Pity Love🔞
By Nway-mogok
98.8K 2K 76
မွန်းအကြောက်ဆုံးက အမျိုးသမီးတစ်ယောက်တဲ့။ 🔞ပါတာမို့ ကလေးတွေမဖတ်ကြနဲ့နော် သတိပေးတာ။ More
part-1(U+Z)
part-2(U+Z)
part-3(U+Z)
part-4(U+Z)
part-5(U+Z)
part-6(U+Z)
part-7(U+Z)
part-8(U+Z)
part-9(U+Z)
part-10(U+Z)
part-11(U+Z)
part-12(U+Z)🔞🔞
part-14(U+Z)
part-15(U+Z)🔞🔞
part-16(U+Z)🔞🔞
part-17(U+Z)
part-18(U+Z)🔞🔞
part-19(U+Z)
part-20(U+Z)
part-21(U+Z)
part-22(U+Z)
part-23(U+Z)
part-24(U+Z)
part-25(U+Z)🔞🔞
part-13(U+Z)
3.6K 76 1
By Nway-mogok
##Unicode##
မွန်းနိုးလာတော့ မနေ့ကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်နေပြီး ကြောက်နေမိသည်။
"ပေါက်စ နိုးပြီလား။"
အခန်းထဲဝင်လာတဲ့ အစ်မကြောင့်မွန်းအားကိုးတကြီး။
"အိမ်ပြန်ချင်တယ်။"
"ခနနေ တို့ လိုက်ပို့ပေးမယ်။"
"ဟင့်ဟင်း ခုပြန်ချင်တာ..ခု"
ထိုအစ်မလက်ကို အတင်းဆွဲကာပြောနေမိသည်။
"ကဲပါ ပြန်ရမှာပေါ့။ရော့ခုတော့ သံပရာရည်လေးသောက်လိုက်အုံး"
"ဟင့်အင်းမသောက်ဘူး။မနေ့ကအစ်မတိုက်တာသောက်ပြီး။ဘာတွေဖြစ်သွားမှန်းမသိဘူး။ခုထပ်မသောက်ရဲဘူး"
"ဟ မင်းကိုငါတိုက်တာမဟုတ်ဘူးလေ။ မင်းဟာမင်းအတင်းသောက်ချင်တာလေ။ဒါထဲကငါ့အပြစ်ဖြစ်ရသေးတာလား။"
"မသိဘူး။ အစ်မကလူဆိုးကြီး။မွန်းကိုနာအောင်လုပ်တယ် ဟွန့်..။"
မွန်းဆူပုတ်ကာဆိုလိုက်သည်။
"ထပ်နာချင်သေးလား"
မှိုင်းပြောရင်း သူမအပေါ်အုပ်မိုးလိုက်သည်။
"ဟင့်အင်း။မမရေ..မမ ကယ်ပါ။ဒီအစ်မကြီးကိုကြောက်တယ်လို့။"
"ဟားဟား။မင်းမမက မင်းဘယ်ရောက်နေလဲတောင်မသိတာ။မင်းကိုဘယ်လိုလာကယ်မလဲ။ ပြီး​တော့ ငါကကြောက်ဖို့မကောင်းပါဘူးကွ။ငါကချစ်ဖို့ကောင်းတာ"
မှိုင်းသူမပေါ်ကနေ ဖယ်ပေးလိုက်သည်။
"ချစ်ဖို့။အချစ်..."
"အင်းလေ။"
"ဟင့်အင်း။မွန်းအချစ်ဆိုတာကြီးကိုကြောက်တယ်။မွန်းဘယ်သူ့ကိုမှမချစ်ရဲတော့ဘူး။မွန်းချစ်တဲ့သူတွေကမွန်းကိုထားခဲ့ကြတယ်"
"တို့ကတော့ မင်းကိုတစ်သက်လုံးမထားဘူးစိတ်ချ"
မှိုင်းပြုံးစိစိလေးဆိုလိုက်ပေမယ့် သူမကတော့ ကြောက်စိတ်တွေအပြည့်​ဖြစ်တဲ့ မျက်လုံးတွေနဲ့မှိုင်းကို​ညြ့်လာသည်။
"တခြားသူတွေလဲအဲ့လိုပြောခဲ့ကြတာဘဲ။ပြီးတော့လဲထားသွားတာဘဲ မေမေနဲ့ ဖေဖေ ပြီးတော့ မမ.."
သူမဝမ်းနည်းရိပ်သန်းကာ အပြင်ကိုငေးပြီးဆိုသည်။
"မင်းမမကဘယ်သွားခဲ့လို့လဲ"
"မွန်းကိုထားသွားတာလေ။"
"ဟင်"
"သူ့အိမ်သူပြန်သွားတာကိုပြောတာ"
"ဒါဖြင့်မင်းမမအရင်းမဟုတ်ဘူးလား"
"ကိုကို့ ချစ်သူပါ"
" အော်...မင်းအစ်ကိုကကော"
"ကိုကိုက ခရီးသွားနေတာ"
"ဒါဖြင့်မင်းအိမ်မှာဘယ်သူမှမရှိဘူးလား။မင်းတစ်ယောက်ထဲပေါ့"
"ကြီးကြီးရှိတယ်"
"ဒါဆို မင်းကြီးကြီးစိတ်ပူနေတော့မှာဘဲ
တို့ပြန်လိုက်ပို့ပေးမယ်။"
"ရပါတယ်မွန်းဟာမွန်းပြန်ပါ့မယ်"
"ဘယ်ရမလဲ။ တို့ကိုယ်တိုင်လိုက်ပို့မှပေါ့။မဟုတ်ရင် မင်းဆူခံနေရလိမ့်မယ်"
"အစ်မသဘောပါ"
"မင်းအဝတ်လှဲဖို့ တို့အဝတ်စားတွေထုတ်ပေးထားတာ။ရေချိုးပြီးဝတ်လိုက်နော်။တို့အောက်မှာစောင့်နေမယ်"
"ဟုတ်"
မှိုင်းအောက်ဆင်း ဖို့တံခါးနားရောက်တော့ သူမလေးကထဖို့လုပ်သည်ထင်ပါရဲ့။
"အ့။"
သူမဆီကအသံကြားလို့လှည့်ကြည့်လိုက်တော့ သးမလေးကရှုံ့မဲ့လို့နေသည်။
"ဘာဖြစ်လို့လဲပေါက်စ"
"ဟင့်နာတယ်။ထလို့ရဘူး"
မျက်လုံးအဝိုင်းသားနဲ့ဆိုလာတဒ့သူမကတကယ်ကိုနာကျင်နေသယောင်။
မှိုင်း ညကကြမ်းထားလို့ဖြစ်မည်။မှိုင်း ကိုယ့်တာဝန်ကိုယ်ယူရမည်မို့ သူမလေးကိုပွေ့ချီကာ ရေချိုးခန်းထဲခေါ်ခဲ့လိုက်သည်။
သူမကယှက်ကန်ကန်လေးပါလာသည်။
ဘေစင်ပေါ်သူမကိုထိုင်စေပြီး ။မှိုင်းကိုယ်တိုင်ဘဲသန့်ရှင်းရေးလုပ်ပေးလိုက်သည်။ သူမလေးကရှက်နေသေးသည်။
သူမကိုအပြင်ပြန်ခေါ်ခဲ့ပြီး အဝတ်စားတွေဝတ်ပေးကာ အောက်ထပ်ထိပွေ့ချီခဲ့ရသည်။
သူမအတွက်မနက်စာ ခေါက်ဆဲဲပုတ်ပေးလိုက်သည်။မှိုင်းကတော့ကော်ဖီတစ်ခွက်နဲ့ပေါ့။ သူမလေးကကော်ဖီသောက်ရင်အိပ်မရလို့မသောက်တော့ဘူးတဲ့လေ။
စားသောက်ပြီးသူမအိမ်ကို ထွက်လာခဲ့သည်။သူမလဲလမ်းလျှောက်လို့ဖြစ်ပြီမို့။သူမလေးအိမ်ရောက်​တော့ အန်တီတစ်ယောက်က စိတ်ပူစွာနဲ့ပင်။
"သော်လေးမနေ့တည်းကနေဘယ်တွေလျှောက်သွားနေတာလဲ။ကြီးကြီးတို့ဘယ်လောက်စိတ်ပူနေလဲသိလား။"
"ဟိုဘက်ခြံမှာဒီကအစ်မနဲ့ရှိနေတာပါ။"
ထိုအန်တီက မှိုင်းကိုခုမှမြင်သည်နှင့်တူသည်။
"သမီးက။"
"သမီးကအမရာမှိုင်းပါ။ဟိုဘက်ခြံကပါ။စိတ်ပူစေမိတဲ့အတွက်တောင်းပန်ပါတယ်။ဖုန်းနံပါတ်လဲမရှိတော့ သူအိမ်ရောက်နေတာမပြောဖြစ်လိုက်တာ။"
"ထားပါတော့လေ။ခုပြန်ရောက်လာတာဘဲစိတ်အေးရပါပြီ။ သော်လေး သမီးမမတော့အတော်စိတ်ပူနေတာ။"
"ဟင်မမ။မမရောက်နေတာလား။"
"ဟုတ်တယ်။မနေ့ညနေတည်းကသော်လေးပျောက်သွားတည်းကရောက်နေတာ။တညလုံးမအိပ်ဘဲလိုက်ရှာနေတာ။ဟိုဘက်ခြံကို သတိမပြုမိဘူး။"
မွန်းလေးမမဆီအပြေးသွားခဲ့သည်။
"မမ...."
မမကိုတင်းကျပ်စွာဖက်ထားလိုက်သည်။
"အရမ်းလွမ်းနေတာမမကို။"
"သော်တာမောင်။မင်းတညလုံးဘယ်တွေလျှောက်သွားနေတာလဲ။"
"ဟိုဘက်ခြံ..."
"ဘာ!!ထပ်သွားပြန်ပြီလားအဲ့ဘက်ခြံငါမင်းကို..."
ပျိုအော်ပြောတော့ ကြီး​ြမကဝင်တားသည်။
"သမီးပျို...."
ကြီးမြနောက်ကကောင်မလေးတစ်ယောက်ကိုမြင်တော့ဘပျိုမေးလိုက်မိသည်။
"သူက.."
"ဟိုဘက်ခြံကတဲ့ သော်လေးကိုပြန်လာပို့တာ။"
"ညမကဟိုတခါမွန်းလေးကို.."
"ဟုတ်ပါတယ်။ကားနဲ့တိုက်မိမလိုဖြစ်တဲ့တစ်ယောက်ပါ။"
ပျိုခေါင်းငြိမ့်ပြလိုက်သည်။ဒါကြောင့်ကိုးးး။
"ဟမ်!! သော်လေးကားတိုက်မလိုဖြစ်တာဘယ်တုန်းကလဲ။"
ကြီးမြကအခုမှသိဟန်တူသည်။
"ကြီးမြနယ်ပြန်သွားတုန်းကပါ။ဒါဖြင့် ညမကဟိုဘက်ခြံမှာနေတာလား။"
"ဟုတ်ပါတယ်အစ်မ။"
"မွန်းလေးအဲ့ဘက်ခြံသွားတတ်တာကိုမေ့နေတာ။ ထားပါတော့လေ။ ခုလိုဘာမှမဖြစ်တာဘဲစိတ်အေးရပါပြီ။
ေနာက်ခါဘယ်သူမှမသိဘဲလျှောက်လျှောက်သွားကြည့်..နင်ငါနဲ့တွေ့မယ် သော်တာမောင်။"
"ဟင့်မမကလဲ မွန်းလေးလို့ဘဲခေါ်ပါဆို။"
မှိုင်းသူမဖို့ စိတ်အေးရပြီမို့ပြန်ဖို့ပြောလိုက်တော့သည်။
"ဒါဆို ညမကိုခွင့်ပြုပါအုံ။"
"နေပါအုံးကော်ဖီလေးဘာလေးသောက်သွားပါအုံး။"
"ရပါပြီကြီးကြီး။အိမ်ကဒီတိုင်းထားခဲ့တာမို့။"
"တစ်ယောက်ထဲနေတာလား။"
"ဟုတ်ကြီးကြီး။"
"အော်အေးအေး။နောက်ကြုံလဲလာလည်ပေါ့နော့်။
တစ်ခုခုဆိုလဲပြော တစ်ယောက်ထဲဆိုတော့ ဘာမှအားမငယ်နဲ့။"
"ဟုတ်ကဲ့။သွားခွင့်ပြုပါအုံးအစ်မ။"
"အင်း။"
"သွားပြီပေါက်စ။"
"ဟုတ်အစ်မ။"
မှိုင်းအိမ်သို့​ြပန်ခဲ့တော့သည်။စိတ်ထဲအမည်မသိတဲ့ခံစားချက်တစ်ချို့..။
....
#Zawgyi##
"ပေါက်စ နိုးပြီလား။"
"အိမ်ပြန်ချင်တယ်။"
"ထပ်နာချင်သေးလား"
"ချစ်ဖို့။အချစ်..."
"အင်းလေ။"
"မွန်းကိုထားသွားတာလေ။"
"ဟင်"
"ကိုကို့ ချစ်သူပါ"
" အော်...မင်းအစ်ကိုကကော"
"ကိုကိုက ခရီးသွားနေတာ"
"ကြီးကြီးရှိတယ်"
"အစ်မသဘောပါ"
"ဟုတ်"
"အ့။"
"ဘာဖြစ်လို့လဲပေါက်စ"
"ဟင့်နာတယ်။ထလို့ရဘူး"
"သမီးက။"
"ဟင်မမ။မမရောက်နေတာလား။"
"မမ...."
"အရမ်းလွမ်းနေတာမမကို။"
"ဟိုဘက်ခြံ..."
ပျိုအော်ပြောတော့ ကြီးမြကဝင်တားသည်။
"သမီးပျို...."
"သူက.."
"ဟုတ်ပါတယ်အစ်မ။"
"တစ်ယောက်ထဲနေတာလား။"
"ဟုတ်ကြီးကြီး။"
"အင်း။"
"သွားပြီပေါက်စ။"
"ဟုတ်အစ်မ။"
....
Continue Reading
You'll Also Like
102K 330 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
30.5K 2.6K 51
Twice 5th sad story fanfic
415K 7.6K 41
Emily Addison has been abused and neglected by a man she thought was her father. What happens when she gets saved by her brothers? Who has been searc...