သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 27

4.1K 171 69
By Ennia_Yawn

တစ်မနက်ခင်းလုံး ဆေးရုံကိစ္စ‌တွေနှင့် အလုပ်ရှုပ်‌နေကာ တစ်ညနေခင်းလုံး ဘား၌ ကြည့်ရှုစစ်ဆေးပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် ရေးခေတ္တရာ သူ့ကားကို မောင်းနှင်လာရင်း ကိုကို့ဆေးခန်းရှေ့၌ ရပ်လိုက်သည်။ ကိုကို သူ့အား ဆေးခန်းရှေ့၌ ဂျူတီကုတ်ထဲ လက်နှစ်ဖက်ထည့်ပြီး စောင့်ကြိုနေလျက်ရှိ၏။

ရေး ကားအောက်ဆင်းလိုက်ပြီး ကိုကို့နားသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့၏။ သူ မည်မျှပင် အလုပ်တွေကြောင့် ပင်ပန်းနေရပါစေ ကိုကို့ဆီက လာဗင်ဒါနံ့လေးကို ရလိုက်တာနဲ့တင်၊ ကိုကို့မျက်နှာကို မြင်လိုက်ရတာနဲ့တင်၊ ကိုကို့မျက်ဝန်းညိုများ၏ အရိပ်အောက် ရောက်လာလိုက်တာနဲ့တင် နွေးထွေးလုံခြုံသွားသည်၊ အားတွေပြန်ပြည့်သွားရသည်။

"အိမ်ငှားမယ့်သူက ဒီနားမှာပဲ ရှိနေတယ်ဆိုလို့ ကိုကို့ဆေးခန်းထဲမှာ ဝင်စောင့်ခိုင်းထားလိုက်သေးတယ်"

ရေး ကိုကို့ကို လှမ်းပြောနေရင်းနဲ့ပင် လူနာရှင်းနေသည့် ဆေးခန်းထဲသို့လည်း လှမ်းကြည့်လိုက်သည်။ ကိုကိုက မနက်ဆို သူတို့၏ ကိုယ်ပိုင်ဆေးရုံ၌ ရှိတတ်ကာ ညနေ သူ ဘားသွားချိန်ဆိုလျှင် ဒီဆေးခန်း၌ လူနာကုရင်း သူ့ပြန်အလာကို စောင့်နေတတ်သည်။

နှောင်ကြိုးရိပ် ထရပ်လိုက်၏။ အိမ်ပိုင်ရှင်ကို လူကြီးပိုင်းမဟုတ်လောက်မှန်းတော့ ဖုန်းထဲက အသံဖြင့် ခန့်မှန်းလိုက်မိသော်လည်း ယခုလောက်ထိ ငယ်နေမည်ဟုလည်း မထင်လိုက်မိပေ။ သူ့ထက်တော့ ကြီးမည့်ပုံရသော်ငြား ထိုအိမ်ပိုင်ရှင်အမျိုးသားက ကိုကို့အရွယ်လောက်သာ ရှိဦးမည့်ပုံရှိပြီး နှင်းလိုဖြူသည့် အသားအရေရှိ‌သော ထိုအစ်ကိုက အလွန်တရာမှ လှပလွန်းသော အမျိုးသားတစ်ယောက်ဖြစ်နေလေသည်။

ရိပ် ခပ်သွက်သွက် နှုတ်ဆက်လိုက်၏။

"ဖုန်းဆက်ထားတဲ့ တစ်ယောက်ပါ၊ ကျွန်တော်တစ်ယောက်ထဲပဲ နေဖြစ်မှာပါ၊ အစ်ကို့ဖက်က အဆင်ပြေမယ်ဆို ဒီညပဲ စာချုပ်ချုပ်လို့ရနိုင်မလား၊ ကျွန်တော်က နယ်ကမလို့ ဒီည တခြားမှာလည်း ထပ်သွားမတည်းချင်တော့လို့ပါ"

ရေး ဖြူဖျော့ဖျော့ဖြစ်နေသည့် ကောင်လေးကို တစ်ချက်အကဲခတ်လိုက်ရင်း ကိုကို့အား လှမ်းကြည့်လိုက်၏။ ရိုင်းလ်စေတန် ‌ဆေးခန်းပေါက်ဝကနေသာ ရေးကို စောင့်ကြည့်နေရင်း ဝင်လာကတည်းက ဆရာဝန်မျက်စိဖြင့် ကြည့်မိပြီးသားမို့ အိမ်ငှားမည့်ကောင်လေးက လိုတာထက် ဖျော့တော့လွန်းနေသည်ဟု သတိထားမိခဲ့သည်။

"ခေတ္တရာ အဆင်ပြေရင် သူ့ကို အိမ်သော့ပေးရင် ပေးလိုက်လေ၊ စာချုပ်ကိစ္စတော့ မနက်မှပဲ ‌အေးဆေးလုပ်တော့ပေါ့"

ရေး ခေါင်းညိတ်ပြလိုက်ပြီး ကိုကို့ကို ဆေးခန်းမှာပဲ ခဏထားခဲ့ကာ ထိုကောင်လေးနှင့် အိမ်ပေါ်တက်လာခဲ့ကြသည်။

အနောက်တိုင်းဆန်ဆန် တည်ဆောက်ထားသည့် သူတို့၏အိမ်လေးက အောက်ထပ်၏ တစ်ဖက်တစ်ချပ်တွင် ကိုကို့ဆေးခန်းနှင့် ကော်ဖီဆိုင်ရှိသည်။ အပေါ်ထပ်တွင်မူ သူနှင့်ကိုကိုတို့ လက်ရှိနေထိုင်လျက်ရှိသည့် အခန်းနှင့် တစ်ဖက်တွင်မူ အိမ်ငှားတင်နေကျ အခန်းရှိ၏။ ‌ဆေးခန်းနှင့် ကော်ဖီဆိုင်ကြား၌ လှေကားရှိပြီး ထိုလှေကားကတဆင့် ရေး ဒုတိယထပ်သို့ အိမ်ငှားမည့်ကောင်လေးအား ခေါ်လာခဲ့ကာ သူတို့အခန်း၏ မျက်နှာချင်းဆိုင် တိုက်ခန်းကို သော့ဖွင့်ပေးလိုက်သည်။

"အကုန်လုံးတော့ ပြင်ပြီးသားပါ၊ ပစ္စည်းတွေလည်း အစုံရှိတယ်၊ ပရိဘောဂတွေကအစ ရှိတော့ တခြားပစ္စည်းမပါရင်တောင် အသင့်တက်နေလို့ အဆင်ပြေတယ်၊ လစာကတော့ ဖုန်းထဲမှာ ပြောထားခဲ့ပြီးတဲ့အတိုင်းပဲ အဆင်ပြေတယ်ဆိုရင် ဒီညပဲ တက်နေလို့ရပါတယ်"

ရိပ် သူနေရမည့် တိုက်ခန်းလေးကို ဝင်ကြည့်လိုက်စဉ် တိုက်ခန်းလေးက သူ မြင်နေကျ အရောင်တွေနှင့် အနည်းငယ် ခွဲထွက်နေသည်။ နံရံတွေကို ခရမ်းရောင်သုတ်ထားတာကို တွေ့ရသည်။ သူ့နောက်က လိုက်ပြနေသည့် အိမ်ပိုင်ရှင်ကလည်း ခရမ်းရောင်အနု ရှပ်အင်္ကျီကို တံတောင်ထိ လက်ခေါက်တင်ဝတ်ထားကာ ခရမ်းရင့်ရောင် စတိုင်ပန်နှင့် တွဲဝတ်ထားတာမို့ ဒီအစ်ကို့အကြိုက်က ခရမ်းရောင်ဖြစ်လောက်သည်ဟု ရိပ်တစ်ယောက် ဘာရယ်မဟုတ်ပင် တွေးမိသွား၏။

"အဆင်မပြေတာရှိရင် ဘေးကအခန်းကို လာပြောလို့ရတယ်၊ ကျွန်တော် ဘေးအခန်းမှာပဲ နေတာ၊ နယ်ကဆိုတော့ ဘယ်ဖက်ကလဲ"

"ပုပ္ပားဖက်ကပါ"

"အိုး၊ ကျွန်တော်က ပုဂံကလေ၊ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာပဲ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော့်နာမည် ရေးခေတ္တရာပါ၊ လိုတာရှိရင် ဘာမဆို လှမ်းပြောပါ၊ အားမနာနဲ့"

ရိပ် သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်ရင်း ပုဂံကနေ လွတ်အောင် ပြေးလာခဲ့ကာမှ ပုဂံကလူနဲ့ တိုက်ရိုက်တိုးနေရတာမို့ အနည်းငယ် ဘဝင်မကျဖြစ်သွားမိသော်ငြား ဒီညီအစ်ကိုနှစ်ယောက်က စိတ်ရင်းမှန်သူတွေမှန်း ခန့်မှန်းလိုက်မိတာမို့ သူ ဒီမှာပဲ ငှားနေဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအစ်ကို သူ့အား လိုတာစီစဉ်ပေးပြီး ပြန်ထွက်သွားချိန် ရိပ် သူ့ကျောပိုးအိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ကာ ဝရန်တာဖက် အရင်ထွက်လာလိုက်သည်။ သူ ခရီးပန်းနေလို့ရော မနေ့ညက ကိုကိုနဲ့ အတူနေမိသွားသည့် အရှိန်ကြောင့်ပါ လူက ကိုင်ရိုက်ထားသလို ပင်ပန်းနေသည်။ ကိုကိုနဲ့ တူတူနေမိသွားတာက ရိပ်အား ယခုလို အမြန်ရှောင်ထွက်လာစေဖို့ ဖြစ်သွားစေခဲ့တာပင်။ သူ နေဆက်ပိုင်နှင့် ကိုကို့ကြား အနှောင့်အယှက် မဖြစ်ချင်တော့သလို ကိုကိုနဲ့လည်း နှောင်ကြိုးတွေ မရစ်တွယ်မိချင်တော့ပေ။

အောက်က ဆေးခန်းရှေ့၌ မျက်ဝန်းညိုများနှင့် အမျိုးသားဘေး ပြန်ရောက်သွားသည့် အစ်ကိုရေးကို သူ လှမ်းတွေ့လိုက်သည်။ အစ်ကိုရေးက ထိုအမျိုးသား၏လက်မောင်းကို ကြောင်လေးလို ပွတ်သီးပွတ်သတ်လုပ်နေတာကို မြင်လိုက်ရတာကြောင့် သူ ဒီညီအစ်ကိုနှစ်ယောက်၏ အခုလိုပုံစံလေး မြင်လိုက်ရတာနဲ့တင် ကြားထဲက ကြည်နူးမိပါ၏။

ကိုကိုသာ ရှိနေသေးလျှင်လည်း ရိပ် ကိုကို့အား အခုလိုလေး ချွဲချင်၊ ဂျီကျချင်ပါသေးသည်။ သူ့ဘေး၌ မိသားစုဝင်တစ်ယောက်မှ မကျန်တော့ချိန်၌ သူ ကိုကို့အား အရင်ကထက်ပင် သတိရမိပါသေးသည်။

ရိပ် အိမ်ထဲပြန်ဝင်လိုက်ပြီး ခရမ်း‌ရောင်အိပ်ရာခင်း ခင်းထားသည့် ကုတင်ပေါ်သို့သာ ပစ်လှဲချလိုက်မိ၏။ မျက်လုံးတွေ မှိတ်ချလိုက်မိ၏။ အိပ်မက်ထဲ၌ တေဇ သူ့နောက် လိုက်လာသည်ဟု ဆက်တိုက်မက်နေကာ သူ တေဇနား နေရမှာ ကြောက်လွန်းလို့ အိပ်မက်ထဲ၌ပင် အမောတကော ပတ်ပြေးနေမိသည်။

မနက်ခင်း၌ ရိပ် အိပ်ရေးမဝစွာဖြင့် ပြန်နိုးလာသည်။ မထသေးဘဲ မျက်နှာကြက်ကိုသာ အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေရင်း ဒီမှာနေပြီး ဘာအလုပ်လုပ်ရမလဲနှင့် သူ့ဘဝကို မည်ကဲ့သို့ ရှေ့ဆက်ရမလဲဆိုတာ စိတ်မောစွာ တွေးကြည့်နေသည်။

-----------------

လာဗင်ဒါနံ့တွေ လွှမ်းခြုံနေသည့် ခရမ်းရောင်အိပ်ခန်းထဲ၌ ရေးခေတ္တရာ ကိုကို သူ့ဇက်ကြောတွေ နှိပ်ပေးတာကို ခံယူနေရ၏။ သူ အခုတလော အလုပ်တွေ အလွန်များနေခဲ့တာမို့ ဇက်တွေပင် တောင့်ခဲနေ၏။

ရေး ခေါင်းအုံးပေါ် မျက်နှာအပ်ထားရင်းမှနေ ကိုကို့ပေါင်ပေါ် ပြောင်းအိပ်လိုက်ကာ-

"ဟိုဖက်ခန်းမှာ ငှားနေတဲ့ ကောင်လေးက ဒီတစ်လလုံး အိမ်ထဲက အိမ်ပြင်တောင် လုံးဝထွက်မလာဘူး‌နော်၊ ‌အစားကိုတောင် မှာပဲစားတာထင်တယ်၊ အစားအသောက်ပို့တဲ့သူတော့ နေ့တိုင်းလာနေတာ တွေ့မိလို့"

"သူ အိမ်ပြင်မထွက်ချင်လို့ နေမှာပေါ့"

"ကျွန်တော်က သူ ပုပ္ပားဇာတိဆိုတော့ ပုဂံကို လွမ်းသွားလို့ စကားပြောဖော် အိမ်နီးချင်းရပြီထင်ထားတာ၊ မဟုတ်မှလွဲရော အဲ့တစ်ယောက်က ရာဇဝတ်သားများ ဖြစ်နေမလား မသိဘူး၊ လာပုန်းနေတာ ထင်တယ်"

ရိုင်းလ်စေတန် သူ့ပေါင်ပေါ်က ကောင်လေးကို သူများအကြောင်း စိတ်ဝင်စားနေခြင်း ရပ်တန့်သွားစေရန်အလို့ငှာ မီးပိတ်ပစ်လိုက်ပြီး ရေး၏နှုတ်ခမ်းလွှာကြားကနေ သူ့နာမည်ကိုသာ အော်ညည်းလာစေရန် ပြုမူနေခဲ့လေသည်။

----------------

ဒီည ရိုင်းလ် သူ့ဆေးခန်းကို ပိတ်တော့ဖို့ ပြင်နေသည်။ ရေးလည်း ပြန်ရောက်လာပြီဖြစ်သလို လူနာလည်း ပါးသွားပြီမို့ ရေးကို သူ အိမ်ပေါ် အရင်တက်နားခိုင်းလိုက်ပြီး ဂျူတီကုတ်ချွတ်ရင်း သူပါ တက်နားတော့ဖို့ ပြင်နေစဉ် နှစ်လလုံးနေမှ  မျက်နှာပြန်မြင်ရတော့သည့် အိမ်ငှားကောင်လေး ဆေးခန်းထဲ ဝင်လာတာကို တွေ့လိုက်ရသည်။

ရိပ် သူ့ခန္ဓာကိုယ်ပေါ်မှ အနွေးထည်ကို ဆွဲစိလိုက်ရင်း မဝံ့မရဲစွာ ထိုအစ်ကို့ဆီ ဝင်လာခဲ့သည်။

"ဆရာ ဆေးခန်းပိတ်တော့မှာထင်တယ်၊ ကျွန်တော် နောက်ညမှ ပြန်လာခဲ့တော့မယ်"

ကြွေတော့မည့်သစ်ရွက်လေးလို နွမ်း‌ဖတ်နေသည့် ရိပ်ကို မြင်လိုက်ရတာကြောင့် ရိုင်းလ် လက်ကာပြလိုက်ကာ အားမနာဘဲ ဝင်လာခဲ့ဖို့ ခေါ်လိုက်ရသည်။

ရေးက ဒီကောင်လေးကို အိမ်တွင်းပုန်းလုပ်နေတာကြောင့် ရာဇဝတ်သားဟု ထင်နေသော်လည်း သူကတော့ စတွေ့ကတည်းက ရိပ်က စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ‌မကျန်းမာသူဟု အကဲခတ်လိုက်မိပြီးသားဖြစ်သည်။ သူက စိတ်ရောဂါကုသည့် ဆရာဝန် မဟုတ်သော်ငြား ကိုယ်တိုင်လည်း စိတ်ရောဂါဖြစ်ဖူးခဲ့သူမို့ ကိုယ်ချင်းစာသည်။ စိတ်အဆင်မပြေချိန်၌ ရိပ် တစ်ယောက်တည်းပဲ နေချင်နေမှာကို သတိထားမိတာကြောင့် ရေး ဒီကောင်လေးကို သွားနှောင့်ယှက်နေမှာစိုးလို့တောင် မလိုအပ်ပဲ ထိုအခန်းကို သွားမခေါက်ဖို့ပင် မှာထားရသည်။

"ဆရာ ကျွန်တော် အခုရက်ပိုင်း နေလို့တော်တော်မကောင်းဘူး၊ အန်နေတာ တစ်ပတ်ကျော်ရှိပြီ၊ အဖျားလည်း ရှိတယ်၊ ဗိုက်လည်း အောင့်နေလို့"

ရိပ် ဆရာ ကုတင်ပေါ်တက်ခိုင်းတာမို့ တက်လှဲလိုက်ရပြီး အခုရက်ပိုင်း အထိုင်အထ အလှဲအပြုပင် လေးလံနေတာမို့ သူ သေခါနီးများ ဖြစ်နေပြီလား ထင်မိလာ၏။ ဟင်းချက်လည်း မစားဖြစ်သလို နှစ်လနီးနီး အိမ်ထဲမှာပဲ ခွေနေမိသည်။ သူ အပြင်ထွက်လျှင် သူ့ကို ကိုကို ပြန်ဖမ်းမိသွားမှာ ကြောက်သည်။

ရိုင်းလ် ထိုကောင်လေးအား စစ်ဆေးမှုများ သေချာလုပ်နေရင်း မျက်မှောင်ကြုတ်လျက်ရှိ၏။ ဒီကောင်လေး၏ ခန္ဓာကိုယ်က ပုံမှန်မဟုတ်သလိုမို့ သူ ရုတ်တရက် အဖြေရှာမရပင် ဖြစ်သွားသည်။

အဖျားတော့ တကယ်ရှိနေကာ လိုတာထက် ဖျော့တော့လွန်းနေသည့် ရိပ်က ပိုပိုဖျော့တော့လာတာက ဖယောင်းဖြူလေးလို ဖြစ်နေသည်။

"ဆရာ မင်းကို ဒီညအတွက် သောက်ဆေးအရင်ပေးလိုက်မယ်၊ မနက်ဖြန် ဆရာ့ဆေးရုံကို လာခဲ့ပေး၊ သေချာစစ်ကြည့်ရမှာတွေ ရှိသေးတယ်"

ရိပ် ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်ကာ ဆရာ ကမ်းပေးသည့် လိပ်စာကတ်ကို လှမ်းယူလိုက်ပြီး ကြည့်လိုက်သည်။ ဆေးရုံအမည်က ရေးခေတ္တရာဖြစ်ကာ ဒီအစ်ကိုက ဆေးရုံအုပ်မှန်း မြင်လိုက်ရတာမို့ သူ အံ့ဩစွာဖြင့် ဆိုလိုက်မိ၏။

"ဆေးရုံနာမည်က ဆရာ့ညီလေးနာမည်နဲ့ တူတယ်နော်"

အိမ်ပိုင်ရှင်နာမည်ကို ရိပ် မှတ်ထားဖူးတာမို့ ဆိုလိုက်ခြင်းဖြစ်သည်။

ဆေးစာရေးနေသည့် ရိုင်းလ်စေတန် ပြုံးလိုက်မိကာ ရိပ်အား ဆေးစာရွက် ကမ်းပေးလိုက်ပြီး-

"ခေတ္တရာက ဆရာ့အမျိုးသားပါ"

ရိပ်၏နှုတ်ခမ်းပါးလေး မဆိုသလောက် ပွင့်ဟသွားခဲ့ကာ သူ ဘာပြန်ပြောရမလဲမသိ ဖြစ်သွားရသည်။ သူများတွေရဲ့အိမ်ထောင်ရေးက‌တော့ အေးချမ်းလိုက်တာဟု ရိပ် သူ့ကိုယ်သူ အားငယ်သွားမိသည်။ အခုလို နေမကောင်းချိန်၌မူ တေဇကို သူ့ဘေးမှာ ရှိနေစေချင်မိသည်။

"ဒါဆို မနက်ဖြန် ဆေးရုံကို ဆက်ဆက်လာခဲ့လေ၊ ကောင်တာမှာ ဆေးထုတ်သွားလိုက်ဦး"

------------------

ရေးခေတ္တရာဟု အမည်တွင်သည့် ဆေးရုံထဲမှ နှောင်ကြိုးရိပ် မျက်ရည်ဝဲနေသည့် မျက်ဝန်းများဖြင့် ဒုတိယတစ်ကြိမ် ထပ်ထွက်လာခဲ့၏။

သူ ထင်သည့်အတိုင်း သူ့ထံ၌ ကလေးလေး ထပ်ရှိနေခဲ့တာဖြစ်သည်။ ထို့အတွက် နောက်တစ်ကြိမ် ဘာလေးလဲ ပြန်လာစစ်ဆေးမှုခံယူပြီး ထွက်လာတာဖြစ်သည်။

သူ့ကလေးလေးနှစ်ယောက် သူ့ဆီ ပြန်ရောက်လာတာ သေချာပါ၏။ ထိုအမွှာလေးတွေက နှစ်ယောက်ထဲပင်မကဘဲ သူငယ်ချင်းပင် ရခဲ့ကြသည့်အလား သူ့ဗိုက်ထဲသို့ အဖော်ခေါ်လာပုံပင်။ ရိပ်ဗိုက်ထဲ၌ ကိုကို့ရင်သွေး သုံးမွှာပူးလေးကို လွယ်ထားရခြင်း ဖြစ်သည်။

ကလေးတွေ မရှိတော့ကတည်းက အသက်ရှင်ရန် ရည်ရွယ်ချက် ပျောက်ဆုံးနေခဲ့သည့် ရိပ်တစ်ယောက် ကလေးရှိနေတာ သိရချိန်၌ အရင်ကထက်ပင် ရှင်သန်လိုစိတ်များ ပြင်းထန်လာခဲ့ပြန်လေသည်။ လှေကားထစ်ကို မြင်လျှင်ပင် ကြောက်နေတတ်သူမို့ ဆေးရုံလှေကားထစ်များကို သတိကြီးစွာ ဆင်းလာခဲ့၏။ အိမ်ပေါ်သို့လည်း သတိကပ်ပြီး တက်လာခဲ့၏။ ဒီကလေးတွေကို လူ့လောကထဲသို့ မရောက်ရောက်အောင် ရိပ် ခေါ်မှာဖြစ်သည်။ ထို့အတွက် သူ့ကိုယ်သူ ဂရုစိုက်လျက်ရှိသည်။

ရိပ် နေထိုင်ရာ အောက်ထပ်၌ ကော်ဖီဆိုင်ရှိသည်။ ထိုဆိုင်၏ ဘေးတွင် ဆေးခန်းရှိသည်။ မှန်ချပ်ရှည်တွေဖြင့် လှပစွာ တည်ဆောက်ထားသော ကော်ဖီဆိုင်ထဲမှ တေဇဓိရာဇ် ရိပ်ပြန်အလာကို ပုံမှန်တိုင်း ရုပ်ဖျက်ရင်း စောင့်ကြည့်နေသည်။

သူ ဒီနှစ်လလုံး ရိပ်၏ အနီးဆုံးမှာပဲ ရှိနေခဲ့၏။ ရိပ်နေထိုင်သည့် ဒီအိမ်ရှိရာ လမ်းထဲမှာပဲ သူ ငှားနေလျက်ရှိသည်။ ရိပ်ကို သူ အနီးကပ် ထွေးပွေ့ထားချင်‌သော်ငြား ရိပ်နားကို မသွားမိအောင် ထိန်းချုပ်ထားရသည်။ ရိပ်အတွက် အချိန်လိုဦးမှာဖြစ်တာမို့ သူ အတင်းအကြပ် အနှောင့်အယှက်မပေးချင်။ သူ့မျက်နှာမြင်ပြီး ရိပ် ပင်ပန်းကြီးစွာဖြင့် ထပ်ထွက်ပြေးသွားမှာကိုလည်း သူ မဖြစ်စေချင်။ သူ ဒီနှစ်လလုံး ရိပ် ကျန်းကျန်းမာမာရှိနေတာ သေချာမြင်ရစေရန်အတွက်မူ အစားအသောက်ပို့သည့်လူအဖြစ် ရိပ်ထံသို့ ‌မနက်စာ၊ နေ့လယ်စာ၊ ညစာ ရုပ်ဖျက်ပြီး လာပို့သည်။

ဒီညနေစာအတွက်လည်း တေဇ ပုံမှန်အတိုင်း အ‌စားအသောက်ပို့ရန် တက်လာသည်။

သူ တံခါးခေါက်နေတာ ကြာပြီဖြစ်သော်လည်း ရိပ်က အရင်လို ချက်ချင်းဖွင့်မလာတာမို့ သူ စိတ်ပူသွားရ၏။

"ရိပ်. .ရိပ်၊ တံခါးဖွင့်ဦး"

တံခါးခေါက်သံ ရုတ်တရက်ကြားလိုက်ရချိန်၌ မနက်က ဝယ်လာတဲ့ အသီးတွေ ခွဲနေသည့် ရိပ် လန့်သွားကာ ဓားရှသွားသည်။ ကလေးတွေ ရှိလာတိုင်း သူ အရင်ထက် အသားတွေ ပိုနာကျင်လာတတ်သလို အရင်နဲ့မဆိုင်စွာ အသည်းငယ်လာတတ်၏။ လှေကားမြင်လျှင် ဆင်းဖို့တက်ဖို့ ကြောက်ပြီး လူရိပ်တွေ့လျှင်ပင် သူ့ကလေးတွေကို ဖျက်ဆီးမည့်သူ ဖြစ်နေမလားဟု ထိတ်လန့်နေတတ်သည်။

လက်ကို ရေအရင်ဆေးပြီး သွေးတိတ်အောင် လုပ်နေမိတာမို့ ညစာအတွက် ပုံမှန်မှာနေကျဆိုင်က အလုပ်သမား ရောက်လာတာ သိသော်လည်း သူ ချက်ချင်းမဖွင့်နိုင်ဖြစ်နေတာကို ထိုလူက အသည်းအသန်ခေါက်နေသည်။

ရိပ် တံခါးကို ဆွဲဖွင့်လိုက်ချိန် သူ့ဆီ ဖျတ်ခနဲ တိုးဝင်လာသော လူရိပ်။ ထိုလူ သူ့အား တင်းကြပ်စွာ သိုင်းဖက်လာ၏။

"ရိပ် တစ်ခုခုများ ဖြစ်နေတာလားလို့ ကိုယ် စိတ်ပူလိုက်ရတာကွာ"

ရိပ် ကိုကို့ကိုမြင်လိုက်ရချိန်၌ ထိတ်လန့်သွားသည့်စိတ်က ဘာနဲ့မှပင် ဖော်ပြလို့မရ။ ကလေးတွေ ရှိနေပါပြီဆိုကာမှ ကိုကို သူ့ကို ရှာတွေ့သွားပြန်ပြီဖြစ်၏။ ကိုကို့မိဘတွေ သူ့ဆီရောက်လာပြီး သူ့ကို ထိခိုက်အောင် လုပ်ကြဦးမည်။

ဟင့်အင်း၊ သူက သေသေရှင်ရှင် အရေးမကြီး၊ ကလေးလေးတွေကိုတော့ ဒီတစ်ခါ အလွဲအချော်အဖြစ်မခံနိုင်။

ထိုကြောက်လန့်စိတ်က နဂိုကတည်းကမှ ‌လှုပ်လီလှုပ်ယဲ့ဖြစ်နေသည့် ရိပ်ကို ကိုကို့ရင်ခွင်ထဲမှာပဲ သတိလစ်သွားသည့်အထိ ဖြစ်သွားစေခဲ့၏။

"ရိပ်. .ရိပ်"

တေဇ သူ့ပေါ် ခွေကျလာသည့် ရိပ်ကို ကောက်ပွေ့လိုက်ရကာ ကုတင်ပေါ် အရင်တင်လိုက်ရသည်။ ရိပ် စိတ်မပင်ပန်းစေချင်လို့ပင် သူ ဒီနှစ်လလုံး အနားတောင် မလာခဲ့တာကို အခုလို ဖြစ်ရတာမို့ တေဇ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။

ရိပ်ကို ဆေးရုံပို့ဖို့လိုတာလား မသိတာမို့ တေဇ ရင်ပူစွာဖြင့် အောက်အရင်ပြေးဆင်းလာသည်။ အောက်ထပ်က ဒေါက်တာ့ကို အပေါ်ထပ်သို့ အိမ်ပင့်လိုက်ပေးဖို့ တောင်းဆိုလိုက်ပြီး သူ ထိုဒေါက်တာနှင့်အတူ အိမ်ပေါ် ပြေးတက်လာသည်။

________________________

24.1.2024

[Zawgyi]

တစ္မနက္ခင္းလုံး ေဆး႐ုံကိစၥ‌ေတြႏွင့္ အလုပ္ရႈပ္‌ေနကာ တစ္ညေနခင္းလုံး ဘား၌ ၾကည့္ရႈစစ္ေဆးၿပီး ပင္ပန္းႏြမ္းနယ္စြာျဖင့္ ေရးေခတၱရာ သူ႕ကားကို ေမာင္းႏွင္လာရင္း ကိုကို႔ေဆးခန္းေရွ႕၌ ရပ္လိုက္သည္။ ကိုကို သူ႕အား ေဆးခန္းေရွ႕၌ ဂ်ဴတီကုတ္ထဲ လက္ႏွစ္ဖက္ထည့္ၿပီး ေစာင့္ႀကိဳေနလ်က္ရွိ၏။

ေရး ကားေအာက္ဆင္းလိုက္ၿပီး ကိုကို႔နားသို႔ ခပ္သုတ္သုတ္ ေလွ်ာက္လာခဲ့၏။ သူ မည္မွ်ပင္ အလုပ္ေတြေၾကာင့္ ပင္ပန္းေနရပါေစ ကိုကို႔ဆီက လာဗင္ဒါနံ႕ေလးကို ရလိုက္တာနဲ႕တင္၊ ကိုကို႔မ်က္ႏွာကို ျမင္လိုက္ရတာနဲ႕တင္၊ ကိုကို႔မ်က္ဝန္းညိုမ်ား၏ အရိပ္ေအာက္ ေရာက္လာလိုက္တာနဲ႕တင္ ေႏြးေထြးလုံၿခဳံသြားသည္၊ အားေတြျပန္ျပည့္သြားရသည္။

"အိမ္ငွားမယ့္သူက ဒီနားမွာပဲ ရွိေနတယ္ဆိုလို႔ ကိုကို႔ေဆးခန္းထဲမွာ ဝင္ေစာင့္ခိုင္းထားလိုက္ေသးတယ္"

ေရး ကိုကို႔ကို လွမ္းေျပာေနရင္းနဲ႕ပင္ လူနာရွင္းေနသည့္ ေဆးခန္းထဲသို႔လည္း လွမ္းၾကည့္လိုက္သည္။ ကိုကိုက မနက္ဆို သူတို႔၏ ကိုယ္ပိုင္ေဆး႐ုံ၌ ရွိတတ္ကာ ညေန သူ ဘားသြားခ်ိန္ဆိုလွ်င္ ဒီေဆးခန္း၌ လူနာကုရင္း သူ႕ျပန္အလာကို ေစာင့္ေနတတ္သည္။

ေႏွာင္ႀကိဳးရိပ္ ထရပ္လိုက္၏။ အိမ္ပိုင္ရွင္ကို လူႀကီးပိုင္းမဟုတ္ေလာက္မွန္းေတာ့ ဖုန္းထဲက အသံျဖင့္ ခန႔္မွန္းလိုက္မိေသာ္လည္း ယခုေလာက္ထိ ငယ္ေနမည္ဟုလည္း မထင္လိုက္မိေပ။ သူ႕ထက္ေတာ့ ႀကီးမည့္ပုံရေသာ္ျငား ထိုအိမ္ပိုင္ရွင္အမ်ိဳးသားက ကိုကို႔အ႐ြယ္ေလာက္သာ ရွိဦးမည့္ပုံရွိၿပီး ႏွင္းလိုျဖဴသည့္ အသားအေရရွိ‌ေသာ ထိုအစ္ကိုက အလြန္တရာမွ လွပလြန္းေသာ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနေလသည္။

ရိပ္ ခပ္သြက္သြက္ ႏႈတ္ဆက္လိုက္၏။

"ဖုန္းဆက္ထားတဲ့ တစ္ေယာက္ပါ၊ ကြၽန္ေတာ္တစ္ေယာက္ထဲပဲ ေနျဖစ္မွာပါ၊ အစ္ကို႔ဖက္က အဆင္ေျပမယ္ဆို ဒီညပဲ စာခ်ဳပ္ခ်ဳပ္လို႔ရနိုင္မလား၊ ကြၽန္ေတာ္က နယ္ကမလို႔ ဒီည တျခားမွာလည္း ထပ္သြားမတည္းခ်င္ေတာ့လို႔ပါ"

ေရး ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနသည့္ ေကာင္ေလးကို တစ္ခ်က္အကဲခတ္လိုက္ရင္း ကိုကို႔အား လွမ္းၾကည့္လိုက္၏။ ရိုင္းလ္ေစတန္ ‌ေဆးခန္းေပါက္ဝကေနသာ ေရးကို ေစာင့္ၾကည့္ေနရင္း ဝင္လာကတည္းက ဆရာဝန္မ်က္စိျဖင့္ ၾကည့္မိၿပီးသားမို႔ အိမ္ငွားမည့္ေကာင္ေလးက လိုတာထက္ ေဖ်ာ့ေတာ့လြန္းေနသည္ဟု သတိထားမိခဲ့သည္။

"ေခတၱရာ အဆင္ေျပရင္ သူ႕ကို အိမ္ေသာ့ေပးရင္ ေပးလိုက္ေလ၊ စာခ်ဳပ္ကိစၥေတာ့ မနက္မွပဲ ‌ေအးေဆးလုပ္ေတာ့ေပါ့"

ေရး ေခါင္းညိတ္ျပလိုက္ၿပီး ကိုကို႔ကို ေဆးခန္းမွာပဲ ခဏထားခဲ့ကာ ထိုေကာင္ေလးႏွင့္ အိမ္ေပၚတက္လာခဲ့ၾကသည္။

အေနာက္တိုင္းဆန္ဆန္ တည္ေဆာက္ထားသည့္ သူတို႔၏အိမ္ေလးက ေအာက္ထပ္၏ တစ္ဖက္တစ္ခ်ပ္တြင္ ကိုကို႔ေဆးခန္းႏွင့္ ေကာ္ဖီဆိုင္ရွိသည္။ အေပၚထပ္တြင္မူ သူႏွင့္ကိုကိုတို႔ လက္ရွိေနထိုင္လ်က္ရွိသည့္ အခန္းႏွင့္ တစ္ဖက္တြင္မူ အိမ္ငွားတင္ေနက် အခန္းရွိ၏။ ‌ေဆးခန္းႏွင့္ ေကာ္ဖီဆိုင္ၾကား၌ ေလွကားရွိၿပီး ထိုေလွကားကတဆင့္ ေရး ဒုတိယထပ္သို႔ အိမ္ငွားမည့္ေကာင္ေလးအား ေခၚလာခဲ့ကာ သူတို႔အခန္း၏ မ်က္ႏွာခ်င္းဆိုင္ တိုက္ခန္းကို ေသာ့ဖြင့္ေပးလိုက္သည္။

"အကုန္လုံးေတာ့ ျပင္ၿပီးသားပါ၊ ပစၥည္းေတြလည္း အစုံရွိတယ္၊ ပရိေဘာဂေတြကအစ ရွိေတာ့ တျခားပစၥည္းမပါရင္ေတာင္ အသင့္တက္ေနလို႔ အဆင္ေျပတယ္၊ လစာကေတာ့ ဖုန္းထဲမွာ ေျပာထားခဲ့ၿပီးတဲ့အတိုင္းပဲ အဆင္ေျပတယ္ဆိုရင္ ဒီညပဲ တက္ေနလို႔ရပါတယ္"

ရိပ္ သူေနရမည့္ တိုက္ခန္းေလးကို ဝင္ၾကည့္လိုက္စဥ္ တိုက္ခန္းေလးက သူ ျမင္ေနက် အေရာင္ေတြႏွင့္ အနည္းငယ္ ခြဲထြက္ေနသည္။ နံရံေတြကို ခရမ္းေရာင္သုတ္ထားတာကို ေတြ႕ရသည္။ သူ႕ေနာက္က လိုက္ျပေနသည့္ အိမ္ပိုင္ရွင္ကလည္း ခရမ္းေရာင္အႏု ရွပ္အကၤ်ီကို တံေတာင္ထိ လက္ေခါက္တင္ဝတ္ထားကာ ခရမ္းရင့္ေရာင္ စတိုင္ပန္ႏွင့္ တြဲဝတ္ထားတာမို႔ ဒီအစ္ကို႔အႀကိဳက္က ခရမ္းေရာင္ျဖစ္ေလာက္သည္ဟု ရိပ္တစ္ေယာက္ ဘာရယ္မဟုတ္ပင္ ေတြးမိသြား၏။

"အဆင္မေျပတာရွိရင္ ေဘးကအခန္းကို လာေျပာလို႔ရတယ္၊ ကြၽန္ေတာ္ ေဘးအခန္းမွာပဲ ေနတာ၊ နယ္ကဆိုေတာ့ ဘယ္ဖက္ကလဲ"

"ပုပၸားဖက္ကပါ"

"အိုး၊ ကြၽန္ေတာ္က ပုဂံကေလ၊ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ရတာပဲ၊ ေတြ႕ရတာ ဝမ္းသာပါတယ္၊ ကြၽန္ေတာ့္နာမည္ ေရးေခတၱရာပါ၊ လိုတာရွိရင္ ဘာမဆို လွမ္းေျပာပါ၊ အားမနာနဲ႕"

ရိပ္ သူ႕ကိုယ္သူ ျပန္မိတ္ဆက္လိုက္ရင္း ပုဂံကေန လြတ္ေအာင္ ေျပးလာခဲ့ကာမွ ပုဂံကလူနဲ႕ တိုက္ရိုက္တိုးေနရတာမို႔ အနည္းငယ္ ဘဝင္မက်ျဖစ္သြားမိေသာ္ျငား ဒီညီအစ္ကိုႏွစ္ေယာက္က စိတ္ရင္းမွန္သူေတြမွန္း ခန႔္မွန္းလိုက္မိတာမို႔ သူ ဒီမွာပဲ ငွားေနဖို႔ ဆုံးျဖတ္လိုက္သည္။

ထိုအစ္ကို သူ႕အား လိုတာစီစဥ္ေပးၿပီး ျပန္ထြက္သြားခ်ိန္ ရိပ္ သူ႕ေက်ာပိုးအိတ္ကို ဆိုဖာေပၚ ပစ္တင္လိုက္ကာ ဝရန္တာဖက္ အရင္ထြက္လာလိုက္သည္။ သူ ခရီးပန္းေနလို႔ေရာ မေန႕ညက ကိုကိုနဲ႕ အတူေနမိသြားသည့္ အရွိန္ေၾကာင့္ပါ လူက ကိုင္ရိုက္ထားသလို ပင္ပန္းေနသည္။ ကိုကိုနဲ႕ တူတူေနမိသြားတာက ရိပ္အား ယခုလို အျမန္ေရွာင္ထြက္လာေစဖို႔ ျဖစ္သြားေစခဲ့တာပင္။ သူ ေနဆက္ပိုင္ႏွင့္ ကိုကို႔ၾကား အေႏွာင့္အယွက္ မျဖစ္ခ်င္ေတာ့သလို ကိုကိုနဲ႕လည္း ေႏွာင္ႀကိဳးေတြ မရစ္တြယ္မိခ်င္ေတာ့ေပ။

ေအာက္က ေဆးခန္းေရွ႕၌ မ်က္ဝန္းညိုမ်ားႏွင့္ အမ်ိဳးသားေဘး ျပန္ေရာက္သြားသည့္ အစ္ကိုေရးကို သူ လွမ္းေတြ႕လိုက္သည္။ အစ္ကိုေရးက ထိုအမ်ိဳးသား၏လက္ေမာင္းကို ေၾကာင္ေလးလို ပြတ္သီးပြတ္သတ္လုပ္ေနတာကို ျမင္လိုက္ရတာေၾကာင့္ သူ ဒီညီအစ္ကိုႏွစ္ေယာက္၏ အခုလိုပုံစံေလး ျမင္လိုက္ရတာနဲ႕တင္ ၾကားထဲက ၾကည္ႏူးမိပါ၏။

ကိုကိုသာ ရွိေနေသးလွ်င္လည္း ရိပ္ ကိုကို႔အား အခုလိုေလး ခြၽဲခ်င္၊ ဂ်ီက်ခ်င္ပါေသးသည္။ သူ႕ေဘး၌ မိသားစုဝင္တစ္ေယာက္မွ မက်န္ေတာ့ခ်ိန္၌ သူ ကိုကို႔အား အရင္ကထက္ပင္ သတိရမိပါေသးသည္။

ရိပ္ အိမ္ထဲျပန္ဝင္လိုက္ၿပီး ခရမ္း‌ေရာင္အိပ္ရာခင္း ခင္းထားသည့္ ကုတင္ေပၚသို႔သာ ပစ္လွဲခ်လိဳက္မိ၏။ မ်က္လုံးေတြ မွိတ္ခ်လိဳက္မိ၏။ အိပ္မက္ထဲ၌ ေတဇ သူ႕ေနာက္ လိုက္လာသည္ဟု ဆက္တိုက္မက္ေနကာ သူ ေတဇနား ေနရမွာ ေၾကာက္လြန္းလို႔ အိပ္မက္ထဲ၌ပင္ အေမာတေကာ ပတ္ေျပးေနမိသည္။

မနက္ခင္း၌ ရိပ္ အိပ္ေရးမဝစြာျဖင့္ ျပန္နိုးလာသည္။ မထေသးဘဲ မ်က္ႏွာၾကက္ကိုသာ အဓိပၸာယ္မဲ့စြာ ေငးၾကည့္ေနရင္း ဒီမွာေနၿပီး ဘာအလုပ္လုပ္ရမလဲႏွင့္ သူ႕ဘဝကို မည္ကဲ့သို႔ ေရွ႕ဆက္ရမလဲဆိုတာ စိတ္ေမာစြာ ေတြးၾကည့္ေနသည္။

-----------------

လာဗင္ဒါနံ႕ေတြ လႊမ္းၿခဳံေနသည့္ ခရမ္းေရာင္အိပ္ခန္းထဲ၌ ေရးေခတၱရာ ကိုကို သူ႕ဇက္ေၾကာေတြ ႏွိပ္ေပးတာကို ခံယူေနရ၏။ သူ အခုတေလာ အလုပ္ေတြ အလြန္မ်ားေနခဲ့တာမို႔ ဇက္ေတြပင္ ေတာင့္ခဲေန၏။

ေရး ေခါင္းအုံးေပၚ မ်က္ႏွာအပ္ထားရင္းမွေန ကိုကို႔ေပါင္ေပၚ ေျပာင္းအိပ္လိုက္ကာ-

"ဟိုဖက္ခန္းမွာ ငွားေနတဲ့ ေကာင္ေလးက ဒီတစ္လလုံး အိမ္ထဲက အိမ္ျပင္ေတာင္ လုံးဝထြက္မလာဘူး‌ေနာ္၊ ‌အစားကိုေတာင္ မွာပဲစားတာထင္တယ္၊ အစားအေသာက္ပို႔တဲ့သူေတာ့ ေန႕တိုင္းလာေနတာ ေတြ႕မိလို႔"

"သူ အိမ္ျပင္မထြက္ခ်င္လို႔ ေနမွာေပါ့"

"ကြၽန္ေတာ္က သူ ပုပၸားဇာတိဆိုေတာ့ ပုဂံကို လြမ္းသြားလို႔ စကားေျပာေဖာ္ အိမ္နီးခ်င္းရၿပီထင္ထားတာ၊ မဟုတ္မွလြဲေရာ အဲ့တစ္ေယာက္က ရာဇဝတ္သားမ်ား ျဖစ္ေနမလား မသိဘူး၊ လာပုန္းေနတာ ထင္တယ္"

ရိုင္းလ္ေစတန္ သူ႕ေပါင္ေပၚက ေကာင္ေလးကို သူမ်ားအေၾကာင္း စိတ္ဝင္စားေနျခင္း ရပ္တန႔္သြားေစရန္အလို႔ငွာ မီးပိတ္ပစ္လိုက္ၿပီး ေရး၏ႏႈတ္ခမ္းလႊာၾကားကေန သူ႕နာမည္ကိုသာ ေအာ္ညည္းလာေစရန္ ျပဳမူေနခဲ့ေလသည္။

----------------

ဒီည ရိုင္းလ္ သူ႕ေဆးခန္းကို ပိတ္ေတာ့ဖို႔ ျပင္ေနသည္။ ေရးလည္း ျပန္ေရာက္လာၿပီျဖစ္သလို လူနာလည္း ပါးသြားၿပီမို႔ ေရးကို သူ အိမ္ေပၚ အရင္တက္နားခိုင္းလိုက္ၿပီး ဂ်ဴတီကုတ္ခြၽတ္ရင္း သူပါ တက္နားေတာ့ဖို႔ ျပင္ေနစဥ္ ႏွစ္လလုံးေနမွ  မ်က္ႏွာျပန္ျမင္ရေတာ့သည့္ အိမ္ငွားေကာင္ေလး ေဆးခန္းထဲ ဝင္လာတာကို ေတြ႕လိုက္ရသည္။

ရိပ္ သူ႕ခႏၶာကိုယ္ေပၚမွ အေႏြးထည္ကို ဆြဲစိလိုက္ရင္း မဝံ့မရဲစြာ ထိုအစ္ကို႔ဆီ ဝင္လာခဲ့သည္။

"ဆရာ ေဆးခန္းပိတ္ေတာ့မွာထင္တယ္၊ ကြၽန္ေတာ္ ေနာက္ညမွ ျပန္လာခဲ့ေတာ့မယ္"

ေႂကြေတာ့မည့္သစ္႐ြက္ေလးလို ႏြမ္း‌ဖတ္ေနသည့္ ရိပ္ကို ျမင္လိုက္ရတာေၾကာင့္ ရိုင္းလ္ လက္ကာျပလိုက္ကာ အားမနာဘဲ ဝင္လာခဲ့ဖို႔ ေခၚလိုက္ရသည္။

ေရးက ဒီေကာင္ေလးကို အိမ္တြင္းပုန္းလုပ္ေနတာေၾကာင့္ ရာဇဝတ္သားဟု ထင္ေနေသာ္လည္း သူကေတာ့ စေတြ႕ကတည္းက ရိပ္က စိတ္က်န္းမာေရးႏွင့္ပတ္သက္ၿပီး ‌မက်န္းမာသူဟု အကဲခတ္လိုက္မိၿပီးသားျဖစ္သည္။ သူက စိတ္ေရာဂါကုသည့္ ဆရာဝန္ မဟုတ္ေသာ္ျငား ကိုယ္တိုင္လည္း စိတ္ေရာဂါျဖစ္ဖူးခဲ့သူမို႔ ကိုယ္ခ်င္းစာသည္။ စိတ္အဆင္မေျပခ်ိန္၌ ရိပ္ တစ္ေယာက္တည္းပဲ ေနခ်င္ေနမွာကို သတိထားမိတာေၾကာင့္ ေရး ဒီေကာင္ေလးကို သြားေႏွာင့္ယွက္ေနမွာစိုးလို႔ေတာင္ မလိုအပ္ပဲ ထိုအခန္းကို သြားမေခါက္ဖို႔ပင္ မွာထားရသည္။

"ဆရာ ကြၽန္ေတာ္ အခုရက္ပိုင္း ေနလို႔ေတာ္ေတာ္မေကာင္းဘူး၊ အန္ေနတာ တစ္ပတ္ေက်ာ္ရွိၿပီ၊ အဖ်ားလည္း ရွိတယ္၊ ဗိုက္လည္း ေအာင့္ေနလို႔"

ရိပ္ ဆရာ ကုတင္ေပၚတက္ခိုင္းတာမို႔ တက္လွဲလိုက္ရၿပီး အခုရက္ပိုင္း အထိုင္အထ အလွဲအျပဳပင္ ေလးလံေနတာမို႔ သူ ေသခါနီးမ်ား ျဖစ္ေနၿပီလား ထင္မိလာ၏။ ဟင္းခ်က္လည္း မစားျဖစ္သလို ႏွစ္လနီးနီး အိမ္ထဲမွာပဲ ေခြေနမိသည္။ သူ အျပင္ထြက္လွ်င္ သူ႕ကို ကိုကို ျပန္ဖမ္းမိသြားမွာ ေၾကာက္သည္။

ရိုင္းလ္ ထိုေကာင္ေလးအား စစ္ေဆးမႈမ်ား ေသခ်ာလုပ္ေနရင္း မ်က္ေမွာင္ၾကဳတ္လ်က္ရွိ၏။ ဒီေကာင္ေလး၏ ခႏၶာကိုယ္က ပုံမွန္မဟုတ္သလိုမို႔ သူ ႐ုတ္တရက္ အေျဖရွာမရပင္ ျဖစ္သြားသည္။

အဖ်ားေတာ့ တကယ္ရွိေနကာ လိုတာထက္ ေဖ်ာ့ေတာ့လြန္းေနသည့္ ရိပ္က ပိုပိုေဖ်ာ့ေတာ့လာတာက ဖေယာင္းျဖဴေလးလို ျဖစ္ေနသည္။

"ဆရာ မင္းကို ဒီညအတြက္ ေသာက္ေဆးအရင္ေပးလိုက္မယ္၊ မနက္ျဖန္ ဆရာ့ေဆး႐ုံကို လာခဲ့ေပး၊ ေသခ်ာစစ္ၾကည့္ရမွာေတြ ရွိေသးတယ္"

ရိပ္ ကုတင္ေပၚမွ ျဖည္းညွင္းစြာ ထထိုင္လိုက္ကာ ဆရာ ကမ္းေပးသည့္ လိပ္စာကတ္ကို လွမ္းယူလိုက္ၿပီး ၾကည့္လိုက္သည္။ ေဆး႐ုံအမည္က ေရးေခတၱရာျဖစ္ကာ ဒီအစ္ကိုက ေဆး႐ုံအုပ္မွန္း ျမင္လိုက္ရတာမို႔ သူ အံ့ဩစြာျဖင့္ ဆိုလိုက္မိ၏။

"ေဆး႐ုံနာမည္က ဆရာ့ညီေလးနာမည္နဲ႕ တူတယ္ေနာ္"

အိမ္ပိုင္ရွင္နာမည္ကို ရိပ္ မွတ္ထားဖူးတာမို႔ ဆိုလိုက္ျခင္းျဖစ္သည္။

ေဆးစာေရးေနသည့္ ရိုင္းလ္ေစတန္ ၿပဳံးလိုက္မိကာ ရိပ္အား ေဆးစာ႐ြက္ ကမ္းေပးလိုက္ၿပီး-

"ေခတၱရာက ဆရာ့အမ်ိဳးသားပါ"

ရိပ္၏ႏႈတ္ခမ္းပါးေလး မဆိုသေလာက္ ပြင့္ဟသြားခဲ့ကာ သူ ဘာျပန္ေျပာရမလဲမသိ ျဖစ္သြားရသည္။ သူမ်ားေတြရဲ႕အိမ္ေထာင္ေရးက‌ေတာ့ ေအးခ်မ္းလိုက္တာဟု ရိပ္ သူ႕ကိုယ္သူ အားငယ္သြားမိသည္။ အခုလို ေနမေကာင္းခ်ိန္၌မူ ေတဇကို သူ႕ေဘးမွာ ရွိေနေစခ်င္မိသည္။

"ဒါဆို မနက္ျဖန္ ေဆး႐ုံကို ဆက္ဆက္လာခဲ့ေလ၊ ေကာင္တာမွာ ေဆးထုတ္သြားလိုက္ဦး"

------------------

ေရးေခတၱရာဟု အမည္တြင္သည့္ ေဆး႐ုံထဲမွ ေႏွာင္ႀကိဳးရိပ္ မ်က္ရည္ဝဲေနသည့္ မ်က္ဝန္းမ်ားျဖင့္ ဒုတိယတစ္ႀကိမ္ ထပ္ထြက္လာခဲ့၏။

သူ ထင္သည့္အတိုင္း သူ႕ထံ၌ ကေလးေလး ထပ္ရွိေနခဲ့တာျဖစ္သည္။ ထို႔အတြက္ ေနာက္တစ္ႀကိမ္ ဘာေလးလဲ ျပန္လာစစ္ေဆးမႈခံယူၿပီး ထြက္လာတာျဖစ္သည္။

သူ႕ကေလးေလးႏွစ္ေယာက္ သူ႕ဆီ ျပန္ေရာက္လာတာ ေသခ်ာပါ၏။ ထိုအမႊာေလးေတြက ႏွစ္ေယာက္ထဲပင္မကဘဲ သူငယ္ခ်င္းပင္ ရခဲ့ၾကသည့္အလား သူ႕ဗိုက္ထဲသို႔ အေဖာ္ေခၚလာပုံပင္။ ရိပ္ဗိုက္ထဲ၌ ကိုကို႔ရင္ေသြး သုံးမႊာပူးေလးကို လြယ္ထားရျခင္း ျဖစ္သည္။

ကေလးေတြ မရွိေတာ့ကတည္းက အသက္ရွင္ရန္ ရည္႐ြယ္ခ်က္ ေပ်ာက္ဆုံးေနခဲ့သည့္ ရိပ္တစ္ေယာက္ ကေလးရွိေနတာ သိရခ်ိန္၌ အရင္ကထက္ပင္ ရွင္သန္လိုစိတ္မ်ား ျပင္းထန္လာခဲ့ျပန္ေလသည္။ ေလွကားထစ္ကို ျမင္လွ်င္ပင္ ေၾကာက္ေနတတ္သူမို႔ ေဆး႐ုံေလွကားထစ္မ်ားကို သတိႀကီးစြာ ဆင္းလာခဲ့၏။ အိမ္ေပၚသို႔လည္း သတိကပ္ၿပီး တက္လာခဲ့၏။ ဒီကေလးေတြကို လူ႕ေလာကထဲသို႔ မေရာက္ေရာက္ေအာင္ ရိပ္ ေခၚမွာျဖစ္သည္။ ထို႔အတြက္ သူ႕ကိုယ္သူ ဂ႐ုစိုက္လ်က္ရွိသည္။

ရိပ္ ေနထိုင္ရာ ေအာက္ထပ္၌ ေကာ္ဖီဆိုင္ရွိသည္။ ထိုဆိုင္၏ ေဘးတြင္ ေဆးခန္းရွိသည္။ မွန္ခ်ပ္ရွည္ေတြျဖင့္ လွပစြာ တည္ေဆာက္ထားေသာ ေကာ္ဖီဆိုင္ထဲမွ ေတဇဓိရာဇ္ ရိပ္ျပန္အလာကို ပုံမွန္တိုင္း ႐ုပ္ဖ်က္ရင္း ေစာင့္ၾကည့္ေနသည္။

သူ ဒီႏွစ္လလုံး ရိပ္၏ အနီးဆုံးမွာပဲ ရွိေနခဲ့၏။ ရိပ္ေနထိုင္သည့္ ဒီအိမ္ရွိရာ လမ္းထဲမွာပဲ သူ ငွားေနလ်က္ရွိသည္။ ရိပ္ကို သူ အနီးကပ္ ေထြးေပြ႕ထားခ်င္‌ေသာ္ျငား ရိပ္နားကို မသြားမိေအာင္ ထိန္းခ်ဳပ္ထားရသည္။ ရိပ္အတြက္ အခ်ိန္လိုဦးမွာျဖစ္တာမို႔ သူ အတင္းအၾကပ္ အေႏွာင့္အယွက္မေပးခ်င္။ သူ႕မ်က္ႏွာျမင္ၿပီး ရိပ္ ပင္ပန္းႀကီးစြာျဖင့္ ထပ္ထြက္ေျပးသြားမွာကိုလည္း သူ မျဖစ္ေစခ်င္။ သူ ဒီႏွစ္လလုံး ရိပ္ က်န္းက်န္းမာမာရွိေနတာ ေသခ်ာျမင္ရေစရန္အတြက္မူ အစားအေသာက္ပို႔သည့္လူအျဖစ္ ရိပ္ထံသို႔ ‌မနက္စာ၊ ေန႕လယ္စာ၊ ညစာ ႐ုပ္ဖ်က္ၿပီး လာပို႔သည္။

ဒီညေနစာအတြက္လည္း ေတဇ ပုံမွန္အတိုင္း အ‌စားအေသာက္ပို႔ရန္ တက္လာသည္။

သူ တံခါးေခါက္ေနတာ ၾကာၿပီျဖစ္ေသာ္လည္း ရိပ္က အရင္လို ခ်က္ခ်င္းဖြင့္မလာတာမို႔ သူ စိတ္ပူသြားရ၏။

"ရိပ္. .ရိပ္၊ တံခါးဖြင့္ဦး"

တံခါးေခါက္သံ ႐ုတ္တရက္ၾကားလိုက္ရခ်ိန္၌ မနက္က ဝယ္လာတဲ့ အသီးေတြ ခြဲေနသည့္ ရိပ္ လန႔္သြားကာ ဓားရွသြားသည္။ ကေလးေတြ ရွိလာတိုင္း သူ အရင္ထက္ အသားေတြ ပိုနာက်င္လာတတ္သလို အရင္နဲ႕မဆိုင္စြာ အသည္းငယ္လာတတ္၏။ ေလွကားျမင္လွ်င္ ဆင္းဖို႔တက္ဖို႔ ေၾကာက္ၿပီး လူရိပ္ေတြ႕လွ်င္ပင္ သူ႕ကေလးေတြကို ဖ်က္ဆီးမည့္သူ ျဖစ္ေနမလားဟု ထိတ္လန႔္ေနတတ္သည္။

လက္ကို ေရအရင္ေဆးၿပီး ေသြးတိတ္ေအာင္ လုပ္ေနမိတာမို႔ ညစာအတြက္ ပုံမွန္မွာေနက်ဆိဳင္က အလုပ္သမား ေရာက္လာတာ သိေသာ္လည္း သူ ခ်က္ခ်င္းမဖြင့္နိုင္ျဖစ္ေနတာကို ထိုလူက အသည္းအသန္ေခါက္ေနသည္။

ရိပ္ တံခါးကို ဆြဲဖြင့္လိုက္ခ်ိန္ သူ႕ဆီ ဖ်တ္ခနဲ တိုးဝင္လာေသာ လူရိပ္။ ထိုလူ သူ႕အား တင္းၾကပ္စြာ သိုင္းဖက္လာ၏။

"ရိပ္ တစ္ခုခုမ်ား ျဖစ္ေနတာလားလို႔ ကိုယ္ စိတ္ပူလိုက္ရတာကြာ"

ရိပ္ ကိုကို႔ကိုျမင္လိုက္ရခ်ိန္၌ ထိတ္လန႔္သြားသည့္စိတ္က ဘာနဲ႕မွပင္ ေဖာ္ျပလို႔မရ။ ကေလးေတြ ရွိေနပါၿပီဆိုကာမွ ကိုကို သူ႕ကို ရွာေတြ႕သြားျပန္ၿပီျဖစ္၏။ ကိုကို႔မိဘေတြ သူ႕ဆီေရာက္လာၿပီး သူ႕ကို ထိခိုက္ေအာင္ လုပ္ၾကဦးမည္။

ဟင့္အင္း၊ သူက ေသေသရွင္ရွင္ အေရးမႀကီး၊ ကေလးေလးေတြကိုေတာ့ ဒီတစ္ခါ အလြဲအေခ်ာ္အျဖစ္မခံနိုင္။

ထိုေၾကာက္လန႔္စိတ္က နဂိုကတည္းကမွ ‌လႈပ္လီလႈပ္ယဲ့ျဖစ္ေနသည့္ ရိပ္ကို ကိုကို႔ရင္ခြင္ထဲမွာပဲ သတိလစ္သြားသည့္အထိ ျဖစ္သြားေစခဲ့၏။

"ရိပ္. .ရိပ္"

ေတဇ သူ႕ေပၚ ေခြက်လာသည့္ ရိပ္ကို ေကာက္ေပြ႕လိုက္ရကာ ကုတင္ေပၚ အရင္တင္လိုက္ရသည္။ ရိပ္ စိတ္မပင္ပန္းေစခ်င္လို႔ပင္ သူ ဒီႏွစ္လလုံး အနားေတာင္ မလာခဲ့တာကို အခုလို ျဖစ္ရတာမို႔ ေတဇ ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားသည္။

ရိပ္ကို ေဆး႐ုံပို႔ဖို႔လိုတာလား မသိတာမို႔ ေတဇ ရင္ပူစြာျဖင့္ ေအာက္အရင္ေျပးဆင္းလာသည္။ ေအာက္ထပ္က ေဒါက္တာ့ကို အေပၚထပ္သို႔ အိမ္ပင့္လိုက္ေပးဖို႔ ေတာင္းဆိုလိုက္ၿပီး သူ ထိုေဒါက္တာႏွင့္အတူ အိမ္ေပၚ ေျပးတက္လာသည္။

________________________

24.1.2024

Continue Reading

You'll Also Like

17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...
17.2K 399 5
Hello there! I am a massive fan of Seopass' and Razen's comic, Weak Hero! I have searched the entire internet of good fanfics and have only found a s...
3K 94 25
𝘪𝘯 𝘸𝘩𝘪𝘤𝘩 𝘢 𝘨𝘪𝘳𝘭 𝘴𝘵𝘶𝘮𝘣𝘭𝘦𝘴 𝘢𝘤𝘳𝘰𝘴𝘴 𝘵𝘩𝘦 𝘱𝘪𝘤𝘵𝘶𝘳𝘦 𝘱𝘦𝘳𝘧𝘦𝘤𝘵 𝘱𝘰𝘱𝘶𝘭𝘢𝘳 𝘣𝘰𝘺 𝘢𝘯𝘥 𝘩𝘪𝘴 𝘥𝘳𝘶𝘨𝘴. - ❝ 𝐲...
159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...