Gazing the Clouds
(Unicode)
အပိုင်း နှစ်ဆယ့်ငါး
ကျွန်တော့်အပိုင်
"ဘာလုပ်နေတာလဲ"
ခပ်မာမာလေသံကြောင့် ရေချိုးခန်းရှေ့ရစ်သီရစ်သီ လုပ်နေရင်းကခြေလှမ်းတွေတုံ့ခနဲရပ်တန့်ကုန်၏။
"ဟို မင်းအရင်ချိုးမလားငါအရင်ချိုးရမလားမေးမလို့စောင့်နေတာ"
"ဟီးဆွန်းဟျောင်းကလဲဗျာ.. အဲ့ဒါလေးမေးဖို့ကိုရေချိုးခန်းရှေ့ရပ်စောင့်နေရလား"
"အာ ရေချိုးခန်းရှေ့စောင့်တာမင်းမကြိုက်ဘူးလား ဒါဆိုလဲနောက်ခါဟိုဘက်နားမှာပဲစောင့်မေးတော့မယ်"
"ရေချိုးခန်းရှေ့စောင့်တာမစောင့်တာထက် ဟျောင်းကအခုအပေါ်အင်္ကျီကျွတ်ကြီးနဲ့လေ စောင့်နေတာဆယ့်ငါးမိနစ်လောက်ရှိပြီဆိုရင် အအေးမိတော့မှာရော သိရဲ့လား"
"ဟင် အဲ့လောက်အတိအကျပါလို့လား"
"အအေးမိနိုင်ခြေများတယ်ပြောတာ ရေကဘယ်သူအရင်ချိုးချိုးရတာပဲ ကျွန်တော်ကတူတူချိုးဖို့စောင့်နေတာများလားလို့.."
စိတ်ဆိုးကာမျက်မှောင်ကြုတ်နေသော်လဲနဂို ခပ်တည်တည် မျက်နှာထားသည် ဆွဲဆောင်မှုရှိလွန်းနေသည်။ ရေချိုးခန်းတံခါးမှာမှီကာဆူငေါက်နေရုံလေးနဲ့တင် လူကိုခြေမခိုင်အောင်လုပ်နိုင်သည့်အစွမ်း ပတ်ဆောင်းဟွန်းတစ်ယောက်ထဲတွင်သာရှိသည်။
"အဟား.. ဘာကိုတူတူချိုးမှာလဲ မင်း မင်းပေါက်ကရတွေတအားပြောတာပဲ ဟားဟား ရေချိုးတော့မယ်နော်.."
မျက်နှာသုတ်ပုဝါကိုကပျာကယာယူကာရေချိုးခန်းထဲ ဝင်သွားသူအားကြည့်ကာပြုံးလိုက်မိသည်။ ထို့နောက် မီးဖိုချောင်ထဲညနေစာပြင်ဆင်ရန် ဝင်လာခဲ့၏။
"ကလေးလဲမဟုတ်ပဲအရှက်အကြောက်ကြီးလိုက်တာ.. လူကိုအသဲယားအောင်လို့"
ခပ်တိုးတိုးရေရွတ်ကာ ပြုံးစိစိလုပ်ရင်းအရင်ကချက်ခဲ့ဖူးသည်မို့ မီးဖိုချောင်နဲ့မစိမ်းလှသည့်သူက ညစာပြင်နေခဲ့သည်။
"ညစာလဲပြင်တတ်တာလား ဘယ်လိုဖြစ်တာလဲ ဆိုင်မှာဆိုရေနွေးတောင်မကြိုတတ်တာကြီးကို"
ရေချိုးခန်းကနေတဘက်ကိုပုခုံးပေါ်တင်ကာထွက်လာရင်း ပြောလာသူကြောင့် မျက်မှောင်ကြုတ်ကာမော့ကြည့်မိသည်။
"ရေနွေးကြိုတတ်ပါတယ် အဲ့ဒီတုန်းကအပူလောင်မှာစိုးလို့ တစ်စုံတစ်ဆွန်းသာ အရမ်းစိတ်ပူနေတာ အဲ့တည်းကဆက်မလုပ်ခိုင်းတော့ကျန်တာလုပ်တတ်မှန်း ဘယ်သိပါတော့မလဲ"
"အေးကွာ ဒီလိုမှန်းသိခိုင်းစားပါတယ်"
"ဟီးဆွန်းဟျောင်း!!"
"ဟားဟား စတာပါကွာ စတာ"
ပြောရင်းဆိုရင်းခေါင်းလျှော်လာပုံရသည့်ရွှဲစိုနေသည့် ဆံပင်လေးများအားရေအသာခါချလိုက်ချိန် ခေါင်းလျှော်ရည်အနံ့မွှေးမွှေးကချက်နေသည့်ဟင်းနံ့တွေကို တိုက်ထုတ်ကာအလုအယက်ပင် တိုးဝင်လာခဲ့ကြသည်။
"အာ တကယ်ပါပဲ"
"ဆောင်းဟွန်း ဘာဖြစ်နေတာလဲ"
မျက်မှောင်ကြုတ်ကာခါးထောက်လိုက် ဟင်းအိုးမွှေလိုက် လူကိုစိုက်ကြည့်လိုက်နှင့်ဂဏာမငြိမ်ဖြစ်နေသူအားစိတ်ရှုပ်စွာ မေးလိုက်မိသည်။ သူကဘာမှပြန်မဖြေပဲ ရုတ်တရက်အနားကိုရောက်ချလာခဲ့သည်။
"အမေ့!!"
"ဘာလို့အဲ့ဒီလောက်မြန်မြန်ကြီး အနားကိုရောက်လာတာလဲ"
"အဆင်မပြေလိုက်တာဗျာ.."
"ဘာကိုလဲ ဟင်းချက်ရလို့အဆင်မပြေတာလား ဒါဆိုငါပဲချက်လိုက်..!"
"ဒီအနံ့ကြောင့် စိတ်အာရုံတွေစုစည်းလို့ကိုမရဘူး"
ကိုယ့်ထက်ခေါင်းတစ်လုံးပိုသည့်အရပ်နှင့်သူက ငုံ့ကာဆံသားတွေကို အနံ့ခံတော့ တစ်ကိုယ်လုံးတုန်တက်သွားသလိုပင် ရင်ထဲလှိုက်ဖိုကာခံစားမိသွားခဲ့ရသည်။
"မင်း..! မင်းဒီလိုတွေမလုပ်စမ်းနဲ့!"
"ဘာလို့လဲဟျောင်း"
"ညဘက်ကြီးဘာလို့ခေါင်းလျှော်ရတာလဲ အအေးမိမှာလို့တားနေတာကို လူကိုခေါင်းပါလျှော်ပြပြီး လာဆွနေတယ်.."
"ဟော ငါဆွတာမဟုတ်ဘူး ပင်ပန်းရင်ခေါင်းပါတစ်ခါတည်းလျှော်မှနေလို့ကောင်းလို့လေ"
"မရဘူး စိတ်တွေထိန်းမရတာဟျောင်းကြောင့်ပဲ"
"ဟင်းအိုးတူးကုန်မယ်"
"အော်.. ဟင်းအိုးလား ခဏစောင့်"
မီးဖိုချောင်ထဲ လှစ်ခနဲပြေးဝင်ကာဂတ်စ်ကိုချက်ချင်းပိတ်ချပြီး အနားကိုပြန်ပြေးလာခဲ့သည်။
"ဘာလုပ်တာလဲ"
"ဘာလုပ်မယ်ထင်လို့လဲ"
ရီဝေဝေအကြည့်တွေနဲ့အတူ ခါးပေါ်တင်လာသည့် လက်နွေးနွေးကြောင့် စိတ်တွေအသားကုန်လှုပ်ရှားမိလာသည်။
"မင်း.. မင်းမယုတ်မာနဲ့"
"ခင်ဗျားပဲမြှူဆွယ်တုန်းကမြှူဆွယ်ပြီးအခုမှဘာလို့တားတာလဲဗျာ မတားပါနဲ့ ကျွန်တော် ယုတ်မာပါရစေ"
"ပတ်ဆောင်းဟွန်း!? မင်းပြောလေကဲလေပါလား"
"နောက်မှ စိတ်ဆိုးတော့ဗျာ.. နော်"
အပေါ်ပိုင်းဗလာဖြစ်နေသည့်အခြေအနေမှာသူက ပုခုံးကိုလာမှီရင်း လည်တိုင်အားအနမ်းတစ်ပွင့်ခြွေကာ စကားသံခပ်တိုးတိုးဆိုလာသည်။ ရင်တွေခုန်လွန်းလို့အသက်ရှုတောင်အောင့်ထားရသည်အထိ ရင်ဖိုလှိုက်မောစရာကောင်းလွန်းနေခဲ့၏။
"မင်းကတကယ်ပဲ.. အွန့်"
"ဒီခေါင်းလျှော်ရည်ကဟျောင်းနဲ့ကျမှအနံ့မွှေးနေတာ ကျွန်တော့်ကိုအပြစ်မတင်နဲ့ အဲ့ဒီခေါင်းလျှော်ရည်ကိုအပြစ်တင်"
"ဒါပေမဲ့.. အွန့် ပတ်ဆောင်း အွန့်!
ပတ်ဆောင်းဟွန်းးး! အွန့်"
ရင်ဘတ်ကိုလက်ဖြင့်ဆောင့်တွန်းရင်း အနမ်းကိုခဲရာခဲဆစ် မရရအောင်ဆွဲယူရင်းက စွာကျယ်လေးအီဟီးဆွန်းကို အချစ်ခရီးစဉ်ထဲအသာအယာ ခေါ်ယူလာနိုင်ခဲ့သည်။ ချစ်ရတဲ့စိတ် သဝန်တိုခဲ့သမျှစိတ်တွေအကုန်စုပြုံလာကာ မျက်စိရှေ့က လူအားကိုယ့်အပိုင်အဖြစ် သတ်မှတ်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
အီဟီးဆွန်းက ထာဝရကျွန်တော့်အပိုင်။
အခုကစပြီး အီဟီးဆွန်းက
ပတ်ဆောင်းဟွန်း တစ်ယောက်ထဲရဲ့အပိုင်။
.......
ရင်ခွင်ထဲမှကလေးငယ်သည်အချိန်အတော်ကြာ တသိမ့်သိမ့်ရှိုက်ကာငိုနေခဲ့သည်။အငိုမတိတ်နိုင်သည့် ကလေးငယ်၏ကျောပြင်ကိုပွတ်သပ်ပေးရင်း ရင်ခွင်ထဲကကလေးငယ်ကို ချော့နေခဲ့ရ၏။
"ကိုယ့်ကိုကြည့်ပါဦး.."
ခပ်တိုးတိုးစကားသံသည် ချော့မော့ကာပြောနေဟန်ဖြင့် ရင်ခွင်ထဲကမျက်နှာလေးအား အသာဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင်ကြည့်စေသည်။ကလေးငယ်၏နှာခေါင်းနီလုံးလုံးလေးများအား ခပ်ဖွဖွအနမ်းခြွေကာ နဖူးကိုလဲအနမ်းတစ်ပွင့်ခြွေလိုက်သည်။ပါးရဲရဲလေးပေါ် ဖြတ်သန်းစီးကျလာသော ထိုမျက်ရည်ကလေးကိုလဲ လက်မဖြင့်အသာဖိကပ်သုတ်ပေးလိုက်၏။
"ကိုယ်အကြမ်းဖျင်းတော့ နစ်ခီ့ဆီကကြားလာပြီမို့ မင်းရှင်းပြနေစရာမလိုတော့ဘူး"
"လောလောဆယ်ကိုယ်တို့ဒီကိစ္စကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို အရင်တွေးကြည့်ရမယ်"
"ဟင့်အင်း ကျွန်တော်မရင်ဆိုင်ချင်ဘူး ကျွန်တော်အမေနဲ့အဲ့ဒီလူကိုမြင်တိုင်း ကျွန်တော့်ကိုအမေချန်ထားခဲ့တာ အဲ့ဒါကြောင့်လို့ပဲတွေးမိနေတယ် ကျွန်တော်အဲ့လူမျက်နှာထပ်မမြင်ချင်ဘူး.."
"အဲ့လူအနားကျွန်တော်တစ်ခါမှမမြင်ဖူးခဲ့တဲ့ ပုံစံမျိုးနဲ့ မေမေပြုံးနေတာကိုလဲ ကျွန်တော်
မမြင်ချင်ဘူး"
"ကျွန်တော်အရမ်းဝမ်းနည်းတယ် ရင်ထဲကနှလုံးသားတွေတစ်စစီကွဲကြေသွားသလိုပဲ"
"ဘယ်လိုလုပ်ရင်ဆိုင်နိုင်ပါ့မလဲ.. ဟင့်အင်း လုံးဝမဖြစ်နိုင်.."
"ဂျယ်ယွန်းနား..."
စိုးရိမ်နေသည့်မျက်ဝန်းတွေနဲ့မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်ဝန်းညိုတွေပေါ် ဆံနွယ်အုပ်အုပ်ကလေးတွေက ဖုံးအုပ်နေတာမြင်တော့ အသာဖယ်ပေးရင်း မျက်နှာကလေးအားပါးစောင်မှအသာ မ ယူလိုက်သည်။
"မရင်ဆိုင်ချင်တိုင်းထွက်ပြေးနေလို့ဘယ်ဖြစ်မလဲ တချို့ဟာတွေကရင်ဆိုင်ပြီးသေချာသိရပြီးမှ မင်းဘာဆက်လုပ်သင့်လဲဆက်ဆုံးဖြတ်ရတယ်ကလေးရဲ့"
"ကိုယ်ပြောတာ နားလည်ရဲ့လား.."
နားလည်လားဟုခေါင်းကလေးအားအသာပွတ်သပ်ကာ မေးတော့ကလေးငယ်ကရင်ခွင်ထဲတိုးဝင်လာကာ လက်ကလေးတွေက ခါးကိုအသာဖက်တွယ်လာသည်။
"ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့.."
"ဒါပေမဲ့ဘာဖြစ်လဲ"
"...."
ခဏတာတိတ်နေပုံထောက်တော့ ဆက်ပြောရမည့်စကားကို သူမပြောရဲဖြစ်နေပုံပေါ်သည်။အထူးသဖြင့် ဆူမည်ကိုစိုးနေသည့်ဟန်ပင်။
"ကိုယ်ဆူမှာကြောက်ဖို့မလိုပါဘူး မဆူဘူးမို့မင်းဖြစ်စေချင်တာကိုသာပြောလိုက်"
ပုခုံးကိုအသာဖက်ကျောပြင်ကိုခပ်သာသာပွတ်သပ်ပေးကာ စိတ်ချသွားအောင်နားချတော့ကလေးငယ်က စကားစချီလာသည်။
"ကျွန်တော် ဒီနေ့တော့မတွေ့ချင်ဘူး.."
"ဟုတ်လား ပြီးရော ဒါဆိုလဲမနက်ဖြန်တော့တွေ့ရမယ်နော်.."
"ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"
"ဒါဆိုထတော့လေ ဘာလို့ရင်ခွင်ထဲဆက်တိုးနေတာတုန်း ကိုယ့်ရင်ဘတ်ကြီးပေါက်ထွက်တော့မှာပဲ"
"အဲယ်းး ဒီလောက်နဲ့တော့ဘယ်ပေါက်မလဲဗျာ ကျွန်တော်ကလေးမဟုတ်ဘူး အဲ့လိုစကားတွေနဲ့လာလှည့်လို့မရဘူး အကိုဂျေးကအဖက်မခံချင်ဘူးဆိုမခံချင်ဘူးပြောရင်ရတာပဲဟာကို.. မဖက်ပဲနေမှာပေါ့"
စိတ်ဆိုးသွားဟန်ဖြင့် လက်ကလေးတွေအားခါးမှချက်ချင်းဖြည်ချပစ်ကာ ထရပ်တော့ လက်ကောက်ဝတ်ကပြန်ဆွဲချလိုက်ပြီး ကလေးငယ်အားရင်ခွင်ထဲ နှစ်ကိုယ်ကြား လေတစ်စက်မှတိုးမဝင်လာအောင်အထိ တင်းကြပ်စွာဖက်ထားမိသည်။
"ကိုယ်ကတော့ဖက်ချင်တာပေါ့ စတွေ့တုန်းကကုတ်အင်္ကျီထဲ နစ်ဝင်နေတဲ့မင်းကိုယ်လေးကို ဘာမှန်းမသိဖက်ထားပေးချင်စိတ်ဖြစ်ခဲ့တာ အခုလဲမင်းကိုတွေ့တိုင်း အလိုလိုရင်ခွင်ထဲပွေ့ထားချင်နေဆဲပါပဲ မင်းငြီးငွေ့မှာစိုးလို့သာကိုယ်က စိုးရိမ်နေရတာ"
"စိုးရိမ်စရာလားဗျာ.."
"ကျွန်တော်ကအကိုဂျေးကိုဖက်ထားရင် အကိုဂျေးရင်ဘတ်ပေါ် ပါးအပ်ပြီးအဲ့ကနေကြားရတဲ့ အကိုဂျေးရဲ့နှလုံးခုန်သံလေးကို သိပ်သိပ်ကိုသဘောကျတယ်"
"ဟာ သိပ်ကနှစ်လုံးတောင်ဆိုတော့ ကိုယ့်ထက်တောင်ပိုသဘောကျတာလား"
"ဟုတ်တယ်ဆိုရင်ရော ကိုယ့်နှလုံးကိုယ်ပြန်အူတိုပြီး ထုတ်ပစ်လိုက်မလို့လား"
"လုပ်သင့်ရင်တော့လုပ်ရမှာပဲ"
"စကားတွေတတ်တာကတော့ လွန်နေရောဗျာ နှလုံးကိုတော့မထုတ်ပါနဲ့ ဒီကသိပ်သိပ်ချစ်ရတဲ့ အကိုဂျေးကိုမတွေ့ရတော့ပဲနေပါဦးမယ်"
သူ့ဘာသာ အရဲစွန့်ကာချစ်တဲ့အကြောင်းတွေထုတ်ပြောလာတာမို့ ပြုံးကာစိုက်ကြည့်တော့ ကလေးငယ်၏မျက်ဝန်းတွေကရှက်ဟန်ဖြင့် စိတ်လှုပ်ရှားစွာ တစ်ဖက်ကိုလွှဲသွားခဲ့သည်။
"အ.. အကိုဂျေး ပြန်ရအောင်လေ ဒီမှာကအေးတယ်"
"ဟုတ်လား အရမ်းအေးတာပဲလား"
"အင်း တဖြေးဖြေးပိုပိုအေးလာသလိုပဲရယ်"
လက်ကလေးတွေနဲ့ခါးကိုဖက်တွယ်ထားသူကတကယ်လဲအေးနေဟန် နားရွက်ကလေးတွေနီရဲကာ ပါးလေးတွေလဲနီရဲနေခဲ့သည်။
"ဟုတ်ပြီလေ ကိုယ်အအေးလျော့အောင်လုပ်ပေးမယ်"
တကယ်တော့မဟုတ်ပါဘူး။ဒါဟာတစ်ကိုယ်တော် ပတ်ဂျေးရဲ့အခွင့်ကောင်းယူရန်ဉာဏ်နီဉာဏ်နက်ဆင်တော်မူခြင်းပါပဲ။ဒါကိုတကယ်ဟုယုံကြည်သူသည် ဂျယ်ယွန်းနီးလိုရိုးသားဖြူစင်သူလေးသာရှိသည်။
"ဟင် အအေးလျော့အောင်ဘယ်လိုလုပ်မလို့လဲ"
"ဒီလိုလေ.."
ပြောရင်းဆိုရင်းအနားကိုတိုးကပ်ကာသွားတော့ သူကနောက်ကိုဆုတ်ပြေးရန်ပြင်သည်။ပတ်ဂျေးတို့ကို ဒါမျိုးလာလုပ်လို့မရ။ ခပ်သွက်သွက်ပင် ခေါင်းလေးကိုအနားပြန်ဆွဲယူလိုက်ကာ ခါးသိမ်သိမ်ကိုပါအနားကိုတိုးစေရန် သိမ်းယူလိုက်ပြီးနောက် အေးစက်နေပါသော်လဲ စတော်ဘယ်ရီရောင်သမ်းနေသော ထိုနှုတ်ခမ်းလေးတွေကို ဖိကပ်နမ်းပစ်လိုက်သည်။
"အကိုဂျေး.."
ပတ်ဝန်းကျင်ကအစ အေးစက်နေတဲ့အချိန်မို့ နှုတ်ခမ်းသားလေးတွေဟာလဲ အေးစက်နေခဲ့ပေမယ့် စတော်ဘယ်ရီအရသာနှုတ်ခမ်းလေးတွေသည် အိစက်နေပြီး စတော်ဘယ်ရီရေခဲမုန့်စားနေရသည်နဲ့တောင် ဆင်တူနေခဲ့သည်။ အပြန်အလှန်အနမ်းတွေဖလှယ်ရင်း နှုတ်ခမ်းသားလေးတွေနွေးထွေးလာခဲ့သည်အထိ အနမ်းတွေကတော့ ဘယ်လိုမှရပ်တန့်လို့မရနိုင်ခဲ့တော့ပေ။
.........
"ချွန်းဟန်!! ဒါဘယ်လိုတွေဖြစ်သွားရတာလဲ"
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကအစ်ကိုလေးတို့ခရီးမှာပဲရှိနေတယ်ထင်ခဲ့တာ နည်းနည်းမူမမှန်မှန်းသတိထားမိမှ ရှာကြည့်တော့ မတွေ့ဖြစ်သွားတာပါ"
"မင်းကိုငါအစတည်းကခရီးကိုတောက်လျှောက်စောင့်ကြည့်နေဖို့ပြောခဲ့တယ်လေ အလုပ်ကိုဘယ်လိုလုပ်နေတာလဲ"
"တောင်းပန်ပါတယ် ဘော့စ်"
"အခုရောသူဘယ်မှာလဲ သိပြီလား"
"ကျွန်တော်စုံစမ်းရသလောက်တော့ သခင်လေးနစ်ခီနဲ့တူတူ ထွက်သွားပါတယ်တဲ့"
"အခုဘယ်မှာလဲမတွေ့တွေ့အောင် လိုက်ရှာ ငါအဲ့ဒီဘက်ကိုလာနေပြီ"
"ဟုတ်ကဲ့ပါ ဘော့စ်"
ဂျပန်ကိုလာနေသည့်လမ်းတစ်လျှောက် ဝန်ကြီးချူပ်၏စိတ်ထဲ သူ့သားဂျယ်ယွန်းအဖြစ်မှန်ကိုသိသွားခဲ့ပြီလားဆိုသည့် အတွေးတစ်ခုသာရှိနေခဲ့သည်။
"ဖုန်းလဲမကိုင်ပါလား ဒီကလေးကတော့တကယ်ပဲ.."
"မသိလောက်ပါဘူး.. နစ်ခီနဲ့တစ်နေရာရာမှာ ရှိနေမှာပါ သူသိသွားလို့မဖြစ်ဘူး.."
"သူဌေး အဆင်ပြေရဲ့လား"
စိတ်လှုပ်ရှားကာစိုးရိမ်စိတ်ကြောင့်နားထင်က ချွေးစေးတွေပြန်နေသူကို ဒရိုင်ဘာကလှမ်းမေးလာသည်။
"ပြေတယ် ပြေတာမို့လေဆိပ်ကိုမြန်မြန်သာမောင်း"
လွန်ခဲ့သည့်ဆယ့်ငါးနှစ်လောက်တည်းက အဲ့ဒီအမှန်တရားသည် သေချာပေါက် သူနဲ့တစ်ချိန်ကသူ့ဇနီးဖြစ်ခဲ့သူ ဂျယ်ယွန်းအမေတို့ကြားထဲသာ ရှိခဲ့ခြင်းဖြစ်သည်။ မပေါက်ကြားအောင်အထူးသဖြင့်ဂျယ်ယွန်းမသိအောင် သူအပိအရိကိုဖုံးဖိခဲ့သည်။ အခုမှလာပြီးအမှန်တွေပေါ်သွားခဲ့ရင် ဂျယ်ယွန်းစိတ်ထိခိုက်ရလိမ့်မည်။
"ဂျပန်ကိုသွားဖို့လက်မှတ်တစ်စောင်ပေးပါ"
"ဟုတ်ကဲ့.."
"ရပါပြီရှင့်"
"ကျေးဇူးတင်ပါတယ်"
ဂျပန်ကိုသွားမည့်လေယာဉ်ပေါ်ကိုတက်ကတည်းက စိတ်ထဲလေးလေးပင်ပင်ရှိလှသည်။ ဟိုကိုရောက်လျှင် ဂျယ်ယွန်းအမေအိမ်ကိုသာ အရင်ရောက်အောင်သွားရမည်ဆိုသည့်စိတ်က ပို၍လေးစေခဲ့သည်ထင်၏။
.......
တစ်စတစ်စပိုစိမ့်လာသည့်နေရာထဲ ဆက်နေရင်းက မနက်ကယူလာသည့်အနွေးထည်ကိုသတိရသွားသည်။အထုပ်ကိုအိမ်မှာတောင်မထားခဲ့ရပဲ ကျောပိုးအိတ်ကလေးလွယ်လာသည်မို့ အနွေးထည်လဲပါလာသည်။
"ဂျယ်ယွန်းနား.."
"ရော့ ဒါလေးဝတ်ထား"
"ကျွန်တော်ဝတ်ရင် အကိုဂျေးကရော"
"တစ်ထည်ပါသေးတယ် ဆင်တူလေးဝတ်ရအောင် ယူလာတာ"
"ဘယ်သူနဲ့ဝတ်ဖို့လဲ"
"ဒီကလေးကတော့ တကယ်ပါပဲ.."
"ဘာလို့လဲ ဘယ်သူမို့လို့လဲ"
"မင်းနဲ့ဆင်တူဝတ်ဖို့လေ ငတုံးလေးရဲ့"
"အာ.. ဟီး မသိဘူးလေ"
"လူလယ်ခေါင်မှာအပြစ်ပေးမခံချင်ရင် အဲ့လိုတွေမေးတာရပ်တန်းကရပ်နော် မဟုတ်လို့ကတော့.."
"မသိရကောင်းလားဆိုပြီးလူလယ်ခေါင်တွေဘာတွေ ဂရုမစိုက်ပဲအပြစ်ပေးပစ်မှာ"
"ဟာဗျာ အကိုဂျေးကလဲ.."
ရွှတ်နောက်နောက်မျက်ဝန်းတွေအားအကြည့်ရှောင်ကာ တစ်ဖက်ကိုမျက်နှာလွှဲသွားသည့်ကလေးငယ်မှာ အတော်လေးရှက်နေကြောင်းကို နားရွက်ကလေးတွေနီရဲတက်လာခြင်းကတစ်ဆင့်အတိုင်းသားမြင်နေရသည်။
"လာ ကိုယ်နဲ့တစ်နေရာသွားရအောင်"
"ဘယ်ကိုလဲ အမေ့ဆီကိုဆိုမသွားဘူးနော်"
"ဟော ဂျယ်ယွန်းလေးအေးနေတယ်ဆိုကိုယ်နဲ့နွေးတဲ့နေရာထဲ သွားနေရမှာပေါ့"
"ဘယ်နေရာလဲ ကျွန်တော်ဂျပန်ကနေရာ တစ်နေရာမှမသိဘူးနော်"
"ကိုယ့်ကိုမယုံဘူးလား.."
"ယုံတယ် ကျွန်တော်ယုံပါတယ်"
"ကဲ ဒါဆိုထ"
ကမ်းပေးလာသည့်လက်ကလေးကိုအားပြုကာထတော့ ထိုင်တာကြာသည့်ခြေထောက်တွေက ကျဉ်နေတာမို့ ရုတ်တရက် ယိုင်ကျသွားသည်။
"အာ့!"
"ဂျယ်ယွန်း"
ပြုတ်ကျပြီအမှတ်နဲ့မျက်စိကိုစုံမှိတ်ထားသော်လဲ စာကြည့်တိုက်မှာတုန်းကလို အကိုဂျေး၏လက်တွေထဲသာ ပွေ့လျက်သားရှိနေခဲ့သည်။ ခါးကိုအသာထိန်းကိုင်လာသည့်လက်နှင့် ပုခုံးကိုထိန်းကိုင်သည့်လက်တို့သည် တစ်ဘဝလုံးစာပေးအပ်ချင်သည့် အားကိုးချင်စရာလက်တွေပင်ဖြစ်သည်။
"ဂျယ်ယွန်းနား.. လန့်သွားလား"
မျက်စိမှိတ်နေဆဲမို့စိတ်ပူကာမေးတော့ ကလေးငယ်က မျက်လုံးဖွင့်ကာ ပေကလပ်ပေကလပ်နဲ့ပြန်ကြည့်လာခဲ့သည်။
"ဒီတိုင်းပဲဆက်ကြည့်နေရင်ဒီနေရာကဆက်သွားနိုင်ဖို့ မသေချာဘူးနော်.."
ပြုံးပြုံးနဲ့ပြောလာသည့်စကားကြောင့်လန့်ကာရင်ခွင်ထဲက ချက်ချင်းထွက်ပြေးမိသည်။
"အမယ် အဲ့လောက်ကြောက်တယ်ပေါ့လေ"
ပြေးထွက်သွားသည့်နောက်လိုက်လာသူကမေးတော့ ဘာမှပြန်မဖြေ ဘယ်နေရာမှမသိသူက ရှေ့ကိုသာဆက်လျှောက်နေသည်။
"ကြောက်ရင်ပိုပေးတယ် ရော့ အာဘွား"
နောက်ကနေရှေ့ကိုတက်လာကာ ရုတ်တရက်ပါးကိုရွှတ်ခနဲနမ်းလာတာကြောင့် အနမ်းခံရသည့် ပါးကိုကိုင်ရင်းနေရာမှာတင်မှင်သက်လျက် အကိုဂျေးကိုကြည့်နေမိသည်။
"အကိုဂျေးးး.."
"ပြောစေဗျာ ဘာဖြစ်တုန်း"
"အဲ့ဒီလိုမလုပ်နဲ့လေ"
"ဘာလို့လဲ ရှက်လို့လား"
"လူတွေရှိတယ်လေ ရှက်တာပေါ့လို့"
"အမလေး ရှက်တတ်လိုက်တာ လက်ကလေးပဲကိုင်ရင်ရော မရှက်ဘူးမလား"
"အင်း.."
ပြုံးကာခေါင်းလေးအသာငြိမ့်ပြလာတာကြောင့် ဂျေးကအလျင်အမြန်ပင် ဂျယ်ယွန်း၏လက်သွယ်သွယ် ကလေးတွေအား သူဝတ်ထားသည့် အနွေးထည်အိတ်ထဲ ထည့်ထားပေးလိုက်သည်။
"ဘယ်လိုလဲ နွေးရဲ့လား"
"အင်း အရမ်းနွေးတယ်.."
"ရင်ခွင်ထဲဝင်ကြည့်မလား ပိုနွေးတယ်"
"အကိုဂျေးကလဲ.."
အနွေးထည်ဇစ်ကိုဖွင့်ကာရင်ဘတ်ထဲဝင်ရန်ဟန်ပြတော့ အရှက်အကြောက်ကြီးသူလေးကရင်ဘတ်ကို လက်သေးသေးလေးနဲ့လာထုသည်။
"အသဲယားအောင်မထိတထိလာမလုပ်နဲ့နော် ကိုက်စားပစ်မှာ.."
"အကိုဂျေးအဲ့လိုတွေလိုက်စနေလို့ကျွန်တော်နေတောင် မနေတတ်တော့ဘူး"
"စတာမဟုတ်ပါဘူး..."
အတည်ပေါက်ပြောလာသည့်မျက်ဝန်းတွေသည် ရဲတင်းမှုအပြည့်ရှိနေသည်။မျက်စိကိုရှောင်မပြေးမိခင် ရုတ်တရက်ဖုန်းတစ်လုံးဝင်လာခဲ့၏။
[ဝန်ကြီးချူပ်]
ဖုန်းမျက်နှာပြင်ပေါ်ကနာမည်ကိုမြင်တော့ အကိုဂျေးကိုတစ်ချက် လှမ်းကြည့်မိသည်။အကိုဂျေးက ကိုင်လိုက်ရန်မေးငေါ့ပြတာမို့ ဒီတစ်ခါတော့စိတ်ကိုတင်းကာ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို.."
"ဂျယ်ယွန်း သား မင်းအခုဘယ်မှာလဲ"
"ဘာဖြစ်လို့လဲ"
"ဘာ ဘာရယ်မဟုတ်ပါဘူး အဖေက မင်းဂျပန်ရောက်နေတယ်ဆိုလို့ အဆင်မှပြေရဲ့လားမေးချင်လို့ပါ"
"အဖေ ဒီလိုတွေဘယ်တုန်းကမေးဖူးလို့လဲ"
"ဂျယ်ယွန်းနား.."
"အရင်ကအဆင်ပြေလားတစ်လနေလို့တစ်ခါမမေးတဲ့အဖေက အခုဘာလို့ဖုန်းတွေဆက်နေလဲကျွန်တော်သိတယ်"
"အဲ့ဒီလိုမဟုတ်ဘူး သား အဖေက..!"
"အဖေသိချင်နေတဲ့လိုရင်းကိုပြောပြရရင်ကျွန်တော် အကုန်သိသွားပြီအဖေဖုံးထားခဲ့တာတွေအကုန် ကျွန်တော်သိသွားပြီမို့.."
"အဖေသိချင်တာ မင်းအဆင်ပြေရဲ့လားဆိုတာကိုပါ"
"အဆင်ပြေမပြေ ကျွန်တော့်ကိုယ်ကျွန်တော်တောင် သေချာမသိတော့ဘူး"
"လတ်တလောတော့ ကျွန်တော့်ကိုလိုက်မရှာပါနဲ့ ကျွန်တော်အဖေနဲ့အမေတို့ဆီကဖြေရှင်းချက်ကို နားထောင်ဖို့အဆင်သင့်ဖြစ်တဲ့အခါကျရင် ပြန်လာခဲ့ပါ့မယ်"
"ဂျယ်ယွန်းနား ခဏနေပါဦး ဂျယ်ယွန်း ဂျယ်ယွန်း!! တီ တီ"
ခေါ်သံကိုတောင်ဆုံးအောင်နားမထောင်ပဲ ဖုန်းချသွားတာမို့ ရင်ထဲပို၍နာကျင်ရသည်။သို့ပေမဲ့ အခုချိန်ဂျယ်ယွန်းလဲ အချိန်လိုလောက်မည်မို့ နောက်တစ်ခေါက်ဖုန်းဆက်မခေါ်ခဲ့ အရင်ကပတ်သက်ခဲ့ဖူးသူ၏အိမ်ကိုသာ ဦးတည်ခဲ့တော့သည်။
"အဆင်ပြေရဲ့လား ဂျယ်ယွန်း.."
"အကိုပြောတဲ့နေရာကိုသွားရအောင် ကျွန်တော်နားချင်နေပြီ"
"အင်း လာ ကိုယ့်အင်္ကျီအိတ်ထဲလက်ကလေူထည့်ထား ပြီးရင်သွားကြစို့"
"ဝေးလား အဲ့ဒီနေရာက"
"မဝေးပါဘူး"
"ဒါနဲ့အကိုဂျေးကဂျပန်ကနေရာတွေဘယ်လိုသိနေတာလဲ"
"အဲ့ကိုရောက်ရင် ကိုယ်ရှင်းပြပါ့မယ်"
"ကတိနော်.."
"ကတိ"
"ဒီတိုင်းကတိပေးရုံနဲ့အကိုဂျေးကိုယုံရပါ့မလား"
"ဒါဆိုဘယ်လိုမျိုး သက်သေထားချင်လို့လဲ"
"ကျွန်တော်ပြောပြမယ် ဒီနားကိုတိုးခဲ့"
ခဏရပ်လိုက်ပြီး ကလေးငယ်မျက်နှာအနားထိကို တိုးကပ်ကာသွားလိုက်၏။
"ဒီလိုသက်သေလေ"
ပြောပြောဆိုဆိုနှုတ်ခမ်းကို အသာဖိကပ်နမ်းလာတာကြောင့် အနည်းငယ်တော့အံ့ဩသွားရသည်။အရှက်အကြောက်ကြီးသည့်ကလေးက ဒီလိုလုပ်တော့ပိုအံ့ဩသွားသည်ဆိုလဲမမှားနိုင်ပေ။
"တံဆိပ်တုံးထုလိုက်ပြီ"
ပြုံးစိစိနဲ့ပြောကာအနားကနေ လှည့်ထွက်သွားသူအား အသဲယားကာလက်ဖျံမှတစ်ဆင့် အနားကိုပြန်ဆွဲယူလိုက်သည်။
"ခဏနေပါဦး.."
ဆွဲလှည့်လိုက်သည့်အရှိန်ဖြင့်နှစ်ယောက်သား မျက်နှာချင်းဆိုင်အနေအထား ပြန်ဖြစ်သွားတော့ ကလေးငယ်မျက်ဝန်းညိုတွေထဲ အံ့ဩသည့်အကြည့်နှင့် စိုက်ကြည့်နေခဲ့သည်။
"တံဆိပ်တုံးက တစ်ခါပဲထုရတာလား"
"အ.. အာ"
"တစ်ခါပဲလေ အများကြီးထုလို့မရဘူး"
"ရပါတယ် ပိုသေချာအောင်ထုရမယ်လေ"
"အကိုဂျေး.. လူတွေရှိတယ်လို့"
"အရင်လာစတာဘယ်သူလဲ"
"အကိုဂျေးကလဲဗျာ.."
"ကိုယ်သိပြီ လူရှိလို့မရတာမလား"
"လိုက်ခဲ့"
"ခဏနေပါဦး အကိုဂျေး.. အကိုဂျေး!!"
ရုတ်တရက်ကြီးဆွဲခေါ်ခံလာရကာ ဘယ်လူမှမမြင်ရနိုင်သည့် ချောင်တစ်ချောင်မှာ ကျောမှီခိုင်းကာ ထွက်သွားဖို့လုပ်သော်လဲ အကိုဂျေး၏လက်က တားထားတာမို့ ချောင်ထဲမှာပဲ အပိတ်ခံလိုက်ရသည့်နောက် ရင်တွေမနားတမ်းခုန်လာခဲ့သည်။
"ဘယ်လိုလဲ.."
"အကိုဂျေး ကျွန်တော့်ကိုသက်သက် အနိုင်ကျင့်နေတာ.."
"ဟော"
"ကိုယ့်ကိုအရင်လာစတာ ဘယ်သူလဲ"
"မသိဘူး.."
"မသိလို့မရဘူးလေ"
"မသိဘူးဆိုနေ"
"တကယ်မသိဘူးနော် သိအောင်လုပ်ပေးမယ်"
"အာ အကိုဂျေး နေပါဦး အကို..!"
"ရှူး အသံကျယ်ရင်သူများတွေလာကြည့်မယ်နော် တိုးတိုးလေးနေ"
"အကိုဂျေး.. အွန့်!!"
ဦးနှောက်ကအသိနဲ့ရင်ဘတ်တွေကိုမရမက တွန်းထုတ်နေရင်းက သိပ်မကြာခင်မှာနှလုံးသားထဲကခံစားချက်တို့၏အနိုင်ယူခြင်းကို ခံလိုက်ရသည်။ဤသို့ဖြင့် ဘယ်သူမှမမြင်ရသည့် ထောင့်တစ်နေရာလေးတွင် ရင်ဖိုစရာအနမ်းတို့အားပေးကာ ခံစားချက်တူညီသည့် နှလုံးသားချင်း ဖလှယ်နေခဲ့ကြ၏။
Recommend Song
That Feeling When // Enhypen
Gazing the Clouds
(Zawgyi)
အပိုင္း ႏွစ္ဆယ့္ငါး
ကြၽန္ေတာ့္အပိုင္
"ဘာလုပ္ေနတာလဲ"
ခပ္မာမာေလသံေၾကာင့္ ေရခ်ိဳးခန္းေရွ႕ရစ္သီရစ္သီ လုပ္ေနရင္းကေျခလွမ္းေတြတုံ႕ခနဲရပ္တန႔္ကုန္၏။
"ဟို မင္းအရင္ခ်ိဳးမလားငါအရင္ခ်ိဳးရမလားေမးမလို႔ေစာင့္ေနတာ"
"ဟီးဆြန္းေဟ်ာင္းကလဲဗ်ာ.. အဲ့ဒါေလးေမးဖို႔ကိုေရခ်ိဳးခန္းေရွ႕ရပ္ေစာင့္ေနရလား"
"အာ ေရခ်ိဳးခန္းေရွ႕ေစာင့္တာမင္းမႀကိဳက္ဘူးလား ဒါဆိုလဲေနာက္ခါဟိုဘက္နားမွာပဲေစာင့္ေမးေတာ့မယ္"
"ေရခ်ိဳးခန္းေရွ႕ေစာင့္တာမေစာင့္တာထက္ ေဟ်ာင္းကအခုအေပၚအကၤ်ီကြၽတ္ႀကီးနဲ႕ေလ ေစာင့္ေနတာဆယ့္ငါးမိနစ္ေလာက္ရွိၿပီဆိုရင္ အေအးမိေတာ့မွာေရာ သိရဲ႕လား"
"ဟင္ အဲ့ေလာက္အတိအက်ပါလို႔လား"
"အေအးမိနိုင္ေျခမ်ားတယ္ေျပာတာ ေရကဘယ္သူအရင္ခ်ိဳးခ်ိဳးရတာပဲ ကြၽန္ေတာ္ကတူတူခ်ိဳးဖို႔ေစာင့္ေနတာမ်ားလားလို႔.."
စိတ္ဆိုးကာမ်က္ေမွာင္ၾကဳတ္ေနေသာ္လဲနဂို ခပ္တည္တည္ မ်က္ႏွာထားသည္ ဆြဲေဆာင္မႈရွိလြန္းေနသည္။ ေရခ်ိဳးခန္းတံခါးမွာမွီကာဆူေငါက္ေန႐ုံေလးနဲ႕တင္ လူကိုေျခမခိုင္ေအာင္လုပ္နိုင္သည့္အစြမ္း ပတ္ေဆာင္းဟြန္းတစ္ေယာက္ထဲတြင္သာရွိသည္။
"အဟား.. ဘာကိုတူတူခ်ိဳးမွာလဲ မင္း မင္းေပါက္ကရေတြတအားေျပာတာပဲ ဟားဟား ေရခ်ိဳးေတာ့မယ္ေနာ္.."
မ်က္ႏွာသုတ္ပုဝါကိုကပ်ာကယာယူကာေရခ်ိဳးခန္းထဲ ဝင္သြားသူအားၾကည့္ကာၿပဳံးလိုက္မိသည္။ ထို႔ေနာက္ မီးဖိုေခ်ာင္ထဲညေနစာျပင္ဆင္ရန္ ဝင္လာခဲ့၏။
"ကေလးလဲမဟုတ္ပဲအရွက္အေၾကာက္ႀကီးလိုက္တာ.. လူကိုအသဲယားေအာင္လို႔"
ခပ္တိုးတိုးေရ႐ြတ္ကာ ၿပဳံးစိစိလုပ္ရင္းအရင္ကခ်က္ခဲ့ဖူးသည္မို႔ မီးဖိုေခ်ာင္နဲ႕မစိမ္းလွသည့္သူက ညစာျပင္ေနခဲ့သည္။
"ညစာလဲျပင္တတ္တာလား ဘယ္လိုျဖစ္တာလဲ ဆိုင္မွာဆိုေရႏြေးေတာင္မႀကိဳတတ္တာႀကီးကို"
ေရခ်ိဳးခန္းကေနတဘက္ကိုပုခုံးေပၚတင္ကာထြက္လာရင္း ေျပာလာသူေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာေမာ့ၾကည့္မိသည္။
"ေရႏြေးႀကိဳတတ္ပါတယ္ အဲ့ဒီတုန္းကအပူေလာင္မွာစိုးလို႔ တစ္စုံတစ္ဆြန္းသာ အရမ္းစိတ္ပူေနတာ အဲ့တည္းကဆက္မလုပ္ခိုင္းေတာ့က်န္တာလုပ္တတ္မွန္း ဘယ္သိပါေတာ့မလဲ"
"ေအးကြာ ဒီလိုမွန္းသိခိုင္းစားပါတယ္"
"ဟီးဆြန္းေဟ်ာင္း!!"
"ဟားဟား စတာပါကြာ စတာ"
ေျပာရင္းဆိုရင္းေခါင္းေလွ်ာ္လာပုံရသည့္႐ႊဲစိုေနသည့္ ဆံပင္ေလးမ်ားအားေရအသာခါခ်လိဳက္ခ်ိန္ ေခါင္းေလွ်ာ္ရည္အနံ႕ေမႊးေမႊးကခ်က္ေနသည့္ဟင္းနံ႕ေတြကို တိုက္ထုတ္ကာအလုအယက္ပင္ တိုးဝင္လာခဲ့ၾကသည္။
"အာ တကယ္ပါပဲ"
"ေဆာင္းဟြန္း ဘာျဖစ္ေနတာလဲ"
မ်က္ေမွာင္ၾကဳတ္ကာခါးေထာက္လိုက္ ဟင္းအိုးေမႊလိုက္ လူကိုစိုက္ၾကည့္လိုက္ႏွင့္ဂဏာမၿငိမ္ျဖစ္ေနသူအားစိတ္ရႈပ္စြာ ေမးလိုက္မိသည္။ သူကဘာမွျပန္မေျဖပဲ ႐ုတ္တရက္အနားကိုေရာက္ခ်လာခဲ့သည္။
"အေမ့!!"
"ဘာလို႔အဲ့ဒီေလာက္ျမန္ျမန္ႀကီး အနားကိုေရာက္လာတာလဲ"
"အဆင္မေျပလိုက္တာဗ်ာ.."
"ဘာကိုလဲ ဟင္းခ်က္ရလို႔အဆင္မေျပတာလား ဒါဆိုငါပဲခ်က္လိုက္..!"
"ဒီအနံ႕ေၾကာင့္ စိတ္အာ႐ုံေတြစုစည္းလို႔ကိုမရဘူး"
ကိုယ့္ထက္ေခါင္းတစ္လုံးပိုသည့္အရပ္ႏွင့္သူက ငုံ႕ကာဆံသားေတြကို အနံ႕ခံေတာ့ တစ္ကိုယ္လုံးတုန္တက္သြားသလိုပင္ ရင္ထဲလွိုက္ဖိုကာခံစားမိသြားခဲ့ရသည္။
"မင္း..! မင္းဒီလိုေတြမလုပ္စမ္းနဲ႕!"
"ဘာလို႔လဲေဟ်ာင္း"
"ညဘက္ႀကီးဘာလို႔ေခါင္းေလွ်ာ္ရတာလဲ အေအးမိမွာလို႔တားေနတာကို လူကိုေခါင္းပါေလွ်ာ္ျပၿပီး လာဆြေနတယ္.."
"ေဟာ ငါဆြတာမဟုတ္ဘူး ပင္ပန္းရင္ေခါင္းပါတစ္ခါတည္းေလွ်ာ္မွေနလို႔ေကာင္းလို႔ေလ"
"မရဘူး စိတ္ေတြထိန္းမရတာေဟ်ာင္းေၾကာင့္ပဲ"
"ဟင္းအိုးတူးကုန္မယ္"
"ေအာ္.. ဟင္းအိုးလား ခဏေစာင့္"
မီးဖိုေခ်ာင္ထဲ လွစ္ခနဲေျပးဝင္ကာဂတ္စ္ကိုခ်က္ခ်င္းပိတ္ခ်ၿပီး အနားကိုျပန္ေျပးလာခဲ့သည္။
"ဘာလုပ္တာလဲ"
"ဘာလုပ္မယ္ထင္လို႔လဲ"
ရီေဝေဝအၾကည့္ေတြနဲ႕အတူ ခါးေပၚတင္လာသည့္ လက္ႏြေးႏြေးေၾကာင့္ စိတ္ေတြအသားကုန္လႈပ္ရွားမိလာသည္။
"မင္း.. မင္းမယုတ္မာနဲ႕"
"ခင္ဗ်ားပဲျမႇူဆြယ္တုန္းကျမႇူဆြယ္ၿပီးအခုမွဘာလို႔တားတာလဲဗ်ာ မတားပါနဲ႕ ကြၽန္ေတာ္ ယုတ္မာပါရေစ"
"ပတ္ေဆာင္းဟြန္း!? မင္းေျပာေလကဲေလပါလား"
"ေနာက္မွ စိတ္ဆိုးေတာ့ဗ်ာ.. ေနာ္"
အေပၚပိုင္းဗလာျဖစ္ေနသည့္အေျခအေနမွာသူက ပုခုံးကိုလာမွီရင္း လည္တိုင္အားအနမ္းတစ္ပြင့္ေႁခြကာ စကားသံခပ္တိုးတိုးဆိုလာသည္။ ရင္ေတြခုန္လြန္းလို႔အသက္ရႈေတာင္ေအာင့္ထားရသည္အထိ ရင္ဖိုလွိုက္ေမာစရာေကာင္းလြန္းေနခဲ့၏။
"မင္းကတကယ္ပဲ.. အြန႔္"
"ဒီေခါင္းေလွ်ာ္ရည္ကေဟ်ာင္းနဲ႕က်မွအနံ႕ေမႊးေနတာ ကြၽန္ေတာ့္ကိုအျပစ္မတင္နဲ႕ အဲ့ဒီေခါင္းေလွ်ာ္ရည္ကိုအျပစ္တင္"
"ဒါေပမဲ့.. အြန႔္ ပတ္ေဆာင္း အြန႔္!
ပတ္ေဆာင္းဟြန္းးး! အြန႔္"
ရင္ဘတ္ကိုလက္ျဖင့္ေဆာင့္တြန္းရင္း အနမ္းကိုခဲရာခဲဆစ္ မရရေအာင္ဆြဲယူရင္းက စြာက်ယ္ေလးအီဟီးဆြန္းကို အခ်စ္ခရီးစဥ္ထဲအသာအယာ ေခၚယူလာနိုင္ခဲ့သည္။ ခ်စ္ရတဲ့စိတ္ သဝန္တိုခဲ့သမွ်စိတ္ေတြအကုန္စုၿပဳံလာကာ မ်က္စိေရွ႕က လူအားကိုယ့္အပိုင္အျဖစ္ သတ္မွတ္ရန္ အစြမ္းကုန္ႀကိဳးစားခဲ့သည္။
အီဟီးဆြန္းက ထာဝရကြၽန္ေတာ့္အပိုင္။
အခုကစၿပီး အီဟီးဆြန္းက
ပတ္ေဆာင္းဟြန္း တစ္ေယာက္ထဲရဲ႕အပိုင္။
.......
ရင္ခြင္ထဲမွကေလးငယ္သည္အခ်ိန္အေတာ္ၾကာ တသိမ့္သိမ့္ရွိုက္ကာငိုေနခဲ့သည္။အငိုမတိတ္နိုင္သည့္ ကေလးငယ္၏ေက်ာျပင္ကိုပြတ္သပ္ေပးရင္း ရင္ခြင္ထဲကကေလးငယ္ကို ေခ်ာ့ေနခဲ့ရ၏။
"ကိုယ့္ကိုၾကည့္ပါဦး.."
ခပ္တိုးတိုးစကားသံသည္ ေခ်ာ့ေမာ့ကာေျပာေနဟန္ျဖင့္ ရင္ခြင္ထဲကမ်က္ႏွာေလးအား အသာဆြဲယူလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ၾကည့္ေစသည္။ကေလးငယ္၏ႏွာေခါင္းနီလုံးလုံးေလးမ်ားအား ခပ္ဖြဖြအနမ္းေႁခြကာ နဖူးကိုလဲအနမ္းတစ္ပြင့္ေႁခြလိုက္သည္။ပါးရဲရဲေလးေပၚ ျဖတ္သန္းစီးက်လာေသာ ထိုမ်က္ရည္ကေလးကိုလဲ လက္မျဖင့္အသာဖိကပ္သုတ္ေပးလိုက္၏။
"ကိုယ္အၾကမ္းဖ်င္းေတာ့ နစ္ခီ့ဆီကၾကားလာၿပီမို႔ မင္းရွင္းျပေနစရာမလိုေတာ့ဘူး"
"ေလာေလာဆယ္ကိုယ္တို႔ဒီကိစၥကိုဘယ္လိုရင္ဆိုင္ၾကမလဲဆိုတာကို အရင္ေတြးၾကည့္ရမယ္"
"ဟင့္အင္း ကြၽန္ေတာ္မရင္ဆိုင္ခ်င္ဘူး ကြၽန္ေတာ္အေမနဲ႕အဲ့ဒီလူကိုျမင္တိုင္း ကြၽန္ေတာ့္ကိုအေမခ်န္ထားခဲ့တာ အဲ့ဒါေၾကာင့္လို႔ပဲေတြးမိေနတယ္ ကြၽန္ေတာ္အဲ့လူမ်က္ႏွာထပ္မျမင္ခ်င္ဘူး.."
"အဲ့လူအနားကြၽန္ေတာ္တစ္ခါမွမျမင္ဖူးခဲ့တဲ့ ပုံစံမ်ိဳးနဲ႕ ေမေမၿပဳံးေနတာကိုလဲ ကြၽန္ေတာ္
မျမင္ခ်င္ဘူး"
"ကြၽန္ေတာ္အရမ္းဝမ္းနည္းတယ္ ရင္ထဲကႏွလုံးသားေတြတစ္စစီကြဲေၾကသြားသလိုပဲ"
"ဘယ္လိုလုပ္ရင္ဆိုင္နိုင္ပါ့မလဲ.. ဟင့္အင္း လုံးဝမျဖစ္နိုင္.."
"ဂ်ယ္ယြန္းနား..."
စိုးရိမ္ေနသည့္မ်က္ဝန္းေတြနဲ႕မ်က္ရည္ေတြရစ္ဝိုင္းေနတဲ့ မ်က္ဝန္းညိုေတြေပၚ ဆံႏြယ္အုပ္အုပ္ကေလးေတြက ဖုံးအုပ္ေနတာျမင္ေတာ့ အသာဖယ္ေပးရင္း မ်က္ႏွာကေလးအားပါးေစာင္မွအသာ မ ယူလိုက္သည္။
"မရင္ဆိုင္ခ်င္တိုင္းထြက္ေျပးေနလို႔ဘယ္ျဖစ္မလဲ တခ်ိဳ႕ဟာေတြကရင္ဆိုင္ၿပီးေသခ်ာသိရၿပီးမွ မင္းဘာဆက္လုပ္သင့္လဲဆက္ဆုံးျဖတ္ရတယ္ကေလးရဲ႕"
"ကိုယ္ေျပာတာ နားလည္ရဲ႕လား.."
နားလည္လားဟုေခါင္းကေလးအားအသာပြတ္သပ္ကာ ေမးေတာ့ကေလးငယ္ကရင္ခြင္ထဲတိုးဝင္လာကာ လက္ကေလးေတြက ခါးကိုအသာဖက္တြယ္လာသည္။
"ကြၽန္ေတာ္နားလည္ပါတယ္ ဒါေပမဲ့.."
"ဒါေပမဲ့ဘာျဖစ္လဲ"
"...."
ခဏတာတိတ္ေနပုံေထာက္ေတာ့ ဆက္ေျပာရမည့္စကားကို သူမေျပာရဲျဖစ္ေနပုံေပၚသည္။အထူးသျဖင့္ ဆူမည္ကိုစိုးေနသည့္ဟန္ပင္။
"ကိုယ္ဆူမွာေၾကာက္ဖို႔မလိုပါဘူး မဆူဘူးမို႔မင္းျဖစ္ေစခ်င္တာကိုသာေျပာလိုက္"
ပုခုံးကိုအသာဖက္ေက်ာျပင္ကိုခပ္သာသာပြတ္သပ္ေပးကာ စိတ္ခ်သြားေအာင္နားခ်ေတာ့ကေလးငယ္က စကားစခ်ီလာသည္။
"ကြၽန္ေတာ္ ဒီေန႕ေတာ့မေတြ႕ခ်င္ဘူး.."
"ဟုတ္လား ၿပီးေရာ ဒါဆိုလဲမနက္ျဖန္ေတာ့ေတြ႕ရမယ္ေနာ္.."
"ကြၽန္ေတာ္ႀကိဳးစားၾကည့္ပါ့မယ္"
"ဒါဆိုထေတာ့ေလ ဘာလို႔ရင္ခြင္ထဲဆက္တိုးေနတာတုန္း ကိုယ့္ရင္ဘတ္ႀကီးေပါက္ထြက္ေတာ့မွာပဲ"
"အဲယ္းး ဒီေလာက္နဲ႕ေတာ့ဘယ္ေပါက္မလဲဗ်ာ ကြၽန္ေတာ္ကေလးမဟုတ္ဘူး အဲ့လိုစကားေတြနဲ႕လာလွည့္လို႔မရဘူး အကိုေဂ်းကအဖက္မခံခ်င္ဘူးဆိုမခံခ်င္ဘူးေျပာရင္ရတာပဲဟာကို.. မဖက္ပဲေနမွာေပါ့"
စိတ္ဆိုးသြားဟန္ျဖင့္ လက္ကေလးေတြအားခါးမွခ်က္ခ်င္းျဖည္ခ်ပစ္ကာ ထရပ္ေတာ့ လက္ေကာက္ဝတ္ကျပန္ဆြဲခ်လိဳက္ၿပီး ကေလးငယ္အားရင္ခြင္ထဲ ႏွစ္ကိုယ္ၾကား ေလတစ္စက္မွတိုးမဝင္လာေအာင္အထိ တင္းၾကပ္စြာဖက္ထားမိသည္။
"ကိုယ္ကေတာ့ဖက္ခ်င္တာေပါ့ စေတြ႕တုန္းကကုတ္အကၤ်ီထဲ နစ္ဝင္ေနတဲ့မင္းကိုယ္ေလးကို ဘာမွန္းမသိဖက္ထားေပးခ်င္စိတ္ျဖစ္ခဲ့တာ အခုလဲမင္းကိုေတြ႕တိုင္း အလိုလိုရင္ခြင္ထဲေပြ႕ထားခ်င္ေနဆဲပါပဲ မင္းၿငီးေငြ႕မွာစိုးလို႔သာကိုယ္က စိုးရိမ္ေနရတာ"
"စိုးရိမ္စရာလားဗ်ာ.."
"ကြၽန္ေတာ္ကအကိုေဂ်းကိုဖက္ထားရင္ အကိုေဂ်းရင္ဘတ္ေပၚ ပါးအပ္ၿပီးအဲ့ကေနၾကားရတဲ့ အကိုေဂ်းရဲ႕ႏွလုံးခုန္သံေလးကို သိပ္သိပ္ကိုသေဘာက်တယ္"
"ဟာ သိပ္ကႏွစ္လုံးေတာင္ဆိုေတာ့ ကိုယ့္ထက္ေတာင္ပိုသေဘာက်တာလား"
"ဟုတ္တယ္ဆိုရင္ေရာ ကိုယ့္ႏွလုံးကိုယ္ျပန္အူတိုၿပီး ထုတ္ပစ္လိုက္မလို႔လား"
"လုပ္သင့္ရင္ေတာ့လုပ္ရမွာပဲ"
"စကားေတြတတ္တာကေတာ့ လြန္ေနေရာဗ်ာ ႏွလုံးကိုေတာ့မထုတ္ပါနဲ႕ ဒီကသိပ္သိပ္ခ်စ္ရတဲ့ အကိုေဂ်းကိုမေတြ႕ရေတာ့ပဲေနပါဦးမယ္"
သူ႕ဘာသာ အရဲစြန႔္ကာခ်စ္တဲ့အေၾကာင္းေတြထုတ္ေျပာလာတာမို႔ ၿပဳံးကာစိုက္ၾကည့္ေတာ့ ကေလးငယ္၏မ်က္ဝန္းေတြကရွက္ဟန္ျဖင့္ စိတ္လႈပ္ရွားစြာ တစ္ဖက္ကိုလႊဲသြားခဲ့သည္။
"အ.. အကိုေဂ်း ျပန္ရေအာင္ေလ ဒီမွာကေအးတယ္"
"ဟုတ္လား အရမ္းေအးတာပဲလား"
"အင္း တေျဖးေျဖးပိုပိုေအးလာသလိုပဲရယ္"
လက္ကေလးေတြနဲ႕ခါးကိုဖက္တြယ္ထားသူကတကယ္လဲေအးေနဟန္ နား႐ြက္ကေလးေတြနီရဲကာ ပါးေလးေတြလဲနီရဲေနခဲ့သည္။
"ဟုတ္ၿပီေလ ကိုယ္အေအးေလ်ာ့ေအာင္လုပ္ေပးမယ္"
တကယ္ေတာ့မဟုတ္ပါဘူး။ဒါဟာတစ္ကိုယ္ေတာ္ ပတ္ေဂ်းရဲ႕အခြင့္ေကာင္းယူရန္ဉာဏ္နီဉာဏ္နက္ဆင္ေတာ္မူျခင္းပါပဲ။ဒါကိုတကယ္ဟုယုံၾကည္သူသည္ ဂ်ယ္ယြန္းနီးလိုရိုးသားျဖဴစင္သူေလးသာရွိသည္။
"ဟင္ အေအးေလ်ာ့ေအာင္ဘယ္လိုလုပ္မလို႔လဲ"
"ဒီလိုေလ.."
ေျပာရင္းဆိုရင္းအနားကိုတိုးကပ္ကာသြားေတာ့ သူကေနာက္ကိုဆုတ္ေျပးရန္ျပင္သည္။ပတ္ေဂ်းတို႔ကို ဒါမ်ိဳးလာလုပ္လို႔မရ။ ခပ္သြက္သြက္ပင္ ေခါင္းေလးကိုအနားျပန္ဆြဲယူလိုက္ကာ ခါးသိမ္သိမ္ကိုပါအနားကိုတိုးေစရန္ သိမ္းယူလိုက္ၿပီးေနာက္ ေအးစက္ေနပါေသာ္လဲ စေတာ္ဘယ္ရီေရာင္သမ္းေနေသာ ထိုႏႈတ္ခမ္းေလးေတြကို ဖိကပ္နမ္းပစ္လိုက္သည္။
"အကိုေဂ်း.."
ပတ္ဝန္းက်င္ကအစ ေအးစက္ေနတဲ့အခ်ိန္မို႔ ႏႈတ္ခမ္းသားေလးေတြဟာလဲ ေအးစက္ေနခဲ့ေပမယ့္ စေတာ္ဘယ္ရီအရသာႏႈတ္ခမ္းေလးေတြသည္ အိစက္ေနၿပီး စေတာ္ဘယ္ရီေရခဲမုန႔္စားေနရသည္နဲ႕ေတာင္ ဆင္တူေနခဲ့သည္။ အျပန္အလွန္အနမ္းေတြဖလွယ္ရင္း ႏႈတ္ခမ္းသားေလးေတြႏြေးေထြးလာခဲ့သည္အထိ အနမ္းေတြကေတာ့ ဘယ္လိုမွရပ္တန႔္လို႔မရနိုင္ခဲ့ေတာ့ေပ။
.........
"ခြၽန္းဟန္!! ဒါဘယ္လိုေတြျဖစ္သြားရတာလဲ"
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ကအစ္ကိုေလးတို႔ခရီးမွာပဲရွိေနတယ္ထင္ခဲ့တာ နည္းနည္းမူမမွန္မွန္းသတိထားမိမွ ရွာၾကည့္ေတာ့ မေတြ႕ျဖစ္သြားတာပါ"
"မင္းကိုငါအစတည္းကခရီးကိုေတာက္ေလွ်ာက္ေစာင့္ၾကည့္ေနဖို႔ေျပာခဲ့တယ္ေလ အလုပ္ကိုဘယ္လိုလုပ္ေနတာလဲ"
"ေတာင္းပန္ပါတယ္ ေဘာ့စ္"
"အခုေရာသူဘယ္မွာလဲ သိၿပီလား"
"ကြၽန္ေတာ္စုံစမ္းရသေလာက္ေတာ့ သခင္ေလးနစ္ခီနဲ႕တူတူ ထြက္သြားပါတယ္တဲ့"
"အခုဘယ္မွာလဲမေတြ႕ေတြ႕ေအာင္ လိုက္ရွာ ငါအဲ့ဒီဘက္ကိုလာေနၿပီ"
"ဟုတ္ကဲ့ပါ ေဘာ့စ္"
ဂ်ပန္ကိုလာေနသည့္လမ္းတစ္ေလွ်ာက္ ဝန္ႀကီးခ်ဴပ္၏စိတ္ထဲ သူ႕သားဂ်ယ္ယြန္းအျဖစ္မွန္ကိုသိသြားခဲ့ၿပီလားဆိုသည့္ အေတြးတစ္ခုသာရွိေနခဲ့သည္။
"ဖုန္းလဲမကိုင္ပါလား ဒီကေလးကေတာ့တကယ္ပဲ.."
"မသိေလာက္ပါဘူး.. နစ္ခီနဲ႕တစ္ေနရာရာမွာ ရွိေနမွာပါ သူသိသြားလို႔မျဖစ္ဘူး.."
"သူေဌး အဆင္ေျပရဲ႕လား"
စိတ္လႈပ္ရွားကာစိုးရိမ္စိတ္ေၾကာင့္နားထင္က ေခြၽးေစးေတြျပန္ေနသူကို ဒရိုင္ဘာကလွမ္းေမးလာသည္။
"ေျပတယ္ ေျပတာမို႔ေလဆိပ္ကိုျမန္ျမန္သာေမာင္း"
လြန္ခဲ့သည့္ဆယ့္ငါးႏွစ္ေလာက္တည္းက အဲ့ဒီအမွန္တရားသည္ ေသခ်ာေပါက္ သူနဲ႕တစ္ခ်ိန္ကသူ႕ဇနီးျဖစ္ခဲ့သူ ဂ်ယ္ယြန္းအေမတို႔ၾကားထဲသာ ရွိခဲ့ျခင္းျဖစ္သည္။ မေပါက္ၾကားေအာင္အထူးသျဖင့္ဂ်ယ္ယြန္းမသိေအာင္ သူအပိအရိကိုဖုံးဖိခဲ့သည္။ အခုမွလာၿပီးအမွန္ေတြေပၚသြားခဲ့ရင္ ဂ်ယ္ယြန္းစိတ္ထိခိုက္ရလိမ့္မည္။
"ဂ်ပန္ကိုသြားဖို႔လက္မွတ္တစ္ေစာင္ေပးပါ"
"ဟုတ္ကဲ့.."
"ရပါၿပီရွင့္"
"ေက်းဇူးတင္ပါတယ္"
ဂ်ပန္ကိုသြားမည့္ေလယာဥ္ေပၚကိုတက္ကတည္းက စိတ္ထဲေလးေလးပင္ပင္ရွိလွသည္။ ဟိုကိုေရာက္လွ်င္ ဂ်ယ္ယြန္းအေမအိမ္ကိုသာ အရင္ေရာက္ေအာင္သြားရမည္ဆိုသည့္စိတ္က ပို၍ေလးေစခဲ့သည္ထင္၏။
.......
တစ္စတစ္စပိုစိမ့္လာသည့္ေနရာထဲ ဆက္ေနရင္းက မနက္ကယူလာသည့္အႏြေးထည္ကိုသတိရသြားသည္။အထုပ္ကိုအိမ္မွာေတာင္မထားခဲ့ရပဲ ေက်ာပိုးအိတ္ကေလးလြယ္လာသည္မို႔ အႏြေးထည္လဲပါလာသည္။
"ဂ်ယ္ယြန္းနား.."
"ေရာ့ ဒါေလးဝတ္ထား"
"ကြၽန္ေတာ္ဝတ္ရင္ အကိုေဂ်းကေရာ"
"တစ္ထည္ပါေသးတယ္ ဆင္တူေလးဝတ္ရေအာင္ ယူလာတာ"
"ဘယ္သူနဲ႕ဝတ္ဖို႔လဲ"
"ဒီကေလးကေတာ့ တကယ္ပါပဲ.."
"ဘာလို႔လဲ ဘယ္သူမို႔လို႔လဲ"
"မင္းနဲ႕ဆင္တူဝတ္ဖို႔ေလ ငတုံးေလးရဲ႕"
"အာ.. ဟီး မသိဘူးေလ"
"လူလယ္ေခါင္မွာအျပစ္ေပးမခံခ်င္ရင္ အဲ့လိုေတြေမးတာရပ္တန္းကရပ္ေနာ္ မဟုတ္လို႔ကေတာ့.."
"မသိရေကာင္းလားဆိုၿပီးလူလယ္ေခါင္ေတြဘာေတြ ဂ႐ုမစိုက္ပဲအျပစ္ေပးပစ္မွာ"
"ဟာဗ်ာ အကိုေဂ်းကလဲ.."
႐ႊတ္ေနာက္ေနာက္မ်က္ဝန္းေတြအားအၾကည့္ေရွာင္ကာ တစ္ဖက္ကိုမ်က္ႏွာလႊဲသြားသည့္ကေလးငယ္မွာ အေတာ္ေလးရွက္ေနေၾကာင္းကို နား႐ြက္ကေလးေတြနီရဲတက္လာျခင္းကတစ္ဆင့္အတိုင္းသားျမင္ေနရသည္။
"လာ ကိုယ္နဲ႕တစ္ေနရာသြားရေအာင္"
"ဘယ္ကိုလဲ အေမ့ဆီကိုဆိုမသြားဘူးေနာ္"
"ေဟာ ဂ်ယ္ယြန္းေလးေအးေနတယ္ဆိုကိုယ္နဲ႕ႏြေးတဲ့ေနရာထဲ သြားေနရမွာေပါ့"
"ဘယ္ေနရာလဲ ကြၽန္ေတာ္ဂ်ပန္ကေနရာ တစ္ေနရာမွမသိဘူးေနာ္"
"ကိုယ့္ကိုမယုံဘူးလား.."
"ယုံတယ္ ကြၽန္ေတာ္ယုံပါတယ္"
"ကဲ ဒါဆိုထ"
ကမ္းေပးလာသည့္လက္ကေလးကိုအားျပဳကာထေတာ့ ထိုင္တာၾကာသည့္ေျခေထာက္ေတြက က်ဥ္ေနတာမို႔ ႐ုတ္တရက္ ယိုင္က်သြားသည္။
"အာ့!"
"ဂ်ယ္ယြန္း"
ျပဳတ္က်ၿပီအမွတ္နဲ႕မ်က္စိကိုစုံမွိတ္ထားေသာ္လဲ စာၾကည့္တိုက္မွာတုန္းကလို အကိုေဂ်း၏လက္ေတြထဲသာ ေပြ႕လ်က္သားရွိေနခဲ့သည္။ ခါးကိုအသာထိန္းကိုင္လာသည့္လက္ႏွင့္ ပုခုံးကိုထိန္းကိုင္သည့္လက္တို႔သည္ တစ္ဘဝလုံးစာေပးအပ္ခ်င္သည့္ အားကိုးခ်င္စရာလက္ေတြပင္ျဖစ္သည္။
"ဂ်ယ္ယြန္းနား.. လန႔္သြားလား"
မ်က္စိမွိတ္ေနဆဲမို႔စိတ္ပူကာေမးေတာ့ ကေလးငယ္က မ်က္လုံးဖြင့္ကာ ေပကလပ္ေပကလပ္နဲ႕ျပန္ၾကည့္လာခဲ့သည္။
"ဒီတိုင္းပဲဆက္ၾကည့္ေနရင္ဒီေနရာကဆက္သြားနိုင္ဖို႔ မေသခ်ာဘူးေနာ္.."
ၿပဳံးၿပဳံးနဲ႕ေျပာလာသည့္စကားေၾကာင့္လန႔္ကာရင္ခြင္ထဲက ခ်က္ခ်င္းထြက္ေျပးမိသည္။
"အမယ္ အဲ့ေလာက္ေၾကာက္တယ္ေပါ့ေလ"
ေျပးထြက္သြားသည့္ေနာက္လိုက္လာသူကေမးေတာ့ ဘာမွျပန္မေျဖ ဘယ္ေနရာမွမသိသူက ေရွ႕ကိုသာဆက္ေလွ်ာက္ေနသည္။
"ေၾကာက္ရင္ပိုေပးတယ္ ေရာ့ အာဘြား"
ေနာက္ကေနေရွ႕ကိုတက္လာကာ ႐ုတ္တရက္ပါးကို႐ႊတ္ခနဲနမ္းလာတာေၾကာင့္ အနမ္းခံရသည့္ ပါးကိုကိုင္ရင္းေနရာမွာတင္မွင္သက္လ်က္ အကိုေဂ်းကိုၾကည့္ေနမိသည္။
"အကိုေဂ်းးး.."
"ေျပာေစဗ်ာ ဘာျဖစ္တုန္း"
"အဲ့ဒီလိုမလုပ္နဲ႕ေလ"
"ဘာလို႔လဲ ရွက္လို႔လား"
"လူေတြရွိတယ္ေလ ရွက္တာေပါ့လို႔"
"အမေလး ရွက္တတ္လိုက္တာ လက္ကေလးပဲကိုင္ရင္ေရာ မရွက္ဘူးမလား"
"အင္း.."
ၿပဳံးကာေခါင္းေလးအသာၿငိမ့္ျပလာတာေၾကာင့္ ေဂ်းကအလ်င္အျမန္ပင္ ဂ်ယ္ယြန္း၏လက္သြယ္သြယ္ ကေလးေတြအား သူဝတ္ထားသည့္ အႏြေးထည္အိတ္ထဲ ထည့္ထားေပးလိုက္သည္။
"ဘယ္လိုလဲ ႏြေးရဲ႕လား"
"အင္း အရမ္းႏြေးတယ္.."
"ရင္ခြင္ထဲဝင္ၾကည့္မလား ပိုႏြေးတယ္"
"အကိုေဂ်းကလဲ.."
အႏြေးထည္ဇစ္ကိုဖြင့္ကာရင္ဘတ္ထဲဝင္ရန္ဟန္ျပေတာ့ အရွက္အေၾကာက္ႀကီးသူေလးကရင္ဘတ္ကို လက္ေသးေသးေလးနဲ႕လာထုသည္။
"အသဲယားေအာင္မထိတထိလာမလုပ္နဲ႕ေနာ္ ကိုက္စားပစ္မွာ.."
"အကိုေဂ်းအဲ့လိုေတြလိုက္စေနလို႔ကြၽန္ေတာ္ေနေတာင္ မေနတတ္ေတာ့ဘူး"
"စတာမဟုတ္ပါဘူး..."
အတည္ေပါက္ေျပာလာသည့္မ်က္ဝန္းေတြသည္ ရဲတင္းမႈအျပည့္ရွိေနသည္။မ်က္စိကိုေရွာင္မေျပးမိခင္ ႐ုတ္တရက္ဖုန္းတစ္လုံးဝင္လာခဲ့၏။
[ဝန္ႀကီးခ်ဴပ္]
ဖုန္းမ်က္ႏွာျပင္ေပၚကနာမည္ကိုျမင္ေတာ့ အကိုေဂ်းကိုတစ္ခ်က္ လွမ္းၾကည့္မိသည္။အကိုေဂ်းက ကိုင္လိုက္ရန္ေမးေငါ့ျပတာမို႔ ဒီတစ္ခါေတာ့စိတ္ကိုတင္းကာ ဖုန္းကိုင္လိုက္သည္။
"ဟယ္လို.."
"ဂ်ယ္ယြန္း သား မင္းအခုဘယ္မွာလဲ"
"ဘာျဖစ္လို႔လဲ"
"ဘာ ဘာရယ္မဟုတ္ပါဘူး အေဖက မင္းဂ်ပန္ေရာက္ေနတယ္ဆိုလို႔ အဆင္မွေျပရဲ႕လားေမးခ်င္လို႔ပါ"
"အေဖ ဒီလိုေတြဘယ္တုန္းကေမးဖူးလို႔လဲ"
"ဂ်ယ္ယြန္းနား.."
"အရင္ကအဆင္ေျပလားတစ္လေနလို႔တစ္ခါမေမးတဲ့အေဖက အခုဘာလို႔ဖုန္းေတြဆက္ေနလဲကြၽန္ေတာ္သိတယ္"
"အဲ့ဒီလိုမဟုတ္ဘူး သား အေဖက..!"
"အေဖသိခ်င္ေနတဲ့လိုရင္းကိုေျပာျပရရင္ကြၽန္ေတာ္ အကုန္သိသြားၿပီအေဖဖုံးထားခဲ့တာေတြအကုန္ ကြၽန္ေတာ္သိသြားၿပီမို႔.."
"အေဖသိခ်င္တာ မင္းအဆင္ေျပရဲ႕လားဆိုတာကိုပါ"
"အဆင္ေျပမေျပ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာင္ ေသခ်ာမသိေတာ့ဘူး"
"လတ္တေလာေတာ့ ကြၽန္ေတာ့္ကိုလိုက္မရွာပါနဲ႕ ကြၽန္ေတာ္အေဖနဲ႕အေမတို႔ဆီကေျဖရွင္းခ်က္ကို နားေထာင္ဖို႔အဆင္သင့္ျဖစ္တဲ့အခါက်ရင္ ျပန္လာခဲ့ပါ့မယ္"
"ဂ်ယ္ယြန္းနား ခဏေနပါဦး ဂ်ယ္ယြန္း ဂ်ယ္ယြန္း!! တီ တီ"
ေခၚသံကိုေတာင္ဆုံးေအာင္နားမေထာင္ပဲ ဖုန္းခ်သြားတာမို႔ ရင္ထဲပို၍နာက်င္ရသည္။သို႔ေပမဲ့ အခုခ်ိန္ဂ်ယ္ယြန္းလဲ အခ်ိန္လိုေလာက္မည္မို႔ ေနာက္တစ္ေခါက္ဖုန္းဆက္မေခၚခဲ့ အရင္ကပတ္သက္ခဲ့ဖူးသူ၏အိမ္ကိုသာ ဦးတည္ခဲ့ေတာ့သည္။
"အဆင္ေျပရဲ႕လား ဂ်ယ္ယြန္း.."
"အကိုေျပာတဲ့ေနရာကိုသြားရေအာင္ ကြၽန္ေတာ္နားခ်င္ေနၿပီ"
"အင္း လာ ကိုယ့္အကၤ်ီအိတ္ထဲလက္ကေလူထည့္ထား ၿပီးရင္သြားၾကစို႔"
"ေဝးလား အဲ့ဒီေနရာက"
"မေဝးပါဘူး"
"ဒါနဲ႕အကိုေဂ်းကဂ်ပန္ကေနရာေတြဘယ္လိုသိေနတာလဲ"
"အဲ့ကိုေရာက္ရင္ ကိုယ္ရွင္းျပပါ့မယ္"
"ကတိေနာ္.."
"ကတိ"
"ဒီတိုင္းကတိေပး႐ုံနဲ႕အကိုေဂ်းကိုယုံရပါ့မလား"
"ဒါဆိုဘယ္လိုမ်ိဳး သက္ေသထားခ်င္လို႔လဲ"
"ကြၽန္ေတာ္ေျပာျပမယ္ ဒီနားကိုတိုးခဲ့"
ခဏရပ္လိုက္ၿပီး ကေလးငယ္မ်က္ႏွာအနားထိကို တိုးကပ္ကာသြားလိုက္၏။
"ဒီလိုသက္ေသေလ"
ေျပာေျပာဆိုဆိုႏႈတ္ခမ္းကို အသာဖိကပ္နမ္းလာတာေၾကာင့္ အနည္းငယ္ေတာ့အံ့ဩသြားရသည္။အရွက္အေၾကာက္ႀကီးသည့္ကေလးက ဒီလိုလုပ္ေတာ့ပိုအံ့ဩသြားသည္ဆိုလဲမမွားနိုင္ေပ။
"တံဆိပ္တုံးထုလိုက္ၿပီ"
ၿပဳံးစိစိနဲ႕ေျပာကာအနားကေန လွည့္ထြက္သြားသူအား အသဲယားကာလက္ဖ်ံမွတစ္ဆင့္ အနားကိုျပန္ဆြဲယူလိုက္သည္။
"ခဏေနပါဦး.."
ဆြဲလွည့္လိုက္သည့္အရွိန္ျဖင့္ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္အေနအထား ျပန္ျဖစ္သြားေတာ့ ကေလးငယ္မ်က္ဝန္းညိုေတြထဲ အံ့ဩသည့္အၾကည့္ႏွင့္ စိုက္ၾကည့္ေနခဲ့သည္။
"တံဆိပ္တုံးက တစ္ခါပဲထုရတာလား"
"အ.. အာ"
"တစ္ခါပဲေလ အမ်ားႀကီးထုလို႔မရဘူး"
"ရပါတယ္ ပိုေသခ်ာေအာင္ထုရမယ္ေလ"
"အကိုေဂ်း.. လူေတြရွိတယ္လို႔"
"အရင္လာစတာဘယ္သူလဲ"
"အကိုေဂ်းကလဲဗ်ာ.."
"ကိုယ္သိၿပီ လူရွိလို႔မရတာမလား"
"လိုက္ခဲ့"
"ခဏေနပါဦး အကိုေဂ်း.. အကိုေဂ်း!!"
႐ုတ္တရက္ႀကီးဆြဲေခၚခံလာရကာ ဘယ္လူမွမျမင္ရနိုင္သည့္ ေခ်ာင္တစ္ေခ်ာင္မွာ ေက်ာမွီခိုင္းကာ ထြက္သြားဖို႔လုပ္ေသာ္လဲ အကိုေဂ်း၏လက္က တားထားတာမို႔ ေခ်ာင္ထဲမွာပဲ အပိတ္ခံလိုက္ရသည့္ေနာက္ ရင္ေတြမနားတမ္းခုန္လာခဲ့သည္။
"ဘယ္လိုလဲ.."
"အကိုေဂ်း ကြၽန္ေတာ့္ကိုသက္သက္ အနိုင္က်င့္ေနတာ.."
"ေဟာ"
"ကိုယ့္ကိုအရင္လာစတာ ဘယ္သူလဲ"
"မသိဘူး.."
"မသိလို႔မရဘူးေလ"
"မသိဘူးဆိုေန"
"တကယ္မသိဘူးေနာ္ သိေအာင္လုပ္ေပးမယ္"
"အာ အကိုေဂ်း ေနပါဦး အကို..!"
"ရႉး အသံက်ယ္ရင္သူမ်ားေတြလာၾကည့္မယ္ေနာ္ တိုးတိုးေလးေန"
"အကိုေဂ်း.. အြန႔္!!"
ဦးႏွောက္ကအသိနဲ႕ရင္ဘတ္ေတြကိုမရမက တြန္းထုတ္ေနရင္းက သိပ္မၾကာခင္မွာႏွလုံးသားထဲကခံစားခ်က္တို႔၏အနိုင္ယူျခင္းကို ခံလိုက္ရသည္။ဤသို႔ျဖင့္ ဘယ္သူမွမျမင္ရသည့္ ေထာင့္တစ္ေနရာေလးတြင္ ရင္ဖိုစရာအနမ္းတို႔အားေပးကာ ခံစားခ်က္တူညီသည့္ ႏွလုံးသားခ်င္း ဖလွယ္ေနခဲ့ၾက၏။
Recommend Song
That Feeling When // Enhypen