ခရမ်းသီးပင်ဝေဝေဆာဆာလေးနဲ့ ဘူးသီးခြံလေးမှာလဲ ဘူသီးတွေက ဖွဲ့ဖြိုးနေ၏
ငရုတ်သီးနံနံပင်ဗိုလ်စားပဲ ခရမ်းချဉ်သီးပင်
စသည့် အလွယ်တကူခူးလို့ရတဲ့ အပင်ပေါင်းဆုံးနဲ့ ခြံထဲမှာ သူတို့နှစ်ယောက်ကိုကြိုဆိုနေတဲ့အိမ်လေးတစ်လုံး။
"ပုံတိုင်း ဒါက ဘယ်သူ့အိမ် "
"ကိုယ့်အိမ်လေ ဆောက်ထားတာတော့နည်းနည်းကြာပြီ မင်းနဲ့နေဖို့ပေါ့"
"မင်း မဟုတ်မှ "
"အင်းမင်းထင်သလိုဘဲ ကိုယ်ပြောခဲ့တဲ့အတိုင်း ကိုယ်အားလုံးကိုစွန့်လွှတ်ခဲ့ပြီလို့"
"ကျေးဇူးပါ မင်းကတော့ငါ့အတွက်သက်သက်ကြီးကို စီမံပေးသားဘဲ"
"ပေးရမှာပေါ့ ကိုယ့်ကိုမင်းကပိုင်တယ်လေ
ကိုယ်ရဲ့သခင်လေးစိတ်ချမ်းသာအောင်ကိုယ်ကအားလုံးလုပ်ပေးရမှာပေါ့ "
"မလုပ်ပေးပါနဲ့တော့ ငါပြန်တော့မယ်"
လက်ခံပြီးလိုက်လာခဲ့တယ်ထင်ခဲ့ပေမယ့်အိမ်ရောက်မှ ပြန်မယ်ဆိုပြီးထွက်သွားတဲ့ ရာချီ့ရဲ့အရှေ့တည့်တည့်ကိုရပ်၍
"ရာချီ ဘယ်လိုဖြစ်တာလဲ"
"ပုံတိုင်း ငါအစကအလွယ်တွေးခဲ့ဖူးပေမယ့်
သေချာစဉ်းစားကြည့်တော့ ဒါခလေးကစားနေတာမဟုတ်မှန်းသိလိုက်ရတယ်
မင်းရောငါရော ယောင်္ကျားလေးတွေ
အတူတူမိသားစု ထူထောင်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ မင်းမိဘတွေကိုရောဘယ်လိုရင်ဆိုင်မှာလဲ "
"ကိုယ်မိဘတွေနဲ့ ရင်ဆိုင်မယ်ဆိုရင်ရော မင်းကကိုယ်နဲ့နေမှာလား "
"ပုံတိုင်း..."
"ကိုယ်ပြောခဲ့ပြီးပြီလေ ကိုယ်အားလုံးကိုစွန်းလွှတ်ခဲ့ပြီလို့ အခုသေချာလေးမပြောခဲ့တာဘဲရှိတယ် "
"ပြောလိုက်တော့ လက်မခံရင်ရောမင်းရောငါရော ရွာထဲမှာနာမည်ပြတ်မှာမလား "
"လက်မခံလည်း ကိုယ်ဂရုမစိုက်ဘူး
ကိုယ်ကသိစေချင်ရုံမို့ ပြောပြမှာ
ကိုယ်ဘက်တော့ အားလုံးကိုရင်ဆိုင်ပြီးမင်းနဲ့နေဖို့အဆင်သင့်ဖြစ်ပြီ အခုနေဖို့အတွက် အိမ်လည်းရှိတယ် မင်းဝယ်ထားတဲ့လယ်လည်းရှိနေတာဘဲ အတူတူလုပ်ကိုင်စားသောက်ကြရအောင် "
"ပုံတိုင်း မင်းဘာလို့ခလေးဆန်နေရတာလဲ
မင်းကအရင်က အဲ့လိုမဟုတ်ပါဘူး"
"ကိုယ်အရင်ထဲက တဇွတ်ထိုးဆန်တယ် ဖွင့်မပြခဲ့တာဘဲရှိတာ ပြီးတော့ ကိုယ့်အိမ်နေရာကိုလည်းကြည့်လေ ဒေါင့်ကြတာမို့
ကိုယ်တို့တွေ အေးအေးချမ်းချမ်းနေလို့ရတယ်"
"မင်းသဘော မင်းသဘော "
လက်သာလျှော့လိုက်တော့မည် အခုပုံတိုင်းက ဆုံးဖြတ်ချက်အခိုင်အမာရှိနေ၏
ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်စတဲ့ဇာတ်ဘဲ ကိုယ်နိုင်အောင် က ရတော့မည်။
"ငါရေချိုးပြီးပြီ ဒါပေမယ့် ဝတ်စရာမရှိဘူး"
"အက်အတွက်မပူနဲ့ ကိုယ်ထုတ်ပေးထားတယ်"
တကယ်လဲကြည့်လိုက်တော့ စာရေးစာပွဲမှာ အင်္ကျီတစ်စုံ မီးပူတိုက်ထားတာထင်ပါရဲ့သပ်သပ်ရပ်ရပ်ရှိနေ၏
ကိုယ်ဝတ်တာက အပေအတေနိုင်သလောက်သူ့ဟာက မဝတ်ရဲ့စရာ။
ကီးမကိုက်တဲ့နှစ်ယောက်ကအတူတူနေပြီးဘယ်လိုဆက်ဖြစ်ကြမလဲ ။
"ပုံတိုင်းမင်းဘာတွေရှာနေတာ "
"အိပ်ယာပေါ်လှဲနေလိုက် ကိုယ်လာခဲ့မယ်"
"ဟင်.."
"ဆေးထည့်ပေးမလို့ပါ "
"အာ ..."
ပုံတိုင်းက တကယ်အနေအထိုင်က မိန်းခလေးအတိုင်းဘဲ ခြင်ထောင်အပန်းရောင်လေးလည်းထောင်ပြီး အပေါ်မှာ ပင့်တင်ထားသေးတာ။
"မျက်နှာမှာဘဲမလား ဒဏ်ရာတွေက "
"အင်းနည်းနည်းပါ ငါ့ဟာငါထည့်မယ်"
"ငြိမ်ငြိမ်နေ ရာချီ "
"...."
အလိုက်သတိလေး စကားနာထောင်ပြီးငြိမ်ငြိမ်လေး နေပေးလိုက်တဲ့ ရာချီကြောင့် ပြုံးမိ၏
နူတ်ခမ်းနားနဲ့ မျက်ခမ်းနားမှာ အညိုရောင်ပါသန်းနေတော့မည်။
အမှန်အတိုင်းပြောရင် သူ့ရဲ့ အနာကိုဆေးမထည့်ပေးချင်ပါ မြင်လည်းမမြင်ချင်ဘူး
ဒါတွေဘယ်လောက်နာနေမလဲဆိုတာကို ခံစားဖူးတဲ့သူတွေဘဲ သိလိမ့်မည်။
အခုတူတူနေပြီဆိုတော့ အတက်နိုင်ဆုံး လိမ္မာအောင် ဆုံးမပေးချင်သည်။
<><><>
ရွာထဲမှာတော့ ရာချီနဲ့ ပုံတိုင်း ညတွင်းကြီးပျောက်သွားကိစ္စကြောင့် ပလူပြန်နေ၏
ဒါကို ရာချီတို့လည်းသိနေတာကြောင့် ကိစ္စကို သူကြီး အိမ်မှာဘဲ ဆုံးဖြတ်ပြီး အပျက်ရှင်းဖို့အတွက်နှစ်ယောက်သား သူကြီး အိမ်သို့ရောက်ရှိနေကြ၏
"ရာချီ မင်းတို့တွေညက ဘယ်ထွက်ပြေးသွားကြတာလဲ "
"သူကြီးခင်ဗျ အရင်ထဲက ဂရုမစိုက်ဘဲအခုမှဘာတွေဂရုစိုက်နေတာလဲ"
"ရာချီမင်းကိုယ့်အဖေကိုဘယ်လိုခေါ်နေတာလဲ"
"သူကြီးကြားတဲ့အတိူင်းဘဲလေ "
"ဒီ!!!"
လက်ရွယ်ဖို့လုပ်လိုက်တဲ့ အချိန်မှာ ပုံတိုင်းကဝင်ခံလိုက်ပြီးမှ
"ရာချီက ကျွန်တော့်အပိုင်ပါ သူကြီး ထိုးလို့ရတဲ့လူမဟုတ်တော့ပါဘူး "
"ဘာကွ ရာချီက ငါမွေးထားတဲ့ငါ့သားကွ"
"ရာချီက ကျွန်တော့်ဆီမှာ သူ့ကိုယ်သူအပေါင်လာခံထားပါတယ် ဒါဆိုရင် သူကျွန်တော့်ဆီက ပေါင်ထားတဲ့ သူ့ကို ပြန်ရွေးမလား အတိုးတွေလည်းမသက်ထားတော့ သိန်း၁၀၀လောက်တော့ရှိနေပြီ"
"ဘာ!!!"
"ပုံတိုင်းမင်းငါ့ကို..."
သူ့ကိုမလိုချင်လို့ပြန်စွန့်နေတယ်လို့ထင်နေမိတာကြောင့် ရာချီပူပန်နေတာကို သတိထားမိပြီး သူ့လက်ကိုအမြန်ဆုပ်ကိုင်ထားလိုက်၍
"သူကြီး ရွေးမာလား "
ပုံတိုင်းသိသည် ဒီသူကြီးက ကပ်စီးနည်းတာကို တစ်သိန်းလောက်သုံးဖို့ဝင်လေးတဲ့သူက
သိန်း၁၀၀ မပြောနဲ့ ၁၀သိန်းပေးရင်တောင်
သူရွှေးမည်မဟုတ်ပါ။
"....."
"သူကြီးမရွေးရင်တော့ သူကြီးသားက ကျွန်တော့်အပိုင်ဘဲ "
"မင်းတို့တွေ ..."
"ဒါဆိုကျွန်တော်တို့သွား အခုမရွေးရင်နောက်လဲရွေးလို့ရမှာမဟုတ်တော့ဘူး "
"ရွေးမှာကွ! "
"သူကြီးပြောကျွန်တော့်ဆိုင်နာမည်ကဘာလဲ"
"မရုံးခင်ဆွေးလေ"
"မရုံးခင်ဆွေးတော့ "
"မရွေးခင်ဆုံးပေါ့ "
"ကျွန်တော်နမည်ကရောဘာလဲ"
"ပုံတိုင်းဆောင်လေ"
"ပုံတိုင်းဆောင်တော့ "
"ပေါင်တိုင်းဆုံးပေါ့ "
"အဲ့တော့ သူကြီးသားရာချီအပေါင်ဆုံးပြီ "
ပြောချင်တာပြောပြီးရာချီရဲ့လက်ကိုလည်းဆွဲ၍ ထွက်လာခဲ့တာ ဘာကိုမှဂရုမစိုက်သည့်ပုံပါ ။
"ရာချီ ကိုယ့်အဘဆီခနသွားအုန်းမယ် "
"အင်းငါလည်း နှင်းရည်ဆီခနသွားအုန်းမယ်"
အခုနထဲကတွေ့လိုက်သည် နှင်းရည်ငိုနေတာကို ကိုယ့်ညီမကိုငိုအောင်လုပ်လိုက်တာ ဒီအသုံးမကျတဲ့ သူ့အကိုကိုယ်တိုင်ဖြစ်နေတာဘဲ။
"အင့် အဟင့် အင့်"
"နှင်းရည် "
"ကိုကိုကြီး နင်တကယ်ဘဲ!!!အီးဟီး"
"တောင်းပန်ပါတယ် အခြေအနေအရ ဒီလိုဖြစ်သွား အင့်"
စိတ်ဆိုးဒေါသထွက်နေတာထင်ပေမယ့် ခါးကနေအတင်းအကြပ်ပွေ့ဖက်ထားတဲ့ ညီမ ဖြစ်သူကြောင့် တစ်ခုခုကိုသိချင်မိသည်။
"နှင်းရည် ဘာဖြစ်လို့လဲ "
"ကျေးဇူးဘဲ "
"ဘယ်လို .."
"မဟုတ်လည်းကိုကိုပုံက နှင်းရည်ကိုပြန်ကြိုက်မှာမှမဟုတ်တာ ကိုကိုပုံကနှင်းရည်ကိုသူ့ညီမလိုဘဲချစ်တာလေ အခုကိုကိုကြီးက ကိုကိုပုံကိုအပိုင်သိမ်းလိုက်တော့ ကိုကိုပုံ့ကို တခြားမိန်းမတွေကပ်လို့မရတော့ဘူးလေ
ကိုကိုပုံက မိန်းမမယူဘဲ ယောင်္ကျားယူလိုက်တာကမှ နှင်းရည်အတွက်ခံသာတယ်လေ"
"ဟုတ်ပါပြီ အခုလိုနားလည်ပေးတာကျေးဇူးတင်ပါတယ် အခုတော့မငိုနဲ့တော့လေကွာ ''
"ဝမ်းသာလို့ပေါ့ အင့် ကိုကိုကြီးကလွတ်လပ်တော့မယ် နှင်းရည်ကတော့ အဆူခံနေရအုန်းမယ်ထင်ပါတယ် "
"နှင်းရည်ပျင်းရင် အိမ်လာလည်ပေါ့"
တော်သေးသည် နားလည်မူရှိတဲ့ ညီမကိုရထားတာ။
ခွပ်!!!!
"မင်းကွာမင်း ငါမျက်နှာကိုအိုးမဲသုတ်တဲ့ကောင်!!!"
အဘရဲ့ထိုးချက်ကြောင့် နာနာကျင်ကျင်ခံစားလိုက်ရ၏
"တောင်းပန်တယ်ကလွဲပြီး ကျွန်တော့်မှာဘာမှမပြောနိုင်စွမ်းမရှိပါဘူးအဘ "
"မင်းအခုချက်ချင်းပြန်လာခဲ့ ဘယ်လိုနည်းနဲ့မှ အဲ့ကောင်နဲ့အတူတူနေခွင့်မပြုနိုင်ဘူး
ငါ့သားကစောက်ခြောက်တဲ့ကွာ ကြားလို့မှကောင်းရဲ့လား "
"ကျွန်တော့် ရာချီကိုတကယ်ချစ်မိသွားလို့ပါ
ဒီတခါတော့ ကျွန်တော့်ကိုနားလည်ပေးကြပါ"
"မင်းအဲ့ကောင်ကိုရွေးမှာလား မင်းမိဘတွေကိုရွေးမှာလား "
"ကျွန်တော်မှားမှန်းသိပေမယ့် ကျွန်တော်မှာ မိဘတွေမရှိရင် မဖြစ်သလိုဘဲ ရာချီမရှိရင်လည်းမဖြစ်ဘူးဗျ ပြီးတော့ ရာချီမှာလည်းကျွန်တော်ဘဲရှိတာ့တာ ရာချီနားမှာကျွန်တော်ရှိနေပေးဖို့လိုတယ်အဘရဲ့ ကျွန်တော်ရွေးချယ်နေတဲ့လမ်းကို မပိတ်ပင်ပါနဲ့ ဒီတခါဘဲ ဒီတခါလေးတော့ ခွင့်လွှတ်ပေးပါ "
"မင်း!!!မင်း!!!"
"ရှင်ရယ်တော်ပါတာ့ သူရွေးချယ်တဲ့လမ်းဘဲလေ"
အမေဖြစ်သူကလည်းငိုယိုနေ၏
ကိုယ့်ကြောင့်ငိုယိုနေတာကိုသိပေမယ့်
မဖြစ်မနေလျှစ်လျှရူထားလိုက်ရ၏
"သား အမေ့ကိုလည်းကြည့်ပါအုန်း အမေ့ဘက်ကိုလည်းကြည့်ပါအုန်းသားရဲ့ "
"ကျွန်တော့်ဘက်ကိုရော ကျွန်တော့်ဘက်ကိုရောဘယ်သူကကြည့်ပေးမှာလဲ ကျွန်တော် အများကြီးမှန်ခဲ့ပြီးပြီ ဒီတခါလေးဘဲမှားမိတာပါ ဒီတစ်ခါလေးဘဲကိုကျွန်တော့်ကို ခွင့်မလွှတ်ပေးချင်ကြဘူးလား "
"ပုံတိုင်း!!!မင်းကတော့ ဘေးတွေ့အုန်းမယ်"
အဘက အော်လိုက်ပေမယ့် မိခင်ကတော့ ငြိမ့်ငြိမ့်လေးသာ ပြန်ပြောသည်။
"ပုံတိုင်း မင်းမိဘတွေကို ဒီလိုတောင်စွန့်လွှတ်နိုင်ပြီပေါ့ မင်းကိုအမေကသိပ်ကိုယုံကြည်ထားတာ အခုမင်းရွေးချယ်တဲ့လမ်းက သိပ်ကိုမှားတယ် ဒါပေမယ့် မင်းပြန်လာချင်ရင် အမေတို့အိမ်က ကြိုဆိုနေပါတယ်နော်"
"ဘာမှမကြိုဆိုနိုင်ဘူး မင်းသာအခုထွက်သွားရင် မင်းလိုအခြောက်ကို ငါ့သားအဖြစ်လဲ မသတ်မှတ်နိုင်ဘူး"
ရွေးချယ်မှူတွေက နှစ်ခုဘဲရှိတယ် မိဘနဲ့နေမလား ချစ်ရသူနဲ့နေမလားဆိုတဲ့ အမေးကိုအခုအဘဆီက မေးခံလိုက်ရတာဘဲ။
"တောင်းပန်ပါတယ် အခုကျွန်တော်သွားမှရတော့မယ် ရာချီက ကျွန်တော့်ကိုမျှော်နေပြီ "
ကျွန်တော်ကျေးဇူးကန်းမိတာသိပေမယ့်
ရွေချယ်မူကိုမပြင်ချင်ဘူးအဘ။
"ရာချီ..ကိုယ်လာပြီ '
"အင့်ဟင့် မင်း!!မင်း..."
ခုံပေါ်ကနေ အမြန်ထလာပြီးသူ့ကိုပြေးဖက်တဲ့ပုံစံလေးက သိပ်ကိုဝမ်းနည်းစရာဖြစ်နေလိမ့်မည်။
"ရာချီ မင်းငိုနေတာလား "
"မင်း ကျွန်တော့်ဆီကို ပြန်လာသားဘဲ"
"ကိုယ်ကတိတည်ပါတယ် "
"မင်းကွာ!!တကယ့်ကိုအဆိုးဘဲ"
"မင်းအတွက်ဘဲဆိုးမိခဲ့တာပါ "
ပိုပြီးတင်းကြပ်စွာ တိုးဝှေ့နေတဲ့ ရာချီ့ရဲ့ ဆံပင်ဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွလေးပုတ်ပေး၍ မသိမသာလေး နမ်းရိူက်လိုက်ပြီး
"ရာချီ မငိုနဲ့တော့လေ ကိုယ်ရှိနေတာဘဲ"
*လီးရှက်လိုက်တာ ငါငိုနေတာဘဲ*
သူ့မိဘတွေနဲ့ဘဲနေတော့မယ်ထင်ပြီးငိုခဲ့ပေမယ့် ငိုပြီးတော့လည်းရှက်စရာတစ်ခုဖြစ်သွား၏
"အင်းမငိုတော့ပါဘူး မင်းမိဘတွေကခွင့်လွတ်တယ်လား "
"မခွင့်လွှတ်ပါဘူး ကိုယ်ကိုတိုင်ကဒီလမ်းကိုဘဲဆက်သွားချင်လို့ "
"ဒါပေမယ့် မင်းမိဘတွေကိုမင်းအရမ်းချစ်တာမှတ်လား သူတို့ဒီလိုဖြစ်နေတော့ မင်းနေနိုင်ပါ့မလား ကျွန်တော့်အတွက်ကတော့မပူပါနဲ့"
"မင်းအတွက် ပူနေတာမဟုတ်ဘူးရာချီ
ကိုယ့်အတွက်ကိုယ်ပူတာ မင်းကတော့ ကိုယ်မရှိရင်နေန်ိုင်လားမနေနိုင်လားမသိပေမယ့်
ကိုယ်ကတော့မင်းမရှိရင်မနေနိုင်ဘူး"
"...."
"ဒါကြောင့်ကိုယ့်ကိုကိုယ် ဝန်ထုပ်ဝန်ပိုးလိုခံစားပြီးမနေပါနဲ့ "
"ကျေးဇူးပါ ကျွန်တော့်ကိုစိတ်ရူတ်မှူဒဏ်ကလွတ်လပ်အောင်လုပ်ပေးတဲ့အတွက် "
"ဟုတ်ပါပြီ ခနနေအုန်း ကိုယ်ရေချိုးလိုက်အုန်းမယ်မင်းအတွက် မုန့်ဟင်းခါးဝယ်လာပေးတယ် "
"အင်းကျွန်တော်ပြင်ဆင်ထားလိုက်မယ်"
<><><>
"သူကြီးအခု ကျုပ်သားနဲ့သူကြီးသားကိစ္စကိုသိခဲ့ပြီမလား အဲ့အတွက်"
"အဲ့အတွက်ဘဲ ကျုပ်တို့ဘက်က အခုလိုခေါ်လိုက်တာပါ "
"အဲ့ကိစ္စကြောင့် ကျုပ်တောင်းပန်ပါတယ် ကျုပ်သားပုံတိုင်းကအခုလိုဖြစ်နေတာမဆုံးမပေးတဲ့အတွက် "
"ခင်ဗျာ.."
သူကြီးနားမလည်နိုင်ဘာကဘယ်လိုဖြစ်နေလဲဆိုတာ ။
"ကျုပ်သား ပုံတိုင်းကသူကြီးသားကိုချစ်မြတ်နိုးနေတယ်ဆိုတာကိုပါ "
အခုဆိုပို၍ နားမလည်နိူင်တော့၍
ပုံတိုင်းကရာချီ့ကို သူဆူတာမကြိုက်လို့အကြွေးနဲ့သိမ်းတယ်လိုဘဲထင်နေခဲ့တာ
တကယ်တော့ ပုံတိုင်းကသူ၏သားကိုချစ်မြတ်နိုးတာတဲ့လား။
"ခင်များတစ်ခုခုတော့မှားနေပြီး
ညကပျောက်သွားတဲ့ကိစ္စကိုခေါ်မေးတုန်းကတော့ အပေါင်ဆုံးပြီးသိမ်းလိုက်တာတဲ့"
"ဘယ်လို..."
"ရာချီကသူ့ဆီမှာပိုက်ဆံချေးထားတော့အပေါင်ဆုံးတာနေမှာပေါ့ဗျာ"
"ဒီလိုဆိုရင်တော့ကျူပ်အတွက်စိတ်အေးနိုင်ပါတယ် မဟုတ်မှ ကျုပ်သားပုံတိုင်းကသူကိုများတကယ်ချစ်နေရင်ကျုပ်အတွက်မတွေးရဲစရာဘဲ "
"ခနလောက်လွှတ်ထားပေးကြတာပေါ့ တကယ်ချစ်ကြတယ်ဆိုရင်တောင် ညီအကိုတွေ စိတ်ကစားနေတာမို့ပါ "
နှစ်ယောက်သားက နားလည်မှုတွေကအကြီးကြီးလွယ်နေကြ၏ ညီအကိုတွေမို့အတူတူနေချင်လို့ အကြောင်းပြနေတယ်လို့သာသတ်မှတ်လိုက်ကြ၏
"ကျန်စစ် မင်းကြားပြီးပြီလား "
"အင်း "
မယုံနိုင်ခဲ့ပါ အခုပထမအချစ်ကလုံးလုံးကိုဆုံးရူံးသွားရ၏ ရာချီ့ကိုမကျေနပ်ပေမယ့်
အခု ကိုယ်နဲ့မှမဆိုင်တော့ဘဲ
"ဘယ်လိုလုပ်အကိုပုံတိုင်းကလည်းခြောက်နေတာလဲကွာ "
"အကိုပုံတိုင်းက ငါတို့ထက် အမြင်ကျယ်တယ်လေ ဒါကြောင့်နေမှာပေါ့"
"ဒါဆိုငါထင်တာတကယ်မှန်တာဘဲအကိုပုံတိုင်းနဲ့ရာချီကကြိုက်နေတယ်ဆိုတာ"
စိတ်ညစ်နေမိတာဘဲသိပေမယ့် နှစ်ယောက်လုံးအချစ်က အတုအယောင်သာဖြစ်နေလိမ့်မည် ရာချီက နဂိုတည်းအကိုပုံတိုင်းကိုကစားချင်နေတာ ဒါကို အကိုပုံတိုင်းသိအောင်ပြောပြရအုန်းမည်။
<><><>
ပထမဆုံးနေ့လေးကတော့ မျက်ရည်တွေအနာတရနဲ့ ပျော်ရွင်မှုတွေနဲ့ပါ ရောခက်ပြီးမှ တနေကုန်သွားခဲ့၏
"ရာချီကိုယ်အိပ်ယာခင်းပြီးပြီ "
"အင်းကျွန်တော်လာပြီ "
ခြင်ထောင်ကျဉ်းလေးထဲဝင်လာခဲ့တော့ စွပ်ကျယ်အဖြူလေးဝတ်ထားတဲ့ ပုံတိုင်းကြောင့် အနေခက်ပြီး မျက်နှာလွှဲနေလိုက်ပေမယ့် ထိုသို့လည်းမနေချင်ပါ ပြောစရာစကားတွေကရှိသေးတာကြောင့် တည့်တည့်ပြန်လှည့်လာပြီး ခြင်ထောင်အမိုးကိုသာ အာရုံ
စိုက်လျှက်။
"ပုံတိုင်း ကျွန်တော်တို့ဘာလုပ်စားကြမလဲ"
"အဲ့အတွက်မင်းဘယ်လိုတွေးလဲ ကိုယ်က ရှိတဲ့ပိုက်ဆံနဲ့ အိမ်မှာအပေါင်ဆိုင်လေးဘဲထပ်ဖွင့်မလားလို့ "
"မင်းအတွေးကောင်းပေမယ့်ကျွန်တော်လည်းဂေါ်ဖီတွေအဖြစ်ထွန်းလာတဲ့အထိကြိုးစားနေပါတယ် အဲ့ကရတဲ့ငွေတွေစုလိုက်ရင်တော့အေးဆေးစားနိုင်မှာ အဲ့အတွက်လည်းကျွန်တော်အားကိုးမရှာတော့ဘဲ ကိုယ်တိုင်ဘဲပြုစုပြီးစိုက်ချင်တယ်"
"မင်းသဘောပါ ကိုယ်က ထမင်းချိုင့်လာပို့ပေးမယ်လေ "
"ကောင်းတာပေါ့ အဲ့တော့ ဟင်းချက်ရမယ့်တာဝန်ကမင်းယူနော် အဝတ်ကတော့ကိုယ်အဝတ်ကိုယ်လျှော်ပေါ့ ဒါပေမယ့် ဒီအိမ်မှာက မင်းအဝတ်ဘဲရှိတာလေ အဲ့တော့မင်းဘဲလျှော်"
"အင်းကိုယ်လျှော်ပါ့မယ်"
"ပြီးတော့ အိမ်သန့်ရှင်းရေးက အမြင်မတော်တဲ့သူလုပ်ကြေး ဒါပေမယ့် ကျွန်တော်ကတော့အမြဲမြင်တော်တယ် မင်းကသာအမြင်မတော်ရင်ဝင်လုပ်ပေါ့"
"ဟုတ်ပြီ အိမ်သန့်ရှင်းရေးလည်းကိုယ်လုပ်ပေးပါ့မယ်"
"ဒါဆိုငါအတွက်ကရော အာငါ့အတွက်က ကောက်စိုက်ဖို့ဘဲရှိတာဘဲ"
"နောက်တစ်ခုကျန်သေးတယ် မင်းကပျော်ရွှင်ပေးရမယ် "
"ဟမ်"
"မင်းအလုပ်ကတော့ပျော်ရွှင်နေပေးရမယ်
အဲ့တာမင်းအလုပ်ဘဲ ကိုယ်ကတော့ပျော်ရွှင်အောင်ထားပေးပါ့မယ် "
"အာ့ဟာ့ ခင်များကြီးကတော့ဗျာ"
ကျေကျေနပ်နပ်အော်ချလိုက်ပြီး ပုံတိုင်းရဲ့လည်ပင်းကို အားနဲ့ ဖက်ပြီးဖိချလိုက်ပြီး
ခြေထောက်ကိုပါ ခွထားလိုက်သေး၏
အခု သူ့ကတော့ပုံတိုင်းရဲ့ရင်ခွင့်ထဲလို့ထိုးဝင်သွားတာလား။
ဘာကြောင့်လဲ သူကရှက်တယ်ဆိုပြီးသူ့ကဘဲပြေးဝင်သွားတာဘဲ ချီး။
"ရာချီ ..ကိုယ့်အပေါ်ကဖယ်အုန်း"
"မဖယ်တော့ဘူး ကျွန်တော်မသိလို့ဖက်မိတာ ဒါပေမယ့် သိသွားတော့ ရှက်တယ်ဗျ မျက်နှာတောင်မပြရဲတော့ဘူး "
မျက်နှာမပြရဲလို့ ရင်ခွင်ထဲဖက်ထားတာ မှတ်သားလောက်စရာ
"အင်းပါအိပ်တော့..ကိုယ်ခေါင်းပုတ်ပေးမယ်"
ပုံတိုင်းအခုသူ့ကိုခေါင်းပုတ်ပေးနေတာကိုခံစားနေရတော့ ငယ်ငယ်က အမေပုံပြင်ပြောပြရင်းချော့သိပ်တာကိုခံစားလိုက်ရ၏
ပုံတိုင်းကတကယ်နွေးထွေးနေခဲ့တာ
ဒီနေ့တော့ သူ့ရဲ့ရင်ခွင်သူ့ရဲ့ ဂရုစိုက်မှုအောက်မှာ ကောင်းကောင်းအိပ်ပျော်တော့မည်ထင်ပါရဲ့။