ကျွန်တော် သရဲနဲ့ကြုံခဲ့ရတယ်

Von SaiMoonMaiLahpai

3.8K 394 14

ရှောင်းလင် ကျောင်းကိုသွားတဲ့လမ်းမှာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီညမှာပဲ သူ့အခန်းထဲမှာ သရဲတစ်က... Mehr

ရှောင်းလင် ဒုက္ခရောက်ပြီ
ကိုယ်ကလူသားမှမဟုတ်ဘဲ
သွားသေလိုက်!!!!!
ကျွန်တော့်ကိုမခြောက်ပါနဲ့!!
About EXTRA

'' [[သုံးနှစ်မြောက်နဲ့ငါးနှစ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလေ့ကျင့်ခန်း]] စာအ

504 67 2
Von SaiMoonMaiLahpai

သရဲထွက်မသွားခင် ပြောသွားတဲ့စကားအရနဲ့ အရင် အဖြစ်အပျက်တွေအပေါ် အခြေခံပြီး  တခြားလက်ခံသူခန္ဓာကိုယ်ဆီ ထပ်ရောက်သွားတာ ဖြစ်မယ်လို့ ရှောင်းလင်ယူဆလိုက်တယ်။

ဒီလိုဆက်မဖြစ်ဖို့အတွက် ရွေးချယ်စရာလည်း ရှိမှရှိမနေဘဲ။ အစ်ကိုသရဲက တနေကုန်ဦးတည်ရာမဲ့ လွင့်မျောနေတဲ့ အထီးကျန်သရဲလေးတစ်ကောင်ပဲဟာ။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် အဆုံးသတ်က ဘယ်တော့မှတဲ့လဲ?

လူတွေမှာ ဝိဉာဥ်သုံးခုနဲ့ အစိတ်အပိုင်းခုနှစ်ခုရှိတယ်လို့ ပြောစမှတ်ရှိကြတယ်။တစ်နေ့နေ့ သရဲက ခြေရာလက်ရာတောင်မချန်ဘဲ ငရဲနဲ့ ကောင်းကင်ဘုံကြားမှာ အမှုန်အမွှားလေးအဖြစ် ပျောက်ကွယ်ပျံ့နှံ့သွားခဲ့မယ်ဆိုရင်ရော။သူဟာ ဘယ်တော့မှ မတည်ရှိနိုင်တော့ဘူးဆိုတာကို ဘယ်သူမှတောင် သိလိုက်ရမှာမဟုတ်ဘူး။ရှောင်းလင်တောင်မှပဲ မေ့ချင်မေ့သွားနိုင်တယ်။

ဝမ်းနည်းမှုလှိုင်းလုံးက ရှောင်းလင်ကို တစ်ဖန် ရိုက်ခတ်ခဲ့ပြန်ပြီ။

နေ့ရောညရော သရဲက သူ့အနားတွယ်ကပ်ပြီးပေါက်လေးပန်းဆယ်တရစပ်ပြောနေခဲ့တာကြောင့် သူ့နားတောင်အသားမာတက်လုဆဲဆဲပဲ။တခါတလေမှာတော့ သူသရဲကိုထုပ်ပြီး အာကာသရဲ့အပြင်ဘက်ကို လွှင့်ပစ်ချင်ခဲ့မိတယ်။သရဲက စိတ်ကြီးဝင်တတ် ထေ့ငေါ့တတ်ပြီး တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့လျှာပိုင်ရှင်ပေမယ့် 
တကယ့်တကယ် မကောင်းတဲ့အချက်ဆိုတာ မရှိပါဘူးလေ။ ယန်ချီတွေစုပ်ယူမယ်ဆိုပြီး ခြိမ်းခြောက်တတ်ပေမယ့် အဆုံးမှာတော့ သူတစ်ခါလေးပဲ လုပ်ခဲ့ရှာတာလေ။

တစ်နေ့နေ့ သရဲရဲ့ဝိဉာဥ်သာ လွင့်ပါးပျောက်ကွယ်သွားခဲ့ရင် ရှောင်းလင်ကလွဲပြီး ဘယ်သူကများ သူ့ကို သတိရနေမှာမို့လို့လဲ?

သက်ပြင်းချရင်းငိုင်တွေနေတဲ့ ရှောင်းလင်က သူ့လက်ထဲက cokeဘူး ကို ငေးကြည့်နေခဲ့တယ်။

အစ်ကိုသရဲထွက်သွားပြီး သုံးရက်မြောက်နေ့မှာတော့ မေးခွန်းတွေကို တွက်ချက်ပြီး အဖြေရှာရတာက ပျော်ရွှင်မှုကိုကြာရှည်စွာယူဆောင်မပေးလာနိုင်တော့ဘူး။ အဖြေချရေးလိုက်ပြီးတိုင်း  သူအမှတ်တမဲ့နဲ့ထုတ်မေးမိတယ်။

''ဒါ မှန်ရဲ့လား?''

မေးခွန်းက သူ့ပါးစပ်ဖျားမှာဝေ့ဝဲနေတုန်းမှာပဲ သရဲပျောက်ကွယ်သွားတာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သတိရသွားတယ်။

ရှောင်းလင်က သရဲ ဘယ်သူဘယ်ဝါဖြစ်နိုင်လောက်လဲဆိုတာကို နှံနှံစပ်စပ် ချင့်ချိန်ကြည့်ခဲ့တယ်။သူက သင်္ချာဘာသာရပ်၊ရူပဗေဒ၊တရုတ်စာဘာသာရပ်နဲ့အင်္ဂ
လိပ်စာဘာသာရပ်တွေမှာ ကျွမ်းကျင်လိမ္မာမှုရှိတယ်။
စာသင်တဲ့ဆရာတော့ မဖြစ်နိုင်လောက်ပါဘူး။ ဘာလို့ဆို အနည်းဆုံးအနေနဲ့ပြောရရင်တောင်မှ သူက အတော်လေးကို ဗဟုသုတကြွယ်ဝနေတာမို့လေ။သူပြောခဲ့ဖူးတာတော့ ဆေးရုံနဲ့ တော်တော်လေးကို ရင်းနှီးကျွမ်းဝင်တယ်ဆိုပဲ။ ဆရာဝန်များ ဖြစ်နေမလားပဲ?

တကယ်လို့များ ဆေးရုံတိုင်းဆီကနေ လတ်တလောတင် ဆုံးသွားတဲ့ ဆရာဝန်တွေကိုလိုက်ရှာကြည့်ရင်ရော?တကယ်လို့ သရဲက ဒေသခံသရဲမဟုတ်ခဲ့ရင်တခြားစီရင်စုနဲ့တခြားမြို့က ဆေးရုံတွေမှာ လိုက်စုံစမ်းကြည့်လို့ ရသားပဲ။တကယ်လို့သူက တရုတ်စကားပြောတတ်တဲ့
နိုင်ငံခြားသရဲဖြစ်နေခဲ့မယ်ဆိုရင်........?

ရှောင်းလင်က အဆိုးဆုံးအခြေအနေကို တွေးကြည့်မိရင်း သူ့ခေါင်းသူ စိတ်ရှုပ်ရှုပ်နဲ့ ဖွပစ်တယ်။ သူ သရဲကို ယန်ချီတွေ လိုအပ်သလောက် ခပ်များများ စုပ်ယူခိုင်းခဲ့သင့်တာ။ သူသာ ဆန့်ကျင်မနေခဲ့ဘူးဆိုရင် အဲ့တာက အဆင်ပြေသွားမှာ မဟုတ်ပေဘူးလား?

သူ့ရဲ့ဆုတောင်းသံက အကျိုးသက်ရောက်သွားတာလား ဘာလားဆိုတာ​တော့ သူမသိဘူး။ ဒါပေမယ့် အဲ့ဒီညမှာပဲ သူစာတစ်စောင် လက်ခံရရှိခဲ့တယ်လေ။

ကိုယ်က မင်းရဲ့အစ်ကိုသရဲပါ။မနက်​ဖြန်နေ့လည်သုံးနာရီမှာ Tမြို့ ဖေးရှလမ်းပေါ်က starbucksမှာ တွေ့ကြရအောင်။

မလိုအပ်တဲ့ ပေါက်ကရတွေအစား ဆိုလိုရင်းကို လိုရင်းတိုရှင်း သူသိလိုက်ပြီလေ။

ပထမတော့ သူအရမ်းပျော်သွားပြီး အဲ့ဒီနောက်မှာတော့ သံသယပွားလာတယ်။

ဘာလို့များအစ်ကိုသရဲက ဒီတစ်ခေါက်
သူ့ကိုဖုန်းတိုက်ရိုက်မခေါ်ဘဲ စာပဲရိုက်ပို့ရသလဲ?

ဒါပေမယ့်လဲ သူရယ် အစ်ကိုသရဲရယ်ကလွဲရင် ဘယ်သူကမှ သူတို့နှစ်ယောက်အကြောင်း မသိကြဘူးလေ။

ရှောင်းလင်ရဲ့ အတွေးစဥ်ဆက်က ပြတ်မသွားဘဲနဲ့ ဒီတစ်ကြိမ်မှာတော့ အစ်ကိုသရဲက ကံမကောင်းစွာနဲ့ ဆွံ့အနားမကြားတဲ့ ခန္ဓာရှင်ဆီ ရောက်သွားလို့ ဖုန်းမဆက်နိုင်တာဖြစ်လိမ့်မယ်လို့ ယူဆလိုက်တယ်။

ဘာပဲဖြစ်ဖြစ် သတင်းကောင်းပဲ။

သူ့ရဲ့ခံစားချက်က တောင်ခြေကနေကောင်းကင်ကိုမိုးထိုးမတက်မြင့်တက်လာတဲ့ ရိုလာကိုစတာ စီးရတဲ့ခံစားချက်လိုဖြစ်နေတာကို သူကိုယ်တိုင် မရိပ်မိလေဘူး။ သူ့ရဲ့အချိုရည်က ပိုချိုလာပြီး တစ်ခါတည်းနဲ့ 'သုံးနှစ်မြောက်နဲ့ ငါးနှစ်မြောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလေ့ကျင့်ခန်း'စာအုပ်ရဲ့ ဆယ်မျက်နှာစာကို တွက်ပစ်လိုက်တယ်လေ။

နောက်တစ်နေ့ နေ့လည်ခင်းမှာတော့ စီစဥ်ထားတဲ့အတိုင်း starbucksကို သူရောက်လာတယ်။

လက်တေးတစ်ခွက်မှာပြီး သုံးမိနစ်ကြာအောင် စောင့်ပြီးတဲ့အထိ သရဲရဲ့အရိပ်အယောင်ကိုအတွေ့ရလေသေးဘူး။

ရှောင်းလင်က ပုံမှန်လိုပဲ မေးခွန်းတစ်စုံစာကိုထုတ်ပြီး ဖြေနေလိုက်တယ်။ စာလုပ်နေရင်းနဲ့ သူ့နှလုံးသားထဲမှာ ဝမ်းနည်းမှုလှိုင်းလုံးလေးက ရိုက်ခတ်နေလေရဲ့။

သူ့ကိုယ်သူ ပါးတစ်ချက်ခပ်မြန်မြန် ချလိုက်ရင်း တွေးလိုက်တယ်။

''အဲ့ဒီ ပူညံပူညံလုပ်တတ်တဲ့ သရဲ ဒီနေရာမှာ မရှိမှတော့ ငါက ဘာလို့ဒီမေးခွန်းတွေကို ဖြေနေရမလဲ?''

စာအုက်တွေကို သူ့အိတ်ထဲ အမြန်ပစ်ထည့်လိုက်ရင်း အချိန်ကို တစ်ချက်ကြည့်လိုက်တယ်။ သရဲနောက်ကျနေတာ တစ်နာရီနီးပါးတောင် ရှိပြီ။

ရှောင်းလင် ဖုန်းထုတ်လိုက်ရင်း မြန်မြန်လာဖို့စာတစ်စောင်လောက် ပို့ချင်ခဲ့တယ်။ဒါပေမယ့် ရုတ်တရက် သူ့ခေါင်းပေါ်ကနေ အသံတစ်သံက ပေါ်ထွက်လာတယ်။

''မင်းစောင့်နေရတာ ကြာနေပြီလား?''

ရှောင်းလင် ခေါင်းမော့ကြည့်တော့ သူနဲ့ရင်းနှီးသလိုရှိတဲ့ အန်တီချောချောတစ်ယောက်က အရှေ့မှာ ရပ်နေခဲ့တာကို တွေ့လိုက်ရတယ်။

''ဘယ်သူများလဲဗျ''  သူခေါင်းရှုပ်သွားလို့မေးလိုက်တယ်။

''အစ်ကိုသရဲပါ''

အန်တီလှလှက မျက်နှာသေနဲ့ ပြောလာတယ်။

သူမက အသက်သုံးဆယ်ထဲ ဝင်ခါစပဲရှိသေးပြီး မိတ်ကပ်မလိမ်းထားပေမယ့် အသားလတ်လတ်နဲ့ တံတားတစ်စင်းလိုနှာတံမြင့်မြင့်ရယ် ချောမွတ်တဲ့နှဖူးပြင်ရယ်နဲ့။ခြုံပြောရရင် သာမန်လေးပဲ ဝတ်စားထားရင်
တောင်မှ လူတိုင်းက နောက်ပြန်မလှည့်ကြည့်ဘဲ မနေနိုင်တဲ့ အလှပဂေးလေး။

ဒါပေမယ့် လမ်းလွဲနေပါပြီ။

အဲ့အန်တီက ဘာပြောလိုက်တာ။

တအံတသြနဲ့ သူမကို ရှောင်းလင်ကြည့်လိုက်တယ်။

'ကိုယ်နဲ့သူမတွေ့တာမှ ရက်နည်းနည်းပဲရှိသေး။သူကပိုတုံးလာပုံပဲ'
သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း အန်တီက တွေးနေခဲ့တယ်။

သူမက စားပွဲကိုတစ်ချက်ခေါက်လိုက်ရင်း ထပ်ပြန်လာခဲ့တယ်။

''ကိုယ်က မင်းရဲ့ အစ်ကိုသရဲပါ''

ထူးဆန်းတဲ့အိပ်မက်ထဲရောက်နေတယ်လို့ ခံစားရလို့ ရှောင်းလင်ရဲ့မျက်လုံးတွေပြူးကျယ်သွားတယ်။

သူ့ကျောင်းလွယ်အိတ်ထဲက  'ဝူဆန်း'စာအုပ်ကိုထုတ်လိုက်ပြီး ကျပန်းစာမျက်နှာကိုဖွင့်ကာ  မေးခွန်းတစ်ခုကို ညွှန်ပြလိုက်တယ်။

အန်တီလှလှက စိတ်မရှည်စွာနဲ့ ဘောပင်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး ခွန်အားတစ်စုံတစ်ရာတောင် စိုက်ထုတ်မနေဘဲ အဖြေကိုချရေးလိုက်ပြီး အဖြေတလျှောက် ဘောပင်နဲ့ခပ်ပွပွပုတ်နေခဲ့တယ်။

နောက်ဆုံးမှာတော့ သူမက သရဲဆိုတာကို ရှောင်းလင် ယုံသွားပြီဖြစ်တယ်။အဲ့ဒီအချိန်မှာပဲ ပိုကြီးမားတဲ့ အမေး​သ​ေင်္ကတလေးတစ်ခု သူ့ခေါင်းထဲပေါ်လာတယ်။

''ခင်ဗျားကိုတစ်နေရာရာမှာ မြင်ဖူးတယ်လို့ဘာလို့ခံစားနေရတာပါလိမ့်''

အန်တီလှလှက ပြန်ဖြေတယ်။

''ဒီအန်တီက မင်းရဲ့အတန်းဖော် ရွှေ့ပြောင်းကျောက်းသားရဲ့အမေပဲ''

ရှောင်းလင် အာစေးမိသွား၏။

''သရဲသရဲ ခင်ဗျားဘယ်လိုတောင် သူများခန္ဓာကိုယ်ထဲဝင်သွားလို့ရတာလဲ?''

စိတ်ပျက်လက်ပျက်နဲ့အန်တီကြီးက ပြည့်ဖြိုးမို့မောက်လွန်းလို့ အပြင်ကိုလျှံကျတော့မတတ်ဖြစ်နေတဲ့ ရင်သားကြီးကြီးတွေကို ထိန်းသိမ်းနေရတယ်လေ။

ဒီမြင်ကွင်းကို အရမ်းကို မျက်စိဖမ်းစားနိုင်စွမ်းရှိလွန်းလို့ ရှောင်းလင်လို ဖြူစင်တဲ့ကလေးငယ်တောင်မှဘဲ အကြည့်လွှဲပစ်ဖို့ ခက်လွန်းလှတယ်လေ။

''ကိုယ့်အထင်အရဆို ဒီအန်တီက မကြာခင်အသတ်ခံရလောက်တယ်။အဲ့ဒီကျောင်းပြောင်းကျောင်းသားရဲ့နောက်ခံက မရိုးရှင်းဘူး''

''ဘယ်လိုနောက်ခံများလဲ?''

ရှောင်းလင်သိတာက တစ်ဖက်လူဟာ သူတို့ကျောင်းကိုပြောင်းလာတဲ့ ပထမရက်ကတည်းက ကျောင်းကြိုကျောင်းပို့ကိုတောင် သူ့လုံခြုံရေးအစောင့် ဒါမှမဟုတ် အကူတစ်ယောက်နဲ့ပဲ လာတာလေ။ သူများတွေပြောကြတာတော့ သူ့အဖေက မျက်နှာကိုထုတ်ဖော်ပြသလို့မရတဲ့ အဆင့်မြင့်ရာထူးနဲ့လူတစ်ယောက် ဒါမှမဟုတ် ဆယ်ဘီလီလျံလောက်ချမ်းသာတဲ့ networth ပိုင်ရှင်သူဌေးကြီးလို့ ပြောကြပြန်ရော။

အဲ့အကြောင်းတွေကို အစ်ကိုသရဲ....အိုး....ဟိုးထား...အခုတော့ အစ်မသရဲ နဲ့ ဆွေးနွေးခဲ့တယ်။

အန်တီကြီးရဲ့နှုတ်ခမ်းတွေက ကွေးတက်သွားပြီး ပြုံးယောင်သမ်းလာရင်း ပြောလာတယ်။

''အဲ့ကလေးရဲ့အဖေက ရာထူးခပ်ကြီးကြီးဆိုတာ ကိုယ်သေချာပေါက် ပြောရဲတယ်။ဒါပေမဲ့ သူ့အမေက ပထမဇနီးမဟုတ်ဘူး။သူ့အဖေက မိန်းမတစ်ယောက်ရှိနှင့်နေပြီးရက်နဲ့ လာဘ်ပေးလာဘ်ယူလုပ်ဖို့လဲ သဘောတူထားခဲ့သေးတာ။မင်းအတန်းဖော်အမေရဲ့လက်ထဲမှာ
သက်သေတွေအများကြီး လက်ဝယ်ရှိထားပြီ။အခု အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီ။ဒါပေမဲ့ ကျောင်းသားရဲ့အဖေဖြစ်သူကို အခုထိရှာလို့မတွေ့သေးဘူး။ အချိန်တစ်ခုပဲလိုတော့တာပါလေ''

ဒီလိုနဲ့ အန်တီလှလှက အဓိကသော့ချက်ကျတဲ့ ပုံရိပ်တစ်ခု ဖြစ်လာတာပဲ။

တုန်လှုပ်ခြောက်ခြားစွာနဲ့ ရှောင်းလင်မေးလိုက်တယ်။

''ခင်ဗျားကို နှုတ်ပိတ်ဖို့ တစ်ယောက်ယောက်က လာသတ်တော့မှာပဲမလား?''

အန်တီက ပြောသည်။

''တကယ်တော့ ကိုယ်ဒီခန္ဓာကိုယ်ကို ရကတည်းက တစ်ခါဒဏ်ရာရပြီးပြီ။ ကားတိုက်ခံရပြီး အပြင်းအထန်ကို ထိခိုက်သွားခဲ့တာ''

သူမက ခဏရပ်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဆက်ပြောလာတယ်။

''ကိုယ် လူတစ်ယောက်ကိုယ်ထဲ ရောက်လိုက်တိုင်း သူတို့အသက်တိုနေရော။ဒီလိုယာယီခန္ဓာကိုယ်တွေကပဲ ကိုယ့်အပေါ် အထူးဆွဲဆောင်မှုရှိနေပုံရတယ်''

အလျင်စလို ရှောင်းလင်ပြောလိုက်တယ်။

''ဟုတ်တယ်။ဟုတ်တယ်။တကယ်တော့ ခင်ဗျားပျောက်သွားပြီးနောက် လွန်ခဲ့တဲ့ရက်တွေက ကျွန်တော် လိုင်းပေါ်မှာ ရှာကြည့်ခဲ့သေးတာ။နာမည်ကြီးတဲ့ ဝိဉာဥ်ပိုင်းဆိုင်ရာတည်ရှိမှုအကြောင်းသဘောသဘာဝတွေကို လေ့လာတဲ့ ဒသနပညာရှင်အချို့နဲ့တောင် ဆွေးနွေးခဲ့ကြည့်သေးလို့ မကြားဖူးခဲ့တဲ့စိတ်လှုပ်ရှားဖွယ်ရာအကြောင်းတွေကိုတောင် ကြားဖူးသွားတယ်။ခင်ဗျားကို ရွေးချယ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေက သူတို့ရဲ့ ဝိဉာဥ်သုံးခုနဲ့ အစိတ်အပိုင်းခုနှစ်ခုထဲက တစ်ခုခု ပျောက်ဆုံးသွားလို့ပဲ ဖြစ်ရမယ်။အဲ့လိုမှပဲ ခင်ဗျားက သူတို့ခန္ဓာကိုယ်ကို ပိုင်လို့ရမှာကိုး။ခင်ဗျားက ပုံမှန်သရဲတွေထက်တော့ ထူးပုံပဲ။''

သူက ဆူညံပူညံလုပ်ရတာကြိုက်တဲ့ စိတ်ထားပုပ်တတ်တဲ့ကောင် တစ်ယောက်ပဲ။ ရှောင်းလင်က သူ့စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲလိုက်တယ်။

အန်တီလှလှက မျက်မှောင်ကြုတ်လိုက်ပြီး

''ဒါက မင်းရဲ့ထင်မြင်ချက်လား ဒါမှမဟုတ် နာမည်ကြီးဒသနပညာရှင်ဟာလား''

ရှောင်းလင် ပြောလိုက်၏။

''ကျွန်တော်ဆွဲထုတ်လိုက်တဲ့ အဖြေက ထူးချွန်ပြောင်မြောက်လှတဲ့ အတွေးအမြင်တွေအပေါ် အခြေခံထားတာဗျ ပြီးတော့ အာ....ကျွန်တော့်ကိုယ်ပိုင်အမြင်လည်း သေးသေးလေးတော့ ထပ်ပေါင်းထားတာပေါ့ဗျာ''

အန်တီကြီးက အင်းလို့ ထောက်ခံရင်း သူ့ကိုဆက်ပြောစေတယ်။

ရှောင်းလင်မျက်နှာက ဝင်းပသွားပြီး သူက ထပ်ပြောလာတယ်။

''ဆိုတော့ ခင်ဗျားက အသက်ရှိသေးတဲ့ဝိဉာဥ်ဖြစ်နေနိုင်တယ်။ပြောချင်တာက လုံးဝကြီး သရဲဖစ်မသွားသေးဘူး။ခင်ဗျားက ခန္ဓာကိုယ်တွေ တစ်ကိုယ်ပြီးတစ်ကိုယ် ဆက်ပြောင်းနေနိုင်တယ်။ထပ်ပေါင်းအနေနဲ့ ခင်ဗျား လူဝင်စားဖို့ မဖြစ်နိုင်တော့ဘူး။ပိုအရေးကြီးတဲ့ အချက်က ခင်ဗျားရဲ့မူလ ခန္ဓာကိုယ်ကိုဆက်ရှာနေသရွေ့တော့ ခင်ဗျားပြန်သွားနိုင်ဖို့ အခွင့်အရေးတစ်ခုရှိဦးမှာပါ''

ဒီအတွေးအခေါ်က ကျိုးကြောင်းဆီလျော်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြသနာက သရဲရဲ့မူလခန္ဓာကိုယ်ကို ရှာတွေ့နိုင်ဖို့က ခက်ခဲလွန်းနေတာပဲ။ ဒီကိစ္စမှာ သူက စိတ်လွတ်နေတဲ့လူနာလည်း ဖြစ်နေနိုင်သလို လူသားသစ်ပင်လည်းဖြစ်နေနိုင်သေးတယ်။ ဒါမှမဟုတ် ICUမှာ လဲလျောင်းနေရတာမျိုးလည်း ဖြစ်နေနိုင်တယ်။ သရဲရဲ့မူလခန္ဓာကိုယ်ကို ရှာတွေ့ဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလိုပဲ။

ရှောင်းလင်က စိုးရိမ်စိတ်နဲ့ မျက်ခုံးတွေကို တွန့်ကြုတ်ပစ်တယ်။

အန်တီကြီးကတော့ အကောင်းမြင်တတ်တဲ့သဘောထား ရှိပုံရတယ်။ သူမပြောလာတာက

'' ကိုယ်ပြန်သွားလို့ရနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ကိုယ်ဒီနေရာကို ရောက်လာနိုင်သေးတာပဲလေ။မင်းစိတ်မပူပါနဲ့။ဒီနေ့ကိုယ်မင်းကိုဒီနေရာကို တွေ့ဖို့ခေါ်လိုက်တယ်ဆိုတာ အခြေအနေတွေကို ပြောပြချင်ရုံသက်သက်ပဲ။
တကယ်တော့ ဒီမိန်းမရဲ့ ကိုယ်ကေးကိုယ်တာက သွယးထိလို့မရတဲ့ နောက်ခံနဲ့။မင်းပြန်သွားရင် စကားပြောထားတာတွေအကုန် ဖျက်ပစ်ရမယ်။ကိုယ်လည်းပဲ မင်းကို ထပ်ဆက်သွယ်တော့မှာ မဟုတ်ဘူး။ဒီနေ့ ဒီနေရာအကြောင်းအနာဂတ်မှာ တစ်ယောက်ယောက်မေးလာခဲ့လို့ရှိရင် ကိုယ်တို့ကော်ဖီဆိုင်မှာ အခွင့်ကြုံလို့ တွေ့လိုက်မိတယ်ပဲဖြေနော်။ဒီအန်တီလှလှက မင်းက သူ့သားရဲ့အတန်းဖော်ဆိုတာ ကြားမိလို့ မင်းနဲ့ စကားနည်းနည်းပါးပါး ပြောဖြစ်တယ်။နားလည်ရဲ့လား။?''

ရှောင်းလင်က နာနာခံခံနဲ့ခေါင်းညိတ်လိုက်ရင်း

''အစ်ကိုသရဲ ခင်ဗျား​သေသွားပြီးနောက်ပိုင်းရော ကျွန်တော်တို့ တွေ့နိုင်ပါဦးမလား။ဘာလို့များ ခင်ဗျားရဲ့ နောက်ဆုံးနှုတ်ဆက်စကားပြောသလိုပုံစံနဲ့ စကားပြောနေရတာလဲ?''

အန်တီလှလှက ပြောလာတယ်။

''တကယ်လို့ ကိုယ့်ဝိဉာဥ်က ခန္ဓာကိုယ်နဲ့အတူ သေဆုံးသွားခဲ့ပြီဆိုရင်?''

ရှောင်းလင်,'' ဖတ်..ဖတ်....ဖတ်....!!!ကလေးစကားရော သရဲစကားကိုရော အတည်မယူရဘူး။အစ်ကိုသရဲ ခင်ဗျားမှာ ခါးသက်သက်ပါးစပ်ရှိတယ်ဆိုရင်တောင်ကျွန်တော့်အမေထက် အပိုအလိုစကားတွေ အများကြီးပြောတတ်တဲ့သူ ဖြစ်နေတယ်ဆိုရင်တောင်မှ ခင်ဗျားက လူကောင်းတစ်ယောက်ဖြစ်နေဆဲပါပဲ။ကျွန်တော်.......ကျွန်တော်.. ခင်ဗျားကို မသွားစေချင်ဘူးဗျာ''

သူ့ရဲ့စိတ်တွေက အတော်လေးကို ဝိရောဓိဖြစ်နေခဲ့တယ်။ တစ်ဖက်မှာတော့ သရဲကို သူ့ဘေးနားမှာ တစ်သက်လုံးဆက်ရှိနေစေဖို့ မျှော်လင့်မိနေတယ်။ သူကသူ့အပေါ် တနေကုန် ပူညံပူညံနဲ့ စိတ်ထားပုပ်ပြီး သူ့အမှားတွေကို လိုက်ထောက်ပြနေတတ်တဲ့ သရဲဖြစ်နေတာတောင်မှ အဆင်ပြေပါတယ်လေ။ဒါပေမယ့် အခြားတစ်ဖက်မှာတော့သရဲသူ့ဘေးနားအတူနေရင်းနဲ့ သူ့ဘဝအမှန် နာမည်အမှန်နဲ့ ခန္ဓာကိုယ်အမှန်ကို မြန်မြန်ပြန်ရှာတွေ့ဖို့ မျှော်လင့်မိတယ်။

ဘာကြောင့်လဲဆို အဲ့တာကမှ သရဲပိုင်ဆိုင်တဲ့ တကယ့်ဘဝအမှန်မို့လို့လေ။

သူ့ရဲ့တကိုယ်ကောင်းဆန်မှုသက်သက်နဲ့တော့ တစ်ဖက်လူကို နံဘေးနား နေခိုင်းနေလို့ မဖြစိဘူးလေ။

အန်တီလှလှက သူ့ကို အပြုံးလှလှလေးတစ်ချက် လှစ်ပြရင်း ဟာသပြောလာတယ်။

''မင်းက ကိုယ်နဲ့ခွဲခွာရမှာကို တွန့်ဆုတ်နေတာလား ဒါမှမဟုတ် မင်းတွန့်ဆုတ်နေရတာက မင်းရဲ့ယန်ချီတွေကို စုပ်ယူမယ့်သူ မရှိတော့မှာကိုလား?''

.........ရှောင်းလင်က သူအခုလေးတင် ခံစားနေရတဲ့ တွန့်ဆုတ်မှု အနည်းငယ်လေးကို ပြန်ရုတ်သိမ်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အန်တီလှလှက သူ့ရဲ့လက်မောင်းကို ဆန့်ထုတ်လိုက်တယ်။သူမရဲ့လက်ဖျားထိပ်လေးတွေကို အနွေးဓာတ်ငွေ့ငွေ့လေးနဲ့အတူ သူ့ကို ဖွဖွလေး ထိတွေ့သွားတယ်လေ။

'' အသက်ရှိ​နေသေးတဲ့ဝိဉာဥ်က ဖြူစင်တဲ့နှလုံးသားရှိတဲ့လူတစ်ယောက်နဲ့ပဲ နီးနီးကပ်ကပ်နေနိုင်တယ်လို့ ပြောကြတယ်။ မင်းနဲ့ဝေးနေရဲတဲ့ ရက်အနည်းငယ်မှာတောင်မှပဲ ကိုယ် ဝိဉာဥ်လွင့်ပြီး သေမလိုဖြစ်ရတယ်။''

သေချာထိန်းသိမ်းထားလို့ထင်တယ်။ လက်က နူးညံ့ချောမွတ်နေရော။ ယောကျ်ားတွေရဲ့ အကြိုက်အတိုင်း သူမက အတော်အားစိုက်ထုတ်ထားပုံရတယ်။ ဒါပေမယ့် ခဏအတွင်းမှာပဲ ရှောင်းလင်ရဲ့ မျက်လုံးထဲ အခြားတစ်ယောက်ရဲ့လက်ကို မြင်နေရသလိုပဲ။

အရပ်ရှည်ရှည်နဲ့ ဖြောင့်မတ်တဲ့ပုံရိပ်။

တနည်းနည်းနဲ့ ရှောင်းလင်က ရေချိုးခန်းမှန်ထဲက ပုံရိပ်ကို ရုတ်တရက်သတိရမိသွားတယ်။

သူယောင်ဝါးဝါးနဲ့ စကားတွေတောင်ထစ်ရော။

''မဟုတ်တာ......ရ.....ရ...ရပါတယ်ဗျာ!!''

အစ်ကိုသရဲက အန်တီလှလှရဲ့ ခန္ဓာကိုယ်ထဲကနေ သူ့ကို ပြုံးပြလာတယ်။

'' တကယ်လို့ ကိုယ်လူသားအဖြစ်နဲ့ပြန်ဝင်စားနိုင်ခဲ့ရင် အနာဂတ်မှာ ကိုယ်တို့ ပြန်တွေ့ရမှာပါ......''

ပြီးတော့ရော.... ဘာရှိသေးလဲ?

ရှောင်းလင်က သူဆက်ပြောလာမယ့် စကားကို စောင့်နေသေးပေမယ့် သရဲက ဘာမှဆက်ပြောမလာတော့ဘူး။

''စာကြိုးစားလုပ်ပြီး Tတက္ကသိုလ်ကို ဝက်ခွင့်ရအောင်လုပ်နော်''

ဒီအဆုံးသတ်စကားနဲ့အတူ အန်တီလှလှက ထရပ်ပြီး ထွက်သွားခဲ့တယ်။

ပြီးတဲ့နောက်မှာတော့ ရှောင်းလင်က သရဲရဲ့ ဘာအကြောင်းမှ ထပ်မကြားရတော့ဘူး။

တစ်ခါတော့ ရှောင်းလင်က ဘယ်လိုမှ မနေနိုင်တော့လို့ အများသုံးဖုန်းရုံကနေ အဲ့ဒီနံပါတ်ကို ဆက်သွယ်ခဲ့ပေမယ့်လို့ ဘယ်သူကမှ ဖုန်းမကိုင်ခဲ့ဘူး။

လဝက်လောက်ကြာတော့ လိုင်းပေါ်မှာ လူထူထပ်တဲ့မြို့တစ်မြို့ပေါ်က ကားမတော်တဆမှုအကြောင်း သတင်းတစ်ပုဒ် တွေ့လိုက်ရတယ်။သတင်းအရတော့ လူတစ်ယောက်ထိခိုက်သွားပြီး တစ်ယောက်က ဆုံးသွားတယ်တဲ့။ပွဲချင်းပြီး ဆုံးသွားတာက မိန်းမကြီးတစ်ယောက်တဲ့။

အဲ့ဒီနေ့ နေ့လည်ခင်းမှာပဲ အတန်းထဲသွားတဲ့လမ်းပေါ်မှာ ကျောင်းပြောင်းကျောင်းသားကို ဖုန်းခေါ်လာတာကို သူသတိရလိုက်မိတယ်။ ဖုန်းပြောပြီးတဲ့နောက်တော့ သူ့ရဲ့မျက်နှာက ဖြူဖျော့သွားပြီး အဝေးကို အ​ဆောတလျင်နဲ့ပြေးထွက်သွားလေရော။

သူ့နှလုံးက ကျယ်ကျယ်လောင်လောင်နဲ့ကို  ခုန်နေတာ။
ပြီးတော့ သူ ကျောင်းပြောင်းကျောင်းသား နဲ့ဆုံးသွားတဲ့မိန်းမကြီးအကြောင်းကို အမှုမဲ့အမှတ်နဲ့ပဲ ဆက်စပ်မိသွားတယ်လေ။

အပြင်ဘက်မှာနော့ မိုးသည်းသည်းမည်းမည်းရွာသွန်းနေတယ်။ ဒါ့ကြောင့် သူဖုန်းရုံလေးထဲကို မြန်မြန်လေး ပြေးသွားလိုက်တယ်။ ဒါပေမယ့် ဖုန်းဝက်သွားပြီးနောက် သူဘယ်နှကြိမ်ပဲ ဆက်ခဲ့ဆက်ခဲ့ တစ်ဖက်မှာတော့ လိုင်းမအားပါဆိုတာပဲ ဖြစ်နေခဲ့တယ်။

မကြာခင်မှာပဲ ရှောင်းလင်က တစ်ချို့ သတင်းတွေကို ကြားမိတယ်။ သူတို့ပြောကြတာတော့ ကျောင်းပြောင်းကျောင်းသားရဲ့ အမေက ကားမတော်တဆမှုမှာ ဆုံးသွားပြီး သူ့အဖေကလည်း အိမ်ထောင်ရေး ဖောက်ပြန်နေခဲ့တယ်တဲ့။အဲ့တာက ထင်ထင်ရှားရှား ကိုပဲ သူ့အမေက မိန်းမကြီး ဖြစ်တယ်ဆိုတာကို ထုတ်ဖော်လိုက်သလိုပဲ။ ကျောင်းပြောင်းကျောင်းသားက သူများတွေရဲ့ အကြည့်ကို ရင်မဆိုင်နိုင်တော့ဘဲနဲ့ တခြားမြို့က ကျောင်းကိုပဲ တိုက်ရိုက်ပြောင်းသွားတော့တယ်။

တစ်ကိုသရဲကလည်း ရှောင်းလင်နဲ့ဆက်သွယ်ထားတဲ့ သဲလွန်စတွေအကုန် ဖျောက်ပစ်ခဲ့တာဖြစ်မယ်။ ရှောင်းလင်ရဲ့ နောက်ခံကပဲ သိပ်မကြီးလွန်းလို့ဖြစ်မယ်။ ဘယ်သူကမှ သူ့ကို မေးမြန်းမလာခဲ့ဘူးလေ။

ဒီလိုနဲ့ပဲ သူ့ရဲ့ငြိမ်းချမ်းပြီးပျင်းရိစရာကောင်းလွန်းလှတဲ့ဘဝက ရှေ့ဆက်သွား​ခေဲ့တယ်။ သူ့ရဲ့နေ့ရက်တွေကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မယ့် သာမန်ကျောင်းသားတွေလိုပဲ ကုန်ဆုံးလိုက်တယ်လေ။

အစ်ကိုသရဲကတော့ ဘယ်တော့မှ တစ်ခါ ပြန်ပေါ်မလာတော့ဘူး။

ရှောင်းလင် တွေးခဲ့ဖူးတဲ့အတိုင်း သရဲက ဘာခြေရာလက်ရာ ချန်မထားဘဲ ပျောက်ကွယ်သွားခဲ့တာ။ ရှင်းရှင်းလင်းလင်းကိုပဲ သူတည်ရှိခဲ့ဖူးပါတယ်ဆိုတဲ့ သက်သေလေး တစ်ခုမှတောင် ချန်ရစ်မထားခဲ့ဘူးလေ။

ရှောင်းလင်ရဲ့ မှတ်ဉာဏ်က လွဲလို့ပေါ့။

ရှောင်းလင်က သူအသံရဲ့ သြဇာပါဝါကိုရော အသံနေအသံထား အနိမ့်အမြင့်တိုင်းကိုပါ မှတ်မိနေပါသေးတယ်။လူထူထပ်တဲ့ လူအုပ်ထဲမှာပင်ဖြစ်နေပါစေဦး ရှောင်းလင်က တစ်ဖက်လူရဲ့အသံကြားလိုက်ရုံနဲ့တင် သူ့ကို သတိပြုမိမှာပဲ။

ကံမကောင်းစွာနဲ့ အရင်တစ်ခါဖြစ်ရပ်ပြီးနောက်ပိုင်း အဲ့ဒီအသံလေးကို တစ်ခါမှ ပြန်မကြားရတော့တာပဲ။

တခါတလေ အလျင်စလိုနဲ့လမ်းလျှောက်မိနေရင်းနဲ့တောင် ဖြတ်သွားဖြတ်လာတွေရဲ့ အသံက သူ့နားထဲလွင့်ပျံ့လာတတ်တယ်။ တူတယ်လို့ ထင်ရတယ်ဆိုရင် အမှုမဲ့အမှတ်နဲ့ အမြဲတမ်း ပြန်လှည့်ကြည့်တတ်တယ်။ မျက်လုံးဝေ့ဝဲရင်း ဟိုဟိုဒီဒီရှာဖွေခဲ့ပေမယ့် အမြဲတမ်း စိတ်ပျက်လက်ပျက်ဖြစ်ရတာနဲ့ပဲ အဆုံးသတ်သွားရရော။

ရှောင်းလင်က အဆိုးဆုံးကိစ္စရပ်ရဲ့ဖြစ်နိုင်ချေတွေကို တွေးတောစိတ်ကူးယဥ်မနေချင်တော့ဘူး။သူလိုချင်တာဆိုလို့ အစ်ကိုသရဲက သူ့ခန္ဓာကိုယ်နဲ့ မှတ်ဉာဏ်တွေ ပြန်ရပြီး ကျမ်းမာပျော်ရွှင်အောင်မြင်ပြီး ပြည့်စုံကုံလုံတဲ့ ဘဝမှာ နေနေရပါစေလို့ပဲ။သူ့ကိုအကောင်းဆုံးဆိုတာမျိုးပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် သရဲက သူ့ကိုမေ့ကောင်းမေ့သွားနိုင်တယ်။ ဒါမှမဟုတ် သူ့ကို ထပ်ပြီးဆက်သွယ်ဖို့ မလိုအပ်တော့ဘူးလို့ ခံစားရတာမျိုးလည်း ဖြစ်နိုင်သေးတယ်။

အားလုံးပြီးဆုံးသွားတဲ့နောက်တော့ သူတို့နှစ်ယောက်ကြားမှာ ဘာဆက်သွယ်မှုမှ မရှိတော့ဘူးဘဲ။ အဲ့ဒီဖျော့တော့တော့ ကံကြမ္မာလေးကလည်း ပျောက်ကွယ်သွားတာ ကြာလှရှိပြီ။ ဆက်ပြီးတော့လည်း မတည်ရှိနေနိုင်တော့ပါဘူးလေ။

ဘာပဲဖြစ်ဖြစ် ဒီတွေ့ဆုံကြုံကြိုက်မှုလေးက ဘာခြေရာလက်ရာမှ မထားရစ်ခဲ့တဲ့ တစ်ညအတွင်းဖြစ်ပျက်သွားတဲ့ ပုံပြင်လေးတစ်ပုဒ်လိုပါပဲ။ ပြီးတော့ စာဖတ်သူကတောင်မှ ဒီအကြောင်းတွေ နားထောင်နေရင်း ဟာသလို့ထင်ကောင်းထင်နေလိမ့်မယ်။ ရှောင်းလင်က ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှ မပြောပြဖြစ်ဘူး။ ဘာလို့ဆို သူကိုယ်တိုင်တောင်မှ အစ်ကိုသရဲဟာ သူ့စိတ်ကူးထဲက ပုံရိပ်ယောင်သက်သက်ဖြစ်နေခဲ့မယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် သံသယဝင်နေခဲ့မိလို့ဖြစ်တယ်။

သူTတက္ကသိုလ်ကို ဝင်ခွင့်ရသွားတဲ့ အဲ့ဒီနှစ်မတိုင်ခင်အထိပေါ့။ သူက သူ့ဌာနရဲ့အရှေ့က ဝူးထုံပင်အောက်မှာ မတ်တပ်ရပ်ပြီး သစ်ကိုင်းနဲ့သစ်ရွက်တွေကိုဖြတ်ပြီး ဖြာကျလာတဲ့ နေရောင်ခြည်ကို ရှုစားနေခဲ့တာ။

သူ့အနောက်ကနေလာတဲ့ အသံတစ်သံကို သူရုတ်တရက်ကြားလိုက်ရတယ်။

''(သုံးနှစ်မြောက်နဲ့ငါးနှစ်မြောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလေ့ကျင့်ခန်းစာအုပ်)ကို လုပ်ပြီးပြီလား?''

ရှောင်းလင်က အနောက်ကို
တန်းတန်းမတ်မတ် လှည့်လိုက်တယ်။




ဘာသာပြန်သူ စကားရှည်ပါဦးမည်။

extra တစ်ပိုင်းပြီးရင် ဒါလေးက ပြီးပါပြီနော်။ ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးပါ။ သတ်ပုံမှားတာရှိခဲ့ရင် အားလုံးပြီးမှ ပြန်edit လိုက်ပါ့မယ်။ တကယ်က စာစစ်ရတာ ပျင်းတတ်လို့ပါ။ စာမေးပွဲမှာတောင် ကိုယ့်အဖြေလွှာကို နှစ်ခါပြန်မစစ်ဘူးရယ်။ 🤣🤣








Weiterlesen

Das wird dir gefallen

22.3K 2.1K 99
ALEX The name is enough to shiver down anyone. He is the defination of cruelty and known for his torture. The king of Mafia. He is cold, cruel, domin...
935K 43.2K 49
" I do!!" She said in shaky tone. It was still unbelievable for her that her dad made her deal with a Mafia king just for some pennys. She could see...
10.9K 722 16
كاتبة مبتدئة أول رواية لي واتمّنى ان تنّال إلى اعجابكم كُتِبت بقلم الكاتبة:جنى الفيصل✍🏻
165K 16.7K 101
Once upon a time, An eighteen years old girl was in love with a boy, she use to pray for him... Crying in Sujood and beg Allah to make that easy for...