ရှင်းရင်ထဲ ကမ္ဘာပျက်သလိုခံစားနေရသည် ။
operation room ရှေ့ဖြတ်လျှောက်နေမိတာ
အကြိမ်ရေပေါင်းမနည်းတော့ပါ ။ တခနအတွင်း
ဖြစ်သွားသောအရာများကို မည်သို့လက်ခံရမှန်း
ကိုလည်း မသိနိုင်သေး ။ မနေ့ကပဲရယ်သံတွေ
နဲ့ ပြည့်နက်နေခဲ့သော ရှင်းတို့အိမ်လေးဟာ ယ
နေ့တော့တိတ်ဆိတ်နေသလို မနေ့ကပဲ ကုမ္ပဏီ
ရှေ့ရေးအတွက်ပြောနေသော ဖေဖေကလည်း
သတိလစ်မေ့မျောကာ အရေးပေါ်ခွဲစိတ်ခန်းဝင်
နေရသည် ။
ကုမ္ပဏီ ရှယ်ယာစျေးများ ရုတ်ချည်းထိုးကျ
သွားကာ ရှယ်ယာ၏ 65%ကို ပိုင်ဆိုင်သူက
CEO အဖြစ်ဆက်ပြီးတာဝန်ယူရမည်ဟူသော
မူဝါဒအရ ဖေဖေကိုဘေးဖယ်လိုက်ကြကာရှယ်
ယာများကိုပါ ပြန်အမ်းပေးလိုက်သေးသည်တဲ့
အနှစ်နှစ်အလ ဒီကုမ္ပဏီအတွက်ပဲကြည့်ပေးခဲ့
တဲ့မျက်နှာကိုနည်းနည်းလေးတောင်မထောက် ။
ဖေဖေစိတ်ထိခိုက်လဲ ခိုက်စရာပင် ။ သို့ပေမဲ့
သားနဲ့ မေမေကိုပြန်ကြည့်ပေးပါဖေဖေ ။ သား
တို့မှာ ဖေဖေပဲရှိတာပါ ။
မေမေကလည်း ထိုင်ခုံမှာမျက်လွှာချလျက်ငြိမ်
သက်စွာထိုင်နေလေသည် ။ မေမေလည်းဒီအ
ခြေအနေကိုလက်ခံဖို့ခက်ခဲနေပုံပင် ။ ရှင်းမေမေ့
ရှေ့ ဒူးထောက်ထိုင်ချကာ လက်ကလေးများကို
ဆုပ်ကိုင်လျက် ခါးကိုဖက်လျက်ရင်ခွင်ထဲတိုး
ဝင်မိတော့ မေမေက ရှင်းကိုနွေးထွေးစွာပြန်ဖက်
တွယ်လာပြီး ရှင်းရဲ့ခေါင်းလေးကိုတယုတယ
ပွတ်သပ်ပေးရင်း
''သားဖေဖေက စိတ်မာပါတယ်ကွယ် သူကျော်
ဖြတ်နိုင်မှာပါ...''
ရှင်းကိုနှစ်သိမ့်ပေးနေသော မေမေ့အသံများ
တုန်ယင်နေလေသည် ။ ရှင်းမေမေ့ကို မည်သို့
မည်ပုံနှစ်သိမ့်ပေးရမလဲမသိပါ ။ ဘဝမှာဆု
တောင်းဖူးခဲ့သောအရာရာတိုင်းထက် ဖေဖေကို
ပြန်မြင်ရဖို့ကိုပဲ ရှင်းအကြိမ်ကြိမ်ဆုတောင်းနေမိသည် ။ သို့သော်.....
ကျွီ....
တံကားဖွင့်သံကြောင့် မေမေရော ရှင်းရော
ဆတ်ခနဲ့ မတ်တပ်ထရပ်လိုက်ကြရင်း ဆရာဝန်
များဆီသို့ အားကိုးတစ်ကြီးကြည့်မိတော့
Mask တပ်ထားပေမဲ့ မျက်နှာပျက်နေသယောင်
''ဆရာ....ကျွန်မအမျိုးသား ခွဲစိတ်တာအောင်
မြင်တယ်မဟုတ်လားဟင် ''
မေမေက မျက်တောင်ပင်မခက်ပဲဆရာဝန်များ
ဆီသို့အားကိုးတစ်ကြီးမေးလေသည် ။ ရှင်းဆို
ဘာအသံမှပင်ထွက်မလာနိုင်အောင် စိတ်လူပ်
ရှားနေမိသည် ။ ဆရာဝန်ကြီးက မေမေ့လက်ကို
အသာဆုပ်ကိုင်ရင်း
'' လူနာကဆေးရုံကိုအချိန်မိရောက်လာပေမဲ့
သူကိုယ်တိုင်ကစိတ်လျှော့ထားပုံရပါတယ်...
ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ကြပေ
မဲ့ မအောင်မြင်လိုက်ပါဘူး''
''ဟင့်အင်း ''
မေမေက ဆရာဝန်ကြီးလက်ထဲမှ လက်များကို
ရုန်းထွက်ပစ်ရင်း
''ဘာတွေပြောနေတာလဲ အကိုက စိတ်သိပ်မာ
တာ ဒီလိုကိစ္စလေးနဲ့ ဘာ....ဘာဖြစ်ရမှာလဲ..
ဆရာတို့ မနောက်ကြပါနဲ့ရှင် ကျွန်မယောက်
ကျား အဆင်ပြေတယ်မဟုတ်လား ဟင် ''
မေမေ့စကားကိုဘာမှပြန်မဖြေပဲ ရှင်းပုခုံးကို
အားပေးသလိုဆုပ်ကိုင်ပြီးထွက်သွားခဲ့လေ
သော ဆရာဝန်ကြီးများကိုကြည့်ရင်း ရှင်းရင်
ထဲ ဗလာကြီးသာကျန်ခဲ့ရလေသည် ။ အခုအ
ခြေအနေက ဘာကြီးလဲ ။ ဖေဖေကရော...?
ဘေးမှ မေမေ့၏ယူကြိုးမရငိုသံကိုကြားမှရှင်း
အမြန်လူးလဲပီးအသိဝင်ကာ မေမေ့ကိုတင်းတင်း
ကြပ်ကြပ်ပွေ့ဖက်လိုက်မိသည်။
''သားရယ် မင်းဖေဖေက မေမေတို့သားအမိကို
စိတ်ချသွားနိုင်ပြီနဲ့တူပါရဲ့ အဟင့်....အီး''
မေမေက ဝမ်းပန်းတစ်နည်းရိူက်ပြီးငိုချလေ
သည် ။ ရှင်းမျက်ဝန်းမှမျက်ရည်များသည်လဲ
အတိုင်းအဆမဲ့စွာယိုစီးကျလာလေသည်။ ထို
စဥ်
''ရှင်း...... ''
''အန်တီ''
ဒီအသံ.....။ ဒါအကို့ရဲ့အသံ ။
တဖတ်ဖတ်ပြေးလာသံနှင့်အတူ အကိုကရှင်း
နှင့်မေမေ့နားသို့ရောက်လာပြီး မေမေ့ကိုရော
ရှင်းကိုရော နွေးထွေးစွာပွေ့ဖက်လာလေသည်
အကို့ရင်ခွင်ထဲရောက်သည်နှင့် ရှင်းပါ ဝမ်းပန်း
တစ်နည်းငိုချလိုက်မိတော့သည် ။ အကိုဟာလဲ
နှစ်သိမ့်းရာစကားမဲ့နေသလိုမျိုး ရှင်းတို့ကိုသာ
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပေးလေသည်
''အန်တီ... ရှင်း...ကျွန်တော်တို့အိမ်ပြန်ရအောင်
နော် ဒီတိုင်းကြီးနေလို့မဖြစ်ဘူးလေ ''
အကိုက ရှင်းတို့ကိုချော့မော့ပြီးပြန်ခေါ်လာကာ
ေဖဖေ့နာရေးကိစ္စအားလုံးကို သူကိုယ်တိုင်ပဲ
လုပ်ကိုင်ပေးလေသည် ။ ရှင်း ရော မေမေရော
အိပ်ယာထဲမလှဲရုံတစ်မယ် ဖြစ်နေသည်မို့အကို
ရှိနေ၍တော်သေးသည်ဖြစ်သည် ။ မီးခိုးခေါင်း
တိုင်ထဲကနေ အငွေ့တွေအဖြစ်ပျောက်ကွယ်
သွားသော ဖေဖေကိုကြည့်ရင်းရင်ထဲ၌တစ်ဆစ်
ဆစ်နာကျင်နေရသည် ။ မေမေဆိုလည်းမျက်
ကွင်းများပင် ညိုနေလေပြီ ။ အိမ်ထောင်သက်
၂၅ နှစ် ၊ ချစ်သူသက်တမ်း ၅ နှစ် ၊ နှစ်ပေါင်း
၃၀ တိတိ ဘေးနားမှာရှိခဲ့ပေးသော ချစ်ရသူက
ယခုလိုမျိူး ပျောက်ကွယ်သွားတော့ မေမေဘ
လိုခံစားရမလဲဆိုတာ ရှင်းသိပါသည် ။
မေမေ့မှာ ကျွန်တော်ရှိပါသေးတယ် မေမေ ။
ဖေဖေ့ အရိုးပြားကို အုတ်ဂူးသွင်းပြီးသည်နှင့်
မေမေ့ကိုခေါ်ပြီး အိမ်ပြန်ဖို့လုပ်ရသည် ။
''မေမေ သားတို့ပြန်ကြရအောင်နော် ''
မေမေက ဖေဖေ့ဓာတ်ပုံနှင့် အုတ်ဂူကိုကြည့်
၍ မျက်ရည်ကျရင်း ရှင်းခေါ်ရာနောက်သို့ပါ
လာလေသည် ။ အကိုက ကားပေါ်ကစောင့်
နေလေသည် ။ ရှင်းတို့ကားပေါ်ရောက်သည်နှင့်
ဘာမှမမေးပဲ အိမ်သို့သာ တန်းပြီးလိုက်ပို့လေ
သည် ။
ညဘက်တွေဆို မေမေက လုံးဝနီးပါးမအိပ်
သောကြောင့် မေမေအတွက်နွားနို့ပန်းကန်ထဲ
အိပ်ဆေးထည့်ပေးရသည် ။ မဟုတ်လျှင်မအိပ်
တာနဲ့ ကျန်းမာရေးထိတော့မည်မို့ပင် ။ မေမေ့
အတွက် ခင်ပွန်းကောင်းတစ်ယောက် ဆုံးရူံး
ရသလို ကျွန်တော်အတွက်လဲ ဖခင်ကောင်းတ
ယောက်ကိုဆုံးရူံးလိုက်ရတာမို့ ထပ်တူခံစားရပါ
တယ် မေမေရယ် ။
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ရှင်းသက်
ပျင်းချမိပြန်ပါသည် ။ အရွယ်ရောက်လာခြင်း
၏ ခက်ခဲခြင်းများ စတင်နေလေပြီပဲ ဟုစိတ်
ထဲဖြေတွေးရင်း လာမည့်အရာများအတွက်ကြို
တင်ပြီးစိတ်အားမွေးထားရသည် ။
''ရှင်း ''
အေးချမ်းတည်ကြည်နေသည့် အကို၏ခေါ်သံ
''အကို ''
အကိုကရှင်းဘေး၌ ဝင်ထိုင်ရင်း ရှင်းကိုအား
ေပးသလိုမျိုး ပုခုံးလေးကိုခပ်ဖွဖွလေးပုတ်
ပေးလေသည် ။
'' ရှင်း အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါကိုယ်
ယုံတယ်နော် ''
အကို့မျက်ဝန်းများက သနားကြင်နာစိတ်အပြည့်
ရှင်း အကို့မျက်ဝန်းများကိုကြည့်ရင်းမျက်ရည်
များလျှံလာရပြန်ပါသည် ။ ရှင်းမျက်ရည်များကျ
လာတော့ အကိုက ဖွဖွလေးသုတ်ပေးရင်း
'' ဒီနေ့ ဝအောင်ငိုနော် ကိုယ့်ရှင်းလေး......
နောက်နေ့ကစပြီးအကောင်းဆုံးရှင်သန်ကြရ
အောင်...ရှင်းဘေးမှာ ကိုယ်အမြဲရှိနေမှာမို့ရှင်း
ကအားမငယ်ရဘူး သိလား ''
ရှင်း၏ ပါးလေးတွေကို တယုတယကိုင်တွယ်
ပြီးပြောနေခြင်း ။ ကြယ်ရောင်လေးတွေသာ
လင်းနေသည့် ညအလင်းရောင်အောက်၌ တစ်
ချက်တစ်ချက် တိုးဝေ့လာတတ်သည့်လေပြေ
နုနုလေးများထဲ၌ ခြံထဲကနှင်းဆီပန်းရုံမှရနံ့
လေးများကိုရူရိူက်မိတော့ ရှင်းရင်ထဲ၌အမျိူး
အမည်မသိသောခံစားချက်ကလေးတစ်ချို့
ဖြတ်ပြေးသွားရလေသည် ။
'' အကို့ကို ကျေးဇူးတင်ပါတယ် ''
''မလိုတာပဲကွာ... ကိုယ်တို့ကြားမှာဒါတွေ
မလိုပါဘူး ''
ရှင်းခေါင်းလုံးလုံးလေးကိုပွတ်သပ်ကိုင်တွယ်
နေရသည့်အခိုက်အတန့်က ဘာနှင့်မှကိုမတူ။
'' မောင်အတွက်တော့မလိုဘူးပေါ့ သက်လျာ
အတွက်တော့လိုတယ်''
သိပ်မကြာခင်မိနစ်ပိုင်းအတွင်းက ၂ယောက်ထဲ
သာရှိနေသောအခိုက်အတန့်လေးသည် ယခု၌
၃ယောက်ဖြစ်သွားခဲ့လေပြီ ။
ရှင်းက ကြောင်တောင်တောင်လေးမတ်တပ်ထ
ရပ်သလို စိုင်းဝေယံကိုလည်း အံ့သြတစ်ကြီးယလိုက်ထမိလိုက်သည် ။ သက်လျာကဘယ်လို
လုပ်ပြီး
''အကို သူကဘယ်သူ....''
''တို့က သူ့အမျိုးသမီး သက်လျာသွယ်ပါ ''
သက်လျာသည် လက်ပိုက်၍အေးအေးလူလူ
နူတ်ဆက်လိုက်ပေမဲ့ စိုင်းဝေယံကိုရင်ထဲ၌မ
အေးချမ်းနိုင်ပါ ။ ဒီကိစ္စ ရှင်းကိုပေးသိရမည်
ဆိုလျှင်တောင် ယခုအချိန်၌တော့မသိစေချင်
ပါ ၊ တစ်ပူအပေါ် ၂ပူမဆင့်စေချင်ပါ ။
''ဟင်''
အကို့အမျိုးသမီးပါဟုမိတ်ဆက်လာသောမမ
လှလှလေးကြောင့် ရှင်းရင်ထဲ၌ထုံထိုင်းသွားရ
ပြန်ပါသည် ။
''သက်လျာ... မောင်တို့ပြန်ရအောင် ''
အကိုက ထိုအမလက်ကိုဆွဲကာ ပြန်ဖို့လုပ်လေ
သည် ။ သို့ပေမဲ့ ထိုအမက လက်မခံ.....
''စီးပွားပျက်တော့ငါ့ယောက်ကျားကိုမြူဆွယ်
နေတယ်ပေါ့ ဟုတ်လား ''
''ဗျာ! ''
''သက်လျာသွယ်''
အကို့အသံရယ် ၊ ရှင်းရဲ့အသံရယ် ၊ သက်လျာ
ဆိုသောအမျိုးသမီး၏အသံသည် တစ်ချိန်ထဲ
ထွက်ပေါ်လာလေသည် ။
''မင်း ရုပ်ရည်နဲ့ဆို ဘယ်သူ့ရှေ့သွားကုန်းကုန်း
လုပ်ချင်ကြမှာပါ ငါ့ယောက်ကျားကိုလွတ်ပေး
မင်းလိုချင်သလောက်ပေးမယ်''
''ကျွန်တော်ခြံထဲက ထွက်သွားပေးပါ ''
''အကိုတောင်းပန်ပါတယ် ရှင်း သက်လျာငါတို့
ပြန်ကြမယ် မင်းနဲ့ငါနဲ့အိမ်ရောက်မှရှင်းရအောင်''
သက်လျာကိုလာဆွဲသော မောင့်လက်များကို
ခါချပြစ်ရင်း
''ဒီမှာပဲပြောကြရအောင်လေ မိန်းမရှိတဲ့ယောက်
ကျား တစ်ယောက်ကို မြူဆွယ်ဖျားယောင်းထား
တဲ့ ယောက်ကျားတစ်ယောက်ရှေ့မှာပဲရှင်းကြ
မယ် ''
တောက် !
အကို့ဆီမှ ဒေါသတကြီးတက်ခေါက်သံနှင့်အ
တူ
''သက်လျာသွယ် ငါ့မှာအိမ်ထောင်ရှိတာ ရှင်း
မသိဘူး ပြီးတော့ သူ့ဘက်က ငါ့ကိုမြူဆွယ်
ခဲ့တာလဲ မရှိဘူး ဒီထက်ရှင်းအောင်လဲ ငါမပြော
ပြတတ်ဘူးအခုပြန်မယ် ''
'' အဟက်! ''
'' ကျေးဇူးပြုပြီး ကျွန်တော်ရှေ့ကိုထပ်ပေါ်မ
လာပါနဲ့ ''
သက်လျာကိုဆွဲခေါ်နေရင်းမှ ရှင်းစကားကြောင့်
စိုင်းဝေယံကို ရှင်းဆီကိုခြေလှမ်းမျာလှမ်းမိတော့
ရှင်းက ကြောက်ရွံ့သလိုမျက်ဝန်းများဖြင့်ကြည့်
ရင်း နောက်သို့အသဲအသန်ဆုတ်သွားသည်မို့သူ့
ရင်ထဲကို အလေးနှင့်ပစ်လိုက်သလိုမျိုးအောင့်
မြတ်သွားရလေသည် ။ ရှင်း ရယ်....... ။
''စိတ်ချ ငါ့ယောက်ကျားကိုငါနိုင်အောင်ထိန်း
မယ် နင်ပဲ လာလာပြီးမမြူဆွယ်ပါနဲ့ ရုပ်လေး
ကြည့်တော့ သနားကမားနဲ့ ရှက်တတ်ရင်လဲ
သေဖို့ကောင်းတယ် ''
အဟက်! ရှင်းက မြူဆွယ်တဲ့လား အကို့ကို
လား ။ ဘယ်ယောက်ကျားကိုလဲ ။ ရှင်းသည်
လဲသာမာန်ယောက်ကျားတစ်ယောက် ။ ဘယ်
ယောက်ကျားကိုမှ မမြူဆွယ်ခဲ့ဖူးပါ မလိမ်
တမ်းဝန်ခံရမည်ဆိုလျှက် အကို့အပေါ်၌ရင်ခုန်
ပါသည် ။ ထိူရင်ခုန်ခြင်းသည်လည်း အကို့၌
ကာမပိုင် အမျိုးသမီးရှိနေတယ်ဆိုတာမသိခဲ့
၍ ။
အကိုသည်လည်းသိပ်ဟန်ဆောင်ကောင်းခဲ့
သည် ။ သူ့မှာမိန်းမရှိနေပါလျက် ရှင်းအနား
၌ ပိုင်ရှင်မရှိသူလိုမျိုး ဟန်ဆောင်နေတတ်လေ
သည် ။ တော်ကြပါတယ် အကုန်တော်ကြတယ်
ဘာမှမသိတဲ့ရှင်းပဲမှားတာ ။ အကိုက သူ့အမျိုး
သမီးကိုဆွဲပြီးခြံထဲကထွက်သွားသည်နှင့် ရှင်း
အရူပ်ကျိုးပြတ်ထိုင်ချမိသည် ။ ဘယ်ဘက်ရင်
ဘက်တဝ်ခြမ်းသည် အသက်ရူမဝနိုင်လောက်
သည်အထိ အောင့်မြတ်ကာနာကျင်နေလေသည်
ဘဝတစ်ဆစ်ဆိုတာကိုသိပေမဲ့ ရှင်းအပေါ်ကို
ဒီလောက်ရက်စက်ဖို့လိုပါသလား ကံကြမ္မာ..?
..............................................................
မောင်က ဟိုကောင့်အိမ်ကပြန်ရောက်သည်နှင့်
ဝရံတာ၌ ထိုင်၍စီးကရက်တွေကို တစ်လိပ်ပြီး
တစ်လိပ်ရိူက်ဖွာနေကာ လိုသည်ထက်ပို၍တိတ်
ဆိတ်နေလေသည်မို့ သက်လျာအနေရကြပ်လာ
လေသည် ။ အကယ်၍ မောင်သာ ဒေါသတစ်
ကြီးပြသနာရှာလျှင် ဘယ်လိုရှင်းရမလဲဆိုပြိးကြို
တွေးထားပေမဲ့ ယခုအခြေအနေကိုတော့ ......
သက်လျာ တကယ်မတွေးမိခဲ့ပါ ။
''မောင်... အိပ်သင့်နေပြီ ''
သက်လျာကပြောရင်း မောင့်ရှေ့က ဆေးလိပ်ဗူး
နှင့်မီးခြစ်ကို ကောက်ယူလိုက်တော့ မောင်က
သက်လျာလက်ကို ဆတ်ခနဲ့ဆွဲထားလေသည် ။
ပြီးတော့ မောင့်မျက်ဝန်းတွေ တစ်စုံတစ်ခုက်ူ
အသေအချာဆုံးဖြတ်ထားသလိုမျိုးပြတ်သားစူး
ရှနေလေသည် ။ ဘုရားရေ !။ မောင်ဟာသက်
လျာ ကိုထားသွားဖို့အဆင်သင့်ဖြစ်နေတာများ
လား ။
ဟင့်အင်း! မလုပ်ပါနဲ့မောင်ရယ်..... ။
''မောင်တို့ ကွာရှင်းကြရအောင်သက်လျာ ''
သက်လျာ တင်းထားသော စိတ်များလျှောကျ
သွားရကာ လူသည်လည်း ထိုင်ခုံပေါ် ပုံကျသွား
ရလေသည် ။
''သက်လျာ အဲ့အိမ်ကို လိုက်ခေါ်လိုက်မိလို့မောင်
စိတ်ဆိုးတာလား ဟင်... အဲ့ဒါဆို ဒီလောက်ထိမ
လိုပါဘူး မောင်ရယ် မောင်သွားချင်သွားနော်..
သက်လျာလ်ိုက်မခေါ်တော့ဘူး...''
'' ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာဆိုတာမျိုးကို
မောင်လက်ခံတယ် အဲ့ဒါကြောင့်လည်း မောင့်
ဘက်က ဒီယံရှင်းနဲ့သာမာန်ပက်သက်မူမျိုးနဲ့ပဲ
ပက်သက်ခဲ့တယ် မင်းနဲ့လက်မထပ်ခင်ထဲကပဲ
သက်လျာ...မောင့်မှာလက်ထပ်ရမဲ့မိန်းကလေး
ရှိတယ်ဆိုတဲ့ အသိနဲ့ မောင့်စိတ်တွေကိုသူ့အပေါ်
နယ်မကျော်ဖို့ အတင်းတားထားခဲ့တယ်
ဒါမဲ့သက်လျာလည်းခံစားဖူးမယ်ထင်ပါတယ်
ဘယ်လိုမှမဖြစ်နိုင်ရင်တောင် ကိုယ်ချစ်တဲ့သူ
နဲ့တော့ တနည်းနည်းနဲ့ နီးစပ်ချင်ကြတာပဲလေ
မောင်လဲအဲ့လိုပဲ ပြီးတော့ မောင့်မှာသက်လျာရှိ
တယ်ဆိုတဲ့စိတ်ကြောင့် ရှင်းကိုမောင်ကူညီနိုင်
သလောက်ကူညီပေးပြီးတာနဲ့ ထိုင်းဘက်ကရုံး
ကိုပြောင်းဖို့စဥ်းစားထားတာ ဒါပေမဲ့အခုတော့
အဲ့ဒါတွေကအလကားဖြစ်သွားပြီသက်လျာ...
မောင် မင်းကိုမချစ်ဘူး အရင်ကရောအခုရော
နောက်ရောပဲ ဘယ်တော့မှချစ်လာမှာမဟုတ်
ဘူး ကိုယ်မချစ်တဲ့လူတစ်ယောက်နဲ့အချိန်အ
ကြာကြီးဘယ်လိုဖြတ်သန်းကြမှာလဲ သက်လျာ
လဲ သက်လျာဖေဖေစကားကြောင့်မောင့်ကိုလက်
ထပ်တာမဟုတ်လား ဦးလေးတို့ကိုနားလည်
အောင်ပြောပေးမှာမို့ မောင်တို့အိမ်ထောင်ရေး
ကိုဒီမှာပဲအဆုံးသတ်လိုက်ကြရအောင်... ''
မောင်ကပြောပြီးသည်နှင့် ထိုင်နေရာမှထပြီး
ချက်ချင်းထွက်သွားလေသည် ။
ဝူးကနဲ့ကားမောင်းထွက်သွားသံကိုကြားရတာ
ဒီတစ်နောက်ဆုံးလို့ခံစားနေမိတာတကယ်အမှန်
ပင်ဖြစ်လိမ့်မည်ထင်သည် ။ အလွန်ဆုံးမောင်
စိတ်ဆိုးဒေါသထွက်တာလောက်ပဲ ဖြစ်မယ်လို့
ထင်ထားခဲ့တာ ။ အဟက်! သက်လျာကမောင်
ထားခဲ့တဲ့နေရာမှာ ဒီအတိုင်းနေနေမဲ့မိန်းမများ
ထင်နေသလား ။ သက်လျာ မပိုင်ရရင်ဘယ်သူ
မှ မပိုင်ရစေရဘူး ။
တူ..... တူ....
ဖုန်းဝင်သံအဆုံး ယောက်ကျားတစ်ယောက်ဖုန်း
လာကိုင်လေသည် ။
''သက်လျာရှင့်အတွက် လက်ဆောင်ကောင်း
ကောင်းလေးပြင်ထားပေးတယ် ရှင်ပဲမဟုတ်
ဘူး ရှင်စားပြီးရင်ခွေးကြွေးလိုက်လို့လဲရတယ်''
တစ်ဖက်လူ၏ပြန်ဖြေသံအဆုံး သက်လျာနူတ်
ခမ်းများပြုံးသွားရလေတော့သည် ။
ဒါဟာ မောင့်အတွက် သက်လျာရဲ့လမ်းခွဲခြင်း
လက်ဆောင်ပဲမောင် ။
.......................................................
အကိုတို့ခဏတွေ့ကြရအောင် ရှင်း ဒါဟာ
နောက်ဆုံး တောင်းဆိုတာပါ....
message လေးကိုကြည့်ရင်း ရှင်းသက်ပြင်း
တစ်ချက်ချလိုက်၏ ။ ဘယ်လိုလမ်းခွဲခြင်းကို
ပဲဖြစ်ဖြစ် ရှင်းဘက်ကအပြုံးနှင့်သာနူတ်ဆက်
ချင်သည်မို့ အကို့ကိုနောက်ဆုံးတစ်ကြိမ်သွား
တွေ့ဖို့ဆုံးဖြတ်လိုက်မိသည် ။ ဘယ်လိုပဲဖြစ်ဖြစ် အကိုဟာ သူ့အပေါ်ကောင်းခဲ့ပေးတာပဲလေ ။
''မေမေ ကျွန်တော် ခဏအပြင်သွားအုံးမလို့
ဘာဝယ်ခဲ့ပေးရမလဲ''
မေမေကတရားစာအုပ်ဖတ်နေရင်းမှရှင်းကို
တစ်ချက်သာမော့ကြည့်ပြီးခေါင်းပြန်ငုံ့သွား
ကာ
''ဘာမှမဝယ်ခဲ့နဲ့တေ့ာရှင်းလေး အိမ်စောစော
ပြန်လာ ''
''ဟုတ်ကဲ့ပါဗျ အာဘွားနော် ''
ပြောရင်း ေမမေ့ပါးလေးကိုကုန်းပြီးအာဘွား
ပေးလိုက်လေတော့မေမေက ခပ်ရေးရေးပြုံး
လေသည်။ မေမေကဖေဖေဆုံးသွားပြိိထဲကရှင်း
ကိုဆိုမျက်စိအောက်ပင်အပျောက်မခံ ။ အင်း
ပေါ့ မေမေမှာ ရှင်းပဲရှိတော့သလို ရှင်းမှာလဲ
မေမေပဲရှိတော့တာပါ ။ အင်း အရင်ကတော့
အကိုရောရှိတာပေါ့လေ ။
အတွေးနှင့်အတူ ရှင်းခြံတံကားပိတ်ပြီးအကိုပို့
ထားသောလိပ်စာဆီသို့ ဦးတည်ခဲ့လိုက်တော့
သည် ။ ထိုဆုံးဖြတ်ချက်ဟာ ရှင်းအတွက်အိမ်
မက်ဆိုးကြီးတစ်ခုကိုဖြစ်စေလိမ့်မယ်ဆိုတာကို
တော့ဘယ်သူသိနိုင်ခဲ့ပါ့မလဲလေ ။
................................................
ကဲ တိုသွားလားမသိဘူးကွာ ခင်ဗျားတို့ရဲ့
grass နေမကောင်းဘူးခင်ဗျာ အဲ့အချိန်လောင်
ရတဲ့အပိုင်းကိုရေးရတာတကယ်နေလို့မကောင်း
ပါဘူး Grassရဲ့စာဖတ်သူလေးတွေလည်းကျန်း
မာရေးဂရုစိုက်ကြပါနော် ရာသီအကူအပြောင်း
မို့ တုပ်ကွေးတွေဘာတွေဖြစ်တတ်တတ်တယ်မဟုတ်လား ဒီအပိုင်းလေးထိဖတ်ပေးကြတဲ့
တစ်ယောက်ချင်းဆီကိုgrassကကျေးဇူးအများ
ကြီးတင်ပါတယ်နော် အဆုံးထိရှိနေပေးမယ်မဟုတ်လား ...?