သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

13(Unicode)

6.4K 379 17
By Shinn-0813

မနက် 4 နာရီလောက်အထိ အိပ်မောကျနေတဲ့ကောင်လေးရဲ့ဘေးမှာ ခေါင်းပွတ်ပေးနေခဲ့ပေမယ့် ထိုကောင်လေးကတော့ မျက်ရည်ပေါက်လေးတွေက ကျစပြုနေခဲ့သည်။

အိပ်မက်တွေများမက်နေတာလားကွာ။
မင်းရဲ့ အိပ်မက်ထဲမှာမင်းကိုဘယ်သူတွေ သောကပေးနေသလဲ။
ကိုယ်မင်းရဲ့ အိပ်မက်ထဲကိုဝင်လို့ရနိုင်ရင် ဝင်ခဲ့ပြီးကာကွယ်ပေးချင်သည်။

ရွတ်!!!

မနေနိုင်တော့တာနဲ့ နှဖူးလေးကို အသံမြည်တဲ့အထိ အနမ်းပေးလိုက်၏ ဒီတခါပေးရတာတကယ်အားရစရာပါ ။အိပ်နေတဲ့ကောင်လေးအနှောက်အယှက်ဖြစ်မည်ဆိုတာကြောင့်သူနဲ့ဝေးရာမှာဘဲနေပေးသင့်ပါသည်။

ဒေါင်.....

"ဆွမ်းတော်ဗျို!!"

ကိုရင်လေးတို့တောင် ဆွမ်းခံကြွနေပြီဆိုလျှင် အချိန်ကလည်း ‌မိုးလင်းနေလောက်သည် စိတ်မကောင်းဖြစ်စွာနဲ့ ညထဲကစာထိုင်ဖတ်နေတာ အခုထိ အိပ်‌မပျော်နိုင်ခဲ့။

"အင်း...ဟင်...ဝါး"

ထိုကောင်လေးကတော့ ပြောချင်ရာပြောပြီးကောင်းကောင်းအိပ်မောကျတယ်ထင်ပါတယ်

"ပုံတိုင်းရေ "

"အင်းရာချီနိုးပြီလား "

"နိုးပြီ ဒီနေ့ဘာအနံ့မှမရပါလား ကျွန်တော့်အတွက် မနက်စာရော "

ဒီလိုမေးတော့မယ်ဆိုတာသိနေပြီလေ။
ညကလည်းစိတ်ကောက်တာလားဘာလားမသိ ထမင်းမစားဘဲ အိပ်ပျော်သွားတာ။
မနက်ကျတော့လည်းအဆင်ပြေသွားတာထင်ပါရဲ့ ချက်ချင်းကို အစားကိုမေးချတာ
သို့ပေမယ့် ဘာမှတော့ချက်မထား။

"ကိုယ်မချက်ရသေးဘူး ကိုယ်တို့အတူတူဈေးသွားကြမလား "

"နေပါအုန်းမင်း "

"အမ်"

ပုံတိုင်းမျက်နှာကိူသူ၏ လက်နှစ်ဖက်နဲ့ သေချာကိုင်ကြည့်ပြီး၍

"ပုံတိုင်း မင်းမအိပ်ရသေးဘူးမလား ဘာလို့လဲ"

"အိပ်မပျော်လို့ စာထိုင်ဖတ်နေတာ မိုးလင်းတာတောင်မသိလိုက်ဘူးလေ"

"မင်းကတော့ကျစ်"

စိတ်ပူအောင်လုပ်နေတာဘဲ အသက်ကြီးပြီး
အိပ်ချိန်ပုံမှန်ရှိရမယ်ဆိုတာကိုမသိတာလား။

"ကိုယ်စာအုပ်ဖတ်နေတုန်း စာကြောင်းလေးတစ်ကြောင်းက ကိုယ်နဲ့တိုက်ဆိုင်သွားတယ်ထင်ပါရဲ့ "

"ဘာစာကြောင်း "

"ဝမ်းနည်စရာဆိုတာ
ဆုံးရူံးလိုက်ရမှမဟုတ်ဘူး ။
ကိုယ်သံယောစဉ်ထားတဲ့လူက
ပေါ့ပေါ့တန်တန်ဆက်ဆံလိုက်တဲ့အခါ
သူ့အလိုလိုဖြစ်ပေါ်လာတက်တယ်တဲ့.."

"အဲ့တော့ ငါ့ကိုပြောချင်တာလားငါကပေါ့ပေါ့တန်တန်ဆက်ဆံမိနေတာလား
အော် တောင်းပန်တယ်နော် အခုတော့ လယ်ထဲသွားပြီ ထမင်းချိုင့်လဲလာမပို့နဲ့တော့မင်းတာဝန်လဲ ထမ်းဆောင်စရာမလိုတော့ဘူး"

"ကိုယ်လည်း ကိုယ့်တာဝန်မထမ်းဆောင်ပေးတော့ပါဘူး "

"ဘာ!!မင်း "

ထွက်မည်လုပ်မှ ပုံတိုင်းပြောတဲ့စကားကြောင့် ဒေါသထွက်မိကာ လက်ကို နာနာကျင်ကျင်ဘဲ ဆုပ်ကိုင်ပြီးမှ ခက်ထန်နေတဲ့မျက်လုံးနဲ့ ပုံတိုင်းရဲ့စကားကိုစောင့်နေလိုက်တော့

"မင်းတောင်ကိုယ့်တာဝန်ကိုယ်မကျေတာ ကိုယ်ကရော ဘာကိစ္စနဲ့ တာဝန်ကျေပေးရမှာလဲ "

"ငါကဘာတွေများတာဝန်မကျေခဲ့လို့လဲ ပြောစမ်းပါအုန်း "

"မင်းမပျော်ရွင်ခဲ့ဘူးလေ "

"...."

ရာချီကိုင်ထားတဲ့ လက်ကို ဖြုတ်ပြီး သူကသာ ရာချီရဲ့လက်ကိုပြန်ဆွဲလိုက်တာကြောင့်
နှယောက်သား နီးကပ်သွားကြ၏

ဒီတခါပုံတိုင်းရဲ့အကြည့်တွေက တခါမှ သူမမြင်ဖူးတဲ့အကြည့်။

"မင်းပျော်ရွင်အောင်မနေခဲ့ဘူးလေ!!"

အခုပုံတိုင်းကသူ့ကို အော်နေတာလား

"မင်းဘာလို့လဲ ငါဒီလောက်တာဝန်ကျေခဲ့တာကို မင်းကျတော့ဘာလို့မကျေခဲ့ရတာလဲ"

"ငါနေပေးနေတာဘဲလေ အခြေအနေအရသူ့ဘာသာဖြစ်သွားတာကို "

"ကိုယ်ပေးခဲ့တဲ့ ပျော်‌ရွှင်အောင်နေပေးပါဆိုတဲ့ တာဝန်က မင်းအတွက်တော်တော်ခဲယဉ်းနေတာလား "

"မပျော်ရွှင်ခဲ့တဲ့သူတစ်ယောက်က ဘယ်လိုဖြစ်လို့ ပျော်ရွှင်တက်တော့မှာလဲ! "

"မပျော်ရွှင်တဲ့သူတစ်ယောက်မို့ အတက်နိုင်ဆုံး ပျော်ရွှင်အောင်ထားပေးနေတယ်မဟုတ်လား "

ခနသာ ငြိမ်သက်သွားးတာကြောင့် ရာချီပုံတိုင်းနဲ့ မျက်နှာချင်းမဆိုင်ချင်တော့ တခြားဘက်ခြမ်းသို့ လှည့်မိတဲ့ အခါမှာဘဲ
ပုံတိုင်းဆုပ်ကိုင်ထားတဲ့ လက်ကနေ ရေတစ်စက်ကျသလိုခံစားလိုက်ရ၏
မဟုတ်မှ ပုံတိုင်းရဲ့မျက်ရည်တွေလား။

"ပုံတိုင်းမင်း "

"..."

"မင်းငိုနေတာလား "

"...."

"ပုံတိုင်းဆောင်!!!
ငါ့မျက်နှာကိုကြည့်အုန်းလို့"

ဒီလိုအနေအေးတဲ့သူတစ်ယောက်က ဒီအမှိူက်ကောင်အတွက် မျက်ရည်ကျနေခဲ့တာဘဲ
ငါတို့ရဲ့ ရွေးချယ်မှုက လမ်းမှားခဲ့တာလား။

ရာချီ့ရဲ့မျက်နှာကိုပုံတိုင်းမကြည့်နိုင်ခဲ့ဘဲ
နီးစပ်ရာဖြစ်တဲ့ ရာချီ့ရဲ့ ပုခုံးထပ်ထံသို့
ခေါင်းငုံထားလျက် နှခေါင်းရူံ့သံလေးကလည်းကြားနေရပြီ သူဝမ်းနည်းနေပြီဖြစ်မည်။ပုခုံး‌‌ထပ်မှာလည်း မျက်ရည်တွေနဲ့ စိုစိစိခံစားနေရပြီ..သူ့ကိုဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ။

"အစ်ကို "

"....."

ရာချီ့ဆီကအသံက သိပ့်ကို နားဝင်ချိုလွန်းသည် ဒီအသံကိုကြားချင်ခဲ့တာ ဟိုးငယ်ငယ်ထဲက ဖြစ်လောက်မည် ဒီအသံနဲ့အတူ "ကိုယ့်ကိုအစ်ကိုလို့ခေါ်ပေးရမယ်" ဆိုတဲ့ သူ့ရဲ့အသံကို ပြန်‌ကြားယောင်လာခဲ့၏

"ကျွန်တော့်ကိုကြည့်ပေးပါအုန်း "

" ...."

"ဝမ်းနည်စရာရှိနေခဲ့ရင် ကျွန်တော်ကျောပုတ်ပေးပါ့မယ် "

ဒီတခါတော့ ပုံတိုင်းရဲ့ ကျော်လေးကိုသာ ပုတ်ပေးနေလိုက်၏ ကိုယ့်ကြောင့် ဝမ်းနည်းသွားတဲ့သူကို ကိုယ်ပြန်နှစ်သိမ့်ပေးရမယ်ဆိုတဲ့အချက်ကလည်း ပုံတိုင်းသူ့ကို သင်ပေးခဲ့တဲ့အချက်ပေါ့။

"ရာချီ"

"ဗျာ..
ကျွန်တော့်ကို ပြောစရာရှိနေလား "

"ကိုယ့်ကို အစ်ကိုလို့ဘဲ အမြဲခေါ်ပေးနိုင်မလား"

"အစ်ကို ကြိုက်နှစ်သက်ရင် ကျွန်တော်ခေါ်ပေးပါ့မယ် "

"စိတ်တိုစရာရှိနေရင်တောင် ကိုယ့်ကို အစ်ကိုလို့ဘဲ ခေါ်ပေးပါ"

"ခေါ်ပေးပါ့မယ် အစ်ကို စိတ်တိုင်းကျ ခေါ်ပေးပါ့မယ်"

အစ်ကို့ကို ကျွန်တော်ချစ်တယ် ဒီစကားက အစ်ကိုအတွက်အငိုတိတ်အောင်ပြောပေးချင်ပေမယ့် အစ်ကိုကလောဘမကြီးခဲ့ဘဲ အစ်ကို လို့ သုံးခေါ်ပေးရင်တောင် အစ်ကိုက ကျေနပ်နေတာဘဲလား...
အစ်ကိုက ရိုးသားလွန်းတော့ ကျွန်တော်
မစွန့်လွှတ်ချင်တော့ပြီ။

<><><>

"ဘုရားပန်းတွေ ရမယ် ဘုရားပန်းတွေ"

"အဒေါ် သပြေတစ်စည်းလောက်ပေးပါ"

"သပြေက တစ်စည်းဘဲရှိတော့တာဆရာမလေးရဲ့"

စာသင်ခန်းအတွက် ဧကရီဘုရားပန်းလာဝယ်ပေမယ့် သပြေက တစ်စည်းဘဲရှိတော့သည်တဲ့ ဒါကြောင့်တခြားဆိုင်မှာ မေလို့သွားခဲ့ပေမယ့်။

"နှင်းရည်ညီမလေး "

"ဪအမ ပန်းလာဝယ်တာလား"

"ဟုတ်တယ်ကွယ် ဒါပေမယ့်လိုချင်တဲ့ပန်းကမရှိတော့ဘူး "

"အမကဘာပန်းလိုချင်တာလဲ "

"သပြေပန်းလေးပါ အကြာကြီးလဲထားခံအောင်လေ"

နှင်းရည်ရဲ့ ခြင်းထဲမှာလဲ နှစ်စည်းဝယ်လာတာကြောင့် တစ်စည်းကိုကမ်းပေးလိုက်၏

"တစ်စည်းဆိုလောက်တယ်မလားအမ "

"လောက်တာပေါ့ ကျေးဇူးနော် ညီမလေး"

"ရပါတယ်ဒါဆိုနှင်းရည်ပြန်တော့မယ် "

နှင်းရည်ရဲ့ လက်ကောက်ဝတ်ကို အရှိန်နဲ့ လှမ်းဆွဲလိုက်တာ နှင်းရည်လှည့်တဲ့ အချိန်မှာ
သူ၏ ဆံနွယ်လေးကလည်း လေထဲ၌ မျောပါနေတာကြောင့် ဧကရီ နှစ်သက်သဘောကျသည့်အကြည့်နဲ့ ကြည့်နေလိုက်၏

"အမ ဘာလုပ်တာလဲ "

"မနက်စာ အတူတူဝင်စားကြမလား အမတစ်ယောက်ထဲဖြစ်နေလို့ "

"နှင်းရည်က အိမ်မှာထဲကစားလာခဲ့ပြီ"

"အာ..ဒါဆိုလည်း တစ်ယောက်ထဲဘဲစားရတော့မှာပေါ့ "

နှင်းရည်ဒီတယောက်ကိုရိပ်မိနေတာကြာပြီ
မြို့ကဆရာမကနှစ်ယောက်ပါတာကို သူတစ်ယောက်ထဲဘဲ အမြဲသွားလာနေတာကို
ဟိုတစ်ယောက်နဲ့သူက ဆက်ဆံရေးမကောင်းတာလား အခုလည်းအဖော်မက်နေတဲ့ပုံနဲ့မို့။

"နှင်းရည်တော့မစားတော့ပါဘူး ဒါပေမယ့်အဖော်လိုက်ခဲ့ပေးမယ်လေ "

"ကျေးဇူးတင်လိုက်တာ "

"ရပါတယ်သွားရအောင်လေ ဟိုဒေါင့်မှာ မုန့်ဟင်းခါးဆိုင်ရှိတယ် အဲ့ဆိုင်ကအရမ်းကောင်းတယ်"

"နှင်းရည်လေးးညွန်းပေးတာမို့ ဝင်စားကြည့်မယ်လေ "

ဆိုင်ကိုရောက်တော့ ခုံအဝိုင်းလေးတွေရှိတာကြောင့် တစ်ဝိုင်းဘဲရှာထိုင်ပြီးမှ နှင်းရည်ကဘဲဦးဆောင်ပြီးမှာပေးလိုက်၏

သိပ်မကြာပါဘူး မုန့်ဟင်းခါး တစ်ပွဲကိုလာပို့၏

"နှင်းရည် ညီမ‌လေးရော မစားဘူးလား"

"နှင်းရည်က စားခဲ့ပါတယ်ဆို "

"အားနာပေမယ့် အမဘဲစားတော့မယ်နော်"

"ဟုတ် "

တစ်စွန်းပြီးတစ်စွန်း‌စားနေတာ တကယ်ဗိုက်ဆာနေသည့်ပုံ။

"အမရဲ့သူငယ်ချင်းရော "

"အာသူက စာလုပ်နေတာလေ "

"သူကအမြဲစာလုပ်တယ်နော် "

"ဟုတ်တယ်ကွယ့် သူကအမြဲစာနဲ့နှစ်ပါးသွားနေတာလေ တခြားတော့အမလည်းမသိဘူး ခင်သာခင်တာပါ စကားသိပ်မပြောဖြစ်ဘူးလေ"

"ဪ "

ထိုအမက အိုးဘဲဥကို ဟိုလှိမ့်ဒီလှိမ့်ကြည့်နေတာ မကြိုက်တာလားဘဲ။

"အမ ဘဲဥမကြိုက်ဘူးလား "

"အနှစ်မကြိုက်တာလေ ဒါကြောင့် အနှစ်မပဲ့အောင်ခွဲနေတာ ချော်ချော်နေလို့ "

"နှင်းရည်လုပ်ပေးမယ်ပေး "

ပန်းကန်ကိုဆွဲယူပြီး ဇွန်းနဲ့ လှိမ့်ခွာတော့မှ
ဘဲဥအနှစ်လေးက အပစ်အနာမရှိဘဲ ခွာသွား၏

"ရော့ရပြီ "

"နှင်းရည် အနှစ်ကြိုက်လား "

"ကြိုက်ပါတယ် နှင်းရည်က အကာဘဲမကြိုက်တာ "

"အာ ဆန့်ကျင်ဘက်တွေဘဲ ဟာ့"

"ရှင်"

"အမက နှင်းရည်ကို အနှစ်လေးကျွေးချင်လို့ပါ ဒါက အကျန်လို့ထင်သွားတာလား "

အားနာနေတာလဲ နှစ်ယောက်မရှိတာ
နှင်းရည်နဲ့ကွာသည်။

"ပေးပါ ညီမစားပေးပါ့မယ် "

"ဟင်းဟင်း ကောင်းရဲ့လား "

ထိုအမက ခုမှဘဲ သဘောကျစွာရှိနေတော့သည်။

"နှင်းရည်လေးက အစားစားတာတောင်တကယ်လှတာဘဲ "

"ရှင်.."

<><>

"ရာချီကိုယ်ဈေးဝယ်လာပြီနော် "

ခြင်းထဲမှာတော့ ရာချီကြိုက်တဲ့ ကြက်သားကလည်းမဝယ်မဖြစ်ဝယ်လာသေး၏
အရွယ်ဆိုရင်တော့ ကန်စွန်းရွက်က အကြိုက်ဆုံးမို့လို့ပါလာသေး၏ ငပိရည်တို့စရာ မြေပဲနဲ့ တော်တော်မြိန်လောက်မည်။

"ကျွန်တော် ရေတိုက်ဖို့စောင့်နေတာ ရော့"

"ရေသောက်ဖို့တောင်မလိုပါဘူးဗျာ
ဒီကမင်းယောင်္ကျားက မင်းကိုမြင်တာနဲ့တင် အမောပြေနေပါပြီဗျ "

"ဟားဟား အစ်ကိုကတော့ဗျာ "

ဒီနေ့ မနက်ပိုင်းလေးကတော့အပြုံးလေးနဲ့ဘဲစတင်တော့မည်။
ယူထားတာကလည်း တစ်ပတ်တောင်ရှိနေပြီ
ရာချီ့ရဲ့ အကြိုက်ကိုလည်းကောင်းကောင်းသိနေ၏ အခုလည်းသူလယ်ထဲသွားစရာမလိုသေးတော့ အိမ်မှာဘဲ နားရမည့်နေသာ။

"ရာချီဒါဆို ကိုယ်ဟင်းသွားချက်အုန်းမယ်နော် ကြက်သားက ကြော်မှာဘဲမလား "

ရာချီသူ့ကိုပြောဖူးသည် ရာချီက အနှစ်ပါတာမကြိုက်ဘဲ အခြောက်သာကြိုက်တက်သည် ကြက်ဆိုလည်း ကြော်မှ ငါးဆိုလည်းကြော်မှ
အရည်အသောက်ကိုတော့ ကန်းစွန်ရိုးနီချဉ်ဟင်းလေးက သူ့အကြိုက် တို့စရာဆိုလည်း သခွားသီးနဲ့ ခရမ်းပြုတ်သီးသာ ကြိုက်သေးတာ တဲ့ဗျာ..

"ဟင်အင်း"

"ဒါဆို ချက်မလို့လား "

"ဒီနေ့တော့ကျွန်တော်ချက်ကျွေးမယ် "

"ဟော မလိုပါဘူးဗျာ ကိုယ်ကဘဲ ချက်ပေးပါ့မယ် "

"ကျွန်တော်ချက်မယ်လို့ "

"ကိုယ်ချက်ပါ့မယ်ကွာ "

"ဒါဆို မစားဘူး ဒီနေတော့ ကျွန်တော်ချက်ချင်လို့ပါဆို "

တကယ်တော့ သူ၏အကောင်ပေါက်လေးရဲ့လက်ရာကိုလည်းအကြိုက်တွေ့လောက်မည်မဟုတ်ပါ ပြီးတော့ ပင်ပန်းနေမှာကိုလည်းမကြည့်ချင်။
မျက်နှာကို ဆူပုတ်ပြီးပြောနေတာများခလေးတစ်ယောက်လို ။

ဒီလို ဆူပုတ်ပြီးပြောလိုက်တာနဲ့ ပုံတိုင်းဆိုတဲ့ကိုယ်က အရည်ပျော်သွားမယ်ထင်နေတာလား။

"ဟုတ်ပါပြီချက် ကိုယ်ကို ဝိုင်းကူခွင့်တော့ပေး လျှပ်စစ်မီးနဲ့လုပ်ရမှာတွေကိုယ်စိတ်မချဘူး "

"အေးဆေး "

အခုမှဘဲကျေနပ်သွားပြီး
ခြင်းထဲက ဝယ်လာတာတွေကို ထုတ်လျှက်
ကြက်ပေါင်တွေကိုလည်း ရေဆေးပြီး
ဆားနနွှင်းအချိုမူန့် အစအဆုံးလုပ်နေတာ
ဒီအထိတော့ သူလုပ်တက်သေး၏

ဒါကိုတော့ မချက်သေး ပုံတိုင်း သင်ပေးနေတဲ့ ကန်းစွန်းရွက်ကိုသာ အရင်ကြော်မည်ဖြစ်တာကြောင့် ရေးဆေးပြီး တစ်ခုချင်းကြော်နေတာ ဒီအထိတော့ မှန်ပါသေးသည် ကျန်တဲ့အထိတော့ သူမကြည့်နိုင်ခဲ့။

"အစ်ကိုရေ "

"ဗျ!"

"ပလက်လာတပ်ပေးအုန်း "

"ဟုတ်ပြီဟုတ်ပြီး "

အပြင်မှာထွက်နားနေတုန်း ခေါ်တာကြောင့်သွားတပ်ပေးရပြန်သည် မလုပ်ချင်ဘူးလို့လည်းမငြီးငြူချင် ဒါကဓာတ်လိုက်မည်ဆိုးတာကြောင့်။

"အစ်ကိုရေ အစ်ကိုရေလို့ "

"ဗျာလို့ "

"ကြက်ကြော်က ကပ်နေပြီ ခနလာလှန်ပေးပါ"

"အင်းအင်း "

သူလုပ်မယ်ဆိုပြီးထားထားတာ တစ်ခုပြီးတစ်ခုခိုင်းနေတာ လွန်လာသလိုဘဲ။

"အစ်ကိုရေ "

"ဘာလဲကွာ "

"ဘာလဲစိတ်မရှည်တာလားမခေါ်ဘူးကြည့် အိုးတူးတဲ့အထိထိုင်ကြည့်နေပစ်မယ် "

"မဟုတ်ပါဘူးကွာ "

"ဒါဆိုလည်းကြက်သားကြော်ထည့်ဖို့ ပန်းကန်လေးယူလာပေး "

"ဟုတ်ပြီ "

အခုလိုမြင်ရင် ဘယ်သူ့ကို သတိရကြလဲ။
သေချာပေါက် အိမ်က အမေဘဲမလား။
လုပ်မယ်ဆိုပြီး တခုပြီးတစ်ခုခိုင်းတက်တာလေ။

"ပေးပါ အကိုဘဲ ထပ်ကြော်လိုက်မယ်"

ကြက်သားကလည်းမဲနေပြီဖြစ်၏

"ရပါတယ်ပေးပါ ကျွန်တော်ဘဲကြော်မယ်"

ရွမ်း!!!!

"အာ့ !!"

အိုးထဲထည့်လိုက်တာကြောင့် အပူရှိန်နဲ့ ဆီတွေထပေါက်က ဇွန်းကိုင်လှန်နေတဲ့ ရာချီ့ရဲ့လက်ကို ဆီပေါက်မိလေရော။

"ရာချီ အဆင်ပြေလား "

ဖြစ်တာက တစ်ယောက်က ရုတ်ရုတ်သဲသဲ ဂနာမငြိမ်ဖြစ်သွားပြီး ဆေးအသဲသန်ရှာနေတာကတစ်ယောက်။

"အာ...ကျစ်ကျစ် နည်းနည်းဘဲပူတာရတယ် "

"ဒီကိုလာ"

အိုးအဖုံးတွေမီးတွေကိုချပြီး ရာချီ့လက်ကိုဆွဲ၍ ဧည့်ခန်းထဲက ထိုင်ခုံမှာထိုင်စေလိုက်ပြီး ဆေးကိုလည်းငြင်ငြင်သာသာထည့်ပေးသေးသည်။

"အဆင်ပြေပြီလား "

"ပြေသွားမှပါ ခနလေးဖြစ်တာပါဆို "

"တောက်စ်!!!ရာချီ ကိုယ့်ကို လက်လွတ်စပယ်မပြောနဲ့စမ်း!!"

"အစ်ကို ကျွန်တော့်ကိုအော်နေတာလား"

ပထမဆုံး တောက်စ်ခေါက်ပြီးအသည်းအသန်အော်ခြင်းဖြစ်သည်။
ရာချီက ပထမဆုံးဆက်ဆံခံရတာကြောင့် ထိတ်လန့်စွာဘဲ။

"မင်းကို‌ကိုယ်အတန်တန်ပြောတယ် မချက်ပါနဲ့ ကိုယ်ချက်ကျွေးပါ့မယ်လို့ပြောခဲ့တယ်မလား အခုတော့ လက်ပူလောင်တာဘဲ အဖက်တင်တယ် "

"ကျွန်တော့်ကို ဆူနေတာလား "

"ကိုယ်မင်းကို ဘယ်မှာဆူလဲ! "

"အခုဆူနေတာလေ အော်လည်းအော်တယ်"

"စိတ်ပူလို့ပြောတာနဲ့ ဆူတာနဲ့မခွဲခြားနိုင်တော့ဘူးလားကွာ ကျစ်!"

"မသိဘူး အခုဆူခံလိုက်ရတာဘဲသိတယ်"

"မင်းကတော့ကွာ ဟုတ်ပြီး နောက်အော်လည်းမအော်ဘူး ပြောလည်းမပြောတော့ဘူး ကိုယ့်ကိုလည်းလာမခေါ်နဲ့ မင်းအပူလောင်ပြီးချက်ကျွေးတာလဲ မစားနိုင်ဘူး တောက်စ်!!"

ထစ်ငေါ့ခြင်းမရှိဘဲ အဆက်အဆက်မရှိပြောပြီး အခန်းထဲသို့ထသွားတဲ့ ပုံတိုင်းကြောင့်
ရာချီဆွံအ စွာဘဲ ကျန်ခဲ့၏
အခု အစ်ကိုက စိတ်ကောက်နေတာလား။

__________________________



Continue Reading

You'll Also Like

33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...
195K 4.5K 67
imagines as taylor swift as your mom and travis kelce as your dad
5.2M 46K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...