🛌
"ဒူ....ဒူ.....ဒူ.....📞📞
"ဟယ်လို..."
📞"ဂျွန်ဂျောင်ကု!!!"
"ဟာဗျာ...လန့်လိုက်တာဗျာ...တိုးတိုးမအော်ဘူး"
"မင်း!ဘာလုပ်သွားတာလဲ ဟမ် .."ဂျွန်ဂျောင်ကု!"
ဂျောင်ကု ဘေးမှာအိပ်ပျော်နေတဲ့ "ဆော့ဂျင်"ကို ကြည့်လိုက်ပြီး နိုးသွားမှာစိုး၍ အသာလေးထလာလိုက်သည်။
"ဘာလဲ အဖိုးရာ စောစောစီးစီး"
📞ဘာကွ မင်းအခု ဘာလုပ်သွားတာလဲ မင်းကိုယ်မင်းသိရဲ့လား ဟမ်..."
"ကျွန်တော်လုပ်တာ ကျွန်တော်မသိဘဲနေမလားဗျာ"
📞ဘာကွ!!!"
"ဟာဗျာ နားတွေကွဲတော့မယ် ဘာလို့ခဏတိုင်းအော်နေတာလဲ"
📞အခု မင်းလုပ်သွားတဲ့လုပ်ရပ်က ငါဘယ်လောက်မျက်နှာပျက်ရလဲ သိက္ခာကျရလဲ မင်းသိရဲ့လား....
📞ကင်မ်အိမ်တော်က ကလေးမလေးက သူ့အကို,ကိုဆက်သွယ်လို့မရလို့ ဒီကိုလာရှာသွားတယ် သူ့အကို,က သူ့ကိုအသိမပေးဘဲ ဘာမှမလုပ်ဘူး ဘယ်မှမသွားတတ်ဘူးတဲ့လေ .....
အခုကိစ္စကသွေးရိုးသားရိုးမဟုတ်တဲ့အတွက် သူ့အကို,ကို သွေးဆောင်ဖြားယောင်းပြီး ခေါ်သွားတဲ့ဘယ်သူမဆို တရားစွဲမယ်တဲ့လေ .....
📞မင်းလုပ်ပုံကောင်းသေးရဲ့လား ဟမ်! ဂျွန်ဂျောင်ကု!! "
📞မင်းကိုငါ ဆက်သွယ်တာလည်း တစ်ညလုံးဆက်သွယ်လို့ကို မရဘူး!"
"ဘယ်ရမလဲ စက်ပိတ်ထားတာကို အခုတောင် "ဆမ်မီ"သူ့အကို,ကိုစိတ်ပူနေမှာစိုးလို့ စိတ်မပူဖို့လှမ်းပြောမလို့ ခဏပြန်ဖွင့်လိုက်တာ...."
📞မင်း ..မင်းငါ့ကိုရော ရှိတယ်လို့သဘောထားသေးရဲ့ "ဂျွန်ဂျောင်ကု!" ဟမ် အဖိုးဖြစ်တဲ့သူကျ စိတ်ပူပူမပူပူ ဂရုမစိုက်ဘူးဆိုတဲ့သဘောလား....
အခုမင်းလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောပေါ့လေ ဟုတ်လား "ဂျွန်ဂျောင်ကု!!"
"အဲဒါ အဖိုးကြောင့်ပဲလေ အဖိုးဘာလို့ သဘောမတူဘူးပြောလဲ..."
📞ဘာကွ! သဘောမတူဘူးပြောတိုင်း မင်း အဲလိုလုပ်စရာလား အခုလိုလုပ်လိုက်လို့ရော ငါကသဘောတူမယ် ထင်နေလား"
"မတူနဲ့လေ မတူလည်း အဖိုးဘာမှမလုပ်နိုင်တော့ဘူး ......မကျေနပ်လည်း မြေးအဖြစ်ကစွန့်လွှတ်လိုက်ပေါ့ ဒါပဲရှိတယ်......"
📞ဘာကွ ..မင်းဘယ်သူ့အားကိုးနဲ့ ငါ့ကိုပုန်ကန်နေတာလဲ...."
"ကင်ဆော့ဂျင်"ကို အားကိုးပြီးပုန်ကန်တယ်ပြောရအောင်လည်း "ကင်ဆော့ဂျင်"က မွေးစားသား ဘာပိုင်ဆိုင်မှုမှရှိတဲ့သူမဟုတ်ဘူး...."
📞မင်းလို မိုးကျရွှေကို လူတစ်ယောက်က အချစ်အတွက်နဲ့ မိုက်ရူးရဲဆန်မယ်ပေါ့ ဟုတ်မှလည်းလုပ် "ဂျွန်ဂျောင်ကု"မင်းအကြောင်းကို မနေ့တစ်နေ့ကမှ တွေ့တဲ့ "ကင်ဆော့ဂျင်"ကမသိပေမယ့် မင်းအဖိုးအရင်းဖြစ်တဲ့ငါကတော့ ကောင်းကောင်းကြီးသိတယ် မင်းဘယ်လောက် ဒဏ်ခံနိုင်မလဲ စောင့်ကြည့်ရသေးတာပေါ့...."
အဖိုးကပြောချင်ရာပြောပြီး ဖုန်းချသွားတော့ သူလက်ထဲကဖုန်းကို ကိုင်ပြီးငြိမ်နေကာ စဉ်းစားနေမိသည်။သူစဉ်းစားတာ သူ့အတွက်တော့မဟုတ်ဘူး "ဂျင့်"အတွက်... "ဂျင်"ကရော တကယ်နေနိုင်ပါ့မလား မွေးစားသားဆိုပေမယ့် ကင်မ်အိမ်တော်မှာ မင်းသားတစ်ပါးလိုနေခဲ့ရတယ်ဆိုတာ သူ့မျက်မြင်ကိုယ်တွေ့ပဲလေ အရာရာသူ့ခြေသူ့လက်......
"ဂျင်"မပျော်မှာကို သူတကယ်ကြောက်မိသည် သူကတော့ ချစ်တဲ့သူနဲ့နေရတာမို့ ဘယ်လိုအခက်အခဲဖြစ်ဖြစ်သူမမှုဘူး ရင်ဆိုင်ဖို့အသင့်ပဲ သူယောကျာ်းတစ်ယောက်ပါ "ဂျင့်"ကို မျက်နှာမငယ်ရအောင်ထားနိုင်ဖို့ အစစအရာရာ သူကြိုးစားမှာ....
"ဂျင်"ကသူ့ကို ချစ်တယ်လို့တောင်ပြောတာမဟုတ် အခုတောင် ဘယ်လိုစိတ်နဲ့ဒီလိုဆုံးဖြတ်လည်းဆိုတာ သူမသိ "ဂျင်"စိတ်ပြောင်းသွားမှာ သူစိုးရိမ်မိသည်........
"ဂျောင်ကု..."
"ဂျင်...နိုးလာပြီလား"
"အင်း...ဖုန်းကြီးကိုင်ပြီး ဘာလုပ်နေတာလဲ..ဘယ်သူနဲ့ပြောနေတာလဲ..."
ဂျင်က အိပ်ချင်မူးတူးလေးနဲ့ ထလာကာ မျက်လုံးမပွင့်တပွင့်နဲ့ သူ့ကိုမေးခွန်းထုတ်နေတော့ သူလက်ကလေးကနေ ဆွဲယူကာ သူ့အနားကပ်လိုက်ပြီး မျက်နှာလေးကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
"အဖိုးနဲ့ပြောနေတာ....."
ထိုအခါမှ မျက်လုံးလေးပွင့်လာပြီး သူ့ကိုကြည့်လာသည် သူကတော့ ကိုင်ထားတဲ့ ပါးလေးနှစ်ဖက်ကို လွှတ်မပေးသေးဘဲ ပြုံးပြလိုက်သည်။
"ဘာတွေပြောနေကြတာလဲ?"
"ဘာမှထွေထွေထူးထူးမဟုတ်ဘူးလေ...."
ဆော့ဂျင် ခေါင်းညိမ့်ပြလိုက်သည် သူမပြောလည်း သိနေတဲ့ကိစ္စပဲလေ ...နေပါဦး သူကလှမ်းဆက်အကြောင်းကြားလိုက်တာလား သူ့အဖိုးကိုလေ.....
ဆော့ဂျင် မကျေမနပ်ဖြစ်မိသွားသည် သူကျတော့ "မီမီ့"ကို အခုထိ အကျိုးအကြောင်းဘာတစ်ခုမှမပြောရသေးဘူး "မီမီ"စိတ်ပူနေမှာ အသေအချာပဲ....
"ဘာဖြစ်သွားတာလဲ "ဂျင်"ရဲ့ မျက်နှာလေးက စူပုတ်လို့....."
"မင်းအဖိုးကို မင်းလှမ်းဆက်လိုက်တာလား ?
ဘာလဲ သဘောတူလို့တူငြား မျှော်လင့်နေလို့လား
နောင်တရနေတယ်ဆိုရင်လည်း အချိန်မီသေးတယ်နော်...."
"ဟာ မဟုတ်တာ...ပေါက်ကရတွေ "ဂျင်"ရယ် မောင်ဖြင့်တွေးတောင်မတွေးမိဘူး....
အခုဟာက "ဆမ်မီ"စိတ်ပူနေမဆိုးလို့ "ဂျင်"ကအသိပေးချင်တယ်မဟုတ်လား ...မောင် အကျိုးအကြောင်းလှမ်းပြောပြမလို့လုပ်တုန်း အဖိုးဆီက ဖုန်းဝင်လာလို့ပြောဖြစ်သွားတာပါ.....
ပြီးတော့ "ဆမ်မီ"အဖိုးဆီလာသွားတယ်တဲ့....
"ဟင် ဟုတ်လား....ဘာတဲ့လဲ "မီမီ"ဘာပြောသွားတာတဲ့လဲ .....ငါ့ကိုရော စိတ်အရမ်းဆိုးနေမှာပေါ့....
"ခင်ဗျားလေး ညီမက သူ့အကို,ကို စိတ်ဆိုးဖို့နေနေသာသာပါနော် .....
သူ့အကို ၅နှစ်သားလေးက သွေးဆောင်ဖြားယောင်းပြီးအခေါ်သွားခံရတာမလို့ ကျွန်တော်မျိုးကို တရားစွဲမှာပါတဲ့နော်...."
ဆော့ဂျင်ပြုံးလည်းပြုံးမိသွားသလို ရှက်လည်းရှက်မိနေသည် "မီမီ"က သူ "ဂျွန်ဂျောင်ကု"နဲ့အတူရှိတယ်ဆိုတာ သိနေတာပေါ့။သူ့ကိုအပြစ်မမြင်ဘဲ "ဂျွန်ဂျောင်ကု"အတင်းခေါ်သွားလို့ပါသွားရတယ်ထင်ပြီး "ဂျွန်ဂျောင်ကု"ကို စိတ်ဆိုးနေပုံရသည် ။ထို့ကြောင့် သူပြုံးလိုက်မိသည် "မီမီ"က သူ့ကိုဆို အမြဲယုံသည် အပြစ်လည်းဘယ်တုန်းကမှမမြင်ခဲ့ဖူးဘူး။ သူကတော့ ဘာတွေလုပ်လို့လုပ်မိမှန်းမသိလို့ ရှက်နေမိသည် "မီမီ"သာ "ဂျွန်ဂျောင်ကု"ကအတင်းခေါ်သွားတာ မဟုတ်မှန်းသိရင် ဘယ်လိုနေမလဲမသိဘူး ထို့သို့သူတွေးလိုက်မိတော့ "ဂျွန်ဂျောင်ကု"ကို စိတ်ဆိုးချင်လာတော့သည်။
"ဟုတ်တယ် မင်းကြောင့် မင်းကြောင့်ငါအခုလို လုပ်သင့်မလုပ်သင့်မစဉ်းစားနိုင်တော့ဘဲ လျှောက်လုပ်မိတာလေ......"
"ဟော..မောင့်အပြစ်ပေါ့လေ..."
"မင်းအပြစ်ပဲလေ မင်းဘာလို့ ...ငါ့ငါအိမ်ပြန်မယ့်ဟာကို နောက်ကနေလိုက်လာပြီး စကားတွေလိုက်များနေလို့ အခုလိုဖြစ်ကုန်တာလေ မင်းအပြစ်မဟုတ်လို့လား..."
"ဟုတ်တာပေါ့ မောင့်အပြစ် ...
မောင်က အဲ့အပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူဖို့အသင့်ပဲနော်...."
"ဘာလဲ "မီမီ"တရားစွဲမှာကို လက်ခံတယ်ဆိုတဲ့သဘောလား ထောင်ကျခံတော့မယ်ပေါ့လေ..."
"အာ.. အာ အဲဒီအကျဉ်းထောင်တော့မကျချင်ပါဘူးနော် မောင်ပြောတာ အိမ်ထောင်ကိုပြောတာ အိမ်ထောင်...."
"ဪ မင်းက အိမ်ထောင်ကျတာကို အပြစ်ဒဏ်တစ်ခုလို ခံယူမယ်ပေါ့လေ..."
"ဟာ မဟုတ်ဘူးလေ "ဂျင်"မောင့်ကို ရစ်နေတာပေါ့လေ...."
"အခုမင်းက စိတ်မရှည်တာပေါ့.."
"ရှည်တာပေါ့ဗျာ...မောင်ကအကုန်ရှည်တယ်..."
"မင်း..မင်းနော် မညစ်ပတ်နဲ့"
"ဟင်..မောင်ဘာညစ်ပတ်လို့လဲ....စိတ်လည်းရှည်တယ် အရပ်လည်းရှည်တယ် ခြေဆံလက်ဆံလည်းရှည်တယ် ပြောတဲ့ဟာကို.....မဟုတ်မှ "ဂျင်"ထင်နေတာ ...အု.အု....."
ဆော့ဂျင် ဂျောင်ကု ပါးစပ်ကို လက်ဖဝါးဖြင့်အတင်းပိတ်ပစ်လိုက်တော့သည် မဟုတ်ရင် ပေါက်ရတွေထွက်လာတော့မှာ ဒင်းက.....
"သွား အရှက်မရှိတဲ့ကောင်....
ဒူ..ဒူ..ဒူ.....
"ဘယ်သူ့ဖုန်းလဲ?"
"ဆမ်မီ"
"ဟင် ....."
"ဂျင်ကိုင်မလား..မောင်ပဲကိုင်လိုက်ရမလား"
"မင်း မင်းပဲကိုင်လိုက်.."
"ဟယ်လို"
📞ကိုကြီး ဘယ်မှာလဲ..."
ဂျင်နဲ့သူ စနောက်နေတုန်း "ဆမ်မီ့"ဆီက ဖုန်းဝင်လာတော့ "ဂျင်"ကသူ့ကို ရန်လုပ်နေရင်း ဘယ်သူ့ဖုန်းလဲမေးလာသည် "ဆမ်မီ့"ဆီက ဖြစ်နေတာမို့ "ဂျင်"ကိုင်မလား သူမေးလိုက်တော့ "ဂျင်"ကသူကိုသာ ကိုင်ခိုင်းစေသည်။ ဖုန်းကိုင်ကိုင်ချင်း "ဆမ်မီ့"ဆီက သူ့အကို,ကိုတန်းမေးသံကြားလိုက်ရသည် လေသံနားထောင်ရသလောက်ဆို သူ့ကိုအတော်စိတ်ဆိုးနေပုံရသည် သူ့အကို,ကိုခေါ်သွားတယ် ဆိုပြီး....
"သူရှိတယ် "ဆမ်မီ"
သူ "ဂျင့်"ကို ကြည့်လိုက်ပြီး.........
"ဖုန်းပေးပေးရမလား "ဆမ်မီ့"အကိုနဲ့ပြောမလား.."
📞ကိုကြီးအနားမှာရှိရင် ဖုန်းပေးပေးပါ"
"ဟယ်လို.."
📞ကိုကြီး ကိုကြီးအဆင်ပြေရဲ့လားဟင်...အခုဘယ်မှာလဲ "ဆမ်မီ"လာခေါ်မယ် အကို"ဂျောင်ကု"က ကိုကြီးကို အတင်းလိမ်ခေါ်သွားတာမဟုတ်လား "ဆမ်မီ" အကို"ဂျောင်ကု"ကို တရားစွဲမှာ အလိုမတူပါပဲနဲ့......
"မီမီ.....တကယ်တော့လေ... ဒီဆုံးဖြတ်ချက်က ကိုကြီးချလိုက်တာပါ...."
📞ဟင် ...အကို"ဂျောင်ကု"က ကိုကြီးကို ခြိမ်းခြောက်အကျပ်ကိုင်နေလို့လား...."
"မဟုတ်ဘူး "မီမီ" ..."မီမီ"နားလည်အောင် ရှင်းပြဖို့ခက်ခဲနေတယ်....
ကိုကြီးကို စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ်...
ပြီးတော့ ကိုကြီးတို့ အိမ်ပြန်မလာဖြစ်လောက်ဘူး "မီမီ"..."
📞ဟင်....ဘာလို့လဲကိုကြီး ..ဘာဖြစ်လို့လဲဟင်
"......"
📞ကိုကြီးက "မီမီ့"ကိုမချစ်ဘူးဘဲ တာဝန်လို့သဘောထားပြီး စောင့်ရှောက်ခဲ့တာပေါ့နော်...."
မီမီက သူဘာလို့အိမ်ပြန်မလာဘူးပြောလဲဆိုတာ ရိပ်မိသွားတော့ သူ့ကိုငိုပြီးပြောလာတော့သည်။ သူ"မီမီ့"ကို တာဝန်အရစောင့်ရှောက်ခဲ့တာမဟုတ်ဘူးဆိုတာ "မီမီ"အသိဆုံးပါပဲ....
ဒါပေမယ့်လည်း သူ့အနေနဲ့အခုလိုဆုံးဖြတ်သင့်တာပဲမဟုတ်လား....
"ကိုကြီး "မီမီ့"ကို ပြစ်မထားပါဘူး ကိုကြီးမှာ ဒီညီမလေးတစ်ယောက်ပဲရှိတာလေ ....
"ကိုကြီးကို အချိန်ခဏလောက်ပဲပေးပါ......"
📞"မီမီ"မျှော်နေမယ်ဆိုတာ ကိုကြီးသိတယ်မဟုတ်လား အိမ်အမြန်ပြန်ခဲ့ကြပါ...."
~~~~~
သူ့ညီမနဲ့ ဖုန်းပြောပြီးကတည်းက အခန်းထဲကထွက်မလာတော့တဲ့ "ဂျင့်"ကြောင့် သူအစားအသောက်တွေပြင်ဆင်ထားခဲ့ပြီး အခန်းထဲဝင်လာလိုက်တော့သည်။ အခန်းထဲရောက်တော့ "ဂျင်"က ဟိုဘက်လှည့်ကာ လှဲအိပ်နေ၏ သူအနားသွားကာ ကုတင်ပေါ်ထိုင်လိုက်သည်။
နောင်တရနေတာ မဟုတ်တန်ကောင်းပါရဲ့.......
"ဂျင် ဗိုက်မဆာဘူးလား မောင် "ဂျင်"ကြိုက်မယ်ထင်တာလေးတွေပြင်ပေးထားတာ အတူသွားစားရအောင်လေ...."
သူပုခုံးလေးကိုင်ပြီး ပြောလိုက်တော့ "ဂျင်"ကသူ့ဘက်လှည့်ကြည့်လာသည် မျက်နှာလေးက ကြည်မနေဘူးရယ် ကြည့်ရတာ စိတ်မကောင်းဖြစ်နေတယ်ထင်ပါတယ်။
"ဂျောင်ကု..."
"ဗျာ.."
"ငါတို့ လုပ်ရပ်က "မီမီ့"ကိုရော မင်းအဖိုးကိုပါ စိတ်ဆင်းရဲအောင်လုပ်မိပြီထင်တယ်...ငါ...."
"အဲ့လိုမဟုတ်ဘူးလေ "ဂျင်"ရဲ့....မောင်ပြောပြမယ်......."
"ပြောပြမနေနဲ့ ....မင်းကြောင့် မင်းလုပ်လို့ အားလုံးစိတ်ဆင်းရဲနေရတာ....."
"အမ်...မောင်တော့ စိတ်မဆင်းရဲပါဘူး ပျော်နေတာမှအရမ်းပဲ....."
"ဪ တခြားသူတွေစိတ်ဆင်းရဲနေရတာကို မင်းကပျော်နေတယ်ပေါ့လေ..."
"ပျော်တာပေါ့ ကိုယ်ချစ်တဲ့သူကို အခုလိုပိုင်ဆိုင်ခွင့်ရတာ မပျော်ဘဲရှိမလား အချစ်ရဲ့....."
"မောင်ပြောပြမယ် မောင်တို့က "ဆမ်မီ"ဆီကို ခဏတိုင်းသွားကြမှာပဲလေ ဟုတ်တယ်မလား ...
ပြီးတော့ အဲ့ကလေးမ ခုနက ငိုတယ်ဆိုတာလည်း စိတ်ဆင်းရဲလို့မှမဟုတ်တာ သူ့အကို,ကို နှမြောလို့ငိုတယ်ဆိုတာ မောင်သိသားပဲ......
နောက်ပြီး အဖိုးကလည်းစိတ်ဆင်းရဲနေမှာမဟုတ်ပါဘူး အမွေမပေးရလို့ဆိုပြီး က,ချင်က,နေဦးမှာ.....
"ဟော အခု မောင်ဆို အရမ်းမှပျော်နေတာလေ ကဲ..ပြောပါဦး ဘယ်သူ စိတ်ဆင်းရဲလဲ...."
"ငါ စိတ်ဆင်းရဲတယ်..."
"ဟင် မောင်ကဘာလုပ်မိလို့ "ဂျင်"စိတ်ဆင်းရဲသွားရတာလဲ..."
"ဘာလုပ်ရမှာလဲ ဗိုက်ဆာနေပါတယ်ဆိုမှ စကားထိုင်များနေတယ်...ဖယ်ပေး...."
ဂျင်က ပြောပြောဆိုဆိုနဲ့ နှုတ်ခမ်းစူပြီး ထသွားတော့သည်.......
"အဲဗျာ...."
~~~~~~~~~~<><><><><><><><>~~~~~~~~
နောက်တစ်ပိုင်း ဇာတ်သိမ်းဖြစ်ဖို့များပါတယ်💙