ကူးပြောင်းလာပြီးနောက်အင်ပါယာစ...

By yyuzanawin

76.8K 9.4K 181

ရှီးချန်းယုသည် ပြောင်းရွှေ့သွားသောအခါတွင် မူလကိုယ်ခန္ဓာသည် ဇာတ်လိုက်မှ ပျက်စီးသွားခဲ့ပြီး မသန်စွမ်းသော ခန္ဓာက... More

Description
1☁
2☁
3☁
4☁
5☁
Paid gp☁☁☁
6☁
7☁
8☁
9☁
10☁
11☁
12☁
Hello
13☁
14☁
15☁
16☁
17☁
18☁
19☁
20☁
21☁
22☁
23☁
24☁
25☁
26☁
27☁
29☁
30☁
31
32
33
34
35
36
37
38
39
40
41
42
43
44

28☁

1.2K 182 6
By yyuzanawin

သို့သော် ရှီယွီရှီး ၏မျက်လုံးများသည် သူ့မိခင်နှင့် လုံးဝမတူသောကြောင့် ဤအကြံကို ငြင်းပယ်ခဲ့သည်။ ရှီချန်းယု ၏မိခင်သည် အလွန်သန်မာသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် အပြင်းဖျားနေပြီး ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရသော်လည်း သူမသည် သန်မာသောအမျိုးသမီးဖြစ်နေဆဲ ဖြစ်သည်။

သို့သော် ရှီချန်းယု သည် အခြားကမ္ဘာ၏ အထောက်အထားကို အတည်ပြုခဲ့ သော်ငြားလည်း ယခင်ဘဝက သူ့အမေနှင့် တစ်ထပ်တည်းနီးပါးတူသော မျက်နှာကို ကြည့်လိုက်လျှင် ရှီချန်းယု ရင်တွင်း၌ ရင်မခုန်ပဲမနေနိုင်ပေ။

သူသည် ဤနေရာတွင် ပိုင်ဆိုင်မှုကို တစ်ခါမျှ မခံစားဖူးသော်လည်း မူလင်းထန် နှင့် ပေါက်စီလေး ကသာ သူ့ကို ကြင်နာမှုပေးသည်။ သို့သော် ယခုအချိန်တွင် ရှီယွီရှီး နှင့်တွေ့ဆုံပြီးနောက် ရှီချန်းယု သည် ဒီကမ္ဘာမှသူဖြစ်နိုင်သည် ဟု ရုတ်တရက်ခံစားလိုက်ရသည်၊ သို့မဟုတ်ပါက သူသည် မူလပိုင်ရှင်နှင့် ဘာလို့တူနေသနည်း။ သူ့အမေက ရှီယွီရှီး နှင့် အဘယ်ကြောင့် အလွန်တူ နေသနည်း။

သူ့အရင်ဘဝက သူ့မှာ မိခင်မရှိဘူးလို့ ဘုရားသခင်က ထင်ခဲ့သလား၊ သူသည် မိခင်မဲ့ကလေးတစ်ယောက်လို ဘဝကို ဖြတ်သန်းနေခဲ့သည်၊ ထို့ကြောင့် ဤဘဝတွင် သူ့အား အထူးတလည် မိခင်တစ်ဦး ပေးခဲ့တာဖြစ်မည်။

ရှီချန်းယု က ဘာမှမတွေးခင်မှာ စိတ်လှုပ်ရှားနေပြီး ဘယ်လို ပြောရမှန်း မသိတဲ့ ရှီယွီရှီး က နောက်ဆုံးမှာ သတ္တိနည်းနည်း စုဆောင်းဖို့ ကြိုးစားခဲ့တယ်။

"က… ကလေး..မင်းရဲ့မျိုးရိုးနာမည်က ရှ..ရှီလား..."

ရှီချန်းယု ရဲ့အနားမှာ အချိန်အတော်ကြာနေခဲ့တဲ့ ရွာလူကြီးက သူတို့ရဲ့ တစ်ဝက် (သို့) ခြောက်ပုံလောက်တူတာကို စောစောစီးစီး သတိထားမိလိုက် တယ်။ ရွာသူကြီးသည် သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးတောနေသေးသော်လည်း ယခုအခါ  ရှီချန်းယု ၏ မျိုးရိုးအမည်ကို သိနေသေးကြောင်း ကြားသိရသောကြောင့် ရှီချန်းယု ရှေ့မှာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။

"ဟေး မင်းကဘယ်သူလဲ..သူ့မျိုးရိုးနာမည်က ရှ ဆိုတာကို ဘယ်လိုသိတာ လဲ"

ရှီယွီရှီး သည် ထိုစကားကိုကြားသောအခါ ရွာသူကြီးအား ပြန်မဖြေဘဲ ရှီချန်းယု ၏ မျက်နှာကို ဇွတ်စိုက်ကြည့်ပြီး..

"သား၊ ပြောပြပါ. မင်းက မျိုးရိုး ရှီ မဟုတ်ဘူးလား"

တစ်ဖက်လူက အရမ်းစိတ်လှုပ်ရှားနေတာကို မြင်လိုက်ရတော့ ရှီချန်းယု က ဝတ္ထုထဲမှာ တစ်ဖက်လူရဲ့ကျန်းမာရေးက အရမ်းဆိုးတယ်လို့ တွေးပြီး ရှေ့ကို ခြေတစ်လှမ်းတိုးပြီး တခြားသူရဲ့လက်ကို ကိုင်လိုက်တယ်။

"အရမ်းစိတ်လှုပ်ရှားမနေနဲ့ ..ပြောစရာရှိရင် ဖြည်းဖြည်းပြော​ကြရအောင်.."

ရှီချန်းယု မှန်ကန်စွာမှတ်မိပါက၊ လောင်ချုး စီရင်စုရှိ နှင်းဘေးအန္တရာယ် အပြီးတွင် ရှီယွီရှီးက သူ၏ဖျားနာနေသော ခန္ဓာကိုယ်ကို ဆွဲယူသွားနေရသည့် ဝတ္ထုထဲတွင် ဇာတ်ကွက်တစ်ခုလည်း ရှိသည်။

ရှီချန်းယု သည် ကလေးဘဝကတည်းက သူ့အမေကို ဆုံးရှုံးလိုက်ရတာကြောင့်ရော ရှီယွီရှီး ၏သားကို ရှာဖွေမှုနှင့်ပတ်သက်၍ အလွန်အကဲဆတ်မိတာရယ်ကြောင့် သူသည် စာအုပ်ဖတ်နေချိန်တွင် ဒီအခန်းကို နှစ်ခါပြန်ဖတ်မိသည်။

လောင်ချုး စီရင်စုတွင် ဆီးနှင်းများကျရောက်ပြီးနောက် ဓားပြများထွက်ပေါ်ခဲ့ ပြီး ရှီယွီရှီးနေထိုင်သည့်ရွာသည်လည်း လွတ်မြောက်ရိုး ထုံစံမရှိပေ။ သူမ၏ ပြောင်မြောက်လှပသော ရုပ်ရည်ကြောင့် ရှီယွီရှီး သည် မကောင်းမှုမျိုးစုံပြု သာ ဓားပြများ၏ အဓမ္မပြုခြင်းကို ခံရလုနီးပါးပင်။

ကံကောင်းထောက်မစွာ၊ သူတို့ရွာမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ အများကြီးရှိပြီး ရွာမှာ အလွန်ရက်စက်တဲ့ အရူးကလေးတစ်ယောက်လည်းရှိတယ်။ ထိုဓားပြများသည် နောက်ဆုံးတွင် သူမအား အခွင့်ကောင်းယူရန် ပျက်ကွက်ခဲ့ပြီး ထိုအစား ထို သန်မာသူများ၏ ရွာမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။

ဤကပ်ဆိုးကြောင့် ရှီယွီရှီး ၏ ကျန်းမာရေးသည် ပိုဆိုးလာသည်။ သူမမသေခင် မူလပိုင်ရှင်နဲ့တွေ့ချင်တာကြောင့် ကွင်ချန်ကောင်တီ ကို တစ်ယောက်တည်းလာခဲ့တယ်။

သို့သော် ရှီယွီရှီး သည် ကွင်ချန် ကောင်တီသို့ အလျင်အမြန်သွားသောအခါ ရှီ မိသားစု၏ ကောင်းချီးမင်္ဂလာများကို ခံစားရမည့် သူမ၏သား သည် လွန်ခဲ့သော တစ်နှစ် ခန့်က မိသားစုအိမ်မှ နှင်ထုတ်ခံရကြောင်း သူမ သိလိုက်ရသည်။

ရှီယွီရှီး သည် ထိုသတင်းကိုကြားသောအခါ သူမသည် ဒေါသကြောင့် သေဆုံးသွားလုနီးပါးပင်။ သူမသည် သူ့ကလေးကို ရတနာတစ်ခုအဖြစ် မှတ်ယူခဲ့သော်လည်း အခြားသူများ၏ မိသားစုက စွန့်ပစ်ခဲ့သည်။

ရှီယွီရှီး သည် နောက်ဆုံးတွင် သူမ၏သားကို အိမ်ပြန်ခေါ်မည်ဟု တွေး ကာ တလမ်းလုံး အားတင်းလျှောက်လာခဲ့ပေမယ့် ကျီရှန်း ရွာကို ရှာတွေ့သောအခါ၊ သူမမြင်လိုက်ရသော အရာမှာ တောင်ပေါ်မှ မိသားစုသုံးစု၏ ညစ်ပတ်လှသော သင်္ချိုင်း ဖြစ်သည်။

ဝတ္ထုထဲက ထိုဇာတ်လမ်းက ဒီအချက်ကို ရောက်သွားတဲ့အခါ ရှီယွီရှီး ရဲ့ စိတ်ပျက်အားငယ်မှုကို သိပ်ပြီး မဖော်ပြဘဲ ကျီချန်းရွာ ကို ဖော်ပြဖို့အတွက် ကလောင်နဲ့ မှင်တွေသာ ပိုသုံးခဲ့တယ်။ ဝတ္ထုသည် ရှီယွီရှီး ၏အဆုံးသတ်ကို ရှင်းပြမထားသော်လည်း ရှီယွီရှီး ၏ဇာတ်ကောင်သည် သူရဲဘောကြောင် ပြီး အရည်အချင်းမရှိသောကြောင့် သူ မကဲ့သို့ အထီးကျန်ပြီး အားကိုးရာမဲ့သောမိန်းမတစ်ယောက်၏ ကံကြမ္မာကို စိတ်ကူးကြည့်နိုင်သည်...

ရှီယွီရှီး ရှက်ရွံ့သွားပြီး သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ရင်း ရှီချန်းယုကို တဆို့နေသော လေသံဖြင့် ကြည့်ကာ..

"သူတို့က ပြော တယ်... အားလုံးက သားက ရှီမိသားစုထဲက ထုတ်ပယ်လိုက်ပြီလို့ ပြောကြတယ် သား တစ်ခုခုဖြစ်သွားမှာကို ငါအရမ်းကြောက်ခဲ့တာ.."

ရှီယွီရှီး ၏ စကားများသည် အလွန်ရုတ်ခြည်းဖြစ်ပြီး သူ့ဘေးနားရှိ ရွာသူကြီး၏ မျက်နှာတွင် မေးခွန်းအမှတ်အသားတစ်ခု ရှိနေသည်။ ရွာလူကြီးက ဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း သူမ၏ ပထမစာကြောင်းကို နားလည်သည်။

ရှီချန်းယု၊ အဲဒီ ရှီ မိသားစုက ထုတ်ပစ်ခဲ့တာလား။ ယခုဆိုလျှင်... သူကရှီ မိသားစု၏ သားငယ် မဟုတ်ဘူးပေါ့။ ပြီးတော့ ရှီချန်းယု နဲ့ တော်တော်ဆင်တူတဲ့ သူ့ရှေ့မှာ ဒီအမျိုးသမီး.. ဒီလူနှစ်ယောက် ဘာဖြစ်နေတာလဲ။

ရွာလူကြီးက ပြပွဲကို ဆက်ကြည့်ဖို့ ပြင်နေပေမယ့် ရှီချန်းယု က ရွာခေါင်းကို အေးစက်စက်နဲ့ ကြည့်ပြီးတော့ တခြားလုပ်စရာတွေနဲ့ ရွာကို လွှတ်လိုက်တယ်။ ရွာသူကြီးသည် ပြပွဲကောင်းကို လက်လွတ်မခံချင်သော်လည်း ရှန်းချန်းယူ၏
အေးစက်သောမျက်လုံးများကို တွေးကာ အဆုံးတွင် သူသည် စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်သွားနိုင်သည်။

ရွာသူကြီးနှင့် ခွဲထွက်ပြီးနောက်၊ ရှီချန်းယု သည် ရှီယွီရှီး ကို အသိအမှတ်ပြုရန် အစပြုခဲ့သည်။ ရှီယွီရှီး သည် ဇာတ်လိုက် Gong ၏အမြင်တွင် အသုံးမဝင်သလို သူမ၏တည်ရှိမှုကို ဆွဲချမှုတစ်ခုအဖြစ်ပင် မှတ်ယူနိုင်သည်။ ရှီယွီရှီး သည် ထိုဆွေမျိုးများ၏မျက်နှာတွင် အမှန်ပင် သူရဲဘောကြောင်သော်လည်း မိခင်တစ်ယောက်အနေဖြင့် သူမသည် ဇာတ်လိုက် Gong ၏မိခင်အရင်းထက် ပို၍အရည်အချင်းပြည့်ဝသည်။

ရှီချန်းယု သူမကို အသိအမှတ်ပြုရတဲ့ အကြောင်းရင်းက တခြားကမ္ဘာက သူ့အမေနဲ့ အရမ်းဆင်တူပြီး မူလပိုင်ရှင်အစား ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ဆည်းပေးချင်တဲ့စိတ်ကလွဲလို့ ရှီချန်းယု ရဲ့ သိမ်မွေ့တဲ့ တစ်ကိုယ်ကောင်းဆန်မှုလည်း ရှိပါသေးတယ်။

ရိုးရိုးသားသားပြောရလျှင် ဝတ္ထုကိုဖတ်သောအခါ မူရင်းပိုင်ရှင်နှင့် ဇာတ်လိုက် Gong ကို မနာလိုဖြစ်မိသည်။ ဤလူနှစ်ယောက်သည် စေတနာ၊ ဖြောင့်မတ်ခြင်း သို့မဟုတ် သိမ်ငယ်စိတ်မရှိကြသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့အား ချစ်မြတ်နိုးသော မိခင်တစ်ဦးရှိလေသည်။

~လပြည့်နေ့ အမေများနေ့မှာ Promotion လေးကတော့...

gp-1(100) -2500

gp-2(101-final) - 4500

နောက်တစ်နေ့ နေ့လည်၂နာရီအထိ ဝင်လို့ရပါပြီ.... 




Zawgyi






သို႔ေသာ္ ရွီယြီရွီး ၏မ်က္လုံးမ်ားသည္ သူ႕မိခင္ႏွင့္ လုံးဝမတူေသာေၾကာင့္ ဤအႀကံကို ျငင္းပယ္ခဲ့သည္။ ရွီခ်န္းယု ၏မိခင္သည္ အလြန္သန္မာေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမသည္ အျပင္းဖ်ားေနၿပီး ေဆး႐ုံကုတင္ေပၚတြင္ လဲေလ်ာင္းေနရေသာ္လည္း သူမသည္ သန္မာေသာအမ်ိဳးသမီးျဖစ္ေနဆဲ ျဖစ္သည္။

သို႔ေသာ္ ရွီခ်န္းယု သည္ အျခားကမၻာ၏ အေထာက္အထားကို အတည္ျပဳခဲ့ ေသာ္ျငားလည္း ယခင္ဘဝက သူ႕အေမႏွင့္ တစ္ထပ္တည္းနီးပါးတူေသာ မ်က္ႏွာကို ၾကည့္လိုက္လွ်င္ ရွီခ်န္းယု ရင္တြင္း၌ ရင္မခုန္ပဲမေနနိုင္ေပ။

သူသည္ ဤေနရာတြင္ ပိုင္ဆိုင္မႈကို တစ္ခါမွ် မခံစားဖူးေသာ္လည္း မူလင္းထန္ ႏွင့္ ေပါက္စီေလး ကသာ သူ႕ကို ၾကင္နာမႈေပးသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ ရွီယြီရွီး ႏွင့္ေတြ႕ဆုံၿပီးေနာက္ ရွီခ်န္းယု သည္ ဒီကမၻာမွသူျဖစ္နိုင္သည္ ဟု ႐ုတ္တရက္ခံစားလိုက္ရသည္၊ သို႔မဟုတ္ပါက သူသည္ မူလပိုင္ရွင္ႏွင့္ ဘာလို႔တူေနသနည္း။ သူ႕အေမက ရွီယြီရွီး ႏွင့္ အဘယ္ေၾကာင့္ အလြန္တူ ေနသနည္း။

သူ႕အရင္ဘဝက သူ႕မွာ မိခင္မရွိဘူးလို႔ ဘုရားသခင္က ထင္ခဲ့သလား၊ သူသည္ မိခင္မဲ့ကေလးတစ္ေယာက္လို ဘဝကို ျဖတ္သန္းေနခဲ့သည္၊ ထို႔ေၾကာင့္ ဤဘဝတြင္ သူ႕အား အထူးတလည္ မိခင္တစ္ဦး ေပးခဲ့တာျဖစ္မည္။

ရွီခ်န္းယု က ဘာမွမေတြးခင္မွာ စိတ္လႈပ္ရွားေနၿပီး ဘယ္လို ေျပာရမွန္း မသိတဲ့ ရွီယြီရွီး က ေနာက္ဆုံးမွာ သတၱိနည္းနည္း စုေဆာင္းဖို႔ ႀကိဳးစားခဲ့တယ္။

"က ကေလး..မင္းရဲ႕မ်ိဳးရိုးနာမည္က ရွ..ရွီလား..."

ရွီခ်န္းယု ရဲ႕အနားမွာ အခ်ိန္အေတာ္ၾကာေနခဲ့တဲ့ ႐ြာလူႀကီးက သူတို႔ရဲ႕ တစ္ဝက္ (သို႔) ေျခာက္ပုံေလာက္တူတာကို ေစာေစာစီးစီး သတိထားမိလိုက္ တယ္။ ႐ြာသူႀကီးသည္ သူ႕စိတ္ထဲတြင္ လွ်ို႔ဝွက္စြာ ေတြးေတာေနေသးေသာ္လည္း ယခုအခါ  ရွီခ်န္းယု ၏ မ်ိဳးရိုးအမည္ကို သိေနေသးေၾကာင္း ၾကားသိရေသာေၾကာင့္ ရွီခ်န္းယု ေရွ႕မွာ စကားမေျပာနိုင္ဘဲ ျဖစ္ေနသည္။

"ေဟး မင္းကဘယ္သူလဲ..သူ႕မ်ိဳးရိုးနာမည္က ရွ ဆိုတာကို ဘယ္လိုသိတာ လဲ"

ရွီယြီရွီး သည္ ထိုစကားကိုၾကားေသာအခါ ႐ြာသူႀကီးအား ျပန္မေျဖဘဲ ရွီခ်န္းယု ၏ မ်က္ႏွာကို ဇြတ္စိုက္ၾကည့္ၿပီး..

"သား၊ ေျပာျပပါ. မင္းက မ်ိဳးရိုး ရွီ မဟုတ္ဘူးလား"

တစ္ဖက္လူက အရမ္းစိတ္လႈပ္ရွားေနတာကို ျမင္လိုက္ရေတာ့ ရွီခ်န္းယု က ဝတၳဳထဲမွာ တစ္ဖက္လူရဲ႕က်န္းမာေရးက အရမ္းဆိုးတယ္လို႔ ေတြးၿပီး ေရွ႕ကို ေျခတစ္လွမ္းတိုးၿပီး တျခားသူရဲ႕လက္ကို ကိုင္လိုက္တယ္။

"အရမ္းစိတ္လႈပ္ရွားမေနနဲ႕ ..ေျပာစရာရွိရင္ ျဖည္းျဖည္းေျပာၾကရေအာင္.."

ရွီခ်န္းယု မွန္ကန္စြာမွတ္မိပါက၊ ေလာင္ခ်ဳး စီရင္စုရွိ ႏွင္းေဘးအႏၱရာယ္ အၿပီးတြင္ ရွီယြီရွီးက သူ၏ဖ်ားနာေနေသာ ခႏၶာကိုယ္ကို ဆြဲယူသြားေနရသည့္ ဝတၳဳထဲတြင္ ဇာတ္ကြက္တစ္ခုလည္း ရွိသည္။

ရွီခ်န္းယု သည္ ကေလးဘဝကတည္းက သူ႕အေမကို ဆုံးရႈံးလိုက္ရတာေၾကာင့္ေရာ ရွီယြီရွီး ၏သားကို ရွာေဖြမႈႏွင့္ပတ္သက္၍ အလြန္အကဲဆတ္မိတာရယ္ေၾကာင့္ သူသည္ စာအုပ္ဖတ္ေနခ်ိန္တြင္ ဒီအခန္းကို ႏွစ္ခါျပန္ဖတ္မိသည္။

ေလာင္ခ်ဳး စီရင္စုတြင္ ဆီးႏွင္းမ်ားက်ေရာက္ၿပီးေနာက္ ဓားျပမ်ားထြက္ေပၚခဲ့ ၿပီး ရွီယြီရွီးေနထိုင္သည့္႐ြာသည္လည္း လြတ္ေျမာက္ရိုး ထုံစံမရွိေပ။ သူမ၏ ေျပာင္ေျမာက္လွပေသာ ႐ုပ္ရည္ေၾကာင့္ ရွီယြီရွီး သည္ မေကာင္းမႈမ်ိဳးစုံျပဳ သာ ဓားျပမ်ား၏ အဓမၼျပဳျခင္းကို ခံရလုနီးပါးပင္။

ကံေကာင္းေထာက္မစြာ၊ သူတို႔႐ြာမွာ လူငယ္နဲ႕ လူလတ္ပိုင္းေတြ အမ်ားႀကီးရွိၿပီး ႐ြာမွာ အလြန္ရက္စက္တဲ့ အ႐ူးကေလးတစ္ေယာက္လည္းရွိတယ္။ ထိုဓားျပမ်ားသည္ ေနာက္ဆုံးတြင္ သူမအား အခြင့္ေကာင္းယူရန္ ပ်က္ကြက္ခဲ့ၿပီး ထိုအစား ထို သန္မာသူမ်ား၏ ႐ြာမွ ႏွင္ထုတ္ျခင္းခံခဲ့ရသည္။

ဤကပ္ဆိုးေၾကာင့္ ရွီယြီရွီး ၏ က်န္းမာေရးသည္ ပိုဆိုးလာသည္။ သူမမေသခင္ မူလပိုင္ရွင္နဲ႕ေတြ႕ခ်င္တာေၾကာင့္ ကြင္ခ်န္ေကာင္တီ ကို တစ္ေယာက္တည္းလာခဲ့တယ္။

သို႔ေသာ္ ရွီယြီရွီး သည္ ကြင္ခ်န္ ေကာင္တီသို႔ အလ်င္အျမန္သြားေသာအခါ ရွီ မိသားစု၏ ေကာင္းခ်ီးမဂၤလာမ်ားကို ခံစားရမည့္ သူမ၏သား သည္ လြန္ခဲ့ေသာ တစ္ႏွစ္ ခန့္က မိသားစုအိမ္မွ ႏွင္ထုတ္ခံရေၾကာင္း သူမ သိလိုက္ရသည္။

ရွီယြီရွီး သည္ ထိုသတင္းကိုၾကားေသာအခါ သူမသည္ ေဒါသေၾကာင့္ ေသဆုံးသြားလုနီးပါးပင္။ သူမသည္ သူ႕ကေလးကို ရတနာတစ္ခုအျဖစ္ မွတ္ယူခဲ့ေသာ္လည္း အျခားသူမ်ား၏ မိသားစုက စြန႔္ပစ္ခဲ့သည္။

ရွီယြီရွီး သည္ ေနာက္ဆုံးတြင္ သူမ၏သားကို အိမ္ျပန္ေခၚမည္ဟု ေတြး ကာ တလမ္းလုံး အားတင္းေလွ်ာက္လာခဲ့ေပမယ့္ က်ီရွန္း ႐ြာကို ရွာေတြ႕ေသာအခါ၊ သူမျမင္လိုက္ရေသာ အရာမွာ ေတာင္ေပၚမွ မိသားစုသုံးစု၏ ညစ္ပတ္လွေသာ သခၤ်ိဳင္း ျဖစ္သည္။

ဝတၳဳထဲက ထိုဇာတ္လမ္းက ဒီအခ်က္ကို ေရာက္သြားတဲ့အခါ ရွီယြီရွီး ရဲ႕ စိတ္ပ်က္အားငယ္မႈကို သိပ္ၿပီး မေဖာ္ျပဘဲ က်ီခ်န္း႐ြာ ကို ေဖာ္ျပဖို႔အတြက္ ကေလာင္နဲ႕ မွင္ေတြသာ ပိုသုံးခဲ့တယ္။ ဝတၳဳသည္ ရွီယြီရွီး ၏အဆုံးသတ္ကို ရွင္းျပမထားေသာ္လည္း ရွီယြီရွီး ၏ဇာတ္ေကာင္သည္ သူရဲေဘာေၾကာင္ ၿပီး အရည္အခ်င္းမရွိေသာေၾကာင့္ သူ မကဲ့သို႔ အထီးက်န္ၿပီး အားကိုးရာမဲ့ေသာမိန္းမတစ္ေယာက္၏ ကံၾကမၼာကို စိတ္ကူးၾကည့္နိုင္သည္...

ရွီယြီရွီး ရွက္႐ြံ႕သြားၿပီး သူ႕မ်က္ႏွာေပၚရွိ မ်က္ရည္မ်ားကို သုတ္ရင္း ရွီခ်န္းယုကို တဆို႔ေနေသာ ေလသံျဖင့္ ၾကည့္ကာ..

"သူတို႔က ေျပာ တယ္... အားလုံးက သားက ရွီမိသားစုထဲက ထုတ္ပယ္လိုက္ၿပီလို႔ ေျပာၾကတယ္ သား တစ္ခုခုျဖစ္သြားမွာကို ငါအရမ္းေၾကာက္ခဲ့တာ.."

ရွီယြီရွီး ၏ စကားမ်ားသည္ အလြန္႐ုတ္ျခည္းျဖစ္ၿပီး သူ႕ေဘးနားရွိ ႐ြာသူႀကီး၏ မ်က္ႏွာတြင္ ေမးခြန္းအမွတ္အသားတစ္ခု ရွိေနသည္။ ႐ြာလူႀကီးက ဘာကိုဆိုလိုသည္ကို နားမလည္ေသာ္လည္း သူမ၏ ပထမစာေၾကာင္းကို နားလည္သည္။

ရွီခ်န္းယု၊ အဲဒီ ရွီ မိသားစုက ထုတ္ပစ္ခဲ့တာလား။ ယခုဆိုလွ်င္... သူကရွီ မိသားစု၏ သားငယ္ မဟုတ္ဘူးေပါ့။ ၿပီးေတာ့ ရွီခ်န္းယု နဲ႕ ေတာ္ေတာ္ဆင္တူတဲ့ သူ႕ေရွ႕မွာ ဒီအမ်ိဳးသမီး.. ဒီလူႏွစ္ေယာက္ ဘာျဖစ္ေနတာလဲ။

႐ြာလူႀကီးက ျပပြဲကို ဆက္ၾကည့္ဖို႔ ျပင္ေနေပမယ့္ ရွီခ်န္းယု က ႐ြာေခါင္းကို ေအးစက္စက္နဲ႕ ၾကည့္ၿပီးေတာ့ တျခားလုပ္စရာေတြနဲ႕ ႐ြာကို လႊတ္လိုက္တယ္။ ႐ြာသူႀကီးသည္ ျပပြဲေကာင္းကို လက္လြတ္မခံခ်င္ေသာ္လည္း ရွန္းခ်န္းယူ၏
ေအးစက္ေသာမ်က္လုံးမ်ားကို ေတြးကာ အဆုံးတြင္ သူသည္ စိတ္ပ်က္လက္ပ်က္ျဖင့္သာ ထြက္သြားနိုင္သည္။

႐ြာသူႀကီးႏွင့္ ခြဲထြက္ၿပီးေနာက္၊ ရွီခ်န္းယု သည္ ရွီယြီရွီး ကို အသိအမွတ္ျပဳရန္ အစျပဳခဲ့သည္။ ရွီယြီရွီး သည္ ဇာတ္လိုက္ Gong ၏အျမင္တြင္ အသုံးမဝင္သလို သူမ၏တည္ရွိမႈကို ဆြဲခ်မႈတစ္ခုအျဖစ္ပင္ မွတ္ယူနိုင္သည္။ ရွီယြီရွီး သည္ ထိုေဆြမ်ိဳးမ်ား၏မ်က္ႏွာတြင္ အမွန္ပင္ သူရဲေဘာေၾကာင္ေသာ္လည္း မိခင္တစ္ေယာက္အေနျဖင့္ သူမသည္ ဇာတ္လိုက္ Gong ၏မိခင္အရင္းထက္ ပို၍အရည္အခ်င္းျပည့္ဝသည္။

ရွီခ်န္းယု သူမကို အသိအမွတ္ျပဳရတဲ့ အေၾကာင္းရင္းက တျခားကမၻာက သူ႕အေမနဲ႕ အရမ္းဆင္တူၿပီး မူလပိုင္ရွင္အစား ဝတ္ႀကီးဝတ္ငယ္ကို ျဖည့္ဆည္းေပးခ်င္တဲ့စိတ္ကလြဲလို႔ ရွီခ်န္းယု ရဲ႕ သိမ္ေမြ႕တဲ့ တစ္ကိုယ္ေကာင္းဆန္မႈလည္း ရွိပါေသးတယ္။

ရိုးရိုးသားသားေျပာရလွ်င္ ဝတၳဳကိုဖတ္ေသာအခါ မူရင္းပိုင္ရွင္ႏွင့္ ဇာတ္လိုက္ Gong ကို မနာလိုျဖစ္မိသည္။ ဤလူႏွစ္ေယာက္သည္ ေစတနာ၊ ေျဖာင့္မတ္ျခင္း သို႔မဟုတ္ သိမ္ငယ္စိတ္မရွိၾကေသာ္လည္း ၎တို႔ႏွစ္ဦးစလုံးသည္ ၎တို႔အား ခ်စ္ျမတ္နိုးေသာ မိခင္တစ္ဦးရွိေလသည္။

~လျပည့္ေန႕ အေမမ်ားေန႕မွာ Promotion ေလးကေတာ့...

gp-1(100) -2500

gp-2(101-final) - 4500

ေနာက္တစ္ေန႕ ေန႕လည္၂နာရီအထိ ဝင္လို႔ရပါၿပီ.... 





Continue Reading

You'll Also Like

3.3M 188K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
31.5K 4.5K 34
-MTL - For offline purpose only -Not Mine Author(s) -风华如故 English translator - Seleno_Astro Status in COO - 159 ဖော်ပြချက် "ရည်းစားဟောင်းနဲ့ လက်ထပ်...
2.6K 261 9
ပုံမှန်မဟုတ်တဲ့OA Omega Top× Alpha Bottom စာရေးသူ-最爱梅子酒 Chapter Total -104 English Name-Who Doesn't Like a Sweet Little Alpha? Chinese Name-小甜a谁不喜欢呢
5.5K 883 12
အောင်မြင်နေတဲ့ အမျိုးသားဇာတ်လိုက်တွေရဲ့နောက်ကွယ်မှာ အမည်မသိဆရာတစ်ယောက်ရှိတယ်။ ပိုင်ရှုယန်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတစ်ယောက်ဖြစ်သည်။ နှစ်ပေါင်းများစ...