အချိန်အားဖြင့် 9နာရီတောင်ကျော်လွန်နေလို့ ဒီအချိန်ဆို နေဖင်ထိုးနေပြီဖြစ်၏
အိမ်မှာမနေလို့ပိုတောင်ကောင်းသေး
ဒီအချိန်ဆိုလာနိူးမယ့်အဖေလည်းမရှိသလို ဆူညံဆူညံပြောမယ့် အဖေလည်းရှိမနေပါ။
အိပ်လို့ကောင်းခြင်းရဲ့ရလဒ်က ဇက်ကြောတက်ခြင်းဖြစ်လိမ့်မည် ဒါတောင် ရင်ခွင်ထဲမှာ အိပ်ပျော်နေလို့။
"ရာချီ နိုးပြီလား "
"အင်းနိုးပြီ "
"မျက်နှာသွားသစ်လိုက် ကိုယ်မနက်စာ ပြင်ထားတယ် "
"ဟုတ်ပြီလေ "
ညဆိုလည်းရင်ခွင်ထဲမှာ ခေါင်းပုတ်ပြီးချော့သိပ်ခံရ မနက်ဆိုလည်း ထချင်တဲ့ချိန်မှ ထရ။ မနက်စာအဆင်သင့်ပြင်ပေးတဲ့ မိန်းမ အာမဟုတ်ဘူး ယောင်္ကျားရှိနေတာဘဲ။ လင်ယူတာတော်တော်ကောင်းတာဘဲ။
ဒီနေ့ ရာချီ့ရဲ့ မနက်ခင်လေးက အလွန်ပင်ကျက်သရေရှိနေ၏
"ဒီနေ့ရဲ့ မနက်စာက ဘာများလဲ "
"မင်းကြိုက်လားမကြိုက်လားမသိပေမယ့်ကိုယ်အုန်းနို့ခေါက်ဆွဲချက်ထားပေးတယ်"
"ဟင် ..ကိုယ်တိုင်ချက်တယ်ဟုတ်လား"
"အင်း"
အုန်းနို့ခေါက်ဆွဲကိုတောင်ကိုယ်တိုင်ချက်ကျွေးတာဆိုတာကြောင့် အံဩပြီး အိုးဖုံးလေးကိုဖွင့်ကြည့်လိုက်တော့ ထွက်ပေါ်
လာတဲ့ အငွေ့အသက်က သိပ်ကိုမွှေးလွှန်းနေသည်။
"မင်းဘယ်အချိန်ထချက်တာ "
စားဖို့အတွက်ပြင်ပေးနေတဲ့ သူ့ရှေ့ကလူကို သေချာကြည့်နေပြီးမှမေးလိုက်၏
"မနက်ကလေ မင်းဆိုင်ကချက်တဲ့ဟာဆိုမကြိုက်မှာဆိုးလို့ ကိုယ့်ဘာသာချက်လိုက်တာ"
"နောက်ခါ မချက်ပါနဲ့ဝယ်စားလဲအဆင်ပြေပါတယ် ဒီလိုဟာတွေချက်တာ ပင်ပန်းတာကို"
"အထွန့်မတက်နဲ့လေကွာ စားစရာရှိတာစားမှပေါ့ "
"ဘာကွ!မင်းငါ့ကို အာဏာလာပြနေတာလား"
"ကိုယ်ပြောတာက "
"ထားလိုက်တော့ စားမယ်ပေးပေး "
"စကားမှားရင် တောင်းပန်ပါတယ် "
"မမှားပါဘူး ဒါပေမယ့်နောက်ခါငါ့ကို စကားအရင့်အမာကြီးနဲ့ မပြောနဲ့ နှလုံးသားကနုနုလေးကွ "
အသဲယားဟန်ပြောနေတဲ့ရာချီကြောင့် လက်နဲ့နှခေါင်းအုပ်ပြီး ဟက်ခနဲ ရီမိ၏
"အဟက် ဟုတ်ပါပြီကွာ စားပါ "
"ကောင်းလိုက်တာတကယ်ဘဲ ငါ့အမေ ကိုယ်ပွား ဆယ်ယောက်ချက်ရင်တောင်မင်းတစ်ယောက်တည်း လက်ရာကိုမမှီဘူး "
"ရာချီ ကိုယ်ကိုဆွဲထားပါအုန်း "
"ဟင်ဟင်ဘာဖြစ်လို့လဲ "
ဘုမသိဘာမသိဆွဲထားဆိုတာနဲ့ ဇွန်းကိုချပြီး လက်ကိုအတင်းဆွဲပြီးမှ
"မင်းမြှောက်နေလို့ ကိုယ်လေပေါ်ကိုမြောက်တက်သွားမှာဆိုးလို့လေ "
"ဟားဟား မင်းကတော့ကွာ "
အခုဆိုရင် အုန်းနို့ခေါက်ဆွဲသုံးပန်းကန်မြောက်တောင်ကုန်သွားပြီ စားကောင်းကောင်းနဲ့စားလိုက်တာ ဗိုက်ကိုတင်းပြီးဘာမှလုပ်ချင်စိတ်ပါမရှိတော့ဘူး။
အချိုတည်းဖို့အတွက်လည်း ထန်းလျှက်ခဲ ပုလင်းကချထားသေးသည် ။
ဟိုသီချင်းထဲကလို မောင်ပြန်လာရင် အဆင်သင့်ဖြစ်ဖို့ရယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်...ထမင်းစားပြီးရင် အချိုတည်းနိုင်အောင် ထန်းလျှက်ခဲပါတယ် ဆိုတဲ့သီချင်းက ပုံတိုင်းများရေးပေးထားသလားအောက်မေ့ရသည်။
"ရာချီ စားလေ မင်းစပ်နေတယ်မလား ခုနက ငရုတ်သီးထည့်စားထားတာလေ ဒါကြောင့်ထန်းလျှက်ခဲ ချပေးတာကိုဘာလို့မစားရတာလဲ"
"မစားပါဘူး ထန်းလျှက်ခဲက မင်းအပြုံးလောက်တောင်မချိုဘူး "
"ဟမ် "
"ထန်းလျှက်ခဲမှာ မင်းပြုံးလိုက်ရင် သွားအစွန်းကအချွန်လေးတွေလည်းမပါဘူး"
"...."
"ထန်းလျှက်ခဲက ဘာလို့ဈေးကျတာလဲသိလား"
"ထန်းလျှက်ခဲက ဈေးမကျပါဘူး ရာချီရဲ့ "
"လျှာမရှည်နဲ့ ကျဆိုကျလိုက်လေ"
"ဟုတ်ပြီဟုတ်ပြီ ကျတယ် ဘာလို့ကျတာလဲ"
"မင်းအပြုံးလောက်မှမချိုတာ ဘယ်သူကဝယ်ချင်မှာလဲ "
"ရွာထဲမှာတော့ ကိုယ်မရှိရင်ဖြစ်ပေမယ့်
ထန်းလျှက်ခဲမရှိရင်မဖြစ်ဘူးရာချီရဲ့ "
"ငါအတွက်ကတော့ ထန်းလျှက်ခဲမရှိရင်ဖြစ်ပေမယ့် မင်းမရှိလို့တော့မဖြစ်ဘူး သွားမစားဘူး "
ထန်းလျှက်ခဲ ပုလင်းကို တွန်းထုတ်ပြီး လက်ပိုက်လိုက်တဲ့ ရာချီ့ရဲ့ အမူအယာကြောင့် ပုံတိုင်း လက်ခုတ်တွေပါ တီးပြီးရီပါလေတော့သည်။
"ထန်းလျှက်ခဲမစားဘူးဆိုရင်ဘာစားမှာလဲ
အခုမင်းစပ်နေတာလေ"
"မသိဘူးသွားမစားဘူး "
"ထန်းလျှက်ခဲထက် ကိုယ့်အပြုံးက
ပိုချိုတယ်ဆိုတော့ ကိုယ့်နူတ်ခမ်းကိုဘဲစားမလား"
"ဘာ ဘာ"
"ကိုယ်ကျွေးမယ်လေ "
"မင်းနော် "
ပုံတိုင်းရဲ့ မျက်နှာက ရာချီ့ဆီသို့ အတင်းတိုးနေလာတာကြောင့် နောက်ဆုတ်ရင်းဆုတ်ရင်းနဲ့ ကုလားထိုင်ရဲ့ လက်ကိုင်နဲ့ ကျောနဲ့မှီမိသွား၏
ပုံတိုင်းကတော့ ထပ်ပြီးတိုးလာတာ အခုဆို သူ့ကအပေါ်သို့ရောက်ရှိနေ၏
"ရာချီစားပါ "
"ဖယ် ဖယ်နော် မင်း"
"ကိုယ်ကျွေးမယ်လေ "
"မစားပါဘူး "
"ပြောတော့ချိုတယ်ဆို"
"ငါပြောတာက အပြုံးကိုပြောတာ"
"အင်းလေ အပြုံးတောင်ဒီလောက်ချိုနေရင် နူတ်ခမ်းဆိုဘယ်လောက်တောင်ချိုမလဲ "
"မင်းနော်မစနဲ့တော့ "
ပြွတ်စ်!!!
"မင်း!!"
ဆူပုတ်နေတဲ့ကောင်လေးနဲ့ နှဖူးတော့ အနမ်းတွေက ကျရောက်သွားခဲ့၏
"ရပြီ ထတော့ ကိုယ်မစတော့ပါဘူး "
"ပြီးရော ဟွန်း"
နှစ်ယောက်သား သူနေရာနဲ့သူပြန်ဖြစ်သွားကြပြီး စကားစပ်ကြ၏
"ကိုယ်တို့ အခေါ်အဝေါ်ပြောင်းသင့်တယ်ရာချီ"
"မင်းကဘယ်လိုခေါ်စေချင်လို့လဲ"
"ကိုကို"
"ခွီး!!!"
ရာချီတစ်ယောက်ကတော့ လှောင်ချင်စောနဲ့ရီနေတာ အခုထိမရပ်သေး ပုံတိုင်းကလည်းမထိုးစဖူး မျက်စောင်းထိုးမိ၏
"မင်းကို ငါက ကိုကိုလို့ခေါ်စေချင်တာဟုတ်လား ဟားဟားဟား"
"ခေါ်စေချင်တာပါ မခေါ်ခိုင်းပါဘူး"
"ခေါ်ခိုင်းလည်းမခေါ်ပါဘူး"
"အော်အင်း "
"ကြားချင်တယ်ဆိုရင်တော့ တခါတော့ခေါ်ပေးမယ် ဒါပေမယ့် မင်းအရင်ခေါ် "
"ကိုယ်ခေါ်ရင်မင်းတကယ် ပြန်ခေါ်ပေးမှာလား"
"တကယ်ပေါ့ "
"ကိုကို..."
"ဗျာ.."
"ရပြီမင်းပြန်ခေါ်တော့ "
"ခေါ်စရာလား မင်းတော့ ဂျင်းမိသွားပြီ ကရော် ကရော်"
လက်ညိုးလေးကွေးပြီးပြောင်လိုက်သေးတာ
ချစ်လို့အရာရာ လျှော့ပေးထားတာကိုအဟုတ်ထင်နေတာဘဲ ဒီခလေးကတော့။
"အခေါ်အဝေါ်အတွက်က ငါ့ဟာငါ့ဆုံးဖြတ်မယ် ငါက ပုံသေမရှိဘူး စိတ်ကြည်ရင် အစ်ကိုလို့ခေါ်ပေးမယ် စိတ်သိပ်မကြည်ရင် တိုင်း လို့ခေါ်မယ် လုံးဝ ဒေါသထွက်နေပြီဆိုရင် ပုံတိုင်းဆောင်!!! လို့ခေါ်မယ် ဟုတ်ပြီလား "
"ဟုတ်ပါပြီမင်းသဘောပါ "
"မင်းကလည်းငါ့ကိုခေါ်ချင်သလိုခေါ်ပေါ့"
"အင်း"
"ဒါနဲ့ ငါမနေ့ထဲက မေးချင်နေတာ"
"ဘာမေးချင်တာ "
"မင်းနာမည်က ပုံတိုင်းဆောင်မလား အက်တော့ပေါင်းပြန်ကောက်ရင် ပေါင်တိုင်းဆုံလေ ဘာလို့အဖေကို ပေါင်တိုင်းဆုံးလို့ပြောတာလဲ "
" ကိုယ်မပြောလိုက်ဘူးလေ မင်းအဖေပြောတာကိုယ့်နမည်က မင်းပြောတဲ့အတိုင်းပေါင်တိုင်းဆုံ ဖြစ်ရမှာဆိုပေမယ့် မင်းအဖေကကြောက်နေပြီလေ ဒါကြောင့်စကားတွေလေးလံနေတာ"
"တက်လည်းတက်နိုင်ပါတယ်လေ ဒါဆို ငါ့အဖေက ပေါင်းတိုင်းဆုံလို့ပြောရင်ရော"
"မင်းနဲ့ပေါင်တိုင်းဖူးစာဆုံသွားတယ်ထင်ပါရဲ့လို့ပြောလိုက်မှာပေါ့ "
အေးတယ်ထင်ရပေမယ့် စကားတွေကိုသိပ်ကိုတက်နေတာ သင်ပေးစရာကိုမလိုပါ။
<><>
ကောက်စိုက်ရန်အတွက်လယ်ထဲကိုလာခဲ့ပေမယ် ဘာအတင်းပြောသံမှ သိပ်မကြားရဘဲ
တိတ်ဆိတ်နေခဲ့၏ ပုံမှန်ဆို ဘာညာ ဘာညာ အတင်းပြောနေရမှာမလား။
"သာလှ "
"ဗျ"
"ငါ့အဖေ တခုခုများ လုပ်ထားသေးတာ"
"ကျွန်တော်လည်းပြောမလို့ဘဲ မနေ့က ရွာထဲကလူတစ်ချို့ကိုခေါ်ပြီးအကိုလေးတို့ကြောင်းကိုပြောကြတယ်"
"ဘာပြောကြတာလဲ "
"အကိုလေးတို့က အတူတူနေတာက တစ်ခြားဘာမှမရှိဘဲ ညီအကိုတွေမို့လို့အတူတူနေကျတာလို့ဘဲ သူကြီးကပြောထားတာပါ "
"ဘာကွ!မင်းပြန်မပြောလိုက်ဘူးလား "
"အကိုလေးရာချီ ကျွန်တော့်ကို ဘာများထုတ်ပြောလို့လဲ အမြဲတမ်းလျှို့ဝှက်နေတာလေ ဒါကြောင့်ကျွန်တော်လည်းစိတ်ဆိုးတယ် "
"မင်းဆိုးတာ မင်းမဆိုးတာမင်းအပိုင်း ငါ့အဖေနဲ့သွားရှင်းမယ် ကျန်နေတဲ့ မျိုးစေ့ကိုမင်းဖြန်းထားလိုက် "
"ဟင် အကိုလေး ..."
နောက်ဆုံးတော့လည်း သာလှဘဲအကုန်လုပ်ပေးရတော့မည်။
နဂိုတည်းက ရာချီထင်မိသည် ရွာထဲက လူတွေက အတင်းတွေပြောနေလိမ့်မည် သို့ပေမယ့်ထင်ထားသလိုမဖြစ်လာတာက အဖေ့ရဲ့ ပရောဂသာ ပါမည်။ဒါက သူ့သားကို အပြောမခံချင်လို့ ဖြေရှင်းတာမဟုတ်ဘဲ သူတို့ကို သဘောမတူလို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်လိုက်တာနေမှာ။
"အဖေ!"
"ရာချီ ငါ့အိမ်တော့ မင်းပြန်လာရကောင်းမှန်းသိတာဘဲ "
မျက်နှာပြောင်နေတာ မုန်းဖို့ကောင်းလွန်းသည်။ မုန်းနိုင်ခဲ့မယ်သာဆိုရင် ငယ်ငယ်ထဲက အဖေဆိုတာ ကျွန်တော့်ဘဝမှာ ရှိနေမှာတောင်ဟုတ်မနေတော့
"ရွာထဲက လူတွေကို ဘာကြောင့် ကျွန်တော်တို့က ညီအကိုလိုနေတာလို့ပြောခဲ့ရတာလဲ
ကျွန်တော် အဖေ့ကိုဖြေရှင်းခိုင်းခဲ့လို့လား"
"ဒီအတွက် မင်းငါ့ကို ကျေးဇူးတောင်တင်ရမှာလေ ဘာအတွက်လာပြီး အထွန့်တက်နေရတာလဲ "
"အဖေဝင်ပါစရာမလိုပါဘူး ပြီးတော့ကျွန်တော်နဲ့ ပုံတိုင်းက ညီအကိုလိုနေတာမဟုတ်ဘဲ လင်မယားလိုနေနေတာပါ အဖေထင်သလို အပေါင်ဆုံးတာသက်သက်ဘဲမဟုတ်သလို ညီအကိုလဲလုံးဝမဟုတ်ဘူး ကျွန်တော်ပုံတိုင်းကိုဘယ်တော့မှညီအကိုလို သဘောမထားခဲ့ဘူး "
"မင်းလိုကောင်မျိုးကိုမွေးမိတာတကယ့်ကိုနောင်တရပါလား "
"ကျွန်တော်လည်း အဖေ့ဆီမှာသားဖြစ်ရတာနောင်တရလို့မဆုံးပါဘူး ရွေးချယ်ခွင့်မရှိလို့သာ ဖြစ်တည်မှုအတိုင်းနေနေရတာပါ အခုလိုအဖေပြောခဲ့တာလဲ ကျွန်တော်တို့အတွက်မဟုတ်ဘဲ အဖေကကိုယ်သားကိုတောင်ပိုက်ဆံပေးပြီးမရွေးဘူးလို့ အဖေအပြောခံရမှာဆိုးလို့ စကားလမ်းကြောင်းလွှဲခဲ့ရုံဘဲလေဟုတ်တယ်မလား"
"ရာချီဒွေး !!!"
"ကျွန်တော့်ကိုပုံတိုင်းဘဲ ပိုင်ပါတော့တယ် ပြီးတော့ ကျွန်တော် အတင်းပြောခံရရင်တောင်
ကျွန်တော်ရဲ့ ဆက်ဆံရေးကို လူတွေသိမှာကို ဂရုစိုက်နေမယ့်အချိန်မရှိဘူး ကျွန်တော်တို့တွေ အချင်းချင်းချစ်ကြိုက်တာကျွန်တော်တို့အမှားလဲမဟုတ်သလို လူတွေမှာပြောပိုင်ခွင့်လည်းမရှိဘူး တကယ်လို့ လာပြောခဲ့ရင်တောင် ခေါင်းငုံ့ခံနေမှာမဟုတ်ပါဘူး"
"မင်း ငါ့ကိုဒီလိုတွေခံပြောတက်နေပြီဘဲ"
"အက်လိုဖြစ်လာခဲ့အောင်အဖေလုပ်ခဲ့တာပါတကယ်လို့ အဖေက ကျွန်တော့်ကိုပြန်လိုချင်ရင်တော့ အဖေပိုက်ဆံနဲ့ကျွန်တော့်ကိုလာရွေးလိုက်လို့ရတယ် အဖေသာပြန်ရွေးရင်ကျွန်တော် အချိန်မရွေးအဖေ့ဆီကို ပုံတိုင်းကိုစွန်းလွှတ်ပြီးပြန်လာနိုင်ပါတယ် ဒါပေမယ့်အဖေမရွေးမှန်းကျွန်တော်သိပ်သိတာပေါ့
အဖေကကိုယ့်သားသမီးထက်အဲ့ ပိုက်ဆံကိုဘဲပိုချစ်တာလေ "
သူ့သား၏ စကားတွေက မှန်သထက်ကိုမှန်နေပါသည် ပိုက်ဆံကို မဲပြီးသားသမီးကိုအချိန်မပေးခဲ့ပေမယ့် သူတို့တွေဒါကိုအထွန့်တက်ပြောဆိုခဲ့ခြင်းမရှိပေမယ့်
အချိန်ကိုက်ဗုံးဆို တာ တစ်ချိန်ကျရင်ပေါက်ကွဲတက်တာဘဲလေ။
<><><>
"ရာချီဒီနေ့ မင်းအဖေဆီသွားခဲ့သေးတယ်ဆို"
"မင်းသိနေတာလား "
"ကိုယ်မင်းကို ထမင်းချိုင့်လာပို့တာ မင်းမရှိလို့သာလှကိုမေးလိုက်လို့သိရ..
ရာချီ မျက်နှာလည်းမကောင်းဘူး သူကြီးမင်းကိုတစ်ခုခုပြောလိုက်တာလား "
ပုံတိုင်းကအားတဲ့အချိန်ဆို စာတွေ ဖတ်နေတာထုံးစံထင်သည် တစ်ယောက်ထဲဆိုလည်းသူ့ဘာသာနေတက်နေ၏ အခုဖတ်နေလက်စ စာအုပ်ကိုချပြီး ရာချီထိုင်နေတဲ့ ဧည့်ခန်းက ထိုင်ခုံမှာဝင်ထိုင်နေ၏။
စိတ်ပူနေတဲ့ မျက်ဝန်းတွေကလည်းအပြည့်။
"ရာချီကိုယ့်ကိုပြောလေ ကိုယ်သူကြီးကိုသွားဆုံးမပေးမယ်လေ "
"ခင်များးကတော့ဗျာ "
"...."
"ခင်များကတကယ့်ကိုလူဆိုးဘဲ"
"ရာချီ..."
"ခင်များကတော်တော့်ကိုဆိုးပါလား "
"မင်းဘာဖြစ်နေတာလဲ "
အခုကောင်လေးကငိုနေပြန်ပြီ သူနဲ့နေရတာ စိတ်မချမ်းမသာဖြစ်နေတယ်လို့ပြောမှာကိုကြောက်မိသည်။
"ခင်များ နောင်တမရဘူးလားဗျာ"
"ကိုယ်ကဘာကိစ္စနောင်တရရမှာလဲ ဘယ်အချိန်ဘဲမေးမေး ကိုယ်က နောင်တမရဘဲ ပျော်ရွင်နေရတာပါ "
"ခင်များ ဗျာ ခင်များမို့လို့ ကိုယ့်ကိုသိပ်ချစ်ခဲ့တဲ့မိဘတွေကိုစွန်လွှတ်ပြီး ဒီအမိူက်ဆီကိုလာခဲ့ရလား "
"ရာချီ!!!"
တခါမှမအော်ခဲ့ပေမယ့်ရုတ်တရက်ထအော်တဲ့ ပုံတိုင်းကြောင့် လန့်မိပြီး ရပ်တန့်သွား၏
"ကိုယ်မကြိုက်ဘူး ရာချီ မင်းကဘယ်လိုလုပ်အမိူက်ဖြစ်ရမှာလဲ မင်းက ကိုယ်မြတ်နိုးရတဲ့လူပါ ဘာကြောင့် အဲ့လိုတွေကိုယ့်ကိုကိုယ်သတ်မှတ်နေရတာလဲကွာ"
"ကျွန်တော်သာလေ ခင်ဗျားနေရာမှာဆို ကိုယ့်ကို ချစ်ပေးတဲ့ မိဘတွေကိုဘဲရွေးချယ်မိခဲ့မှာ "
"....."
"ခင်ဗျားသိလား ကျွန်တော့်ကို ကျွန်တော့်မိဘတွေသာ သိပ်ချစ်ခဲ့ရင် ခင်ဗျားဆီကိုကျွန်တော်လာခဲ့မှာမဟုတ်ဘူး မိဘတွေကို ကျွန်တော်စွန့်လွှတ်ခဲ့မှာမဟုတ်ဘူး
ကျွန်တော်ခင်များရဲ့ဘဝကို ဘယ်လောက်တောင်အားကျခဲ့ရလဲသိလား
ခင်းများကတကယ့်ကိုသားဆိုးဘဲ"
သူရာချီရဲ့စကားကို နားမထောင်ရဲတော့ပါ
ဘာကြောင့် ကိုယ့်ဘက်ကိုမကြည့်ခဲ့ရတာလဲရာချီရာ မင်းအားကျတဲ့ကောင်က အခုမင်းဆီကို အရောက်ပြေးလာတာတောင်မင်းကဒီစကားနဲ့ကိုယ့်ကို နှိပ်ဆက်နေတာဘဲ။
မင်းမိဘတွေကသာ မင်းကိုသိပ်ချစ်ခဲ့ရင်
မင်းက ကိုယ့်ကိုရွေးချယ်မှာမဟုတ်ဘူးတဲ့
ကိုယ်ကတော့ ပျော်ရွင်နေရတဲ့ဘဝရှိနေတာတောင် မိဘတွေရဲ့ မျက်နှာကိုမကြည့်ဘဲသားဆိုးဖြစ်နေခဲ့တာတောင် မင်းရဲ့မျက်နှာကိုဘဲကိုယ်မြင်နေခဲ့တာ မင်းကိုဘဲကာကွယ်ချင်ခဲ့တာ မင်းကိုဘဲလွှတ်မြောက်စေချင်ခဲ့တာ။
အဲ့လိုသာဆို မင်းမိဘတွေမင်းကိုမချစ်ခဲ့တာကကိုယ်အတွက် အခွင့်အရေးတစ်ခုလား ကိုယ်အခုမင်းကြောင့်မကောင်းတဲ့စိတ်တွေဝင်လာမိပြီဘဲ။
အခုတော့မင်းကတကယ်ကိုဆိုးတဲ့သူပါလားရာချီရာ မင်းက ကိုယ်အချစ်ကိုမမြင်နိုင်သေးတာလား။