ကဝေမဒီလေး

By Alice_Yizhan_7012

6.7K 562 16

ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေ... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ
အခန်း ၃+၄+၅ ။
အခန်း ၆ မှ ၁၀ ထိ။
အခန်း ၁၁ ၊ ၁၂ ။
အခန်း ၁၃ ၊ ၁၄ ။
အခန်း ၁၅ ။
အခန်း ၁၆ ၊ ၁၇ ၊ ၁၈ ။
အခန်း ၁၉ မှ ၂၅ ။ (Unicode)
အခန်း ၁၉ မှ ၂၅ ။ (zawgyi)
အခန်း ၂၆ ၊ ၂၇ (zawgyi)
အခန်း ၂၈ မှ ၃၀

အခန်း ၂၆ ၊ ၂၇

247 21 0
By Alice_Yizhan_7012

အခန်း ၂၆ ။ သန်းခေါင်ယံရဲ့ ကျက်သရေရှိသောခေါင်းလောင်းသံ

 

ဝူမြောင်မြောင်ရဲ့ကြေငြာချက်ကြောင့်ကျိလန်ရဲ့အမူရာမပြောင်းခဲ့ပေ။

သူမရဲ့ရုတ်တရက်ကြီး တက္ကသိုလ်တက်မဲ့ဆုံးဖြတ်ချက်ကို သူအရမ်းအံ့သြသွားသည်ကို သိသာအောင်ထုတ်မပြခဲ့ပါချေ။

"ဘာလို့များ မင်းရုတ်တရက်စိတ်ပြောင်းသွားတာလဲ "  

*ဒါပေါ့ သူမရဲ့ချစ်လှစွာသော ခင်ပွန်းက တက္ကသိုလ်ကကောင်မလေးတွေကို သဘောကျတာကိုး*

မည်သို့ပင်ဆိုစေကာမူ သူမဘာတွေးနေသည်ဆိုတာတည့်တိုးသာပြောလိုက်လျှင်  ချစ်လှစွာသောခင်ပွန်းကတော့စိတ်ဖိစီးသွားနိုင်လေသည်။ထို့ကြောင့် ဤအကြောင်းအရာကို သူမတစ်ယောက်တည်းပဲသိထားလိုက်တော့မည်။သူမတွင် သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ရဲ့သွင်ပြင်ပုံစံရှိသည်ဆိုတာကို သူသဘောပေါက်လာပြီးလျှင် သူမကိုပိုပြီးချစ်မြတ်နိုးလာဖို့ကို စောင့်မျှော်နေမိလေသည်။

*ဟူး…ရုပ်ချောတဲ့သူတွေကတော့ ကျိန်းသေ တစ်ပန်းသာတာပေါ့*

*လူတွေကသူတို့အတွက်ဆိုအများကြီးလုပ်ပေးချင်လာအောင်စွမ်းဆောင်နိုင်တယ်လေ*   

"အဟမ်း" ကျိလန်က သူ့မေးခွန်းကို အခုထိမဖြေရသေးလို့ ဝူမြောင်မြောင်ကို အသံပေးလိုက်သည်။ တစ်ဖက်မှာတော့… သူမက သူ့မျက်နှာကို တွေတွေကြီးစိုက်ကြည့်လို့နေလေတော့သည်။

" အိုး အဲ့ဒါကဒီလိုလေ " သူမလည်း အသိပြန်ဝင်လာပြီး ပြန်ပြောတော့သည်။ " ဒီကနေ့ခေတ်ကြီးမှာ ဘုန်းကြီးဝတ်ချင်တဲ့သူတောင်မှ ဘွဲ့တစ်ခုခုရဖို့လိုတယ်လေ မဟုတ်ဘူးလား။ ကျွန်မ၁၀နှစ်ကျော်တောင် စာလေ့လာပြီးမှတော့နောက်ထပ်၄နှစ်လောက်လေ့လာဖို့

လောက်က ခက်ခဲမှာမဟုတ်ဘူးလို့ စဉ်းစားမိသွားလို့ပါ"

*ဘုန်းကြီး ? တုန်ရုန်းယွမ်က သူမကို ဖြောင်းဖျဖို့ဒီအကြောင်းပြချက်ကိုသုံးခဲ့တာပေါ့လေ။ ဘယ်လိုတောင်ကို့ရိုးကားယားအတွေးက သူမစိတ်ထဲတန်းရောက်သွားရပါလိမ့်။ မနေ့ကသူဘယ်လောက်ကြိုးစားဖြောင်းဖျနေလည်း သူမကို မစည်းရုံးနိုင်တာ အံ့သြစရာတော့မရှိတော့ဘူး*  

သူမတက္ကသိုလ်တက်မယ်လို့ ဆုံးဖြတ်ထားသရွေ့တော့ ဆုံးဖြတ်ချက်နောက်ကွယ်က ရေရေရာရာမရှိသည့်အကြောင်းအရင်းကို သူအပင်ပန်းခံပြီး ထပ်မေးစရာမလိုတော့ပေ။ သူသည် ခေါင်းငုံ့လိုက်ပြီး သူ့ရုံးစားပွဲရဲ့အံဆွဲထဲက Laptop အပိုကိုထုတ်ကာ သူမကိုလှမ်းပေးလိုက်သည်။ " Password ကငါ့ဖုန်းနံပါတ်ရဲ့နောက်ဆုံး၄လုံးပဲ "

သူမက laptop ကိုယူပြီး ရုံးထောင့်ရှိ နားနေသည့် နေရာကိုသွားကာ ထိုင်ပြီးဖွင့်သုံးနေသည်။

သူ့စိတ်ထဲစိုးရိမ်စိတ်တွေနဲ့ပြည့်နေတဲ့အလျောက် ကျိလန်က သူမကို မသိမသာလေး ဖြတ်ခနဲလှမ်းကြည့်လိုက်သည်။

*ဒီမိန်းကလေးက အစတုန်းကကျ တက္ကသိုလ်တက်ဖို့ မရည်ရွယ်ထားဘူး*

သူမ အထက်တန်းစာမေးပွဲတကယ်ကြီး ဖြေထားသည်ဟုပင် သူ မထင်မှတ်ထားခဲ့ပါ။ထပ်ပြီးစဉ်းစားရရင်လျှင် သူမကစာသင်ချိန်တွေမှာအိပ်ပျော်နေတတ်သည် ဟုပြောပြဖူးလေရာ သူမ၏အမှတ်များလည်းအရမ်းကောင်းနေမည်မဟုတ်။ ဘယ်လိုဖြစ်ဖြစ် သူမအမှတ်ကောင်းတာဖြစ်ဖြစ် တက္ကသိုလ်ကောင်းကိုဝင်ခွင့်ရတာ ဖြစ်ဖြစ် အရေးကြီးဆုံးတော့မဟုတ်ပေ။ သူမက ဘယ်တက္ကသိုလ်တွေကိုဖြင့်လျှောက်ထားရန် သင့်တော်သည်ဆိုသည်ကိုရော သိရဲ့လားကိုတော့ သူ ပိုစိုးရိမ်မိသည်။ တကယ်လို့ သူမ မျက်စိစုံမှတ်ပြီး ဝင်ခွင့်လျှောက်လွှာတင်ခဲ့လျှင် မည်သည့်တက္ကသိုလ်ကို လျှောက်ထားခဲ့စေကာမူ အရည်ချင်းပြည့်မှီလိ့မ်မည်မဟုတ် ။အဆုံးသတ်တွင် စွမ်းအင်အပိုအကုန်ခံနေခဲ့ခြင်းသာဖြစ်နေပေလိမ့်မည်။ " မင်းရဲ့အရင်အတန်းဖော်တွေ ဆရာ ဆရာမတွေဆီကို ဘယ်တက္ကသိုလ်ကိုလျှောက်တာအဆင်ပြေမလဲဆိုပြီး အကြံတောင်းတာမျိုးလည်းလုပ်သင့်တယ်နော်" ဟု ကျိလန်က မနေနိုင်စွာပင် ပြောလိုက်မိလေသည်။

"ကျွန်မ အကုန်စဉ်းစားပြီးပါပြီ" ဟူ၍ ဝူမြောင်မြောင်မှ ယုံကြည်မှုအပြည့်ဖြင့်ပြောလာ လေသည်။

"အကုန်စဉ်းစားပြီးပြီ?"

သူ ကြက်သေသေသလို မှင်သက်မိနေတော့သည်။

*သူမ လွန်ခဲ့သော၅မိနစ်လောက်ကမှ တက္ကသိုလ်တက်ဖို့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလား။ အခုတော့ သူမအကုန်စဉ်းစားပြီးပြီဟုပြောနေတာလား။ သူမ ဆုံးဖြတ်ချက် မချခင် အထက်တန်းစာမေးပွဲအမှတ်ဘယ်လောက်ရှိတာတောင်စစ်ကြည့်ခဲ့ရဲ့လား *

"အင်း…ကျွန်မက ရုံးနဲ့နီးတဲ့တက္ကသိုလ်တက်ဖို့စီစဉ်ထားတာလေ။ အိမ်နဲ့နီးတဲ့နေရာဆိုလည်း ကောင်းတာပါပဲ ။အဲ့လိုဆိုကျွန်မ ရှင်နဲ့သိပ်ဝေးသွားမှာမဟုတ်ဘူးလေ ရှန်ကုန်းရဲ့" သူမရဲ့ အတွေးများကိုထုတ်ပြောလာလေသည်။

သူမ၏ပြောကြားချက်များကိုကြားရပြီနောက် ခေါင်းကိုက်လာသဖြင့် ကျိလန်သည် မျက်ခုံးနှစ်ခုကြားကို နှိပ်နေမိတော့သည်။သူလုံးဝကို ဆွံ့အ နေမိတော့၏။

ကံကောင်းလို့…သူမကို အစီအစဉ်ကြောင်း မေးမိလို့သာပင်။ မဟုတ်ရင် ဘယ်တက္ကသိုလ်တက်တက် သူမအရည်ချင်းပြည့်မှီလာမည်ဆိုတာမဖြစ်နိုင်။

"မင်းတက်မဲ့တက္ကသိုလ်က ဟိုင်ချန်တက္ကသိုလ်မလား။ချင်းဟွာတက္ကသိုလ်နဲ့ပီကင်း တက္ကသိုလ်လိုမျိုးထိပ်တန်းတက္ကသိုလ်တွေနဲ့တော့မယှဉ်နိုင်ပေမဲ့ ပြီးခဲ့တဲ့ရာစုနှစ်တွင်း မှာတော့ နာမည်ကြီး တက္ကသိုလ်တွေထဲပါ ပါတယ်။သူတို့ရဲ့နှစ်စဉ်ဝင်ခွင့်မှတ်က ၆၃၀နဲ့ အထက်မှာရှိတယ်" သူပြောတဲ့စကားကိုကြားသည်နှင့် သူမက စဉ်းစားလိုက်လေသည်။ *ဟိုင်ချန်တက္ကသိုလ်? အိုး…ဟိုင်ချန်တက္ကသိုလ် ငါတွေ့ထားတာပဲ*  

ထို့နောက်၌ သူမသည် Cursor ကို Laptop ပေါ်တွင်စတင်လှုပ်ရှားတာ ဟိုင်ချန်တက္ကသိုလ်၏ကိုယ်စားပြုနံပါတ်ကိုရှာတော့သည်။ လျှောက်လွှာဖောင် စီစစ်ပြီးသည့်နောက် ဘာအမှားမှမရှိတော့သည်နှင့် mouse ကို click အနည်းငယ်နှိပ်လိုက်ပြီး ဝင်ခွင့်ကို တင်လိုက်တော့သည်။

*ပြီးပြီ*

သူမသည် လျှောက်လွှာဖောင်တင်ပြီးနောက် Laptop ကိုပိတ်ပြီးသူ့အားပြန်ပေးရန်လုပ်သည်။

ကျိလန်သည် သူ့ထံ သူမလျှောက်လှမ်းလာသည့်တစ်လျှောက် သူမကိုငေးကြည့်နေမိလေသည်။  သူမ Laptop ကိုသူ့ရှေ့ထိလာပေးပြီးမှသာလျှင် သူ မယုံနိုင်စွာပြောခဲ့သည်။ "မင်းလျှောက်ခဲ့ပြီးပြီပေါ့"     

"အင်း…" သူမကခေါင်းငြိမ့်လိုက်သည်။

"ဟိုင်ချန်တက္ကသိုလ်လား" သူကမေးသည်။

"အင်း…" သူမက ခေါင်းထပ်ငြိမ့်လိုက်သည်။

သူမရဲ့အဖြေကိုကြားသည့်အခါ ကျိလန်တစ်ယောက် ပင့်သက်ရှည်ကြီးရှိုက်မိတော့‌ေ လသည်။

သူပေးခဲ့တဲ့ ယွမ် ၅သောင်းကတော့ အလေလွင့်ဖြစ်တော့မည်ဟုခံစားလိုက်ရသည်။ သူမသာ သူ့ဝန်ထမ်းတွေထဲကတစ်ယောက်ဆိုလို့ကတော့ သူ ပေါက်ကွဲမိတော့မည်သာ။

*သူမက အခြေခံပညာကို၉နှစ် အထက်တန်းပညာကို ၃နှစ်သင်ယူခဲ့တယ်။အဲ့လောက်နှစ်တွေကြာ အောင်ခက်ခက်ခဲခဲသင်ခဲ့ပြီးမှ တက္ကသိုလ်ရွေးတာကို ၅မိနစ်နဲ့ ဆုံးဖြတ်ပြီး နောက်ထပ် ၃မိနစ်နဲ့တောင် ဒီအလဟဿဆုံးဖြတ်ချက်ကို ချလိုက်သေး… တကယ့် အဆန်းကြီး*

ကျိလန် Laptop ယူပြီး အံဆွဲထဲပြန်ထည့်လိုက်သည်။ သူ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပင်ပန်းနေလေပြီပင်။

ဒါက နှစ်၂၀လောက်အတွင်း တခြားသူ အတွက် သူစိုးရိမ်ပေးတာပထမဆုံးအကြိမ်ပင်ဖြစ်သည်။ထင်ထားသလို သူ၏ စည်းမျဉ်းများအရဆိုလျှင် တခြားသူ၏ကိစ္စများတွင် သူ့အနေဖြင့် ဝင်မစွက်ဖက်သင့်ပေ။

ဝူမြောင်မြောင်အောက်သို့ဆင်းလာသောအခါ စိုးရိမ်နေသော ၄ယောက်သည် သူမကို စူးစိုက်ကြည့်နေကြလေသည်။ သူမရဲ့အမူအရာကနေ အပေါ်ထပ်တွင်ဘာတွေဖြစ်ခဲ့သည် ဆိုတာကို မှန်းဆကြည့်ရန် ကြိုးစားသော်လည်း သူမမျက်နှာတွင် အမူအရာသိပ်မရှိပေ။

အောက်ထပ်သို့ သူမရောက်သည်နှင့် စာအုပ်စင်ရှိရာ ထောင့်သို့ ဦးတည်သွားလေသည်။ သူမရဲ့ အပြုအမူကြည့်ပြီး သူမရဲ့တက္ကသိုလ်လျှောက်ခြင်း ဘယ်လိုဖြစ်သွားသည်ကို မပြောနိုင်တော့ပေ။

သူ၏ ယွမ် ၅သောင်းဆုကြေးကို တွေးမိသောအခါ တုန်ရုန်းယွမ် အတော်လေးသောကရောက်မိသည်။ဘယ်လိုဖြစ်ဖြစ် သူလည်း သူမဆီသွား၍မမေးရဲပါ။ သူအလုပ်ချိန်ပြီးသည်ထိအောင့်အီးသည်းခံကာ ကျိလန်အောက်ဆင်းလာမှထပ်အကဲဖြတ်ကြည့်မည်။

နောက်… ကျိလန်နှင့်မျက်နှာချင်းဆိုင် တွေ့သောအခါ မျက်နှာက ပုံမှန်ထက်မှုန်ကုတ်နေသဖြင့် သူလည်းစိတ်ဖြေလိုက်သည်။

*မျှော်လင့်ထားတဲ့အတိုင်း ငါတို့ရဲ့အစီအစဉ်ပျက်ပြီမလား*

ငွေစက္ကူအနီ အရွက်၅၀၀ သူ့လက်ထဲကနေ လွင့်ပျံထွက်သွားနေတာကို စိတ်ထဲပေါ်နေမိသည်။ငွေစက္ကူအနီလေးအထပ်လိုက်က လွင့်ပျံနေဆဲတွင် သူက လက်လှမ်း၍ ပိုက်ဆံများကို လိုက်ဖမ်းနေသည်ကိုတောင် သူတွေးမိလိုက်သေးသည်။

"နွားနို့နည်းနည်းဖိတ်စင်တာလောက်ကတော့ ငိုစရာမရှိပါဘူး (စကားပုံကဲ့သို့) ဒါကသရေပါပဲ။ အပိုဝင်ငွေလေးရဖို့မျှော်လင့်မထားတဲ့အခွင့်ရေးလေးသာပါ။မင်းဘာမှမရှုံးသွားပါဘူး"

ရှန်ကျွင်းယီက သူကိုနှစ်သိမ့်သည်။

"ဒါဘာလို့မများရမှာလဲကွ …အကောင်ဆုံးပင်လယ်စာတွေရှိနေမဲ့ ထိပ်တန်းစားသောက်ဝိုင်း လောက်ရှိတာကို" တုန်ရုန်းယွမ်လည်း ငိုသံနဲ့ ပြန်ငြင်းလေသည်။

 

မနက်ခင်းရောက်လုနီးပြီ ဖြစ်သော်လည်း ကျိလန်မှာတော့ အိပ်ဖို့ရန် မျက်စိမှတ်လို့ပင် မရဖြစ်နေသည်။ ထို့ကြောင့် အိမ်ရှေ့ခန်းသို့ရေသောက်ရန် ထသွားလိုက်သည်။အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အိမ်ရှေ့ခန်းတွင် TVပွင့်နေပြီး ကာတွန်းအစီစဉ်တစ်ခုကို ဖွင့်ထားကြောင်းသတိထားမိလိုက်‌လေသည်။သူ တစ်ခဏလောက် မှင်သက်နေမိသည်။အနီးကပ်သွားကြည့်ကြည့်သောအခါ ချည်ထိုးရုပ်လေးက စားပွဲတစ်ဖက်တွင်ထိုင်နေလျက် အစီအစဉ်ကိုစိတ်ဝင်တစားကို ကြည့်နေလေသည်။ ဒီလူရုပ်ပိစိလေးသည် အစီစဉ်တစ်ခုတည်းတွင်သာ စိတ်နှစ်ထားရင်း ကြည့်နေလေသည်။ ကျိလန် ရေတစ်ခွက်ငဲ့ယူလာပြီး သူ့အနီးအနားတွင်ရှိနေသောဆိုဖာတွင် ထိုင်လိုက်တာတောင်မှ သူက ကျိလန်ကို လှည့်ကြည့်မလာပေ။ ကျိလန်နှင့်ဝူမြောင်မြောင်ကို အနှောက်ယှက်မပေးမိစေရန် ထင်သည် ၊ သူက TV show ကို အသံတိုးထားလေ၏။

ထိုအရာက အသံတိတ်ရှိုးနဲ့သာ ပိုတူသွားတော့သည်။စိတ်ဝင်စားစရာရှိုးဆစ်ခုကိုအသံတိတ်ဘယ်လိုများကြည့်နိုင်သည်ကို ကျိလန်နားမလည်နိုင်တော့ပေ။ကျိလန် ရီမု လှမ်းယူလိုက်ပြီး TV အသံကိုတစ်ဆင့်ချဲ့လိုက်သည်။ ကလေးတစ္ဆေသည် TVမှ ရုတ်တရက် အသံထွက်လာသောအခါ ထခုန်မတတ်လန့်သွားသည်။ လှည့်ကြည့်ရာ ကျိလန်ကို တွေ့သဖြင့် မေးလိုက်လေ၏။ "မင်းအိပ်မပျော်ပြန်ဘူးလာႏ…"

ကျိလန် နဖူးရှုံ့လိုက်ပြီး "အဲ့အစား ငါ့ကိုနှိုးလိုက်တဲ့သူက မင်းလားဆိုတာကိုရော ဘာလို့များမတွးရတာလဲ "  

 "ငါ TV သံကိုပိတ်ထားတယ်လေ မင်းကိုအနှောက်ယှက်ဖြစ်စေဖို့ဆိုတာ မဖြစ်နိုင်တာကို။ နောက်ပြီး မနေ့ကလည်းအချိန်စောကြီးကို ထပြီး အာရုံတက်ချိန်ထိ ဆိုဖာမှာထိုင်နေတာလေ။ ဒီနေ့လည်း အိပ်ယာဝင်တာမှမကြာသေးဘူး ပြန်နိုးလာပြီ။အခုလိုဖြစ်နေတာ ၂ရက်ဆက်တိုက်ရှိနေပြီ အဲ့ဒီတော့ ဒါက မင်းရဲ့ အိပ်မပျော်နိုင်တာပဲလေ " ကလေးတစ္ဆေက အချက်လက်ကျကျ အကြောင်းပြချက်ပေးတော့သည်။

ထိုအခါ၌ ခေါင်းကိုက်ချင်လိုသလိုဖြစ်၍ ကျိလန်က မျက်ခုံး၂ခုကြားကို တိတ်တိတ်သာနှိပ်နေလိုက်သည်။* ဒီတစ္ဆေစုတ်လေးက အတော်လး ဉာဏ်ကောင်းသားပဲ *

"မင်းဆိုးဝါးတဲ့အရာတွေအများကြီးလုပ်ခဲ့မိလို့လား အဲ့ဒါကြောင့်အိပ်မပျော်တာလား" ကလေးတစ္ဆေက မေးသည်။

 "မင်းကဒါနဲ့ပတ်သက်ပြီးအတော်လေးဗဟုသုတရှိသားပဲ"ကျိလန်ကပြန်ပြောလေသည်။

"ငါကတစ္ဆေပဲလေ မကောင်းတာလုပ်ထားတဲ့သူတွေကိုအထူးခြောက်လှန့်ရမှာ။ဒါပေမဲ့ မင်းက အဆိုးဆုံးလို့သတ်မှတ်လို့တော့မရပါဘူး။မကောင်းတဲ့အလုပ်တွေလုပ်ထားပြီး အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့လူဆိုးကောင်တွေ အပြင်မှာအများကြီးပါ" ကလေးတစ္ဆေကပြောနေတုန်း သူ့ကလေးသံလေးထဲမှာ မုန်းတီးမှုတွေပါပါနေခဲ့သည်။

ကျိလန် ကလေးတစ္ဆေကိုတစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာတော့ ပြန်မပြောခဲ့ပါ။ သူရဲ့အိပ်မက်ဆိုးတွေကနေ နေ့စဉ်မြင်နေရတာလုံလောက်နေပါပြီ။ နိုးနေတဲ့အချိန်မှာ တော့ ထိုအကြောင်းရာများကိုထပ်နားမထောင်လိုတော့ပေ။

"ဟေး…ငါ Oreo cookies စားချင်သေးတယ်" ကလေးတစ္ဆေက ကျိလန်ကိုအော်ပြောလေသည်။

*ငါက မင်းအပေါ်အရမ်းကောင်းပေးပြီး ထင်မြင်ချက်အမှားတွေများဖြစ်စေခဲ့မိတာလား* ကျိလန်ကခေါင်းပြန်ကိုက်လာပြီး အေးစက်စက်နဲ့ပင် မေးလေသည်။

"မင်းဒီနေရာကိုဘယ်လိုထင်လို့လဲ …ဟိုတယ်လား တောင်းဆိုချက်တွေမြင့်မားရဲရအောင်…မင်းယုံမလားတော့ မသိဘူး ငါအခုမင်းကိုအံဆွဲထဲမှာသော့ပိတ်ထားလိုက်လို့ရတယ်နော်”

ကလေးတစ္ဆေလေးသည် ကြောက်ရွံ့မှုကြောင့်စတင်တုန်ရီလာလေသည်။…"ငါ…ငါ…မင်းကို အစားပြန်မပေးဘဲမစားပါဘူး။ငါ၃လကြာရင်စွမ်းအားတွေပြန်ရမာှလေ။ငါစွမ်းအား ပြန်ရရင် တောင်းဆိုမှုတစ်ခုနဲ့မင်းကိုကူညီပါ့မယ်လို့ ကတိပေးပါတယ်"

"ဟက်!" ကျိလန်က အေးစက်စက်တစ်ချက်ရယ်လိုက်သည်။

*သူကဘာလို့များ တစ္ဆေပိစိလေးရဲ့ အကူအညီကိုရမှာတဲ့လဲ။*

ကလေးတစ္ဆေ၏မျက်လုံးတွင် စိတ်ပျက် အားလျော့မှုများထင်ဟပ်လာခဲ့သည်။

*ထင်တဲ့အတိုင်းပဲ လောကကြီးမှာ လူကောင်းဆိုတာမရှိဘူးဘဲ*

သူကျိလန်ရဲ့အမူအရာကို မတုံ့ပြန်ခဲ့ဘဲ ခေါင်းမာစွာနဲ့ပင် လှည့်သွားပြီး ကာတွန်းရှိုးကိုဆက်ကြည့်နေလိုက်သည်။ ကျိလန်သည် ကလေးတစ္ဆေ သူ့အားစကားပြောရပ်သွားသည်ကိုသတိထားမိတာ သူ့အမူအရာလည်းပြေလျော့သွား သည်။သူသည် ဤတစ္ဆေရုပ်အား ဝူမြောင်မြောင်ကြောင့်သာ ဒီနေရာတွင်နေခွင့်ပြုထား တာဖြစ်သည်။အကယ်၍ဒီအရုပ်သာတခြားအရာဆိုလျှင် သူ့အိမ်မှလွှင့်ပစ်လိုက်တာကြာပြီဖြစ်လိမ့်မည်။ ဒီတစ္ဆေအရုပ်သည် ထိုမျှလောက်ထိယဉ်ကျေးမှုမရှိ ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပါ။မနေ့ကတော့ ထိုတစ္ဆေလေးသည် cookies ကို တိုးလျှိုး တောင်းဆိုလေသည်။ ဒီနေ့တော့ သူရဲ့ အိမ်ရှေ့ခန်းတွင် ခွင့်ပြုချက်မတောင်းပဲ ကာတွန်းရှိုးကြည့်ရုံသာမက သူ့ကိုတောင် ပစ္စည်းယူပေးရန်ခိုင်းရဲသေးသည်။ သူက ကလေးတစ္ဆေကို ၁လက်မ ပေးသည်ကို ထိုတစ္ဆေလေးကမလုံလောက်နိုင်ပါပဲ ၁မိုင်လောက်လိုချင်လေသည်။

ပိုပြီးဒေါပွလာတောကြောင့် ကျိလန်ခေါင်းကိုက်တာ ပိုဆိုးလာသည်။သူ ခေါင်းငုံလိုက်ပြီး စားပွဲဘေးတစ်ဖက်ရှိအံဆွဲငယ်လေးကိုဆွဲလိုက်သည်။ထိုထဲတွင်ခေါင်းကိုက်ပျောက်ဆေးရှိတာကိုသူသတိရမိသည်။သူပိုပြီးခေါင်းကိုက်လာတာကြောင့် အံဆွဲကိုဆွဲလိုက်ပြီး အထဲရှိပြန့်နေသောပစ္စည်းများကိုစိတ်မရှည်စွာဖြင့်ဆွဲထုတ်ပစ်လိုက်သည်။သူ  ဘယ်ချိန်ဘယ်ခါတုန်းက ဝယ်ထားမှန်းမသိသည့် ပစ္စည်းများ၊ဒဂ်ါးပြားများ၊ဖုန်းသစ်တစ်လုံးပြီး တစ်လုံးလဲရာကနေ ထွက်လာတဲ့ အားသွင်းကြိုးပိုများ…Battery ကဒ်နည်းနည်း…နဲ့…နောက်ဆုံးတော့ ခေါင်းကိုက်ပျော်ဆေးပုလင်းကိုတွေ့ခဲ့ပြီဖြစ်သည်။ သူ ပုလင်းကို expiry date ကြည့်ပြီး သောက်လို့ရ၊မရကြည့်လိုက်သည်။ ထို့နောက်၌ ဆေးတစ်လုံးထုတ်လိုက်ပြီး ရေနဲ့မော့သောက်လိုက်တော့သည်။ သူ့ကို ကဝေစွမ်းအားဖြင့် ကောင်းချီးပေးရန် ဝူမြောင်မြောင်သည် ကဝေစွမ်းအင် အမြောက်အမြားအသုံးပြုရသည်ကို သိသည့်အချိန်မှစ၍ သူမအား ကောင်းချီးပေးခြင်းနည်းလမ်းကို အလွန်အကျွံအသုံးမပြုစေရန် ဆုံးဖြတ်လိုက်သည်။တကယ်တော့ သူ၏ခေါင်းကိုက် ဝေဒနာသည် တစ်ပတ် ၁ကြိမ် အေးအေးချမ်းချမ်းအိပ်စက်ရလျှင်တော့ သက်သာပါသည်။ အရင်တုန်းကဆိုလျှင်တော့ ဒီလောက်ခေါင်းကိုက်မှုလေးလောက်နဲ့ သူဆေးသောက်မည် မဟုတ်ပါ။မည်သို့ဆိုစေ သူခေါင်းကိုက်ဝေဒနာခံစားခဲ့ရသည့်အချိန်များမှာကြာပြီဖြစ်ပြီး

အခုနောက်ပိုင်း ဘဝတွင် သက်တောင့်သာလေးအေးချမ်းနေသည်မှာကြာပြီဖြစ်သည်။ ထို့ကြောင့်နောက်တစ်ဖန်ပြန်၍ ခေါင်းကိုက်လာသည်အခါတွင် နာကျင်မှုကိုအသားမကျ တော့ပါ။ပြောခဲ့တဲ့အတိုင်းပင်…ခက်ခဲသောဘဝမှ ကြွယ်ဝသော ဘဝသို့ရလျှင် အလိုက်သင့်နေထိုင်ရန် လွယ်ကူသော်လည်း ဇိမ်ခံပစ္စည်းများကို နေသားကျလာရာမှ ခြိုးခြံခြွေတာရမည်မှာခက်ခဲလေသည်။*အကယ်၍…တစ်နေ့တွင် သူမသာ သူ့အနားက ထွက်ခွာသွားလျှင် သူ၏အရင်ဘဝနေထိုင်မှုပုံစံကိုပြန်သွားရန် ပုံဖော်ကြည့်ဖို့ရန်တောင်

ခက်ခဲလေသည်။

ဤသို့တွေးကြည့်ရုံနှင့်ပင် သူ့ကိုအကြောင်းရင်းမဲ့ ဝမ်းနည်းစေသည်။

ထိုအချိန်တွင်ပင်…သူအေးစက်သောအငွေ့သက်ကိုထတင်ထုတ်လွှတ်မိပြီး အငွေ့သက်များက အိမ်ရှေ့ခန်း တစ်ခုလုံးကို ရစ်နှောင်နေလေရာ ကလေးတစ္ဆေလေးက ကြောက်၍တုန်နေပြီး သူ၏တည်ရှိမှုတတ်နိုင်သမျှချိုးနှိမ်နေသည်။ ကံအားလျော်စွာ… ကျိလန်အိမ်ရှေ့ခန်းတွင် ကြာအောင်မနေလို့တော်သေးတာသည်။သူသည်ဆေးသောက် ပြီး တစ်အောင့်နေသော် သူ့အခန်းသို့ပြန်သွားသည်။သူထွက်သွားစဉ် TV လည်းမပိတ်ခဲ့ပေ။ ထိုမှသာ ကလေးတစ္ဆေသည် သက်ပြင်းရှည်ကြီးချလိုက်တော့သည်။

*ဘာလို့များ ဒီကဝေမလေးသည် ခက်ထန်သောရည်းစားကိုရွေးချယ်ရသနည်း*

သူအထွန့်မတက်ဘဲမနေနိုင်တော့ပေ။

*တစ်ချက်ကြည့်ရုံနဲ့တင် ဒီလောက် ခက်ထန်တဲ့သူ… ဒီလိုယောကျာ်းက သူ့ချစ်သူမိန်းကလေးကို ဘယ်လိုများတုန်နေအောင် ချစ်နိုင်ပါ့လိမ့်မလဲ။ အနာဂတ်မှာလည်း ဒီလိုယောကျာ်းက ကလေးတွေရလာရင်တောင် အဖေကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး *

ကျိလန်ထွက်သွားပြီးမှ ကလေးတစ္ဆေသည် ကာတွန်းရှိုးကို ပိုပြီးပေါ့ပေါ့ပါးပါးကြည့်နိုင်လေသည်။ မသိလိုက်ခင်တွင်ပင် ရှိုးတစ်ပိုင်း ပြီးသွားသည်။ဘာပဲဖြစ်ဖြစ်…သူအသက်ရှင်စဉ်ကဖြစ်စေ သေပြီးမှဖြစ်စေ သူစိတ်ကျေနပ်သည်ထိ ကာတွန်းရှိုးကြည့်ရန် အခွင့်အရေးမရဘူးပေ။ ရှိုးပြီးဆုံးလို့ စာတန်းထိုးလာနေတာတောင်မှ သူက စိတ်ဝင်စားစွာ ကြည့်နေလေသည်။ ရီမုနဲ့ စာတန်းထိုးကို ကျော်တာဖြစ်ဖြစ် ချန်နယ်ပြောင်းတာဖြစ်ဖြစ် မလုပ်ခဲ့ပါချေ။

နောက်ဆုံးစာတန်းထိုးပြီးသွားသောအခါ ကြည့်ရတာ အာသီသမပြေသေးသည့် ကလေးတစ္ဆေသည် ရီမုယူကာ TV Show အသစ်ကြည့်ရန် ချန်နယ် စပြောင်းတော့သည်။သူ ချန်နယ်တွေပြောင်းကြည့်နေတုန်း ရင်းနှီးနေတဲ့ လူတစ်ယောက်ကို TV program တစ်ခုတွင် ရုတ်တရက်မြင်လိုက်သည်။ ထိုအရာမှာ Interview အခန်းတစ်ရပ်ဖြစ်သည်။ နောက်ကွယ်ကနေရာမှာ ပုဂ္ဂလိက မိဘမဲ့ဂေဟာ ငယ်လေးကိုပြထားသည်။အစီအစဉ်ထဲတွင် ရှပ်အကျီဟောင်းဝတ်ထားကာ ဆံပင်ဖြူတွေ ရှိနေသော လူလတ်ပိုင်းယောကျာ်းတစ်ယောက်ရှိနေသည်။သူက အစီစဉ်တင်ဆက်သူကို မိဘမဲ့ဂေဟာ၏ပတ်ဝန်းကျင်ကိုမိတ်ဆက်ပေးနေသည်။

" ဒါက ပုဂ္ဂလိက မိဘမဲ့ ဂေဟာလို့ ကျွန်တော်တို့ကြားထားတာဟုတ်လား " တင်ဆက်သူကမေးသည်။

"ဟုတ်ပါတယ် " အသက်လတ်ပိုင်းအမျိုးသားကဖြေသည်။

"ဒါကိုဘယ်လိုစပြီးတည်ထောင်ခဲ့တာပါလဲ "တင်ဆက်သူက ထပ်မေးသည်။  "ဒါက ၁၀နှစ်ကျော် ကြာပါပြီ။ကျွန်တော် လမ်းဘေးကအမှိုက်ခြင်းထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေး တစ်ယောက်ကို အမှတ်မထင်တွေ့ခဲ့တယ်လေ။အဲ့ဒီကလေးက အရမ်းချစ်ဖို့ကောင်းတာ။ ကျွန်တော်ကလေးကိုအဲ့ဒီမှာ လုံးဝမထားခဲ့ရက်လို့ ကျွန်တော်နဲ့အတူခေါ်လာခဲ့တယ် ။ နောက်ပိုင်းအချိန်တွေကြာလာတော့ နောက်ထပ်စွန်ပစ်ခံရတဲ့ကလေးတွေပေါ့။

ကျွန်တော် မြို့ဆင်ခြေဖုံးမှာ ကလေးတွေ နေဖို့ ၂ထပ်ပါ တိုက်ခန်းတစ်ခန်းငှားဖို့ ဆုံးဖြတ်လိုက်တယ်။မကြာခင်ပဲ ပတ်ဝန်းကျင်ကလူတွေက ကျွန်တော် စွန်ပစ်ခံ ကလေးတွေကိုစောင့်ရှောက်ထားတာသိလာတယ်။ ကျွန်တော့် တံခါးဝမှာ သူတို့ကလေးကို လာပြီးစွန်ပစ်သွားတဲ့ဖြစ်ရပ်တွေတောင်ရှိပါတယ်။အဲ့လိုအခြေအနေ အကြောင်းအရာတွေကြောင့် ဒီမိဘမဲ့ဂေဟာ တဖြေးဖြေးပေါ်ပေါက်လာခဲ့တာပါ "

"ဒီမှာကလေးတွေအများကြီးနော်။ ခင်ဗျားသူတို့ကိုလက်မခံတော့ဘူးလို့ရော တွေးဖူးလား" တင်ဆက်သူက မေးပြန်လေ၏။

"ကျွန်တော်တို့အခုပြောနေတာလူ့ဘဝပါ။ ဒီကမ္ဘာကို အသစ်ရောက်လာတဲ့ဘဝတွေပါ  ကျွန်တော်ဘယ်လိုများတွေးရက်နိုင်ပါ့မလဲ"

" ခင်ဗျားရဲ့ဘဝတစ်ခုလုံးကို ဒီမိဘမဲ့ဂေဟာမှာပဲ မြှုပ်နှံထားတယ်လို့ ကျွန်တော်ထင်ထားတာရော ဟုတ်ပါသလား" တင်ဆက်သူကမေးသည်။

" ကလေးအများစုကတော့ သူတို့မိဘတွေက ကိုယ်အဂ်ါမသန်စွမ်းသူတွေဖြစ်တာကြောင့် စွန့်ပစ်ခံရတာပါ။ တစ်ချို့ကတော့ ကူးစက်ရောဂါရှိသွားလို့ တစ်ချို့ကတော့ ကိုယ်အဂ်ါ မသန်မစွမ်းအနေနဲ့မွေးလာလို့ပေါ့။ သူတို့ကိုကုသဖို့ဆိုရင် ကျွန်တော်ပိုက်ဆံပမာဏ အများကြီးလိုတယ်လေ။ကံကောင်းစွာနဲ့…ပရဟိတလုပ်အားပေးသူတွေ ဒီပတ်ဝန်းကျင် လေးကိုချစ်တဲ့သူတွေရှိနေလို့သာပါ။Fund မှာပိုက်ဆံလှူတာ ပစ္စည်းတွေလှူတာမျိုးက မကြာခဏရှိပါတယ်။အဲ့ဒါကပဲ ကျွန်တော်တို့ကိုကြီးကြီးမားမားထောက်ပံ့ပေးထားတာ ပါပဲ " ဟုအသက်လတ်ပိုင်းအမျိုးသားက ခံစားချက်များနှင့်ပြောလေသည်။

အမေးအဖြေ ကဏ္ဍပြီးသွားတာနဲ့ တင်ဆက်သူက ပရိတ်သတ်ဘက်ဖို့ မျက်နှာမူကာ တင်ဆက်ပါတော့သည်။ " ဒါကတော့ အနီရောင်နှလုံးသာ မိဘမဲ့ဂေဟာပါ ။ဒီနေရာမှာ စွန့်ပစ်ခံကလေး၂၆ယောက်နေထိုင်ပါတယ်။ သူတို့မှာမိဘတွေမရှိတော့ပေမဲ့လည်း သူတို့ဟာ ဂေဟာမှူး ဟောင် ရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ဘဝကို အတတ်နိုင်ဆုံး  ပြည့်ပြည့်ဝဝ ရှန်သန်နေထိုင်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂေဟာမှူးဟောင် လိုမျိုး ကလေးတွေကြံ့ခိုင်ကျန်းမာစွာရှင်သန်စေနိုင်ရန် ကူညီလက်ကမ်းပေးပြီလူတွေ ကမ္ဘာကြီးမှထပ်ပြီး ပေါ်ထွက်လာဖို့မျှော်လင့်ပါတယ် "  ထိုအရာပြီးနောက် စာတန်းထိုး၂ကြောင်း TV မျက်နှာပြင်အောက်ခြေမှပေါ်ထွက်လာသည်။

ထိုစာကြောင်းများတ္ငင် ဂေဟာလိပ်စာ အလှူထည့်ဝင်ရန် account နှင့် ဖုန်းနံပါတ်များ ပါသည်။ထိုစာတန်းနောက်တွင် ဂေဟာရှိကလေးများ၏အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသောမျက်နှာလေးများကိုဖော်ပြထားသည်။

*ဟောင်ကျန်ချင်း ! * ကလေးတစ္ဆေသည် TV ထဲတွင် ကလေးများနှင့်ပျော်ရွှင်စွာ ဆော့ကစားနေသော သဘောကောင်းပုံပေါ်သည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို စိမ်းစိမ်းခါးခါးကြည့်ခဲ့သည်။ ဟိုတုန်းက အစုတ်ပလုတ် ဆေးသမားတော် ၃ယောက်သာ မရှိခဲ့ဘူးဆိုလျှင် ဟောင်ကျန်ချင်းကို သူသတ်လိုက်တာကြာပြီဖြစ်သည်။

*လခွမ်းလိုပဲ * သူ့စွမ်းအားများသည် နောက်၃လနေမှပြန်ပြည့်မည်ဖြစ်သည်။

မဟုတ်ဘူး အဲ့လိုဖြစ်လာမှာမဟုတ်ဘူး။

သူဒီလူကို ၃လလုံး အေးချမ်းသက်သာစွာ နေခွင့်မပေးနိုင်ပေ။သူစားပွဲပေါ်တွင်စက်ဝိုင်းပတ်လှည့်ပတ်နေသည်။ရုတ်တရက် စားပွဲတစ်ဖက်ရှိ ဒဂ်ါးပြားအပုံလိုက်ပေါ် အကြည့်ရောက်သွားသည်။ ထို ဒဂ်ါးပြားများ သည် ကျိလန် ခေါင်းကိုက်ပျောက်ဆေးရှာတုန်းက ထုတ်ခဲ့သည့်ဒဂ်ါးများဖြစ်သည်။

ဒဂ်ါးများသည်အရေအတွက်အရတော ့အတော်လေးများမဲ့ပုံပင်…အနည်းဆုံး ၁၀ပြားတော့ ကျော်လိမ့်မည်။သူသည် ဒဂ်ါးပြားများကိုကြည့်ပြီး TV မျက်နှာပြင်ပေါ်ရှိ ဖုန်းနံပါတ်ကို ကြည့်နေလေသည်။ ဒီဟာ ဟောင်ကျန်ချင်းရဲ့ ဖုန်းနံပါတ်ပဲ သူရုတ်တရက်အကြံရသွား သည်။…ဒဂ်ါး ၂ပြားကောက်ယူလိုက်ပြီး သူရဲ့ အကျီအိတ်ကပ်သေးသေးလေးထဲကို ဂရုတစိုက်သိမ်းလိုက်သည်။ထို့နောက် သူရဲ့ ဗိုက်ပူပူလေးကို အားပြုကာစားပွဲပေါ်မှ ခုံဆင်းလိုက်သည်။ပြီးတော့ သူဝရံတာလက်တန်းဆီတွယ်တက်ကာ ထိုမှ လျှောဆင်းကာ သွားလိုက်သည်။အသံလုံစွာနဲ့ပဲ လှေခါးအောက် ဖန်ခင်းအကွက်ပေါ်သို့ ပြုတ်ကျသွား လေသည်။ မတ်တပ်ရပ်ပြီးတာနဲ့ ကလေးတစ္ဆေပထမဆုံးလုပ်သည်မှာ သူ့ရင်ဘတ်ကို စမ်းကာ ဒဂ်ါးပြားရှိသေးတာ အတည်ပြုခြင်းပင်ဖြစ်သည်။သူ့ခန္ဓာကိုယ်သည် လက်ရှိတွင် ချည်ထိုးဖြစ်နေတာကြောင့် ထိခိုက်နာကျင်မှုတော့မရှိပေ။သိမ်းထားသော နေရာတွင် ဒဂ်ါးပြားရှိသေးကြောင်းသေချာသည်နှင့် သူ အိမ်ပြင်သို့ပြေးထွက်သွားသည်။ သူအိမ်ပြင်သို့ရောက်သည်နှင့် လမ်းတစ်လျှောက်ပြေးသွားတော့သည်။

မနက်အစောကြီးဖြစ်၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာ မရှိလို့ပင် တော်သေးသည်။ မဟုတ်လျှင် ချည်ထိုးရုပ်တစ်ရုပ် လမ်းပေါ်တွင် လမ်းမီးရောင်များအောက်တွင် ပြေးလွှားနေသည်မှာ ထိတ်လန့်စရာပင် ဖြစ်သည်။လမ်းတစ်လျှောက် မိနစ် ၂၀ခန့်ပြေးသွားပြီးသော် အများသုံးတယ်လီဖုန်း ရှေ့တွင် ရပ်လိုက်သည်။ဤအများသုံးတယ်လီဖုန်းအခန်းလေးသည် mobile phone များ မတွင်ကျယ်ခင်က ဆက်သွယ်ရေးကုမ္ပဏီက ဆောက်လုပ်ထားရှိခဲ့တာဖြစ်သည်။

မြို့နေလူထုအား တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ချင်လျှင် အဆင်ပြေလွယ်ကူစေရန်ဖြစ် သည်။နှစ်တွေကြာသွားသောအခါ အများသုံးတယ်လီဖုန်း အခန်းငယ်အများအပြား ဖယ်ရှားခံခဲ့ရသော်လည်း ကျန်ရှိနေသေးသည့်တစ်ချို့တစ်လေတော့ရှိသည်။ ကလေးတစ္ဆေ ရှာတွေ့ထားသည်မှာ ထိုကဲ့သို့မြို့တွင် ကျန်ခဲ့သည့် လက်ကျန်များထဲမှဖြစ် သည်။သူထို့အခန်းလေးထဲဝင်ကာ တယ်လီဖုန်းပေါ်ထိုင်ရန် အချိန်နည်းနည်းပေးပြီး တက်လိုက်ရသည်။ သူလုပ်ဆောင်ပြီးနောက် အကြွေစေ့ထည့်ရန် အပေါက်ထဲသို့ ဒဂ်ါးပြားကိုခဲရာခဲဆစ်ထည့်ပြီး သူစောနကမှတ်ခဲ့သောဖုန်းနံပါတ်ကိုနှိပ်ကာ နောက်ဆုံးတော့ ဖုန်းခေါ်နိုင်ပြီဖြစ်သည်။ ဖုန်းခေါ်သံထွက်ပေါ်လာပြီး ၄ကြိမ် ၅ကြိမ်မြည်ပြီးသော် ဖုန်းဝင်သွားလေသည်။ "Hello"  

သူအောင်အောင်မြင်မြင် ဖုန်းခေါ်နိုင်မည်ဟုမထင်ထားခဲ့ပေ။  စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံးတုန်ယင်လို့တောင်နေမိသည်။"မဂ်လာပါ…အနီရောင်နှလုံးသား မိဘမဲ့ဂေဟာကပါ ကျွန်တော် ဟောင်ကျန်ချင်း ပါ " ထုံးစံမပြတ် သူ့ကိုယ်သူမိတ်ဆက်ပေးလေသည်။

"ဖေဖေ ဟောင်" ကလေးတစ္ဆေက ခေါ်လိုက်သည်။

"မင်းကဘယ်သူလဲ ? ဂေဟာကနေထွက်သွားတဲ့ ကလေးတွေထဲကတစ်ယောက်များ လား?" ဟောင်ကျန်ချင်းက နူးညံ့စွာပင် မေးလေသည်။

"ကျွန်တော် မိဘမဲ့ဂေဟာကနေထွက်မသွားဖူးပါဘူး " ကလေးတစ္ဆေက တခစ်ခစ်ရယ်ရင်းပြောလေသည်။

"မင်းကလက်ရှိ ဂေဟာမှာနေနေတဲ့ ကလေးတွေထဲကပဲလား။မင်းက ဘယ် လူပေလူတေလဲ။ဘာလို့မအိပ်သေးရတာလဲ ။ ငါအခုရောက်လာတော့မယ်နော်။ မင်းကိုမိလို့ကတော့ ဖင်ကိုပိတ်ကန်ပစ်လိုက်မယ်"

ကလေးတစ္ဆေသည် ဖုန်းတစ်ဖက်မှ ကြိမ်းမောင်းသံများကိုနားထောင်နေရသည်။

*ကြည့်ရတာ ဟောင်ကျန်ချင်းက အခုပဲ အိပ်ယာထ အဝတ်စားလဲနေသလိုပဲ*

အခုတော့ ဟောင်ကျန်ချင်းအသံသည် နူးညံ့သောလေသံပြန်ဖြစ်သွားလေပြီ။

"ကျွန်တော်အခုမြေအောက်ခန်းမှာလေ" …ကလေးတစ္ဆေက တခစ်ခစ်ဆက်ရယ်ရင်း "ဖေဖေ ဟောင်…ခင်ဗျားပဲကျွန်တော့်ကို မြေအောက်ခန်းမှာသော့ပိတ်ထားခဲ့တာလေအခုတော့ကျွန်တော့်ကိုမေ့သွားပြီတဲ့လား"

"မင်းဘယ်သူလဲ ?" ဟောင်ကျန်ချင်းအသံပြောင်းသွားပြီး လေသံကိုနားထောင်ကြည့်ရုံ နဲ့ပင်ကြောက်နေတာသိသာသည်။  

" ကျွန်တော်လေ ခင်ဗျားကျွန်တော့်ကို လွန်ခဲ့တဲ့ ၃နှစ်က မြေအောက်ခန်းမှာ ပိတ်လှောင် ထားခဲ့တာလေမေ့သွားတာလား? ကျွန်တော်အရမ်းကြောက်နေတာ မြန်မြန်လာရှာပြီး ကျွန်တော့်ကိုလွှတ်ပေးပါ။ မဟုတ်ရင် ခင်ဗျားကို ကျွန်တော်လာရှာမှာနော်" ကလေးတစ္ဆေ၏အသံကတော့ အပြစ်ကင်းသည့် ကလေးသံလေးသာဖြစ်သည်။

သို့သော်ငြားလည်း…ဒီအချိန်ကြီးထိုအသံကိုဖုန်းထဲမှသူ့နားနှင့်စက်စက်နားထောင်နေရသည်မှာ ကြောက်လန့်စရာကောင်း၍နေလေသည်။ဂွက်ခနဲ ဖုန်းမချခင်ထိ အသက်လုရှူနေရသည့်အသက်ရှူသံပြင်းပြင်းကိုကြားလိုက်ရသည်။ဖုန်းခေါ်ဆိုမှုပြီးသော အခါ ကလေးတစ္ဆေလေးသည် ပီတိဖြာသောအပြုံးကြီးနှင့်ပြုံးနေလေသည်။သူ အများသုံးဖုန်းအခန်းထဲ ဆက်မနေတော့ဘဲ မြန်မြန်ပဲထွက်ကာပြန်လိုက်သည်။

မြို့တစ်ဝက်အကွာဝေးရှိ အနီရောင်နှလုံးသားမိဘမဲ့ဂေဟာတွင်တော့ ဂေဟာမှူး ဟောင် သည် မျက်နှာဖြူဖျော့ကာ သူ့အခန်းထဲရှိကော်ဇော်ကြမ်းခင်းပေါ်တွင်လဲပြိုကျနေလေ သည်။သူ့ခြေရင်းတွင် သူခုနမှပစ်ချလိုက်သောဖုန်းလည်းရှိနေလေသည်။

*နောက်ပြောင်မှုတစ်ခုပဲ…တစ်ယောက်ယောက်ကလှမ်းပြီးစနောက်တာနေမှာပါ။ကမ္ဘာပေါ်မှာသရဲဆိုတာမရှိပါဘူး ဒါမဖြစ်နိုင်ဘူး* သူကိုယ်သူအတင်းပင် ခေါင်းထဲ ရိုက်သွင်းနေခဲ့သည်။*မဖြစ်နိုင်ဘူး…ဒါမဖြစ်နိုင်ပါဘူး…*

မည်သို့ပင်ဆိုစေ…လွန်ခဲ့သော၃နှစ်က ကလေးတစ်ယောက်နဲ့ပတ်သက်သောမှတ်ဉာဏ် များ သူ့စိတ်တွင် အလိုလိုထင်ဟပ်လာတော့သည်။ သူက အရမ်းကိုဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းသည့်ကလေးပင်။သို့သော် သူသည် ထက်မြတ်လွန်း၍ သူ မမြင်သင့်သည် များကိုမြင်တွေ့သွားခဲ့သည်။ ဟောင်ကျန်ချင်းသည် အစတွင်တော့ သူ့အားသတ်ရန် မရည်ရွယ်ထားပေ။ဒီကလေးလည်း တခြားကလေးများနည်းတူ ဂေဟာမှ ထွက်ခွာ ရခြင်းမျိုးလည်း ရှိနိုင်သည်ပင်။ဘယ်လိုပဲ ဟောင်ကျန်ချင်းက သူ့ကိုယ်သူဖြေသိမ့်ပါစေ သူတစ်ညလုံးစိတ်အေးလက်အေးအိပ်လို့မပျော်ခဲ့ပေ။ နောက်တစ်နေ့တွင် သူပုံမှန်ထချိန်တွင်နိုးထလာခဲ့သည်။ သူဂေဟာရှိ လုပ်နေကျအလုပ်များကို သွားလုပ်သည်။ မနက်၈နာရီတွင် လုပ်အားပေးသူများစတင်ရောက်လာခဲ့သည်။ တစ်ချို့ကမနက်စာပြင်ရန်…တစ်ချို့ကအရုပ်များ အဝတ်စားများနှင့် ထောက်ပံ့ငွေ လာပို့ကြတာဖြစ်ပြီး တစ်ချို့ကတော့ ကလေးငယ်လေးများအား စာလုံးအက္ခရာများ လာ၍သင်ကြားပေးခြင်းဖြစ်သည်။ ဟောင်ကျန်ချင်းက သူ၏ တစ်နေ့တာအလုပ်များ အပြီးတွင်အတော်လေးပင်ပန်းနုံးချိနေခဲ့သည်။သူအိပ်ယာပေါ်လှဲသည်နှင့်ပင် အိပ်ပျော် သွားခဲ့သည်။ညသန်းခေါင်းယံတွင် ဖုန်းထပ်မြည်လာလေသည်။သူ အိပ်ချင်မူးတူးဖြင့် ပြန်ဖြေလေသည်။   "ဖေဖေဟောင် အခုထိကျွန်တော့်ကို မြေအောက်ခန်းမှာလာမရှာ သေးဘူးလား။ ကျွန်တော်အရမ်းချမ်းနေပြီ"   

သူ ချက်ချင်းပင်ကြောက်လန့်တကြား ဖုန်းကိုလွှင့်ပစ်လိုက်သည်။မည်သို့ဖြစ်စေ…ဖုန်းတစ်ဖက်မှအသံသည် ရပ်မသွားခဲ့ပါပေ။

ကြည်လင်ပြတ်သားသော ကလေးရယ်သံက ဖုန်းကနေဆက်၍ထွက်ပေါ်နေသည်ကို ကြားနေရလေသည်။ ရယ်သံကို၁မိနစ်ကြာလောက်ထိကြားနေရပြီး ဖုန်းအလိုလို ချသွားလေသည်။ ဒါသူ့အတွက်ထပ်အိပ်မပျော်တဲ့ညပင်ဖြစ်သည်။

မိုးစင်စင်လင်းသည့်တိုင်အောင်နိုးနေခဲ့ပြီး သူ့အခန်းလည်းနေရောင်စထိုးနေပြီဖြစ်သည်။

* သူ့ဖုန်းကနေ ခြေရာခံဖို့ သူက သတ္တိအလုံလောက်ရှိခဲ့လျှင်ရော *

သူနှစ်ညတိတိလက်ခံရရှိခဲ့သော ဖုန်းအဝင်အထွက် call ကိုရှာခဲ့သည်။ထိုအခါတွင် ဤဖုန်းနံပါတ်မှာ မနေ့ညက သူ့ဆီခေါ်ခဲ့ သောနံပါတ်နှင့်အတူတူပင် ဖြစ်သည်ကိုသတိထားမိလေသည်။သူ့ထံ ညသန်းခေါင်တိုင်း ထိုနံပါတ်မှ ဖုန်းလာသည်မှာ၅ရက်ဆက်တိုက်ရှိလေပြီ။ အကယ်၍သူဖုန်းမကိုင်လျှင်လည်း မကိုင်မချင်းကိုဆက်တိုက်မြည်နေတော့သည်။ တစ်ကြိမ်ပြီးတစ်ကြိမ်ဖုန်းဆက်ခေါ်နေပြီး ၁၀ကြိမ်လောက်ထိကြိုးစားပမ်းစားခေါ်ပြီးမှ ရပ်လေတော့သည်။ အဲ့ဒီနောက်ညတွေမှာလည်း ထိုဖုန်းခေါ်သူမှပင် သူ့ဆီထပ်မံ၍ဖုန်းခေါ်ဆိုကာနေသည်။ သူ့ဖုန်းနံပါတ်ပြောင်းလိုက်လျှင်ကောင်းမလားဟု တွေးမိသေးသည်။

သို့ရာတွင်သူက ဂေဟာမှူးဖြစ်ပြီး  သူ့ထံလှူဒါန်းလိုပါက ဆက်သွယ်ရန်ပေးထားသော နံပါတ်ကို အလွယ်တကူပြောင်းလဲပစ်ရန်မှာမဖြစ်နိုင် ၊ သူသည်ဖုန်းပိတ်ထားလို့တောင်ရသည့်သူ မဟုတ်ပေ။

"ဂေဟာမှူး ဟောင် ခင်ဗျားအမူရာကြည့်ရတာ ဆိုးနေသလိုပဲ နေမကောင်းဖြစ်နေတာလား " တက္ကသိုလ်ကျောင်သား လုပ်အားပေးသူ မှစိုးရိမ်စွာမေးလေသည်။"ငါနေကောင်းပါတယ်မနေ့က သေချာမအိပ်လိုက်ရလို့ပါ" ဟောင်ကျန်ချင်း အပြုံးဖျော့ဖျော့နှင့်ဖြေလေသည်။

"ဂေဟာမှူးဟောင် ကျန်းမာရေးဂရုစိုက်ပါနော် ဒီက ကလေးတွေက ခင်ဗျားရဲ့ စောင့်ရှာက်မှုကိုလိုနေတာလေ " လုပ်အားပေးကျောင်းသားကပြန်ပြောသည်။

"ငါသိပါတယ် " ဟောင်ကျန်ချင်း ထိုအချိန်တွင် ထုတ်မေးလိုက်သည်။

 " ရှောင်ကျောင်း…မင်းငါ့အတွက် ဖုန်းနံပါတ်တစ်ခုကိုစုံစမ်းပေးနိုင်မလား?"

"ဖုန်းနံပါတ်? ဘယ်လိုနံပါတ်မျိုးလဲ " ရှောင်ကျောင်းကမေးမြန်းလာသည်။

"ဒီနံပါတ် " ဟောင်ကျန်ချင်းက တစ်ဖက်လူကိုပြလိုက်လေသည်။

"အာ…ဘာလို့ဒီနံပါတ်က ခင်ဗျားကိုအများကြီးခေါ်ထားရတာလဲ ပြီးတော့ ညသန်းခေါင်မှာချည်းပဲလေ" ရှောင်ကျောင်းက စိတ်ရှုပ်ထွေးသောလေသံနဲ့ မှတ်ချက်ပြု လေသည်။" ဟုတ်တယ်စိတ်နှောက်ယှက်ပေးဖို့ခေါ်တဲ့သူဆီကဖုန်းအဝင်တွေချည်းပဲ ။ငါဖုန်းကိုင်တော့လည်းဘာမှပြန်မပြောဘူးလေ။ ပြီးတော့ ငါဖုန်းမကိုင်ရင်လည်း ဆက်တိုက်ခေါ်နေတာညတိုင်းပါပဲ " ဟောင်ကျန်ချင်းကရှင်းပြလေသည်။

"ဒါစိတ်ပျက်စရာစနောက်မှုပဲ။ခင်ဗျားအမူရာအခုလို ဆိုးနေတာ အံ့သြစရာတော့မရှိတော့ဘူးဒီနှောက်ယှက်မှုကြောင့်ပဲလေ။ကျွန်တော် ခင်ဗျားကို အခုပဲ ကူပြီးစုံစမ်းပေးမယ် " ရှောင်ကျောင်းစိတ်တိုသွားသည်။

*ဂေဟာမှူးဟောင်သည် သူ့ဘဝကိုမိဘမဲ့ကလေးများအား စောင့်ရှောက်ရန်သာအသုံးပြုနေသည် လေးစားဖွယ် ပရဟိတသမားဖြစ်သည်။ဘယ်သူကများ ဒီလို မလိုမုန်းတီးတဲ့ စနောက်ခြင်းမျိုးကိုလုပ်ရတာပါလိမ့်*

ဖုန်းခေါ်ဆိုသည့် ဖုန်းတည်နေရာ မသိရမချင်း ရှောင်ကျောင်းအတော်လေး အားစိုက်ထုတ်လိုက်ရသည်။ "ကျွန်တော်စစ်ကြည်ပြီးပြီ ဖုန်းခေါ်တာက မြို့လယ်က အများသုံးဖုန်းကနေ ခေါ်တာ မူလမြို့ဟောင်းနေရာလောက်ပဲ"

"အများသုံးဖုန်းကနေလား" ဟောင်ကျန်ချင်းမေးသည်။

"ဟုတ်တယ်…ဒီလူကရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်နေတာ။ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူး ရဲကိုအကြောင်းကြားရအောင်" ရှောင်ကျောင်းမှစိုးရိမ်စွာပြောသည်။

"ဟင့်အင်းဟင့်အင်းမလုပ်နဲ့။ဒါကဖုန်းခေါ်မှုအနည်းငယ်လေးရယ်ပါ။ဒီလောက်လေးနဲ့ အကြီးအကျယ်ဖြစ်အောင်ရဲကိုအကြောင်းကြားစရာမလိုပါဘူး။ရက်နည်းနည်းကြာရင် သူလည်းရပ်သွားမှာပါ" ဟောင်ကျန်ချင်းကရဲကိုအကြောင်းမကြားလိုခဲ့ပေ။ ရဲတွေပါလာ၍ တကယ်လို့ ဒီဖုန်းခေါ်မှုရဲ့အကြောင်းရင်းကိုသိသွားရင် ပြဿနာတက်နိုင်သည်ဖြစ်သည်။  "ဂေဟာမှူးဟောင်က ကြင်နာလွန်းနေပါပြီ" ရှောင်ကျောင်းက သူ့သဘောကို သဘောမတူခဲ့ပါချေ။

"ဘာဖြစ်တာလဲ ? တစ်ခုခုများဖြစ်နေတာလား?" သူ မေးနေစဉ် ရိုးရာဝတ်စုံဝတ်ထားသောပုံစံရိပ်တစ်ခု ဂေဟာထဲဝင်လာလေသည်။

"သမားတော် ချင်းရွှမ် " ဝင်လာတဲ့သူကို ရှောင်ကျောင်း သိလိုက်သည်။ထိုသူသည် ယိဟဲ တောင်ထိပ် ဘုန်းကြီးကျောင်းမှသမားတော်ဖြစ်သည်။သူသည်တရုတ်တိုင်းရင်းဆေး

ပညာတွင်ပါရမီရင့်သန်သူဖြစ်ပြီး ကလေးများကျန်းမားရေးကိုစစ်ဆေးပေးရန်ု ကျိုးကြားကျိုးကြား လာတတ်လေသည်။

"ဂေဟာမှူးဟောင် ခင်ဗျားပုံစံကြည့်ရတာမဟန်သလိုပဲ နေမကောင်းဖြစ်နေတာလား"

သမားတော်ချင်းရွှမ် မျက်လုံးကျုံ့လိုက်ပြီး ဟောင်ကျန်ချင်း၏မျက်နှာကို ကြည့်လိုက်သည်။ "ဂေဟာမှူးက ကောင်းကောင်းမအိပ်ရဘူးလေ ပြီးတော့ အခုတလော လေးမှဖြစ်ထားတာက…" 

"ရှောင်ကျောင်းရေ…မပြန်ခင် တင်းတင်းကိုတွေ့သွားလိုက်ဦး။ မနေ့ညကပဲမင်းကိုမေးနေတာ" ဟောင်ကျန်ချင်းက ရှောင်ကျန်းစကားကိုဖြတ်ပြောလိုက်သည်။

"အဲ့ကလေးမကလေ? ကျွန်တော် အခုပဲသွားရှာလိုက်မယ် " သူ့စကားကိုရှောင်ကျောင်းကသံသယမဝင်မိပဲ ချက်ချင်းထသွားတော့သည်။

"ဂေဟာမှူး ခင်ဗျားကိုသွေးခုန်နှုန်းစမ်းကြည့်ရအောင်" သမားတော်က သေချာပြောသည်။ *သူ့ကိုကြည့်ရတာနည်းနည်း နွမ်းလျနေတာပေမဲ့ သူ့ပေါ်မှာမကောင်းဆိုးဝါးစွမ်းအင်အငွေ့သက်ကို မတွေ့ဘူး ဒါ ကလေးတစ္ဆေလုပ်တာမဟုတ်ပါဘူး ဒီတိုင်သာမန်နေမကောင်းဖြစ်တာပဲနေမှာ*

"ဒါက ခင်ဗျားကိုအနှောက်ယှက်ပေးဖို့ထိ မလိုပါဘူး" ဟောင်ကျန်ချင်းပြောသည်။

"ဒါကဘာမှမဟုတ်ပါဘူးဗျာ…ခင်ဗျားသွေးခုန်နှုန်းစစ်ပေးရုံပဲလေ " ချင်းရွှမ်က အပြုံးဖျော့လေးနဲ့ပြန်ပြောသည်။ သူသည် သမားတောင်ရွှမ်ကိုမငြင်းနိုင်သောကြောင့် ထိုသူနဲ့အတူ သစ်ပင်တစ်ပင်အောက်တွင်လိုက်ထိုင်လိုက်ရသည်။

"ဂေဟာမှူးဟောင် ခင်ဗျားအခုတလော တစ်ခုခုထိတ်လန့်စရာများ တွေ့ထားလား။ ဒါမှမဟုတ် စိုးရိမ်စရာကြီးကြီးမားမားရှိနေလား" စမ်းသပ်ရင်း သမားတော်မှမေးသည်။

ဟောင်ကျန်ချင်းသည် သမားတော်နားတစ်ဝိုက် စိမ်းစိုနေသော မြက်ခင်းပြင်ကို ဦးတည်ရာမဲ့ငေးစိုက်ကြည့်နေသည်။သူပြန်မဖြေခင်ခဏလောက်စဉ်းစားပြီးမှ

"တကယ်တော့ အခုတလောညတိုင်းလိုလိုအိပ်မက်ဆိုးမက်နေတာလေ။ အိပ်မက်ထဲမှာ ၇နှစ် ၈နှစ်အရွယ် ကလေးတစ်ယောက်…"  

*ကလေးတစ္ဆေ* ချင်းရွှမ် မျက်လုံးထဲဖြတ်ခနဲမြင်ယောင်မိသည်။

"ဘာလို့မှန်းမသိ အဲ့ကလေးကိုပဲအိပ်မက်မက်နေတာလေ ကျွန်တော် မစင်ကြယ်တဲ့ အရာတစ်ခုခုနဲ့တွေ့ကြုံနေရတာလို့ ခင်ဗျားထင်လား" ဟောင်ကျန်ချင်းဆက်မေးသည်။

"သမားတော် ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေဆိုတာ တကယ်ရှိလား"

ချင်းရွှမ်သူ့ကိုမဖြေခင်ဖျော့ဖျော့လေးပြုံးပြလိုက်သည် ။

"ကြည့်ရတာ ဂေဟာမှူးကတကယ်ကိုအိပ်မက်ဆိုးတွေမက်နေတာပဲ။ လောကကြီးမှာ သရဲတစ္ဆေလိုမျိုးတွေဆိုတာမရှိပါဘူး။ဒါကတစ်ခြားသူတစ်ယောက်ရဲ့ စိတ်ထဲက နစ်မြှုပ်နေတဲ့အတွေးတွေကနေဖြစ်လာတာပါ"

သမားတော်ကတစ္ဆေများမရှိဘူးဟုပြောခြင်းသည် ဟောကျန်ချင်းကို ခြောက်လှန့်မိမည် စိုးသောကြောင့်ဖြစ်သည်။ သို့သော်သူ့စကားသည် ဂေဟာမှူး၏ နှလုံးသားတည့်တည့် ရိုက်ခတ်သွားမည်ဟုတော့မထင်ခဲ့ပါ။

"ဂေဟာမှူးက စိတ်ရင်းစေတနာ ကောင်းတဲ့သူပါ ခင်ဗျားရဲ့ကုသိုလ်ကောင်းမှုနဲ့သူတော်ကောင်းတရားက ခင်ဗျားကိုအလိုအလျောက် ကာကွယ်ပေးသွားပါလိမ့်မယ်။အကယ်၍သရဲတစ္ဆေရှိနေခဲ့ရင်တောင် ခင်ဗျားအဆင်ပြေမှာပါ " သမားတော်က ပြောလေသည်။

"ကျွန်တော့်မှာအဲ့လောက်လည်း ကုသိုလ်ကောင်းမှုမများပါဘူး အကယ်၍များရင် အခုလို အိပ်မက်ဆိုးတွေကနေ ခံစားနေရမှာမဟုတ်ဘူးလေ" ဟောင်ကျန်ချန်းက လေးကန်စွာ ပြန်ပြောလိုက်သည်။

*ဂေဟာမှူးက အခုတကယ်ကို ထိတ်လန့်နေပုံပဲ * သမားတော်ရွှမ်းက မမေးခင် တွေးလိုက်လေသည်။

 "ခင်ဗျားလက်က ဒီဗုဒ္ဓပုတီးစေ့လက်ပတ်က ဘယ်ကရထားတာလဲ "

"ဒါလား ကျွန်တော်ဂေဟာစထောင်တုန်းက ဆရာတော်ကြီးတစ်ပါးကို ဒီမှာတစ်ညတည်းခိုခွင့်ပေးလိုက်သေးတယ်။သူလည်း ဒီနားတစ်ဝိုက်မှာပဲနေတာပါ။ သူပြန်သွားတော့ ဒါလေးပေးခဲ့တာလေ သူ့ရဲ့ တည်းခိုစရိတ်တဲ့" ဟောင်ကျန်ချင်းပြန်ဖြေသည်။

" ကျွန်တော်သိပြီ…ခင်ဗျားပြောတဲ့ဆရာတော်က ရုပ်လွန်ပညာမှာအရမ်းကျွမ်းကျင်တယ်။  ခင်ဗျားဒီလက်ပတ်ကိုဝတ်ထားသရွေ့ သရဲတစ္ဆေရန်ကနေ ကာကွယ်ပြီး ဘယ်မကောင်းဆိုးဝါးမှ ခင်ဗျားကို ထိခိုက်အောင်မလုပ်နိုင်ဘူး"ချင်းရွှမ် ဆက်ပြောသည် " တကယ်မရှိတဲ့ တစ္ဆေအကြောင်းကိုထားလိုက်ကြရအောင် ရှိရင်တောင်ဘာဖြစ်လဲ ခင်ဗျားလက်ပတ်ကြိုးကြောင့် ထိမိတာနဲ့ အငွေ့ဖြစ်သွားမှာလေ"

"တကယ်လား" ဟောင်ကျန်ချင်းမှာ အခုမှပဲ ရွှင်ပြလာတော့သည်။

*အငွေ့အဖြစ်လွှင့်ပြယ်ပျောက်ကွယ်သွားမယ်တဲ့လား *

....

အခန်း ၂၇ ။  ကျိလန်လား ခင်ဗျာ။ ခင်ဗျားရဲ့ မိန်းမကို ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်။

ထုံးစံအတိုင်းပင် ညသန်းခေါင်းယံတွင် ကလေးတစ္ဆေသည် ဒဂ်ါး ၂ပြား ဆွဲသွားကာ လေသာဆောင်ဝရံတာကနေထွက်သွားလေသည်။ ကလေးတစ္ဆေလျှောဆင်းသွားချိန်မှာ ကျိလန်သည် လိုက်ကာကိုဆွဲဖွင့်လိုက်ကာ သူ့အခန်းကပ်လျက်က ဝရံတာသို့ လမ်းလျှောက်သွားသည်။ ကျိလန် ပထမထပ်ကို ငုံ့ကြည့်မိသောအခါ မျက်မှောင်ကြုံ့လိုက်မိသည်။

ကလေးတစ္ဆေ၏ အမှောင်စွမ်းအားနဲ့ယင်စွမ်းအားများက ချည်ထိုးအရုပ်လေးကို ရစ်ပတ်နေသောကြောင့်ထိုလက်တစ်ဖဝါးစာသာရှိသောကလေးတစ္ဆေရုပ်ဘယ်မှာရှိသည်ကိုတော့ သူရှာမတွေ့ပါ။ အိမ်ရှေ့ခန်းသို့လမ်းလျှောက်သွားသောအခါ ကလေးတစ္ဆေ၏ အံဆွဲဖွင့်သံကို တိုးတိုးသဲ့သဲ့ကြားလိုက်လေသည်။ ထိုဖြစ်ရပ်ကို တွေးပြီးသော်  သူသည် စားပွဲတစ်ဖက်ရှိ အံဆွဲကိုဆွဲဖွင့်လိုက်ပြီး လှန်လှောကြည့်မိလေသည်။

အံဆွဲထဲတွင်သိပ်မသုံးဖြစ်သောပစ္စည်းများသောင်းပြောင်းရောနှောကာပြည့်နှက်နေသည်။ သူစိတ်ကျေနပ်သည်ထိ ရှာဖွေကြည့်ပြီးသော် ဘယ်လိုမူမမှန်တာမျိုးကိုမှ ရှာမတွေ့ပေ။  

*အကုန်လုံး ဒီအံဆွဲမှာပဲရှိနေတဲ့ပုံပါပဲ …ဒါဆို တစ္ဆေလေးက ဘာကိုများ ဒီထဲမှာလာရှာရတာလဲ *  

*ဟမ့်*

သူလက်နှင့်အံဆွဲထဲကို ဆက်ပြီး ဟိုဟိုဒီဒီမွှေနောက် ရှာကြည့်မိသည်။

*အကုန်လုံးတော့ရှိနေတယ် ဒါပေမဲ့ တစ်ချို့အရာတွေကတော့ အရင်တုန်းကထက် ပမာဏလျော့နေသလိုပဲ…အံဆွဲထဲက အကြွေဒဂ်ါးစေ့တစ်ချို့တစ်ဝက် ပျောက်နေတာပဲ*

သူယခင်အံဆွဲဖွင့်ခဲ့သည့်အခါက လက်တစ်ခုပ်စာအပြည့်ရှိသေးသော ဒဂ်ါးပြားများဆွဲထုတ်မိသေးသည်ကိုပြန်သတိရခဲ့လေသည်။ မည်သို့ပင်ဆိုစေ …ယခုတော့ ဒဂ်ါး ၂ပြား ၃ပြားသာကျန်တော့သည်။

*ဒီတစ္ဆေလေးက ပိုက်ဆံခိုးတယ်ပေါ့။

ဒီအကြွေစေ့တွေယူပြီး သူ ညသန်းခေါင်အချိန်မတော်ကို အပြင်သွားပြီးပစ္စည်းတစ်ခုခု ဝယ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ဘာပဲဖြစ်ဖြစ် သူအပြင်သွားတိုင်းအကြွေစေ့ ယွမ်ပမာဏ နည်းနည်းပဲ  ယူပြီးသွားတာပဲလေ။ သူဘာများဝယ်တာဖြစ်လောက်မလဲ။ စုပ်လုံးချိုချဉ်လား ။*

သူမနက်ဖြန်တွင်ထိုအကြောင်းကို ဝူမြောင်မြောင်အား ပြောပြရပေမည်။ သူမ တစ္ဆေလေးတစ်ကောင်ကိုအိမ်ခေါ်ထားပြီးစောင့်ရှောက်ပေးချင်သည်ကို သူခွင့်ပြုခဲ့သည်။ သို့သော် သူတို့ထံမှ ခိုးယူတတ်သော တစ္ဆေကို သူအပြစ်မယူဘဲ မထားထားနိုင်ပါ။ ထိုအချိန်တွင် ကလေးတစ္ဆေလေးကတော့ သူ့ခိုးယူမှုကို ဤအိမ်ပိုင်ရှင် အမျိုးသားမှ သိရှိသွားပြီး နောက်တစ်နေ့တွင်ဖော်ထုတ်လိမ့်မည်ဟု မထင်ထားပါ။

သူရဲ့ ညတိုင်းနောက်ပြောင်နှောက်ယှက်မှုကိုသာ ဆက်လုပ်ခဲ့သည်။ ယခုအချိန်ထိတော့ သူသည် ညတိုင်းဂေဟာမှူးဟောင်၏ဖုန်းကို ဆက်ခေါ်နေခဲ့လေသည်။  ထိုအခိုက်အတန့် သည် သူသေဆုံးပြီသည့်အချိန်တည်းက သူ၏စိတ်အကျေနပ်ဆုံးအခိုက်တန့်များပင် ဖြစ်လေသည်။ဤ၃နှစ်အတွင်း သူအမျက်ဒေါသတစ္ဆေအဖြစ်သို့ပြောင်းလဲသွားခဲ့ချိန်တွင် သူသည် ညတိုင်း ဟောင်ကျန်ချင်းကိုရှာ၍လက်စားချေချင်နေမိခဲ့သည်။

သို့သော် ဟောင်ကျန်ချင်းတွင် စွမ်းအားကြီးသော ဗုဒ္ဓပတီးလက်ပတ် ရှိနေလေသည်။သူ ဟောင်ကျန်ချင်းကို ချဉ်းကပ်ဖို့လုပ်တိုင်း ထိုသူကိုလွှမ်းခြုံထားသော ဗုဒ္ဓရောင်ခြည်စက်ဝန်းကြောင့် သူ ထိခိုက်မလိုဖြစ်ခဲ့ရသည်။ သူလက်စားချေရန် အကြိမ်ထောင်ပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း ထိုအရာကြောင့်ပင် အရေးနိမ့်ခဲ့ရသည်။ထိုသုံးနှစ်အတွင်း ဟောင်ကျန်ချင်းကို ခြောက်လှန့်ဖို့ရန်တောင်မှ မလုပ်ဆောင်နိုင်ခဲ့သလို ထိုသူသည်လည်း သူ၏တည်ရှိမှုကိုပင် မသိခဲ့ပေ။ သို့ရာတွင် ဤ၁၀ရက်ကျော်အတွင်း သူသည် ဟောင်ကျန်ချင်းကို ညစဉ်ရက်ဆက် ဖုန်းခေါ်ကာ စိတ်ခြောက်ခြားစေသည်အထိ ခြောက်လှန့်နိုင်ခဲ့လေပြီ။ သူအရမ်းကို အားရကျေနပ်မိလေသည်။

ထိုနေ့မှစ၍ နောက်ရက်တွေထိ သူသည် ဖေဖေဟောင်အားညတိုင်းအေးအေးချမ်းချမ်း အိပ်စက်ခွင့် မပေးနိုင်တော့ပါချေ။ ထိုသို့ သူ့စိတ်ထဲတွင် ကြင်နာကင်းစွာ တွေးသည်မှစ၍ ဖုန်းခေါ်ခြင်းကို အလွန်ကြူးလေ့ကျင့်ထားသော အလေ့ထလိုကို လုပ်လေတော့သည်။ ရင်းနှီးသော ဖုန်းဝင်သံကိုကြားနေရသော်လည်း တစ်ဖက်မှဖုန်းမကိုင်ခဲ့ပေ။ ဖုန်းမအားသေးသောအသံထွက်ပေါ်လာပြီးနောက် ထိုနံပါတ်ကိုသူထပ်ခေါ်ခဲ့လေသည်။

သူ ထိုအရာများကိုညတိုင်းလုပ်နေခဲ့ခြင်းဖြစ်ပေသည်။ အကယ်၍ ဟောင်ကျန်ချင်း ဖုန်းမကိုင်ခင် သူ၁၀ကြိမ်ထိခေါ်နေမည်ဖြစ်သည်။

သူ့အတွေးအတိုင်းပင် ၁၀ကြိမ်မြောက်ထိ ဖုန်းခေါ်ရန်လုပ်ရာ အကြိမ်ရေ တစ်ချို့ ခေါ်ဆိုပြီးနောက် ရုတ်တရက် အောင်အောင်မြင်မြင် တစ်ဖက်မှဖုန်းကိုင်လိုက်လေသည်။  

ကလေးတစ္ဆေသည် အံ့သြသွားပြီး သူ့စိတ်အခြေအနေပိုမိုကောင်းမွန်သွားသည်။  သူ၏ ကလေးအသံလေးဖြင့် ဖေဖေဟောင်ကို ချိုချိုသာသာလေးခေါ်လေတော့သည်။ " ဖေဖေဟောင် အခုထိ ကျွန်တော့်ကို မြေအောက်ခန်းဆီလာမရှာသေးဘူးလား။ ကျွန်တော်အရမ်းအေးနေပြီ"

"ရှောင်နင်း " ဂေဟာမှူးဟောင်မှ ခေါ်လိုက်လေသည်။ ကလေးတစ္ဆေသည် တစ်ချက်တော့ တုန်လှုပ်သွားမိပြီး ဟက်ဟက်ပက်ပက်ရယ်မောလာခဲ့သည် ။

"ဖေဖေဟောင် ခင်ဗျားက ကျွန်တော့်ကိုမှတ်မိနေသေးသားပဲ"

"ဒါပေါ့ ငါမှတ်မိတာပေါ့ မင်းနာမည်က ရှန်းနင်းလေ။ မင်းအသက်၅နှစ်အရွယ်မှာ ဂေဟာရဲ့ အဝင်ပေါက်မှာစွန့်ပစ်ခံခဲ့ရတယ်လေ။ မင်းက ယဉ်ကျေးတဲ့အပြုအမူရှိပြီး ထက်မြက်တဲ့ကလေးတစ်ယောက်ပါ။ မင်းက အရမ်းကို နာခံတတ်ပြီး ကျောင်းမှာလည်း အမြဲအမှတ်ကောင်းတဲ့ တော်တဲ့ကလေးဖြစ်ခဲ့တာပါ။ မင်းရဲ့ ပထမဆုံးစာမေးပွဲတုန်းက ဆိုရင် မင်းက ၂ဘာသာတောင်မှ အမှတ်၁၀၀ပြည့်ရခဲ့တာလေ။" ဂေဟာမှူးဟောင်သည် သူ၏သားအရင်းလေးကို ပြောနေသည့်အတိုင်းပင် လေသံပျော့ပျော့နဲ့ အသေးစိတ် ပြောပြနေလေသည်။ ဂေဟာမှူဟောင်ရဲ့စကားကို နားထောင်ရင်း ရှန်းနင်းရဲ့ စိတ်ထဲမှာ အတိတ်က အဖြစ်အပျက်များ ပြန်ပြီး ထင်ဟပ်လာလေသည်။

သူသည် အငြိုးအတေးများဖြင့်ပြည့်နေသော အသံဖြင့်ပြန်ပြောလေသည်။" ကျွန်တော်ခင်ဗျားကိုလူကောင်းလို့ ထင်ထားခဲ့တာ…"

"ငါ လူကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်" ဂေဟာမှူးဟောင်က ပြန်ပြောသည်။

"ဒါဖြင့် ခင်ဗျားဘာလို့ပြောင်းလဲသွားတာလဲ။ ကျွန်တော်တို့ကို ဘာလို့သတ်ချင် ရတာလဲ။" ရှန်းနင်းက စစ်မေးလေသည် ။

"ရှောင်နင်း…အရမ်းကိုရှုပ်ထွေးလွန်းတဲ့ကိစ္စတွေရှိနေခဲ့လို့ပါ။ ငါ အဲ့အရာတွေကိုတော့ မင်းကိုရှင်းရှင်းလင်းဖြစ်အောင်ရှင်းမပြနိုင်ဘူး ဒါပေမဲ့ ငါအစတုန်းက မင်းကိုသတ်ဖို့ အစီအစဉ်လုံးဝမရှိခဲ့ရပါဘူး" ဂေဟာမှူးဟောင်မှ ရှင်းပြလေသည်။

"ဒါပေမဲ့ ခင်ဗျားမြောင်မြောင်ကို သတ်ဖို့ရည်ရွယ်ခဲ့တာပဲလေ။မဟုတ်သေးဘူး… ခင်ဗျားက တခြားသူတွေဆီမြောင်မြာင်ကိုရောင်းစားချင်ခဲ့တာ" ထိုအကြောင်းကို သူသိရှိသွားတုန်းကဖြစ်ပေါ်ခဲ့သော အံ့သြထိတ်လန့်မှု ကြောက်ရွံ့မှုများကို ရှန်းနင်း ဘယ်တော့မှမေ့သွားမည်မဟုတ်ပါ။

"မင်းကအရမ်းကိုလိမ္မာပါးနပ်ခဲ့လွန်းတာလေ။ မင်းအသက်၇နှစ်ပဲရှိသေးတာကို မင်းဘာလို့များအဲ့လောက်ထိထက်မြက်နေဖို့လိုမှာလဲ " ဂေဟာမှူးဟောင်သည် ဒီနေ့တွင် ထူးထူးခြားခြား စိတ်အေးလက်အေးဖြစ်နေပြီး သူ့အသံနေအသံထားတွင် အရင်နေ့များကဲ့သို့ စိုးရိမ်ကြောင့်ကြမှုများရှိမနေခဲ့ပေ။

ဂေဟာမှူးဟောင်က ထပ်မေးသည်။

" ရှောင်နိုင် ..အဲ့ဒီမှာ မင်းအပြင် တခြားကလေးတွေရောရှိသေးလား "

"ဘာလဲ ခင်ဗျားကြောက်နေတာလား"

"ကြည့်ရတာအဲ့ဒီမှာနောက်တစ်ယောက်ထပ်မရှိတော့တဲ့ပုံပဲ "  ဂေဟာမှူးဟောင်က သက်ပြင်းရှည်ကြီးချ၍ပြောလိုက်သည်။ "အဲ့ဒီကလေးတွေထဲမှာ မင်းတစ်ယောက်ပဲ မကျေမနပ်မှုတွေကို အငြိုးအတေးထားပြီးသေသွားခဲ့တာ…ဒါကြောင့် မင်းက အမျက်ဒေါသတစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ရတာပဲ"

"အကယ်၍ ကျွန်တော်တစ်ယောက်တည်းပဲဆိုရင်တောင်မှ ခင်ဗျားအသက်ကို နုတ်ယူဖို့လာခဲ့မယ်" ကလေးတစ္ဆေမှပြန်ပြောသည်။

" အမျက်ဒေါသတစ္ဆေအဖြစ်ပြောင်းလဲသွားတဲ့သူတွေက ဘယ်တော့မှ လူပြန်မဝင်စား နိုင်တော့ဘူးလို့ ငါကြားထားတယ်။ အဲ့ဒါဟုတ်လား " ဂေဟာမှူးက မေးသည်။

"အဲ့လိုဆိုရင်တောင်မှ ခင်ဗျားအသေဆိုးနဲ့သေရအောင် ကျွန်တော်လုပ်မှာပဲ"

" ဘာလို့များ မင်း ပုံကြီးချဲ့နေရတာလဲ။ မင်းကဉာဏ်ကောင်းတဲ့ ကလေးပါ။ဘာလို့လဲ။ မင်းကသေပြီးနေပြီလေ။ ငါ့ကိုလက်စားချေဖို့အတွက်နဲ့ မင်းရဲ့နောက်ဘဝကို ဘာလို့များစတေးပစ်ချင်ရတာလဲ " ဂေဟာမှူးဟောင်သည် သက်ပြင်းချလိုက်ပြီး သူ့အသံကလည်း နောင်တတစ်ချို့ ပါဝင်နေခဲ့သည်။

ထိုအရာကတော့ ရှန်းနင်း နောက်ဘဝသေချာမကူးနိုင်သည်ကို သူတကယ်ပင် စိတ်မကောင်းဖြစ်မိ၍ဖြစ်သည်။

"ဟန်ဆောင်တာတွေရပ်လိုက်စမ်းပါ" ရှန်းနင်းသည် ဂေဟာမှူးဟောင်၏ အပေါ်ယံ  ရွှေမှုန်ကျဲ ကြင်နာမှုများကို ဘယ်တော့မှထပ်ယုံမည်မဟုတ်ပေ။နောက်ဆုံးတွင် ထိုသို့ ဂရုစိုက်မှုများ နွေးထွေးသောလေသံများသည် မိဘမဲ့ဂေဟာရှိကလေးများအတွက် အလိမ်အညာများသာဖြစ်ခဲ့လေသည်။ "မင်း တင်းတင်းအတွက် ဒါတွေကိုလုပ်နေတာလား"

ဂေဟာမှူးဟောင်မှ ရုတ်တရက်ပြောလေသည်။ ရှန်းနင်း တောင့်တင်းသွားကာ ရုတ်ချည်း တစ်ခါမှမကြုံဖူးသော သတ်ဖြတ်လိုစိတ်များသူ့ထံပေါ်ထွက်လာခဲ့သည်။

" ခင်ဗျား သူမကိုထိရဲထိကြည့်လိုက်လေ !!!" 

"ထင်တဲ့အတိုင်း မင်းက တင်းတင်းအတွက် ဒါကိုလုပ်နေတာပဲ။ မင်း သူမဆီကို မကြာခဏလာလည်ဦးလေ။ သူမအခြေအနေကပိုပိုဆိုးလာတာ မင်းလည်းသိတာပဲ။ သူမက ငါရဲ့နောက်ထပ်ပစ်မှတ်ပဲ " ဂေဟာမှူးဟောင်က ပမာမခန့်ပင် ထုတ်ပြောလာလေသည်။

"ခင်ဗျား သူမကိုထိရဲထိကြည့်လေ… ခင်ဗျား သူမကိုထိရဲရင် ထိကြည့်လိုက်စမ်းပါ" ရှန်းနင်းသည် ချက်ချင်းပင်ဂေဟာမှူးထံပြေးသွားပြီး တစ်ဖက်ရှိထိုသူအား ဆွဲဖြဲမပစ်နိုင်ဖြစ်နေသည့်အတွက်ကြောင့် သူ၏ဒေါသများသည် အထွဋ်ထိပ်သို့ရောက်ရှိလာခဲ့သည်။ " မင်း ငါ့ခန္ဓာကိုယ်နားမကပ်နိုင်ပါဘူး"

ဂေဟာမှူးက ယုံကြည်ချက် အပြည့်နှင့် ပြောကြားလာသည်။ " သမားတော်ချင်းရွှမ်က ငါ့ကိုပြောပြီးပြီ…ငါ ဝတ်ထားတဲ့ ဗုဒ္ဓပတီးလက်ပတ်က စွမ်းအားကြီးလို့ မကောင်းဆိုးဝါးဝိညာဉ်မှန်သမျှကို နှိမ်နင်းပေးနိုင်တယ်တဲ့။ မင်း ငါဆီလာပြီး မင်းကိုအမှုန့်အမွှားဖြစ်သွားအောင် လုပ်ခွင့်ပေးမယ်ဆိုရင် တင်းတင်းကို ငါလွှတ်ပေးပါ့မယ်"

မည်သို့ပင် ရှန်းနင်းဉာဏ်ကောင်းစေကာမူ သူသည်၇နှစ်အရွယ်ကလေးတစ်ယောက်သာ ဖြစ်လေသည်။ ရှန်းနင်းသာ သူ့ကိုထိခိုက်အောင်လုပ်နိုင်မည်ဆိုလျှင် သူ့အားပြန်လိုက်ရန် ယခုကဲ့သို့ စိတ်ပျက်စရာ ရူးကြောင်ကြောင် နှောက်ယှက်ခြင်းကို လုပ်မည့်အစား ၎င်းသေပြီးသည့်လွန်ခဲ့သေ၃နှစ်ကာလထဲမှာပင် ထိုကလေးသည် သူ့အားလာရှာလိမ့်မည်ဖြစ်သည်။

"ဟောင်ကျန်ချင်း…" ရှန်းနင်းက ဒေါသတကြီးအော်လေသည်။

"မင်း အငြိုးအတေးတစ္ဆေဖြစ်လာပြီဆိုတည်းက လူပြန်ဝင်စားလို့မရတော့ဘူးလေ။ မင်းဘာလို့များအဲ့အခွင့်အရေးကို တင်းတင်းကိုမပေးလိုက်ရတာလဲ။မင်းသာ ငါ့စကားကို နားထောင်ရင်..ငါသူမကိုထိမှာလည်း မဟုတ်သလို သူမရဲ့ရောဂါကိုကုသဖို့နည်းလမ်းလည်း ရှာပေးမှာပါ။ သူမတက္ကသိုလ်ရောက်သည်အထိလည်း ငါက ပညာရေးဆုံးခန်းတိုင်သည်အထိ ထားပေးဦးမှာ။ မင်းသိတဲ့အတိုင်းပဲ …ဖေဖေဟောင်ရဲ့ ထောက်ပံ့မှုနဲ့ တစ်ချို့ မင်းရဲ့ အစ်ကိုတွေ၊အစ်မတွေဆို တက္ကသိုလ်တက်နေကြပြီ" …

ဂေဟာမှူးဟောင်က သူ၏ကမ်းလှမ်းချက်ကို ဆက်ပြောလေသည်။

" အကယ်၍ မင်းပေါ်မလာဘူးဆိုရင် ငါမနက်ကျ တစ်ယောက်ယောက်ကို လာခိုင်းပြီး တင်းတင်းကိုစျေးဖြတ်ခိုင်းလိုက်မယ်။ ရှောင်နင်း ငါ မင်းကို နေမထွက်ခင် ငါ့ဆီလာပြီး ကိုယ်ထင်ပြစေချင်တယ်"  

ပိစိလေးရှောင်နင်းသည် အများသုံးတယ်လီဖုန်းအခန်းငယ်ထဲတွင် မနားတမ်းတုန်ယင်နေမိလေသည်။

*သူမှားသွားပြီ သူဖုန်းမခေါ်ဘဲနေလိုက်ရမှာ။ ထိုသူကို သူက မည်သူမည်ဝါ ဖြစ်သည်ဆိုတာကို ရှာတွေ့ခွင့်မပေးခဲ့သင့်ပေ။ ထိုသူအား သူ့အား ခြိမ်းခြောက်ဖို့အခွင့်ရေးကို မပေးခဲ့သင့်ပေ။*   

မည်သို့ဆိုစေ…တင်းတင်း၏ ကျန်းမာရေးသည် ပို၍ပို၍ ဆိုးလာခဲ့လေသည်။ ဟောင်ကျန်ချင်းသည် တင်းတင်းဆီသွား၍ စကားပြောသောအကြိမ်ရေများလည်း တိုးလာလေသည် ။

ထိုအရာသည် အတိတ်မှဖြစ်ရပ်နှင့်အတူတူပင်။ ဂေဟာမှ ကလေးတစ်ယောက်ယောက် နေမကောင်းလျှင် ဟောင်ကျန်ချင်းက သူ့ထံသွားကာ စကားပြောလိမ့်မည်။ဆက်တိုက်ဆို သလို ကလေး၏အခြေအနေကပိုပိုဆိုးလာလျှင် မကြာခင်တွင် ထိုကလေးက သေဆုံးသွားလိမ့်မည်။

"ခင်ဗျား တင်းတင်းကိုထိခိုက်အောင်မလုပ်မှာသေချာလား" ရှန်းနင်းကမေးလေသည်။

"ဟင့်အင်း ငါသူ့ကိုထိခိုက်အောင်မလုပ်ပါဘူးလို့ ကတိပေးတယ်" ဂေဟာမှူးဟောင် မှ ကတိပေးလေသည်။ ဟောင်ကျန်ချင်းအား ယုံလို့မရနိုင်တာကို ရှန်းနင်းသိသော်ငြား သူ့တွင်ရွေးချယ်စရာမရှိပေ။ ဟောင်ကျန်ချင်းတွင် ပုတီးလက်ပတ်ရှိနေလေသည်။

၃လပြည့်၍ သူ့စွမ်းအားများပြန်ရလျှင်တောင်မှ ဟောင်ကျန်ချင်းကိုသတ်နိုင်ရန် မဖြစ်နိုင်တော့ပေ။အကယ်၍ ဟောင်ကျန်ချင်းက တင်းတင်းကို ထိခိုက်အောင်လုပ်လို သည်ဆိုလျှင်တော့ ထိုသူက မနက်ဖြန်တွင်ပင် တန်း၍လုပ်နိုင်သည်။ ဖုန်းထဲတွင်နှစ်ဖက် စလုံး ငြိမ်သက်နေလေသည်။ ဂေဟာမှူးဟောင်သည် စိတ်ရှည်ရှည်နှင့်စောင့်နေသည်။

ရှန်းနင်းအများသုံးဖုန်းတွင်အသုံးပြုခဲ့သော အကြွေပြား၂စေ့စာဖုန်းခေါ်ဆိုမှု ပမာဏသည် ရှန်းနင်းဘက်တွင်ကုန်ဆုံးတော့မည်ဖြစ်သည်။

"ကျွန်တော် ချန်ချောင်လမ်းမကြီးဘေးက အများသုံးတယ်လီဖုန်းအခန်းငယ်ထဲမှာ ခင်ဗျား ကျွန်တော့်ဆီလာရှာလိုက်ပါ"  

အချိန်၁နာရီလောက်ကြာသောအခါ မီးခိုးရောင် Volkswagen ကားတစ်စီး ချန်ချောင်လမ်းမကြီးဘေးရှိ အများသုံးတယ်လီဖုန်းအခန်းအနားတွင်ရပ်လိုက်လေသည်။ ဟောင်ကျန်ချင်း ကားထဲမှထွက်လာပြီး ဖုန်းအခန်းငယ် တံခါးကိုဆွဲဖွင့်လိုက်သည်။

…..

မနက် ၇နာရီခွဲတွင်…………

ကျိလန်မနက်စာဝယ်ပြီးပြန်အလာတိုက်ခန်းထဲသို့ဝင်လိုက်သောအခါ ဝူမြောင်မြောင် တစ်ခုခုရှာနေတာကိုတွေ့လိုက်သည်။ " မင်း ဘာကိုရှာနေတာလဲ" သူမေးခဲ့သည်။

"ကျွန်မရဲ့အရုပ်ပျောက်နေလို့"…ပြောရင်းပင် သူမသည် ကလေးတစ္ဆေ ထိုနေရာတွင် ပုန်းနေမလားဟု တွေ့ချင်၍  တံမြက်စည်းယူကာ ဆိုဖာအောက်ကိုလှည်းနေသည်။

" သူ့နဖူးမှာအနီစက်လေးရှိတဲ့ တစ္ဆေရုပ်လား" ကျိလန်ကမေးလေသည်။

"အင်း ဟုတ်တယ်" …

"သူ့ကိုထပ်ရှာစရာမလိုတော့ဘူး သူအခန်းထဲမှာမရှိဘူး။ သူမနေ့ညက ဝရံတာကနေ ခုန်ချသွားတယ်။ ဘယ်တော့မှလည်း ပြန်လာမှာမဟုတ်ဘူး" ကျိလန်ပြန်ပြောသည်။

"သူ ထွက်ပြေးသွားတာလား "ဝူမြောင်မြောင် မူးဝေသလိုတောင်ဖြစ်မိသည်။

"သူကဘာလို့ ထွက်ပြေးသွားရတာလဲ"

"သူပိုက်ဆံခိုးတာကို ငါသိသွားတော့ ငါကြောင့်ထွက်ပြေးသွားတာလားတော့ မသိဘူး"

ကျိလန်က မနက်စာကိုစားပွဲပေါ်တင်လိုက်သည်။ " လာလေ အရင်စားလိုက်ဦး"

"ပိုက်ဆံခိုးတယ်? သူက ကျွန်မတို့ပိုက်ဆံကို ခိုးတာလား?" ဝူမြောင်မြောင် အံ့သြထိတ်ပြာ၍ အော်ပြောခဲ့သည်။ "သူက ငါ့ပိုက်ဆံကိုခိုးတာပါ" ကျိလန်ပြောသည်။

"ရှင့် ပိုက်ဆံလည်း ကျွန်မရဲ့ပိုက်ဆံပဲလေ မဟုတ်ဘူးလား?" ဝူမြောင်မြောင် ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလေသည်။

အခုတလောကတင် ဝူမြောင်မြောင်က သူ့အား ယွမ် ၃သိန်းကို ၂ကြိမ်ခွဲလွှဲပေးခဲ့သည်ကို ပြန်သတိရမိပြီး ကျိလန်တိတ်ဆိတ်၍သာနေလိုက်သည်။  

*ဘာလို့သူက ပိုက်ဆံတွေ ယူသွားရတာလဲ။သူပစ္စည်းတစ်ခုခုဝယ်ချင်လို့များလား သူကအမျက်ဒေါသတစ္ဆေလေ။ သူကဘာများဝယ်နိုင်မှာမလို့လဲ *

သူမသည် ကလးတစ္ဆေ ဘာကြောင့် ပိုက်ဆံယူသွားသည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။ အကယ်၍ အခိုးခံရသည်မှာ မြေအောက်လောက၏ပိုက်ဆံဖြစ်၍ တစ္ဆေမြို့တော်တွင် အပြင်သွား၍ပစ္စည်းဝယ်လိုလျှင် သူနားလည်နိုင်သေးသည်။သက်ရှိလောက၏ပိုက်ဆံသည်မြေအောက်လောကအတွက် အသုံးမဝင်ပေ။

"သူထွက်ပြေးသွားတာဖြစ်နိုင်တာပဲလေ" ကျိလန်မေးခဲ့သည်။ "မင်းဘယ်အချိန်တုန်က သူ့ကိုအရုပ်ထဲပိတ်ထားခဲ့တာလဲ? ဘာလို့သူရဲ့ လှုပ်ရှားမှုတွေကိုရော ထိန်းချုပ်မထားရတာလဲ? မင်းက သူ့ကိုလွတ်လွတ်လပ်လပ် လျှောက်ပတ်ပြေးဖို့တောင် ခွင့်ပြုထားလိုက်သေးတယ်"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က အတူတူပူးပေါင်းထားကြတဲ့ ဆက်ဆံရေးလေ ပြီးတော့ ကျွန်မချိတ်ပိတ်ပြီးပြန်ခေါ်လာတဲ့သူက အမျက်ဒေါသတစ္ဆေလည်း မဟုတ်ပါဘူး။ ဒါ့အပြင်သူက ကျွန်မကို ယွမ်၃သိန်းကူရှာပေးသေးတာ ဒါကြောင့် ကျွန်မ သူ့ကိုကန့်သတ်ချုပ်ချယ်မထားတာပါ" ဝူမြောင်မြောင်က ပြောသည်။

ကဝေအဖွဲ့အစည်းသည်အမျက်ဒေါသတစ္ဆေများကိုအခြားသောရုပ်လွန်ပညာရှင်များနှင့် မတူကွဲပြားစွာ ဆက်ဆံလေသည်။ ယေဘုယျအားဖြင့်တစ်စုံတစ်ရာက အမျက်ဒေါသတစ္ဆေ အထွဋ်ထိပ်အဆင့်သို့ရောက်ရှိသွားလျှင် ရုပ်လွန်ပညာရှင်များစဉ်းစား ဆုံးဖြတ်သောတစ်ခုတည်းအရာမှာ မြေအောက်လောကသို့ ပို့ဆောင်ပြီး သူတို့ခံစားနေရသော ဝေဒနာခံစားချက်များကို ဆေးကြောသန့်စင်ရန်သာဖြစ်သည်။

တကယ်လို့များ အမျက်ဒေါသတစ္ဆေက ဆေးကြောသန့်စင်မှုပြု၍မရနိုင်ပါက ရုပ်လွန်ပညာရှင်များက ထိုတစ္ဆေအား အမှုန်အမွှားအဖြစ်သာ ပြောင်းလဲ နှိမ်နင်းလိုက်မည် ဖြစ်သည်။

နောက်ဆုံးတွင်တော့…ရုပ်လွန်ပညာရှင်များသည် အမျက်ဒေါသတစ္ဆေများအား သေမျိုးတို့၏လောကကို ဖရိုဖရဲဖြစ်အောင် ဖျက်စီးခွင့် မမေးပါ။  သို့ရာတွင် ကဝေအဖွဲ့စည်း၏အမြင်မှာတော့…အမျက်ဒေါသတစ္ဆေများကို ၂မျိုး၂စားခွဲခြားထားသည် ယခုကဲ့သို့ သဘောတူညီချက်လဲလှယ်နိုင်သော တစ္ဆေနှင့် မလဲလှယ်နိုင်သောတစ္ဆေဟူ၍ပင်ဖြစ်သည်။

သဘောတူချက်လဲလှယ်နိုင်သော အမျက်ဒေါသတစ္ဆေများကို ကဝေများက လုပ်ဖော်ကိုင်ဘက်အဖြစ် မှတ်ယူထားကြသည်။ ထိုကာလတွင် အမျက်ဒေါသတစ္ဆေက သဘောတူချက်ကို မချိုးဖောက်သရွေ့ ကဝေသည်ထိုတစ္ဆေအား အတင်းကြပ်ခိုင်းစေတာမျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်တောင် အမျက်ဒေါသတစ္ဆေ၏တောင်းဆိုချက်သည် သင့်လျော်သော အချက်ဖြစ်နေလျှင် သူမက ကျေနပ်နေမည်ဖြစ်သည်။

ကဝေများသည် ထိုသဘောညီမှုလဲလှယ်ခြင်းတစ်ခုလုံးဟာ သင့်တော်လျော်ညီမှု ရှိရဲ့လား ဆိုတာကို သေချာရန်လည်း ကြိုးစားသိရှိအောင်လုပ်ကြသည်။ ထို့အပြင် အမျက်ဒေါသတစ္ဆေ၏ စွမ်းအားများသည် စိတ်ဝိညာဉ်ကတိစာချုပ်ဖြင့် တုတ်နှောင်ခံထားရသဖြင့် ထိုသဘောတူညီမှုအတောအတွင်း မည်သည့် ဆိုးဝါးသောကိစ္စကိုမျှ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ကဝေနဲ့သဘာတူထားခြင်းလုပ်ဆောင်မှုမရှိသည့် အမျက်ဒေါသတစ္ဆေများအတွက်မူ  ကဝေက မည်သို့သဘောတူညီမှုလုပ်ချင်သည်ဆိုသည့်စိတ်အခြေအနေအပေါ်တွင်မူတည်လေသည်။

အမျက်ဒေါသတစ္ဆေအား နှိမ်နင်းလိုက်ရန် တွေးစရာမလိုပါပေ။ ၎င်းအားလွတ်လပ်စွာသွားလာစေခြင်း ညနက်ထိ TV ကြည့်စေခြင်းကဲ့သို့ ၎င်းအားလွတ်လပ်ခွင့်ပေးထားသည့်ကိစ္စများသည်လည်း မတည်ရှိသလိုပင် သတ်မှတ်လိုက်နိုင်သည်။

"မင်းတို့ကဝေတွေရဲ့ ဝန်ဆောင်မှုကတော့ တကယ့်ထိပ်တန်းပဲ " ကျိလန်က သူမ၏ စကားများကို သရော်လိုက်လေသည်။

"ဒါပေါ့ တစ်စုံတစ်ယောက်က ကျွန်မကို ပိုက်ဆံကူရှာပေးတယ် ။အဆုံးမှာတော့ ဘာအကျိုးမြတ်မှပြန်မရဘဲကျွန်မရဲ့မန္တန်တွေကိုပြန်သက်ဝင်စေအောင်သာလုပ်နေမယ်ဆိုရင် ဘယ်စွမ်းအားထူးပုဂ္ဂိုလ်ကမှနောက်ပိုင်းမှာ ကျွန်မကိုပြန်ဖြေကြား လာတော့မှာမဟုတ်ဘူးလေ" ဝူမြောင်မြောင်က ဆက်ပြောသည်။" ဒါ့အပြင် ရုပ်လွန်ပညာ ဂိုဏ်းတွေ အဖွဲ့စည်းတွေ အပြင်မှာအများကြီးရှိနေတဲ့ထဲမှာမှ ကျွန်မတို့ကဝေအဖွဲ့စည်းမှာသာ ဒီလိုအရည်အချင်းမျိုးရှိတာလေ။ဒါကလည်း ကျွန်မတို့ရဲ့  အပြုအမူကောင်းတွေနဲ့ ဖြောင့်မတ်တည်ကြည်မှုတွေ ရှိနေတဲ့ဆက်ဆံမှုပုံစံကြောင့်ပဲ"

ကျိလန်တကယ်ကိုဆွံ့အသွားလေသည်။သူပြန်လည်ချေပရန် ဘာစကားမှထွက်မလာတော့ပေ။    "အခုကိစ္စမှာက  သူကထွက်ပြေးသွားပြီဆိုတော့ မင်းတို့သဘောတူထားတဲ့ အလုပ်ကိစ္စမှာသက်ရောက်မှုရှိလာနိုင်သေးလား" ကျိလန်က မေးလေသည်။

"စိတ်ဝိညာဉ် ကတိစာချုပ်တစ်ခါဖြစ်သွားပြီဆိုရင် သူ့ရဲ့စွမ်းအားတွေအားလုံးလည်း တခြားတစ်ဖက်ကို အကုန်လွှဲပြောင်းပေးလိုက်ရတာလေ။ အဲ့ဒီအချိန်အတွင်းတော့ သူဘာပဲလုပ်လုပ် စိတ်ဝိညာဉ်စာချုပ်ကိုတော့ မချိုးဖောက်နိုင်ပါဘူး။ အကယ်၍ သူ့ ဝိညာဉ်က လုံးဝလွှင့်စင်ပျောက်သွားတာမျိုးမဟုတ်ရင်ပေါ့လေ" သူမက ပြန်ဖြေလေသည်။

ထိုကြောင့် သူမသည် ကလေးတစ္ဆေ၏လှုပ်ရှားမှုများကို ထိန်းသိမ်းကန့်သတ်ထားမှု မပြုခဲ့ခြင်းပင်ဖြစ်သည်။ စိတ်ဝိညာဉ်ကတိစာချုပ်တစ်ခါချုပ်ဆိုထားလိုက်သည်နှင့် ကလေးတစ္ဆေသည် အတော်လေးကူရာမဲ့သော အရုပ်သေးသေးလေးတစ်ရုပ် အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ထိုအချိန်အခါတွင် သူသည် အတော်လေးအားလျော့ နေမည်ဖြစ်ပြီး တစ်ပါးသူ၏ကာကွယ်စောင့်ရှောက်မှုကိုလိုအပ်ပေသည်။

များသောအားဖြင့် အမျက်ဒေါသတစ္ဆေအဖြစ်တဖြေးဖြေးချင်းပြောင်းလဲသွားသော တစ္ဆေများသည် နက်ရှိုင်းသောစိတ်စွဲလန်းမှုများရှိကြသောကြောင့် သူတို့၏တမလွန်ခရီး လမ်းကို ဆက်မရှာနိုင်တော့ပေ ။

"ဒါဆိုမင်း သူ့ကိုသွားခေါ်သင့်လိုက်တာပေါ့  " သူကပြောသည်။  "အကယ်၍ သူသာအန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရတာဆိုရင် စိတ်ဝိညာဉ်ကတိစာချုပ်က ပျက်ပြယ်သွားမှာမလား"

"အင်း"  သူမ မုန့်တစ်ခုကိုလှမ်းယူပြီး တစ်ချက်ကိုက်လိုက်သည်။" နောက်ကျ ကျွန်မ မန္တန်ပုံစံတစ်ခုဆွဲပြီး သူရှိနေတဲ့နေရာကိုစစ်ကြည့်လိုက်မယ်  ရှန်ကုန်းရေ ကျွန်မဒီနေ့ စတူဒီယိုကို မလာတော့ဘူးနော်"  

တစ္ဆေရုပ်ကိုရှာရန်အတွက် သူမအပြင်ထွက်မည်ကို ကျိလန်သိပါသည်။ ဒါကြောင့်မို့ပင် သူတိတ်တိတ်ပဲနေနေလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်  ။

"သူကထွက်ပြေးရုံတင်မကဘူး ငါတို့ပိုက်ဆံကိုခိုးရဲသေးတယ် ။ ငါသူ့ကိုရှာတွေ့လို့ ကတော့ တကယ့်ချည်ထိုးရုပ်အဖြစ်ကို နောက်၂လလောက်ထိပြောင်းပစ်လိုက်ပြီး လှုပ်ရှား မရအောင်လုပ်ပစ်မယ်" သူမက ဆူဆူဆောင့်ဆောင့်ဖြင့်ပြောလေသည်။

မနက်စာစားပြီးနောက်တွင် ကျိလန်က အလုပ်သို့ကားမောင်းထွက်သွားသည်။

ဝူမြောင်မြောင်က စာရွက်ဖြူလွတ်တစ်ရွက်ရှာလိုက်ပြီး ထိုပေါ်တွင်မန္တန်ပုံစံတစ်ခုကို ရေးဆွဲနေရာချခဲ့သည်။  လက်တလောတွင် ကလေးတစ္ဆေ၏ခန္ဓာကိုယ်ပေါ်တွင် သူမ၏

ကဝေစွမ်းအားများ ကျန်ရှိနေသေးသည်။ ဒါကြောင့် သူဘယ်ဆီကိုပင် ထွက်ပြေးပါစေ သူမသည် မန္တန်ပုံစံမှတစ်ဆင့် သူ့ကိုတွေ့နိုင်လေသည်။ သူ မန္တန်ပုံစံရေးဆွဲပြီးသွားသည်နှင့် စိတ်ဝိညာဉ်ကတိစာချုပ် ဆက်နွယ်ချက်သည် ပို၍အားကောင်းလာပြီး သူမချက်ချင်းပင် သူ၏တည်နေရာကို အာရုံခံမိလေသည်။ 

*အဝေးကြီးမှာပဲ  သူအဲ့ကိုဘယ်လိုများရောက် သွားလိုက်ပါလိမ့်*

သူမဖုန်းကိုထုတ်ကာ မြေပုံ App ကိုဖွင့်၍တစ်ချက်ကြည့်လိုက်သည်။

သူသည် လက်ရှိတွင် သူမလက်ရှိရှိနေသော မြို့လယ်နေရာမှဆိုလျှင်   ဟိုင်မြို့၏ မြောက်ဘက်အစွန်ဖျားတွင်ရှိနေလေသည် ။သူမထိုတည်နေရာသို့ရောက်သည်နှင့် တက္ကစီပေါ်မှဆင်းလိုက်ပြီး သူမနဲ့ကလေးတစ္ဆေကြားရှိ စိတ်ဝိညာဉ်ကတိစာချုပ် အမှတ်သားများနောက်သို့ ဖြေးဖြေးလိုက်သွားရင်း သူ့ကိုရှာခဲ့သည်။

 ခန့်မှန်းချေ မိနစ်၃၀လောက်ကြာပြီးနောက် သူမ ကလေးတစ္ဆေရှိရာနေရာသို့ရောက်သွား ကာ သူမသည်မိဘမဲ့ဂေဟာ၏ဝင်ပေါက်ရှေ့တွင်ရပ်လိုက်သည် ။

*အနီရောင်နှလုံးသား မိဘမဲ့ဂေဟာ*

သူမ ခဏမျှမိန်းမောတွေဝေပြီးနောက် အထဲသို့လျှောက်လှမ်းသွားခဲ့သည်။

"မင်္ဂလာပါ   ဒီကိုလုပ်အားပေးလုပ်ဖို့လာတာလား " သူမ ဂေဟာထဲဝင်သွားသည်ပင် ဘယ်နှလှမ်းမှ မရှိသေး ၊ ဆံပင်ဖြူနေသော အသက်လတ်ပိုင်းအမျိုးသားတစ်ဦးက သူမအနားသို့ ရောက်လာပြီး မေးခွန်းတစ်ခုမေးလေသည်။ 

“မင်္ဂလာပါ " ပြန်နှုတ်ဆက်လိုက်သည်။ ထိုသူ  သူမအနားသို့နီးကပ်လာသည်ကိုခံစားမိပြီနောက်တွင် ထိုသူ့အနားမှ စိတ်ကောင်းစေတနာရှိမှုကိုပါ ခံစားသိရှိမိနိုင်လေသည် ။

"ကျွန်တော်က ဒီမိဘမဲ့ဂေဟာရဲ့ ဂေဟာမှူးပါ ။ကျွန်တော့်ကို ဂေဟာမှူးဟောင်လို့ ခေါ်နိုင်ပါတယ် " ဟုပြောကာ ဂေဟာအတွင်းဘက်သို့ညွှန်ပြပြီး "ဒါက မင်းပထမဆုံး ရောက်ဖူးတာမလား။  ကျွန်တော်ဒီနားတစ်ဝိုက်ကို လိုက်ပြပါ့မယ်"  

ဝူမြောင်မြောင်သည် ထိုသူလက်ကောက်ဝတ်တွင်ဝတ်ဆင်ထားသော စန္ဒကူးသားဖြင့် ပြုလုပ်ထားသော ပုတီးစေ့ လက်ပတ်ကို အကြည့်ရောက်သွားသည် ။သူသည် တကယ်ကိုပင် စွမ်းအားမြင့်ဘုန်းတော်ကြီးတစ်ပါးပါးဆီမှ ထိုဆုတောင်းလက်ပတ်ကို ရထားတာဖြစ်မည်။  ကြည့်ရတာဂေဟာမှူးသည် တကယ်ကိုလူကောင်းပင်ဖြစ်ရမည်။ မဟုတ်လျှင် ထိုကဲ့သို့ လက်ပတ်ကိုရရှိလိမ့်မည်မဟုတ်ပေ ။

"ကောင်းပါပြီ..ကျွန်မဘာများကူညီပေးနိုင်မလဲတော့ သေချာမသိဘူး" သူမကပြုံး၍ ပြန်ပြောခဲ့သည်။  "ကလေးတွေက ဟိုမှာလေ  မင်းကိုကြည့်ရတာအတော်လေးငယ်ပုံပေါ် ပြီး ကျောင်းသူတစ်ယောက်နဲ့တူတယ်။သူတို့မင်းနဲ့အတူတူကစားရင်း သူတို့ပျော်သွားကြ မှာပါ " သူက သဘောကောင်းသောဟန်ပန်ဖြင့်ပြန်ပြောလာသည်။"ဒီနေ့က ကြားရက်လေ လုပ်အားပေး တော်တော်များများက အလုပ်သွားကြရတော့ သူတို့နဲ့အတူကစားပေးမဲ့သူ များများစားစားမရှိဘူး။ ဒါကြောင့်အခုလိုဆိုရင် ကလေးတွေက အတော်လေးပျင်းနေကြတာ "      

"ကစားပေးရမယ် အဲ့ဒါက ကျွန်မအကျွမ်းကျင်ဆုံးအလုပ်ပဲ"

ဂေဟာမှူးဟောင်ခေါ်သည့်နောက်ကိုလိုက်သွားရင်း  ဝူမြောင်မြောင်သည် မြန်မြန်ဆန်ဆန်ပင် ဂေဟာတစ်ဝိုက်ကိုလှည့်ပတ်ကြည့်ရှုပြီးသွားသည်။  ထိုနေရာသည် အရမ်းကျယ်သောနေရာတော့မဟုတ်ပေ။ထိုနေရာသည် ယခင်ကစွန့်ပစ်ထားသော မူကြိုကျောင်းကိုပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ အဆောက်အဦးမှာ၂ထပ်ဖြစ်ပြီး ထပ်ခိုးတစ်ထပ်ပါသေးသည် ။ဒုတိယထပ်တွင်ကလေးများနေထိုင်ပြီး ပထမထပ်တွင် လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်လေသည်။ ခြံဝန်းထဲတွင် မီးဖိုချောင်ဟု ယူဆနိုင်သော တစ်ထပ်အဆောက်အဦးတစ်လုံးလည်းရှိသည် ။

ဝူမြောင်မြောင်သည် ထပ်ခိုးရှိရာဘက်သို့ဦးတည်၍ ဖြတ်ခနဲကြည့်လိုက်လေသည်။

ထို့နောက် သူမအိတ်ထဲမှလက်တစ်ဖဝါးစာအရုပ်လေးတစ်ရုပ်ကိုထုတ်လိုက်သည်။

"ဒီအရုပ်လေးကအရမ်းလှတာပဲနော်။ သမီးတို့ကိုပေးဖို့လားဟင်" အသက်၄နှစ် ၅နှစ်အရွယ်လောက်ရှိမဲ့ကလေးမလေးတစ်ယောက်က ဝူမြောင်မြောင်နားသို့ရောက်လာပြီး ဝူမြောင်မြောင်၏လက်ထဲရှိချည်ထိုးရုပ်လေးကိုစိတ်လှုပ်ရှားစွာစိုက်ကြည့်နေသည့် ကလေးငယ်၏မျက်နှာတွင် အရုပ်အား နှစ်သက်မှုအပြည့်ဖြင့် ရှိနေ၏။

"မဟုတ်ဘူး  ဒါကအစ်မသုံးဖို့ပါ " ဝူမြောင်မြောင်ကရှင်းပြလေသည် ။

"အော်" ကလေးငယ်၏ စိတ်ပျက်လက်ပျက်ဖြစ်သွားသောအမူရာကို မြင်လိုက်ရလေသည်။ ဝူမြောင်မြောင်သည် တစ်ခဏလောက်ရပ်နေလိုက်ပြီး

"လာလေ ပြတင်းပေါက်တွေနား ထွက်ပြီး ပဟေဌိအရုပ်ဆက်တာ ကစားကြရအောင်

ဟုတ်ပြီလား" သူမသည် ကလေးမလေးအားကြိုးစားချော့မော့လေသည်။

"ကောင်းပြီလေ" ထိုကလေးမလေးသည် အရမ်းကိုနာခံတတ်နေသည် ။

ဝူမြောင်မြောင် သူမအားအရုပ်မပေးခဲ့သောအခါတွင်လည်း စိတ်ကောက်ခဲ့ခြင်းမရှိခဲ့ပါ။

ဝူမြောင်မြောင်သည်ပြတင်းပေါက်နားရှိကောက်ရိုးဖျာပေါ်တွင်ထိုင်ရန် ကလေးမလေး၏လက်ကိုကိုင်၍ခေါ်သွားသည်။ ထို့နောက်သူမသည် ကလေးမလေးက ခေါင်းငုံ့ကာ အရုပ်ဆက်ခြင်းဖြင့်အလုပ်များနေချိန်တွင် သူမလက်ထဲကအရုပ်ကို ပြတင်းပေါက်အပြင်သို့ ချရန်အခွင့်ရေးရသွားလေသည်။  "ထပ်ခိုးကိုသွားလိုက်နော်" သူမကနူးညံ့သောလေသံဖြင့်ပြောလိုက်သည်။  "ထပ်ခိုးက အရမ်းအန္တရာယ်များတယ်။

သမီးတို့ကိုဘယ်တော့မှအဲ့ဒီကိုမသွားဖို့ ဂေဟာမှူးက မှာထားတယ်"  ဝူမြောင်မြောင်၏ အသံကိုကြားသွားသောအခါ ကလေးမလေးသည် ဝူမြောင်မြောင်က သူမကိုပြောနေ သည်ဟု ထင်မိလေတောသည်။

"တကယ်လား ဒါဆိုလည်းအဲ့ဒီကိုမသွားဘဲနေကြတာပေါ့" ဝူမြောင်မြောင်က စိတ်အေးလက်အေးနှင့်ပင် ပြန်ပြောလိုက်သည် ။

  ဝူမြောင်မြောင်ရဲ့ အမိန့်ကိုရသော် ချည်ထိုးအရုပ်လေးသည် ပြတင်းပေါက်များနားရှိ ရေပိုက်လုံးများတစ်လျှောက်တွယ်တက်သွားသည် ။ မကြာမှီတွင်ပင် အရုပ်သည် ထပ်ခိုးရှိ ပြတင်းပေါက်ဘောင်ပေါ်သို့တက်လိုက်သည်။နွေရာသီဖြစ်သည့်အလျောက် အခန်းလေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို အမြဲလိုလိုဖွင့်ထားလေ သည်။ ဒါကြောင့်အရုပ်သည် ထပ်ခိုးထပ်သို့ဝင်ရန် ဘာမှအားစိုက်စရာမလိုလိုက်ပေ။

ထပ်ခိုးထပ်ထဲသို့ဝင်ရောက်ပြီးသည်နှင့် သူသည် ထပ်ခိုးတစ်ဝိုက်လှည့်ပတ်ရှာဖွေလေ တော့သည်။အခန်းတစ်ပတ်လှည့်ပတ်သွားရင်း သူသည် သုံးပြီးသားဖိနပ်ဘူးတစ်ခုရှေ့တွင် ရပ်လိုက်လေသည်။  

ထို့နောက်သူ၏လက်သေးသေးလေးနှင့်ဖိနပ်ဘူးအဖုံးကို အနည်းငယ်မ၍ကြည့်လိုက်သည်နှင့်ဗုဒ္ဓအလင်းရောင်ခြည်များသည် ထိုဟသွားသောနေရာမှ ချက်ချင်းဆိုသလိုဖျာထွက်လာလေသည်။

ချည်ထိုးအရုပ်လေးသည်လည်း ကြောက်လန့်ကာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာလေသည်။

*အာ ! ဘာလို့ ဗုဒ္ဓရောင်ခြည်က အဲ့ထဲမှာရှိနေရတာလဲ။ ငါမြေအောက်လောကကို ပို့ပြီး သန့်စင်ခြင်းခံရတော့မလို့ *

ချည်ထိုးအရုပ်လေးသည် ကြောက်ရွံ့မှုများဖြင့် သူ့ရင်ဘတ်သူ ဖိထားလေသည်။ သူသည်မြေအောက်လောကသို့ အနှေးနှင့်အမြန် ဦးတည်သွားရမည်ဖြစ်သော်လည်း သူသာ သေမျိုးတို့၏လောကတွင် ရက်အနည်းငယ် ကြာအောင်နေနိုင်သေးပါက ထိုသို့ သူအစောကြီးမဆင်းသွားချင်သေးပါ။  

သူသည် ဗုဒ္ဓအလင်းရောင်ခြည်နှင့် မထိတွေ့ရဲ၍ ထပ်ခိုးထပ်၏ တံခါးမကြီးသို့ပြေးသွားခဲ့သည် ။ ထို့နောက်သူသည် ခုန်တက်ကာ တံခါးလက်ကိုင်ကို ဆွဲလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ သူ့အား ကလေးတွေကြောက်ကြမည်စိုး၍ သူ့၏ဝိညာဉ်သဏ္ဍာန်သည် ပူးကပ်ထားသောအရုပ်မှထွက်ခွာကာ ပထမထပ်သို့ လွင့်မျောကာသာ သွားလိုက်သည် ။

"ကဝေ…ကဝေ!အပေါ်ထပ်မှာအရမ်းကိုစွမ်းအားကြီး တဲ့ဗုဒ္ဓအလင်းရောင်ရှိနေတယ်။ငါအဲ့နားကိုကပ်လို့မရဘူး။ဘယ်လိုဖြစ်ဖြစ် မင်းအတွက်တော့တံခါးဖွင့်ပေးခဲ့တယ်။ မင်းဘာသာ တက်သွားပြီး ကိုယ်တိုင်သာကြည့်လိုက်တော့ " ဝိညာဉ်သဏ္ဍာန်လေးမှပြောသည်။  

*ဗုဒ္ဓအလင်းရောင်ခြည်*

ဂေဟာမှူး၏ ဗုဒ္ဓဆုတောင်း ပုတီးလက်ပတ်သည် ဝူမြောင်မြောင်၏စိတ်ထဲတွင် တဖြေးဖြေးပုံပေါ်လာခဲ့သည်။

*ကလေးတစ္ဆေက ဂေဟာမှူးဟောင်ကို တစ်ခုခုလုပ်ချင်ရတာက ဒါကြောင့်များလား

ဒါပေမဲ့လည်းအဲ့အစား ဂေဟာမှူးရဲ့ပုတီးလက်ပတ်ကဖိနှိပ်ပစ်လိုက်တာကိုပဲ ခံလိုက်ရမှာ မဟုတ်ဘူးလား။  ဒါမဖြစ်နိုင်ဘူးလေ ကလေးတစ္ဆေက တစ်ခုခုလုပ်ချင်ရင်တောင် သူ့စွမ်းအားတွေပြန်ပြည့်လာမဲ့ ၃လပြီးတဲ့ထိစောင့်သင့်တယ် *

*မဟုတ်ဘူး အခုကအဲ့ဒါကိုအကောင်အထည်ဖော်ရမဲ့အချိန်မဟုတ်သေးဘူးလေ*

သူမ၏ကဝေစွမ်းအားဖြင့် ကလေးတစ္ဆေကိုကာကွယ်ပေးမည်ဆိုလျှင်တောင် ဗုဒ္ဓဆုတောင်ပတီးစေ့လက်ပတ်၏အရောင်ခြည်တော်များသည်လွန်စွာ အစွမ်းအာနိသင် ကြီးလေသည် ။ အခြေခံအားဖြင့်ဆိုလျှင် ကလေးတစ္ဆေသည်အမျက်ဒေါသတစ္ဆေဖြစ်ခဲ့ပြီး သူသည်ဗုဒ္ဓအလင်းရောင်ခြည်နှင့်အချိန်ကြာမြင့်စွာ ထိတွေ့ရင်ဆိုင်ရလျှင်  သူ၏စိတ်ဝိညာဉ် ပျက်စီးသွားပေလိမ့်မည်။ နောက်ဆက်တွဲရလဒ်ကတော့ ဟန်မုန့်အခြေနေတွင် ထာဝရအိပ်စက်သွားရလိမ့်မည် ။

*ဟင့်အင်း အဲ့လိုမဖြစ်သေးပါဘူး ။စိတ်ဝိညာဉ်စာချုပ်က အခုထိမှမပျက်စီးသေးတာ*

သူမ၏  လုပ်ငန်းအပေါ်သမာဓိ ခိုင်မြဲမှုသည် မှေးမှိန်ပျောက်ကွယ်၍မသွားနိုင်ပါ။

ထိုပိုက်ဆံပမာဏသည် ပထမဆုံးအကြိမ်သူမ၏ ချစ်ခင်ပွန်းအတွက် သူမရှာပေးခြင်း ဖြစ်သည် ။သူမသည်သေချာပေါက်ထိုပမာဏရှိငွေများကို ပြန်မပေးလိုက်နိုင်ပါပေ။

သေချာစဥ်းစားပြီးနောက် ဝူမြောင်မြောင်သည် အိမ်သာသွားမည်ဟူသော

အကြောင်းပြချက်ကိုသုံးကာ ကလေးမလေးအား ပဟေဌိအရုပ်ဆက်ခြင်းကို တစ်ယောက်တည်းခဏကစားနေပါရန်ပြောလေသည်။ လူတိုင်းပြန်လည်အလုပ်များနေ ကြသည့်အချိန်တွင် သူမသည်အပေါ်ထပ်သို့ပြေးတက်သွားခဲ့သည်။လျင်မြန်စွာပင် သူမ ထပ်ခိုးထပ်သို့ရောက်သွားပြီး ထပ်ခိုးထပ်၏တံခါးသော့ပွင့်နေသည်မှာလည်း သေချာလေသည်။ထိုအချိန်တွင် သူမသည် မြန်မြန်ဆန်ဆန်ပင် ကလေးတစ္ဆေပူးကပ် ထားသော အရုပ်ကိုသာ ပြန်၍သိမ်းဆည်းလိုခဲ့သည်။ ထို့ကြောင့်သူမသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ တံခါးကိုတွန်းကာ အထဲသို့ဝင်သွားလိုက်သည် ။

ထပ်ခိုးသည် သူမထင်ထားသည်ထက်ပိုကျယ်နေပြီး ပစ္စည်းများနှင့်လည်း ပြည့်နှက်နေခဲ့သည် ။ သူမသည် ကလေးတစ္ဆေ ဒီအခန်းထဲတွင်ရှိနေသည်ကို အထင်အရှားအာရုံရနေလေသည်။ သို့သော် အရေတွက်များပြားသော ပစ္စည်းများကြောင့် သူမသည် တည်နေရာအတိကျကို လတ်တလောတွင် မရှာနိုင်ဖြစ်နေရသည်။

*ဗုဒ္ဓရောင်ခြည်….ဖိနပ်ဘူး*

သူမသည် ဘူး သေတ္တာအမြောက်အများရှေ့တွင် ရပ်လိုက်သည်။ သူမသည်ထိုအရာများကိုတစ်ခုပြီးတစ်ခုသာ ဖွင့်ကြည့်ချင်ခဲ့မိချိန်တွင်

ထပ်ခိုးတံခါးကို တစ်စုံတစ်ယောက်အားဖြင့်တွန်းဖွင့်လိုက်လေသည် ။

"ဘမ်း!" ကျယ်လောင်သောဘမ်းခနဲအသံကြောင့် ဝူမြောင်မြောင် လန့်၍ထခုန်မိသည်။

"ဂေ…ဂေဟာမှူးဟောင် !" ဝူမြောင်မြောင်က အသံတုန်တုန်ယင်ယင်ဖြင့် အော်ခေါ်မိသည်  ။

"ကျောင်းသူမြောင်မြောင် ပထမထပ်မှာကလေးတွေနဲ့ကစားနေရမဲ့အစား ဒီမှာ ဘာလာလုပ်နေတာလဲ"  သူသည် သူမအား စူးစိုက်ကြည့်နေခဲ့သည်။

ဝူမြောင်မြောင်သည် အစတည်းက ကလေးတစ္ဆေကိုတိတ်တဆိတ်ပင် လျှို့ဝှက်ရှာချင်ခဲ့ သည် ။ဘာတွေတကယ်ဖြစ်ပျက်နေသည်ကိုမသိသည့်အလျောက် သူမသည် ဆင်ခြေတစ်ခုသာကြိုးစားပေးလေသည် ။ "ဒါက ဒီလိုပါ…ရှင်ခုနလေးတင်ကမှ ကျွန်မကိုဂေဟာကို လှည့်ပတ်လိုက်ပြပေးနေတုန်းက ကျွန်မပစ္စည်းတစ်ခုခုပျောက်သွား တယ်လို့ထင်မိလို့ပါ။ ဒါကြောင့်ကျွန်မ ဒီအပေါ်ကိုပစ္စည်းလာရှာတာပါ။ အဲ့အချိန်မှာ ထပ်ခိုးထပ် တံခါးက ပိတ်မထားတာကိုတွေ့တာနဲ့ ကျွန်မစပ်စုချင်လာပြီး ဝင်ခဲ့မိတာပါ။ တောင်းပန်ပါတယ်ရှင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမဟုတ်ပါဘူး။ ဒီနေရာက ဘယ်ပစ္စည်း ကိုမှလည်း ကျွန်မ မဖွထားပါဘူး "

"ဒါ ရပါတယ်လေ။ နေ့လည်စာအဆင်သင့်ဖြစ်ပြီ အောက်ထပ်ဆင်းစားကြရအောင်"

ဂေဟာမှူးဟောင်က သူမကို ဖျော့ဖျော့ပြုံးပြကာကြည့်လာခဲ့သည်။

သူမသည် မရိုးဖြောင့်သောအေးစက်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး

သူမ၏နှလုံးသား တစ်ခဏမျှ တောင့်တောင်းသွားလေသည်။ သူ၏ မလိုမုန်းတီးသော အငွေ့အသက်များကို သူမခံစားလိုက်မိလေသည်။

* သူအခုလိုမရွှင်မပျဖြစ်သွားတာ ငါအခုလို ပစ္စည်းလှောင်တဲ့ထပ်ခိုးထဲဝင်ခဲ့လို့လား။ငါ့ကိုများ သူအထင်လွဲသွားတာလား*

"ဂေဟာမှူးဟောင် ကျွန်မပျောက်သွားတဲ့ပစ္စည်းကိုရှာမတွေ့သေးဘူး " ဝူမြောင်မြောင်သည် အစကတော့ထိုနေရာမှ ခဏတဖြုတ်တော့ သွားလိုက်မည် လုပ်ထားသော်လည်း နောက်ထပ်အခွင့်အရေးကိုရှာရင်းမှ သူမစိတ်ပြောင်းလိုက်သည် ။

"မင်းခုနက ထပ်ခိုးထဲဝင်လိုက်သေးတယ်မဟုတ်ဘူးလား။ အဲ့ဒါက ဘယ်လိုများ အဲ့ဒီမှာ ထွက်ကျထားတာဖြစ်နိုင်မှာလဲ " အပြုံးတစ်ခုကတော့ သူ၏မျက်နှာပေါ်တွင်ရှိနေသေး သည်။ သို့သော်ငြားလည်း သူမသည် အေးစက်သောစိတ်အနေထားက တဖြေးဖြေးပို၍ကောင်းလာသည်ဟုခံစားမိလေသည်။

"ကျွန်မစောနတုန်းကတော့အဲ့ဒါကိုလှေခါးထစ်ပေါ်မှာတွေ့လိုက်သေးတာ ဒါပေမဲ့ ကျွန်မအခန်းအထဲကိုဝင်လိုက်တုန်းက အဲ့မှာ ထပ်လွှတ်ချလိုက်မိတယ် ။အဲ့ဒါက လက်တစ်ဖဝါးစာအရုပ်သေးသေးလေးလေ  "

သူမကလက်ဟန်ခြေဟန်ဖြင့်ညွှန်ပြပြောဆိုနေလေသည် ။"အရုပ်ရဲ့နှဖူးမှာ ဟင်္သာပြဒါးရိုင်းမှင်တို့ထားတဲ့ အနီစက်လေးရှိတယ်။ ဂေဟာမှူးဟောင် တွေ့များတွေ့မိ လိုက်သေးလားဟင် "

သူ၏မျက်နှာပေါ်မှအပြုံးသည် လုံးဝပျောက်ကွယ်သွားတော့သည်။  သူက သူမအား စူးရှ နေသောအကြည့်ဖြင့်စိုက်ကြည့်လိုက်ရင်း "မင်းပဲ…မင်းကရှောင်နင်းကို အရုပ်ထဲ ချိတ်ပိတ်ထားခဲ့တဲ့သူပဲ"

*ထင်ထားတဲ့အတိုင်း ဒီလူက ကလေးတစ္ဆေကိုသိကျွမ်းနေတာပဲ။ ကလေးတစ္ဆေက သူ မသေခင်မှာ ဒီဂေဟာမှူးနဲ့ပတ်သက်ဆက်နွယ်မှုတစ်ချို့ရှိခဲ့တာရော မဖြစ်နိုင်ဘူးလား*

ဝူမြောင်မြောင်၏အတွေးထဲတွင် ကလေးတစ္ဆေ၏သေဆုံးမှုတွင်ဂေဟာမှူးကပတ်သက် နေနိုင်သည်ဟူ၍တော့ မရှိခဲ့ပါ။  နောက်ဆုံးတွင်တော့ ကောင်းမွန်သောအရှိန်အဝါများဖြင့် ဝန်းရံနေသောလူတစ်ယောက်သည် မကောင်းတဲ့သူတစ်ယောက်ဖြစ်လိမ့်မည်ဟု မည်သူကမျှမထင်ထားကြပေ ။

"ဂေဟာမှူးဟောင် ကျွန်မပြောနေတာကို ရှင်က သေချာကိုသိနေတာပဲ" ထို့နောက် သူမသည် သူမ၏ရည်ရွယ်ချက် အစစ်အမှန်ကိုထုတ်လိုက်တော့သည်။ " အမှန်တိုင်းပြောရရင် အဲ့အရုပ်က ကျွန်မဟာပါ ။ကျွန်မအဲ့အရုပ်ကိုရှာဖို့လာခဲ့တာပါ ။

အဲ့ဒါ ဒီကိုဘယ်လိုလုပ်ရောက်လာလည်းတော ့မသိဘူး။ ကျွန်မအကြောင်းအရာတွေကို ဖုံးကွယ်ပြီးလည်း အချိန်မဖြုန်းချင်ဘူး။ ဘယ်လိုဖြစ်ဖြစ် အဲ့အရုပ်က ကျွန်မနဲ့ နောက် ၂လခွဲထိ ကျွန်မနဲ့အတူရှိနေဖို့လိုတယ်။ ကျွန်မကို ရှင်အရုပ်ပြန်ပေးဖို့မျှော်လင့်ပါတယ်။

ဒါပေါ့ ရှင့်မှာလည်း တခြားအခြေအနေတွေရှိနေရင် ကျွန်မကိုပြောပြနိုင်ပါတယ်။

အကယ်၍ အဲ့ဒီတစ်စုံတစ်ရာကို ကျွန်မမှာလုပ်နိုင်စွမ်းရှိမယ်ဆိုရင် ကျွန်မလုပ်ပေးမှာပါ"

"မင်းကရှောင်နင်းကိုအရုပ်ထဲမှာချိတ်ပိတ်ခဲ့တဲ့သူလား" သူက မေးခဲ့သည်။

"ဟုတ်ပါတယ် …ဆိုပေမဲ့ ကျေးဇူးပြုပြီးအထင်မလွဲလိုက်ပါနဲ့ ။ ကျွန်မကသူ့ကို နာကျင်အောင်လုပ်ဖို့ ချိတ်ပိတ်ခဲ့တာမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ရှင်သာ ဗုဒ္ဓဆုတောင်းပုတီးလက်ပတ်ကိုသုံးပြီးသူ့ကိုဖိနှိပ်လိုက်မယ်ဆိုရင် သူ့ရဲ့စိညာဉ်က အစိတ်စိတ်အမွှာမွှာပြိုကွဲသွားလိမ့်မယ်" သူမအား ကလေးတစ္ဆေကိုရည်ရွယ်ချက်ရှိရှိ ချိတ်ပိတ်ထားသည်ဟုများ သူအထင်လွဲနေခဲ့လေသလားဟု ယူဆကာ သူမကစတင် ရှင်းပြနေခဲ့သည် ။ မည်သို့ပင်ဆိုစေ သူမရှင်းပြနေတာကို နားထောင်နေရင်းပင် သူ၏ အေးစက်သောအမူရာများကပို၍ပြင်းထန်လာလေသည်။ ထိုအရာသာ ထက်မြသော ဓားမြှောင်တစ်ချောင်းဖြစ်ခဲ့ပါက သူမ၏မျက်နှာဆီသို့ထိုးဖောက်ရန် ဝင်ရောက်လာလိမ့်မည်ဖြစ်သည်။

"ရှင်…!" သူမကချက်ချင်း သတိထားမိသွားရင်းပြောလိုက်သည် ။

ထိုအချိန်တွင် အမျိုးသမီးအသံစူးစူးတစ်ခုကလှေခါးတစ်လျှောက်မှ ထွက်ပေါ်လာသည်။

"ဂေဟာမှူး နေ့လည်စာစားချိန်ရောက်ပါပြီ။ကလေးတွေ မင်းကိုစောင့်နေကြပါတယ် "

ဝူမြောင်မြောင်၏သတိထားမိသွားသောအမူအရာကို သိလိုက်သောအခါတွင် သူကစတင် အော်ပြောခဲ့သည်။

 " အန်တီဝမ်  ရဲခေါ်လိုက်ပါ ဒီမှာတစ်ယောက်ယောက်က ပစ္စည်းတွေခိုးနေတယ် "

"ဘာရယ် "….  ယခုအတောတွင်းဖြစ်ပျက်သွားသောအချင်းအရာများကို နားလည်နိုင်ရန် ဝူမြောင်မြောင်ကြိုးစားကြည့်တုန်းမှာပင် သူသည် သူမထံအပြေးလွှားရောက်လာကာ သူမကိုတစ်ဘက်သို့တွန်းထုတ်ပစ်လိုက်လေသည်။ ထို့နောက်သူမ၏နောက်နားလေး ရှိနေသောဖိနပ်ဘူးကိုဆတ်ခနဲဆွဲယူကာ ကလေးတစ္ဆေကိုဘူးအပြင်သို့ထုတ်လိုက်သည်။

"က…ဝေ" ဖိနပ်ဘူးပြင်သို့အထုတ်ခံလိုက်ရပြီးနောက်တွင် ကလေးတစ္ဆေသည် ဝူမြောင်မြောင်အား တွေ့ရှိသွားသည်။ သို့ရာတွင် သူသည် ဗုဒ္ဓဆုတောင်ပုတီးစေ့များဖြင့် ဖိနှိပ်ခံထားသည်ဖြစ်၍ သူ၏ပါးစပ်ကိုပင်ခက်ခက်ခဲခဲဖွင့်ပြောရပြီး ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်းမရှိပေ။ သူ၏အခြေအနေကြောင့် သူမသည် များစွာထိတ်လန့်အံ့သြသွားရသည် ။ကလေးတစ္ဆေသည်သူမထံမှ အချိန်ကြာစွာထွက်ခွာသွားခဲ့သောကြောင့် သူ့တွင်ရှိနေသော သူမ၏ကဝေစွမ်းအားများလည်း လျော့နည်းနေလေသည်။ ဒါ့အပြင်သူသည် ဗုဒ္ဓဆုတောင်းပုတီးဖြင့် ဖိနှိပ်ခံထားရပြီး ယခုဆိုလျှင် ပုတီးစေ့များမှ ဗုဒ္ဓအလင်းရောင်ခြည်များဖြာထွက်နေပြီး စိတ်ဝိညာဉ်ကတိစာချုပ်အားထိုးဖောက်နေပြီ ဖြစ်သည်။အကယ်၍ သူမသာ သူ့ကိုပြန်ပြီးမသိမ်းယူခဲ့လျှင် ကလေးတစ္ဆေ၏ ဝိညာဉ်သည် ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည် ဖြစ်၏။ ထိုအချိန်တွင်တော့ ဘာတွေဖြစ်ပျက် နေသည်ဆိုတာကို သူမရှင်းရှင်းလင်းလင်းသိရှိသွားလေပြီ။

 ဤဂေဟာမှူးဟောင်သည်ကလေးတစ္ဆေ၏ ဝိညာဉ်သဏ္ဍာန်ကို အစိတ်စိတ်မြွှာမြွှာဖြိုခွဲပစ်ရန် အထင်အရှားကိုရည်ရွယ်ထားလေသည် ။

"သူ့ကို ကျွန်မဆီပြန်ပေးပါ" ဝူမြောင်မြောင်မတ်တပ်ရပ်လိုက်ပြီး ကလေးတစ္ဆေအား ပြန်၍လုယူချင်နေခဲ့သည် ။သို့ရာတွင် ဂေဟာမှူးဟောင် သူမအား အောင်မြင်စွာလုခွင့် မပေးနိုင်ပါ။သူအဝေးသို့တိမ်းရှောင်ပြေးရန် အကြိမ်ရေ တစ်ချို့ကြိုးပမ်းခဲ့သော်လည်း အကြိမ်တိုင်းတွင်သူမထံအဖမ်းခံရလေသည်။သူသည် သူမ၏ပြိုင်ဘက် မဟုတ်ကြောင်း အလျှင်မြန်ပင်သဘောပေါက်သွားလေသည်။ အကြင်နာကင်းမဲ့သောရက်စက်သည့် အပြုအမူများသည် သူ့ထံမှ ထင်ရှားသိသာစွာထွက်ပေါ်လာသည်။သူသည် ထပ်ခိုးဝင်ပေါက်သို့နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏တွန်းလိုက်သည့်အားကိုအသုံးချကာ လှေခါးကိုတမင်ချော်နင်းကာ ထပ်ခိုးမှရည်ရွယ်ချက်ရှိရှိလှိမ့်ဆင်းလိုက်သည်။

"အား…ဂေဟာမှူး" အန်တီဝမ်၏ စီစီညံညံအော်သံက ဂေဟာတစ်ခုလုံးသို့ ထွင်းဖောက်ပြန့်နှံ့သွားတော့သည် .

၁၀မိနစ်လောက်အကြာတွင် စတူဒီယိုတွင်အလုပ်လုပ်သောကျိလန်သည် ဖုန်းတစ်ကော လက်ခံဖြေကြားလိုက်ရသည် ။ "ကျိလန်လား"

"ဟုတ်ပါတယ် "သူပြန်ဖြေလေသည် ။

"ကျွန်တော်တို့က ခင်ဗျားတို့ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ရှိယန်ရွာ ရဲစခန်းကပါ။ ဝူမြောင်မြောင်ဆိုတဲ့နာမည်နဲ့တစ်ယောက်ကိုများခင်ဗျားသိလား"

"သူမဘာဖြစ်လို့လဲ။  အနီးနားပတ်ဝန်းကျင်ကရဲစခန်းတဲ့လား "

"ဝူမြောင်မြောင်ကို လက်ရှိမှာ ဖောက်ထွင်းခိုးယူမှု တခြားသူများအား ရည်ရွယ်ချက် ရှိရှိ ထိခိုက်နာကျင်စေမှုများနဲ့ စွဲချက်တင်ထားပါတယ်။ သူမကိုကျွန်တော်တို့ရဲ့စခန်းမှာလက်ရှိ ထိန်းသိမ်းထားပါတယ်"

ကျိလန်မှာ ပြောစရာစကားများပင် ပျောက်ဆုံးနေမိလေတော့သည် ။

.....

နောက်တစ်ပိုင်းမှာ ချစ်ဇနီးလေးအတွက် ကိုကိုကျိလန်တစ်ယောက် အစွမ်းတွေထုတ်သုံးတော့ပါမယ်နော် 😁

Paid gp လေးမှာတော့ Gp1 လေးက ပြီးခါနီးနေပြီနော် အသဲတို့ရေ။

စဆုံး 156 ပိုင်းရှိတဲ့paid လေးကို ဝင်ချင်ရင် 4500 ကျပ်တည်းနဲ့ ဝင်နိုင်ပါတယ်ရှင့်။

Gp1 ခုချင်းစီခွဲဝင်ချင်ရင်တော့ 2500 ကျပ်စီနဲ့ Gp2 ခုကို ဝင်နိုင်ပါတယ်နော်။

Continue Reading

You'll Also Like

4.3K 341 8
ဒီနိုဗယ်မှာတော့ မျက်နှာဖြတ်ရိုက်တာတွေကို အားရပါးရကြည့်ရမဲ့အပြင် အတွဲတစ်တွဲ၏ ခွေးစာတို့ကို တနင့်တပိုးစားရပါမယ်ရှင့် 😍😍
100K 5K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
8.3K 427 22
Title The Former Wife of Invisible Wealthy Man Author - Bixia Bù Shàng Cháo 陛下不上朝 Genre Comedy Romance Shoujo Supernatural Total Chapters - 145chapte...
71.3K 5.9K 58
Title - Married to the protagonist Type - Web novel (CN) Genre - Comedy Drama Fantasy Romance Slice of Life Tags - Arranged Marriage Arrogant Charac...