိုက်တော့ ပြီးရင် ဘာလုပ်ရမလဲသားသိပါတယ်"
"သေချာကိုတာပေါ့ဒယ်ဒီရာ။ ကျွန်တော်အဲ့နေရာကို ရွေးခဲ့တာက သူတို့ကိုနေ့တိုင်းထိပ်လန့်ပူလောင်စေချင်လို့ နေ့တွင်းညတွင်းသာ Blue Houseဆိုတဲ့ သူတို့ကုမ္ပဏီရဲ့အပေါ်မှာ Maharဆိုတဲ့ ဆိုင်းပုဒ်ကြီးရောက်နေရင် ဘယ်လောက်တောင်အံ့ဩသွားမလဲ"
__________________
Ti..Ti..Ti..
"ဆရာ ကုမ္ပဏီကဖုန်း"
ကုမ္ပဏီမသွားခင် မနက်စာစားနေတုန်း ထူးထူးခြားခြားကုမ္ပဏီက ဖုန်းဝင်လာတာကြောင့် ဦး၀ဏ္ဏမင်းရဲ့ မျက်ခုံးနှစ်ခုဟာ တွန့်ချိုးသွားတော့တယ်။
"ငါဒီမှာမနက်စာစားနေတယ် မင်းပဲကိုင်လိုက် မိုက်ကယ်!"
"ဟုတ်ကဲ့ပါ သခင်ကြီး"
Rue လည်း ကုမ္ပဏီကဖုန်းဆိုလို့ အံ့ဩပေမယ့် ဒယ်ဒီက စိတ်ရှုပ်သွားပုံပေါ်တာကြောင့် ဘာမှဝင်မပြောပဲ ကိုယ်စားစရာ ရှိတာကိုသာ စားနေလိုက်တယ်။
"ထိပ်ထိပ် ကြက်အူချောင်းကိုမဆော့ရဘူး။
ကောင်းကောင်းစား"
"ဟုတ်ကဲ့။ ပါးပါး! ဖေဖေဘယ်တော့ပြန်လာမှာလဲ သားသားဖေဖေနဲ့တွေ့ချင်ပြီ။"
Rue ကလေးရဲ့ အမေးကြောင့် ဘယ်လိုဖြေရမှန်းတောင်မသိတော့ပေ။ စားနေတဲ့ မနက်စာတောင် ဆက်မဝင်တော့ပေ။
"ထိပ်ထိပ် စားစရာရှိတာစား စကားမများနဲ့"
"ပါးပါး!!!"
"မြေးလေး မဆိုးနဲ့စမ်း ဘဘစိတ်ဆိုးရင်ရိုက်မှာနော်"
"ဟွန့် ဘဘကလည်း"
"သခင်ကြီး ပြဿနာတက်ပြီ!!!"
"ဘာ!!!"
________________
ဖုန်းပြောပြီးပြီးချင်း ကိုမိုက်ကယ်က ပြဿနာတက်ပြီဟုပြောတာကြောင့် Rue ပင်လန့်ဖြန့်သွားတော့သည်။ ကိုမိုက်ကယ် ဒယ်ဒီ့ကိုဘာကပ်ပြောလိုက်လဲမသိ စားနေရင်းတန်းလန်း ကုမ္ပဏီကိုချက်ချင်းသွားမယ်ဟုဆိုကာ ထလာတဲ့ ဒယ်ဒီကြောင့် ဘုရားသာတလိုက်တော့သည်။
"သခင်ကြီးရောက်ပြီ!"
ဒုန်း!!!
ပုံမှန် ကိုမိုက်ကယ် ကားတံခါးဖွင့်ပေးမှဆင်းသည့် ဒယ်ဒီက အဆောက်အအုံဝန်းထဲရောက်တာနဲ့ တန်းဆင်းပြီး ကားတံခါးကို ဒုန်းကနဲမြည်အောင် ဆောင့်ပိတ်သွားတာကြောင့် ပြဿနာတော်တော်ကြီးမှန်းရိပ်မိလိုက်ပြီ။ Rue လည်းဒယ်ဒီ့နောက်ကိုမြန်မြန်လိုက်ဖို့ ကားထဲကအမြန်ထွက်ပြီး နောက်ကပြေးလိုက်ရသည်။
ဒယ်ဒီကအဆောက်အအုံထဲမဝင်ပဲ ဒေါသတကြီးအပေါ်ကိုမော့ကြည့်နေတာကြောင့် Rueလည်းအပေါ်ကိုကြည့်လိုက်သည်။ မြင်လိုက်ရတဲ့ အရာကြောင့် Rue မေးပင်မခိုင်ဘဲ ပါးစပ်အဟောင်းသား ငေးကြည့်မိတော့သည်။ ထို့နောက်မှာတော့ နှုတ်ဖျားမှ
နာမည်တစ်ခုကိုတိုးညှင်းစွာ ရွတ်လိုက်မိသည်။
"MAHAR"
"တောက်!!!!!!!"
ဒယ်ဒီ့ရဲ့ တောက်ခေါင်သံအကျယ်ကြီးကြီးကြားတော့မှ Rue သတိဝင်လာခဲ့တော့သည်။
"ဒါဘယ်ကောင် လာလက်ကမြင်းတာလဲ"
"ဒယ်ဒီ အဲ့တာဆိုင်းပုဒ်ကြီး"
"ငါမြင်တယ် ငါအကန်းမဟုတ်ဘူး"
ဒေါသတကြီးနဲ့ ကုမ္ပဏီ ရှိတဲ့ အထပ်ကိုမသွားပဲ အပေါ်ထပ်ကိုသွားတာကြောင့် Rue ဘာတွေထပ်ဖြစ်ဦးမလဲဆိုတာ မသိတော့ဘူး။
"မင်းတို့ သူဌေးကို ငါခုတွေ့ချင်တယ်။!!"
"ရှင်! အဲ့လိုမရပါဘူးရှင့် သူဌေးနဲ့တွေ့ချင်ရင် အရင် ကြိုချိန်းရပါတယ်။"
"ဘာ!!!! ငါ အောက်ထပ်က Blue House ကုမ္ပဏီရဲ့ပိုင်ရှင် ဒီအထပ်တွေကိုရောင်းတာလဲ ငါပဲ ခုတွေ့ချင်တယ်လို့ သူရိန်မဟာကို ခုချက်ချင်းပြောလိုက်"
"အရင်သူဌေးက ခုမအားလို့ ကုမ္ပဏီက ယာယီ အနားယူနေပါတယ် ခုလက်ရှိသူဌေးက ဦးနေသစ်မဟာပါ။"
"ဘာ!!!"
"နေသစ်က သူဌေးလား အမ"
"ဟုတ်ပါတယ်။"
"ဘာပြောလိုက်တယ် အဲ့လိုလက်တောက်လောက်ကောင်က ငါ့ကိုလာယှဉ်ဖို့ကြံနေတာလား။ ငါခုတွေ့ချင်တယ်"
"အဲ့လိုမရလို့ပါရှင် ကျွန်မသူဌေးကိုမေးပေးပါ့မယ်။ ခဏလေးတော့စောင့်ပါ။"
"တောက်!!!!ငါမွေးရင်ငါ့သားလောက်ရှိတဲ့ကောင်က လူပါးဝလို့"
Ti..Ti..Ti..
[Hello]
[ပြော]
[သူဌေးရှင့် အောက်ထပ်က Blue House
ကုမ္ပဏီရဲ့ ပိုင်ရှင်ရောက်နေပါတယ်။ သူဌေးနဲ့တွေ့ချင်လို့တဲ့]
[မြန်သားပဲ သူ့ကိုပြောလိုက် ငါမအားဘူး အိပ်နေတယ်လို့]
[ရှင်!!!]
[ငါပြောတဲ့အတိုင်းသာပြောလိုက် အိပ်နေတယ်ဆိုတာပါ ပါအောင်ထည့်ပြော]
[ဟုတ်..ဟုတ်ကဲ့]
"ဒုက္ခပါပဲ.....ဟိုလေ ကျွန်မတို့သူဌေးက မအားသေးဘူးတဲ့ ဟို...အိပ်နေတယ်တဲ့....."
"ဘာကွ!!! ခုပြန်ဆက်စမ်း ခုဆက်!!!!!!"
"ဟုတ်...ဟုတ်ကဲ့"
"ဒယ်ဒီ...စိတ်လျှော့ပါ နောက်မှလာလဲ...."
"မင်းအပေါက်ကိုပိတ်နေစမ်း Rue ဟိုတစ်ယောက် မင်းသူဌေးကို ဖုန်းပြန်ဆက်ခိုင်းနေတယ်လေ"
"ရှင်...ဟုတ်ကဲ့....ငါတော့ရူးတော့မှာပဲ"
Ti..Ti..Ti..
[Hello သူဌေး]
[ဘာဖြစ်ပြန်ပြီလဲ]
[ဟိုလေ Blue House ကခုတွေ့ချင်တာတဲ့ ကျွန်မလဲ ပြောပါတယ် ဒါပေမယ့်သူကလာသောင်းကြမ်းနေတော့...]
[ရတယ်။ သူ့ကို တစ်နာရီလောက်စောင့်ခိုင်းလိုက် စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင်ပြန်လို့ပြောလိုက် ငါ့ကိုထပ်မဆက်နဲ့တော့ ငါမအားဘူး]
[ဟုတ်..ဟုတ်ကဲ့ပါ သူဌေး]
"ဟိုလေ သူဌေးက တစ်နာရီလောက်စောင့်ပါဦးတဲ့ မစောင့်နိုင်ရင် ဟို....ဟို...."
"ပြောစရာရှိပြောလေ!!!!!"
"ပြန်တော့တဲ့"
"ဘာ!!!!!!"
"သူဌေးကပြောတာပါရှင် တစ်နာရီစောင့်နိုင်ရင်စောင့်တဲ့ မစောင့်နိုင်ရင်ပြန်တဲ့"
"တောက်!!!!!!!"
"ဟိုစောင့်မှာလားဟင်!"
"ဒယ်ဒီ ပြန်ကြအောင် နောက်မှပြန်လာလဲရပါတယ်။"
"ဖယ်စမ်းRue! ငါစောင့်မယ်"
"ဟုတ်ကဲ့ အာ့ဆို ဒီဘက်မှာထိုင်ပြီးစောင့်ပေးပါနော်"
ရောင်းတာမှ သုံးရက်ပဲရှိသေးတာကို ဆိုင်းဘုတ်အကြီးကြီးတက်ပြီး ကုမ္ပဏီကြီးပါ ဘယ်လိုဖွင့်ချလိုက်လဲဆိုတာစဉ်းစားလို့တောင်မရပေ။ ဆိုင်းပုဒ်ကိုလဲ ငါတို့ထက်ကြီးတာ ချိတ်ထားပြီး သက်သက်မဲ့ချိုးတာ။ပြီးတော့ တစ်ညတည်းနဲ့ အပြီးချိတ်တယ်။
ကုမ္ပဏီကိုလဲ သုံးရက်ထဲနဲ့ ဘယ်လိုများဝန်ထမ်းအများကြီး
"ဟာကွာ....တောက်!!!!!"
-
-
-
"ဟိုကောင်မလေး တစ်နာရီပြည့်ပြီလေ ငါတို့ဘယ်တော့တွေ့ရမှာလဲ။"
"အော် ဟုတ်ကဲ့ ခဏလေးနော်"
Ti..Ti..Ti..
[Hello သူဌေး]
[လွှတ်လိုက်တော့]
[ဟုတ်ကဲ့ ဟုတ်ကဲ့]
"ဟူးးးးခုမှပဲ သက်ပြင်းချနိုင်တော့တယ်။
အော်! ဝင်လို့ရပါပြီ ကျွန်မလိုက်ပို့ပေးပါ့မယ်။ ကြွပါရှင့်"
-
-
-
"ဒီအခန်းပါ။"
ဒေါက်! ဒေါက်! ဒေါက်!
"သူဌေး ရောက်ပါပြီ"
အခန်းထဲရောက်တာနဲ့ မိန့်မိန့်ကြီးထိုင်နေတဲ့ကောင်ကိုမြင်ရတာ အဲ့နေရာမှာတင် လည်ပင်းညှစ်သတ်ချင်စိတ်တောင်ပေါက်တယ်။
"မင်းပြန်လို့ရပြီ ဒါနဲ့ တွေ့ချင်တာကတစ်ယောက်ထဲမဟုတ်ဘူးလား ကျန်တဲ့သူတွေထွက်သွားပေး"
"မင်းကိုမင်း သိပ်အထင်ကြီးနေလား နေသစ်မဟာ!"
"Okလေ တစ်ထစ်လျှော့ပေးမယ် ဟိုနောက်က အဖြူလေးနေခဲ့ ဟိုဘေးကတစ်ယောက်ကတော့ အပြင်ထွက် အဲ့လိုမှမဟုတ်ရင် သုံးယောက်လုံးသာထွက်လိုက်တော့"
"မင်း!!!!!!တောက်!!!!!မိုက်ကယ် အပြင်မှာစောင့်နေ"
"ဟုတ်ကဲ့"
"ကဲ ဘယ်သူမှမရှိတော့ဘူးဆိုတော့ လာရင်းကိစ္စလေးပြောပါဦး!"
"ငါတို့ ဒီမှာမတ်တပ်ရပ်နေတာကို မင်းကအဲ့ထိုင်ခုံမှာ တမလင်ချိတ်ထိုင်နေစရာလား"
"အော် ဟုတ်သားပဲ sorry ဗျာ လွန်ခဲ့တဲ့တစ်နာရီလောက်ထိတော့ အခန်းထဲမှာ ဧည့်သည်တွေအတွက် ထိုင်ခုံတွေရှိသေးတယ် ခုတော့မရှိတော့ဘူး ခုနလေးကပဲ အကုန်လုံးကိုမီးရှို့ခိုင်းလိုက်တာ"
"ဘာ!!! နေသစ်မဟာ! မင်း!!!"
"ဟိုး..ဟိုး...စိတ်လျှော့ပါဦး အသက်အရွယ်ရနေပြီမလား တော်ကြာကျွန်တော့်အခန်းထဲမှာတင် သွေးစောင့်တက်ပြီး ဘဝကူးသွားပါဦးမယ်။"
"နေသစ်မဟာ!!!!"
"နေသစ်! ဒယ်ဒီကလူကြီးလေ မင်းခုလို
မပြောသင့်ဘူး"
"အော် အနောက်ကတစ်ယောက်ကစကားပြောတက်သားပဲ"
"နေသစ်!"
"သူနဲ့ပြောမနေနဲ့ Rue ဒီမှာ ငါပြောလိုက်မယ် နေသစ်မဟာ မင်းငါ့ဆီကနေ ကလိမ်ကကျစ်ကြပြီး ဝယ်သွားတဲ့ ဒီသုံးထပ်လုံးငါ့ကိုပြန်ပေး။ပြီးရင် ဒီဆိုင်းဘုတ်တွေအကုန်ပြန်ဖြုတ်"
"ဟောဗျာ..ကျွန်တော်က ပိုက်ဆံပေးပြီးဝယ်ထားတာနော် ဘယ်လိုလုပ် ကလိမ်ကကျစ်ကြတယ် ဖြစ်တာတုန်း"
"မင်းငါ့ကို အခြားသူရဲ့နာမည်သုံးပြီး တစ်ပတ်ရိုက်သွားတာလေ။အဲ့တာကလိမ်ကျစ်ကြတာမဟုတ်လို့ ဘာလဲ"
"နာမည်လွှဲပြီးဝယ်တာက စီးပွားရေးလောကမှာဖြစ်နေကြပဲလေဗျာ ကျွန်တော်ကခင်များကိုပြန်သင်ပေးရမလိုတောင်ဖြစ်နေပြီ မလုပ်ပါနဲ့ဗျာ ကျွန်တော်ကဂျူနီယာလေးပဲရှိပါသေးတယ် စီနီယာကြီးကိုကြောက်တယ်ဗျ"
"မင်း!!!!ငါ့ရဲ့..."
"ခဏလေး ခဏလေး! ငါ့ရဲ့ဟာလို့ ခဏခဏမပြောနဲ့လေဗျာ ရှက်စရာကြီး ခင်များဟာလဲမဟုတ်တော့ပဲနဲ့"
"မင်းတော်တော် ကလိမ်ကကျစ်ကြတဲ့ကောင်ပဲ"
"ဒါကတော့ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးတဲ့ ကျွန်တော့်ဒယ်ဒီကိုပြောတာမဟုတ်ဘူးနော် ကျွန်တော်ပြောချင်တာက ခင်များဒီအခန်းထဲဝင်လာတော့ ကျွန်တော်နဲ့နီးသွားတယ်လေ"
"မင်း!!!နေသစ်မဟာ မင်းအဖေမင်းကို မသင်ထားဘူးလား ငါမင်းအဖေအရွယ်လောက်ရှိတယ်ကွ"
"အော် သိပါတယ် ကျွန်တော်လည်းဒယ်ဒီသင်ပေးအတိုင်းလိုက်နာပါတယ် ဒယ်ဒီကသင်ထားပေးဘူးတယ်ဗျ ရိုသေထိုက်သူကိုရိုသေပါ လေးစားထိုက်သူကိုလေးစားပါတဲ့ နားလည်တယ်မလား"
"မင်း!!! နေသစ်မဟာ!!!"
"ဟာ! ကျွန်တော်သိပြီ ခင်များကျွန်တော့်နာမည်ဒီလောက်ခေါ်နေပုံထောက် ခင်များသားတင်မဟုတ်ပဲ ခင်များပါ ကျွန်တော့်ကိုကြွေသွားပြီထင်တယ်"
"နေသစ်!!!!တော်လိုက်တော့"
"ငါကဘာကိစ္စတော်ရမှာ ဒါငါ့နေရာ ငါပြောချင်တာပြောမယ် ငါလုပ်ချင်တာလုပ်မယ်"
"မင်းတော်တော်ပြောင်းလဲသွားတာပဲ
နေသစ်!"
"မင်းကတော့မပြောင်းလဲဘူးနော် သူတော်စင်ယောင်ဆောင်ပြီး အောက်တန်းကျနေတုန်း"
"မင်း!!!နေသစ်မဟာ မင်းငါ့သားကိုပြောစရာမလိုဘူး ငါတစ်ခါတည်းပြောထားလိုက်မယ် မင်းဆိုတာမနေ့တနေ့ကမှ လူဖြစ်လာတာ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်။"
"ကြောက်ပါတယ်ဗျာ ကျွန်တော်လည်းတစ်ခါတည်းပြောလိုက်ဦးမယ် ကျွန်တော်ကကျွန်ဝောာ့်ဒယ်ဒီနဲ့ကွာတယ်နော်။ ဒယ်ဒီကလူကြီးလူကောင်းဆိုတော့ သမာသမတ်ကြတယ်။ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူး
ကလေကချေထောင်ထွက်ဆိုတော့လည်း နည်းနည်းတော့ ကောက်ကျစ်တယ်ဗျ။ ယုတ်မာရတာကိုလည်းကြိုက်တယ်။သတိတော့ထားနေပေါ့ဗျာ။"
"မင်း!!!တောက်!!!!! Rue သွားမယ်လာ"
"အော်ခဏလေး ကျွန်တော့်သားလေးကိုလည်းသေချာစောင့်လျှောက်ထားဦးနော် နောက်ကျလာခေါ်မယ်။"
"မင်း!!!! အောက်တန်းစားကောင်! လူကြီးကိုလူကြီးမှန်းမသိတဲ့ကောင်! မင်းငါ့မြေးကိုထိရဲထိကြည့်"
"ဒယ်ဒီလာပါ တော်ပါတော့"
" ကောင်းကောင်းသွားပါ။အော် ဒါနဲ့ တံခါးသေချာပြန်ပိတ်နော်"
"မင်း!!!"
ယက်ကန်ယက်ကန်နဲ့ Rue ဆွဲရာပါသွားတဲ့ ဦးဝဏ္ဏမင်းကိုကြည့်ရတာ ဘယ်လောက်အရသာရှိလိုက်လဲ။
"ဦးဝဏ္ဏမင်း..........ဦးဝဏ္ဏမင်း..........
ခင်များလည်တော့လည်တယ်
ဒါပေမယ့်တစ်ပတ်ပြည့်အောင်မလည်ဘူး"
ကဲသာသာpart 29 upပေးလိုက်ပြီနော်။ဖတ်ရှုပေးတဲ့ဒါဒါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ဒါဒါတို့ရဲ့ like နဲ့ commentတစ်ခုဆီကသာသာ့အတွက် အားဆေးပါ။
______________________________________
Zawgyi
"သုတ!!!!!"
မင်းအဖေ"
"ဟုတ်ကဲ့"
"သုတသွားပြီနော်"
"ဟုတ်ကဲ့ ဦး!"
"ဟုတ်ကဲ့ အန်တီ"
"မင်းနာနေသေးလား"
"ပြော"
"ဘာ!"
"......."
"ဟုတ်တယ် နေသစ်"
__________________
"ကောင်းပြီလေ"
"သားသေချာပြီလားနေသစ်"
"သေချာပြီ ဒယ်ဒီ"
"ဒယ်ဒီ...."
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
"မပြောရသေးဘူး ဒယ်ဒီ!"
"စိတ်ချပါဒယ်ဒီ"
__________________
Ti..Ti..Ti..
"ဆရာ ကုမ္ပဏီကဖုန်း"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ကောင်းကောင်းစား"
"ပါးပါး!!!"
"ဟွန့် ဘဘကလည်း"
"သခင်ကြီး ပြဿနာတက်ပြီ!!!"
"ဘာ!!!"
________________
"သခင်ကြီးရောက်ပြီ!"
ဒုန်း!!!
"MAHAR"
"တောက်!!!!!!!"
"ဘာ!!!"
"နေသစ်က သူဌေးလား အမ"
"ဟုတ်ပါတယ်။"
Ti..Ti..Ti..
[Hello]
[ပြော]
[ရှင်!!!]
[ဟုတ်..ဟုတ်ကဲ့]
"ဟုတ်...ဟုတ်ကဲ့"
Ti..Ti..Ti..
[Hello သူဌေး]
[ဘာဖြစ်ပြန်ပြီလဲ]
[ဟုတ်..ဟုတ်ကဲ့ပါ သူဌေး]
"ပြောစရာရှိပြောလေ!!!!!"
"ပြန်တော့တဲ့"
"ဘာ!!!!!!"
"တောက်!!!!!!!"
"ဟိုစောင့်မှာလားဟင်!"
"ဟာကွာ....တောက်!!!!!"
-
-
-
Ti..Ti..Ti..
[Hello သူဌေး]
[လွှတ်လိုက်တော့]
[ဟုတ်ကဲ့ ဟုတ်ကဲ့]
-
-
-
"ဒီအခန်းပါ။"
ဒေါက်! ဒေါက်! ဒေါက်!
"သူဌေး ရောက်ပါပြီ"
"ဟုတ်ကဲ့"
"ဘာ!!! နေသစ်မဟာ! မင်း!!!"
"နေသစ်မဟာ!!!!"
မပြောသင့်ဘူး"
"နေသစ်!"
"မင်း!!!!ငါ့ရဲ့..."
"မင်း!!! နေသစ်မဟာ!!!"
"နေသစ်!!!!တော်လိုက်တော့"
နေသစ်!"
"ဒယ်ဒီလာပါ တော်ပါတော့"
"မင်း!!!"