ငါ စိတ်မကောင်းစွာနဲ့ဘဲ ကုတင်ပေါ်က လူကိုကြည့်နေမိတယ်။အမှန်တော့ ဒါဟာငါဂျီကျမိခဲ့ခြင်းကြောင့်ပါ။
ငါနဲ့အတူ ပူးပူးကပ်ကပ်နေကာ တကုတင်ထဲမှာအတူတူဆော့ခဲ့တာကြောင့် ကိုကိုဟာ ငါ့ဆီကနေအဖျားသွားခဲ့သည်။
"မင်း ဘာစားမလဲ ကိုကို အန်တီ့ကိုသွားပြောပေးမယ်"
"ဘာမှမစားချင်ဘူး"
"မင်းပြီးရင်ဆေးသောက်ရမှာလေ။ဘာမှမစားဘဲဘယ်လိုသောက်လို့ရမှာလဲ?"
"မသိဘူး ငါအိပ်ဘဲအိပ်ချင်တယ်"
"ကိုကိုရာ ဆေးတော့အချိန်မှန်သောက်စမ်းပါ"
"မင်းရှိနေတာဘဲ ငါ့ကိုနှိုးလိုက်ပေါ့ကွ"
"ပြီးတာဘဲ အိပ် အိပ်"
ကုတင်ပေါ်မှာလှဲလျောင်းနေသည့် ကိုကိုက ငါ့ကိုကျောခိုင်းကာအိပ်စက်ဖို့လုပ်နေလေသည်။
"မင်းပျင်းရင် ငါ့အရုပ်တွေနဲ့ဆော့နေလို့ရတယ်နော် အသံတော့မကျယ်စေနဲ့"
ငါပျင်းမှာစိုးလို့ သူ့အရုပ်တွေနဲ့ဆော့ဖို့ခွင့်ပြုချက်ပေးသွားသေးသည်။
ကုတင်ပေါ်မှာ ငါပေးတဲ့အရုပ်လေးကိုဘေးနားချပြီးအိပ်နေသည့်ကိုကိုက ငါ့အတွက်တော့တကယ်ချစ်စရာအတိပင်!
"ကိုကို ထတော့ ဆေးသောက်ရတော့မယ်"
ငါ နာရီကြည့်လိုက် ဆော့လိုက်လုပ်နေရင်း ဆေးသောက်ရတော့မှာမလို့ ကိုကို့ ကိုနှိုးလိုက်သည်။
"ထတော့လို့ ဟေ့ကောင်"
ငါ မနားမနေနှိုးတော့ ကိုကိုကထလာသည်။ဒါတောင် ငါ့ကိုမျက်စောင်းကထိုးလိုက်သေးသည်။
"ရော့ အန်တီကဒါအရင်စားတဲ့"
"အင်း အင်း"
ငါကအငယ်ဆိုပေမဲ့ ဖျားနေတဲ့အကိုကတကယ်ကို ငါ့ထက်ပင် ကလေးဆန်သည်။
"ကိုကို မင်း ချွဲလို့မပြီးနိုင်ဘူးလား ဟမ်"
"မသိဘူးကွာ မင်းမသွားရဘူး"
"စီနီယာတွေပါလာမှာကွ ဒီလိုပွဲကရှားတယ်"
"အဲ့ဂိမ်းကငါ့ထက်အရေးကြီးတာလား မင်းရဲ့ကိုကိုကဖျားနေတာလေ satang ရဲ့"
မျက်နှာငယ်နဲ့ဘယ်လိုရုပ်လေးမှန်းမသိ!
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျတော်မသွားတော့ဘူးနော်"
"အဲ့ဒါဆို ကိုကို့ ကိုရေသွားခပ်ပေးအုန်းနော်"
"အော် ကျတော့်ကိုခိုင်းစားဖို့ခေါ်ထားတာကို"
"ဟျောင့် မနေချင်မနေနဲ့ လစ်"
ငါ ကိုကို့ရဲ့စကားကြောင့် ပြုံးရင်း အခန်းထဲကထွက်ကာရေသွားခပ်လိုက်သည်။သွားမယ်ဆိုရင်လဲ သူဘဲအတင်းဆွဲထားပြီးတော့...
အမှန်တော့အစထဲက သွားဖို့အစီအစဉ်မရှိခဲ့ပါဘူး။ဖုန်းထဲမှာငြင်းနေတုန်း အကိုပေါက်စကကြားကာ အတင်းတွေမသွားဖို့ချွဲလို့ ဟန်ဆောင်လိုက်ရုံပါဘဲ။
"ရော့ ကိုကို"
အကိုပေါက်စက ငါ့ဆီက ခွက်ကိုယူကာ တငုံသောက်လိုက်ပြီး ခွက်ကိုပြန်ပေးသည်။
ငါ ထိုခွက်ကိုယူလိုက်ကာခုံပေါ်တင်လိုက်သည်။
"Satang"
"ဗျာ"
"မင်းမပျင်းဘူးလား"
"ပျင်းတာပေါ့ဗျ"
"အဲ့တာဆိုငါတို့သရဲကားကြည့်ရအောင်"
"ဘာသရဲကားလဲ"
"The Nun 2 လေ"
"ကိုကို မင်းကကြည့်ရဲလို့လား"
"ကြည့်ရဲတာပေါ့ ယောကျာ်းကွ!"
"ဟားဟား ဟုတ်ပါပြီဗျာ အဲ့တာဆိုကြည့်ရအောင်"
တကယ်လဲ ကိုကိုက မကြောက်ခဲ့ပါဘူး။ဇာတ်ကားတလျောက်လုံး တချက်မှလဲမအော်ခဲ့ဘူး။ဒါပေမဲ့ တစ်ဖြေးဖြေးအနောက်ကိုဆုတ်ဆုတ်သွားသည်မှာ ကိုကိုဟာငါ့ရင်ခွင်ထဲကိုတောင်ရောက်နေပြီ။
ငါဟာ သရဲကားကိုအာရုံမစိုက်နိုင်ခဲ့ ငါ့ရင်ခွင်ထဲက အကောင်ပေါက်လေးက ငါ့အာရုံတွေကိုဖမ်းစားခဲ့ခြင်းကြောင့်ဖြစ်သည်။
"ဟမ် အဲ့လိုရရင် အစောကြီးထဲကလုပ်လိုက်လေ နော် satang"
"အယ် ဗျာ ဟုတ် ဟုတ်တယ်"
"မင်းကြည့်ကောကြည့်နေရဲ့လား? မင်းကြောက်နေတာမလား?"
"ဘာလို့ကြောက်ရမှာလဲဗျ! မကြောက်ဘူး။အိပ်တော့ အိပ်ချင်နေပြီ"
"အေးပါကွာ ကြောက်ရင်ကြောက်တယ်ပြောပေါ့ ကိုကိုက ကာတွန်းပြောင်းဖွင့်ပေးမှာပေါ့"
"မင်းဘာသာကြည့် အိပ်တော့ကွာ"
ငါ အကိုပေါက်စကိုအိပ်ခိုင်းကာ ငါက ကုတင်အောက်မှာ ကိုကိုအိပ်ခဲ့သလိုလှဲနေလိုက်သည်။
"Satang မင်းအိပ်နေပြီလား"
"မအိပ်သေးပါဘူးဗျ ကိုကို ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
"ဟုတ် ဟုတ်"
ငါ မအိပ်ချင်သေးလို့ ဂိမ်းထိုင်ဆော့နေလိုက်သည်။
"မင်းအိပ်နေပြီလား"
"ဟင့်အင်း"
"အော် အင်း အင်း"
တပွဲနိုင်သွားတော့ အိပ်ငိုက်လာတာကြောင့် ငါအိပ်စက်ဖို့ပြင်လိုက်လေသည်။မအိပ်ခင် ကုတင်ပေါ်က အကိုပေါက်စလေးကိုကြည့်ရှု့ဖို့ကိုလဲမမေ့ခဲ့ပါ။
"Satang မင်းမအိပ်သေးဘူးလား"
"အိပ်တော့မှာ မင်းကကောဘာလို့မအိပ်သေးတာလဲ"
"ငါ မအိပ်ချင်သေးလို့ပါ"
"ဟုတ်လို့လား? မင်းကြောက်နေတာမလား"
"ကြောက်စရာလား! အိပ်တော့ ငါအိပ်ပြီ"
"ဟားဟား ဟုတ်ပါပြီဗျာ"
ငါ အကိုပေါက်စနဲ့စကားပြောဖြတ်ကာ အခင်းတွင်လှဲလိုက်သည်။
"Satang"
"ကိုကို မင်းကြောက်နေတာမလား"
ငါ ကုတင်ပေါ်တက်ကာ ကိုကို့နားဝင်အိပ်လိုက်သည်။
"မင်းဘာလုပ်တာလဲ အဖျားကူးမယ်"
"ဒီလိုဆို မင်းအိပ်လို့ရပြီလေ ကိုကိုရဲ့"
"မင်းအဖျားကူးမယ် ကိုယ့်နေရာကိုယ်သွား"
"ကျတော်အိပ်ချင်နေပြီ ကိုကို ဘာမှမပြောနဲ့ အိပ်တော့"
"ဟုတ်ပါပြီ"
"Good night Koko"
"Good night Satang"
ဒီနေ့တနေ့လုံး ငါ့နားအတူနေပေးရတာ ပင်ပန်းသွားပြီ satang။
ညက ကျေးဇူးကြောင့် satang တယောက်ထပ်ဖျားသွားခဲ့ပြီး Mae ကတော့ သူတို့ထပ်ပြီးအဖျားကူးမှာစိုးလို့ အတူတူထပ်ပေးမနေတော့ပါဘူး။
__________________
ကြာသွားတာ တောင်းပန်ပါတယ် ထုခွန်🙇🏻♂️
တတ်နိုင်သလောက် မှန်မှန် up ပေးပါ့မယ်ဗျ
Zawgyi
ငါ စိတ္မေကာင္းစြာနဲ႔ဘဲ ကုတင္ေပၚက လူကိုၾကည့္ေနမိတယ္။အမွန္ေတာ့ ဒါဟာငါဂ်ီက်မိခဲ့ျခင္းေၾကာင့္ပါ။
ငါနဲ႔အတူ ပူးပူးကပ္ကပ္ေနကာ တကုတင္ထဲမွာအတူတူေဆာ့ခဲ့တာေၾကာင့္ ကိုကိုဟာ ငါ့ဆီကေနအဖ်ားသြားခဲ့သည္။
"မင္း ဘာစားမလဲ ကိုကို အန္တီ့ကိုသြားေျပာေပးမယ္"
"ဘာမွမစားခ်င္ဘူး"
"မင္းၿပီးရင္ေဆးေသာက္ရမွာေလ။ဘာမွမစားဘဲဘယ္လိုေသာက္လို႔ရမွာလဲ?"
"မသိဘူး ငါအိပ္ဘဲအိပ္ခ်င္တယ္"
"ကိုကိုရာ ေဆးေတာ့အခ်ိန္မွန္ေသာက္စမ္းပါ"
"မင္းရွိေနတာဘဲ ငါ့ကိုႏွိုးလိုက္ေပါ့ကြ"
"ၿပီးတာဘဲ အိပ္ အိပ္"
ကုတင္ေပၚမွာလွဲေလ်ာင္းေနသည့္ ကိုကိုက ငါ့ကိုေက်ာခိုင္းကာအိပ္စက္ဖို႔လုပ္ေနေလသည္။
"မင္းပ်င္းရင္ ငါ့အ႐ုပ္ေတြနဲ႔ေဆာ့ေနလို႔ရတယ္ေနာ္ အသံေတာ့မက်ယ္ေစနဲ႔"
ငါပ်င္းမွာစိုးလို႔ သူ႔အ႐ုပ္ေတြနဲ႔ေဆာ့ဖို႔ခြင့္ျပဳခ်က္ေပးသြားေသးသည္။
ကုတင္ေပၚမွာ ငါေပးတဲ့အ႐ုပ္ေလးကိုေဘးနားခ်ၿပီးအိပ္ေနသည့္ကိုကိုက ငါ့အတြက္ေတာ့တကယ္ခ်စ္စရာအတိပင္!
"ကိုကို ထေတာ့ ေဆးေသာက္ရေတာ့မယ္"
ငါ နာရီၾကည့္လိုက္ ေဆာ့လိုက္လုပ္ေနရင္း ေဆးေသာက္ရေတာ့မွာမလို႔ ကိုကို႔ ကိုႏွိုးလိုက္သည္။
"ထေတာ့လို႔ ေဟ့ေကာင္"
ငါ မနားမေနႏွိုးေတာ့ ကိုကိုကထလာသည္။ဒါေတာင္ ငါ့ကိုမ်က္ေစာင္းကထိုးလိုက္ေသးသည္။
"ေရာ့ အန္တီကဒါအရင္စားတဲ့"
"အင္း အင္း"
ငါကအငယ္ဆိုေပမဲ့ ဖ်ားေနတဲ့အကိုကတကယ္ကို ငါ့ထက္ပင္ ကေလးဆန္သည္။
"ကိုကို မင္း ခၽြဲလို႔မၿပီးနိုင္ဘူးလား ဟမ္"
"မသိဘူးကြာ မင္းမသြားရဘူး"
"စီနီယာေတြပါလာမွာကြ ဒီလိုပြဲကရွားတယ္"
"အဲ့ဂိမ္းကငါ့ထက္အေရးႀကီးတာလား မင္းရဲ့ကိုကိုကဖ်ားေနတာေလ satang ရဲ့"
မ်က္ႏွာငယ္နဲ႔ဘယ္လို႐ုပ္ေလးမွန္းမသိ!
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ က်ေတာ္မသြားေတာ့ဘူးေနာ္"
"အဲ့ဒါဆို ကိုကို႔ ကိုေရသြားခပ္ေပးအုန္းေနာ္"
"ေအာ္ က်ေတာ့္ကိုခိုင္းစားဖို႔ေခၚထားတာကို"
"ေဟ်ာင့္ မေနခ်င္မေနနဲ႔ လစ္"
ငါ ကိုကို႔ရဲ့စကားေၾကာင့္ ျပဳံးရင္း အခန္းထဲကထြက္ကာေရသြားခပ္လိုက္သည္။သြားမယ္ဆိုရင္လဲ သူဘဲအတင္းဆြဲထားၿပီးေတာ့...
အမွန္ေတာ့အစထဲက သြားဖို႔အစီအစဥ္မရွိခဲ့ပါဘူး။ဖုန္းထဲမွာျငင္းေနတုန္း အကိုေပါက္စကၾကားကာ အတင္းေတြမသြားဖို႔ခၽြဲလို႔ ဟန္ေဆာင္လိုက္႐ုံပါဘဲ။
"ေရာ့ ကိုကို"
အကိုေပါက္စက ငါ့ဆီက ခြက္ကိုယူကာ တငုံေသာက္လိုက္ၿပီး ခြက္ကိုျပန္ေပးသည္။
ငါ ထိုခြက္ကိုယူလိုက္ကာခုံေပၚတင္လိုက္သည္။
"Satang"
"ဗ်ာ"
"မင္းမပ်င္းဘူးလား"
"ပ်င္းတာေပါ့ဗ်"
"အဲ့တာဆိုငါတို႔သရဲကားၾကည့္ရေအာင္"
"ဘာသရဲကားလဲ"
"The Nun 2 ေလ"
"ကိုကို မင္းကၾကည့္ရဲလို႔လား"
"ၾကည့္ရဲတာေပါ့ ေယာက်ာ္းကြ!"
"ဟားဟား ဟုတ္ပါၿပီဗ်ာ အဲ့တာဆိုၾကည့္ရေအာင္"
တကယ္လဲ ကိုကိုက မေၾကာက္ခဲ့ပါဘူး။ဇာတ္ကားတေလ်ာက္လုံး တခ်က္မွလဲမေအာ္ခဲ့ဘူး။ဒါေပမဲ့ တစ္ေျဖးေျဖးအေနာက္ကိုဆုတ္ဆုတ္သြားသည္မွာ ကိုကိုဟာငါ့ရင္ခြင္ထဲကိုေတာင္ေရာက္ေနၿပီ။
ငါဟာ သရဲကားကိုအာ႐ုံမစိုက္နိုင္ခဲ့ ငါ့ရင္ခြင္ထဲက အေကာင္ေပါက္ေလးက ငါ့အာ႐ုံေတြကိုဖမ္းစားခဲ့ျခင္းေၾကာင့္ျဖစ္သည္။
"ဟမ္ အဲ့လိုရရင္ အေစာႀကီးထဲကလုပ္လိုက္ေလ ေနာ္ satang"
"အယ္ ဗ်ာ ဟုတ္ ဟုတ္တယ္"
"မင္းၾကည့္ေကာၾကည့္ေနရဲ့လား? မင္းေၾကာက္ေနတာမလား?"
"ဘာလို႔ေၾကာက္ရမွာလဲဗ်! မေၾကာက္ဘူး။အိပ္ေတာ့ အိပ္ခ်င္ေနၿပီ"
"ေအးပါကြာ ေၾကာက္ရင္ေၾကာက္တယ္ေျပာေပါ့ ကိုကိုက ကာတြန္းေျပာင္းဖြင့္ေပးမွာေပါ့"
"မင္းဘာသာၾကည့္ အိပ္ေတာ့ကြာ"
ငါ အကိုေပါက္စကိုအိပ္ခိုင္းကာ ငါက ကုတင္ေအာက္မွာ ကိုကိုအိပ္ခဲ့သလိုလွဲေနလိုက္သည္။
"Satang မင္းအိပ္ေနၿပီလား"
"မအိပ္ေသးပါဘူးဗ် ကိုကို ဘာျဖစ္လို႔လဲ"
"ဘာမွမဟုတ္ပါဘူး"
"ဟုတ္ ဟုတ္"
ငါ မအိပ္ခ်င္ေသးလို႔ ဂိမ္းထိုင္ေဆာ့ေနလိုက္သည္။
"မင္းအိပ္ေနၿပီလား"
"ဟင့္အင္း"
"ေအာ္ အင္း အင္း"
တပြဲနိုင္သြားေတာ့ အိပ္ငိုက္လာတာေၾကာင့္ ငါအိပ္စက္ဖို႔ျပင္လိုက္ေလသည္။မအိပ္ခင္ ကုတင္ေပၚက အကိုေပါက္စေလးကိုၾကည့္ရွု႔ဖို႔ကိုလဲမေမ့ခဲ့ပါ။
"Satang မင္းမအိပ္ေသးဘူးလား"
"အိပ္ေတာ့မွာ မင္းကေကာဘာလို႔မအိပ္ေသးတာလဲ"
"ငါ မအိပ္ခ်င္ေသးလို႔ပါ"
"ဟုတ္လို႔လား? မင္းေၾကာက္ေနတာမလား"
"ေၾကာက္စရာလား! အိပ္ေတာ့ ငါအိပ္ၿပီ"
"ဟားဟား ဟုတ္ပါၿပီဗ်ာ"
ငါ အကိုေပါက္စနဲ႔စကားေျပာျဖတ္ကာ အခင္းတြင္လွဲလိုက္သည္။
"Satang"
"ကိုကို မင္းေၾကာက္ေနတာမလား"
ငါ ကုတင္ေပၚတက္ကာ ကိုကို႔နားဝင္အိပ္လိုက္သည္။
"မင္းဘာလုပ္တာလဲ အဖ်ားကူးမယ္"
"ဒီလိုဆို မင္းအိပ္လို႔ရၿပီေလ ကိုကိုရဲ့"
"မင္းအဖ်ားကူးမယ္ ကိုယ့္ေနရာကိုယ္သြား"
"က်ေတာ္အိပ္ခ်င္ေနၿပီ ကိုကို ဘာမွမေျပာနဲ႔ အိပ္ေတာ့"
"ဟုတ္ပါၿပီ"
"Good night Koko"
"Good night Satang"
ဒီေန႔တေန႔လုံး ငါ့နားအတူေနေပးရတာ ပင္ပန္းသြားၿပီ satang။
ညက ေက်းဇူးေၾကာင့္ satang တေယာက္ထပ္ဖ်ားသြားခဲ့ၿပီး Mae ကေတာ့ သူတို႔ထပ္ၿပီးအဖ်ားကူးမွာစိုးလို႔ အတူတူထပ္ေပးမေနေတာ့ပါဘူး။
__________________
ၾကာသြားတာ ေတာင္းပန္ပါတယ္ ထုခြန္🙇🏻♂️
တတ္နိုင္သေလာက္ မွန္မွန္ up ေပးပါ့မယ္ဗ်