သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

295K 13.7K 669

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

10(Unicode)

7.3K 467 10
By Shinn-0813

[ကိုယ်က မင်းအပိုင်ဖြစ်ပေးပါ့မယ်]

<>

မနက်ဖြန်ဘုရားပွဲနေ့ဖြစ်တာကြောင့်
မနက်ပိုင်းကိုအလှူလုပ်ဖို့အတွက်
မနက် လေးနာရီထဲက အကုန်ပြင်ဆင်ရတာမို့
ရွာဦးကျောင်းမှာလူတွေအကုန်စုလို့

ငါးနီတူခြောက်ကိုအစပ်ကြော်မှာမို့ ကြက်သွန်နွှာတဲ့ဝိုင်းကတစ်ဝိုင်း ထိုဝိုင်းမှာတော့ နှင်းရည်ရယ် စံပယ်ရယ် သဇင်ရယ်ရွာထဲက အဒေါ်ကြီးတွေ‌ရယ်

ပဲကုလားဟင်းအတွက်လည်းအသီးအရွက်
ပြင်‌ဆင်နေတဲ့ဝိုင်းကတစ်ဝိုင်း
သရက်ချဉ်သုပ်အတွက် သရက်ကြီးခြစ်နေတဲ့လူတွေရယ် အသားအဟင်းအတွက်အသားကိုင်တဲ့လူတွေလည်း စည်စည်ကားကားရှိလို့နေ၏

"စံပယ် ကြက်သွန်ကိုဘယ်လိုနွှာနေတာလဲ ငါ့ဆီကို အခိုးရိုက်နေပြီဟဲ့ "

"နင်ဟာနင်နွှာလို့ မွှန်တာလေ ငါနဲ့ဆိုင်လား "

"နင်ငါ့နားကပ်နေလို့လေ "

နှင်းရည်ဆိုတဲ့စွာတေးလန်မလေးကိုဘဲအရူံးပေးပြီးတော့ သူဘဲ တခြားဝိုင်းဘဲသွားတော့၏

"အကိုပုံတိုင်းတို့လာပြီဘဲ ဒီအချိန်ကြီးတောင်ချောလိုက်တာ "

လုပ်စရာရှိမလုပ်ဘဲ လိုက်ငေးပြီး အကိုပုံတိုင်းကိုပါ ငမ်းနေတာကြောင့် နှင်းရည်မကျေနပ်စွာဘဲ

"သဇင် နင်အခွံတွေကို သေချာသိမ်းလေ လွှင့်နေပြီဟက် "

"မလွှင့်ပါဘူး "

"လွှင့်တယ်မမြင်ဘူးလား "

"အေအေတောင်းပန်တယ်ဟုတ်ပြီလား "

သဇင်ကလည်း တခြားဝိုင်းမှာသာ သွားကူညီနေလိုက်၏

နှင်းရည်ကတော့ ဘယ်သူမှမရှိလည်း သူဟာနဲ့သူ မွှန်တာကတစ်ပိုင်း အကိုပုံတိုင်းကို တဝန်တိုတာက တစ်ပိုင်းငိုမိနေ၏

"နှင်းရည် အဆင်ပြေလား မွှန်နေတာလား တခြားဝိုင်းသွားလုပ်ချည်သွား"

ရာချီလာမေးတာဖြစ်သည် မျက်ရည်တွေကထွက်ပြီး ရုပ်ကလည်းဆိုနေတော့မည် ဒီရုပ်ကိုအကိုပုံတိုင်းကိုမပြချင်တာကြောင့်
သူ့အကိုရဲ့ ရင်ထဲသို့ တိုးဝှေ့ပြီး မျက်ရည်တွေကိုလည်း အင်္ကျီအဖြူစပေါ်သို့သုတ်နေတာကြောင့် အကုန်ပေကုန်၏

ရာချီတစ်ယောက်ကတော့ စိတ်ပူနေမိသည်
သူ့ရဲ့ ညီမက အားကိုးစရာသူဘဲရှိတာကြောင့်
အခုလည်းတစ်ခုခု ဖြစ်နေပုံ။

"အင့် ဟင့်"

"နှင်းရည် ညီမလေးအဆင်ပြေရဲ့လား"

ထိုမှ မျက်နှာဖော်လာပြီးရိူက်ကလည်းရိူက်နေသေးသည်။

"ကိုကိုကြီး "

"အင်းပြောလေ "

"နှင်းရည် ရုပ်ဆိုးလို့လားဟင် "

"ဟော လာငါနဲ့လိုက်ခဲ့ "

နှင်းရည်ရဲ့လက်ကိုဆွဲသွား၍ ဇာတ်ပွဲကလူတွေအတွက်အလှပြင်ဖို့ထားထားတဲ့ နေရာသို့ရောက်သွား၏
နှင်းရည်ကိုလည်းမှန်ရှေ့မှာ ရပ်ခိုင်းပြီးမှ

"ကြည့် ဘယ်မှာရုပ်ဆိုးလို့လဲ "

"...."

"ငါရဲ့ညီမလေးက ဒီရွာမှာတင်မဟုတ်ဘဲတခြားရွာတွေနဲ့ ယှဉ်ရင်တောင်နှင်းရည်ကအလှဆုံးဘဲ "

သူ့အကိုပြောတဲ့ စကားကိုတော့နည်းနည်းစိတ်ကျေနပ်မိတာကြောင့် မသိမသာလေးပြုံးနေမိ၏

အခုလည်းရာချီက နှင်းရည်ရဲ့ မျက်နှာမှာ ခြယ်သထားတဲ့ နူတ်ခမ်းနီတွေကို ဖျတ်ပစ်လိုက်ပြန်၏

"ကိုကိုကြီးဘာလို့ ဖျတ်ပစ်တာလဲ "

"တွေ့တယ်မလား အခုနူတ်ခမ်းနီမဆိုးရင်ဘယ်လောက်တောင်ခလေးဆန်နေလဲ "

"ဟင် "

"အခုလို မလိမ်းခြယ်လဲ ငါ့ညီမက အလှဆုံး"

"အင်းကျေးဇူးဘဲ နောက်ခါမလိမ်းတော့ဘူး "

သူ့၏ ညီမကို စိတ်ချမ်းသာသလိုသာလွှတ်
ထားပေးတာ တကယ်ဆိုအလှပြင်နေတာတွေသူမကြိုက်ပါ မိဘထက်တောင် ချစ်ရတဲ့ညီမလေးမို့လို့ ကလေးတစ်ယောက်လိုဘဲမြင်ချင်သည်။

အားလုံးပြင်ဆင်လို့ပြီးတော့ အချိန်ဆိုလည်းခြောက်နာရီတိတိဖြစ်ကာ ကျွေးမွေးရမယ့်အချိန်သို့ရောက်ရှိလာပြီး

ပုံတိုင်းက ပဲဟင်းကိုဆွဲ၍လိုက်လှန်ထည့်ပေးသေး၏ ရာချီကတော့ ထမင်းခူးတဲ့နေရာမှာဘဲ နားနေကြ၏

"ပုံတိုင်း ပင်ပန်းနေပြီလား "

"ကိုယ်က ရပါတယ် မင်းတို့ကသာ ပိုပြီးအလုပ်များခဲ့တာလေ "

"အင်းနည်းနည်းပါ "

"ကြည့်စမ်းပါအုန်း အင်္ကျီအဖြူတွေစွန်းကုန်ပြန်ပြီ "

ကိုယ့်ကိုကိုယ်ပြန်ငုတ်ကြည့်မှသိတော့တယ်
ဒါက နှင်းရည်ရဲ့မျက်ရည်တွေသာ။

"ပုံတိုင်းရေ ပဲဟင်း တစ်ဗုံးယူလာခဲ့ပါအုန်း "

"လာပြီလာပြီ ရာချီကိုယ်သွားပြီ ပြီးမှထမင်းအတူတူစားကြမယ် "

"အင်းအင်း"

အခုချိန်မှာ စကားပြောချိန်တော့ရမှာမဟုတ်
လူတွေကများတာကြောင့် အခုလည်းလှမ်းခေါ်တာမို့သွားရပြန်သည်။

"နှင်းရည်မလားဟင် ဒီက "

"ဟုတ်တယ်လေ ဆရာမဖြစ်ပြီးလူတောင်မမှတ်နိုင်ဘူးလား "

"ဟုတ်ပါရဲ့ "

"ဒါနဲ့ ဆရာမဧကရီမလား ဘာလာလုပ်တာလဲ"

"ဘုန်းဘုန်းက ထမင်းလာစားဆိုလို့ပါ ထမင်းကဘယ်နားမှာလဲ"

ဘေးတစ်ဝိူက်ကိုကြည့်တော့ သူကြည့်မရတဲ့သူတော့ပါမလာ

"ဟိုတစ်ယောက်ရော "

"သူက ဗိုက်မဆာလို့ထင်ပါရဲ့ ညီမလေးနဲ့ အမ အတူတူစားကြမလား "

"ရပါတယ် "

အကုန်လုံးကလည်းအလုပ်ပြီးပြီဆိုတော့ နှင်းရည်နဲ့ ဧကရီ မှမဟုတ်ဘဲ တခြားသူတွေက တစ်ဝိုင်းထဲထိုင်၍

"မင်္ဂလာပါရှင့် ဟိုနေ့က သေချာလေးတောင်ကျေးဇူးမတင်လိုက်ရဘူး အားနာလိုက်တာ"

"ရပါတယ် "

နှင်းရည် ဒီတစ်ယောက်ရဲ့ မျက်နှာပေါက်ကိုတော့ကြိုက်၏ ဆရာမအလုပ်နဲ့ညီအောင်ကြင်ကြင်နာနာတော့ရှိလောက်မည်။

"ရပါတယ်ဗျ ကျွန်တော်တို့ကလည်း တာဝန်မကျေပွန်တော့အားနာနေတာ "

"ကိုကိုကြီးလျှောက်ပြောမနေနဲ့ နှင်းရည်ကတော့အားမနာပါဘူး "

"မြပိုးကြောင့် စိတ်နှောင့်ယှက်ဖြစ်သွားရင် သူ့အစား ဧကရီကဘဲတောင်းပန်ပါတယ် "

"ရပါတယ်အက်လောက်မလိုပါဘူး အခုတော့ ဝအောင်စားပေါ့ "

ရွာထမင်းရွာဟင်းတွေက တကယ့်ကိုလက်ရာစစ်စစ်တွေမို့ သူတို့အရမ်းကြိုက်ပါသည်။
မြို့ကလာတဲ့ ဧကရီကပါ ဒီဟင်းလက်ရာတွေကိုစားတာ သုံးပန်းကန်လောက်ရှိပြီဖြစ်သည်

ရာချီတို့ကျတော့လည်း ပင်ပန်း‌ထားတာမို့စားလို့မဝင်ဘဲ တစ်ပန်းကန်သာ စားနိုင်တော့သည်။

မနက်ပိုင်း အလှူဒါနလေးကလည်း အောင်မြင်စွာ ပြီးဆုံးသွားပြီး
ညနေပိုင်းဘုရားပွဲလုပ်ဖို့ဘဲကျန်တော့သည်။

<><><>

"ရာချီ ငါမင်းကိုပြောစရာရှိတယ်လိုက်ခဲ့ "

ချီးဘဲထပ်ခေါ်ပြန်ပြီ တစ်ကယ်အာရုံနောက်တဲ့ ကျန်စစ်။
တကယ်တော့သူပုံတိုင်းကိုယူလိုက်ရင်တောင်သူနဲ့ဘာဆိုင်လဲသူမှ မပိုင်သေးဘဲ။

"ဘာတုန်းကွာ ပွဲကစတော့မယ် "

"မင်းတမင်လုပ်နေတာမလား "

"မင်းထင်ချင်သလိုထင်လို့ ငါမင်းကိုပြောပြီးပြီ"

"ဒါခလေးကစားနေတာမဟုတ်ဘူးကွ!!!"

လေသံကပိုပြီးပြင်းထန်လာလျှက်

"နေပါအုန်း မင်းမှာငါ့ကိုချုပ်ချယ်ခွင့်မရှိဘူးကျန်စစ် ငါဟာငါဘာလုပ်လုပ် ငါကိစ္စမို့လို့ မင်းငါ့ကိုဒီလိုအာဏာပြစရာမလိုဘူး"

စကားပြောနေတာတွေက မကိုက်လာ‌တော့
ဘဲ ကျန်စစ် ဒေါသထွက်ကာ ရာချီရဲ့ ကော်လံစကိုဆွဲလိုက်၍...

"ကျန်စစ် ဇာတ်ပွဲစတော့မယ်"

"အကိုလေးရာချီ ဇာတ်ပွဲလာပြီ"

"မင်း ပွဲပြီးရင်ငါနဲ့တွေ့မယ်ရာချီဒွေး "

ရန်ဖြစ်ဖို့သိပ်မလိုခင်မှာဘဲ
နှစ်ယောက်သားလာတားတာကြောင့် တစ်ယောက်တစ်နေရာဆီထွက်သွားကြ၏

"ရာချီ ကိုယ့်ဘေးမှာလာထိုင် "

"..."

စကားတော့မပြန်သေးဘဲ ပုံတိုင်းရဲ့နားကိုဘဲ သွားထိုင်လိုက်၏
ပုံတိုင်းက လက်ကိုနောက်ပြန်ထောက်ထား၍
သူကတော့ ဒူးကို ပိုက်ပြီးသာ ထိုင်ချလိုက်၏
နှစ်ယောက်ထိုင် ဖျာနှင့်မို့လို့ နှစ်ယောက်ထဲသာ တစ်နေရာ။နောက်တန်းမှာထိုင်နေတာမို့
အပေါ်ကဇာတ်ပွဲကို မမြင်ရ‌ပါ ဇာတ်ပွဲကြည့်ဖို့လည်းစိတ်ကူးက ရှိမနေ။

"ရာချီ "

"အင်း"

ပုံတိုင်းရဲ့အသံလေးက ငြိမ့်ငြိမ့်လေးနဲ့ကို နားထောင်လို့အရမ်းကောင်းသည် သူ့နူတ်ကထွက်တဲ့ အသံလေးကိုပါ သဘောကျသည်။

"ကိုယ်ကိုစိတ်ဆိုးနေတာလား "

"မဆိုးပါဘူး "

"ဘာလို့ မျက်နှာမကောင်းရတာလဲ ကိုယ်များအမှားတခုခုလုပ်မိထားလား "

"မလုပ်ထားဘူး "

အခုလိုကပ်နေတာတွေက အမှားဖြစ်နေပြီလား ငါ့ကအခုသူများရဲ့ အချစ်ကိုလုနေတာလား ငါကအောက်တန်းစားနီးနီးဖြစ်နေပြီဘဲ။

"ကိုယ်တောင်းပန်ပါတယ် "

"မင်းကဘာမှားလို့တောင်းပန်နေတာလဲ"

"ဒီတိုင်း မင်းမျက်နှာပြတ်ရင်ကိုယ်မနေတက်ဘူး "

"....."

စကားပြန်ကအချိန်တော်ကြာထိ မလာတာကြောင့် ပုံတိုင်းလည်း ရာချီ မျက်စိကျနေတဲ့ ဇာတ်ပွဲကိုဘဲ အာရုံစိုက်ထားလိုက်တော့သည်။

ရုတ်တရက် ရာချီကပါ လက်ကိုနောက်ကိုလှန်ထောက်လိုက်တော့ ပုံတိုင်းရဲ့ လက်အစွန်းလေးနဲ့ သူ၏ လက်အစွန်းလေးက မသိလိုက်ခင်မှာဘဲ ချိတ်ဆက်မိသွား၏

ပုံတိုင်းက ထိုလက်လေးကိုမဖယ်လိုက်ဘဲ
ချိတ်လိုက်တာကြောင့် ရာချီရဲ့အကြည့်က ပုံတိုင်းဆီသို့ကျရောက်သွားခဲ့၏
ဒီလက်တွေကိုမဖယ်ချချင်တော့ပါ
အခု ပုံတိုင်းကိုင်ထားအချိန်မှာဘဲ
နွေးထွေးမှူကို ခံစားလိုက်ရသည်မို့။

"ငါစိတ်မဆိုးဘူးပုံတိုင်း "

"ကျေးဇူးပါ ကိုယ့်ကိုလက်ခံပေးလို့ "

"လက်ခံပေးတာမဟုတ်ဘဲ လက်ခံမိတာ ငါရဲ့မသိစိတ်က မင်းကိုလက်ခံပေးမိနေပြီ "

"ဟင်းဟင်း ဟုတ်ပါပြီကွာ "

အခြေအနေတစ်ခုကြောင့် မချစ်မိဘဲ ချဉ်းကပ်မိတယ်။ ခက်မလားလို့တွေးခဲ့ပေမယ့် ကိုယ့်ဘက်က ဘာမှမလုပ်ခဲ့ဘဲ သူ့ဘက်ကဘဲ အရှေ့ကိုတိုးလာခဲ့တာ။

သူများရဲ့အချစ်ကို လုခဲ့လို့ အောက်တန်းစားလို့ပြောခံရလည်း ကျွန်တော် ဒီအမှားကို ဆက်လုပ်ပြီး အောက်တန်းစားလို့အခေါ်ခံလိုက်မယ်။

ကျွန်တော် ပုံတိုင်းဆောင်ကို ချစ်မိနေတာ သေချာနေပြီထင်ပါရဲ့ ။

ဘုရားပွဲလည်းပြီးပြီ အခုထိ ကျန်စစ်ရဲ့ ရန်ကမလွတ်နိုင်သေး ‌ဒီတခါ ကျန်စစ်ကအတည်ပေါက်တွေဖြစ်နေ၏

"ရာချီ မင်းအခု ငါ့ကိုအမှန်အတိုင်းပြောချိန်ရောက်ပြီ "

"မင်းငါ့ကို စစ်လားဆေးလား လာမလုပ်နဲ့"

"ငါအကိုပုံတိုင်းကိုတကယ်ချစ်နေတာလို့"

"မင်းသူ့ကိုသွားပြောလေ ငါနဲ့ဆိုင်လား"

"မင်းတမင်လုပ်နေလိူ့ပေါ့ကွာ မင်းငါ့ကိုနိုင်ချင်တာနဲ့ အကိုပုံတိုင်းကို ကစားနေတာလေ"

"ဒါဆိုငါ့ကစားတိုင်းခံနေရအောင်ပုံတိုင်းက
ငတုံးမဟုတ်ဘူးသူစိတ်နဲ့သူ့ဘာသာ ငါ့ကိုကြိုက်ချင်ကြိုက်မယ် ဒါသူ့ကိစ္စ ။
ချဉ်းကပ်ရင်တောင် ငါ့မှာ ချဉ်းကပ်နိုင်စွမ်းဘဲရှိတာ ချစ်တာမချစ်တာကသူရွေးချယ်ရမှာ
မင်းလည်းဖွင့်ပြောနိုင်စွမ်းရှိတာဘဲ "

"ငါဖွင့်ပြောလို့ မရတဲ့အခြေအနေ ဒီညီအကိုလိုဆက်ဆံရေးကြီး ကို ငါဘယ်လိုဖြတ်သန်းရမှာလဲ "

"ဒါဆိုရင်တော့ အဲ့တာမင်းအပိုင်း ငါကတော့လုပ်စရာရှိတာဆက်လုပ်မှာဘဲ
ငါဘယ်သူ့မျက်နှာမှမကြည့်နိုင်ဘူး
မင်းကြိုက်နေလို့ ငါရှောင်ပေးရအောင်လည်း
မင်းနဲ့ငါက အက်လောက်ထိရင်းနှီးတဲ့ဆက်ဆံရေးမှမဟုတ်ဘဲ"

"ဒါဆို မင်းက အကိုပုံတိုင်းကို မချစ်ဘဲကစားနေမယ်ပေါ့ "

"အင်း "

"မင်း!!!"

ခွပ် !!!

သည်းမခံနိုင်စွာဘဲ မျက်နှာပြင်ကိုထိုးလိုက်တာကြောင့် လှန်ထွက်သွားရ၏
ငယ်ငယ်ထဲကရန်ဖြစ်လာပေမယ့် ဒီတချက်ထိုးတာက အနာဆုံးပင်။

"မင်းမှားတယ်လို့ခံစားရတယ်မလားရာချီ
ဒါကြောင့်မင်းငါ့ကိုပြန်မထိုးတာပေါ့ "

"ငါမမှားဘူး"

ဟုတ်တယ် ငါပုံတိုင်းကိုချစ်တာလုံးဝမမှားဘူး။

"ဒါဆိုပြန်ထိုးလေ "

"ငါစိတ်မပါဘူး "

"ဒါဆိုငါထိုးတာဘဲခံလိုက် "

ခွပ်!!!ခွပ်!!!

သုံးချက်မြှောက်မှာတော့ မသိစိတ်ကဒေါသတွေထွက်လာမိ၏ ငယ်ငယ်ထဲက အတူတူ သရေတွေဘဲကျလာခဲ့တာ အချစ်အတွက်နဲ့ ရာချီမရူံးချင်ပါ။

ခွပ်!!!

"ကျန်စစ် ငါ့သည်းခံနိုင်စွမ်းကုန်ပြီ "

"မင်းကများ"

ခွပ်!!!

နှစ်ယောက်သား မခံမရပ်နိုင်စွာ တစ်ယောက်တစ်ချက်စီပြိုင်တူထိုးနေတာကြောင့် ချုံကြားထဲလည်း လူးလိမ့်သွားရ၏

ခွပ်!!!

နှခေါင်း‌သွေး တွေ နူတ်ခမ်းတွေကလျှံထွက်ကုန်ကြ၏

ခွပ်!!!!

"မင်းလိုအောက်တန်းစားကိုသတ်ပြီးထောင်ထဲဝင်မယ် "

အောက်တန်းစားဆိုပါးစပ်က မချတဲ့ ကျန်စစ်ကြောင့် ထပ်ပြီးမလုံးနိုင်တော့ပါ။
သူ့လိုအောက်တန်းစားက ဘယ်နေရာမှာ အထက်တန်းစားကိုနိုင်တော့မှာလဲ။
အခုအချစ်ကြောင့်နဲ့ လုံးဝအရူံးသမားကြီးဖြစ်နေတာလား ငါလားသူလားလဲ မသဲကွဲတော့ပါ။
သေချာတာက ကျွန်တော်စုံလုံးကမ်းပြီးဘာမှကိုမမြင်နိုင်တော့တာပါ။

"ဟျောင့်တွေ ဟျောင့်တွေတော်စမ်း "

"ကိုကိုကြီး..."

ချပ်!!!ချပ်!!!!

"ငါ့ဘုရားပွဲ‌အတွက် ရန်မဖြစ်နဲ့လို့မပြောခဲ့ဘူးလား "

"တပည့်တော် မှားပါတယ် "

နှစ်ယောက်ကထိပ်တုံးလည်း မနိုင်တော့တာကြောင့် ဆရာတော်ကိုယ်တိုင်ဘဲ ကြိမ်လုံးနဲ့အပစ်ပေး၏

"မင်းတို့တွေကို ငါ့ကအခြေအနေကောင်းလာမလားဆိုပြီးပူးတွဲလုပ်ခိုင်းတယ် အခုတွေ သွေးထွက်သံယိုတွေဘဲဖြစ်လာတယ်
ဘယ်တော့မှ ဒေါသတွေကင်းဝေးနိုင်မှာလဲ"

"ဆင်ခြင်ပါ့မယ်ဘုန်းဘုန်း"

"...."

"ရာချီ မင်းရော ဆင်ခြေမလား "

"...."

"ရာချီဖြေလို့ "

"အခုရိုက်လို့ဝပြီမှတ်လား ကျွန်တော်ပြန်ပြီ"

"ရာချီဒွေး!!!"

ဘုန်းဘုန်းရဲ့စကားကိုပြန်မဖြေတာကြောင့်သူ့အဖေက အော်လိုက်ပေမယ့် ဂရုမစိုက်ဘဲ အောက်သို့ဆင်းလာကြ၏

"ရာချီ!!!ရပ်စမ်း "

"ဘာလဲ အဖေရာ ကျေးဇူးပြုပြီးတော်ပါတော့"

"မင်းငါ့ကိုပြန်ပြောနေတာလား "

"ရိုက်သာသတ်သွားပါတော့ "

အခု ငါ့မျက်ရည်တွေထွက်နေတာလား
တခါမှ ဒီလိုစိတ်တွေမလွှတ်ခဲ့ဘဲ အခုမှဘာလို့လဲ။

"ရာချီ!!!မင်းကွာ ရှက်ဖို့တောင်ကောင်းတယ်"

ခွပ်!!!!

"လယ်ယာတစ်ကွက်ဝယ်လိုက်တာ ကိုယ့်အဖေကိုတောင်စော်ကားနေပြီပေါ့ဟုတ်လား"

"‌အဖေဘာလို့ကိုကိုကြီးကိုထိုးရတာလဲ"

နှင်းရည်ကတော့ကြားထဲက ဟိုဘက်ပါရမလိုဒီဘက်ကဘဲပါရမလို သေချာတာကတော့ အဖေ့ဘက်ကတော့ မပါပေးနိုင်ပါ။

"ကိုကိုကြီးအဆင်ပြေရဲ့လား ပြန်ကြရအောင်"

နှင်းရည်ရဲ့လက်ကိုဖယ်ချပြီးမှ

"လုံလောက်ရဲ့လား ကျွန်တော့်ကိုထိုးတာ လုံလောက်ရဲ့လားလို့ ကျွန်တော့်လို့မိုက်ရိုင်းလွန်းတဲ့သားတစ်ယောက်ရှိတာရှက်တယ်မလား ဒါဆိုအသေသာသတ်လိုက်လေ "

"ရာချီမင်း!!!"

"အဖေတော်ပါတော့ "

အဖေကလက်ရွယ်တာကိုနှင်းရည်က ဆွဲလိုက်ပေမယ့် သူဂရုမစိုက်နိုင်ဘဲ အဝေးသို့ထွက်ပြေးသွားခဲ့၏

သူရောက်လာတဲ့နေရာကတော့ သူ့ကောက်စိုက်ရင်း အိပ်ပျော်ခဲ့တဲ့ နေရာလေးသာ ဒီနေရာကို သူ့အရမ်းကြိုက်သည်။
ပုံတိုင်းရဲ့အငွေ့အသက်က ဒီနေရာမှာဘဲ စုပုံနေတာမို့လို့။

"ဘယ်လို ရာချီနဲ့ကျန်စစ်က အက်လောက်တောင်ဖြစ်ကြတာလား "

"ဟုတ်ပါ့ မင်းညီတွေကတော့ ပြောမနေနဲ့တော့ ဘုရားပွဲလေးတစ်ရက်ရှိတာ သင့်သင့်မြတ်မြတ်မနေကြဘူး အခုလည်းရာချီကို အိမ်တောင်ပြန်မလာသေးဘူးတဲ့ ဘယ်လောက်တောင်ဆိုးလိုက်လဲ "

"သူအခုလိုဆိုးနေတာ လူကြီးတွေရဲ့လမ်းပြမှုမကောင်းလို့ပါအမေရဲ့ အမေလည်းသိနေတာဘဲကျစ် "

စိုးရိမ်ဟန်နဲ့ အပြင်ပြေးထွက်ဖို့လုပ်နေတုန်း
အမေဖြစ်သူက လက်ကိုလှမ်းဆွဲပြီးမှ

"ဟဲ့ ဒီအချိန်ကြီးဘယ်သွားမှာလဲ ညနက်နေပြီ "

"အမေကျွန်တော်ကိုဘာကြောင့်စိတ်ပူတာလဲ"

"ကိုယ့်သားကိုစိတ်ပူတာ ချစ်လို့ကလွဲပြီးဘာရှိမှာလဲ "

"ကျွန်တော်လည်းစိတ်ပူတယ် ဟိုမှာ ခလေးကတစ်ယောက်ထဲထွက်ပြေးသွားတာ
စိတ်လိုရာလျှောက်လုပ်မိရင်ဘယ်လိုလုပ်မလဲ"

"မင်းနဲ့သူကဘာဆိုင်လို့လဲ ဘာကြောင့်သူ့အတွက်ပူနေရတာလဲ "

"ကျွန်တော်လည်း ချစ်လို့လေ "

အမေရဲ့ အံ့ဩပုံကိုသတိထားမိ၏
ဒါပေမယ့် အရေးကြီးတာက
ရာချီရဲ့ အနားမှာ သူရှိနေပေးဖို့ဘဲ။

ပုံတိုင်း သူ့ကိုယ်တိုင်လည်းဘယ်ကိုထွက်ပြေးရှာနေလဲမသိပေမယ့် စိတ်ကအလိုလိုဘဲ ခြေဦးတည့်ရာကိုရောက်နေခဲ့တာ။
သေချာတာက ဦးနှောက်ကလမ်းပြနေတာမဟုတ်ဘဲ နှလုံးသားက ရာချီရှိ‌နေတဲ့နေရာကို အရောက်ပို့ပေးနေတာ။

တကယ့်ကိုသူရှိနေတဲ့နေရာလေးကိုရောက်နေခဲ့တာဘဲ ဒီခလေးကတော်တော့်ကိုသန်မာတဲ့ခလေးတစ်ယောက်ဘဲ။
ပြိုလဲနေတာတောင်တည်ငြိမ်နေသေးတာ။
အနားမှာဘယ်သူ့မှရှိမနေတော့ သိပ်ကိုအထီးကျန်နေလိမ့်မည်။

"ရာချီ..."

"ပုံတိုင်း မင်းဘယ်လိုရောက်လာတာလဲ"

သူထိုင်နေတဲ့နေရာလေးမှာဘဲ အပြေးဝင်ထိုင်ပြီးမှ

"အပေါင်ဆုံးပြီးလေ မင်း"

"ဟင် တစ်လလောက်လိုသေးတယ်လေ"

"မင်းမေ့နေပြီထင်တယ်"

"ဟင်.."

"ကိုယ်တို့ဆိုင်‌နာမည်ကဘာလဲ"

"မရုံးခင်ဆွေးလေ "

"မရုံးခင်ဆွေးတော့ "

"မရွေးခင်ဆုံးလား "

"ဒါပေါ့မင်းကအခု မရွေးခင်ထဲက အပေါင်ဆုံးသွားပြီ"

"မရီရဘူးနော် "

ရီများရီမလားလို့စနေပေမယ့် တကယ်စိတ်ထိခိုက်နေတာမို့လို့ လုံးဝမရီသေးပါ။

"ကိုယ်နဲ့လိုက်နေမလား ရာချီ"

"မင်းတို့ မိသားစုသုံးယောက်ထဲသာ အဆင်ပြေပြေနေပါ ငါ့ကြောင့်အလုပ်ပိုနေအုန်းမယ် "

"ကိုယ့်မိသားစုနဲ့နေမယ်လို့ဘယ်သူပြောလဲ ကိုယ့်ကအခု မင်းနဲ့ မိသားစုအသစ်လေးတည်ဆောက်ချင်လို့ "

"အခုမင်းဘာပြောနေလဲမသိပေမယ့် ငါ့ကိုမစပါနဲ့ "

"အတူတူနေရအောင်ရာချီ ကိုယ်အားလုံးကိုစွန့်လွှတ်ခဲ့ပြီ "

"မင်း..."

"ရွေးချယ်စရာမရှိတော့ဘူးဘယ်လိုလုပ်မလဲ အခု အပေါင်ဆိုင်သားက မင်းကို အပေါင်ဆုံးလို့သိမ်းလိုက်တော့မယ်"

"ဟင်းဟင်း မင်းကတော့ကွာ ငါ့ကိုရီအောင်လုပ်နေတာမလား အခုငါရီပြီဆိုတော့မင်းငါ့ကိုမစနဲ့လို့ "

"အခုပျော်ရွှင်ရပြီဆိုတော့ နောက်လည်းဆက်ပျော်ရွှင်သွားရအောင်လို့ကိုယ်နဲ့လိုက်နေပါ ကိုယ့်မှာမင်းကိုပျော်ရွှင်အောင်ထားဖို့အဆင်သင့်ဖြစ်နေပြီ ကိုယ်တို့အတူတူနေရအောင် "

"...."

"အခုကစပြီးမင်းက ကိုယ့်အပိုင် "

"ဘယ်လို "

"အာ ဒါဆိုရင် ကိုယ်ကမင်းကိုချုပ်ချယ်သလိုသက်ရောက်သွားလိမ့်မယ် "

"အဲ့တော့ "

"ကိုယ်ကမင်းအပိုင်ဖြစ်ပေးမယ် "

အခုချိန်မှာ ပုံတိုင်းကသူ့ကို ညီအကိုလိုလား
ငယ်သံယောစဉ်ကြောင့်လားမသိပေမယ့်
သူ့အပေါ်တော့ တကယ်နွေးထွေးပေးနေ၏
ရွေးချယ်စရာမရှိတော့ပါ အခု ပုံတိုင်းကသူ့အတွက်အခွင့်အရေးဘဲ။

Continue Reading

You'll Also Like

7.6K 259 4
"ကျုပ်ကိုပြန်ချစ်လိုက်စမ်းပါ ကျောင်းဆရာလေးရာ။ ကျုပ်ကအပိုမဆိုတတ်ဘူး၊ ခင်ဗျားကိုမြင်ကတည်းက ကျုပ်ကစွဲလမ်းချစ်မိသွားတာဗျ ၊ ကျုပ်စဉ်းစားမိတယ်ဗျ ဟိုးနှစ်တစ...
142K 297 20
just some of my horny thoughts;) men dni
15.4K 256 31
Midas, a powerful man with the golden touch struggles with bad anxiety as he tries to let go of his abusive past. He started to fade as Ghost starts...
217K 10.9K 90
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...