No Reason ✔
By NightToy_95
3K 247 12
There is no reason to touch my heart. coverphoto credit #nighttoy95 #ministory More
N
O
R
E
A
O
N(လမ်းဆုံး/လမ္းဆုံး)
S
258 27 1
By NightToy_95
6ခု
Uni
ချစ်သူများနေ့ကမကြာခင်ရောက်တော့မှာမလို့လမ်းထဲမှာလက်ချင်းတွဲထားသည့်စုံတွဲတွေကိုတွေ့ရသည်။ဒီလိုအချိန်ဆိုcouple ပစ္စည်းတွေကိုအရောင်းရဆုံးဖြစ်တယ် ရိပေါ်လဲရှောင်းကျန့်အတွက်လက်ဆောင်လေးတစ်ခုခုဝယ်ပေးဖို့တွေးမိသည်။သူ့ဘေးကဖြတ်သွားတဲ့ယောကျာ်းလေးနှစ်ယောက်အတွဲကိုကြည့်ပြီးနှုတ်ခမ်းတွေကအလိုလိုပြုံးမိသည်။ဒီလောကကြီးရဲ့နေရာတိုင်းမှာအချစ်ရှိတယ် ဖြူစင်တဲ့အချစ်နဲ့အရောင်ဆိုးတဲ့အချစ်ဆိုပြီးတော့ပဲကွဲသွားတာဖြစ်သည်။
လူတွေကမွေးဖွားကာစအရွယ်ကနေဆယ်ကျော်သက်အရွယ်ထိမိဘတွေကိုချစ်တယ် ချစ်သူရည်းစားလေးထားတတ်တဲ့အရွယ်ကနေအိမ်ထောင်ကျပြီးလက်ထက်ကြတဲ့အထိချစ်သူအပေါ်အရောင်ဆိုးထားတဲ့အချစ်နဲ့ချစ်ကြတယ် သားသမီးတွေမွေးဖွားလာတဲ့အချိန်မှာတော့ကိုယ့်ရဲ့ကလေးတွေအပေါ်မိဘနေရာကနေချစ်ပြီးကာကွယ်စောင့်ရှောက်ကြပြန်တယ်။ဒါကြောင့်သူ့အတွက်တော့ဒီလောကကြီးမှာအချစ်တွေနဲ့ပြည့်နေတယ်ဟုထင်မြင်မိသည်။ယောကျာ်းလေးချင်းချစ်လဲအချစ်ပဲ မိန်းကလေးချင်းချစ်လဲအချစ်ပဲ ယောကျာ်းလေးနဲ့မိန်းကလေးချစ်ကြလဲအချစ်ပဲ မိသားစုတွေသူငယ်ချင်းတွေချစ်ကြလဲအချစ်ပါပဲ။ထိုအချစ်ကိုထုတ်ဖော်ပြဖို့အတွက်ချစ်သူများနေ့ကမကြာခင်ရောက်လာတော့မယ်။
"ငါလဲငါ့အချစ်ကိုထုတ်ဖော်ပြရမလာ"
ရိပေါ်ကဆိုင်တစ်ခုထဲဝင်သွားပြီးလက်ဆောင်ပစ္စည်းတွေကိုလိုက်ကြည့်နေသည်။မှန်ဗီရိုမှာလှပစွာစီထားတဲ့နာရီတွေကိုတွေ့တော့သူစိတ်ဝင်စားသွားတယ်။
"နာရီတွေကြည့်ချင်လို့လာ ဒီကနာရီတွေကအရည်အသွေးကောင်းတယ် ဆွစ်ဇလန်ကနေတိုက်ရိုက်တင်သွင်းတာတွေပါစျေးလဲမများသလိုတာရှည်လဲခံတယ်အကြမ်းရောရေရောခံပါတယ် အာမခံက၆လပါ လူကြီးမင်းအနေနဲ့ရွေးရခတ်နေရင်ကျွန်မဒါလေးကိုအကြံပြုချင်ပါတယ်"
ဝန်ထန်းမိန်းကလေးကသူနာရီတွေကိုရပ်ကြည့်နေတာတွေ့လို့ပြောလာသည်။အမှန်ပင်ရွေးရခတ်နေတာမလို့ဝန်ထန်းမိန်းကလေးပြောတာကိုလက်ခံလိုက်တယ်။သူမအကြံပြုတဲ့နာရီကအနက်ရောင်ဒိုင်ခွက်ကိုငွေရောင်ကျောက်လုံးတွေနဲ့ဝန်းရံထားတယ်။အထဲကလက်တံတွေနဲ့ဂဏန်းတွေကိုလဲကျောက်တွေနှင့်သာစီထားတာမလို့အသေးစိတ်လှပသည်။ကြိုးကအနည်းငယ်မိန်းကလေးဆန်ပြီးယောကျာ်းလေးတစ်ယောက်အတွက်ဆိုသေးပေမဲ့ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်သေးသေးလေးနဲ့ဆိုသိပ်လိုက်ဖက်မှာအမှန်ပဲ။
"ဒါကိုသေချာထုတ်ပိုးပေးပါလက်ဆောင်ပေးမှာမလို့"
"ဟုတ်ကဲ့ပါရှင့် ချစ်သူများနေ့အတွက်ကောင်မလေးကိုပေးမလို့လာ ဒါပေမဲ့ဒါကယောကျာ်းလေးဝတ်မလို့အဆင်ပြေပါ့မလာ"
ဝန်ထန်းမလေးကစိုးရိမ်သလိုပြောတော့သူပြုံးပြလိုက်သည်။ငုတ်တုတ်မေ့သွားတဲ့ဝန်ထန်းမလေးရဲ့စိတ်ထဲသူမရှေ့ကလူကအရမ်းချောတာပဲချစ်သူတော်ရတဲ့ကောင်မလေးကတော့ကံအတော်ကံကောင်းတယ် အဲ့နေရာမှသူမသာဖြစ်လိုက်ချင်တော့တယ်။
"သူကြိုက်လောက်မှာပါ "
"ဟုတ်ကဲ့ လူကြီးမင်းကိုကျေးဇုတင်ပါတယ်ရှင့်နောက်လဲအားပေးပါအုံး"
ရှန်းကော်ဆီကချေးယူထားတဲ့ငွေထဲကဆိုင်ဝယ်ပြီးပိုတဲ့ပိုက်ဆံထဲကနေနာရီဝယ်လိုက်သည်။ဖြစ်နိုင်ရင်ကိုယ်တိုင်ဝင်ငွေနဲ့ဝယ်ပေးချင်ပေမဲ့သူ့မှာအဲ့လောက်အများကြီးမရှိဘူး။နောက်တစ်ခေါက်မှရှောင်းကျန့်ကိုသူကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံနဲ့ဒီထက်တန်ဖိုးကြီးတာဝယ်ပေးမည်။
ရိပေါ်ကရှောင်းကျန့်အတွက်နာရီဝယ်ပေးပြီးဆိုင်ထဲကထွက်လာတော့အိပ်ကပ်ထဲကဖုန်းကတုန်ခါလာတာမလို့ကိုင်လိုက်တယ်။ရှောင်းကျန့်ဆီကပင်
"ပြောရှောင်းကျန့်"
"ဒါကဝမ်ရိပေါ်ဖုန်းလာခင်ဗျ"
ရိပေါ်ကမျက်ခုံးတွေစုကျုံ့သွားတယ်။ရှောင်းကျန့်ဖုန်းကိုဘယ်သူကကိုင်နေတာလဲ တစ်ဖက်ကမေးတာကိုခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်
"ဟုတ်တယ်.ခုပြောနေတာဘယ်သူလဲဘာလို့ရှောင်းကျန့်ဖုန်းကိုကိုင်တာလဲ ခုသူဘယ်မှာလဲ"
"ရှောင်းကျန့်ကရဲစခန်းမှာပါ"
"ဘာ!!"
"ခုပြောနေတာကရဲမှူးကြီးပါ"
"ဟမ်!!!"
ရိပေါ်ကရင်ထဲထိတ်ပျာသွားရသည်။ရဲမှူးကြီးနဲ့ပြောပြီးသူရဲစခန်းကိုအပြေးအလွှားသွားရတော့တယ်။တွေ့တဲ့taxiငှားပြီးဒါရိုင်ဘာကိုဒုံးပျံလိုမောင်းခိုင်းနေသည်။
"မြန်​မြန်မောင်းပေးပါဦးလေး"
"​မောင်းနေတာပဲလေ"
"ဒီထက်မြန်ပေးလို့မရဘူးလာ ကျွန်တော်အရေးကြီးနေလို့"
"ဒီထက်မြန်ချင်ရင်လဲမင်းဘာသာမင်းဒုံးကျည်ပေါ်တက်ထိုင်ပြီးသွားလိုက်တော့"
ဒါရိုင်ဘာကြီးကဂနာမငြိမ်ဖြစ်နေတဲ့သူ့ကိုရွဲ့ပြောလေသည်။ကားကအရှိန်ကုန်တင်ထားတာဖြစ်ပေမဲ့သူ့စိတ်ထဲလိပ်လိုနှေးနေသလိုပင်။ရှောင်းကျန့်အတွက်စိုးရိမ်စိတ်တွေကသာသူ့ရင်တစ်ခုလုံးပူလောင်နေတယ်။
ရဲမှူးကြီးပြောပြချက်အရရှောင်းကျန့်ကbusကားပေါ်မှာခါးပိုက်နှိုက်လို့တဲ့ လူတစ်ယောက်ကတွေ့​လို့ပြောတော့အဲ့လူကိုဆေးရုံတက်ရလောက်တဲ့ထိဆွဲထိုးပစ်လိုက်တယ်တဲ့။ဘယ်လိုတောင်အဓိပ္ပါယ်မရှိမှုကြီးလဲရှောင်းကျန့်ကထမင်းငတ်ရင်တောင်အဲ့လိုမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူး။သူယုံတယ်
ရဲစခန်းရောက်တော့အထဲကိုခြေခေါက်လဲမတတ်ပြေးဝင်သွားသည်။ရဲမှူးကြီးအရှေ့မှာရပ်လိုက်ပြီးအချုပ်ထဲရောက်နေတဲ့ရှောင်းကျန့်ကိုလှမ်းကြည့်လိုက်တယ်။ဘာဒဏ်ရာမှမတွေ့တော့မှရင်ထဲကအပူတစ်ဝက်ကလျော့ကျသွားသည်။ရှောင်းကျန့်ကအထဲကနေသူ့ကိုလှမ်းပြီးသွားဖြဲပြနေတယ်။ရိပေါ်ကခါးထောက်လျက်ခပ်တည်တည်စိုက်ကြည့်ပေးလိုက်တော့နှုတ်ခမ်းကတစ်တောင်လောက်ဆူကာမျက်စောင်းထိုးသွားတယ်။ ကောက်ပြန်ပြီ
ရိပေါ်သက်ပြင်းချပြီးရဲမှူးကြီးအရှေ့မှာဝင်ထိုင်လိုက်သည်။
"ကျွန်တော့်သူငယ်ချင်းအစားကျွန်တော်ကပဲတောင်းပန်ပါတယ် သူကအဲ့လိုမကောင်းတဲ့သူမဟုတ်ပါဘူးမိကောင်းဖခင်သားသမီးပါ ခါးပိုက်နှိုက်လုပ်ဖို့မပြောနဲ့သူများပစ္စည်းဆိုအပ်တိုလေးတစ်ချောင်းတောင်အလကားမယူဖူးပါဘူး"
သူကလွဲပြီးပေါ့။ရိပေါ်ကစိတ်ထဲကပြောလိုက်သည်။ရဲမှူးကြီးကခေါင်းငြိမ့်ကာ
"ကာယကံရှင်အမျိုးသမီးကလဲသူ့မှာဘာပစ္စည်းမှမပျောက်သွားဘူးလို့ပြောထားပြီးပါပြီ အခုရှောင်းကျန့်ကိုထိန်းသိန်းထားတာကလူတစ်ယောက်ကိုဆေးရုံတင်ရတဲ့ထိထိုးနှက်မှူကြောင့်ပါ ကိုယ်ထိလက်ရောက်ကျူးလွန်မှုပေါ့"
"ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်သူကမဟုတ်မခံစိတ်လေးရှိလို့ပါ ခွင့်လွှတ်ပေးဖို့မျော်လင့်ပါတယ်"
ရိပေါ်ကပြောပြီးခုံအောက်ကရဲမှူးကြီးရဲ့ပေါင်ကိုကုပ်လိုက်ကာပိုက်ဆံရွက်အနည်းငယ်ကိုထိုးပေးတယ်။ရဲမှူးကြီးကငုံ့ကြည့်ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်၍ရိပေါ်ကိုပြန်ကြည့်တယ်။ဒီလိုပြဿနာမျိုးကအများဆုံးတစ်ရက်​နှစ်ရက်လောက်အချုပ်ခန်းနဲ့နှစ်ပါးသွားရမှာ။ရိပေါ်ကရှောင်းကျန့်ကိုဒီလိုနေရာမှာမျိုးထားခဲ့စရာလာ။စိတ်မချပါဘူး ခြင်တွေဂျပိုးတွေကရှောင်းကျန့်သွေးကိုစုပ်ယူကြရင်ဘယ်လိုလုပ်မလဲရှောင်းကျန့်နာမှာပေါ့ ပြီးတော့အချုပ်ထဲကလူသန်ကြီးတွေကရှောင်းကျန့်ကိုအနိုင်ကျင့်ကြရင်ရော မထိတထိနဲ့ရှောင်းကျန့်ခန္ဓာကိုယ်ကိုထိကြရင်ရော....Shitt မဖြစ်ဘူး သူလုံးဝကိုစိတ်မချတာ
"ဒီမှာလက်မှတ်ထိုးပြီးရှောင်းကျန့်ကိုပြန်ခေါ်လို့ရပါပြီ ပြီးတော့သူ့ကိုနောက်တစ်ခါမလုပ်တော့ပါဘူးဆိုတဲ့ခံဝန်ကတိလက်မှတ်လဲထိုးရမယ်"
"ကျေးဇုတင်ပါတယ်အရာရှိကြီးရယ် ကျေးဇုတင်ပါတယ်"
ရဲမှူးကြီးကသူပေးတဲ့ပိုက်ဆံကိုမသိမသာယူပြီးအိပ်ကပ်ထဲထည့်လိုက်တယ်။ရိပေါ်ကရှောင်းကျန့်ဆီအမြန်သွားလိုက်တယ်။ရှောင်းကျန့်နဲ့သူ့ကြားမှာသံတိုင်တွေခြားနေတာကမကျေနပ်စရာပဲ။ရှောင်းကျန့်ကိုချုပ်နှောင်ထားတဲ့ဒီသံတိုင်တွေကိုအကုန်ရိုက်ချိုးပစ်ချင်တယ်။
"ရှောင်းကျန့်"
"ရိပေါ် ငါမလုပ်ဘူးနော် ငါအဲ့လိုအောက်တန်းကျတဲ့လုပ်ရပ်တွေဘယ်တော့မှမလုပ်ဘူး ဟိုလူကငါ့ကိုစွပ်စွဲလို့ငါသူ့ကိုထိုးလိုက်တာ..ဘယ်ထင်မလဲသူဆေးရုံရောက်သွားလိမ့်မယ်လို့"
"ငါသိတယ် ငါမင်းကိုယုံတယ် မင်းကတစ်လောကလုံးမှာအကောင်းဆုံးလူလေဒီလိုဘယ်တော့မှမလုပ်ဘူး..အခုငါအရာရှိကြီးနဲ့စကားပြောပြီးပြီ သူကမင်းကိုပြန်ခေါ်သွားလို့ရပြီတဲ့ လာငါနဲ့အတူလက်မှတ်ထိုးပြီးပြန်လိုက်ခဲ့"
ရိပေါ်ကဝမ်းသာအားရပြောတော့ရှောင်းကျန့်ကသံတိုင်ကိုဖက်တွယ်လိုက်တယ်။မျက်ခုံးတွေတွန့်ပြီး
"မထိုးဘူး..ငါမပြန်ဘူး"
"ဘာ...ဘယ်လို..ဘယ်လို...မင်းကဘာလို့မပြန်ချင်တာလဲ"
"ငါပြောပြမယ် ယောကျာ်းမှန်ရင်ထောင်ကျဖူးရတယ်တဲ့ အဲ့တော့ငါကယောကျာ်းလေးလေ ထောင်ကျဖူးရမှာပေါ့"
ရှောင်းကျန့်ရဲ့စကားကြောင့်ရိပေါ်ငယ်ထိပ်သွေးရောက်သွားသလိုခံစားလိုက်ရတယ်။မျက်လုံးပြူးကာတအံတသြကြည့်ပြီး
"မင်းကိုဒီစကားဘယ်သူပြောတာလဲ "
"ငါပြောတာလေ ငါကယောကျာ်းစစ်စစ်မလို့ထောင်ကျရမှာ"
သူတော့ရှောင်းကျန့်ကိုနားမလည်တော့ပေ။ရှောင်းကျန့်ပုံစံကဇွတ်ကိုယောကျာ်းပီသချင်နေသလိုပဲ ဒါပေမဲ့ဒါကမှားနေတယ်လေ
"မရဘူး မင်းငါနဲ့ပြန်လိုက်ခဲ့ရမယ် "
"မလိုက်ဘူးဒီမှာငါပျော်တဲ့ထိနေအုံးမှာ"
"ထျန်းန!! ပျော်တဲ့ထိနေအုံးမှာ? မင်းရူးနေပြီလာရှောင်းကျန့်ဒီနေရာကကမ်းခြေမဟုတ်ဘူး အချုပ်ကွအချုပ် မင်းယောကျာ်းပီသချင်ရင်တစ်ခြားအရာတွေနဲ့လုပ်လို့ရတယ်ဒါကတော့မဖြစ်ဘူးလေ ငါ့စကားနားထောင်ပါကွာ..နော် လိမ်မာပါတယ်"
"မလိမ်မာဘူး!. .မင်းပြန်ချင်ပြန်တော့ ငါ့ကိုထားခဲ့လိုက်အချိန်တန်ရင်သူတို့ငါ့ကိုထုတ်ပေးလိုက်မယ်"
ချော့ပြောလဲမရခြောက်ပြောလဲမရ သံတိုင်ကိုသာမိခင်ကြီးအလားဖက်တွယ်ထားသည့်ရှောင်းကျန့်ကြောင့်ခေါင်းကိုက်လာမိသည်။သူဘယ်လိုနားဝင်အောင်ပြောရမလဲ ရှောင်းကျန့်ရဲ့ဒီလိုစိတ်ကူးကိုဘယ်သူကထည့်ပေးလိုက်တာလဲ။ရိပေါ်ကမျက်နှာထားတင်းတင်းနဲ့နောက်ထပ်မေးလိုက်တယ်
"မင်းငါနဲ့ပြန်လိုက်မှာလာမလိုက်ဘူးလာ"
"မလိုက်ဘူးကွာ..မင်းအသက်ငယ်ငယ်လေးနဲ့နားမကောင်းတော့ဘူးလာ ငါမလိုက်ချင်ပါဘူးဆို"
"ရတယ်လေ...မလိုက်ဘူးမလာ..ရတယ်ရှောင်းကျန့်"
ရိပေါ်ကအင်္ကျီလက်ကိုဆွဲတင်လိုက်ပြီးရှောင်းကျန့်ကိုကြိမ်းဝါးနေတယ်။ရိပေါ်ရဲ့ပုံစံကြောင့်ရှောင်းကျန့်ကနဲနဲလန့်သွားပြီးအနောက်ကိုဆုတ်သွားတယ်။
"ရိ..ရိပေါ် မင်းဘာလုပ်မလို့လဲ"
ရိပေါ်ကရှောင်းကျန့်မေးတာမဖြေပဲလက်ဝှေ့သမားတစ်ယောက်က​လက်ဝှေ့ထိုးတော့မည့်ဟန်ဇတ်တွေချိုးလက်တွေချိုးနေသည်။ထို့နောက်ဘာမပြောညာမပြောနဲ့ဘေးကဖြတ်သွားတဲ့ရဲသားလေးတစ်ယောက်ရဲ့မျက်နှာကိုလက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။
ခွပ်!!
"အမလေး.သေပါပြီဗျ!!"
ရှောင်းကျန့်ကယုန်မျက်ပြူးလေးဖြစ်သွားပြီးထိုရဲသားရဲ့မျက်နှာကတစ်ပတ်လည်သွားကာမျက်ကွင်းတစ်ဖက်ကညိုသွားသည်။ရိပေါ်ကသူ့လက်သီးကိုဖူးခနဲလေနဲ့မှုတ်လိုက်တယ်။
"ဟေ့လူ..ဘာလို့ကျွန်တော့ကိုထိုးတာလဲ!!"
"ထိုးချင်လို့ထိုးတာကွာ!"
ခွပ်!!
နောက်တစ်ချက်သွင်းလိုက်တဲ့လက်သီး။ရဲသားလေးရဲ့အကောင်းပကတိကျန်ရှိနေတဲ့မျက်လုံးတစ်ဖက်ကခုတော့ညိုသွားပြန်သည်။ရှောင်းကျန့်ကတော့ပါးစပ်အဟောင်းသားနှင့်သာ...ရိပေါ်ရူးသွားတာလာ
ထိုသို့နှင့်ရဲသားလေးကိုထိုးမှုနဲ့ရိပေါ်လဲသံတိုင်အနောက်ရောက်သွားရသည်။နှစ်ယောက်သားအချုပ်ခန်းရဲ့ထောင့်မှာထိုင်ပြီးငြိမ်သက်နေသည်။ရှောင်းကျန့်ကရိပေါ်ရင်ဘက်ကိုသူမကျေနပ်ရင်လုပ်နေကျအတိုင်းဖွဖွထိုးလိုက်တယ်။ရိပေါ်ကသူ့ရင်ဘက်ကိုမနာပေမဲ့ဖြေးညင်စွာပွတ်သပ်နေသည်။
"ရူးသွားပြီလာ...သူ့ကိုဗလာကြီသွားထိုးရလာ!!"
"ငါမရူးဘူး အချုပ်ထဲမှာပျော်တဲ့အထိနေချင်နေတဲ့မင်းကသာဦးနှောက်မရှိတာ!!"
တစ်ယောက်ကိုတစ်ယောက်စိုးရိမ်မှုနဲ့အပြစ်တင်ကာလေသံတွေကမာကြောလာသည်။
"အော်...မင်းကရောဉာဏ်ကြီးရှင်ပေါ့ အပြစ်မရှိအပြစ်လုပ်ပြီးဒီထဲဝင်လာတာပိုပြီးဦးနှောက်မရှိတာပဲ ပုဇွန်ဆိတ်တောင်မင်းထက်ဦးနှောက်ရှိသေးတယ်!!"
"မင်းမှအပြင်မထွက်ချင်တာအဲ့တော့ဘယ်တတ်နိုင်မလဲငါပဲဝင်လာရုံပေါ့!!"
ရိပေါ်ကသူ့ကိုအော်နေတဲ့ရှောင်းကျန့်ကိုပြန်အော်လိုက်တယ်။ရှောင်းကျန့်ကငြိမ်သက်သွားပြီးသူ့ကိုမဝံ့မရဲမျက်လုံးတွေနဲ့မော့ကြည့်လာတယ်။ရိပေါ်ကသတိမထားမိပဲသူ့ပါးစပ်ကလွှတ်ခနဲထွက်သွားတာကြောင့်အနည်းငယ်ခံရခတ်သွားသည်။လေထုကညံစီနေရာကနေ အနေခတ်ရလောက်အောင်တိတ်သွားတယ်။ရှောင်းကျန့်ကရယ်လိုက်ပြီး
"ဒါဆိုမင်းကငါအချုပ်ထဲကမထွက်ချင်လို့ငါနဲ့အတူလိုက်ဝင်တာပေါ့"
"မင်းမှငါနဲ့ပြန်မလိုက်ချင်တာ"
"ငါထောင်ထဲဝင်ရင်ရော မင်းငါနဲ့အတူလိုက်ဝင်မှာလာ"
"အင်း"
ရိပေါ်ရဲ့မတုံ့ဆိုင်းပဲပြန်ဖြေလာတဲ့အဖြေကြောင့်ရှောင်းကျန့်ရင်ထဲကြည်နူးသွားသည်။သူ့မှာဒီလိုသွေးသောက်သူငယ်ချင်းသစ္စာရှိတဲ့သူငယ်ချင်းရှိနေတာအရမ်းကောင်းတယ်။သူဘယ်လောက်ထိသစ္စာရှိနိုင်မလဲ...ရှောင်းကျန့်ကညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး
"ငါတောင်ပေါ်မှာရာသက်ပန်ဘုန်းကြီးဝတ်သွားရင်ရောမင်းလဲလိုက်ဝတ်မှာပဲလာ..မဝတ်နိုင်လောက်ပါဘူး"
"ငါလဲလိုက်ဝတ်မယ်"
"ဟုတ်လို့လာ ဒါဆိုမင်းမိန်းမ မယူတော့ဘူးလားနေနိုင်လို့လာ"
ရှောင်းကျန့်ကပြုံးစစနဲ့ပြောလိုက်တော့ရိပေါ်ကမျက်မှုန်းကုပ်ပြီးလှည့်ကြည့်လာတယ်။ရှောင်းကျန့်ကိုလက်ညိုးထိုး၍မကျေမနပ်ကြိတ်မနိုင်ခဲမရဖြစ်နေသလိုပင်
"ရှောင်းကျန့်..မင်း..မင်းတော့ကွာ"
ရိပေါ်ကယူကျုံးမရစွာပြောပြီးမျက်နှာလွဲကာလေပူတွေမှုတ်ထုတ်လိုက်တယ်။သူ့ရင်ထဲခိုးလုခုလုနဲ့နေရခတ်လိုက်တာ။ရှောင်းကျန့်ကရိပေါ်ပုခုံးကိုပုတ်ပြီး
"ဘာပဲဖြစ်ဖြစ်ပါလေ မင်းကငါ့ရဲ့သွေးသောက်သူငယ်ချင်းပဲ ငါဘုန်းကြီးဝတ်ရင်လိုက်ဝတ်စရာမလိုပါဘူး ဟီးဟီးငါလဲမဝတ်ဘူးသတ်သတ်လွတ်မစားနိုင်ဘူးလေ..မင်းမိန်းမ ယူပြီးကလေးမွေးရင်အဲ့ကလေးငါထိန်းပေးပါ့မယ်..မွေးစားဖေဖေပေါ့ ဟဲဟဲ.."
ရိပေါ်ကရှောင်းကျန့်ကိုဆတ်ခနဲလှည့်ကြည့်လာတယ်။မျက်နှာတွေရဲနေတာမလို့ရှောင်းကျန့်ကရိပေါ်ရှက်နေသည်ဟုထင်မိသည်။
"ငါမင်းကိုဒီလောက်ထိအလိုလိုက်ပေးနေတာဘာကြောင့်လဲဆိုတာမင်းမသိဘူးလာ"
"သိတယ်လေ မင်းငါ့ကိုချစ်လို့မလာ"
ရိပေါ်ကမျော်လင့်ချက်လေးရောင်ခြည်သန်းလာသည်။ရှောင်းကျန့်ကမတုံးဘူးပဲတုံးချင်ယောင်ဆောင်နေတာ။ရိပေါ်ရဲ့မျက်နှာကတောက်ပလာပြီးရှောင်းကျန့်ကိုပြုံး၍ကြည့်နေတယ်။ရှောင်းကျန့်ကရယ်ပြကာ
"မင်းစိတ်ထဲမှာငါ့ကိုသူငယ်ချင်းလိုရောညီအကိုလိုရောပေါင်းပြီးချစ်လို့ အလိုက်လိုက်ပေးတာမလာ..ငါသိတာပေါ့"
ခွမ်း!!!
ရှောင်းကျန့်စကားအဆုံးအရာရှိတစ်ဦးရဲ့စားပွဲပေါ်ကဖန်ခွက်ကကျကွဲပြီးအသံထွက်လာသည်။ရိပေါ်ရဲ့ခေါင်းကလဲထိုအသံနဲ့ပြိုင်တူငုံ့ကျသွားတယ်။ဖန်ခွက်ကျကွဲသလိုသူ့မျော်လင့်ချက်ကလဲကျကွဲသွားရတယ်။တုံရင်းကတုံရင်းပါပဲ ရှောင်းကျန့်ကလဲရှောင်းကျန့်ပါပဲ
တော်ရုံတန်ရုံပဲတုံးပါလားရှောင်းကျန့်ရယ်..
*^^*
ရှောင်းကျန့်နဲ့ရိပေါ်ကစျေးထဲကသူတို့ရဲ့စားသောက်ဆိုင်လေးကိုရောက်လာသည်။ရိပေါ်ကစားပွဲတွေခုံတွေကိုနေရာချနေပြီးရှောင်းကျန့်ကဆိုင်အပြင်ကမှန်တွေကိုပြောင်လက်အောင်သုတ်နေတယ်။ဆိုင်က30 40 ခုနှစ်စတိုင်လ်ဖြစ်ကာထိုအချိန်ထဲကဖွင့်ခဲ့တာလို့လဲသိရတယ်။တစ်ချို့နေရာတွေဆိုအသစ်ပြန်ပြင်ထားတာတွေ့ရသည်။
ရိပေါ်ကစားပွဲတစ်လုံးချကာအပြင်ကရှောင်းကျန့်ကိုကြည့်လိုက်တယ်။မှန်တစ်နေရာသုတ်ပြီးတစ်နာရီလောက်နားနေတဲ့ရှောင်းကျန့်ကြောင့်ပြုံးလိုက်မိသည်။ရှောင်းကျန့်ကတကယ်ငပျင်းလေး သူ့လိုအလေးအပင်တွေမ မရပဲအဝတ်လေးနဲ့မှန်သုတ်ရုံလေးကိုပင်ပန်းနေတယ်။ ဘယ်လိုလုပ်မလဲသူကိုယ်တိုင်ကရှောင်းကျန့်အဲ့လိုဆိုးနေတာလေးကိုချစ်နေတော့လဲ....အင်းး သည်းခံရုံပေါ့
"ရှောင်းကျန့်ပင်ပန်းနေပြီလာ"
ရိပေါ်ကအပြင်ကရှောင်းကျန့်ဆီသွားကာမေးလိုက်တယ်။
"မပင်ပန်းပါဘူး ပိုက်ဆံရဖို့အတွက်ဒီလောက်အလုပ်လေးကိုပင်ပန်းတယ်လို့မတွက်ရဘူး..မင်းရောပင်ပန်းလာ..ချွေးတွေထွက်နေတယ် လာ.ငါသုတ်ပေးမယ်
ရှောင်းကျန့်ကမှန်သုတ်​တဲ့အဝတ်နဲ့ရိပေါ်နဖူးကချွေးစက်တွေကိုသုတ်ပေးဖို့လုပ်သည်။အလေးအပင်မပြီးပိုပင်ပန်းတဲ့ရိပေါ်ကရှောင်းကျမ့်ထက်ချွေးပိုထွက်နေတယ်။ရှောင်းကျန့်ကအဲ့ဒါကိုသုတ်ပေးဖို့လုပ်ပေမဲ့မှန်သုတ်တဲ့အဝတ်ကြီးကြောင့်ရိပေါ်ကရှောင်းကျန့်လက်ကောက်ဝတ်ကိုဖမ်းတားလိုက်တယ်။
"ရပါတယ် ငါ​့ဘာငါပဲလုပ်လိုက်မယ် မင်းရဲ့အဝတ်ကြီးနဲ့တော့ငါ့မျက်နှာကိုမသုတ်ပါနဲ့"
"မနံပါဘူး.မွှေးပါတယ်..မယုံနမ်းကြည့်"
ရွှတ်!
"အားးး"
ရှောင်းကျန့်ကအဝတ်ကိုနမ်းခိုင်းပေမဲ့ရိပေါ်ကရှောင်းကျန့်ရဲ့ပါးတစ်ဖက်ကိုလစ်ခနဲနမ်းလိုက်သည်။လန့်သွားတဲ့သူကပါးကိုအုပ်ကိုင်ပြီးထခုန်တယ်.ရိပေါ်ရဲ့မျက်နှာကပြုံးစိစိနဲ့ကျေနပ်နေမှုကိုဖုံးကွယ်လို့မရပေ
"အင်း..မွှေးသားပဲ..."
"ဘာလို့ငါ့ပါးကိုနမ်းတာလဲ...Fuck. .ငါ့ရည်းစားတောင်မနမ်းရသေးဘူး"
"အော်..မင်းပဲနမ်းကြည့်ဆို.ငါလဲနမ်းကြည့်တာပေါ့"
"ဟာာာ...ငါကအဝတ်ကိုနမ်းခိုင်းတာ ငါ့ပါးကိုမဟုတ်ဘူး..သိလဲမသိပဲနဲ့"
"မသိလို့ပေါ့ မင်းကသေချာလေးပြောပါလား"
ရိပေါ်ကမသိချင်ယောင်ဆောင်၍ပြန်ပြောလိုက်သည်။ရှောင်းကျန့်မျက်နှာကဆူပုတ်နေပြီးကလေးတစ်ယောက်ကသူ့ပါးနမ်းတာမကြိုက်လို့ပွတ်ထုတ်သလိုရှောင်းကျန့်ကသူ့ပါးကိုလဲပွတ်သုတ်နေတယ်။
"တံတွေးတွေပေကုန်ပြီ.."
ရှောင်းကျန့်ကမကျေနပ်ပဲပွစိပွစိပြောနေသည်။ရိပေါ်ကကြိတ်ပြုံး၍သဘောကျကြီးကျနေတော့တယ်။
သူတို့အလုပ်တွေပြီးသွားတော့အိမ်ကိုပြန်လာကြတယ်။ရိပေါ်ကညစာကိုအပြင်မှာစားဖို့ပြောတော့ရှောင်းကျန့်ကလက်မခံပေ။ပိုက်ဆံကုန်တယ်တဲ့ ရိပေါ်ကသူဝယ်ကျွေးမယ်လဲဆိုရောချက်ချင်းအင်္ကျီတောင်မလဲဘဲသွားမယ်လုပ်တယ်။
သူတို့ကွန်ဒိုနားကဆိုင်မှာပဲညစာစားဖြစ်သည်။ရှောင်းကျန့်ကအများကြီးမှာပြီးသူကရှောင်းကျန့်မကြိုက်တာတွေပဲစားလိုက်တယ်။အဓိကရှောင်းကျန့်ကိုဝယ်ကျွေးချင်တာလေ သူ့အတွက်ပါဝယ်ပြီးဘာလို့ပိုက်ဆံကုန်ခံနေအုံးမလဲ သူပိုက်ဆံတွေစုရအုံးမှာပဲ။
"ရိပေါ်...ရိပေါ်..ပါးစပ်ဟ..အာ.."
အမဲသားကင်ကိုတူနဲ့ညှပ်ပြီးခွံ့ကျွေးနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်ပီတိတွေဝေဖြာရသည်။အချစ်နဲ့အတူရှိတိုင်းအရာရာကလှပတယ် ခံစားလို့ကောင်းတယ် သူမသိလိုက်ခင်အချိန်လေးမှာသူ့ရင်ရဲ့အနက်ရှိုင်းဆုံးနေရာမှာရှောင်းကျန့်ကတိတ်တိတ်လေးနေရာယူသွားခဲ့ပြီ။
သူ့ရှေ့ကပလုတ်ပလောင်းစားနေတဲ့သူလေးကိုကြည့်ပြီးဒီလူသားနဲ့ထာဝရအတူနေချင်တဲ့စိတ်တွေကတိုးလို့ပေါက်ဖွားနေတယ်။လက်မလွှတ်ချင်ဘူး
"ပေကုန်ပြီ မင်းက ကလေးလာ"
နှုတ်ခမ်းထောင့်မှာပေနေတဲ့ဟင်းအနှစ်တွေကိုလက်မနဲ့ပွတ်ဆွဲပြီးသုတ်ပေးလိုက်တော့အူကြောင်ကြောင်လေးမော့ကြည့်လာတယ်။သူ့လက်မနဲ့မတော်တဆထိတွေ့သွားတဲ့နှုတ်ခမ်းသားအိအိလေးတွေကြောင့်ရူးသွားတော့မလိုပဲ။နှလုံးသားလေးဓာတ်လိုက်သွားသည့်နှယ် တစ်ကိုယ်လုံးငလျှင်လှုပ်နေသည်။ငရုတ်သီးပယောဂကြောင့်ခပ်ရဲရဲလေးဖြစ်နေတဲ့နှုတ်ခမ်းရဲ့အရသာကိုသိချင်လိုက်တာ ဒါပေမဲ့အခုနေ သူသာစိတ်မထိန်းနိုင်ပဲဆွဲနမ်းပစ်လိုက်ရင်ရှောင်းကျန့်လန့်ပြီးအော်ငိုသွားနိုင်တယ်။...ဟူးး....ပူလောင်လိုက်တာနော်
"ရိပေါ်..ရိပေါ်..မင်းအဆင်ပြေရဲ့လာမျက်နှာတွေရောလည်ပင်းတွေရောနီနေတာပဲ"
ရှောင်းကျန့်ကပြောပြီးရိပေါ်ရဲ့နီရဲထွတ်နေတဲ့မျက်နှာကိုအုပ်ကိုင်လိုက်တယ်။ရောင်းကျန့်ရဲ့နူးညံ့တဲ့အထိအတွေ့ကြောင့်သူတုန်တက်သွားရသည်။အဲ့နူးညံ့တဲ့လက်ချောင်းတွေကိုပါးစပ်ထဲထည့်ငုံထားချင်တယ်။ ဒါမှမဟုတ်..သူ့ရဲ့နောက်ကျောကိုကုပ်တွယ်ထားမယ်ဆိုရင်လဲ...အားးး
"မင်းတကယ်ရောအဆင်ပြေရဲ့လာ"
ရှောင်းကျန့်ကရိပေါ်အနီးရောက်လာပြီးလက်ကိုရိပေါ်လည်ပင်းနဲ့ထိကပ်လိုက်တယ်။မျက်နှာအနီးတိုးကပ်သွားကာမေးလိုက်တာမလို့ရိပေါ်မျက်နှာကိုလေငွေ့နွေးနွေးတွေကရိုက်ခတ်သွားသည်။ရိပေါ်မျက်လုံးကိုစုံမှိတ်ချလိုက်တယ်။ရှောင်းကျန့်ရဲ့လှပတဲ့နှုတ်ခမ်းတွေနဲ့သူ့လည်ပင်းကိုငုံကိုက်ခဲနေတယ်..လည်ပင်းသားကိုစုပ်ယူပြီးနီရဲတဲ့ထိအမှတ်အသားတွေထားခဲ့တယ် သူလဲရှောင်းကျန့်မျက်နှာအနှံ့ကိုအကြမ်းပတမ်းနမ်းရှုံ့နေပြီးရှောင်းကျန့်အသက်ရူမဝလို့အော်ငိုတဲ့ထိနမ်းပစ်တယ်..
"ငါတို့ပြန်သင့်ပြီထင်တယ်..မင်းကြည့်ရတာနေမကောင်းသလိုပဲ"
ရှောင်းကျန့်ကတစ်ဖြည်းဖြည်းနီရဲပြီးတစ်ကိုယ်လုံးပူနေတဲ့ရိပေါ်ကြောင့်စိတ်ပူသွားသည်။ပုခုံးကိုအသာဖက်ကာအိမ်ပြန်ဖို့ပြောတယ်။ ရိပေါ်ကသူ့ပုခုံးထက်ကရှောင်းကျန့်ရဲ့အထိအတွေ့ကြောင့် အဆုံးထိတွေးပစ်လိုက်သည်။သူ့ရဲ့အားကြိုးမာန်တက်ကြိုးပမ်းမှုကြောင့်ရှောင်းကျန့်ရဲ့လက်နှစ်ဖက်ကသူ့ပုခုံးကိုဖက်တွယ်ထားပြီးညည်းနေတယ်။သူ့လက်တွေကတော့ရှောင်းကျန့်ရဲ့သေးသွယ်တဲ့ခါးလေးကိုကျိုးကျေမတတ်ဆုပ်ကိုင်ထားပြီးအားပြင်းပြင်းနဲ့ပုံမှန်လေးလှုပ်ရှားနေ....
"ရိပေါ်!!!!!!"
"Shittt!!!!!. ...လန့်လိုက်တာ"
ရှောင်းကျန့်ကအလန့်တကြားအသံပြဲကြီးနဲ့အော်လိုက်တော့ရိပေါ်ပင်စိတ်ကူးကမ္ဘာထဲလက်ပစ်ကူးနေရာမှလက်ရှိကိုပြန်ရောက်လာသည်။နှုတ်ခမ်းလေးကိုထိမိရာကနေစကာရှောင်းကျန့်ကိုစိတ်ထဲကနေအပိုင်သိမ်းနေမိသည်။သူတို့အသံကြောင့်ဆိုင်ထဲကလူတွေကအထူးအဆန်းကြည့်နေကြတယ်။ဟုတ်သားပဲ သူတို့အခုစားသောက်ဆိုင်မှာညစာ စားနေကြတာ
ရှောင်းကျန့်ကသူ့ရဲ့တစ်နေရာကိုကြည့်ကာအလန့်တကြားမျက်လုံးပြူးနေတာမလို့ရိပေါ်ကအောက်ကိုငုံ့ကြည့်လိုက်တယ်။ထိန်းမနိုင်သိန်းမရအောင်ပါးပျဥ်းထောင်နေတဲ့မြွေဆိုးကြီးကြောင့်ရိပေါ်မျက်လုံးပြူးသွားကာပေါင်ကိုစေ့လိုက်တယ်။အရှက်တွေတော့ကွဲပါပြီ.
"ငါ..ငါ..အရင်ပြန်တော့မယ်"
ရှောင်းကျန့်ရှေ့မှာမှ နိုးထရတယ်လို့။သူလဲရှက်ရွှံ့မှုကြောင့်ဆိုင်ထဲကနေအမြန်ထပြေးခဲ့တော့သည်။ရှောင်းကျန့်ကိုတောင်မစောင့်တော့။ကျန်ခဲ့တဲ့ရှောင်းကျန့်ကမျက်လုံး​ကိုအပေါ်လှန်ကာစဥ်းစားလိုက်တယ်
"သူဘယ်သူ့ကိုတွေးလိုက်လို့ဒီလောက်ထိအခြေအနေဆိုးသွားတာလဲ"
💚💛❤
6ခု
Zaw
"နာရီတွေကြည့်ချင်လို့လာ ဒီကနာရီတွေကအရည်အသွေးကောင်းတယ် ဆွစ်ဇလန်ကနေတိုက်ရိုက်တင်သွင်းတာတွေပါဈေးလဲမများသလိုတာရှည်လဲခံတယ်အကြမ်းရောရေရောခံပါတယ် အာမခံက၆လပါ လူကြီးမင်းအနေနဲ့ရွေးရခတ်နေရင်ကျွန်မဒါလေးကိုအကြံပြုချင်ပါတယ်"
"သူကြိုက်လောက်မှာပါ "
"ပြောရှောင်းကျန့်"
"ဘာ!!"
"ဟမ်!!!"
"​မောင်းနေတာပဲလေ"
"ရှောင်းကျန့်"
"မထိုးဘူး..ငါမပြန်ဘူး"
ခွပ်!!
"အမလေး.သေပါပြီဗျ!!"
ခွပ်!!
"အင်း"
"ငါလဲလိုက်ဝတ်မယ်"
ခွမ်း!!!
*^^*
ရွှတ်!
"အားးး"
"အင်း..မွှေးသားပဲ..."
"တံတွေးတွေပေကုန်ပြီ.."
"ရိပေါ်!!!!!!"
"Shittt!!!!!. ...လန့်လိုက်တာ"
"ငါ..ငါ..အရင်ပြန်တော့မယ်"
💚💛❤
Continue Reading
You'll Also Like
324K 9.7K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
32.2K 3.5K 40
"ကျန့်ပေပေ့ ငါတို့အတူတူထွက်​ပြေးရအောင်..."
59.1K 6.1K 26
16.5K 2.1K 7
မိုးသည်းတဲ့နေ့မှာ အညိုဖျော့ဖျော့ ပုလဲလုံးလေးတစ်လုံးကောက်ရခဲ့တယ် ..