Past

Door Bruce673

770 7 2

romanceကိုမှပုံစံတစ်မျိုးလေးရေးထားပါတယ် ဇာတ်အိမ်ခိုင်ခိုင်လေးရေးချင်တာကြောင့် တချို့နေရာတွေမှာအသေးစိတ်လေးတွေရ... Meer

Intro
Part1
Part 2

Part 3

150 0 0
Door Bruce673

တနင်္ဂနွေနေ့မနက်ပိုင်းဟာလည်းစနေနေ့လိုပါပဲထုံးစံအတိုင်းလုပ်စရာရှိတာလုပ်ပြီး အိမ်ရှေ့မှာထိုင်နေတုန်း မျိုးကိုရောက်လာတယ်

''ဟေ့ရောင် သွားမယ်လေ''

''အေးအေး လာပြီ...မေမေရေ သွားပြီနော်''

''အေးအေး သား တံခါး​သေချာပြန်ပိတ်သွားဦး''

''ဟုတ်''

ကျောပိုးအိတ်ကောက်လွယ်ပြီးထွက်သွားလိုက်တော့ကျူရှင်ရှေ့ရောက်တော့ မေပိုးနဲ့ဇေယျာနိုင်စကားပြောနေပြီး ရတီနိုင် သဇင်စိုးမိုး နဲ့ စွမ်းထက်အောင်တို့ကကျူရှင်ရှေ့အုတ်ခုံမှာထိုင်နေကြတယ်

''မင်းတို့ကစောလှချည်လား''

မျိုးကိုကလှမ်းပြောတာကို ရတီနိုင်ကပြန်ဖြေတယ်

''မစောပါဘူး ခုနကမှအကုန်ရှေ့ဆင့်နောက်ဆင့်ရောက်ကြတာ ဟိုနှစ်ကောင်တော့မရောက်သေးဘူး''

မင်းဇင်ခန့်နဲ့နိုင်လင်းကို ဆိုလိုခြင်းဖြစ်သည်
အဲ့အချိန်မှာပဲမေပိုးနဲ့ဇေယျာနိုင်ဘာဖြစ်ကြတယ်မသိ...မေပိုးကခြေဆောင့်ပြီးအထဲဝင်သွားပြီး ဇေယျာနိုင်ကအနောက်ကအပြေးလိုက်ဝင်သွားတယ် ဒီလိုဆိုဒီနှစ်ယောက်ရဲ့ပတ်သက်မှုကပုံမှန်အနေအထားမဟုတ်ဘူးဆိုတာတော့ရိပ်မိလိုက်တယ်

''အဲ့နှစ်ကောင်ကတစ်မျိုး သူတို့ကဘာညာလေ သိလား''

မျိုးကိုကရဲထက်ကိုကပ်ပြောလိုက်တယ် သူပြောတဲ့ဘာညာဆိုတာ သမီးရည်းစားကိုပြောတာပါ

''အေး ထင်တော့ထင်တယ် အစက အီစီကလီလုပ်တုန်းပဲထင်တာ တွဲနေမှန်းတော့ခုနကအနေအထားရယ် အခုမင်းပြောမှသိတာ''

''အေးကျူရှင်မစခင်ထဲကတွဲနေတာထင်တယ် သူတို့ကကျောင်းအတူတူပဲလေ''

ကျူရှင်မှာလာတက်တဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးနီးပါးကကျောင်းနှစ်ကျောင်းကလာကြတာများတယ် ၉တန်းရော ၁၀တန်းရောမှာ တစ်ဝက်လောက်က ( )ကိုယ်ပိုင်ကျောင်းကဖြစ်ပြိီးတော့
ကျန်တစ်ဝက်လောက်က( )အစိုးရကျောင်းကလာကြတာ

''အဲ့ဒါဆိုငါတို့ကကျောင်းနှစ်ကျောင်းဖိုက်နေကြတဲ့သဘောပေါ့''

''အေး ဟုတ်တယ်''

''ဘာပဲပြောပြောငါတို့ ( )ကကောင်တွေကပိုတော်တာပေါ့ကွာ ဟုတ်တယ်မလား''

''ဒါပေါ့သားကြီးရာ''

စွမ်းထက်အောင်ပြောတာကိုမျိုးကိုကထောက်ခံပြီးလက်ဝါးချင်းရိုက်လိုက်တယ် ဒါကိုရတီနိုင်ကမျက်စောင်းထိုးပြီး

''အေးပေါ့လေ အရူးအရူးချင်းဆိုတော့ အရူးပြောအရူးထောက်ခံပေါ့''

''အဲ့တော့ငါကဘာလုပ်ရမှာလဲ ထောက်ခံရင်လည်းရူးဦးမယ် မထောက်ခံရင်လည်းသစ္စာဖောက်ဖြစ်ဦးမယ်''

ရဲထက်ကဝင်နောက်လိုက်တော့အားလုံးရယ်မိကြတယ်အဲ့အချိန်မှာပဲဆရာဦးကျော်မျိုးလမ်းထိပ်လက်ဘက်ရည်ဆိုင်ကလာတာကိုလှမ်းမြင်ပြီးနာရီကြည့်တော့ တစ်နာရီခွဲဖို့
၅မိနစ်ပဲလိုတော့တာမို့ အထဲဝင်လိုက်ကြတယ် ဒီနေ့ပထမချိန်ကဆရာ့အင်္ဂလိပ်စာချိန်လေ

အားလုံးအခန်းထဲရောက်ပြီးမရှေးမနှောင်းမှာပဲ ဆရာပါဝင်လာပြီးအနောက်ကနေမင်းဇင်ခန့်နိုင်လင်းပါရောက်လာတယ်

''ကဲ လူစုံပြီးဆိုတော့ ဆရာတို့စလိုက်ကြရအောင်''

ဆရာဦးကျော်မျိုးကကျတော့chapterတစ်ခုချင်းစီကိုအချိန်ယူပြီးသင်တာများတယ် ဒါပေမယ့်ပျင်းစရာမကောင်း စာဆိုတာထက်ပုံပြင်တစ်ပုဒ်ကိုဖတ်လိုက်ရသလိုရှင်းလင်းပြိီး တစ်ပုဒ်လုံးကိုစွဲပြီးမှတ်မိအောင်သင်နိုင်တဲ့ဆရာတစ်ယောက်ပါပဲ ဒီလိုနဲ့ဆရာ့အချိန်ပြီးနောက်ဝင်မယ့်ဆရာကမရောက်သေးတော့ ထုံးစံအတိုင်း စကားပြောတဲ့သူပြော ဖုန်းသုံးတဲ့သူသုံးပေါ့ မြန်မာပြည်မှာfacebookကိုတွင်တွင်ကျယ်ကျယ်စသုံးခါစ ကာလတွေပေါ့

''ရတီမ နင်ကချေတယ်နော် ငါ့accသစ်addထားတာလက်မခံဘူး''

နိုင်လင်းကရှေ့ခုံကရတီနိုင်ကိုလှမ်းပြောတယ်

''ဟ ဘယ်accလဲ လာaddတဲ့သူအရမ်းများတော့​လေ
သတိမထားမိဘူးဖြစ်သွားတာ  အဟင်း''

''အေးအေး ပြောမိတာကိုကငါမှားတာ ဒီမှာငါပြမယ် ဒီacc''

သူတို့နှစ်ယောက်ကတစ်ပွဲ ​ရှေ့ဆုံးက၃ကောင်က ဂိမ်းအကြောင်းငြင်းနေကြတာကတစ်ပွဲ

ကျန်တဲ့ ရဲထက် မျိုးကို မေပိုးနဲ့သဇင်စိုးမိုးတို့ကရောက်တက်ရာရာပြောနေကြတယ်

''မင်းအကုန်လုံးနာမည်တွေသိပြီလား''

''အေး သိပြီးပြီ''

''မနေ့က အကုန်မိတ်ဆက်ပြီးပြီ နင်ပဲနောက်ကျနေလို့
ကျန်နေတာ''

မေပိုးကနောက်လှည့်ပြီးဝင်ပြောတယ်

''ဟ ငါမှမိတ်ဆက်စရာမလိုတာ ဒီကောင်နဲ့သိတာနှစ်ချီနေပြီ အိမ်တောင်နီးနီးလေး ဒါနဲ့နေပါဦး သဇင်စိုးမိုးပါမိတ်ဆက်တယ်ပေါ့ ထူးထူးဆန်းဆန်း''

''အောင်မာ အဲ့ဒါဘာဖြစ်လို့လဲ''

တစ်ချိန်လုံးငြိမ်နေတဲ့သဇင်စိုးမိုးကမျိုးကိုကိုလှည့်ပြီးရန်တွေ့တယ်

''ဟေ့ရောင် မင်းကြည့်ထား ဒါမျိုးကမြင်ရင်ခဲတယ် ငါဆိုအစက သူစကားပြောမှပြောတတ်ရဲ့လားတောင်ထင်တာ''

မျိုးကိုပြောတာလည်းဟုတ်တော့ဟုတ်သည် ရဲထက်ရောက်တဲ့နေ့ကတည်းက
သူစကားပြောတာသိပ်မတွေ့ရ

''အေးအေး ပြောမှနားညီးတယ်မလုပ်နဲ့''

''နင်facebookသုံးလား''

''အေး သုံးတယ်''

''accနာမည်ဘာလဲ''

''Ye Htet ပဲ....နင့်accပြောရင်ပြောလေ ငါaddလိုက်မယ်''

''ဒီမှာ ဒီacc''

ဒီလိုနဲ့တော်တော်များများနဲ့facebook friendဖြစ်သွားတယ် မေပိုးနဲ့စကားပြောနေတဲ့အခါဆို ဇေယျာနိုင်ကလှမ်းလှမ်းပြိးမကြည်ကြည့်ကြည့်တယ် ကိုယ်နဲ့သူ့စော်နဲ့စကားပြောနေတာမကြိုက်သလိုဆိုပေမယ့် တခြားသူတွေနဲ့ဆိုဘာမှမဖြစ် ရဲထက်နဲ့ပြောနေရင်သာအဲ့လိုဖြစ်နေတာ ဒါတွေကြောင့်ရဲထက်နဲ့ဇေယျာနိုင်ကသိပ်အကြောမတည့်ချင် ဇေယျာနိုင်ကလည်းရဲထက်ကလွဲရင်အကုန်လုံးနဲ့စကားပြောသလို ရဲထက်ကလည်းဇေယျာနိုင်ကလွဲရင်အကုန်လုံးနဲ့အဆင်ပြေတယ် သူ့စော်ကိုကြောင်နေတယ်လို့ထင်နေတာကိုလက်မခံနိုင်

''မျိုးကို အဲ့ကောင်ကတစ်မျိုးပဲနော် သူ့စော်ကိုငါကလိုက်ကြောင်နေတယ်ထင်နေလားမသိဘူး ကြောင်တောင်တောင်နဲ့''

''ထားလိုက်ပါကွာ အဲ့ကောင်ကဖင်ယားနေတာ
သူ့စော်ကိုအကုန်လုံးကကြောင်နေတယ်ထင်နေတာ
ဘာလုပ်ရမှာလဲကွာ ကြောင်စရာဘာအကြောင်းမှမရှိဘူး စောက်တလွဲ''

အဲ့ဒါနဲ့ရဲထက်လည်းစိတ်ထဲထားမနေဘဲအေးဆေးပဲနေလိုက်တယ် သူပြောတာကိုမေပိုးလည်းကြားရင်ကြားမှာပဲ ဒါပေမယ့်အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့မပြော
တခြားအကြောင်းအရာတွေပဲပြောဖြစ်တယ်
ဒီလိုနဲ့ ကျူရှင်ဆင်းချိန်ရောက်လာတယ်
ကျူရှင်ရှေ့ရောက်တော့ ဆယ်တန်းတွေလည်းသူ့ဟာနဲ့သူစကားပြောသူပြော အုတ်ခုံမှာထိုင် ၉တန်းတွေကတော့အတန်းချိန်ကုန်လို့ပြန်ကုန်ကြပြီ ရဲထက်နဲ့မျိုးကိုပဲနောက်ဆုံးမှထွက်လာပြီးပြန်ဖို့ကျန်တော့တယ်
အဲ့ချိန်မှာမေပိုးတစ်ယောက်ပဲကျူရှင်အပြင်ထွက်ထွက်ချင်းအုတ်ခုံမှာထိုင်နေတယ်

''ဟဲ့ မပြန်သေးဘူးလား''

''ငါ့အိမ်ကလာကြိုမှာ စောင့်နေတာ''

''ငါတို့စောင့်ပေးရဦးမလား''

''ရတယ် ခဏနေလောက်ရောက်တော့မှာပါ''

''အေးအေး အဲ့ဒါဆိုသွားပြီနော်''

''အေးအေး တာ့တာ''

ဒီလိုနဲ့အိမ်ပြန်ရောက်တော့ထုံးစံအတိုင်းပဲလုပ်စရာရှိတာလုပ်ပြီးစောစောအိပ်ယာဝင်လိုက်တယ် မနက်ဖြန်ကျောင်းပြန်ဖွင့်ပြီလေ
ကျူရှင်ကတော့ တနင်္လာနေ့ပိတ်တာမလို့သွားစရာမလို

နောက်နေ့မနက်ရောက်တော့လည်းသိပ်ထူးထူးခြားခြားမရှိ ပုံမှန်အတိုင်းပဲ အိပ်ယာကထရေမိုးချိုးမနက်စာစား ကျောင်းသွား ပြန်ရောက်တော့ကျူရှင်ပိတ်တာမို့ ဟိုနားဒီနားသွားပြီး ညဘက်စာနည်းနည်းပါးပါးကြည့်ပြီး
တနင်္လာနေ့ဟာကုန်ဆုံးသွားပါတယ်

Ga verder met lezen

Dit interesseert je vast

104K 1.4K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
27.8K 1.2K 34
Rihanna is a high school girl about to graduate when she meet the don will they live happily or will they argue all the time.........
503K 984 29
A few wedgie challenges for you guys! If you want you can tell me ideas and I'll add them Tell me how it went while you were doing these! it woul...
218K 5.1K 55
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc