"အနိုင့်ဉယျာဉ်မှူး"

Par Mun-Wint

34.3K 1.6K 67

#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့် Plus

အခန်း(၁)-Uni
အခန်း(၁)-Zawgyi
အခန်း(၂)-Uni
အခန်း(၂)-Zawgyi
အခန်း(၃)-Uni
အခန်း(၃)-Zawgyi
အခန်း(၄)-Uni
အခန်း(၄)-Zawgyi
အခန်း(၅)-Uni
အခန်း(၅)-Zawgyi
အခန်း(၆)-Uni
အခန်း(၆)-Zawgyi
အခန်း(၇)-Uni
အခန်း(၇)-Zawgyi
အခန်း(၈)-Uni
အခန်း(၈)-Zawgyi
အခန်း(၉)-Uni
အခန်း(၉)-Zawgyi
အခန်း(၁၀)-(က)/Uni
အခန်း(၁၀)-(က)/Zawgyi
အခန်း(၁၀)-(ခ)/Uni
အခန်း(၁၀)-(ခ)/Zawgyi
အခန်း(၁၁)-Uni
အခန်း(၁၁)-Zawgyi
အခန်း(၁၂)-Uni
အခန်း(၁၂)-Zawgyi
အခန်း(၁၃)-Uni
အခန်း(၁၃)-Zawgyi
အခန်း(၁၄)-Zawgyi
အခန်း(၁၅)-(က)/Uni
အခန်း(၁၅)-(က)/Zawgyi
အခန်း(၁၅)-(ခ)/Uni
အခန်း(၁၅)-(ခ)/Zawgyi
အခန်း(၁၆)-Uni
အခန်း(၁၆)-Zawgyi
အခန်း(၁၇)-Uni
အခန်း(၁၇)-Zawgyi
အခန်း(၁၈)-Uni
အခန်း(၁၈)-Zawgyi
အခန်း(၁၉)-Uni
အခန်း(၁၉)-Zawgyi
အခန်း(၂၀)-Uni
အခန်း(၂၀)-Zawgyi
အခန်း(၂၁)-Uni
အခန်း(၂၁)-Zawgyi
အခန်း(၂၂)-Uni
အခန်း(၂၂)-Zawgyi
အခန်း(၂၃)Uni
အခန်း(၂၃)Zawgyi
အခန်း(၂၄)-Uni
အခန်း(၂၄)-Zawgyi
အခန်း(၂၅)-Uni
အခန်း(၂၅)-Zawgyi
အခန်း(၂၆)-Uni
အခန်း(၂၆)-Zawgyi
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Uni
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Zawgyi

အခန်း(၁၄)-Uni

796 45 2
Par Mun-Wint

အခန်း(၁၄)

အချစ်ဟူသည် အချိန်ကာလပေါ်မူတည်၍
ပျောင်းလဲတတ်သည်တဲ့လေ။
ဒါဆို နုနုညံ့ညံ့ပန်းတစ်ပွင့်မှ ရုတ်တရက်
ကြမ်းတမ်းခက်ထန်သွားခြင်းက‌ေရာ
အချိန်ကြောင့်‌ေပလား။
သို့မဟုတ်
တဖက်သတ်အမြင်ကြောင့်လား။
သို့မဟုတ်
လက်ဝါးတစ်ချက်ကြောင့်ပေလား။

အချစ်ဆုံမှတ်တွေအတူဆုံခဲ့ပါလျှက် မြှားဦးတစ်ဖက်တည်းဖောက်ထွက်၍ လမ်းလွှဲသည့်အဖြစ်မျိုး ကြုံဖူးကြလားဟင်။
အနိုင်တော့ ကြုံခဲ့ဖူးပြီ။
အနိုင့်ဘက်မှ သူအနီးသို့ကပ်၍ လိုက်ဆုံချင်ပါလျှက် သူကတော့ မမြင်ဟန်‌ေဆာင်ကာ ဖောက်ထွက်၍
ဝေးသည့်ဘက်ကို ရွေးချယ်နေခဲ့လေပြီပဲလေ။
သို့ပေသိ နီးကပ်နေသရွေ့တော့ အချစ်မြှားဦးလေးပြန်ဆုံ‌ေအာင် ကြိုးစားချင်သေး၏။

-"ဟူး"

လက်မှနာရီကိုကြည့်မိတော့ ည၈နာရီထိုးပေပြီ။
သို့တိုင် သူပြန်မရောက်သေး။
ထို့ကြောင့် မနေနိုင်သည့်ကိုယ့်မှာ ဘိုတဲအိမ်လေးဘေး ရှေ့လျှောက်နောက်လျှောက်ဖြင့် ခြံ၀သို့ငံ့လင့်ရသည်။

-"ဂျူဒီ အသည်းခွဲတဲ့ဂျူဒီ။
ရက်စက်တာများပြီ ဂေ့!"

၈:၃၀မှာပင် အော်ကြီးဟစ်ကျယ်သူ့အသံကို
ကြားရသည်ကြောင့် ခြံ၀သို့ အပြေးကလေးသွားရသည်။
ထုံးစံအတိုင်းပင်။
လူမှန်းမသိအောင် မူးနေသည့်သူ့ကို ကိုဖိုးထောင်မှ
တွဲပို့လာခြင်း။
ကျွန်ုပ်ကိုမြင်သည်ကြောင့် အံ့ဩဟန်ဖြင့်။

-"ဟင် မိဇူ နင်မအိပ်သေးဘူးလား"

-"ဘယ်အိပ်လို့‌ေပျာ်ပါ့မလဲကိုကြီးရယ်
သူမှပြန်မရောက်သေးတာ
ဒါနဲ့ ပေးပေး သူ့ကို
ညီမပဲတွဲသွားလိုက်တော့မယ်"

-"ဟူး..အေးအေးငါ့ညီမ
အဲ့ဆိုအကိုပြန်မယ်နော်"

-"ဟုတ်ကိုကြီး
ဂရုစိုက်ပြန်ဦး"

-"အေးပါ အေးပါ။
နင်လည်း ဂရုစိုက်ဦးနော်။
သူဒီနေ့ သောက်တာနည်းနည်းများသွားတယ်။
တော်ကြာ နင့်ကိုရန်ရှာနေမှာမို့"

-"ဟူး..ရှာလဲခံယံုရှိတာပါပဲ ကိုကြီးရယ်။
ဘယ်တတ်နိုင်ပါ့မလဲ။
ကဲပါ ဘာမှစိတ်မပူပါနဲ့။
ကိုကြီးပြန်စရာရှိတာသာ ပြန်ပါ"

-"အေးအေး
အာ့ဆို ပြန်ပြီနော်"

-"ဟုတ်ဟုတ်"

-"ဟားဟား မိနိုင် မိနိုင်။
ငါ တစ်ယောက်လုံးဘေးထားပြီး
လင်ငယ်ကိုနှုတ်ဆက်လို့ မ၀ဖြစ်နေတာလား
အေ့!"

-"မဟုတ်ပါဘူး ဝါရယ်။
လင်ငယ်မဟုတ်ရပါဘူး။
ဝါ့ အစ်ကိုကြီးဖိုးထောင်ပါ"

-"အော်..အစ်ကိုကြီးဖိုးထောင်တဲ့လား အဟက်။
ခုတော့ နင်ကလင်တကာပတ်ရှုပ် အားရလို့
ငါ့အစ်ကိုဘက်ပါ မြှားဦးလှည့်လာပြီပေါ့လေ"

-"ဟာ မိဝါ!"

-"နေနေ အစ်ကိုကြီး။
ပြန်လိုက်ပါတော့နော်။
သူ့အစား ညီမကပဲတောင်းပန်ပါတယ်။"

-"ဟူး..အေးပါ။
ငါ့ညီမရယ်..အဲ့ဆို အကိုပြန်မယ်နော်"

-"ဟုတ်ကဲ့"

-"အော်.. မိနိုင် မိနိုင်။
နင်တော်တော်မျက်နှာများတဲ့မိန်းမပဲ။
ဒါကို ငါမသိဘဲယူခဲ့မိတာ မှားလိုက်တာ အဟက်"

-"ဟူး"

ထမီကိုဒူးဖုံးရုံအထိတိုစိအောင် ၀တ်ထားသည့်
သူ့ကို မနိုင်တနိုင်တွဲလာရင်းဖြင့် ပုတ်ခတ်စော်ကားနေသည့် စကားများကိုပါ လျစ်လျူရှုလိုက်သည်။သည်လိုစကားတွေ ကြားနေကျဖြစ်‌ေန၍
မနာတတ်‌ေတာ့သည်လားမသိ။
မည်သို့မျှပင်မခံစားမိ‌ေတာ့ပါ။

-"ဝါ ခနထပါဦး
အကျီလဲရ‌ေအာင်နော်"

-"မလဲဘူးအေ့ မလဲဘူး။
ငါ့အသားလည်း လာမထိနဲ့ရွံလို့။
နင့်လိုယောက်ျားတကာနဲ့
ပက်သက်ထားတဲ့မိန်းမကို
ငါရွံလွန်းလို့ဟ သိလား"

-"ဟူး..ဟုတ်ပါပြီဝါရယ်။
ရွံတာလည်းရွံတာပေါ့။
ဒါမယ့် အ၀တ်ကလေးတော့
လဲ‌ေပးပါရ‌ေစနော်။"

-"ဖယ်စမ်းပါဟာ!"

-"ဝုန်း!"

-"အာ့!"

ခုတင်ပေါ်သို့အရောက်တွင် သူ့ဘေး၀င်ထိုင်ရင်းဖြင့် ချော့ကာမော့ကာ အ၀တ်လဲခိုင်းရသည်။
သို့သော် သူက လက်သင့်မခံပါဘဲ ခုတင်ပေါ်ကပါ တွန်းချလာသည်ကြောင့် အသည်းနင့်အောင်
နာရသည်။
သို့သော် ပြင်ပဒဏ်ရာထက် ရင်တွင်းဒဏ်ကပိုပါရဲ့။

-"ဝါရယ်"

ခံစားရသည့်ဝေဒနာကြောင့် မျက်ရည်များရစ်ဝိုင်း‌ေနသည့်ကြားက သူ့မျက်နှာချောချောကိုသာ မော်ဖူးမပျက်ပါ‌ေလ။
မူးနေသည့်သူ့မျက်၀န်းများသည် ရီဝေလျှက်ရှိသည်။
မိမိကို ငေးစိုက်ကာပြန်ကြည့်‌ေနသည့်တိုင်
အရင်လိုချစ်ရည်ရွှန်းလဲ့မနေခဲ့ပါ။
စက်ဆုပ်ဖွယ်သတ္တဝါလို ရွံရှာနာကျည်းနေသည့်အကြည့်မျိုး။
ထိုအမူအရာသည် သေသွားသည်ထက်ဆိုး၏။
သို့ပေသိ ဤသို့အကြည့် ဤသို့အပြောအဆိုများနှင့် ၆လ‌လံုးလံုး ဆက်ဆံခံခဲ့ရပြီးပြီ။
နောက်ထပ်မည်မျှ ကြာဦးမည်လဲမသိပါ။
လက်ရှိတွင် တကယ်ပင်သေပစ်ချင်‌ေနပြီ။
ဒါမှ ဝါက မိမိကိုခွင့်လွှတ်နိုင်မည်မဟုတ်လား။

*************
လွန်ခဲ့သော ၆လခန့်တွင်-

ကံကြမ္မာဂြိုလ်ဆိုး၀င်လာလျှင် ကောင်းတာလုပ်နေပါလျှက် ကောင်းကျိုးမခံစားရခြင်းဖြစ်သည်။
ယခုလည်း ကုသိုလ်ယူနေသည့်ကြားကပင် အကုသိုလ်အထုတ်ကြီးက ကိုယ့်ဆီသို့တန်းတန်းမတ်မတ်ပင် ၀င်လာခဲ့ပြီ။

အချိန်သည် နွေရာသီ ကျောင်း၃လပိတ်သည့်
အချိန်ဖြစ်သည်။
ဝါမှခွင့်ပြုပြီးသည့်နေ့မှ ဆရာမလုပ်နေသည့်
သက်တမ်းအရ ၇လအကြာတွင်ဖြစ်၏။
ထိုအချိန်တွင် ရွာ၌ ကျောင်းဆရာဆိုသည်
မိမိတစ်ဦးတည်းရှိသည်ကတစ်ကြောင်း/
နွေရာသီကေျာင်းပိတ်ရက်ဖြစ်သည်က
တစ်ကြောင်း/
ကလေးများပညာရေးထက် ယဉ်ကျေးလိမ်မာစေလိုသည်က တစ်ကြောင်း/
စသည့် အ‌ေကြာင်းအမျိုးမျိုးဖြင့် ဆရာတော်မှ ယဉ်ကျေးလိမ္မာသင်တန်းအတွက် အကူအညီတောင်းလာခဲ့သည်။
ကျွနုပ်သည်လည်း ဆရာတော်မှ ကိုယ့်အပေါ်ကျေးဇူးရှိသည့်အပြင် ကုသိုလ်ရေးဖြစ်သည်‌ေကြာင့် ဆရာမိန့်သည်ကို လက်ခံခဲ့မိသည်။
သို့သော် ထိုနေ့က အဖြစ်အပျက်မျိုးသာ ဖြစ်လာလိမ့်မည်ဟု ကြိုသိခဲ့ပါက လက်ခံခဲ့မည်မဟုတ်ပါ။

*********

-"အရဟတာဒိ"

-"အရဟတာဒိ"(သံစုံ)

-"နဝဂုဏေဟိ"

-"နဝဂုဏေဟိ"(သံစုံ)

ဤသို့ဖြင့် ဘုရားပန်းကပ်သည့်စာကို (၃)ကြိမ်တိတိ
ဆုံးအောင် တိုင်‌ေပးလိုက်သည်။
မျက်လုံးက‌ေလး ကလယ်ကလယ်ဖြင့်လိုက်ဆိုနေသည့် ကလေးငယ်များမှာ ချစ်စဖွယ်ကောင်းနေ၏။

-"ကဲ သားတို့သမီးတို့ရေ!"

-"ဟုတ်ကဲ့ဆရာမ"(သံစုံ)

-"အခုချ‌ေပးတဲ့စာပိုဒ်ကလေးကို
ကျက်နိုင်တယ်မလား"

-"ကျက်နိုင်ပါတယ်ဗျ/ရှင့်"(သံစုံ)

-"လိမ်မာလိုက်ကြတာကွယ်။
ဒါဆို ဆရာမက စာကျက်ချိန် နာရီ၀က်ပေးမယ်နော်။
ဒီကြားထဲရတဲ့လူရှိရင် ဟိုခရေပင်အောက်မှာ
ဆရာမရှိမယ်။
ဆရာမဆီလာဆိုပြလှည့်။
ပထမဆုံးလာဆိုနိုင်တဲ့လူကို
ဆရာမကမုန့်ကျွေးမယ်"

-"ရေး!"(သံစုံ)

-"အဟင်း.. အဲ့ဆိုရ‌ေအာင်ကျက်ကြမယ်နော်!"

-"ဟုတ်ကဲ့ပါ ဆရာမ"(သံစုံ)

ကျွနုပ်စာကျက်ချိန်ပေးပြီးသည်နှင့် ကျောင်းမျက်နှာသာမှ ခရေပင်၀ိုင်းအုပ်ခံု‌ေပါ်သို့ လာရောက်ထိုင်နေလိုက်သည်။
နာရီ၀က်ခန့်နီးနီးလောက် စာတိုင်ပေးရသည်ကြောင့် အမောလာဖြေခြင်းပင်။
သို့ရာတွင် အမောမပြေခင် အမောဆို့စရာ
အာရုံကအရင်။

-"မဇ္ဇူ"

-"ဟင်း.."

-"နင်ငါ့ကို စဉ်းစားမပေးချင်ဘူးလားဟင်"

-"ဟူး..ကျော်ကျော်အောင်ရယ်
ငါနင့်ကိုဘယ်‌ေလာက်အထိပြောရမလဲကို
မသိတော့ဘူး။
ရွာသိရပ်သိမဂ်လာဆောင်ထားတာကို
နင်မမြင်လို့လားဟာ။
တော်ပါတော့ ငါပင်ပန်း‌ေနလို့
ဒီလောက်ပဲ ငါ့ကိုနောက်ယှက်စမ်းပါ"

-"မဟုတ်ပါဘူး မဇ္ဇူရယ်။
ငါသိပါတယ်။"

-"နင့်မှာအိမ်ထောင်ရှိမှန်းလည်း
ငါသိပါရဲ့။
ဒါမယ့်‌ဟာ နင့်ကိုချစ်မိလို့
ငရဲကျလည်း ငါပျော်ပျော်ကြီး ခံယူမှာပါ"

-" အဲ့မို့ ငါ့ကိုစဉ်းစား..ဟင် မဇ္ဇူ!
မဇ္ဇူ သတိထားပါဦး"

-"ဝါ..ဝါလားဟင်"

ကျော်ကျော်အောင်ပြောသည့် စကားများသည်
နားထဲတွင် မကြားတချက်ကြားတချက်ဖြစ်နေသည်။
ခေါင်းထဲတွင် တရိပ်ရိပ်မူးလာသည်ကြောင့်
ကိုယ့်ကိုယ်ကိုပင် မနိုင်တော့သလို ယိမ်းထိုးနေသည်။
ထိုအချိန် မိမိကိုယ်သို့ ထိမ်းပွေ့လိုက်သည့် ရင်ခွင်တစ်စုံကြောင့် စိတ်ကိုလျော့ချလိုက်ပေရာ
အမှောင်ထုဆီသို့။

-"တောက်!
နင်က ကုသိုလ်အကြောင်းပြပြီး
ဒီလိုခွေးဇာတ်ခင်းနေတာကိုး!"

************

အသက်တမျှချစ်ရသူကို အခြားလူရင်ခွင်ထဲမြင်ရခြင်းက ရင်၀ကိုလှံနဲ့ထိုးသည်ထက်ဆိုး၏။
ခံနိုင်ရည်မဲ့စွာ ရူးချင်စဖွယ်ပင်။
‌သူများပြောတာကိုပဲ ဟုတ်လိမ့်နိုးနိုး မထင်အောင်အထိ ယုံယုံကြည်ကြည်ချစ်ခဲ့ပြီးမှ သစ္စာဖောက်ခန်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်တဲ့လား။

လွန်ခဲ့သော နာရီ၀က်ခန့်တွင်-

-"ဟိုး ဘယ်သူလေးလဲလို့ကြည့်နေပါတယ်ဆို
ငါ့အချစ်ဦး အချစ်လွန်းလေးပဲ"

-"ဖယ်စမ်း သိုက်ညီ။
အာရုံလာမစားစမ်းနဲ့"

ရွာအထွက်ထန်းတောအနီးက မိမိအက်သို့ သွားရာ လမ်းတွင် ပိတ်ရပ်‌ေနသည့် သိုက်ညီ။
ဒါနှင့်ဆို ၃ခါမျှရှိပြီ။
ထောက်ထားစရာ မျက်နှာများရှိ၍ ဘာမှမပြောသည်ကို ဒင်းက အခွင့်အရေးယူသည်။
ဟုတ်၏။
သိုက်ညီသည် အခြားမဟုတ်ပါ။
မနုရဲ့မောင်အရင်းဖြစ်သည်။
ဉက္ကဌဦးမဲတူရဲ့ သားဖြစ်ပြီး မိမိနှင့်ကျောင်းနေဖက်လည်းဖြစ်၏။
အရင်က ဦးမဲတူကိုယ်တိုင် လာရောက်ကမ်းလှမ်း
သည့်တိုင် အပြတ်ငြင်းလွှတ်ထားမိသူ။
ယခုတော့ မနုမျက်နှာကြောင့် သည်းခံ၍
ပြောဆိုဆက်ဆံနေရ၏။

-"နေစမ်းပါဦးဟာ နင်ကလဲ
ကိုယ့်လူရင်းအချင်းချင်းပြောစရာလေးရှိလို့ပါ
ငါက"

-"တော်စမ်း
နင့်ရဲ့ မဟုတ်မဟပ်စကားတွေ
ငါနားထောင်ချင်မနေဘူး"

-"ဟာ ဘာလို့မဟုတ်ရမှာလဲဟာ။
နင်ကသာ မွှန်နေလို့
နင့်ဟာလေးကို အမွှန်းတင်နေတာပါ
နင်ထင်သလိုမဟုတ်မှန်းသိရမှ
ရင်ကွဲမတတ်နာကျင်မှာစိုးလို့
ငါက ကြိုပြီးစေတနာနဲ့အသိပေးတာကို
နင်က လက်မခံဘူးတဲ့လား"

-"တော်ပါတော့ဟာ
ငါတို့ရဲ့ သာယာနေတဲ့အိမ်ထောင်ရေးကို
ဘေးစကားနဲ့ မပြိုကွဲချင်ဘူး
နင့်စေတနာကိုတော့ ငါအသိအမှတ်ပြုပါရဲ့။
ဒါဆို ဒီလောက်နဲ့ သွားခွင့်ပြုပါဦး"

-"ဟုတ်ပြီလေ။ ဟုတ်ပြီ။
သွားချင်သပါ့ဆိုလည်း ဖယ်ပေးရမှာပေါ့။
ဒါ‌ေပမယ့် မသွားခင် တစ်ခု‌ေလာက်
ထပ်ပြောချင်တယ်။
အနေလည်းနီး သူငယ်ချင်းလည်းဖြစ်တဲ့
သူတို့နှစ်ယောက်ကို ဒီတိုင်းတော့မလွှတ်ထားနဲ့နော့်
ငါကိုယ်တိုင် ကျော်ကျော်အောင်နဲ့
ရင်းနှီးနေလို့ပြောတာ"

မိမိ သူပြောသမျှစိတ်မ၀င်စားမိပါ။
သွားစရာရှိသည့်အက်သို့သာ စိတ်ရောက်နေသည်။သို့သော် သူ့ဘက်က ကိုယ်မကြားချင်ဆုံး အမည်နာမကို ထုတ်ပြောလာသည့်အခါမှာ‌ေတာ့ ကိုယ်ထဲရှိသွေးတို့ပါ ဆူပွက်ကုန်သည်။
တချိန်က ကျောင်းအောက်အထိလိုက်၍ အနိုင့်ကို ချစ်ရေးဆိုသည့် မြင်ကွင်းကပါ ကွက်ကနဲပေါ်လာ
‌ေတာ့။

-"ဘာတဲ့!
ကျော်ကျော်အောင်တဲ့လား"

-"အေးလေ..
ကျော်ကျော်အောင့်ကိုတော့
နင်ကောင်းကောင်းသိမှပေါ့
မိဇူကို ပိုးပန်းသူပဲလေ"

-"အေး..ငါသိတယ်။
ပြောမယ့်ဟာသာပြောစမ်းပါ"

-"ဟဟ စိတ်အေးအေးထားစမ်းပါဦးဟာ
ပြောဆို ငါပြောမှာပေါ့။
မပြောခင် နင်ခံနိုင်ရည်ရှိဖို့
အရင်ကြိုးစားစေချင်တယ်"

-"နင်တော်တော်အရစ်ရှည်တယ်နော်။
ပြောစရာရှိတာမပြောဘူး။
နေဟာ မပြောချင်လည်း
ဖယ်လိုက်တော့ ငါ့ရှေ့က"

-"ပြော..ပြောပါ့မယ်ဟ။
ဒီလိုပါဟာ။
ကျော်ကျော်အောင်က နင်နဲ့မိဇူမယူခင်ကတည်းက
မိဇူကိုလိုက်နေတာလေ။"

-"ကျစ်!အာ့ ငါသိပြီးသားပဲလေ။
ဒါပဲလား"

-"ဒါတင်ဆို ငါအခုလိုအချိန်အကုန်ခံနေပါ့မလား
ဒီမယ် ချစ်လွန်း အားတင်းနားထောင်လိုက်။
အဲ့ကျော်ကျော်အောင်က နင့်မိဇူကို
အခုထိလိုက်နေတုန်းပဲ"

-"ဟင်!"

-"အေး..အာ့ကို မိဇူကပါ ပြန်လည်စိတ်၀င်စား..
ဟဲ့! နေဦးလေ ချစ်လွန်း ဟိတ်!။
ဒါနဲ့ချစ်လွန်းရေ!
မိဇူကို စိတ်ကုန်သွားတဲ့နေ့ကျ!
ငါ့ကိုနံပါတ်တစ် ဦးစားပေးဖို့ မမေ့နဲ့ဦးနော့်!"

သိုက်ညီ ကိုယ့်စကားမဆုံးခင် မျက်စိမျက်နှာပျက်ကာ ပြေးထွက်သွားသည့် သူမ။
ထိုသူမနောက်ကျောသို့ကြည့်၍ ခပ်ရေးရေးမုတ်ဆိတ်ကိုပွတ်ကာ သဘောအကျကြီးကျနေတော့သည်။
သူဆင်သည့် ခွင်ထဲ အဓိကလူ‌ပါ၀င်လာသည်ကြောင့်
သူ့မစ်ရှင်အောင်မြင်ဖို့ နီးပြီလေ။

-"ဟွန်းဟွန်း
ချစ်လွန်း ချစ်လွန်း
မင်းငါ့လက်က‌ေပြးမလွှတ်‌ေတာ့ပါဘူးဟာ"

*********

-"ခွေးမသား!။
မယားခိုး!"

"ခွပ်..ခွပ်!"

-"ဟာ..ခင်ဗျား...
ခင်ဗျား လွန်မယ်နော်..ဟာ"

-"ဟင်!"

မှိတ်ကျသွားသည့်ခနမှာပင် ဆူညံသည့်အသံနှင့်
မိမိကိုယ်ကပါ တစ်စုံတစ်ခုအပေါ်မှ ပြုတ်ကျသွားသည်ကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့
ခနမျှကြောင်အသွားသည်။
ပြီးမှ ကပြာကယာ ထ၍ လုံးထွေးနေသည့်
လူနှစ်ဦးကို ဆွဲခွါရသည့် မိမိ။

-"ဝါ! ဝါ!
မလုပ်ပါနဲ့ လက်လွန်လိမ့်မယ်"

-"ဘာ!
နင်က နင့်အ‌ေကာင်ကိုစိုးရိမ်‌တယ်‌ေပါ့ဟုတ်လား။
အေး စိုးရိမ်ဦးဟာ စိုးရိမ်ဦး"

-"ခွပ်! ခွပ်!"

-"အာ့..မလုပ်ပါနဲ့..
ကြောက်ပါပြီဗျ"

-"မလုပ်ပါနဲ့တော့ ဝါရယ်။
လွန်ကုန်ပါမယ်။
အနိုင်တောင်းပန်ပါတယ်
စိတ်ထိမ်းပါဦး"

မိမိတားသည့်တိုင် သရဲသဘက်စီးနေသည့်သူက အောက်မှ ကျော်ကျော်အောင့်ကို ဆက်ကာထိုးစဲ။
ထို့ကြောင့် ပုခုံးထက်သို့ကိုင်တွယ် ချော့မော့ကာပြောမိတော့ လက်ကို ဖြတ်ခနဲ့ခါထုတ်လိုက်သည့်ဝါ။

-"အော်..နင်ကနင့်လင်ငယ်အတွက်နဲ့
ငါ့ကိုပါ တောင်းပန်လာတယ်ပေါ့လေ"

-"ဟင်..ဝါ့!
ဘာတွေပြောနေတာလဲ။
ဘာလင်ငယ်လဲ။
အနိုင့်ကို မဟုတ်တာတွေ မစွတ်စွဲစမ်းနဲ့။
အနိုင် မကြိုက်ဘူး"

-"အဟက် စွတ်စွဲတယ်တဲ့လား။
ငါ့မျက်စိနဲ့ တပ်အပ်မြင်တာတောင်
နင်ကငြင်းချင်သေးတယ်ပေါ့ ဟုတ်လား။
ဘာလဲ နင်‌ကိုယ်တိုင်က ဒီကောင်နဲ့
ခွေးဇာတ်ခင်းတာ အားမရလို့
ငါ့ကိုပါ နွားဇာတ်သွင်းချင်‌ေနတာပေါ့လေ"

-"ဘာ!
ခင်ဗျား ကျုပ်ကိုစော်ကားလှချည်လား!"

-"ဖြန်း!"

-"အဟက်...
ခုနကလင်ငယ်ဘက်ကကာပြီး
တောင်းပန်တယ်။
အခုကျ ပါးကိုတောင်ရိုက်ရက်‌ေနပြီပဲ။
နောက်ဆို..ဒီကောင်အတွက်နဲ့
ငါ့ကိုသတ်ချင်သတ်လာမှာ။
သိပါပြီအနိုင်။
ငါသိလိုက်ပါပြီ
ငါနင့်အတွက်အရမ်းဈေးပေါခဲ့မှန်း ငါသိခဲ့ပြီ"

-"မဟုတ်.."

-"အဟင်း...မင်းတို့ပျော်ကြပါစေတော့။
ငါမသိချင်ယောင်ဆောင်ပေးလိုက်တော့မယ်။"

-"ဟင့်အင်း..
မဟုတ်ဘူးဝါရယ်။
ဟင့်အင်း"

-"ငါ သွားပြီ!"

သူစိမ်းရှေ့သူသမုတ်စော်ကားသည့်
စကားကြောင့် ရှက်ရွံ့ပူထူစွာ ပါးရိုက်မိပြီးမှ
နာကျည်းသည့်မျက်၀န်းနှင့် စိုက်ကြည့်ခံရစဉ်
ခြေပင်မခိုင်ချင်ပါ။
မျက်ရည်များနှင့် သူ့အကြည့်သည်ကား
ရင်သို့စိုက်သည့် မြှားအစင်းများအလား
နာကျင်ရသည်။
ထို့ကြောင့် ပြေးထွက်သွားသည့် ကျောပြင်ကလေး
ကျောင်းပေါက်အရောက်မှာပင် မြေသို့ဖင်ထိုင်ချမိသည်။

မှားခဲ့‌ေလပြီ။
ဒေါသဖြင့်ပြုမူလိုက်သည့်အရာက
အထင်ကို ပိုလွဲသွား‌ေစခဲ့ပြီ။
ဖြေရှင်းမရအောင်ပင် ရှုပ်ထွေးသွားပြီထင်။
မိမိကိုယ်ကို သိပ်ကိုမုန်းမိပါရဲ့။
အရင်က တယုတယဖြင့် မထိရက်မကိုင်ရက်သည့်
ပန်းတစ်ပွင့်ကိုမှ ယခုကိုယ်တိုင်လက်ဖြင့် ရက်ရက်စက်စက် ဆုတ်ချေမိခဲ့ပြီ။
ထို့ကြောင့် ဆုတ်ချေသည့်လက်ကို စိုက်ကြည့်လျှက်
ဖြေမဆည်နိုင်အောင် မျက်ရည်လည်မိ‌ေတာ့-

-"မဇ္ဇူ နင်ဘာမှအားမငယ်ပါနဲ့ဟာ။
သူပစ်သွားလည်း ငါတစ်ယောက်လုံးရှိ..."

-"ဖြန်း!"

-"အာ့နင့်ကြောင့်ပဲ ကျော်ကျော်အောင်။
ဒီပြဿနာအကုန် နင့်ကြောင့်ပဲ။
နင်ကျေနပ်လိုက်ပါတော့။
ငါတို့ချစ်ခြင်းခွဲရလို့
နင်ကျေနပ်လိုက်တော့။
ဒါမယ့် နင်သိဖို့တစ်ခုတော့ပြောလိုက်မယ်။
အေး..ငါဆိုတဲ့ကောင်မက
ငါ့ချစ်လင်နေရာမှာ နင့်လိုကြာကူလီကို
ဘယ်တော့မှ အစားမထိုးဘူးဆိုတာပဲ"

-"ဟာ..ရက်စက်စက်လိုက်တာမဇ္ဇူရယ်။
ငါ..ငါ"

-"ရက်စက်တယ်ဟုတ်လား။
အေး ဟုတ်တယ်။
ငါသိပ်ရက်စက်တတ်တယ်။
အထူးသဖြင့် ငါမုန်းတဲ့သူဆို ပိုရက်စက်တတ်တယ်။
အဲ့မို့ ငါ့ရှေ့ နောက်ထပ်ပေါ်မလာမိအောင်နေပါ။
မဟုတ်ရင် ငါနင့်ကိုသတ်မိလိမ့်မယ်"

မုန်းသည်။
အထူးသဖြင့် ပွဲလှန့်အောင်တမင်‌ေခြာက်၍
နေရလုချင်သူကို ပိုမုန်းသည်။
ဘာ့ကြောင့်လဲ ကံကြမ္မာရယ်။
ဘာ့ကြောင့်များ အနိုင့်ကို
ဒီလောက်ရက်စက်ချင်ရသလဲဟင်။
ဒီလို ချစ်သူအမုန်းခံရတာထက်
အနိုင့်အသက်ကိုသာ ယူသွားလိုက်ပါတော့လား။
အနိုင်ခံနိုင်ရည်မရှိလို့ပါ။
အနိုင် တကယ် ရူးရတော့မည်။

**********

-"ပျင်းတောင်ပျင်းသေးတယ်ဟေ့"

-"ပျင်းတောင်ပျင်းသေးတယ်"(သံစုံ)

-"ဟေး..တို့အသည်းလေးခွဲလို့ပြေး
မငိုသေးပါ မလွမ်းသေးပါ"

-"ပျင်းတောင်ပျင်းသေးတယ်"(သံစုံ)

-"ဟေး..နောက်များမှတွေ့လို့ချွဲရင်
တို့အသည်းက မပျော့တတ်ပါ
အိုပျင်းတောင်ပျင်းသေးတယ် ဟေ့"

-"ပျင်းတောင်ပျင်းသေးတယ်"(သံစုံ)

-"ဟေး..မင်းမုန်းလို့တို့မလွမ်းပါ
မင်းမချစ်လည်းတို့မတွေးပါ
သံမဏိလို အသည်းမာထားတယ်
လျော့ပြီးမတွက်နဲ့ ရွာလည်မယ်"

-"ပျင်းတောင်ပျင်းသေးတယ်"(သံစုံ)

-"ဟူး..ဒီအမူးတသိုက်နဲ့တော့"

ကျွနုပ်ရဲ့အမူးသမ ချစ်လင်သည် အရင်ကဲ့သို့
အိမ်သို့မ၀င်ချေ။
ခြံ၀မှ သူ့အပေါင်းအပါတသိုက်ဖြင့်
အော်ကြီးဟစ်ကျယ် စီးရီးထုတ်နေ‌ေလရဲ့။
ထိုသည်ကို မနေနိုင်တော့သည့်မိမိမှာ
အိပ်ယာမှထ၍ ခြံ၀သို့ သွားရလေပြီ။

-"ဟေ့...အပြောကောင်းတဲ့ သူကလေးတွေ
အပြောတွေကြီးသမျှ သတိထားနေ
လွန်ပြီးရင် မျက်ရည်ကလေးလည်
မသနားဘူးရယ်နေမယ်
ပျင်းတောင်ပျင်းသေးတယ်"

-"ဟေ့ ပျင်းတောင်ပျင်းသေးတယ်"(သံစုံ)

-"ပျင်းရင်လစ်လိုက်တော့!
လူအိပ်ချိန် သူများအိမ်ရှေ့လာပြီး
အော်ကြီးဟစ်ကျယ်လာလုပ်နေရအောင်က
ရှင်တို့ လူမှုရေးနားမလည်တာလား
ဒါမှမဟုတ် ဉက္ကဌခေါ်ရမှာလား ပြော!"

-"အဟက်..ဉက္ကဌတဲ့လား
ဒီမယ်လေ သူကြီးသားတစ်ယောက်လုံးပါနေတာ
ဉက္ကဌကို စောက်ဂရုကိုမစိုက်တာ"

ကျွနုပ်အပြောကြောင့် အခြားလူများမှာ
တန့်သွားသော်လည်း သူကတော့
မခန့်ဟန်ဖြင့် သူ့ဘေးမှ ကိုသိုက်ညီရဲ့ ပုခုံးထက် လက်ပင်တင်လိုက်သေး။

-"ကောင်းပြီလေ..သူကြီးသားမို့ သူ့အဖေက
အရေးမယူလည်း ဂရုမစိုက်ပါဘူး။
ဆရာတော်ဘုရားထံသွားလိုက်ယံုရှိတော့တာပေါ့"

-"အဲ...အဲ..အဲ့လိုတော့ မလုပ်ပါနဲ့ မိဇူရယ်။
ငါတို့က ချစ်လွန်းခေါ်လို့လာရတာပါ။"

-"ဟာ ဟေ့ကောင် သိုက်ညီ။
မင်းဘာစကားပြောတာလဲဟ။
မင်းပဲညနေကပြောတော့ ဒီနေ့ည
အိပ်မရအောင်ဆူကြမယ်ဆို"

-"ဟာ..ချစ်လွန်းကလည်း
ငါ..ငါမပြောပါဘူး"

-"အော် အေးအေး။
မင်းက ဗြောင်လိမ်‌ေဗြာင်စားပဲ။
ဟိုဘက်ကကောင်တွေ"

-"ခဗျာ"

-"အေး..ညနေက
ဒီသိုက်ညီငါ့ကို အဲ့လိုပြောလားမပြောဘူးလား"

-"ပြော..ပြော ပြောပါတယ် "

-"မြင်လား မင်းဘာငြင်းချင်သေးလဲ"

-"ဒီမယ်ရှင့်
ရှင်တို့ဘာသာငြင်းချင်ရင်လည်း
ကျောင်းတိုင်ဖက်ရင်းသာ ငြင်းကြပေတော့။
ကျွန်မတော့ သည်းမခံနိုင်တော့ဘူး။
တိုင်စရာရှိ တိုင်ရမှာပဲ"

-"ဟာ..အဲ့လို မလုပ်ပါနဲ့ဟာ။
သွားဆို သွားပါ့မယ်။
ဟိုနှစ်ကောင် ထလေ။
ဘာထိုင်လုပ်နေတာလဲ"

-"ဟုတ်ဟုတ် ကိုသိုက်ညီ"

-"ဟာ နေကြဦးလေ..
ငါလည်းလိုက်မယ်"

-"အော် ရှင်ကပါလိုက်ချင်တယ်ပေါ့။"

-"အေးလေ ငါ့သူငယ်ချင်းတေ‌ွသွားမှတော့
ငါလည်း လိုက်ချင်တာပေါ့"

-"အဲ့ဆို လိုက်သွားလေ။
ပြီးရင်တော့ ပြန်မလာနဲ့တော့ပေါ့
ဟုတ်ပြီလား"

-"ဘာကွ!
မင်း..မင်းက လင်ငယ်တွေ့လို
ငါ့ကို အဲ့စကားပြောတာလား"

-"ဟုတ်တယ်။
လင်ငယ်တွေ့လို့ပြောတာ။
ရှင်နဲ့ကွဲမှ လင်ငယ်နဲ့တရား၀င်ယူလို့ရမှာမို့လေ"

-"အော်..အဲ့လိုလား"

-"ဟုတ်တယ်"

-"အေးလေ..
မင်းဘက်က အဲ့လိုပွင့်လင်းလာမှတော့။
ငါလည်း ပွင့်လင်းရတော့မပေါ့။
ဟျောင့် သိုက်ညီ"

-"ဗျာ!"

-"ဒီနားလာစမ်း!"

-"ဟုတ်!"

-"ခါးနည်းနည်းကုန်း!"

-"ဟုတ်!"

-"ရွှတ်!"

-"ဒီပါးထက်က အနမ်းကိုမဂ်လာစရံအဖြစ်မှတ်ထား။
တကယ့် မဂ်လာကျမှ အကျေချေမယ်"

-"ဟင်..ချစ်..ချစ်လွန်း!"

-"ကဲ...သွားလို့ရပြီ!"

-"ဟုတ်!"

-"တောက်!"

ရှေ့မှဖြတ်ခနဲမြင်လိုက်ရသည့် မြင်ကွင်‌းကြောင့်
ဒေါသတို့ ငယ်ထိပ်ရောက်ခဲ့ပြီ။
လုံလောက်ပြီ။
သည်မျှနှင်လုံလောက်‌ေပပြီ။
မိမိလက်ကို ဆူးစေတဲ့ပန်းတစ်ပွင့်ကို သည်မျှအနာခံကာ ဖမ်းဆုပ်ထားခဲ့ခြင်းက လုံလောက်ခဲ့ပေပြီ။
လွှတ်ချချိန်တန်ပြီ။
ထို့ကြောင့် အံကိုတင်းတင်းကြိတ်ကာဖြင့် သူ့အရှေ့မှချာကနဲ လှည့်ထွက်ခဲ့ပါတော့သည်။
ကြောက်ပါပြီ ဝါရယ်။
ရှင့်ကို မချစ်ရဲတော့အောင်ကိုကြောက်လှပါပြီ။
အပြစ်မရှိတဲ့ကျွန်မကို ဖြေရှင်းခွင့်တောင်မပေးပါဘဲ
ရက်စက်တတ်တဲ့ ရှင့်လိုလူနဲ့ ဒီဘ၀ဒီမျှပဲပေါ့ရှင်။

**************

မူးနေသည့်အရှိန်ရယ် ရွဲ့ဆိုသည့်သူမစကားများကြောင့် နာကျင်နေလျှက်ကြားက အရွဲ့တိုက်မိမှ
တောက်ခေါက်ထွက်ခွါသွားသည့် နောက်ကျောကလေးကြောင့် ‌စိတ်ထဲတွင် လှစ်ဟာသွားရသည်။
မှားများမှားသွားလေပြီလားဟု တွေးမိကာ
လိုက်ချော့ချင်သော်လည်း မိမိမာနတို့က တားနေ၏။

တို့နားနေရတာမှ မင်းမပျော်ဘဲအနိုင်ရယ်
မင်းကို ဒီတစ်ခါ တကယ်ကို
လက်လွှတ်ပေးလိုက်ပါတော့မယ်။
ပျော်ပါစေတော့ ကိုယ့်စံပယ်ပွင့်ကလေးရယ်။

***************

-"ဒါကာမလေး"

-"ဘုရား"

-"အဆင်ပြေရဲ့လားကွယ်"

-"အဆင်ပြေပါတယ်ဘုရား"

-"ဟူး...ကိလေသာအပူတွေပေါ့ ဒါကာမလေးရယ်။
အချို့အရာတွေက ဖမ်းဆုပ်ထားရင်နာကျင်ရပြီး
စွန့်လွှတ်လိုက်မှ အေးချမ်းသွားတတ်တယ်။
အနိစ္စ သဘောကိုသာ ဆင်ခြင်ထားပါကွယ်။
အနည်းဆုံးတော့ စိတ်အေးချမ်းတာပေါ့"

-"တင်ပါ့။ ဒီတစ်ခါတော့ တပည့်တော်
တကယ် လွှတ်ချလိုက်ပါတော့မယ်ဘုရား
အရမ်းပင်ပန်းနေပြီမို့..ရွှတ်"

-"အိုး..ဒါကာမလေး မငိုရဘူးလေ။
စိတ်ကိုခိုင်ခိုင်ထားစမ်းပါကွယ်။
ပတ္တမြားမှန်ရင် နွံမနစ်တတ်ပါဘူး။
ဒါကာမလေးသာ တကယ်ဖြူစင်ရင်
အချစ်စစ်အချစ်မှန်လည်း တွေ့လာဦးမှာပါ"

-"ရွှတ်..မလိုချင်တော့ပါဘူးဘုရား။
တပည့်တော်..ရွှတ်..တပည့်တော်
ဒီဘ၀ဒီမျှနှင့်သာ လုံလောက်ပါပြီ"

-"အေးပါကွယ်။ အေးပါ။
တစ်ခုခုဆိုရင် ဘုန်းဘုန်းကိုပြောပေါ့။
ဘုန်းဘုန်းကူညီနိုင်တာ ကူညီပါ့မယ်"

-"တင်ပါ့"

-"ကဲကဲ ဒါကာမလေးကြည့်ရတာလည်း
စိတ်အခြေအနေမကောင်းဘူးဆိုတော့
ဒီနေ့နားချင်နားလိုက်တော့လေ။
ကလေးတွေ ပြန်လွှတ်လိုက်မယ်"

-"ရတယ်ဘုရား။
တပည့်တော် အိမ်လည်းပြန်ချင်စိတ်မရှိတာမို့
အတန်း၀င်ပါ့မယ်"

-"ဟုတ်ပါပြီကွယ်။
ဟုတ်ပါပြီ"

ကျောင်းအနောက်ဘက် သရက်ပင်အောက်သို့
ပုံ့ပုံ့ကလေးထိုင်နေမိသည်ကြောင့် ဆရာတော်က ထိုသို့‌ေမးမြန်းသည်။ မိမိရဲ့မသာမယာ မျက်နှာသည်ဟန်မဆောင်နိုင်ပင် သိသာနေခဲ့သည်လား။
ဆရာတော်မေးမြန်းတော့မှ ငိုချင်ရဲ့လက်တို့ဆိုသလို
မျက်ရည်တို့တာကျိုးရပြန်သည်။
ဆရာတော်မိန့်သကဲ့သို့ တရားနှင့်သာဖြေချင်ပါရဲ့။
သို့သော် ပုထုစဉ်မိမိမှာ အစွဲအလမ်းကြီးသူပီပီ
၀တ်မကုန်သရွေ့ ခံရဦးမည်ထင်သည်။
ထို့ကြောင့် စိတ်မပါသော်ငြား ဟိုအကြောင်းသည်အကြောင်း မတွေးမိအောင် ကလေးတွေဆီသို့
ဦးတည်မိတော့။

-"နေဦး မိဇူ!
  နေဦး!"

-"ဟင် ဦးမဲတူ
ဘာ..ဘာကိစ္စများရှိလို့လဲရှင့်"

-"အေး..ဘာကိစ္စဆို
ဒီဧည့်သည်တွေလေ နင်နဲ့တွေ့ချင်လို့တဲ့"

-"ရှင်!"

ကျောင်းအောက်အ၀င်မှာပင် အမောတကောပြေးလာသည့် ဦးမဲတူက ထိုသို့လှမ်း‌ေအာ်သည်။
ထို့ကြောင့် သူ့နောက်တွင် ပါလာသည့် လူနှစ်ဦးထံသို့ လှမ်းကြည့်မိတော့-

-"မြေးလေး!"

-"မြေးလေး မိဇူ!"

-"ရှင်"

ဦးမဲတူအနောက်မှ အသားဖြူဖြူ ခပ်အ၀၀
အဖိုးအဖွားသည် ကျွန်ုပ်သို့ ထိုသို့ခေါ်လာသည်ကြောင့် တအံ့တဩဖြင့်။

-"ဟိုလေ..အနိုင့်ကို သိလို့လားဟင်"

-"‌သိတာပေါ့ မြေးလေးရယ်။
ဖွားဖွားသိပ်သိတာပေါ့။"

-"ဖွား..ဖွား"

-"ဟုတ်ပါတယ် မြေးလေးရယ်။
ဖိုးဖိုးတို့က မင်းဖေဖေဦးအောင်မြင့်ရဲ့
အဖေအမေတွေပါကွယ်။"

-"ရှင်!"

2-1-2024

******************

Continuer la Lecture

Vous Aimerez Aussi

312K 22.7K 27
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
17.7K 887 20
မောင်က ကျွန်မကောက်ရခဲ့တဲ့ ကော်ရုပ်လေးတစ်ရုပ်ဖြစ်ခဲ့သလို ကျွန်မအပိုင်းသိမ်းချင်မိတဲ့ ရပ်ဝန်းငယ်လေးဆိုလည်း ဟုတ်တယ်..... မမကို ကျွန်တော်က၅၂၈မေတ္တာနဲ့ မဟ...
395K 13.3K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
515K 33K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...